စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, March 31, 2012

ရန်ကုန်မြို့ပေါ် လေးပိုင်းပိုင်း၍ မီးအလှည့်ကျ ပေးတော့မည်

လျှပ်စစ်မီး သုံးစွဲသူ များပြားလာသော်လည်း လျှပ်စစ် ထုတ်လုပ်နိုင်စွမ်းအား မမျှတမှုကြောင့် ရန်ကုန်မြို့ပေါ်အား အုပ်စု လေးစုခွဲ၍လည်းကောင်း၊ မြို့ပြင်အား အုပ်စုနှစ်စု ခွဲ၍လည်းကောင်း ဧပြီ ၂ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး အလှည့်ကျပေးသည့် စနစ်ကို ပြန်လည် ကျင့်သုံးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ကြေညာသည်။

ရန်ကုန်မြို့ပေါ်တွင် A, B, C နှင့် H ဟူ၍ အုပ်စုခွဲကာ အလှည့်ကျ မီးပေးမည်ဖြစ်ရာ တအုပ်စုကို ခြောက်နာရီစီ အလှည့်ကျစနစ်ဖြင့် ပေးသွားမည်ဖြစ်ကြောင်း တိုင်း လျှပ်စစ်ဓါတ်အားပေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က
ပြောသည်။

“မီးပေးချိန်ကို မနက် ၅ နာရီက ၁၁ နာရီထိ၊ မနက်၁၁ နာရီက ညနေ ၅ နာရီထိ၊ ညနေ ၅ နာရီက ည ၁၁ နာရီထိ၊ ည ၁၁ နာရီက မနက် ၅ နာရီထိ။ အဲလို လည်ပြီးတော့ ပေးသွားမယ်။ သက်ဆိုင်ရာ မြို့နယ်တွေက ပြည်သူတွေ ဘယ်အုပ်စုမှာပါလဲ ဆိုတာကို ကြေငြာပေးထားမယ်” ဟု မတ်လ ၂၉ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုသွားသည်။

ရန်ကုန်မြို့တွင်း၊ မြို့ပြင်နှင့် စက်မှုဇုန်များအား ဧပြီလ ၂ ရက်နေ့မှ စတင်၍ လျှပ်စစ်မီး အလှည့်ကျ ဖြန့်ဝေသုံးစွဲမည့် အစီအစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

မြို့ပြင်ပိုင်းကိုလည်း အုပ်စုသုံးစု ‘က’၊ ‘ခ’ နှင့် H ဟူ၍ခွဲကာ က နှင့် ခ ကို ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ တစုအား
ပေးပြီး ည ၁၁ နာရီမှ နံနက် ၅ နာရီအထိကို အခြာအုပ်စုအတွက်ပေးမည် ဖြစ်သည်။

H အုပ်စုတွင်မူ ၂၄ နာရီ မီးပေးမည့် နေရာဌာနများအဖြစ် ဆေးရုံများ၊ စာသင်ကျောင်းများ၊ လုံခြူံရေးအတွက် ချထားရ သည့် အစိုးရတပ်နေရာများ၊ ဘဏ်များ၊ လေဆိပ်နှင့် ဘူတာရုံများ၊ ရဲစခန်းနှင့် အကျဉ်းထောင်များ၊ သံရုံးများနှင့် ဌာနဆိုင်ရာအချို့ ပါဝင်မည် ဖြစ်သည်။

စက်မှုဇုန်များကိုလည်း အုပ်စု နှစ်စု A နှင့် B ဟူ၍ အလှည့်ကျ မီးပေးသည့်စနစ် ကျင့်သုံးမည်ဖြစ်ရာ အုပ်စု A အတွက် မနက် ၆ နာရီမှ မနက် ၁၁ နာရီကြားနှင့် အုပ်စု B အတွက် မနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ လျှပ်စစ်မီး ဖြန့်ဝေ
ပေးသွားမည် ဖြစ်သည်။

ယမန်နှစ်က ရဲရွာ ရေအားလျှပ်စစ်မှ လျှပ်စစ်ရရှိခဲ့မှုနှင့် သုံးစွဲမှု ပမာဏ ယခုနှစ်လောက် များပြားခြင်း မရှိသောကြောင့် အလှည့်ကျလျှပ်စစ်မီး ပေးခဲ့ခြင်းမရှိဘဲ ၂၄ နာရီနီးပါး လျှပ်စစ်ရရှိခဲ့သည်။ ယခုနှစ် ရဲရွာရေအားလျှပ်စစ်မှာ ရေရရှိမှု နည်းပါးနေ၍ လာမည့် ဇူလိုင်လမှသာ မီးကို ပုံမှန်ပြန်ပေးနိုင်မည်ဟု ယူဆရကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ပေးဝေရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က ပြောသည်။

“မနှစ်က ရဲရွာ ရေအားတိုးတယ်။ မီးပေးနိုင်တယ်။ ဒီနှစ်ကျတော့တနှစ်အတွင်း သုံးစွဲတဲ့ ဓါတ်အားသုံးစွဲမှု တက်လာ တယ်။ ပြီးတော့ ထပ်မံတိုးချဲ့တဲ့ လျှပ်စစ်စီမံကိန်းတွေ မရှိဘူး။ ဒါကြောင့် နည်းနည်း မလုံလောက်ဖြစ်တယ်"ဟု
ပြောသည်။

ရဲရွာတွင် သတ်မှတ်ချက်ရေပမာဏထက် လျော့ကျနေသည်။ ရေဝင်မှု ပမာဏမှာ တနေ့လျှင် ၁,၂၄၈ ကုဗပေ ဝင်ကာ အထွက်မှာ ၂၄,၁၅၇ ကုဗပေ ဖြစ်နေ၍ ဓါတ်အားထုတ်လုပ်နိုင်မှု မလုံလောက်ကြောင်း သိရသည်။

လက်ရှိတွင်လည်း ရန်ကုန်မြို့တွင် မီးမကြာခဏပြက်ကာ ကြိုတင်မသိရ၍ ပို၍ခက်ခဲကြောင်း မြို့ခံများက ပြောဆို
နေကြသည်။

“ကျနော်တို့က ကျောက်တံတားမှာ ရုံးစိုက်တယ်။ မီးပျက်တာက မနက်ပိုင်း တခုတည်းကို ခဏနေပြတ် ခဏနေလာ
ဖြစ်နေတယ် စိတ်မရှည်ဘူး။ ပျက်မယ်ဆိုရင်လည်း ဘယ်လိုကြောင့် ပျက်မယ်ဆိုတာ ပြောပြသင့်တယ်။ ကြေငြာသင့် တယ်။ အခုက အကျိုးအကြောင်းမသိရဘူး။ အတော့်ကို စိတ်ပျက်တယ်၊ ကျနော်တို့က ကွန်ပျူတာ အသုံးပြုရတာ ဆိုတော့ စက်တွေလည်း ထိတာပေါ့ဗျာ။ မီးစက်ကိုလည်း ဖွင့်လိုက်ပိတ်လိုက်ဆိုတော့ အတော့ကို ခက်ပါတယ်ဗျာ"ဟု ဆိပ်ကမ်းသာလမ်းရှိ ပုဂ္ဂလိက ကုမပ္ပဏီတခု၏ တာဝန်ရှိသူ တဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်းတွင် မီးစက်သံများညံနေကြောင်းလည်း ရန်ကုန်မြို့ခံများက “ဧပြီ ၂ ရက်နေ့မှ မပြောနဲ့ အခုကတည်းက မီးကပျက်နေပြီ။ နေ့တိုင်းကို ပျက်နေတာ။ လာလိုက်ပျက်လိုက်နဲ့ မီးစက်သံက တမြို့လုံး ညံနေပြီ” ဟု ကျောက်တံတားမြို့နယ် အတွင်းမှ လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် တဦးက ပြောသည်။

ရန်ကုန်တိုင်းတွင် တနေ့တာ ပုံမှန်သုံးစွဲနေသော လျှပ်စစ်ပမာဏမှာ မီဂါဝပ် ၅၂ဝ ကျော်ဖြစ်ကာ တနိုင်ငံလုံး ထုတ်လုပ် မှုမှာ ၁,ဝ၇ဝ မီဂါဝပ်ခန့်သာ ရှိနေ၍ ကျန် ၅၅ဝ မီဂါဝပ်ကို အခြားတိုင်းနှင့် ပြည်နယ်များက ခွဲဝေသုံးစွဲလျက်ရှိသည်။

၂ဝ၁ဝ ခုနှစ် က တနိုင်ငံလုံးတွင် ရေအားလျှပ်စစ်ကဏ္ဍမှ လျှပ်စစ်ယူနစ် ၅,၉ဝဝ သန်း ကျော်၊ သဘာဝဓာတ်ငွေ့နှင့်
ကျောက်မီးသွေးသုံး လျှပ်စစ်ကဏ္ဍမှ ၁,၈ဝဝ သန်းကျော် ထုတ်လုပ် နိုင်ခဲ့ကြောင်း အမှတ် ၁ နှင့် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနများ၏ စာရင်းများအရ သိရသည်။

အမှတ် ၁ လျှပ်စစ် ဝန်ကြီး ဦးဇော်မင်းက ၂ဝ၁၁ ခုနှစ် စက်တင်ဘာက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် “ကျနော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅ဝဝ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့” ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျေးလက်တောရွာပေါင်း ခြောက်သောင်းကျော် ရှိသည့်အနက် နှစ်ထောင်ကျော်သာ လျှပ်စစ်မီး
ပေးနိုင်သေးကြောင်း လျှပ်စစ် ၂ ဝန်ကြီး ဦးခင်မောင်စိုးက ၂ဝ၁၁ ခုနှစ် စက်တင်္ဘာလ လွှတ်တော်တွင် ပြောကြားသွား ခဲ့သည်။

 မဇ္ဈိမ

သံချပ်များဖြင့် NLD မဲဆွယ်


မကြားရကြာပြီ ဖြစ်သော သံချပ်များကို ယခုနှစ်မှ ပြန်လည် စတင်ခွင့်ပြုခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က လည်း သံချပ်များ အသုံးပြုပြီး မဲဆွယ်သွားမည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယှဉ်ပြိုင်မည့် NLD ကိုယ်စား လှယ်လောင်း ဒေါ်ဖြူဖြူသင်းက ပြောသည်။

NLD ပါတီမှ အနုပညာရှင်များဖြင့် ဖျော်ဖြေပွဲများပြုလုပ်ပြီး မဲဆွယ်နေသည့်အပြင် သံချပ်သီချင်းများ ဖြင့် မဲဆွယ်ရာ တွင်လည်း အောင်မြင်မှုများ ပိုမိုရရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ် လောင်း ဒေါ်ဖြူဖြူသင်းက ပြောသည်။

“သံချပ် သီချင်းတွေနဲ့ အောင်နိုင်ရေး သီချင်းတွေ ပါပါတယ်။ ဒီနေ့ ဖျော်ဖြေရေး စည်းရုံးရေးဟာ နောက်ဆုံး နေ့ပြုလုပ် တာဖြစ်တယ်လေ။ ၃၁ ရက်နေ့ဆိုရင် ကျမတို့ အကုန်နားမယ်။ အခုသီချင်းလေးတွေနဲ့ ဆိုရင် သူတို့ အားလုံးကို ပျော်ရွင်သွားစေတယ်။ အနုပညာဆိုတော့ လူထုရဲ့စိတ်ထဲမှာ စွဲသွားစေသလို လူတော်တော်များလည်း စိတ်ဝင်စားပြီး အား ပေးထောက်ခံတာနေကြပါတယ်။ ခုထိတော့ အနှောက်ယှက် မရှိပါ။ အားရကျေနပ်မိပါတယ်။”

အဆိုပါ မဲဆွယ်စည်းရေးခရီးစဉ်ကို ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် NLD ပါတီမှ တာဝန်ရှိသူများနှင့် ပါတီဝင်များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

NLD စည်းရုံးရေး သံချပ်သီချင်းများတွင် “ဒီမိုကရေစီ +++နိုင်ငံတော်သစ်ဆီ+++ ရွှေရောင် အောင်ပွဲ ဆီ+++” “လူထုအားလုံးစုံစုံညီ ပြည်သူအားလုံး သံပြိုင်ချီ စစ်အာဏာ ချုပ်ငြိမ်းရေး အတွက် ပြည်သု့  အောင်ပွဲလာပြီ…” စသည့် စာသားများ ပါဝင်သည့်အတွက် ပြည်သူများ အကြိုက်တွေ့ကြကြောင်း မြို့ခံများက ပြောသည်။


ဒေါ်ဖြူဖြူသင်း မဲဆွယ်နေစဉ်(ဓါတ်ပုံ - အင်တာနက်)

မင်္ဂတောင်ညွန့်မြို့နယ်တွင် ရပ်ကွက် ၂၀ ရှိပြီး စည်းရုံးရေး ပုံစံနေရာအဖြစ် ရပ်ကွက် ၃ခု သို့မဟုတ် ရပ်ကွက် ၄ခုကို တစုစီ သတ်မှတ်ပြီး စုစုပေါင်း ၆ စုသတ်မှတ်ကာ သွားရောက် စည်းရုံးခြင်း ဖြစ်သည်။

“ပြောရရင်တော့ မင်္ဂလာတောင်ညွန့် အစပ်ကနေပြီးတော့ တဖြည်းဖြည်း ဖျော်ဖြေရေးဆင်းတာပေါ့။ နောက်ဆုံးနေရာက သမ္မတရုံ အရှေ့မှာပဲ ဖျော်ဖြေရေး နောက်ဆုံးပြုလုပ်သွားတယ်။ ဗလကုန်းဘက်တို့ ကုန်သွယ်မှုနေရာဘက် တို့ပါတာ ပေါ့။ ဒီတစ်ခေါက်က ပိုပြီးတော့ အားရတယ်။ အရင်တစ်ခေါက်က သာမန်စည်းရုံးရေးထက် ဒီတခေါက်က ပိုအားရတယ်။ အခုတခေါက်မှာ ဒီမှာရှိတဲ့လူထု တွေရဲ့  စိတ်ဝင်စားမှုက အရင်ကထက် ပိုအားကောင်းသလို ပျော်ပျော်ရွင်ရွှင် တက်တက်ကြွကြွရှိနေတာကို တွေ့ရတယ်” ဒေါ်ဖြူဖြူသင်းကပြောသည်။

ယခုကဲ့သို့ သံချပ်များနှင့် မဲဆွယ်စည်းရုံးသည့်အတွက် ဒေသခံလူထုများကလည်း နှစ်ခြိုက်အားပေး ကြသလို မင်္ဂလာ တောင်ညွန့်မြို့နယ်တွင် NLD ပါတီအား ထောက်ခံသူများ များပြားသည်ကို တွေ့ရကြောင်း မင်္ဂလာတောင်ညွန့်နေ သီရိ နေ၀င်း ကပြောသည်။

“ဒီမှာက အသက်ပြည့်သူပါ အသက် ၁၈ နှစ်မပြည့်သေးတဲ့သူတွေကလည်း လာမယ့် ကြားဖြတ်ရွေး ကောက်ပွဲကို စိတ်အားထက်သန်စွာစိတ်ဝင်စား အားပေးနေကြတယ်။ အခုဆိုရင် သံချပ်သီချင်းတွေ၊ အောင်နိုင်ရေး သီချင်းတွေ နဲ့ဆိုတော့ ပိုပြီး စည်းကားသိုက် မြိုက်သွားတာပေါ့။ ကားတွေ၊ ဆိုက်ကားတေ၊ွ ဆိုင်ကယ်တွေ တိုင်းလိုလိုမှာ NLD နဲ့ ပတ်သတ်တဲ့ တံဆိပ်တွေ၊ စတီကာတွေ၊ အင်္ကျင်္ီ၊ လက်ပတ် တွေက ရဲနေတာပဲ” ဟု သူကပြောသည်။

ယနေ့ NLD၏ ဤဖျော်ဖြေရေးအစီစဉ်ကို လူအများက လာရောက်အားပေးကြသည့်အတွက် ကတို့ဆိပ် ရပ်ကွပ်တွင် ကားများရပ်ရန်နေရာလွတ်ပင်မရှိကြောင်း ကတို့ဆိပ် ရပ်ကွပ်နေ တစ်ဦးကပြောသည်။

မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ USDP၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ နှင့် အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ရွှေဟင်္သာ သတင်းဌာန

နိုင်ငံကျော်အနုပညာရှင်များ မရမ်းကုန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးဖျော်ဖြေ









အနုပညာများဖြစ်ကြသော ဇော်ပိုင်၊ Rဇာနည်၊ ရင်ဂို၊ ဟဲလေး၊ ရဲတိုက်၊ မီးမီးခဲ၊ ထွန်းအိန္ဒြာဗိုလ်၊ သျှီ၊ ချစ်သုဝေ၊ သံသာဝင်းနှင့်အနဂ္ဂ တို့ပါဝင်သော
အနုပညာရှင်များသည် ယနေ့ ညနေ ၆ နာရီ ၁၀ မိနစ်တွင် မရမ်းကုန်း NLD
ရုံးရှေ့တွင် လာရောက် သီဆိုဖျော်ဖြေခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီကိုနိုင်ငံရေးအတွက် သာသနာနယ်မြေ အသုံးပြုမှုဖြင့် ထပ်မံတိုင်ကြား


မော်လမြိုင်မှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးအတွက် သာသနာ့နယ်မြေအသုံးပြုမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကပြည်နယ်ကော်မရှင်သို့ ယနေ့ထပ်မံတိုင်ကြားလိုက်သည်။

“ဒီနေ့လည်းပြည်ခိုင်ဖြိုးက ရပ်ကွက်ဓမ္မာရုံသုံးပြီး သူတို့ပါတီဝင်တွေအစည်းအဝေးလုပ်တယ်၊နောက်သူတို့မဲ ဆွယ်ဖို့ခေါ်ထားတဲ့ အခြားမြို့နယ်ကပါတီဝင်တွေကိုလည်း ဘုန်းကြီးကျောင်းတွေမှာ တည်းခိုင်းတယ်ဒါက နိုင်ငံရေးအတွက်သာသနာ့နယ်မြေအသုံးပြုတာပဲ”ဟု(NLD)မော်လမြိုင်အောင်နိုင်ရေး
ကော်မတီရုံးမှ ပြန်ကြား ရေးတာဝန်ခံဦးကိုကိုဇော်ကပြောသည်။

ယနေ့ပြည်ခိုင်ဖြိုးပါတီမှ အစည်းအဝေးလုပ်ရန်သုံးခဲ့သည့်ဓမ္မာရုံမှာ မော်လမြိုင်မြို့ပေါ်မင်းကုန်းရပ်ကွက် ကဓမ္မာရုံဖြစ်ပြီး လူဦးရေ ၂၀ခန့်အစည်းအဝေးလုပ်ခဲ့သည်ဟုဆိုသည်။

အစည်းအဝေးလုပ်သည့်ဓာတ်ပုံများ ၊အခြားမြို့နယ်မှ ပါတီဝင်များဘုန်းကြီးကျောင်းတွင် တည်းခိုနေသည့်ဓာတ်ပုံများကို လည်း ကော်မရှင်သို့ယနေ့ညနေသို့တင်ပြထားပြီး ကော်မရှင်က လက်ခံရယူထားသည်ဟုဆိုသည်။

ပြီးခဲ့သည့်မတ်လ ၂၂ ရက်နေ့တွင်လည်း ပြည်ခိုင်ဖြိုးပါတီက မော်လမြိုင်မြို့ ဈေးချိုဓမ္မာရုံတွင် မဲဆွယ်စည်းရုံး ဟောပြောခဲ့သည့်ဖြစ်စဉ်ကိုလည်း NLD က ပြည်နယ်ကောက်မရှင်သို့တိုင်ကြားထားပြီးဖြစ်သည်။

ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်စည်းရုံးလှုံ့ဆော်အင်အားပြရန်အတွက် မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ပြည်ခိုင်ဖြိုးပါတီအင်အား လေးငါးရာ ၀န်းကျင်ရောက်ရှိနေကြောင်း ဦးကိုကိုဇော်ကပြောသည်။

လက်ရှိတွင် မော်လမြိုင်မြို့၊လှိုင်နယ်မြေရှိ ကမာကြည်ကျောင်းတွင် လွန်ခဲ့သည့်နှစ်ရက်သုံးရက် ကစပြီး ပြည်ခိုင်ဖြိုးပါတီဝင်အင်အားတစ်ရာကျော်ကျော် ကျောင်းတွင်တည်းခိုနေကြောင်း ကမာကြည် ကျောင်းတိုင်မှ ဆရာတော်တပါးက မိန့်ကြားသည်။

“ကော်မရှင်က ကျွန်တော်တို့ အခု တိုင်ကြားထားတဲ့ဓာတ်ပုံတို့ ဘာတို့တော့ယူထားတယ်။ဘယ်တော့ အကြောင်းပြန်မလဲဆိုတာတော့မပြောသေးဘူး”ဟု ၎င်းကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မော်လမြိုင်လစ်လပ်ပြည်သူ့လွှတ်တော်နေရာအတွက်ပါတီ လေးခုမှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်ခိုင်ဖြိုးပါတီ၊မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် NLD တို့ဖြစ်ကြသည်။ ။

Yangon Press International
 
 

ပဲခူးတိုင်း မဲဆန္ဒတခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွာလုံးကျွတ် မဲဝယ် ( အသံဖိုင် )


ပဲခူးတိုင်း မဲဆန္ဒတခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွာလုံးကျွတ် မဲဝယ်တာတွေ ရှိနေတယ်လို့ ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း က စွပ်စွဲလိုက်ပါတယ်၊
ပဲခူးတိုင်းဒေသကြီး ထန်းတပင် မြို့နယ် ပြည်သူ့လွတ်တော်မဲဆန္ဒနယ်အတွင်းမှာ ပါဝင်တဲ့ ရွာတချို့မှာ ကြံ့ခိုင်ရေးပါတီက မဲတမဲကို ဆန်တအိတ်၊ ငွေ ၂ သောင်းနဲ့ ဒီနေ့ မနက်ပိုင်းမှာ လိုက်ဝယ်ခဲ့တာကို သက်သေအထောက်အထားတွေနဲ့ တကွ ကော်မရှင်ကို တင်ပြထားတယ်လို့ အန်အယ်ဒီအမတ်လောင်း ဦးစိန်ထွန်းက ပြောပါတယ်၊ အဲဒီမဲဆန္ဒနယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်၊



DVB TV News

ရွေးကောက်ပွဲကြိုကာလ ပါတီတချို့သဘောထား ( အသံဖိုင် )


ရန်ကုန်ရောက်နေတဲ့ ဒီဗွီဘီသတင်းထောက် ကိုအံ့ဘုန်းမြတ်က ရွေးကောက်ပွဲမတိုင်မီ တရက်အလို မတ် ၃၁ ရက်မှာ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲကြိုကာလ အခြေအနေနဲ့ ပတ်သက်လို့ လူတွေ့ မေးမြန်းခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုအံ့ဘုန်းမြတ်ကို ကိုအေးနိုင်က မေးမြန်းထားပါတယ်။



DVB TV News

ABSDF နဲ့ အစိုးရ ဆွေးနွေးပွဲ ရက်ရွှေ့


ABSDF နဲ့ အစိုးရ ဆွေးနွေးပွဲ ရက်ရွှေ့တယ် တဲ့။

မြန်မာစံတော်ချိန် ညနေ ၆း၀၀ နာရီဝန်းကျင် ထွက်လာတဲ့ ကြေညာချက် ဖြစ်ပါတယ်။

ကော့မှူးမြင်ကွင်း









ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ဒီညနေ တညအိပ်ရောက်ရှိလာတာကို ကြိုဆိုကြတဲ့ ဒေသခံလူထုနဲ့ မဲရုံနေတွ ပြင်ဆင်နေတဲ့ ဓါတ်ပုံရှုခင်းတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။ (Photos: AP)

ဒေါ်အောင်ဆန်းစုကြည်သည် ၀ါးသိင်္ခရွာသို့ ညနေ ၆နာရီ ၄၅မိနစ်အချိန်တွင် ချောမောစွာရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်သည် ၀ါးသိင်္ခရွာသို့ ညနေ ၆နာရီ ၄၅မိနစ်အချိန်တွင် ချောမောစွာရောက်ရှိပြီဖြစ်ကြောင်း 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀ါးသင်္ခကျေးရွာ နေအိမ် (ဓာတ်ပုံ - ခင်သြ/ဧရာဝတီ)


ကော့မှူးမြို့ ၀ါးသင်္ခကျေးရွာဟာ မကြာသေးခင်ကထိ လူမသိ သူမသိ ဒေသတခု ဖြစ်ပါတယ်။
အခုတော့ နိုင်ငံတကာ သတင်းဌာနများ အာရုံကျနေကြတဲ့အတွက် ဒီရွာကို ကမ္ဘာက သိသွားပါပြီ။ ဒီရွာမှာ ရှိတဲ့ အိမ်တအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမတိုင်ခင် ဒီတည ညအိပ်နေထိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် မီဒီယာသမားများလည်း ၀ါးသင်္ခကို ရောက်နေကြပါပြီ။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူသူမ၏မိသားစုဆရာ ၀န်ဒေါက်တာတင်မျိုးဝင်းသည်ယနေ့ကော့မှူးခရီးစဉ်သို့လိုက်ပါသွားခြင်းမရှိကြောင်း ဒေါက်တာတင်မျိုးဝင်းက 7 Day News သို့ပြောကြားသည်။
ရာသီဥတုပူပြင်းသည့်အတွက် ရွေးကောက်ပွဲနေ့နံနက်ပိုင်းတွင် မဲရုံများသို့လေ့လာပြီးမွန်းတည့်မတိုင်မီရန်ကုန်သို့ပြန်လာရင်အကြံပြုထားကြောင်းလည်းသိရသည်။
“အမသွားပြီးတော့မကြာခင်မှာဘဲ လမ်းကနေဖုန်းဆက်တယ် သူနေကောင်းတယ်ဆိုတဲ့အကြောင်း”ဟုဒေါက်တာတင်မျိုးဝင်းကပြော သည်။

ကြိုတင်မဲ မသမာမှုများ

- နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ကျေးစာဥကျေးရွာ

ကြိုတင်မဲပေးနိုင်သူ ၁၃ ဦးရှိသည့်အနက် မဲပြားငါးပြားသာယူဆောင်လာပြီး ကျန်ရှစ်ဦးမှာ မဲပြားအပိုမပါသောကြောင့် မဲမပေးခဲ့ရဟုပြောသည်။
“ငါတို့က NLD ကိုမဲပေးမယ်။ ကြိုတင်မဲပေးမယ်ဆိုတော့ မဲပြားမပါဘူး။ ကြိုက်တဲ့နေရာကိုတိုင်လို့ပြောတယ်"
ဟု ကြိုတင်မဲပေးနိုင်သည့်စာရင်းတွင်ပါရှိသော်လည်း ကြိုတင်မဲမပေးခဲ့ရသည့် ဒေသခံတစ်ဦးကပြောသည်။
 
- နေပြည်တော်၊ ဇမ္ဗူသီရိ၊ ရှားတောရွာ

မြို့နယ်ကော်မရှင်မှ လူသုံးဦးကြိုတင်မဲများလိုက်လံကောက်ယူရာတွင် မည်သည့်ပါတီကို မဲပေးရမည် မသိသောသူများကို ခြင်္သေ့ဘေးတွင် အမှန်ခြစ်ရန် ကော်မရှင်မှလူများက တိုက်တွန်းကြောင်း ဒေသခံများကပြောသည်။ 
 
 -ရေစကြိုမြို့

ကြိုတင်မဲပြားပေါ်ရှိ ခွပ်ဒေါင်းတံဆိပ်ဘေးတွင် မှင်ရာမထင်အောင် ဖယောင်းသုတ်ထားသည် ဟု ကြိုတင်မဲပေးနေသည့် ဒေသခံများကပြောသည်။
 
 

ကြိုတင်မဲ စိစစ်ခွင့်မရ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်-၂ မဲဆန္ဒနယ် (ငါးသိုင်းချောင်းမြို့နယ်)တွင် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၏လုပ်ဆောင်ပြောဆိုမှုများတွင် ဥပဒေနှင့် မညီညွတ်မှုများ ရှိနေသည်ကို တွေ့ရကြောင်း အင်န်အယ်လ်ဒီ အောင်နိုင်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကြိုတင်မဲသွားရောက်ကောက်ခံရာတွင် လိုက်ပါကြည့်ရှူခွင့်တောင်းခံရာ ရပ်/ကျေးကော်မရှင်များက ခွင့်မပြုကြောင်းNLD အဖွဲ့ဝင်တစ်ဦးကပြောသည်။

''ဒါကြောင့် ရပ်/ကျေးတွေက ကောက်ခံတဲ့ ကြိုတင်မဲတွေကို တော်တော်သံသယဖြစ်နေပါတယ်''ဟု NLD အဖွဲ့ဝင်တစ်ဦးကပြောသည်။

မြို့နယ်ကော်မရှင်အား သွားရောက်တွေ့ဆုံမေးမြန်းရာကြည့်ခွင့်ရှိသည်ဟု ပြောသော်လည်း အောက်ခြေသို့ ညွှန်ကြားထားခြင်းမရှိသောကြောင့် ရပ်/ကျေးကော်မရှင်များက ခွင့်မပြုကြောင်း ၎င်းကြုံတွေ့ခဲ့ပုံကိုပြောသည်။

နိုင်ငံရေးပါတီများကို ကြိုတင်မဲ စိစစ်ခွင့် ရှိမရှိနှင့် ပါတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကနှင့် ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်ဥက္ကဌ တစ်မျိုးစီ ပြောနေကြသလို အောက်ခြေ ကော်မရှင်အဆင့်ဆင့်တွင်လည်း တစ်နေရာ တစ်မျိုးစီ လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း နိုင်ငံရေးပါတီများကပြောသည်။            ။

ထပ်တိုးမဲစားရင်းများကိုအတည်မပြုပေးနိုင်တော့ကြောင့်းပခုက္ကူမြို့နယ်ကော်မရှင် အဖွဲ့ခွဲကကြေငြာချက်ထုတ်ပြန်

 မနက်ဖြန်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မတ်လ ၂၄ ရက်နေ့အထိအတည်ပြုပြီးသည့်မဲစာရင်းများတွင် ထပ်မံပြင်ဆင်၊ဖြည့်စွတ်နှုတ်ပယ်ခြင်းမပြုလုပ်ကြရန် ပခုက္ကူမြို့နယ်ကော်မရှင်အဖွဲ့ခွဲက ပခုက္ကူမြို့နယ်ရပ် ကွက်၊ကျေးရွာ

ကော်မရှင်အဖွဲ့ခွဲအားလုံးသို့ မတ်လ ၃၀ ရက်ဖွဲ့ဖြင့်အကြောင်းကြားစာပေးပို့ခဲ့သည်။

အကြောင်းကြားစာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်ဧ။်မတ်လ၂၉ ရက်စွဲပါစာအမှတ် (၄) ၄/ရကပ၊ကမရရအရ ရည်ညွှန်းထားခြင်းဖြစ်ပြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဌဦးဘိုးတုကိုယ်တိုင်လက်မှတ်ထိုးထားခြင်းဖြစ်သည်။ ရည်ညွှန်းချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရက်နီးကပ်လာပြီးဖြစ်၍ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက်မဲစာရင်းများကို ရွေးကောက်ပွဲဥပဒေပုဒ်မ၁၉ ၊ နည်းဥပဒေ ၁၃/၁၄တို့နှင့်အညီစိစစ်ပြင်ဆင်၊ဖြည့်စွတ်နှုတ်ပယ်ပြီး ရွေးကောက်ပွဲမတိုင်မှီ   မတ်လ၂၄ ရက် အလိုအတည်ပြုကြရန် ညွှန်ကြားထားပြီးဖြစ်သည်။

ထို့ကြောင့်မဲစာရင်းများကို မတ်လ၂၄ ရက်နေ့တွင်အတည်ပြုပြီးဖြစ်ပါသဖြင့် (ကွယ်လွန်၊ပြောင်းရွေ့)သွားသူရှိပါက
ဥပဒေအရ စားရင်းလျော့သွားသည်မှအပ ထပ်မံဖြည့်စွတ်သည့်စာရင်းကို ဥပဒေနှင့်မညီဘဲ ထည့်မံပြင်ဆင်ဖြည့်စွတ်၊နှုတ်ပယ်ခြင်း
မပြုရန်တိကျစွာလိုက်နာရန်ရည်ညွှန်းစာဖြင့်အကြောင်းကြားလာခြင်းဖြစ်သည်။

ထို့ကြောင့် ပခုက္ကူမြို့နယ်ရပ် ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲအားလုံးကမတ်လ ၂၄ရက်နောက်ပိုင်း အတည်ပြုပြီးသော မဲစားရင်းမှအပ ထပ်မံဖြည့်စွက်ပြင်ဆင်သည်များလုံးဝမပြုလုပ်ရန်နှင့်တိကျစွာလိုက်နာရန်အကြောင်းကြားခြင်းဖြစ်သည်
ဟုဖော်ပြထားသည်။

ငွေကြေး အခက်အခဲကြောင့် ပါတီအချို့ ကြိုတင်မဲကြည့်ဖို့လူအင်အားမလုံလောက်

မဲဆွယ်စည်းရုံးမှုကို ဦးစားပေးနေရခြင်းနှင့် ငွေကြေးအခက်ခဲကြောင့် ကြိုတင်မဲကောက်ခံခြင်းကို စောင့်ကြည့်ရန် လူအင်အား လုံလောက်စွာ မသုံးနိုင်ကြောင်း ပါတီတာဝန်ရှိသူတချို့က ပြောသည်။

“စည်းရုံးရေးဆင်းနေရတဲ့အတွက် ကြိုတင်မဲအတွက်ကိုတော့ လူအလုံလောက် မသုံးနိုင်ဘူး။” ဟု မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်လောင်း ဦးအုန်းကြိုင်က ပြော သည်။

အမျိုးသား ဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသိန်းညွန့်ကမူ “ကျွန်တော်တို့မှာ အဲလောက်လုပ်ဖို့ ငွေကြေးမရှိဘူး။ မနေ့ကလည်း ကြိုတင်မဲအတွက် မစောင့်နိုင်ဘူး” ဟု ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းကမူ ၄င်းတို့ပါတီအနေဖြင့် ကြိုတင်မဲပေးသည့်နေရာ တစ်နေရာကို ကိုယ်စားလှယ် ၂ ဦးစီ သတ်မှတ်ထားသည်ဟု ပြောသည်။

  Yangon Press International

 

အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် စည်းရုံးရေး ခရီးစဉ် အဖြစ် ကောမူးမြို့ သို့ထွက်ခွါ

ကျက်သရေ ရှိသူ-facebook


အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် စည်းရုံးရေး ခရီးစဉ်
အဖြစ် ကောမူးမြို့ သို့ ည အိပ် ခရီးစဉ်အဖြစ် ယနေ့(၃၁.၃.၂၀၁၂) ညနေ ၄း၁၅
နာရီ ခန့် က NLD ရုံးမှကော့မူးမြို့သို့ ထွက်ခွါ သွားသည်။ ယခု ရရှိသော
နောက်ဆုံး သတင်းအရ ရန်ကုန်- ကော့မူးကားလမ်းပေါ်ရှိ ကံဘဲ့ လမ်းဆုံ နှင့်
ဘုရားငုတ်တို လမ်းဆုံတို့တွင် ကြံ့ခိုင်ရေးအဖွဲ့မှ တားဆီး နှောက်ယှက်ရန်
ပြင်ဆင်နေသည် ဟုကြားသိရသည်။


ရန်ကုန်မြို့မှ ကော့မှူးသို့သွားရောက်နေသော ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကိုတာဝန်ယူထားသောဦးခွန်သာမြင့်ကိုဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာသ တင်းများကြားထားသည့်အတွက်သက်ဆိုင်ရာသို့အကြောင်းကြားထားကြောင်းနှင့်ယခုအချိန်ထိထိုသတင်းထွက်ပေါ်သောနေရာများတွင် စောင့်ဆိုင်းနေသည်ကိုမတွေ့ရသေးကြောင်းဖြေကြားသည်။ ဒေါ်အောင်ဆန်းစုကြည်လိုက်ပါ လာသောယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်ရန် ကံဘဲ့လမ်းဆုံနှင့် ဘုရားငုတ်တိုလမ်းဆုံတို့တွင် စောင့်ကြိုတိုက်ခိုက်မည်ဆိုသည့်သတင်းများရရှိထားသည့်အတွက်လည်း လုံခြုံရေးကိုအထူးဂရုစိုက်လျှက်ရှိကြောင်း ယာဉ်တန်းတွင်လိုက်ပါနေသော ဦးခွန်သာမြင့်ကပြောကြားသည်။
  ရန်ကုန်တိုင်း၊ကော့မှုးမြို့နယ်ထဲမှာ ကြံ့ခိုင်ရေးပါတီက မတ်လ (၃၀)ရက်နေ့ လှည့်လည် မဲဆွယ် စည်းရုံးတဲ့အခါမှာ ဒေသခံ တွေကို ဆဲဆိုရန်စတာတွေ ပြုလုပ်နေတယ်လို့ ကော့မှုးအန်အယ်ဒီ အောင်နိုင်ရေးတာဝန်ခံ ဦးအေးသိန်းက ပြောပါတယ်။မော်တော်ကား အစီးနှစ်ဆယ်လောက်နဲ့ လှည့်လည်ပြီး ဒေသခံတွေကို ၇န်စပြုမူပြောဆိုနေသူတွေဟာ ကော့မှုးက မဟုတ်ဘဲ တခြားဒေသကလူတွေကို နေ့တွက် တနေ့ကျပ်သုံးထောင်ပေး ခေါ်ယူလာသူတွေဖြစ်တဲ့ အ ကြောင်းနဲ့ ရွေးကောက်ပွဲ ပျက်အောင် ကြံစည်ပြုမူနေကြတဲ့အကြောင်းလဲ ပြောပါတယ်။ ကော့မှုးက ၀င်ပြိုင်မယ့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ၃၁ရက်ညမှာ ကော့မှုးမြို့နယ်၊ ၀ါသင်္ခ ကျေးရွာမှာ လာရောက်ညအိပ်ပြီး၊ ဧပြီလ၁ရက်နေ့မှာ မြို့နယ်ထဲ မဲပေးသူတွေကို လိုက်လံ အားပေးမှာ ဖြစ်ပါ တယ်။

ရွေးကောက်ပွဲသတင်းများ အန်အယ်လ်ဒီ တိုက်ရိုက် ထုတ်ပြန်သွားမည်

ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် ရွေးကောက်ပွဲ သတင်းအချက်အလက်များ ထုတ်ပြန်မည့် LED ဆိုင်းဘုတ်ကို ရွေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် မတ်လ ၃၁ ရက်နေ့ ၂၀၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများမှ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ဧပြီလ ၁ ရက် တနင်္ဂနွေနေ့တွင် ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှ တိုက်ရိုက်ထုတ်ပြန်မှု ပြုလုပ်သွားမည်ဟု သိရသည်။

ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးရှေ့တွင် LED ဆိုင်းဘုတ်တခု ယနေ့ တပ်ဆင်ထားပြီး အဆိုပါဆိုင်းဘုတ်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအသီးသီးမှ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ ဖော်ပြပေးသွားမည်ဟု အန်အယ်လ်ဒီပြန်ကြားရေးဌာနက ဆိုသည်။

မဲဆန္ဒ္ဒနယ်မြေအသီးသီးရှိ ပါတီပြန်ကြားရေးဌာနများအနေဖြင့်လည်း အဖွဲ့ချုပ်ရုံး (ဗဟို)သို့ တနာရီခြားတကြိမ် သတင်းအချက်အလက်များ ပေးပို့ရန် ညွှန်ကြားထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

အန်အယ်လ်ဒီပါတီသည် တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅ နေရာ၊ တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ စုစုပေါင်း ၄၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ရွေးကောက်ပွဲအကြိုအခြေအနေ လက်ခံနိုင်ဖွယ် မရှိ





(၃၀-၃-၂၀၁၂)နံနက် က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် ခြံအမှတ်(၅၄)တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သူမနှင့်ပြည်တွင်းပြည်ပသတင်းထောက်များကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ဂျေမောင်မောင်၊အမရပူရ)

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်ရက် မတိုင်ခင် ဖြစ်နေခဲ့တဲ့အခြေအနေတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် လက်ခံနိုင်တဲ့ အခြေအနေတွေ မဟုတ်ပါဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲ ဆိုင်ရာ စည်းကမ်း နည်းလမ်းမကျတာတွေ၊ တရားမ၀င်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်တာကလည်း စိတ်မကောင်းစရာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ဖို့ ကြိုးစားတာတွေ စတဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ပျက်နေခဲ့တဲ့ အခြေအနေအရပ်ရပ်တွေ အပါအ၀င် နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေရဲ့ အခန်းကဏ္ဍ၊ သူ့ရဲ့ကျန်းမာရေး၊ လုံခြုံရေးစသဖြင့် အကြောင်းအရာမျိုးစုံကို မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က အကျယ်တ၀င့် ပြောဆိုဖြေကြားခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်ရဲ့ ကားကို လေးဂွဖြင့် အပစ်ခံရသဖြင့် ကားရှေ့လေကာမှန်ကွဲ(photo.Burma vj medianetwork)

မတ်လ ၂၉ ရက်နေ့က တောင်ငူမြို့မှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို လေးခွထဲ ကွမ်းသီးလုံးထည့်ပြီး ပစ်ခတ်တာ ခံရတဲ့ဖြစ်ရပ်နဲ့ တခြား ဖြစ်ရပ်တချို့ကို နမူနာပြပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖြစ်ပျက်နေခဲ့တာတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြစ်ဖို့ ထိခိုက်စေတယ် ဆိုတဲ့သဘော ပြောဆိုခဲ့ပါတယ်။

“ဒီတိုင်းပြည်မှာ ဖြစ်ပျက်နေခဲ့တာတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခုအတွက် လက်ခံနိုင်ဖွယ်ရာ အခြေအနေထက် ကျော်လွန်နေပါတယ်။ ကျမတို့ကတော့ ရှေ့ဆက် လျှောက်ဖို့ သန္နိဋ္ဌာန် ချထားပြီးသားပါ၊ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ လူထုရဲ့လိုလားချက်ဖြစ်တယ်လို့ ကျမတို့ ယူဆလို့ပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အတိုက်ခိုက်ခံရတဲ့ တောင်ငူက လွှတ်တော် ကိုယ်စားလှယ်လောင်းဟာထိခိုက်ဒဏ်ရာမရခဲ့ဘဲ သူ့ရဲ့ကားကိုပဲ မှန်သွားခဲ့ပါတယ်။

ကချင်ပြည်နယ်က မဲဆန္ဒနယ်သုံးခုမှာ ရွေးကောက်ပွဲတွေမလုပ်ဘဲ ရွှေ့ဆိုင်းခဲ့တာနဲ့ပတ်သက်ပြီး NLD က ရွေးကောက်ပွဲ ကော်မရှင်ကို မေးခွန်းထုတ်ခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသတွေမှာ လုံခြုံရေးဆိုင်ရာ ပြဿနာတခုခု ရှိတယ်လို့ မိမိတို့က မယူဆလို့ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေ တက်ရောက်နားထောင်ခဲ့ပြီး သူတို့အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပျက်နေတာတွေကိုလည်း ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ဟာ ရွေးကောက်ပွဲနေ့တရက်ထဲအပေါ်မှာပဲ မူတည်မနေဘဲ ရွေးကောက်ပွဲရက်မတိုင်ခင် ဖြစ်ပျက်တာတွေပေါ်မှာလည်း မူတည်နေတယ်ဆိုတဲ့အချက်ကို လေ့လာသူတွေ ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ မျှော်လင့် ကြောင်း၊ ပြီးခဲ့တဲ့ နှစ်လအတွင်း ဘာတွေဖြစ်ပျက်ခဲ့တာဆိုတာကို လေ့လာသူတွေအနေနဲ့ ဖြစ်နိုင်ခြေရှိသမျှ လေ့လာနိုင်လိမ့်မယ်လို့ မျှော်လင့် ပါကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒီလိုဖြစ်ပျက်နေတာတွေအပေါ်မှာ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်ခဲ့တာဟာလည်း ၀မ်းနည်းစရာကောင်းတဲ့အချက် ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီအချက်ကြောင့်တော့ လုပ်နေတာကနေ သွေဖြည်သွားမှာ မဟုတ်ဘူး ဆိုတဲ့သဘော ပြောဆိုခဲ့ပါတယ်။

“ကျမတို့ အမြဲတမ်း ရည်ရွယ်ထားတဲ့အတိုင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့အတွက် ကျမတို့ လုပ်ဆောင်သွားမှာပါ။ အခုရွေးကောက်ပွဲတွေဟာ အဲဒီလမ်းကြောင်းမှာ နောက်ထပ် အဆင့်တခု လှမ်းလိုက်တာပဲဖြစ်မယ်လို့ ကျမတို့မျှော်လင့်ပါတယ်။” –

ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းပြည်ပသတင်းထောက်တွေ မေးမြန်းသမျှ အကြောင်းအရာပေါင်းစုံကို တနာရီခွဲကျော်ကြာ ဖြေဆိုခဲ့ပါတယ်။ ဒါဟာဖြင့် မြိတ်ဒေသဘက်ခရီးစဉ်မှာ မကျန်းမမာဖြစ်လို့ ပြန်လာခဲ့ရပြီး ၆ ရက်နီးပါးကြာ အနားယူခဲ့ပြီးတဲ့နောက် လူထုမြင်ကွင်း ပထမဆုံး ပြန်ထွက်လာတာလည်း ဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့ညမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့မှာ ညသွားအိပ်မှာဖြစ်ပြီး ဧပြီလ ၁ ရက် ရွေးကောက်ပွဲနေ့မှာ တော့ ကော့မှူးမြို့က မဲရုံတချို့ဆီ လှည့်လည် ကြည့်ရှုမှာဖြစ်ပါတယ်ခင်ဗျား။

VOA

နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာမှ နိုင်ငံရေးသမားများ တည်းခိုခွင့် မပြုနိုင်ကြောင်းပြောဆို


နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာတွင်တည်းခိုလျှက်ရှိသော မိုးကုပ်မြို့မှ NLD ထောက်ခံသူ ၁၈ဦးအား ဧည့်ရိပ်သာတာဝန်ရှိသူက နိုင်ငံရေးသမားများ တည်းခိုခွင့် မပြုနိုင်ကြောင်းပြောဆိုကာ ည၁၀နာရီခွဲအချိန်၌ အခြားတည်းခိုခန်းသို့ပြောင်းရွှေ့စေခဲ့သည်ဟု သိရသည်။

အထက်ပါ NLD ထောက်ခံသူ ၁၈ ဦးသည် စည်ပင်ဧည့်ရိပ်သာသို့ မတ်လ ၂၇ ရက်နေ့ညနေတွင်ရောက်ရှခဲ့ပြီး တစ်ညတည်းခိုကာ ၂၈ ရက်နေ့ည ၁၀နာရီခွဲအချိန်တ...ွင် ပြောင်းရွှေ့ စေခြင်းခံခဲ့ရခြင်းဖြစ်သည်။

၎င်း ၁၈ဦးသည် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တွင်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ မိတ်ဆွေများဖြစ်သကဲ့သို့ ဦးမင်းသူ၏ မဲဆွယ်စည်းရုံးပွဲများတွင် အင်အားဖြည့်ကူညီရန် ရောက်ရှိလာခြင်းဖြစ်သည်ဟုသိရှိရသည်။
" ကိုယ့်အနေနဲ့ ဧည့်ရိပ်သာကတာဝန်ရှိသူကို ဖုန်းဆက်ပြောတယ်။ အချိန်ကလဲည ၁၀ နာရီခွဲဖြစ်နေတော့ လူမှုရေး ရှု့ထောင်ကကြည့်ပြီး တစ်ညတော့ တည်းခိုခွင့်ပေးပါလို့ တောင်းဆိုလိုက်တယ်။ အဲ့ဒီ တာဝန်ရှိသူက အထက်က ညွှန်ကြားထားလို့ မထားရဲဘူးလို့ပြန်ဖြေတယ်။ အစ်ကိုက အထက်ကဘာညွှန်ကြားထားလဲလို့မေးတော့ နိုင်ငံရေးသမားတွေ တည်းခွင့်မပြုဘူးလို့ပြန်ဖြေခဲ့တယ်။ အဲ့ဒီ ဧည့်ရိပ်သာထဲမှာ တည်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီလှုပ်ရှားသူတွေက ရာနိုင်ငံရေးသမားတွေမဟုတ်ဘူးလားလို့ မေးကြည့်တယ်။ တစ်ညတော့ တည်းခိုခွင့်ပြုပါလို့ ထပ်ပြီးတောင်းဆိုခဲ့တယ်။ သူက နိုင်ငံရေးသမားတွေတည်းမယ်ဆိုရင် ကြိုပြီးခွင်ပြုချက်ယူရတယ် ဒါကြောင့်ခုချက်ခြင်း ခွင့်ပြုလို့ မရပါဘူးလို့ပြန်ပြောခဲ့တယ်။" ဟု ဇဗ္မူသီရိမြို့နယ် NLD ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ခံ ဦးစိုင်းဝင်းနိုင်ဦး
ကဆိုသည်။

၎င်း ၁၈ဦး သည် ၂၈ ရက်နေ့ည ၁၀ နာရီခွဲအချိန် စည်ပင် ဧည့်ရိပ်သာမှ ပြောင်းရွှေ့ခဲ့ရပြီး အထက်ပါ ဦးစိုင်းဝင်းနိုင်ဦး နေအိမ် ၌တည်းခိုလျှက်ရှိကြောင်း၊ ၄င်းတို့သည် ဧပြီလ ၂ရက်နေ့ထိ တည်းခိုမည်ဖြစ်ကြောင်း သိရသည်။

၎င်းကိစ္စနှင့်ဆက်လျှင်း၍ popular News Journal ကစည်ပင်ရိပ်သာသို့ဆက်သွယ်မေးမြန်းရာ " တည်းခိုခွင့်မပြုလိုက်တာမှန်ပါတယ်။ သူတို့တည်းတုန်းကတော့
သာမန်ခရီးသွားတွေလို့ထင်မိပါတယ်။ ၂၈ ရက်နေ့ရောက်တော့မှ NLD ကလူတွေဖြစ်နေတယ်။ NLD ကလူတွေဖြစ်တာလည်းပြဿနာမရှိပါဘူး။
ဒါပေမယ့် တရားဝင်အသိပေးပြီးတည်းဖို့တော့လိုပါတယ်။ အခုဖြစ်သွားတာက ၂၈ရက်နေ့မှာ NLD စည်းရုံးရေးကားတွေနဲ့ ဧည့်ရိပ်သာအတွင်းဝင်လာပြီး ရပ်သာဝင်းပတ်လမ်းတွေထဲ ကားပါတ်မောင်ကြတယ်။ ဒါမျိုးလုပ်တာကိုတော့ ဘယ်ပါတီကိုမှ ခွင့်ပြုလို့မရပါဘူး။ ဒါကြောင့်နောက်နေ့တွေမှာ အဲ့ဒီလိုလုပ်နေမယ်ဆိုရင်ဆက်တည်းဖို့အတွက် ကျွန်တော်တို့ဘက်က ခွင့်ပြုလို့မရဘူးဆိုတာ ပြောလိုက်တယ်။ စည်ပင်ဧည့်ရိပ်သာမှာ နိုင်ငံရေးသမားတွေ တည်းမယ်ဆိုရင် ကျွန်တော်တို့က
ခွင့်ပြုချက်တောင်းပြီးမှ လက်ခံလို့ရတဲ့စည်းမျဉ်းတွေရှိနေပါတယ်။ ဒီစည်းမျဉ်းတွေဟာလဲ ခုမှ ရုတ်တရက်ပေါ်လာတာတော့မဟုတ်ပါဘူး။
ကျွန်တော်တို့တာဝန်မထမ်းဆောင်ခင်ကတည်းက ရှိနေတဲ့စည်းမျဉ်း စည်းကမ်းတွေပါ။
အခုကျွန်တော်ဒီမှာ တာဝန်ထမ်းဆောင်နေတာ ခုနှစ်လရှိနေပြီဆိုတော့ ဒီစည်းကမ်းထုတ်ထား ခုနှစ်လရဲ့အထက်မှာပဲရှိနေပါတယ်။ ခုလိုတည်းခိုခွင့်မပြုလိုက်တာက အဲ့ဒီစည်းမျဉ်းစည်းကမ်းနဲ့ ငြိစွန်းနေတာရယ်။ ဧည့်ရိပ်သာအတွင်း ပတ်လမ်းထဲမှာ နိုင်ငံရေးပါတီ အလံတင်ကားတွေ လှည့်လည်လို့ဖြစ်ပါတယ် " ဟု ၄င်းဧည့်ရိပ်သာ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

စွမ်းရဲထွတ် + စံကျော်(Popular Myanmar News Journal)

နေပြည်တော် ဟိုတယ်ဇုံတွင် မဲစာရင်းဖျောက်မှုများ ဖြစ်ပေါ်နေ

ကြားဖြတ်ရွေးကောက်ပွဲ၏ မဲဆန္ဒနယ်တစ်ခုဖြစ်သော နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် မဲစာရင်းဖျောက်မှုများ ရှိနေကြောင်း သိရသည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၏ ဟိုတယ်ဇုန်အတွင်းရှိ ဟိုတယ်ဝန်ထမ်းများမှာ မဲစာရင်းဖျောက်ထားမှုများကြောင့် မဲပေးခွင့်နှင့် လွဲချော်ဖွယ် ရှိနေကြောင်း ဟိုတယ်ဝန်ထမ်းတစ်ဦး၏ သတင်းပေးပို့မှုအရ သိရှိရသည်။

ဒက္ခိဏသီရိမြို့နယ်ရှိ ဟော်တယ်ဇုန်မှ ဟော်တယ်ဝန်ထမ်းများမှာ 2010 ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့် ရရှိခဲ့သော်လည်း ယခု ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ယနေ့ မတ်လ 31 ရက်နေ့ နံနက်ပိုင်းအထိ သက်ဆိုင်ရာ ဟော်တယ် အုပ်ချုပ်ရေးမှူးများထံသို့ မဲစာရင်းများ လာရောက်ပေးအပ်ခြင်း မရှိသေးကြောင်း အဆိုပါ ဟော်တယ်ဝန်ထမ်းမှ သတင်းပေးခဲ့ခြင်းဖြစ်သည်။

“ဒီဟော်တယ်ဇုန်ထဲမှာ လူဦးရေ လေးထောင်လောက်ရှိပါတယ်။ 2010 တုန်းက မဲပေးခဲ့ရပေမယ့် အခု ရွေးကောက်ပွဲမှာတော့ အခုထိ မဲစာရင်းရောက်မလာသေးဘူး။ ကော်မရှင်ရုံးကို သွားစုံစမ်းတော့လဲ သက်ဆိုင်ရာ ဟိုတယ်တာဝန်ခံဆီကို ပို့ပေးမယ်။ သိချင်တာရှိရင် ကော်မရှင်ကို ဖုန်းဆက်မေးပါ။ လူကိုယ်တိုင်လာစရာမလိုဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒီနေ့မနက်အထိတော့ ဘယ်သူ့ဆီကိုမှ မဲစာရင်းတွေ မရောက်သေးသလို မဲပေးခွင့်ရှိမရှိလဲ သေချာမသိဘူး။ မဲပေးရင် ဘယ်မှာပေးရမှန်းလဲ မသိသေးဘူး”ဟု အဆိုပါ ဟိုတယ်ဝန်ထမ်းမှ ပြောသည်။

ကော်မရှင်ရုံးတွင် တွေ့ရသော NLD ပါတီဝင်တစ်ဦးထံမှ တောင်းယူကြည့်ရှုခဲ့ရာ မဲရုံအမှတ် ၂/၂ တွင် မဲပေးခွင့် ရှိသူဦးရေမှာ ၃၀၀ ဦးသာ ရှိကြောင်းကိုလည်း အဆိုပါ ၀န်ထမ်းမှ ပြောပြခဲ့သည်။

အဆိုပါ ဟိုတယ်ဇုန်ရှိ ဟိုတယ်ဝန်ထမ်းဦးရေမှာ ၄၀၀၀ နီးပါးခန့်ရှိပြီး ကြံခိုင်ရေးပါတီ၏ ပြိုင်ဘက်အဖြစ် NLD ပါတီမှ ဦးနိုင်ငံလင်းက ၀င်ရောက်အရွေးခံမည်ဖြစ်သည်။

ဒက္ခိဏသီရိ မဲဆန္ဒနယ်တွင် အများဆုံးနေထိုင်ကြသူများမှာ တောင်သူများ ဖြစ်ပြီး အစိုးရနှင့် စီးပွားရေး ကုမ္ပဏီကြီးများ၏ အဓမ္မ လယ်ယာမြေသိမ်းဆည်းမှုများကို အများဆုံးခံစားနေရကြောင်း၊ ထို့ကြောင့် NLD အနေဖြင့် တောင်သူများအကျိုးအတွက် တရားဥပဒေ စိုးမိုးရေးကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ဦးနိုင်ငံလင်းက ပြောကြားခဲ့ဖူးသည်။

ဒက္ခိဏသီရိ မြို့နယ်သည် ပြီးခဲ့သည့်၂၀၁၀ ရွေးကောက်ပွဲတွင် လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ဦးမြင့်လှိုင်၏ မဲဆန္ဒနယ်မြေ ဖြစ်ကြောင်း သိရသည်။

burma free

Envoy ဂျာနယ် လေးဖြူကို တောင်းပန်


လေးဖြူအကြောင်း ဖော်ပြခဲ့တာကို အနူးညွတ် တောင်းပန်တယ် လို့ Envoy ဂျာနယ်က သတင်းစာမှာ ကြော်ငြာထည့်ထားတဲ့အကြောင်း Facebook မှာ တွေ့ရပါတယ်။

သတင်းထောက်က ၀၉ ၈၀၃ ၀၄၂၇ ကို ဖုန်းဆက်မေးတယ်၊ တဘက်က ပြန်လည်ဖြေကြားတာတွေကို လေးဖြူရဲ့စကားတွေအဖြစ် ထည့်သွင်းဖော်ပြခဲ့တာပါ တဲ့။


ဆက်စပ်ဖတ်ရှုသင့်တဲ့ လေးဖြူရဲ့ ကြော်ငြာ_ http://www.irrawaddyblog.com/2012/03/envoy.html

သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၏ မ ရှုပ်လို့ မီး ရှို့လိုက်ရတဲ့ မြန်မာ့သစ်လုပ်ငန်း အရှုပ်တော်ပုံအပိုင်း (၁)

၂၆-၃-၂၀၁၂ နေ့က သီလဝါ မီးလောင်မှု မြင်ကွင်း ဓာတ်ပုံ China News

ရှုပ်လို့ မီး ရှို့လိုက်ရတဲ့ မြန်မာ့သစ်လုပ်ငန်း
အရှုပ်တော်ပုံအပိုင်း (၁)

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း၏ မ အရှုပ်တော်ပုံကြောင့် ပြည်သူ့ဘဏ္ဍာမှ ပံ့ပိုးထားတဲ့ စာရင်း ကွာဟမှုများကို ဖြေရှင်းရန်အတွက် ၂၆-၃-၂၀၁၂ နေ့ ညနေ ပိုင်း မှ ၂၇-၃-၂၀၁၂ နေ့ နံနက် စောစောအထိ ကျောက်တန်းမြို့နယ်၊ သီလ၀ါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တွင် ပြည်ပသို့တင်ပို့ရန် စုပုံထားသည့် ကျွန်းသစ်လုံးကြီးများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

သစ်ဆိပ်များတွင် မီးမကြာခဏ လောင်ကျွမ်းလေ့ရှိသော်လည်း ယခု လောင်ကျွမ်းမှုမှာ မြန်မာ နိုင်ငံတွင် အကြီးမားဆုံး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ကျွန်းသစ်တန်ချိန် ၈၁၀၀ လောင်ကျွမ်း ကြောင်း စာရင်းဖေါ်ပြခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၀၀ကျော်ခန့်နှင့် စုစုပေါင်း ဒေါ်လာ ကိုးသန်းနီးပါးခန့်  မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သက်ဆိုင်ရာ တင်ပြခဲ့သည်။

ယင်းမီးလောင်မှုမှာ ဦးတေဇ ပိုင် ထူး Co ပိုင် သစ်များဟု ပြင်ပတွင် သတင်းဖြစ်ပေါ်နေသော် လည်း အမှန်တကယ် နိုင်ငံတော်အစိုးရပိုင် သစ်များ ဖြစ်သည်ဟု သိရသည်။ အကြောင်းမှာ မြန်မာ နိုင်ငံမှ ပြည်ပသို့ သစ်ရောင်းချရာတွင် သဘောင်္တင်ရုံနှင့် စီးပွားရေးလုပ်ငန်းရှင် ပိုင်သစ်များဟု ပြောဆိုမရပဲ၊ ပြည်ပသို့ သဘောင်္ထွက်ခွာပြီး မြန်မာ့ရေပိုင်နက် ၁၂ မိုင်ကျော်လွန်မှ သာ သစ်လုပ်ငန်းက ယင်း စီးပွားရေး လုပ်ငန်းရှင်ထံသို့ Invoice ထုတ်ပေးကြောင်း၊ Invoice ရမှ သာလျှင် လုပ်ငန်းရှင်ပိုင် ဖြစ်သွားကြောင်း သိရသည်။ သီလ၀ါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် သစ်လုံးတန်ချိန် ၃၀၀၀၀ ကျော် စုပုံထားသည့် အနက်မှ ယခု လောင်ကျွမ်းမှု သည် တန် ၈၁၀၀ ဟု ပြသော်လည်း အမှန် တကယ် ၈၁၀၀ လောင်ကျွမ်းခြင်း မရှိပဲ စာရင်း ပိုပြခဲ့ခြင်း ဖြစ်သည်။

ယင်းမီးလောင်ကျွမ်းမှုတွင် သီလ၀ါ ဆိပ်ကမ်း သစ်လုံးရောင်းဌာန တာဝန် ခံ မန်နေဂျာ ဦးမြင့်သိန်း၊ ဒု အထွေထွေ မန် နေဂျာ ဦးတင်ဦး ၊ အထွေထွေ မန်နေဂျာ ဦးအေးကျော် ဦးဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ရီ တို့တွင် အပြည့်အ၀ တာဝန်ရှိကြောင်း၊ ယင်း လူများမှာ လက်ရှိ ပြည်ထောင်စု ၀န် ကြီး ဦးဝင်းထွန်း ၏လူများဖြစ်နေကြသည့်အတွက် ယင်းမီးလောင်ဆုံးရှုံးမှုမှာ စာရင်းဖျောက်မှု သက်သက်သာ ဖြစ်သည် ။

လတ်တလော စစ်ဆေးချက်များအရ ပြည်ပသစ်လုံးအရောင်းဌာန ၁/၂/၃ ဟု ရှိရာ တွင် အရောင်းဌာန ၁ နှင့် ၂ မှာ ကျွန်းသစ်အရောင်းဌာနများဖြစ်ပြီး၊ အရောင်းဌာန ၃ မှာ ပျဉ်းကတိုး အရောင်းဌာန များဖြစ်သည်။ ပြည်ပ အရောင်းဌာန ၃ မှ ပျဉ်းကတိုး တန် ချိန် ၁၃၀၀၀ ကျော်နှင့် ပြည်ပအရောင်းဌာန ၁ / ၂ တို့မှ ကျွန်းတန်ချိန် ၇၀၀၀ စုစုပေါင်း တန် ချိန် ၂၀၀၀၀ ကျော် ကွာခြားနေပြီး အရေးယူနိုင်ခြင်း မရှိသေးသလို စစ်ဆေးရခြင်း မရှိသေးသော သစ်လုံးတန် ချိန် စုစုပေါင်း ၆၀၀၀၀၀ ကျော်ရှိနေသေးသည် ။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန တွင်ဖြစ်ပေါ်နေသော စာရင်းကွာဟ မှုများ နှင့် နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးမှုများမှာ ပြည်ထောင်စုအဆင့်ဝန်ကြီး နှင့် စီးပွားရေးဖက် Great Apex Co,Ltd မှ ချစ်တီးကုလား ဦးအေးမောင်တို့၏ အလွဲသုံးမှုများကြောင့် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ အတွင်း ရေပန်းစားလျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကို ပြည်ထောင်စုဝန်ကြိးအဖြစ် တာဝန်မပေးခင် ကတည်းက မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး လက်ထက်ကတည်းက တပ်မတော်ဂေါက်ကွင်း (ရန်ကုန် ) တွင် Golf Carry ကျောနံပတ် ၀၄၉ မသန်းသန်းညွန့် နှင့် ညှိစွန်းခဲ့ပြီး တိုက်ခန်း ရှစ် ခန်း ၊ အင်းစိန်ဈေးတွင် ရွှေဆိုင်တစ်ဆိုင်၊ ၂၀၁၁ နှစ်ဆန်း ပိုင်းက ပဲခူးသစ် ထုတ်လုပ်ရေး - ရောင်း/ စက်သို့ မသန်းသန်းညွန့် နာမည်နှင့် သစ်ရောင်းချပေးရန်၊ ဦးဝင်းထွန်း၏ လက်မှတ်ဖြင့် မဖြစ်မနေရောင်း ချပေးရန် မှတ်ချက်ရေးထိုး ပေးခဲ့ကြောင်း၊ ယခု မသန်းသန်းညွန့် အင်းစိန် ဈေးမှ ရွှေဆိုင်ကို ရောင်းချပြီး ဦးဝင်းထွန်း နှင့် ညှိစွန်းနေသည့် အကြောင်း ဖေါ်ကောင်လုပ် နေသော သူမ၏ခင်ပွန်းကို Taxi ကားတစ်စီး ၀ယ်ပေးထားရကြောင်း သိရသည်။ ဂေါက်ကွင်းတွင်လည်း သန်းသန်းညွန့်ပိုင် ဆိုင်တစ်ဆိုင် ဖွင့်ပေးထားသည် ဟုသိရသည်။




လက်ရှိပြည်ထောင်စု ၀န်ကြီးဖြစ်လာသည့်အခါ ဦးဝင်းထွန်းသည် Golf Carry မသန်းသန်းညွန့်နှင့် တင်းတိမ်ရောင့်ရဲ ခြင်းမရှိတော့ပဲ နိုင်ငံကျော် အဆိုတော် ရုပ်ရှင် မင်းသမီးများအတွက်ပါ ပံ့ပိုး ညှိစွန်းမှုများ ပြုလုပ်လာခဲ့ကြောင်း သိရသည်။ ၁၁-၁၀-၂၀၁၁ ရက်စွဲဖြင့် သစ်ကုန်သည် မဟုတ်သူ မင်းသမီး နန်းဆုရတီစိုးကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း က whole sale ဖြင့် ကျွန်းသစ် တန် ၅၀၀ ရောင်းချပေးခဲ့ကြောင်း၊ ယင်းရောင်းချခွင့် ပါမစ်အတွက် တစ်တန်လျှင် ဒေါ်လာ ၅၀၀ နှုန်းဖြင့် မင်းသမီး နန်းဆုရတီစိုး က အမြတ်ရခဲ့ပြီး မြန်မာကျပ်ငွေ သိန်းနှစ်ထောင် ရရှိအောင် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ ယင်း သိန်းနှစ်ထောင်ဖြင့် ၃၀-၁၀-၂၀၁၁ နေ့တွင် နန်းဆုရတီစိုးက Hotel တစ်ခုတွင် ဂျာနယ် သတင်းထောက်များနှင့် မီဒီယာရှင်းလင်းပွဲပြုလုပ်ကာ ၂၀၀၈ ခုနှစ်ကတည်းက အသံစီးရီး ထွက်ခဲ့သည့် သူမ၏ မိုးမမြင်လေမမြင် တေးစီးရီးကို MTVနှင့် VCD ချပ်များထုတ်ရန် ကြေငြာခဲ့ကြောင်း သိရသည်။ သူမ၏ မိုးမမြင်လေမမြင် တေးစီးရီး VCD ချပ်များထုတ်ဝေရန် စီစဉ်ပြီးသည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် မင်းသမီး နန်းဆုရတီစိုးတို့ ထိုင်းနိုင်ငံတွင် ချိန်းဆို တွေ့ဆုံကာ အပန်းဖြေခဲ့ကြကြောင်း သိရသည် ။

လက်ရှိ အကယ်ဒမီ မင်းသမီး သက်မွန်မြင့်အား တစ်လလျှင် ဒေါ်လာ ငါးထောင်နှုန်းဖြင့် တစ်နှစ်စာ ဒေါ်လာ ခြောက်သောင်း ပံ့ပိုးပေးလျှက်ရှိပြီး ပြည်ထောင်စုဝန်ကြီးနှင့် အထက်အဆင့် လူကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအတွက် ပြုလုပ်သော ဦးဝင်းထွန်း၏ ပါတီပွဲများတွင် ပင်တိုင်ဧည့်ခံပေးရန် စီစဉ်ထားသည့်အတွက် မြန်မာ့သစ်လုပ်ငန်းကို စာရင်းစစ်မရှိပဲ ထင်တိုင်းကြဲ ခွင့်ရအောင် ဆောင်ရွက်ထားသည်။

အဆိုတော် ရုပ်ရှင်မင်းသမီးများနှင့် တွေ့ဆုံပေးခဲ့သော Great Apex Co,Ltd မှ ချစ်တီးကုလား ဦးအေးမောင်အား မြန်မာ့သစ်လုပ်ငန်း၏ အစဉ်အလာဖြစ်သော သစ်ရောက်ငွေချေ စံနစ်အစား ဖားအံသစ် ထုတ်လုပ်ရေးမှ တဆင့် မြန်မာ့သစ်လုပ်ငန်း ဘဏ္ဍာရေးဌာန ရုံးချုပ်က ကျပ်သိန်း ၆၀၀၀ ကို စရံငွေအဖြစ် ပေးထားကြောင်း သိရသည်။

ယခုအခါ လွှတ်တော်အတွင်း ၀န်ကြိးဌာနများ၏ အလွဲသုံးစားမှုများကို အရေးယူရန် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ကလည်း ၀န်ကြီးဌာနများ၏ အကျင့်ပျက် ခြစားမှုများကို ဖေါ်ထုတ်ရန် ဆောင်ရွက်လျက်ရှိရာ ကွာခြားနေသော သစ်တန်ချိန် များအား စာရင်းဖျောက်ရန် အတွက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၏ လူယုံ သီလ၀ါ သစ်ဆိပ် တာဝန်ခံ ပြည်ပသစ်လုံး ရောင်းဌာန မှ မန်နေဂျာ ဦးမြင့်သိန်းအား စာရင်းဖျောက်နိုင်ရေး စီစဉ်ညွှန်ကြားခဲ့ ကြောင်း သိရသည်။ ထပ်မံရရှိမည့် သတင်းများကို ဆက်လက်ဖေါ်ပြပါမည်။

သစ်လုပ်ငန်းရှင်များ 

ဒီမိုဝေယံ မှ ကူးယူဖော်ပြပါသည်။

Sunday, March 25, 2012

AYA Q-Remit Money Transfer( လွှဲငွေပေးပို့ခြင်း နှင့် လွှဲငွေလက်ခံခြင်းဆိုင်ရာ ညွှန်ကြားချက်များ လွှဲငွေပေးပို့ခြင်းဆိုင်ရာ ညွှန်ကြားချက်များ)

Send Money To Myanmar the safe,fast and cost effective way AYA Quick Remit Money Transfer

AYA Q-Remit Money Transfer

က။ လွှဲငွေပေးပို့ခြင်း နှင့် လွှဲငွေလက်ခံခြင်းဆိုင်ရာ ညွှန်ကြားချက်များ


လွှဲငွေပေးပို့ခြင်းဆိုင်ရာ ညွှန်ကြားချက်များ။ ။

၁။ မလေးရှားနိုင်ငံ (ကွာလာလမ်ပူ နှင့် မလက်ကာမြို့များရှိ)AYA Quick Remit ငွေလွှဲဌာနသို့ သွားရောက်ရမည်။

၂။ နာမည် အပြည့်အစုံ၊ ပတ်စ်ပို့ နံပါတ်၊ work Permit (သို့) ဗီဇာ (သို့) immigration Card နှင့် ဆက်သွယ်ရန် လိပ်စာ စသည့် အချက်အလက်များကို Send Application Form တွင် ပြည့်စုံစွာ ဖြည့်စွက်ပေးရန်။

၃။ သင်၏ လွှဲပို့ငွေ၊ ငွေလွှဲပို့ခ နှင့် အထောက်အထား စာရွက်စာတမ်းများကို ငွေလွှဲကိုယ်စားလှယ်သို့ ပြည့်စုံစွာပေးအပ်ရန်။

၎။ စီးပွားမိတ်ဖက်၏ Send Application Form မိတ္ထူ ၊ တာဝန်ရှိသူလက်မှတ်အား မှတ်တမ်းတင်ထားရှိရန် နှင့် MTTN ( Money Transfer Transaction Number ) များကို လက်ခံထားရန်။

၅။ ငွေလွှဲလက်ခံမည့်သူကို ဆက်သွယ်ရန် နှင့် လွှဲအပ်သည့် ကျပ်ငွေပမာဏ၊ ငွေထုတ်ယူရမည့် ဘဏ်ခွဲများနှင့် Transation Number စသည့် လိုအပ်သော အချက်အလက်များကို ထပ်မံစစ်ဆေးရန်



လွှဲငွေလက်ခံခြင်းဆိုင်ရာ ညွှန်ကြားချက်များ။ ။

၁။ လွှဲငွေကို လက်ခံထုတ်ယူရမည့် ဧရာဝတီဘဏ်ခွဲများ (သို့) ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ထားသော တစ်ခြားဘဏ်ခွဲများသို့ သွားရောက်ရန်

၂။ အချက်အလက်နှင့် လက်ခံရမည့် ငွေပမာဏအား ဖော်ပြပေးရန်

၃။ နိုင်ငံသားမှတ်ပုံတင်ကပ်မူရင်း ယူဆောင်လာရန် နှင့် ငွေလွှဲလက်ခံထုတ်ယူရန်



ခ။ Service Locations

လွှဲငွေပေးပို့နိုင်သည့် နေရာများ

Kuala Lumpur

No.25, Jalan Medan Pasar,

50050, Kuala Lumpur, Malaysia

Telephone: (+60) 3 20721405

MELAKA

No.60, JALAN MUNSHI ABDULLAH,

71000 Melaka, Malaysia

Telephone: (+60) 5 0003488

လွှဲငွေလက်ခံနိုင်သည့် နေရာများ

ဘဏ်ခွဲ တည်နေရာများ

၁. နေပြည်တော်ဘဏ်ခွဲ

၂. ရန်ကုန်

၃. မန္တလေး

၎. မိတ္ထီလာ

၅. မုံရွာ

၆. တောင်ကြီး

၇. မိုးကုတ်

၈. မူဆယ်

၉. မော်လမြိုင်

၁၀. စစ်တွေ

၁၁. ပဲခူး

၁၂. ပြည်

၁၃. ပခုက္ကူ

၁၄. တာချီလိတ်

၁၅. မြိတ်

၁၆. လားရှိုး

၁၇. မြောင်းမြ

၁၈. ဘိုကလေး

၁၉. ဖြူး

၂၀. မြင်းခြံ

၂၁. မြစ်ကြီးနား

၂၂. ပျဉ်းမနား

၂၃. ပျော်ဘွယ်

၂၄. အောင်ပန်း

၂၅. တောင်ငူ

၂၆. ညောင်လေးပင်

၂၇. ရွှေဘို

၂၈. ဘားအံ

၂၉. ဟင်္သတ

၃၀. ကျိုင်းတုံ

၃၁. လွိုင်ကော်

၃၂. ကော့သောင်း

၃၃. ဖားကန့်

၃၄. မောင်းတော

၃၅. ဗန်းမော်

၃၆. မကွေး

၃၇. ပုသိမ်

၃၈. ပြင်ဦးလွင်

၃၉. ထားဝယ်

၄၀. ကလေး

၄၁. ကျောက်ဆည်

၄၂. ကျောက်ပန်းတောင်

၄၃. မြ၀တီ


ဂ။ လိုအပ်သော စာရွက်စာတမ်းများ

ငွေလွှဲပို့မည့်သူ

- အမည်အပြည့်အစုံ

- ပတ်စ်ပို့နံပါတ်

- Work Permit / Visa / Immigration Card Number နှင့် ကုန်ဆုံးမည့်နေ့စွဲ

- ဆက်သွယ်ရန် အချက်အလက်များ

ငွေလွှဲလက်ခံမည့်သူ

- အမည်အပြည့်အစုံ

- နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်

- ဆက်သွယ်ရန် အချက်အလက်များ

- မြန်မာနိုင်ငံရှိ ဧရာဝတီဘဏ်၏ ငွေလွှဲထုတ်ယူလိုသောဘဏ်ခွဲ ( Send Agent ရှိ ငွေထုတ်ယူနိုင်သောဘဏ်ခွဲစာရင်းအတိုင်း)

ဃ။ FEE
ငွေလွှဲပေးပို့ရာတွင် ပေးချေရမည့်ဝန်ဆောင်ခ
Range (MYR)                                                             Transaction တစ်ခုအတွက် ပေးရမည့် ၀န်ဆောင်ခ
From                To
 1                     1,500                                                                       12
1,501                3,000                                                                       15
3,001                6,000                                                                       20

ငွေလွှဲလက်ခံရာတွင် ပေးချေရမည့် ၀န်ဆောင်ခ

ဧရာဝတီဘဏ်၏ ဘဏ်ခွဲများတွင် ထုတ်ယူခြင်း - ၀န်ဆောင်ခပေးရန်မလိုပါ။

ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ထားသောဘဏ်များတွင် ထုတ်ယူခြင်း - ငွေလွှဲနှုန်းထားများအတိုင်း မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

ငွေပြန်အမ်းခြင်းအတွက် ပေးရမည့် ၀န်ဆောင်ခ

RBHQ မှနေ၍ ပုံသေ MYR 10 ကို လွှဲပို့ထားသောငွေမှ ကောက်ယူမည်ဖြစ်သည်။

Ayeyarwady Bank_ facebook မှ

မြန်မာနိုင်ငံ မှ ဧရာဝတီဘဏ်လီမိတက် အပါအ၀င် ပုဂ္ဂလိကဘဏ် လေးဘဏ်နှင့် မလေးရှားနိုင်ငံ May Bank တို့အကျိုးတူပူးပေါင်းဆောင်ရွက်ရန်သဘောတူလက်မှတ်ရေးထိုး



SIGNING CEREMONY ON MAYBANK MONEY EXPRESS between MayBank & AYA BANK,AGD BANK,CB BANK, KBZ BANK


မြန်မာနိုင်ငံ မှ ဧရာဝတီဘဏ်လီမိတက် အပါအ၀င် ပုဂ္ဂလိကဘဏ် လေးဘဏ်နှင့် မလေးရှားနိုင်ငံ May Bank တို့မှ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံကို စိတ်ချယုံကြည်စွာ ငွေလွှဲပို့နိုင်ရေးအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် (၂၀.၃.၂၀၁၂) တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ May Bank ရုံးချုပ်တွင် သဘောတူလက်မှတ်ရေးထိုးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဧရာဝတီဘဏ်အနေဖြင့် မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံသို့ AYA Quick Remit Money Transfer ဖြင့် ပြည်ပငွေလွှဲဝန်ဆောင်မှုပေးနေ သကဲ့သို့ ယခုအခါ May Bank မှလည်း ငွေလွှဲပို့နိုင်တော့မည် ဖြစ်ပါသည်။ပထမဆုံး (၃)လအတွင်း လုံခြုံစိတ်ချစွာဖြင့် ၀န်ဆောင်ခမပေးရဘဲ ငွေလွှဲပို့နိုင်မည် ဖြစ်ပါသည်။

Launching Ceremony of AYA Q-Remit Remittance Malaysia -Myanmar
— at Malaysia.






မြန်မာနိုင်ငံ၌ ပထမဆုံးသော ဧရာဝတီဘဏ် ပြည်ပငွေလွှဲဝန်ဆောင်မှုဖြင့် မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံ သို့ ယုံကြည်စိတ်ချမြန်ဆန်စွာငွေလွှဲပို့နိုင်ပြီ။

ဧရာဝတီဘဏ်လီမိတက်၏ Money Changer Counter အား ၂၀၁၂ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့တွင် အမှတ်(၁၆၆)၊ ဗိုလ်ချုပ်ဈေး အရှေ့ဘက်တန်းတွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။
 

အမေရိကန်သမ္မတအိုဘားမား အာရှခရီးစဉ်စတင်




အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မတ်လ ၂၄ ရက်နေ့ အစောပိုင်းက အာရှသို့ ခရီးထွက်ခဲ့ပြီး ယင်းခရီးစဉ်တွင် ဆက်ဆံရေး တင်းမာနေသည့် ကိုရီးယားနှစ်နိုင်ငံကြား အခိုင်အမာပြုထားသည့် နယ်စပ်ဇုန်သို့လည်း သွားရောက်မည်ဟု သိရသည်။

သမ္မတနှင့် ၎င်း၏လက်ထောက်များကို တင်ဆောင်လာသည့် Air Force One ၀ါရှင်တန်မြို့ပြင်ရှိ အင်ဒရူး လေတပ်စခန်းမှ ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ထွက်ခွာလာခဲ့သည်။

အိုဘားမားသည် တောင်ကိုရီးယားတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်စစ်သား ၂၈၅၀၀ အနက် သေဆုံးခဲ့သည့် စစ်သားအချို့ကို ချီးကျူးဂုဏ်ပြုရန် ဆန္ဒရှိနေသည်။ ထို့ပြင် ပြန်လည်အလေးထားလာသည့် အာရှဒေသတွင် အဓိကမဟာမိတ်ဖြစ်သော တောင်ကိုရီးယား၏ အင်အားကိုလည်း ဂုဏ်ပြုလိုသည်ဟု ဆိုသည်။

အိုဘားမားသည် ဆိုးလ်တွင် ပြုလုပ်မည့် ၅၃ နိုင်ငံ နျူထိပ်သီး ဆွေးနွေးပွဲမတိုင်မီ တောင်ကိုရီးယား သမ္မတလီမြောင်ဘတ်နှင့် မတ်လ ၂၅ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်သည်။ နောက်တစ်နေ့တွင် တရုတ်သမ္မတ ဟူကျင်တောင်နှင့် ပိုမိုအရေးကြီးသည့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ် ကြောင်း အရာရှိများက ပြောကြားခဲ့ သည်။ မတ်လ ၂၆ ရက်နေ့တွင် ရာထူးမှ အနားယူတော့မည့် ရုရှားသမ္မတ မက်ဗီဒက်နှင့် တွေ့ဆုံမည်ဟု သိရသည်။

ထို့အပြင် အိုဘားမားသည် တူရကီနှင့် ကာဇက်စတန်နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။



Ref:AFP

မြန်မာစာနယ်ဇင်း သမဂ္ဂ (Myanmar Journalists Union) ဖွဲ့စည်းရေး တတိယအကြိမ် အစည်းအဝေး ပြုလုပ်


First Eleven Sports ဂျာနယ် စတင်ထုတ်ဝေစဉ်က အယ်ဒီတာချုပ်အဖြစ်
တာဝန်ယူခဲ့သူ ကိုဇော်သက်ထွေး

မြန်မာစာနယ်ဇင်း သမဂ္ဂ (Myanmar Journalists Union) ဖွဲ့စည်းရေး တတိယအကြိမ် လုပ်ငန်းအကြို ညှိနှိုင်း အစည်းအဝေးပွဲကို မတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ City Star ဟိုတယ်၌ ကျင်းပခဲ့သည်။

“ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ အပြောင်းအလဲ ကာလမှာ Freedom of Expression ကို ကျွန်တော်တို့အဖွဲ့ က ခုခံကာကွယ် စောင့်ရှောက်ချင်တယ်။ နောက်တစ်ခုက သတင်းရယူတဲ့အခါမှာ အခက်အခဲအမျိုးမျိုး၊ အနှောင့်အယှက် အမျိုးမျိုးရင်ဆိုင် ကြုံတွေ့ရတဲ့ ဂျာနယ်လစ်တွေကို ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်မယ်။ ကျွန်တော်တို့ဒီနှစ်ခုကို အဓိက ထားပြီးတော့ ကျွန်တော်တို့ ဒီ အဖွဲ့ ကို ဖွဲ့စည်းလိုခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဆက်ထဲမှာပဲ ပါဝင်လာမှာ ကတော့ မီဒီယာ လောကသားတွေရဲ့ ကျင့်ဝတ်ပါပဲ။ အဲဒီကျင့်ဝတ်တွေ ကိုလည်း ပိုမိုဒီထက်ကောင်းမွန်တဲ့ ကျင့်ဝတ်တွေနဲ့မီဒီယာလောကသား တွေဖြစ်ဖို့ကိုလည်း ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားရမှာလည်း ဖြစ်ပါတယ်”ဟု Myanmar Journalists Union ပေါ်ပေါက် လာရေးအတွက် ဦးဆောင်လှုပ်ရှားသူကို ဇော်သက်ထွေးက ပြောပါသည်။ အစည်းအဝေးတွင် အဖွဲ့၏ ရည်ရွယ်ချက်သုံးရပ်နှင့် ဆောင်ပုဒ်နှစ်ခုအား တင်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။

Myanmar Journalists Union အနေဖြင့် ရည်ရွယ်ချက် သုံးရပ်ထားပြီး ဖွဲ့စည်းမည်ဖြစ်ကာ အဆိုပါရည်ရွယ်ချက် သုံးရပ်မှာ (၁) ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးခြင်းနှင့် အများပြည်သူ တို့၏ လက်တွေ့ဘ၀အား အကျိုး ကျေးဇူး ဖြစ်စေနိုင်သော သတင်းလွတ်လပ်ခွင့်အား ဖော်ထုတ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် (Protection of Freedom of Press) ၂။ အများပြည်သူတို့၏ အကျိုးစီးပွား နှင့် စတုတ္ထမဏ္ဍိုင်အဖြစ် တည့်မတ် စွာရပ်တည်နိုင်ရေး အတွက် ဂျာနယ်လစ်များ၏ လွတ်လပ်စွာ ရပ်တည်လှုပ်ရှား သတင်းရယူ ရေးသား ဖော်ထုတ်နိုင်ရေး များစွာ အရေးပါသည့် အတွက် ဂျာနယ်လစ် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် (Protection of Journalist)၊ ၃။ ဂျာနယ်လစ်များ အချင်းချင်းကြားတွင် ဖြစ်စေ၊ ဂျာနယ်လစ်များနှင့် အများပြည် သူအကြား၌ဖြစ်စေ၊ ဂျာနယ်လစ်များနှင့် အခြားမဏ္ဍိုင်ကြီး သုံးရပ် အကြား၌ဖြစ်စေ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာပါက ၎င်းပြဿနာများကို ညှိနှိုင်းအဖြေရှာသွားရန်နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမှုများ ပြုလုပ်သွားရန် တို့ ဖြစ်ကြောင်း သိရှိပါသည်။ အဆိုပါ အစည်းအဝေး၌ပင် ထုတ်ပြန်ခဲ့သော ဆောင်ပုဒ်နှစ်ခုမှာ To Protect The Freedom of Expression နှင့် To Defend The Rights of All Journalists တို့ဖြစ်ကြပါသည်။

Myanmar Journalists Union ဖွဲ့စည်းရေးနှင့် ပတ်သက်သော လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၀ ရက်နေ့က ပထမအကြိမ် ပြုလုပ်ခဲ့ပြီး မတ်လ ၁၈ရက်နေ့တွင် ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။ ယခုပြုလုပ်သော တတိယအကြိမ်သို့ အထက် မြန်မာနိုင်ငံ သတင်းထောက်များ ကိုယ်စား မန္တလေးမြို့မှ သတင်းသမားအချို့ အပါအ၀င် အဆိုပါ သက်ဆိုင်ရာ သတင်းမီဒီယာအသီး သီးမှ ဂျာနယ်လစ် ၄၅ ဦးခန့်တက် ရောက်ခဲ့ကြပါသည်။

စတုတ္ထအကြိမ် လုပ်ငန်းအကြို ညှိနှိုင်း အစည်းအဝေးကို သင်္ကြန်အပြီး ဧပြီလအတွင်း ပြုလုပ်မည် ဖြစ်ကာ ထိုအစည်းအဝေးတွင် ဖွဲ့စည်းပုံအား အသေးစိတ် တင်ပြမည်ဖြစ်ပါသည်။ ထိုအစည်းအဝေး အပြီး ပြုလုပ်မည့် နောက်တစ်ကြိမ် အစည်းအဝေးမှာ မြန်မာတစ်နိုင်ငံလုံးရှိ သတင်းသမားအားလုံးကို ဖိတ်ခေါ်ပြီး ပြုလုပ်မည့် Mass Meeting ဖြစ်လာမည်ဖြစ်ကာ ထိုအစည်းအဝေးတွင် ဆန္ဒမဲပေးရွေးချယ်မှုဖြင့် အဖွဲ့ ၏ ဦးဆောင်ပုဂ္ဂိုလ်များကို ရွေးချယ်ပြီး ထားရှိသော ရည်ရွယ်ချက်များဖြင့် အဖွဲ့ကို သက်ဝင်လှုပ်ရှားစေမည် ဖြစ်ကြောင်း သိရပါသည်။

Eleven Media Group

မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်း


မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)အား ပြည်ထောင်စုဝန်ကြီးနှင့် အတူ အခမ်းအနားတစ်ခု၌ တွေ့ရစဉ်

မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့ကို မြန်မာနိုင်ငံ စာရေးဆရာများ အသင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်းနှင့် မြန်မာနိုင်ငံပုံ နှိပ်ထုတ်ဝေဖြန့်ချိသူများ အသင်းဟူ၍ အသင်းသုံးသင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ ကြောင်း သိရသည်။ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဖြစ်မြောက်ရေး ကော်မတီတွင် ဦးဆောင် နာယကများအဖြစ် ဦးစိုးသိမ်း(မောင်ဝံသ)၊ ဦးကိုကိုလှိုင်(ကိုကိုလှိုင်)၊ ဦးဝင်းငြိမ်း (၀င်းငြိမ်း)၊ ဥက္ကဋ္ဌအဖြစ် ဖိုးသောကြာ (ခေတ်၊ မိုး)၊ အတွင်းရေးမှူးအဖြစ် ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) တို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး ကော်မတီဝင် ၂၃ ဦးပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအသင်း သုံးသင်းအနက် မြန်မာနိုင်ငံ စာရေးဆရာများ အသင်းနှင့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း တို့ကို ပြန်လည်ဖွဲ့စည်းမည် ဖြစ်ပြီး မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများ အသင်းကို စွယ်စုံမီဒီယာဂရုမှ ဒေါက်တာတင်ထွန်းဦး ဦးဆောင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေဖြန့်ချိသူများ အသင်းနှင့် ပူးပေါင်းဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံ စာရေးဆရာများ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတို့ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါအသင်းသုံးသင်းစလုံးကို သုံးလအတွင်း ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group

ရွေးကောက်ပွဲ အတွေ့အကြုံနှင့် သင်ခန်းစာ


ယနေ့ သတင်းဂျာနယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ အကြောင်း သောင်းသောင်းဖြဖြ ရေးသားဖော်ပြနေကြသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကြီး ကျင်းပခဲ့စဉ်က ယခုလောက် စိတ်ပါဝင်စားမှု တက်ကြွမှု မရှိခဲ့ပေ။ လွန်ခဲ့သော ရာစုနှစ်ဝက် အတွင်းကျင်းပခဲ့ကြသော တင်မြှောက် ပွဲများကဲ့သို့ အာဏာရပါတီသည် မဲ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ နောက်ဆုံးတွင် အနိုင်ရမည်ဟု အတွေ့အကြုံအရ သိနားလည်ထားကြသဖြင့် ရွေးကောက်ပွဲကြောင့် ထူးခြားပြောင်းလဲလာမည် မထင်ခဲ့ကြ။ သို့ဖြစ်၍ ၀တ်ကျေတန်းကျေသာ ဆောင်ရွက်ခဲ့ကြသည်။ ယခုကြားဖြတ်ရွေး ကောက်ပွဲတွင် ပြည်သူများက စိတ်ပါဝင်စား တက်ကြွလှုပ်ရှားလာကြခြင်းမှာ ဒီမိုကရေစီအရိပ်အယောင် ပေါ်ထွန်းလာခြင်းကြောင့် ဖြစ်ပေမည်။

အခုလို ဒီမိုကရေစီအရေး လွှတ်တော်ရွေးကောက်ပွဲများအကြောင်း ဖတ်ရ၊ ကြားရတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၆ နှစ်က ဖဆပလအစိုးရ လက်ထက်တွင် ကျင်းပခဲ့သော လွှတ်တော်အမတ် ရွေးကောက်ပွဲအကြောင်း ပြန်ပြောင်းသတိရမိသည်။ မြန်မာတစ်နိုင်ငံလုံးတွင် လူမျိုးစုံ၊ ရောင်စုံ သူပုန်များ ထကြွသောင်းကျန်းနေချိန် ၁၉၅၆ ခုနှစ် ဖဆပလ အစိုးရလက်ထက် ကျင်းပသော ပါလီမန် လွှတ်တော်ရွေးကောက်ပွဲအကြောင်း ဖြစ်သည်။
ထိုစဉ်က ကျွန်တော်သည် ဟံသာဝတီခရိုင် တွံတေးမြို့အစိုးရ အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာ SAT ဖြစ်၍ ပါလီမန် ရွေးကောက်ပွဲတွင် မဲရုံမှူးအဖြစ် ဆောင်ရွက်ခဲ့ရသည်။ ပါလီမန်အမတ် လောင်းအဖြစ် အရွေးခံသူ နှစ်ဦးရှိသည်။ တစ်ဦးမှာ ဖဆပလပါတီမှ အမတ်လောင်း ဦးသန်းစိန်ဖြစ်ပြီး ကျန်တစ်ဦးမှာ အတိုက်အခံပါတီမှ မော်လ၀ီဦးစံရှားဖြစ်သည်။

ကျွန်တော် တာဝန်ယူရသည့် မဲရုံမှာ တွံတေးမြို့မှ ခုနစ်မိုင်ခန့် ကွာဝေးသော တွံတေး တူးမြောင်းနဘေးရှိ ရွာကြီးနှစ်ရွာအတွက်ထားရှိသော မဲရုံဖြစ်သည်။ မဲရုံကိုတူးမြောင်းနံဘေးတွင် ကပ်လျက်ဆောက်ထားသည်။ ရွာနှင့်မဲရုံမှာ မိုင်ဝက်သာသာ ကွာဝေးသည်။ ရွေးကောက်ပွဲနေ့ တွင် ကြိုတင်စီစဉ်ထားသည့်အတိုင်း မော်တော်နှစ်စီးနှင့် မဲရုံတည်ရှိရာသို့ ထွက်ခဲ့သည်။ ပထမမော်တော်တွင် မဲရုံမှူး၊ မဲရုံအရာရှိ၊ မဲစာရေးနှစ်ဦး၊ အမတ်လောင်း ကိုယ်စားလှယ်နှစ်ဦး၊ ကျေးရွာလူကြီးနှစ်ဦး၊ ပြည်သူ့ရဲ နှစ်ဦးလိုက်ပါပြီး ဒုတိယမော်တော်တွင် တပ်မတော်မှ ဗိုလ်တစ်ဦးအုပ်ချုပ် သည့် တပ်စိတ်တစ်စိတ် လိုက်ပါစောင့်ရှောက်သည်။ မဲရုံသို့ နံနက် ၆ နာရီတွင် ရောက်ရှိသည်။ မဲရုံတွင် ကြိုတင်ရောက်ရှိနေသော ကျေးရွာလူကြီးများက ဆီးကြိုပြီး မဲရုံကိုလွှဲ ပြောင်းပေးသည်။ မဲရုံလုံခြုံမှု၊ မဲပုံး၊ မဲပြား၊ မဲစာရင်းမှန်ကန်မှု စသည့် စစ်ဆေးပြီး ညွှန်ကြားချက်အတိုင်း နံ နက် ၇ နာရီတွင် မဲရုံဖွင့်သည်။

နံနက် ၉ နာရီထိုးပြီ။ မဲရုံဖွင့်ထားသည်မှာ နှစ်နာရီ ရှိပြီဖြစ်သော်လည်း မဲပေးမည့်သူတစ်ဦးတစ်ယောက်မျှ ရောက်မလာပါ။ သို့သော်လည်း ရွာကြီးနှစ်ရွာကြားတွင် ဖုန်တထောင်းထောင်းနှင့် လူအုပ်ကြီး ရွှေ့လျားနေသည်ကို မြင်နေရပါသည်။ လူတွေမြင်နေရပြီး မဲပေးမည့်သူ တစ်ယောက်မျှ မရောက်လာသဖြင့် အဆိုပါ ရွာနှစ်ရွာမှ ရွာလူကြီးနှစ်ဦးအား မေးမြန်းကြည့်ပါသည်။ ကျွန်တော်၏ အမေးကို မသိသကဲ့သို့ ဘာသိဘာသာ နေသည်။ ဖြေလိုစိတ်ရှိ ဟန်မတူပါ။ ဤတွင် ဖဆပလ အမတ်လောင်းမဲကိုယ်စားလှယ်က ယခုမြင်နေရသည့် လူအုပ်ကြီးမှာ ထိုရွာ နှစ်ရွာသို့ သူပုန်များရောက်လာပြီး မဲပေးပိုင်ခွင့်ရှိသူများကို တစ်အိမ်တက်ဆင်း ခေါ်ထုတ်၍ အတိုက်အခံကို မဲပေးရန် ပြောနေခြင်းဖြစ်ကြောင်း ပြောပါသည်။

နံနက် ၉း၃၀ နာရီခန့်တွင် မဲဆန္ဒရှင်များ တန်းစီရောက်လာပြီး မဲ ပေးကြပါသည်။ ပြဿနာ တစ်စုံတစ်ရာမရှိဘဲ ညနေ ၃ နာရီတွင် မဲပေးမှု ပြီးဆုံးသွားသည်။ မဲပုံး၊ မဲစာရင်း အပိုမဲများကို စနစ်တကျ ချိပ်ပိတ်ပြီး တွံတေးသို့ ပြန်ခဲ့သည်။ တွံတေးမြို့သို့ ပြန်ရောက်သောအခါ ဖဆပလ အမတ်လောင်းကိုယ်စားလှယ်၏ တင်ပြချက်အရ ဖဆပလက အမတ်လောင်း ဦးသန်းစိန်က သူပုန်များ ခြိမ်းခြောက်ကြိမ်းမောင်း၍ မဲ ပေးခိုင်းသော ကျွန်တော် တာဝန်ယူရသည့် မဲရုံမှမဲများသည် တရားမ၀င်ကြောင်း။ သို့ဖြစ်၍ ကန့်ကွက်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော် မရှင်သို့ ကန့်ကွက်စာတင်သည်။ ထို့အတူ တွံတေးမြို့ပေါ်မှ မဲရုံနှစ်ရုံတွင်လည်း အာဏာရပါတီ ဖဆပလ၏ အစိုးရ၀န်ထမ်းများ၊ လက်နက်ကိုင် တပ်ရင်းတပ်ဖွဲ့များက ဖဆပလကို မဲပေးရန် အာဏာဖြင့် ခြိမ်းခြောက်သည်။ သို့ဖြစ်၍ ဤမဲရုံများမှ မဲများသည် တရားမ၀င်ကြောင်း အတိုက် အခံပါတီ အမတ်လောင်း မော်လစီ ဦးစံရှားက ကန့်ကွက်စာတင်သည်။ အပြန်အလှန် ကန့်ကွက်ကြသည်။
ပြည်သူတို့သည် လွတ်လပ်မှု၊ တရားမျှတမှု၊ ခင်မင်ရင်းနှီးပြီး တညီတညွတ်တည်း ရှိမှုကို လိုလားကြသည်။ အနိုင်အထက် စေခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ အကြမ်းဖက်ခြင်းတို့ကို မလိုလားကြ။ သို့ဖြစ်၍ လျို့ဝှက်မဲပေးရသော ရွေးကောက်ပွဲတွင် သူတို့၏ ဆန္ဒမှန်ကို ဖော်ထုတ်ပြသခြင်းဖြစ်သည်။ ဤသည်မှာ ပြည်သူတို့၏ အဖြေဖြစ်သည်။


ကန့်ကွက်ခံရသော မဲရုံသုံးရုံမှ မဲရုံမှူးများ မဲပုံးများနှင့်အတူ ဟံသာဝတီခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ လိုက်ကြရသည်။ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်သည် ရန်ကုန် - ကမ်းနားလမ်း ပုလိပ်ရုံးကြီးတွင် ရုံးဖွင့်ထားသည်။ ခရိုင်ရုံးတွင် ကျွန်တော် တာဝန်ကျသော မဲရုံမှ မဲပုံးများကို နှစ်ဖက် ကာယကံရှင်များရှေ့တွင် ပြသဖွင့်လှစ် ရေတွက်သည်။ ကန့်ကွက်သူ ဖဆပလ အမတ်လောင်း ဦးသန်းစိန်က မဲ ၉၀ ရာခိုင် နှုန်းရပြီး ကန့်ကွက်ခံရသူ အတိုက်အခံ မော်လ၀ီ ဦးစံရှားက မဲ ၁၀ရာ ခိုင်နှုန်းသာရရှိသည်။ တွံတေးမြို့ပေါ် မဲရုံနှစ်ရုံကို ဖွင့်ဖောက်ရေတွက် သောအခါ ကန့်ကွက်သူ အတိုက်အခံ အမတ်လောင်း၊ မော်လ၀ီဦးစံရှားက မဲ ၆၅ ရာခိုင်နှုန်းနှင့် ကန့်ကွက်ခံရသူ ဖဆပလ အမတ်လောင်း ဦးသန်းစိန် က ၃၅ ရာခိုင်နှုန်းသာ ရရှိသည်။

ပေါ်ထွက်လာသော ရွေးကောက်ပွဲ မဲရလဒ်ကိုကြည့်ပြီး တအံ့တသြ ဖြစ်မိသည်။ အညိုရောင်ဒေသဟု သတ်မှတ်ထားသော ရောင်စုံသူပုန်များ ကြီးစိုးသည့် ကျေးရွာများမှ ပြည်သူများသည် လက်ရှိအာဏာရပါတီ အစိုးရကို ထောက်ခံမဲပေးပြီး အဖြူရောင်ဒေသဟု သတ်မှတ်ထားသော မြို့ပေါ်မှ ပြည်သူများသည် လက်ရှိ အာဏာရပါတီအစိုးရကို မထောက်ခံ အတိုက်အခံကို မဲပေးကြသည်။ အထင်နှင့် အမြင်ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဆန့်ကျင်ဘက်ဖြစ်ရသည့် အကြောင်းရှိရမည်။ အကြောင်းမဲ့ဖြစ်သော အကျိုးမရှိဟု ရှင်တော်ဗုဒ္ဓကဟောခဲ့သည် မဟုတ်ပါလား။ရောင်စုံသူပုန်တို့ ကြီးစိုးရာ အညိုရောင်ဒေသများတွင် ပြည်သူများသည် လွတ်လပ်စွာ ပြောဆိုခွင့်မရှိ၊ ဆက်ကြေး၊ ရိက္ခာတောင်းသည့်အတိုင်း ပေးရသည်။ ပြန်ပြောလျှင် တော်လှန်ရေး သစ္စာဖောက်ဟု စွပ်စွဲသည်။ အပြစ်ပေးသည်။ ခြိမ်းခြောက်သည်။ ထို့ကြောင့် သူပုန်များကို မကျေနပ်ကြ။ အစိုးရ အာဏာစက်တည်ရာ အဖြူရောင်နယ်မြေရှိ ပြည်သူများ ထို့အတူပင် လွတ်လပ်စွာ ပြောဆိုခွင့်မရှိ၊ ကင်းကြေး၊ လူကြီးဧည့်ခံစရိတ်စသည့် ရန်ပုံငွေ အမျိုးမျိုးပေးရသည်။ လုပ်ငန်းရှင်များအပေါ်လည်း မလျော်သြဇာသုံး၍ အမျိုးမျိုး ခြယ်လှယ်သည်။ ထို့ကြောင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားကိုလည်း မကျေနပ်ကြ။

ပြည်သူတို့သည် လွတ်လပ်မှု၊ တရားမျှတမှု၊ ခင်မင်ရင်းနှီးပြီး တညီတညွတ်တည်းရှိမှုကို လိုလားကြသည်။ အနိုင်အထက်စေခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ အကြမ်းဖက်ခြင်းတို့ကို မလိုလားကြ။ သို့ဖြစ်၍ လျို့ဝှက်မဲပေးရသော ရွေးကောက်ပွဲတွင် သူတို့၏ ဆန္ဒမှန်ကို ဖော်ထုတ်ပြသခြင်းဖြစ်သည်။ ဤသည်မှာ ပြည်သူတို့၏ အဖြေ ဖြစ်သည်။

နိုင်ငံရေး ပါတီများသည် နိုင်ငံနှင့် ပြည်သူတို့အတွက် စိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်လိုပါသည်ဆိုလျင် အများပြည်သူတို့၏ စိတ်နေသဘောထားကို နားလည်လေးစားသင့်ပါသည်။ ယခင်နှစ်ငါးဆယ်ကျော်က ရှိခဲ့သော ပြည်သူတို့၏ စိတ်နေသဘောထား ယနေ့ခေတ်တွင်လည်း ရှိနေပါ သည်။ သို့ဖြစ်၍ မဲဆန္ဒရှင် ပြည်သူအများ လိုလားသော လွတ်လပ်မှု၊ တရားမျှတမှု၊ ညီညွတ်မှုတို့ကို ပေးစွမ်းနိုင်မည့် ပါတီသာလျှင် လာမည့် ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်နိုင်မှုရမည်မှာ သေချာပါသည်ဟု ကြိုတင်ဟောကိန်း ထုတ်လိုက်ပါသည်။

 Eleven Media Group _ Written by အောင်သန်း(အခြေခံပညာ)

ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ရန် ပဏာမရွေးချယ်




ယနေ့ ၂၀၁၂ ခုနှစ် မတ်လ ၂၄ရက်နေ့ ညနေ ၆နာရီ တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း ၌ ၁၀/၂၀၁၂ အစည်းအဝေးကို ကျင်းပခဲ့ပါသည် ။ အစည်းအဝေး တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၀င်များ တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ရန် လျှောက်ထားသည့် သရုပ်ဆောင်များ ရွေးချယ်ရန် ကိစ္စ နှင့် အခြား ကိစ္စရပ်များကို ဆွေးနွေးခဲ့သည် ။
ဗိုလ်ချုပ်အောင်ဆန်း အဖြစ် သရုပ်ဆောင်ရန် လျှောက်ထားသူ ၁၅၇ ယောက် အနက်မှ အောက်ဖော်ပြပါ သရုပ်ဆောင် (၁၄ ) ဦးကို ပဏာမ ရွေးချယ်လိုက်ပါသည် ။
အမည် စာရင်းပါ ပုဂ္ဂိုလ်များ အားလုံး ကို လူတွေ့ စစ်ဆေးမည် ဖြစ်ပါသဖြင့်
၂၀၁၂ ခုနှစ် ဧပြီလ ၇ ရက် နံနက် ၉နာရီ တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းသို့ မပျက်မကွက် လာရောက်ပါရန် အကြောင်းကြားအပ်ပါသည် ။

၁။ ဖြိုးတေဇာလင်း (ဘီးလင်းမြို့)
၂။ အောင်မိုးမင်း (ဆွာမြို့)
၃။ သိန်းဇော် (လှိုင်သာယာမြို့နယ်)
၎။ အောင်မင်းထွေး (တောင်ဒဂုံမြို့နယ်)
၅။ နေဦး (ခ) နန္ဒမိုး (မြင်းခြံမြို့နယ်)
၆။ တင်ဆွေထူး (လှိုင်သာယာမြို့နယ်)
၇။ မောင်ကျောက်ခဲ (ပြည်ကြီးတံခွန်မြို့နယ်)
၈။ အောင်ဘိုဘိုဇင် (မြောင်းမြမြို့နယ်)
၉။ ဗိုလ်ထွေး (ခ) ခင်မောင်ထွေး (ချောင်းဆုံမြို့နယ်)
၁၀။ ဘုန်းမြင့်ဌေးမော် (ကမာရွတ်မြို့နယ်)
၁၁။ ပန်းချီကိုသူ(ခ) ကျော်နန္ဒ (လှိုင်သာယာမြို့နယ်)
၁၂။ ထိန်မျိုးလင်း(ခ) ထိန်လင်း (ဒေါပုံမြို့နယ်)
၁၃။ အောင်ချမ်း (လားရှိုး)
၁၄။ သက်ဇော်ဝင်း (ဒဂုံမြို့သစ်-အရှေ့ပိုင်း)

http://www.bogyokeaungsanmovie.org/

MRTVက ပြသသွားသော မြန်မာ့တပ်မတော်ရဲ့စစ်ရေးလေ့ကျင့်မှုက ဘာအတွက်လဲ?(ရုပ်/သံ)



မြန်မာ့တပ်မတော်ရဲ့အံ့မခန်းစစ်းရေးလေးကျင့်မှုကိုပါ။ သူတို့ရဲ့လေ့ကျင့်ခန်းမှာလေတပ်မတွေ့ရပါဘူး မပါတာလားမပြတာလားတော့မသိပါ။ ကြည့်ရသလောက်ကတော့ နယ်စပ်ကတိုင်းရင်းသားလက်နက် ကိုင်တွေကို တိုက်ရင်တော့ အသာလေးနိုင်မဲ့သဘောမှာရှိတယ်။ ခက်တာကအခုအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်များအပေါင်းကလည်း အခိုင်အမာစခန်းကြီးတွေနဲ့နေပြီး ခံတိုက်တာမျိုးမရှိတော့ပါဘူး အင်အားတစ်ရာလောက်ရှိတဲ့စစ်ကြောင်းကို လမ်းဘေးတောထဲကနေ လေးငါးခြောက်ယောက်လောက်က ဝိုင်းပစ် ချီတက်လာတဲ့ဘက်ကသုံးလေးယောက်လောက်ကျသွားရင်တောထဲပြန် ဝင်းပြေးတာအစတောင် ရှာမရတော့ဘူး။ အဲ့ဒီလိုမျိုးတိုက်ပွဲပုံစံနဲ့ စိတ်ဓာတ်ကျအောင်လုပ်တာပါ။

အခုလိုမျိုးတင့်ကားကြီးတွေနဲ့ တက်ပစ်ရလောက်အောင်ကိုမရှိဘူးလို့ထင်ပါတယ်။ ရှိလည်းသူတို့နေရာတွေက တင့်ကားသုံးလို့ မရလောက်ပါဘူး အကုန်လုံးကတောတွေတောင်တွေထဲမှာဆိုတော့ အဲ့ဒါဆိုပြည်တွင်းရန် အတွက် အဓိကမဟုတ်ပြည်ပရန်ကိုကာကွယ်ဖို့ဆိုရင်တော့ တော်တော်ဝေးသေးတယ်ထင်ပါတယ်။
အမေရိကန်လိုနိုင်ငံမျိုးနဲ့ကိုခံတိုက်မယ်ဆိုလို့ကတော့  အင်း......ဟိုကလေယာဉ်တင်သင်္ဘောကြီးနဲ့ရေတပ် Fleetတစ်ခုလောက်လွှတ်လိုက်ရင် ပွဲသိမ်းသွားနိုင်ပါတယ်။ အီရတ်ကိုတိုက်တုန်းကလိုပေါ့ ဆက်ဒမ်ကြီးကကန္တာရထဲမှာသူ့ခြေလျင်တပ်တွေကိုအသေအချာပြင်ထားတာ။ တင့်ကားတွေရော အမြှောက်တွေရော တကယ်လည်းဖြစ်ရောယူအက်စ်က လေယာဉ်နဲ့အနောက်ကအမြှောက်စခန်းတွေ မဟာဗျူဟာကျတဲ့နေရာတွေကိုစိစိညက်ညက်နေအောင် ဗုံးကြဲ။ ရေတပ်သင်္ဘောတွေပေါ်ကနေ ဒုံးကျည်နဲ့ထုနေတာများ သီးတင်းကျွတ်မီးပန်းဖောက်နေသလားအောက်မေ့ရတယ်။

အဲ့ဒီလိုအီရတ်ရဲ့ခံစစ်ရောစိတ်ဓာတ်ရောကိုရိုက်ချိုးပြီးမှ ခြေလျင်ကဝင်တာပါ။ လူကိုတော်တော်တန်ဖိုးထားပြီး အထောက်အကူပစ္စည်းတွေနဲ့နည်းပညာကိုလှိုင်လှိုင်သုံးတဲ့ခေတ်ရောက်နေပါပြီ။ တကယ်လုပ်ချင်ရင် ထိုင်းနဲ့ယူအက်စ်လုပ်တဲ့ Cobra လေ့ကျင်ခန်းလိုဟာမျိုးကပိုထိရောက်မယ်ထင်ပါတယ်။

ပြည်သူကိုခြောက်ရုံသက်သက် တိုင်းရင်းသားလက်နက်ကိုင်များကိုခြောက်ယုံသက်သက်ဆိုရ င်တော့။ အောင်းမလေးကြောက်ပါတယ်ဗျာလို့ပဲအော်ချင်ပါတယ်

MMCPမှ thawzinအားကျေးဇူးတင်ရှိပါတယ်..

ကျန်းမာရေးအခြေအနေကြောင့် ၂၇ ရက်နေ့ အညာဒေသခြောက်မြို့နယ်၊ မကွေးခရီးစဉ်အား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း




ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့် ၂၇ ရက်နေ့ အညာဒေသခြောက်မြို့နယ်၊ မကွေးခရီးစဉ်အား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်သို့ စတင်ထွက်ခွာသည့် နံနက်ပိုင်းကပင် သွေးပေါင်များကျဆင်းနေပြီး ဆေးသွင်းစဉ်ခဏသာ ပေါင်ပြန်တက်ပြီး ခရီးထွက်စဉ် ပြန်ပြန်ကျနေသည်ဟု သိရသည်။

သွေးပေါင်ကျသည့်အပြင် အဖျားလည်း ရှိနေသောကြောင့် သူမ၏ဆရာဝန်နှင့် NLD တာဝန်ရှိသူများက ခရီးဆက်လက်မထွက်ခွာရန် ဆုံးဖြတ်လိုက်ကြကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်ခရီးစဉ်အတွင်း မကြာခဏ အန်နေသည်ဟု သူမ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြော သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စည်းရုံးခရီးစဉ်ဖျက်သိမ်းရခြင်းကို မကွေး၊ကျောက်ပတောင်း၊တောင်တွင်းကြီး၊နတ်မောက်မြို့များမှ ပြည်သူလုထုအား အနူးအညွတ်တောင်းပန်ကြောင်းတရားဝင်ကြေညာချက်ထုတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်ပြီး လူငယ်တိုင်းမေးနေကြသော မေးခွန်းများရဲ့ အဖြေများ..။ အပိုင်း (၁)





ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သတ်ပြီး တကယ်မသိသေးသောလူငယ်များနှင့် တပ်မတော်ထဲရှိ သူမအား ဝေဖန်သောသူများ၏ မေးမြန်းချက်များကို မိမိလေ့လာမိသလောက် ဖြေကြားထားချက်များ ဖြစ်ပါသည်..။ ယခုအချိန်အတွင်း ပေါ်ပေါက်နေသော ရုရှားရောက် ပြည်သူ့လစာ စားနေရသော အရာရှိငယ်များ ဟု ယူဆသူများက သရော်ထားသော movie ဖိုင်ကြောင့် လူငယ်များ ဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်စောင်းမည်စိုးသဖြင့် ယခုအချက်အလက်များဖြင့် ပြန်ချေပဖော်ပြခြင်းဖြစ်ပါသည်။



နံပါတ် (၄) အထိ အမေးအဖြေများမှာ ၂၀၁၁ နိုဝင်ဘာအတွင်းက ဖြစ်သဖြင့် ယခု နံပါတ် (၅) အချက်ကို ထပ်မံဖြည့်စွက်ပြီး ပြင်ဆင်ထားပါသည်။



Kaung Myat

ကျွန်တော်က နိုင်ငံရေးအပြောင်းအလဲတွေ ကြောင့် နိုင်ငံရေးကို ခုမှစိတ်ဝင်စားတဲ့ သူပါ..ဗိုလ်ချုပ်အကြောင်းကိုတော့ကောင်းကောင်းကြီး သိရှိနားလည်းထားပါတယ် ဒါပေမဲ့ ဒေါ်စုရဲ့အကြောင်းကိုတော့ သေချာမသိသေးပါဘူး သူ့အကြောင်းကို သိတဲ့ သူများရှိရင် ကျွန်တော်သိချင်တဲ့ ကြောင်းလေးတွေကို ကျေးဇူးပြုပြီးဖြေပေးကြပါလား



(၁) ဒေါ်စု ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဘာကြောင့် ရခဲ့တာပါလဲ

(၂) သူက ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပါသလဲ

(၃) အစိုးရကို မကြိုက်တာနဲ့ ပြည်သူတွေကို ထိခိုက်အောင် စီးပွားရေးပိတ်ဆို့မှုတွေ ဘာ့ကြောင့်လုပ်ခဲ့တာပါလဲ

(၄)နိုင်ငံ့ခေါင်းဆောင်ကြီးတစ်ဦးရဲ့ သမီးအနေနဲ့ဘာ့ကြောင့် နိုင်ငံခြားသားကို လက်ထပ်ခဲ့တာလဲ

(၅)သူမက ဘာ့ကြောင့် နိုင်ငံ့ခေါင်းဆောင်ဖြစ်သင့်တာလဲ (ဗိုလ်ချုပ်သမီးဖြစ်လို့လား)



ကျေးဇူးပြုပြီး ကျွန်တော်သိချင်တာလေးတွေကို ဖြေပေးကြပါလားခင်ဗျာ........




Yan Aung

(၁) ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြင့်ခဲ့ခြင်းမှာ- နိုဘယ်ဆုကော်မတီရဲ့ကြေညာချက်ကို ဖော်ပြရရင်..။

“ နော်ဝေနိုင်ငံ နိုယ်ဘယ် ကော်မတီမှ ၁၉၉၁ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေး ဆုအား မြန်မာနိုင်ငံ (ဗမာ) မှ ဒေါ်အောင်ဆန်းစုကြည် အား၊ သူ၏ အကြမ်းမဖက်နည်းဖြင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ ရရှိရန် ကြိုးပမ်းခဲ့မှုများကြောင့် ဤဆုအား ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။

... ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတ္တိများဟာ အာရှ နိုင်ငံများမှ အထူးအံ့သြဖွယ်၊ ချီးကျူး သင့်သည့် ဥပမာများမှ တစ်ခုဖြစ်ပါတယ်။ သူဟာ ဖိနှိပ်ချုပ်ချယ်ခြင်းမှ လွတ်မြောက်ရန် တိုက်ပွဲဝင်နေတဲ့ အဓိက အရေးပါတဲ့ ပုံရိပ်ဖြစ်ပါတယ် ..

.. ယခု ၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု အား ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြင့်ရင်း၊ ကမ္ဘာတဝှမ်းတွင် ဒီမိုကရေစီ နှင့် လူအခွင့်အရေးအများ ရကြရန် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြသည့် သူများအား ထောက်ခံ အားပေးရန် နှင့် သူမ၏ အလံမချ ငြိမ်းချမ်းရေး တိုက်ပွဲဝင်မှုများကြောင့်၊ နော်ဝေနိုင်ငံ နိုဘယ် ကော်မီတီမှ ဤဆုအား ချီးမြှင့်လိုက်သည်။

( အော်စလို, အောက်တိုဘာ ၁၄၊ ၁၉၉၁)

အဓိကက မိန်းမတစ်ယောက်ဖြစ်ပြီး အကျယ်ချုပ်ကျနေတာကိုတောင် လုံးဝ စိတ်ဓာတ်မကျပဲ အာဏာရှင်ကို အကြမ်းမဖက် ဆန့်ကျင်ခဲ့လို့ပါ။ လူတိုင်းမှာ အရှိန်အ၀ါဆိုတာ ရှိတယ် ညီလေးရဲ့။ အဲဒါက ဘာနဲ့မှ လဲလို့မရဘူ။ လမ်းကြောင်းနဲ့သွားပြီး လင်ခရူဇာစီးသွားလည်း အရှိန်အ၀ါမရှိရင် ဆိုင်ကယ်ကတောင် ရပ်မပေးချင်ဘူး..။ ဒါတွေကိုမင်းတို့သိပါတယ်..။



(၂) သူ လုပ်ခွင့်ရှိတဲ့ အချိန်မှာ သူလုပ်ခဲ့တဲ့ အလုပ်တွေကို အခု မျက်မြင်ကိုယ်တွေ့မြင်နေရပြီလေ..။ ပြည်သူကို ဘာလုပ်ပေးခဲ့သလဲ ဆိုတာထက် အဲဒီတုန်းက ပြည်သူကိုဘာလုပ်ခွင့်ရခဲ့ပါသလဲဆိုတာက ပိုသင့်တော်ပါတယ်။

သူ့အသက်ရဲ့ သုံးပုံတစ်ပုံလောက်က မြန်မာပြည်မှာ..။ မြန်မာပြည်မှာရှိတဲ့ နှစ်ပေါင်း နှစ်ဆ ယ် ကျော်အတွင်းမှာ ဆယ့်ငါးနှစ်လောက်က အိမ်ထဲက အိမ်ပြင်ထွက်ခွင့်မရှိဘူး။ ထွက်လို့ရတဲ့ အချိန်တိုအတွင်းမှာ ပြည်သူနဲ့ ထိတွေ့ပြီး လက်ရှိခံစားနေရတဲ့ ဒုက္ခတွေကို အကန့်အသတ်ထဲကနေ အားပေးစည်းရုံးပြီး လုံးဝ(အခုအချိန်လို အနှောင်အဖွဲ့ကင်းမဲ့တဲ့) တွေ့ဆုံဆွေးနွေးဖို့ကို အမြဲတမ်း ကြိုးစားနေခဲ့တယ်။ ဒါတွေကို အခက်အခဲကြားထဲက လုပ်နေခဲ့တာတွေပါပဲ။

အခုအချိန် သူလုပ်ပိုင်ခွင့်ရလို့ တစ်နှစ်အတွင်းပြောင်းလဲသွားတွေကိုပြန်ကြည့်ရင် သူလွတ်ပြီး တစ်လအတွင်း မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိုးတက်သွားတယ်၊ သူ့ရဲ့ဖိအားပေးမှုနဲ့ EU နဲ့ US က စီးပွားရေးပိတ်ဆို့မှုတွေ လျော့လာတယ်၊ မြန်မာအာဆီယံဥက္ကဌဖြစ်ဖို့ အင်ဒိုနီးရှားက သူ့ရဲ့တိုက်တွန်းချက်ကို တောင်းရတယ်၊ သံဃာ့အရေးအခင်းတုန်းက ဂျပန်သတင်းထောက်ပစ်သတ်ခံရလို့ နှစ်နှစ်လောက် ဒေါ်လာသန်းပေါင်းများစွာ မကူညီတဲ့ ဂျပန်က ယခုအခါ လောပိတရေအားလျှပ်စစ်ကိုတောင် နှစ်ငါးဆယ် ထပ်ပြီး ပြုပြင်တည်ဆောက်ဖို့ သဘောတူလိုက်တယ်။ အဲဒါတွေက နိုင်ငံတကာ စီးပွားရေးဆွေးနွေးပွဲတွေမှာ Skype နဲ့ မိန့်ခွန်းပြောကြားခဲ့တဲ့ အကျိုးဆက်တွေပဲ.။ မြစ်ဆုံကိစ္စကိုလည်း ကန့်ကွက်ခဲ့တယ်။ နိုင်ငံေ၇းအကျဉ်းသားအချို့ ပြန်လွတ်လာတယ်။ နိုင်ငံတကာကလာတဲ့ အစိုးရအဆင့်မြင့်အရာရှိတွေ၊ အားလုံးနီးပါးက သူနဲ့ မဆွေးနွေးပဲ ပြန်တဲ့သူသိပ်မရှိပါဘူး။ အဲဒီတော့ အဲဒီလို ပြုပြင်ပြောင်းလဲတာတွေတာတွေက သူလွတ်လာလို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲ။ အဲဒီလို အားလုံးပြောင်းလဲကုန်ရင် ပြည်သူ့ဘ၀တွေလည်း ပိုမိုတိုးတက်လာမှာပဲ..။ ဒါတွေကို လက်ရှိဦးသိန်းစိန်အစိုးရနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုကြောင့် ရတယ်ဆိုရင်လည်း မမှားဘူး။ (၂၀၁၁ နိုဝင်ဘာအထိအခြေအနေများဖြစ်ပါသည်)



(၃) နံပါတ် (၃) မေးခွန်းကို ဖြေရရင် စီးပွားရေးပိတ်ဆို့မှုရဲ့ အကြောင်းအရင်းက အာဏာရှင်တွေက ပြည်သူကိုနှိပ်စက်ရင် များသောအားဖြင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုဆိုတာ သူ့အလိုလို ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ပြီး ဖြစ်သွားတတ်ကြပါတယ်။ အဲဒီလိုပိတ်ဆို့ထားမှ အစိုးရအနေနဲ့ ရပ်တည်ရခက်ခဲပြီး ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောပေးလေ့ရှိကြလို့ပါ။

အမေစုကြောင့် စီးပွားရေးပိတ်ဆို့တယ်၊ အမေစုကစီးပွားရေး ပိတ်ဆို့ခိုင်းထားလို့ ပြန်မဖွင့်ပေးတာ ဆိုတာတွေက အရင်က သတင်းစာထဲက စကားတွေပါ..။ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့တာက ပြည်တွင်းမှာရှိတဲ့ အခြေအနေတွေကို သုံးသပ်ပြီး ဆုံးဖြတ်တဲ့အလုပ်တွေပါ။ အမေစုကပိတ်ခိုင်းတိုင်းပိတ်လို့မရသလို ဖွင့်ခိုင်းတိုင်းလည်း ဖွင့်လို့မရပါဘူး။ အခုလို အခြေအနေမှာတောင် ဖျေလျော့ပေးတာပဲရှိသေးတယ်။ လုံးဝ ဖွင့်မပေးသေးပါဘူး လုံးဝပွင့်သွားအောင် ဖိအားပေးလို့မရပါဘူး။



အကြောင်း (၁) က စစ်အစိုးရပါ..။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အခုလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့မယ်ဆိုရင်..။ ယခုအထိ နိုင်ငံတကာက ပိတ်ထားစရာမရှိသလို ပြည်သူတွေလည်း တိုးတက်နေမှာပါပဲ..။

အကြောင်း(၂) က တရုတ်ပါ။ ကမ္ဘာက စီးပွားရေးပိတ်ဆို့ချိန်မှာ တရုတ်က မြန်မာကို အန္တရာယ်ကြီးပြီး အရည်အသွေးမမီတဲ့ ပစ္စည်းတွေတင်သွင်း၊ မြန်မာပြည်က တန်ဖိုးရှိတဲ့သယံဇာတတွေ ထုတ်ယူကာ၊ မှောင်ခိုကုန်သည်လုပ်ပြီး စစ်အာဏာရှင်တွေအတွက် အသက်ရှူပေါက်ဖွင့်ပေးခဲ့တဲ့အတွက်ယနေ့ အချိန်အထိ သက်ဆိုးရှည်သွားခြင်းပါ။ နေပြည်တော်တောင် တရုတ်ကပေးတဲ့ US ငါးဘီလီယံနဲ့ ဆောက်ခဲ့သေးတာပဲ..။ ကမ္ဘာပေါ်မှာ တရုတ်ပြည်တွင်း စက်မှုလက်မှုတွေကထုတ်တဲ့ သွားကြားထိုးတံကနေ အိမ်စီးကားအထိ အစအဆုံး အသုံးအပြုဆုံးနိုင်ငံက မြန်မာနိုင်ငံလေ။ တို့ပတ်ဝန်းကျင်မှာ တရုတ်ပစ္စည်းတွေချည်းပဲ..။ ထိုင်းပစ္စည်းတောင် မျိုးစုံရှိလို့လား။

အဲဒီတော့ တရုတ်သာ မှောင်ခိုကုန်သည်မလုပ်ခဲ့ရင် အစိုးရ လိုငွေပြ အင်အားချည့်နှဲ့ပြီး ပြည်သူ့ဆန္ဒ သို့မဟုတ် ဒီမိုကရေစီဖော်ဆောင်ဖို့ကို အရင်ကတည်းက ပြောင်းလဲလိုက်မှာပါ..။ အခုတော့ နှစ်တွေအများကြီး ကြာသွားခဲ့တာပေါ့။

အဲဒီတော့ အစိုးရကိုမကြိုက်လို့ စီးပွားရေးကို အကြာကြီးပိတ်ခိုင်းတာမဟုတ်ပါ။ အပေါ်က အချက်တွေက အဓိကပါ..။



(၄) နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးရဲ့ သမီးအနေနဲ့ ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲဆိုရင် အဓိကအကြောင်းအရင်းက ပြည်ပမှာ ဘာ့ကြောင့် ရှိနေတဲ့အကြောင်းအရင်းကို အရင်ထုတ်ရှင်းရပါမယ်.။ အမေစု မိခင် ဒေါ်ခင်ကြည်ဟာ ၁၉၆၀ မှာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီတော့ အိန္ဒိယကို ပြောင်းရပါတယ်။ အဲဒီအချိန်မှာ အမေစု အသက်ဆယ့်ငါးနှစ်ရှိပါပြီ။ ဆယ်ခုနှစ်နှစ်အရွယ် ၁၉၆၂ ခုနှစ် ဒေလီတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာနာ သင်ယူနေတုန်း မြန်မာပြည်မှာ ကျောင်းသားသမဂ ဗုံးခွဲခံရပြီး အထဲကကျောင်းသားအားလုံး သေဆုံးကုန်ပါတယ်။။ အဲဒီရဲ့ အကျိုးဆက်က အမေစုအတွက် မြန်မာပြည်တွင်းမှာ ပြန်လည်နေထိုင်ဖို့ မဖြစ်နိုင်တဲ့ တွန်းအားတစ်ခုဖြစ်သွားပါတယ်.။ ဗိုလ်ချုပ်ရဲ့သမီးဖြစ်ပြီး နိုင်ငံရေးသိပ္ပံနဲ့ မြန်မာပြည်ပြန်သွားရင် ဘာဖြစ်သွားမလဲ တွေးကြည့်ကြပေါ့ဗျာ.။

ဘွဲ့ရပြီးတော့ ဒေါ်ခင်ကြည့်မိတ်တွေ မြန်မာပြည်မှာနေခဲ့တဲ့ အင်္ဂလန်သံအမတ် အကူအညီနဲ့ အင်္ဂလန်အောက်စဖို့တက္ကသိုလ်မှာ မှာကျောင်းသွားတက်တယ်ဗျ။

အောက်စဖို့ဒ် မှာ ဘွဲ့ရတယ်။ ရတဲ့ဘွဲ့က (Philosophy, Political Science, Eco) ဂုဏ်ထူးနဲ့ ၀ိဇ္ဖာဘွဲ့ဗျ။ နောက် နယူးယောက်က ကုလသမဂ ရုံးမှာ အလုပ်ဝင်တယ်၊ အဲဒီမှာ ဦးနေ၀င်းရဲ့ သိုးတွေနဲ့ နိုင်ငံကူးလက်မှတ်ပြဿနာဖြစ်တယ်။အမေစုကို နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ နှစ်ပေါင်းများစွာ ဆိုင်းငံ့ခဲ့တယ်။ ကုလအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ သမီးတစ်ယောက်လို ဖြစ်နေလို့သာ မြန်မာနိုင်ငံသားအဖြစ် မပျက်ပြယ်တာပါ။

၁၉၇၀ မှာ မိုက်ကယ်အဲရစ်နဲ့တွေ့တယ်။ ဒီနေရာမှာ မိုက်ကယ်အဲရစ်အကြောင်း တစခုပြောချင်တယ်။ မိုက်ကယ်အဲရစ်က ဗုဒ္ဒဘာသာ၊ တက္ကသိုလ်မှာ အရှေ့တိုင်း ပါဠိဘာသာ သုတေသနပညာရှင်ပါမောက္ခ၊ အမေစုက ပါဠိဘာသာ နဲ့ အရှေ့တိုင်းယဉ်ကျေးမှု အတွက်လေ့လာရင်းနဲ့ အိမ်ထောင်ကျတာ၊ ကျပြီး နီပေါနားက ဘူတန်မှာသွားနေကြတယ်။ သူတို့အိမ်ထောင်ရေးက သဘောတူညီမှုတစ်ခု လုပ်ထားခဲ့ပြီးသား အဲဒါက ”ကျွန်မ ပြည်သူတွေအတွက် ကျွန်မတာဝန်ထမ်းဆာင်မယ်ဆိုရင် ခွင့်ပြုဖို့ ” ဆိုတဲ့ သဘောတူညီချက်ပဲ။

မိုက်ကယ်အဲရစ် မြန်မာပြည်ကို တစ်ခါလားတုန်းက မင်းကွန်းဆရာတော်ကြီးကို သွားဖူးတော့ နှစ်ဦးစလုံး ပါဠိလိုတွေ ပြောနေကြလို့ ထောက်လမ်းရေးတွေတောင် ငုတ်တုတ်မေ့ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။ သူပြုစုခဲ့တဲ့ နီပေါ ဘူတန် ယဉ်ကျေးမှုဆိုင်ရာ စာအုပ် စာတမ်းတွေ အများကြီးပဲ။

အဲဒီတော့ အမေစု ဟိုမှာ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တဲ့ အကြောင်းအရင်းနဲ့ မိုက်ကယ်အဲရစ်ဆိုတာ ဘယ်လိုလူစားလဲဆိုတာ သိသင့်ပြီထင်ပါတယ်။

မိခင်ဒေါ်ခင်ကြည်ရဲ့ထိန်းကွပ်ဦးဆောင်မှုနဲ့ နဗန်းဆံကိုတောင် အိမ်ထောင်ကျတဲ့အထိ ထားတုန်း၊ အိမ်မှာနေရင် မြန်မာစကားကလွဲပြီး အင်္ဂလိပ်လို မသုံးနှုန်းတာတွေ၊ နှစ်ပေါင်းများစွာ ကိုယ့်လုံခြည်ကို ယက်ကန်း ယက်လုပ်ပြီး ၀တ်ခဲ့တာတွေ အိန္ဒယမှာရှိတဲ့အချိန် အသက် ဆယ့်ခုနှစ်နှစ် ကတည်းက ဒေလီမြို့စွန်က ဟိန္ဒူတွေစွန့်ပစ်ထားတဲ့ ဗုဒ္ဓဘာသာကျောင်းကို ကျောင်းအားရက်မှာ မိခင်နဲ့အတူ ပြုပြင်ခဲ့တာတွေကိုကြည့်ရင်။ အမေစု ဘယ်လိုလူစားလဲ ဆိုတာကို သိနိုင်ပါတယ်။ အဲဒီလိုလူမျိုးကရွေးချယ်တဲ့ ခင်ပွန်းဟာလည်း နိုင်ငံခြားသားပင်ဖြစ်စေကာမူ ဘယ်လိုမျိုးလဲဆိုတာကို သဘောပေါက်သင့်ပါတယ်။

အခု ဘူတန်ဘုရင်ဟာ ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့ တပည့်ပါ။ သူ့ကို စာသင်ပေးတုန်းက ဆယ့်ခုနှစ်နှစ်ပဲ ရှိပါသေးတယ်။

အရင်စစ်အစိုးရဟာ မိုက်ကယ်အဲရစ်နဲ့ အမေစုကို နေရာပေးပြီး ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင် မဇ္ဇိမဒေသကနေ မြန်မာနိုင်ငံအထိ ထေရ၀ါဒ ဗုဒဘာသာနဲ့ ယဉ်ကျေးမှု ပြောင်းလဲခြင်းဖြစ်စဉ်သမိုင်းအတွက် တကယ် အထောက်အကူဖြစ်နိုင်ပါတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ မိုက်ကယ်အဲရစ်က အဲဒါတွေနဲ့ပတ်ကက်ရင် ကိုယ့်စားရိတ်ကိုယ်စားပြီး သုတေသနလုပ်နေတဲ့သူပါ။



(၅) ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံ့ခေါင်းဆောင်ဖြစ်ထိုက်သလား ..ဆိုတဲ့မေးခွန်းကို.. ပြန်ဖြေရရင် အမေစုရဲ့ အရည်အချင်းကို ဖော်ပြချင်ပါတယ်.။ ဖြစ်ထိုက်မဖြစ်ထိုက်ဆိုတာကတော့ အောက်ကအချက်တွေကို သုံးသပ်ပေးကြပါ..။ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကလည်း အခြေအနေအများကြီးအပေါ်မှာ မူတည်ပါသေးတယ်.။

တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတွေက ခေါင်းဆောင်အများစုရဲ့ အရည်အချင်းကို ကြည့်ပါ ပညာတတ်အများစုနဲ့ နိုင်ငံရေး၊ စီးပွားရေးအတွေးအခေါ် ပညာရှင်များက အများစုဖြစ်ပါတယ်..။ ပညာတတ်ဆိုတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးသိပ္ပံ၊ ဒဿနိက၊ စီးပွားရေး အထူးပြုသုံးခုနဲ့ ဘွဲ့ရထားခဲ့ပါတယ်..။ နောက်ပြီးတော့ အရင်တုန်းက နိုင်ငံတကာအဆင့် စာတမ်းပြုစုရေးသားသူ တစ်ယောက်လည်း ဖြစ်ခဲ့တယ်..။ ယခုချိန်အထိ မြန်မာပြည်မှာ ဘယ်သူ့မှမလုပ်ခဲ့ဖူးသေးတဲ့ ဖခင် ဗိုလ်ချပ်အောင်ဆန်းရဲ့ အတ္ထုပတ္တိအပါအ၀င် Asian Studies ကို ပြုစုခဲ့တယ်..။ နောက်ပြီး တိုကျိုတက္ကသိုလ်မှလည်း ဖခင်ဗိုလ်ချုပ်ရဲ့ ဂျပန်ပြည်တွင်းလုပ်ဆောင်ချက်တွေကို စာတမ်းတစောင် တင်ခဲ့တယ်..။ (ဂျပန်က အဲဒီကတည်းက လေးစားခဲ့ပါတယ်) နောက်ပိုင်းမှာ ဟီမာလေးယား (နိပေါ..တိဗက်/ဘူတန်)လူမျိုးတွေရဲ့ သမိုင်းလေ့လာမှုတွေကို စာအုပ်တွေထုတ်ဝေခဲ့တယ်..။ အမေစုနဲ့ မိုက်ကယ်အဲရစ်တို့ ထုတ်ဝေခဲ့တဲ့ စာအုပ်စာတမ်းတွေ အများကြီးပါပဲ..။

ဒါဟာ သူ့ရဲ့ သမိုင်းတစ်ခုကိုပဲ ပြနေတာပါ။ နောက်ဆုံးတစ်ခုက ကုလသမဂ္ဂရုံးမှာ ဘဏ္ဍာရေးဆိုင်ရာ အရာရှိအဖြစ် အလုပ်ဝင်နေစဉ်မှာ..အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ အနားမှာနေပြီး နိုင်ငံတကာအစိုးရတွေရဲ့ နိုင်ငံရေး၊ Diplomacy နဲ့ ပေါ်လစီပိုင်းတွေကို အနီးကပ် လေ့လာခွင့်ရခဲ့တဲ့ တစ်ဦးတည်းသော မြန်မာလူငယ်အမျိုးသမီးဖြစ်ခဲ့ပါတယ်။ အခုပြောတဲ့အချက်တွေလောက်နဲ့ဆိုရင် ဗိုလ်ချုပ်သမီးကြောင့် ပုဂ္ဂိုလ်စွဲ လေးစားနေကြတာဆိုတဲ့ အယူအဆတွ ပျောက်လောက်ပြီလို့ ထင်ပါတယ်..

နောက်ပြီးနိုင်ငံခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ထိုက်တဲ့သူတွေမှာရှိသင့်တဲ့ အရည်အချင်းတွေကို အမေစု လက်ရှိအခြေအနေနဲ့နဲ့ နှိုင်းယှဉ်ပြပါ့မယ်..။



(၁) ရိုးသားဖြောင့်မတ်မှု၊

ရိုးသားလား မရိုးသားသလားဆိုတာ... အကျယ်ချုပ် ပြန်လွတ်လွတ်ခြင်း လူထုနဲ့တွေတော့ ဖုန်းတွေနဲ့ တဖြတ်ဖြတ်ရိုက်နေတဲ့ ကင်မရာတွေကို တအံ့တသြ ကြည့်ပြီး ဒါမျိုးလေးတွေနဲ့ ဒီလိုတဖြတ်ဖြတ်ရိုက်နေတာကို သူ့အနေနဲ့ အံ့သြမိကြောင်း မမြင်ဖူးကြောင်း ပြည်သူတွေကို အံ့သြတကြီးပြောကြားခဲ့ဖူပါတယ်.။ ဒီစကားကိုအံ့ကြိတ်ပြီး နားထောင်ခဲ့ရဖူပါတယ်..။ သူရဲ့ရိုးသားပွင့်လင်းတဲ့စကားကြောင့် တစ်စုံတရာကို ဒေါသထွက်ခဲ့တာတော့အမှန်ပါပဲ..။ ဒီလောက်တောင်မှ......နားပိတ်မျက်စိပိတ် ထားရသလားလို့ပါ..။



(၂) ရဲရင့်တည်ကြည်မှု၊

မည်သည့်စည်းရုံးရေးကိစ္စပင်ဖြစ်စေ၊ ပြည်သူကြားထဲမှာ တည်တည်ကြည်ကြည် ရဲရဲဝံ့ဝံ့ ရပ်တည်ပြီး ဗုံးမကြောက်၊ သေနတ်မကြောက်ပဲ မှန်ရာကို ပြတ်ပြတ်သားသားဝေဖန်စကားပြောလေ့ရှိသူပါ။



(၃) ဗဟုသုတကြွယ်ဝမှု၊

ဗဟုသုတကြွယ်ဝမှုကတော့ အထူးပြောစရာမလိုပါဘူး.. အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာ ဗာဂျီးနီးယားတက္ကသိုလ်နဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ်ကို online ကတစ်ဆင့် မိန့်ခွန်းပြောကြား၊ ဆွေးနွေးမှုတွေ၊ နိုင်ငံတကာ အသံလွှင့်ဌာနတွေမှာ ပြည်တွင်း ပြည်ပက လူငယ်တွေမေးသမျှကို အချိန်ပေးပြီး စိတ်ရှည်လက်ရှည် လက်တမ်းဖြေပေးနေတာတွေကို လေ့လာကြည့်ပါ..။



(၄) စွန့် လွတ်အနစ်နာခံမှု

အကျယ်ချုပ်ဆယ့်ငါးနှစ်ကျော်က သက်သေပါပဲ..။ နောက်ပြီး ရသမျှဆုငွေတွေ လှူဒါးငွေတွေ အားလုံးနီးပါးကိုလည်း NLD အတွက်တောင် ရည်ရွယ်သုံးစွဲခြင်းမရှိဘဲ တစ်ခါတည်း လှူဒါန်းလေ့ရှိပါတယ်..။ အဲဒါတွေကိုစုထားရင် သားနှစ်ယောက်လုံး မီလျံနာဖြစ်နေတာ ကြာပြီပေါ့..။ အခု သူ့သားနှစ်ယောက်က အင်္ဂလန်မှာ သာမန်လူတန်းစား အဆင့်ပါပဲ..။ ဒီမေးခွန်းက စစ်သားများ ခဏခဏ မေးလေ့ရှိတဲ့မေးခွန်းပါ..။ ၂၀၀၈ ခုနှစ်က သူ့အိမ်ကို ပြင်တဲ့ စစ်သားလေးတွေကို ဒန်ပေါက်ဝယ်ကျွေးတုန်းက ရဲဘော်လေးတွေ မလောက်မှာစိုးလို့ သူကိုယ်တိုင်က ဒန်ပေါက်အလွတ်နဲ့ ငါးပိကြော်စားခဲ့တာက သာဓကပါ..။ ယူနက်စကိုက ချီးမြှင့်ခဲ့ဖူးတဲ့ ဒေါ်လာတစ်သိန်းကို ချက်ချင်းလှူလိုက်တာကလည်း အတုယူစရာပါပဲ..။



(၅) ခေါင်းဆောင်ကောင်းပီသမှု

ခေါင်းဆောင်ကောင်းပီသတယ်ဆိုတာကိုတော့ မညွှန်းချင်တော့ပါဘူး။ NLD ထဲကလူတွေ အသိဆုံးဖြစ်မှာပါ။ အရာရာတိုင်းကို ငါသိတယ်.. ငါတတ်တယ်ဆိုပြီး ဘယ်တော့မှ အာဏာရှင်ဆန်စွာ မဆုံးဖြတ်ပဲ ဒီမိုကရေစီဆန်စွာ အများသဘောဆန္ဒနဲ့ပဲ ညှိနှိုင်းဆုံးဖြတ်ခဲ့တယ်ဆိုတာကလည်း ခေါင်းဆောင်ကောင်းပီသမှုထဲက တစ်ခုပါပဲ..။



ဒါပေမယ့် အမေစုကို နိုင်ငံခေါင်းဆောင်အဖြစ် မျှော်လင့်မထားပါဘူးဆိုတာပါပဲ။ လွှတ်တော်ထဲကို ရောက်သည်ဖြစ်စေမရောက်သည်ဖြစ်စေ လူထုကတော့ လေးစားယုံကြည်နေကြဦးမှာပါ..။



ဗိုလ်ချုပ်ပြောထားတဲ့ စကားတစ်ခွန်းကတော့ရှိပါတယ်..။

လူတွေကတင်မြှောက်ပြီး

လူတွေရဲ့အကျိုးကို လုပ်တဲ့

လူတွေရဲ့ အစိုးရသာလျှင်

ဒီမိုကရေစီ ဖြစ်နိုင်မယ်။

ဗိုလ်ချုပ်အောင်ဆန်း ( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )

ကိုးကား .. အောင်ဆန်းစုကြည် (သို့) သဇင်နီ ၊ EMG, The Voice, (Shwe Aim Si အံ့ဖွယ် မြန်မာ့ ဂုဏ်ဆောင် စံပြအမျိုးသမီး) သတင်းစာမှတ်တမ်းများ..။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ..။

ဒုတိယပိုင်းအဖြစ် အောက်ပါလင့်တွင် ဆက်လက်ဖတ်ရှုနိုင်ကြပါသည်..။https://www.facebook.com/notes/yan-aung/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%95%E1%80%90%E1%80%B9%E1%80%9E%E1%80%80%E1%80%B9%E1%81%BF%E1%80%95%E1%80%AE%E1%80%B8-%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%99%E1%80%B8%E1%80%B1%E1%80%94%E1%81%BE%E1%80%80%E1%80%B1%E1%80%9E%E1%80%AC-%E1%80%B1%E1%80%99%E1%80%B8%E1%80%81%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%9B%E1%80%B2%E1%82%95-%E1%80%A1%E1%80%B1%E1%80%BB%E1%80%96%E1%80%99%E1%80%BA%E1%80%AC/277837752292485?ref=notif&notif_t=like

Yan Aung -facebook မှ