စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, July 30, 2012

ဦးအောင်သိန်းလင်းကို စုံစမ်းစစ်ဆေးမယ်


ဦးအောင်သိန်းလင်းရဲ့ ပြောရဲဆိုရဲရှိမှုနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီက စနေနေ့မှာ ထုတ်ပြန်တယ် ဆိုတဲ့ ကြေညာချက်တစောင်ကို တွေ့ရပါတယ်။

မြစ်ဆုံစီမံကိန်း ပြန်လည်ပတ်ရေး၊ ပြည်သူတွေကရူးလို့ NLD ကို မဲပေးလိုက်မိတယ်၊ ဘန်ကီမွန်းနဲ့ ကုလသမဂ္ဂဟာ ယုံရသူတွေ မဟုတ်ဘူး၊ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အောင်မြင်မယ်မဟုတ်၊ ဟီလာရီကလင်တန် မြန်မာပြည်လာတာ ကျုပ်တို့ရဲ့ အားနည်းချက်ပဲ - သူက မြန်မာပြည်သူတွေဆီလာတာ မဟုတ်ဘူး၊ ဟိုအမျိုးသမီးဆီကို လာတာ စသဖြင့် တရုတ်စာစောင်တခုကို သူက ပြောကြားခဲ့ပါတယ်။

ဒီလို ပြောကြားခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးပြီး "တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်" လို့ ဆိုထားတဲ့ ကြေညာချက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထုတ်ဖော်ကြေငြာချက်

၂၈-၇-၂၀၁၂

၁။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ် အမှုဆောင် ဦးအောင်သိန်းလင်း နှင့် Southen Weekend (China) ဟု ဖော်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖော်ပြချက် များအား Internet စာမျက်နှာများပေါ်တွင်လည်းကောင်း၊ ပြည်တွင်းရှိ ဂျာနယ် များတွင် လည်းကောင်း ဖော်ပြလျှက်ရှိနေကြပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းမှုများလည်း ရှိနေကြပါ သည်။

၂။ အဆိုပါ ရေးသားဖော်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ အမှန်တကယ် ပြောကြားခဲ့မှုများဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက် များသာဖြစ် ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ။

၃။ ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်း ရှိ မရှိ ကိုလည်း စီစစ်ဆောင် ရွက်လျှက်ရှိပြီး၊ တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ


၂၀၁၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားမည်


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နှစ် ၂၀၁၃ ခုနှစ် ချယ်ရီပန်း တွေ ပွင့်ချိန် မတ်လ ကုန်လောက် ဂျပန်နိုင်ငံကို သွားဖို့ရှိတယ်လို့ AP သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဂျပန် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံကို လာစဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပြီး ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

Sunday, July 29, 2012

ချင်းပြည်နယ် ဟားခါးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်


ယနေ့ မြန်မာစံတော်ချိန် ၈နာရီ ၅၁မိနစ် ၃၀ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ
အနောက်မြောက်ဘက် ၁၃၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဟားခါးမြို့၏
အရှေ့တောင်ဘက် ၁၄မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ချတာစကေး ၅.၈
အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခုလှူပ်ရှားသွားကြောင်း
တိုင်းတာရရှိသည်ဟု မန္တလေးမြို့ရှိ မိုးလေ၀သမှတ်တမ်းနှင့် မြေငလျင်ဌာနမှ
သတင်းထုတ်ပြန်သည်။

ယင်းငလျင်လှုပ်ခတ်မှုအား မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ
လည်း ခံစားသိရှိလိုက်ကြသည်ဟု သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း တစ်မြို့လုံး လှုပ်ခတ်မှုရှိခဲ့
ကြောင်းနှင့် လှုပ်ခတ်ချိန်မှာ အနည်းငယ်သာကြာမြင့်သည်ဟု ဟားခါးမြို့မှ
ဒေသခံတစ်ဦးကပြောသည်။

“ခေါင်းမူးတယ်ထင်နေတာ. နှစ်ချက်လောက်လှူပ်သွားတယ်။
မုံရွာမှာလည်း လှူပ်တယ်ကြားတယ်။”ဟု မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးက
ပြောသည်။

7Day News Journal




မန္တလေးနှင့်မုံရွာမြို့များတွင် ငလျင်လှုပ်ခတ်။
ယနေ့မနက် မြန်မာစံတော်ချိန် ၈နာရီ၊၅၂မိနစ်တွင် မန္တလေးမြို့၌ ငလျင်လှုပ်ခတ်သွားကြောင်းသိရသည်။ ငလျင်ဒါဏ်ကြောင့် ပျက်စီးထိခိုက်မှုမရှိကြောင်းဒေသခံများမှပြောပြခဲ့သည်။ မန္တလေးမြို့သည် စစ်ကိုင်းပြတ်ရွှေ့ကျောနှင့်နီးကပ်စွာရှိနေ၍ ငလျင်ဒါဏ်ကြောင့်အန္တရာယ်ရှိနိုင်ကြောင်းကို ပညာရှင်တို့တွက်ဆထားကြသည်။ မန္တလေးမြို့တွင်လှုပ်ခတ်ခဲ့သောငလျင်အင်အားကို သက်ဆိုင်ရာတာဝန်ရှိသူတို့ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
အလားတူ မနက်၈နာရီ မိနစ်၅၀အချိန်ခန့်တွင် မုံရွာမြို့တွင်လည်းငလျင်လှုပ်ခတ်ခဲ့ကြောင်းသတင်းရရှိပါသည်။
ယနေ့မနက် Papua New Guinea ကျွန်းရဲ့ ဒေသစံတော်ချိန် မနက် ၆နာရီအချိန်ခန့်တွင် ငလျင်အင်အား ၆.၆ မဂ္ဂနီကျူ့အဆင့်ရှိငလျင်လှုပ်ခတ်သွားကြောင်းကိုအမေရိကန် USGS စောင့်ကြည့်ရေးအဖွဲ့မှသတင်းထုတ်ပြန်ထားသည်။

By/ Aung Pan

မြန်မာ လုပ်သားများကို ကန်ထရိုက် စနစ်ဖြင့် ခေါ်ယူရန် ထိုင်းပြင်ဆင်

ထိုင်းနိုင်ငံမှ မြန်မာ ရေလုပ်သားများ
ရန်ကုန်၊ ဇူလိုင် ၂၉

ထိုင်းအစိုးရ အနေဖြင့် နှစ်နိင်ငံ အစိုးရချင်း စာချုပ်ချုပ်ဆို၍ မြန်မာနိင်ငံမှ လုပ်သားများကို ကန်ထရိုက် စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားကြောင်း သတင်းကို ရုပ်သံလိုင်း ၇ တွင် ကြည့်လိုက်ရကြောင်း ဘန်ကောက် မဟာချိုင်မှ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက ပြောကြားသည်။

ထိုင်းအလုပ်သမား ၀န်ကြီး ဆုန်ဆပ်က မြန်မာ အလုပ်သမားများကို နှစ်ဖက်အစိုးရ သဘောတူညီချက်ဖြင့်သာ ခေါ်ယူသွားမည်ဖြစ်ပြီး ကန်ထရိုက်စာချုပ် ချုပ်ဆိုရန်အတွက် အနည်းဆုံး နှစ်နှစ် အများဆုံး လေးနှစ် ကြာမည်ဖြစ်ကာ မြန်မာ အလုပ်သမားများကို ယခုနှစ်ကုန်တွင် အလုပ်လုပ်ခွင့် ပါမစ် သက်တမ်း တိုးပေးရန် မရှိဟု ပြောဆိုခဲ့ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

လက်ရှိ ထိုင်းအစိုးရ အနေဖြင့် တရားမ၀င် ရောက်လာသော မြန်မာရွှေ့ပြောင်း လုပ်သားများ ယာယီ နိင်ငံကူးလက်မှတ် ထုတ်ပေးကာ နှစ်အလိုက် သက်တမ်းတိုး စနစ်အစား ကန်ထရိုက်စနစ်ကို သုံး၍ ခေါ်ယူသည့် ပုံစံသို့ပြောင်းရန် မြန်မာအစိုးရနှင့် ညှိုနှိုင်းခဲ့ပုံ ရကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။

ရထားပို့ဆောင်ရေး ပြည်ထောင်စု ၀န်ကြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်ဆောင် ဦးအောင်မင်းက ထိုင်းတွင်မြန်မာ ရွှေ့ပြောင်းလုပ်သာ နှစ်သန်းခန့်ရှိပြီး ၄င်းတို့ ပြန်လာရေးအတွက် အလုပ်အကိုင် ရရှိရေးအတွက် Peace Centre နှင့် ချိတ်ဆက် ဆောင်ရွုက်ပေးသွားရန် ရှိသည်ဟု ယခင်အပတ်က နိင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ် ပြောဆိုသွားသည်။

The Voice Weekly 

မြန်မာနိုင်ငံရဲ့ လက်ရှိရာသီဥတု အနေအထားအရ မြစ်ရေကြီးတာကို သတိထားရမယ်




မြန်မာနိုင်ငံရဲ့ လက်ရှိရာသီဥတု အနေအထားအရ မြစ်ရေကြီးတာကို သတိထားရမယ်လို့ မိုး လေ ၀ သ ပညာရှင်က ပြောကြားလိုက်ပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်တခုလုံး၊ ၇န်ကုန်၊ပဲခူး၊မွန်၊ကရင်စတဲ့ ဒေသတွေမှာ ရေလွှမ်းမိုးမှုမြင့်နေတာ ၁၀ ရက်လောက် ရှိသွားပြီ၊မြှပ်တဲ့နေရာတွေလဲ မြှပ်ကုန်ဘီ၊ ရေမကြီးတဲ့နေရာတွေမှာလဲ မြေနိမ့်ပိုင်းနဲ့ လယ်တွေ ရေမြှပ်တယ်။ မြှပ်ဖို့ အလားအလာလဲရှိနေတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင် က ပြောပါတယ်။
အခုရေကြီးနေတာဟာ မုတ်သုန်ကာလအတွင်း ဒုတိယအကြိမ်ရေကြီးမှုဖြစ်ပြီး၊တတိယအကြိမ် ရေကြီး ကာလ စက်တင်ဘာ၊အောက်တိုဘာလတွေမှာ ပိုပြီးသတိထားရမယ်လို့လဲ ပြောပါတယ်။
လတ်တလော မိုးကြီးတာနဲ့ မြစ်ရေကြီးတာကြောင့် ရှမ်းပြည်နယ်၊လားရှိုး၊ တနင်္သာရီတိုင်း၊ထားဝယ်နဲ့ ပဲခူးမြို့တွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေပါတယ်။

လျှပ်တစ်ပြက် ဂျာနယ်ကို အသရေဖျက်မှုနဲ့ စွဲဆိုမှု




ကသာမြို့ ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ လုပ်ငန်းရှင် ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄ နဲ့ ၈၈ ပါ ရေးသားချက်များနဲ့ပတ်သက်လို့  အသရေဖျက်မှု နဲ့ တရားစွဲဆိုခဲ့ရာမှာ အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာအမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့  ဇူလိုင်လ ၃၀ ရက်နေ့ မှာ စတင်ကြားနာr\မယ်လို့ သိရပါတယ်။

ဒါ့အပြင် လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ဆောင်းပါးရှင် ဟာဂျူလီ (ကသာ) တို့  ကိုလည်း တရားမကြောင်းနဲ့ စွဲဆိုထားတယ် လို့ သိရပါတယ်။

လျှပ်တစ်ပြက် ဂျာနယ် ဥပဒေ အကျိုးဆောင် ဖြစ်သူ ဦးသိန်းသန်းဦးက ဒီအမှုကိစ္စနဲ့ ပတ်သက်လို့  အခုလို အတည်ပြုပြောဆိုပါတယ်။

"ဟာဂျူလီ (ကသာ) တယောက်ထဲကို ပြစ်မှုဆိုင်ရာ တရားရုံးမှာ ပုဒ်မ ၅၀၀ နဲ့ စွဲတယ်။ ဦးတိုက်လျှောက်ထားတာပေါ့ဗျာ။ အဲဒါကို လက်ခံလိုက်တယ်။ အဲဒါကို ဟာဂျူလီကတော့ ဖြေရှင်းရတော့မှာပေါ့။ နောက် ကိုမြတ်ခိုင်နဲ့ ဟာဂျူလီ နှစ်ယောက်ပေါင်းပြီးတော့ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ က နစ်နာကြေး ငွေ သိန်း ၅ ထောင် ရလိုမှု ဆိုပြီးတော့ ကသာခရိုင် တရားရုံးမှာ စွဲတာ။ အဲဒါကတော့ တရားမမှုပေါ့ဗျာ။"

နစ်နာကြေးငွေ သိန်းငါးထောင် ရလိုမှုနဲ့ စွဲဆိုတဲ့ တရားမမှုကို သြဂုတ်လ ကိုးရက်နေ့ ကသာခရိုင် တရားရုံးမှာ စတင် စစ်ဆေးမယ်လို့ သိရပါတယ်။

RFA

ရခိုင်ပါတီနှစ်ခု ညှိနှိုင်းရန် ALD အဆင်သင့်ဖြစ်နေပြီဟုဆို




စစ်တွေ (မဇ္ဈိမ)။ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အနေဖြင့် ရခိုင်ပါတီများ ပူးပေါင်းရေး ညှိနှိုင်းနိုင်ရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဇူလိုင် ၂၇ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် ပါတီဌာနချုပ် ဆိုင်းဘုတ်

တင်ပွဲ အခမ်းအနားတွင် ပါတီ် ထိပ်ပိုင်းခေါင်းဆောင်တဦးက သတင်းထောက်များအား ပြောကြားလိုက်သည်။



ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)တို့ ပူးပေါင်းရေးကိစ္စကို ရခိုင်ပြည်သူများ

မျှော်လင့်နေချိန်တွင် ALD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦထွန်းညို က ယခုကဲ့သို့ ထုတ်ဖော်

ပြောဆိုလိုက်ခင်း ဖြစ်သည်။



“ရိုးသား မှန်ကန်မယ်ဆိုရင် အမြဲတမ်း ဆွေးနွေးနိုင်ပါတယ်။ ကျနော်တို့ရဲ့မူ သဘောထားကို လက်ခံမယ်ဆိုရင်

ပေါင်းစည်းဖို့ ဝန်မလေးပါဘူး။ ပါတီတရပ်အနေနဲ့ ကျနော်တို့က မူနဲ့အညီ ရပ်တည်နေရတာမို့လို့ မူသဘောထား မကိုက်ညီဘူးဆိုရင်တော့ ပေါင်းစည်းဖို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ မူသဘောထားတွေကို လက်ခံမယ်ဆိုရင် အမြဲတမ်း ဆွေးနွေးပြီးတော့ ပူးပေါင်းသွားဖို့ အဆင်သင့် ရှိပါတယ်” ဟု ဦးထွန်းညို က ပြောသည်။



ဒီမိုကရေစီရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိသည့် ပြည်နယ် ပေါ်ပေါက်ရေး၊ အရာရာတွင်

ပြည်နယ်အစိုးရက ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး ဟူသော မူ ငါးရပ်ကို ဆက်လက်စွဲကိုင်ထားကြောင်း သူက ရှင်းပြသည်။



“ပထမပိုင်းမှာတော့ ကျနော်တို့ပါတီ မှတ်ပုံတင်မကျခင်မှာ RNDP က ညှိနှိုင်းဆွေးနွေးဖို့ ကမ်းလှမ်းတာ ရှိခဲ့ပါတယ်။ မှတ်ပုံတင်ကျပြီး ဒီဘက်ကာလမှာ ဆွေးနွေးနိုင်ဖို့ ကျနော်တို့ပါတီက ဗဟိုကော်မတီ ငါးဦး အသင့်ပြင်

ထားတယ်။ ဆွေးနွေးဖို့လည်း ကမ်းလှမ်းထားတာ ရှိတယ်။ ဒီကနေ့အထိ သူတို့ဘက်က ဆက်သွယ် လာတာမျိုး မရှိသေးပါဘူး။ ရိုးသားမှန်ကန်တဲ့ ဆွေးနွေးမှုမျိုး အမှန်တကယ် လက်တွေ့ လုပ်ချင်တယ် ဆိုရင်တော့ ပါတီကိုယ်စားပြု

လေးငါးယောက်လောက် တွေ့ပြီးတော့ ဆွေးနွေးမှုကို စလို့ ရတာပဲ။ ပါတီကို ကိုယ်စားပြုတဲ့

ဆွေးနွေးမှုမျိုးတော့ ဖြစ်ရမှာပေါ့ဗျာ” ဟု ဦထွန်းညိုက ALD ၏ သဘောထားကို ပြောသည်။



ပါတီနှစ်ခု ပူးပေါင်းရေးအစီအစဉ်နှင့် စပ်လျဉ်း၍ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုး အား မေးမြန်းရာ ၎င်းတို့

ပါတီအနေဖြင့် ALD ပါတီ ထပ်မံမှတ်ပုံမတင်မီ ကတည်းကပင် ပူးပေါင်းရေးအတွက် ညှိနှိုင်း ဆွေးနွေးရေး

ကော်မတီတရပ် ဖွဲ့စည်းပြီး ALD နှင့် ဆွေးနွေးရန် ကမ်းလှမ်းထားခဲ့ကြောင်း၊ ယခုလည်း ယင်းမူအတိုင်းပင် ဆက်လက် ရပ်တည်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ပူးပေါင်းရေး ဆိုသည်မှာ ပါးစပ်က ပြောနေရုံနှင့် ပြီးပြည့်စုံမှာ မဟုတ်ဘဲ လက်တွေ့ကျကျ လုပ်ဆောင်မှသာ ပြီးမြောက်အောင်မြင်နိုင်မှာဖြစ်ကြောင်း ပြန်လည်ဖြေကြားသွားခဲ့သည်။



RNDP မှာ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ ၃၅ နေရာ အနိုင်ရရှိခဲ့သော

နိုင်ငံရေးပါတီဖြစ်သလို ALD မှာလည်း ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ ၁၁ ဖြင့် အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး စစ်အစိုးရ၏ တဖက်သတ် ပါတီဖျက်သိမ်းခြင်းကို ခံရကာ ၂၀၁၂ ခုနှစ်၊ မေလတွင်မှ ပါတီ ပြန်မှတ်ပုံတင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။



ရခိုင်ပြည်သူ အများစုက ထိုနှစ်ပါတီအား ရခိုင်လူမျိုးများ၏ အကျိုးစီပွားကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည့် ရခိုင်အမျိုးသား ပါတီကြီးတရပ်အဖြစ် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

မဇ္ဈိမ

၈၈မျိုးဆက်ကျောင်းသားများ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ခရီးစဉ်


ယနေ့ ( ဇူလိုင်လ၊ ၂၉ ရက် )၊ မွန်းလွဲ ၁း၀၀ နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်ရုံးသို့ ၈၈မျိုးဆက်ကျောင်းသားများ သွားရောက်နှုတ်ဆက်ခဲ့ကြစဉ် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၆လမ်း ( ၈၇လမ်းနှင့် ၈၈လမ်းကြား)ရှိ ပင်လယ်တိုက်၊ ရွှေမန်းအုတ်ကျောင်း၊ နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဆေးခန်းနှင့် ဘုန်းတော်ကြီးသင် အခမဲ့ ပညာဒါနစာသင်ကျောင်း အတွက် စာအုပ်စာတမ်း၊ စာရေးကိရိယာနှင့် ဆေးခန်းသုံးပစ္စည်းများကို ၈၈မျိုးဆက်ကျောင်းသားများမှ သွားရောက်လှူဒါန်းခဲ့ကြပါသည်။
နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဘုန်းတော်ကြီးသင် အခမဲ့ ပညာဒါနစာသင်ကျောင်းအတွက် လှူဒါန်းခဲ့သော ပစ္စည်းများမှာ သူငယ်တန်းမှ အဌမတန်းအတွက် ကျောင်းသုံးပြဌာန်းစာအုပ် အစုံ ၂၀ စီ ၊ လေးကြောင်းမျဉ်းစာအုပ် ဒါဇင် ၂၀၊ ဗလာစာအုပ် ဒါဇင် ၃၀၀၊ ဘောလ်ပင် ဒါဇင် ၁၅၀၊ ခဲတံ ဒါဇင် ၂၀၀၊ ခဲဖျက် ဒါဇင် ၂၀၊ ပေတံ ဒါဇင် ၂၀၊ အလယ်တန်းသုံး ကွန်ပတ်စ် ဘူး ၁၀၀၊ ၀ှိုက်ဘုတ် ၂ ချပ်၊ ၀ှိုက်ဘုတ်မတ်ကာပင် တစ်ဒါဇင်နှင့် မင်အိုးတို့ ဖြစ်ပြီး
နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဆေးခန်းအတွက် လှူဒါန်းခဲ့သောပစ္စည်းများမှာ လူနာများထိုင်ရန် ပလပ်စတစ်ထိုင်ခုံ အလုံး ၁၀၀၊ လူနာ စမ်းသပ်ကုတင် ၃ လုံး၊ သွေးပေါင်ချိန် ကိရိယာ ၃ ခု၊ စားပွဲနှင့် ထိုင်ခုံ တစ်စုံတို့ ဖြစ်သည်။


မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၆လမ်း ( ၈၇လမ်းနှင့် ၈၈လမ်းကြား)ရှိ ပင်လယ်တိုက်၊ ရွှေမန်းအုတ်ကျောင်း၊ နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဘုန်းတော်ကြီးသင် အခမဲ့ ပညာဒါနစာသင်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားလေးများ ( ဇူလိုင်လ၊ ၂၉ ရက် )

ရှစ်လေးလုံး အခမ်းအနား အောင်မြင်ရေး သံဃာတော်များ ပါဝင်ဆောင်ရွက်မည်

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အပါအ၀င် အခြားနိုင်ငံရေး အင်အားစုတွေ ပူးပေါင်းစီစဉ်နေတဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး လူထု
လှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့မှာ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပါဝင်ဆောင်ရွက်ပေးမယ်လို့ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေးအပြီးမှာ သံဃာတော်တွေက သဘောတူညီခဲ့ပါတယ်။

ဒါဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ မိမိတို့ကလည်း ပူးပေါင်း ဆောင်ရွက်နေတယ် ဆိုတာ လက်တွေ့
ပြသချင်တာကြောင့် ဖြစ်တယ်လို့လည်း အစည်းအဝေးကို တက်ရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင် ကိုပြုံးချိုက ပြောပါတယ်။

"အခုအချိန်မှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလည်းရေးမှာ အားလုံး ပါဝင်ပူးပေါင်းနိုင်မယ့် အခွင့်အလမ်းကို ဖန်တီးနေကြတယ်ဆိုတဲ့အတွက်၊ နောက်ပြီး ဒီအရေးတော်ပုံကြီးဟာ နိုင်ငံနဲ့ အ၀န်း ဖြစ်ပေါ်ခဲ့တဲ့အတွက် ဒီအရေးတော်ပုံကြီးမှာ လှုပ်ရှားခဲ့သူများအားလုံးလည်း ဒီအပြောင်းအလဲတွေမှာ ပူးပေါင်းပါဝင်နိုင်မယ့် နည်းလမ်းကောင်းတွေ အကြံဥာဏ်ကောင်းတွေနဲ့ စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်မယ့် အနေအထားကို ဆရာတော်တွေကလည်း သဘောပေါက်တဲ့အတွက် ကြည်ကြည်ဖြူဖြူ လက်ခံကြတာပါ။"
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဘုရားကြီးကျောင်းတိုက် အတွင်း ကျင်းပမယ့် ရှစ်လေးလုံး အခမ်းအနားကို ပရိသတ် ထောင်နဲ့ချီ တက်ရောက်နိုင်အောင် စီစဉ် ဖိတ်ကြားထားတယ်လို့ ကိုပြုံးချိုက ပြောပါတယ်။ သတင်းမီဒီယာတွေလည်း လွတ်လွတ်လပ်လပ်နဲ့ စည်းကမ်းတကျ သတင်းယူနိုင်အောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။


(Photo: 88 Generation Students Group
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်တွင် ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ဝါဆို သင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပရန်အတွက် ဇူလိုင်လ၊ ၂၈ ရက်က
ဖြစ်မြောက်ရေးကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေး ကျင်းပစဉ်။)


၈ လေးလုံး အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပမည့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီး ကျောင်းတိုက် ဖြစ်ပါသည်။ (Photo Courtesy of 88 Generation Students Facebook)


ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ

ရှင်းလင်းပွဲမြင်ကွင်း

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားအား ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၉ရက်နေ့၊ နေ့လည် ၁နာရီက ရန်ကုန်မြို့၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ကျင်းပခဲ့ပါသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်

ယင်းအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ဒုတိယ၀န်ကြီး ဦးဟန်စိန်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့လေကြောင်းတို့မှ တာဝန်ရှိသူများ၊ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ နောက်ခံသမိုင်း၊ မူဝါဒနှင့် ရည်မှန်းချက်များ၊ ရန်ကုန်ဆိပ်ကမ်းရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားများ၊ ရန်ကုန်ဆိပ်ကမ်း၏ လုပ်ငန်း စွမ်းဆောင်နိုင်မှု အခြေအနေ၊ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး Conceptual Plan၊ ပုဂ္ဂလိကအပိုင်းမှ ပါဝင်ဆောင်ရွက်နိုင်ရန် လျာထားသည့် လုပ်ငန်းများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ (Scope of work) ၊ တင်ဒါတင်သွင်းမည့် ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများမှ တင်ပြရမည့် အခြေခံအချက်များစသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လုပ်ငန်းစဉ် ၄ ခုအား ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် လျာထားကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှုး ဦးချိုသန်းမောင်မှ ရှင်းလင်းပြောကြားစဉ်

ယင်းလုပ်ငန်းစဉ်များမှာ ရန်ကုန်ဆိပ်ကမ်း၊ လမ်းမတော်နယ်မြေ (ရွာသစ်ချောင်းနှင့် စဥ့်အိုးတန်းကြား)တွင် နိုင်ငံတကာ အဆင့်မီ ပြည်တွင်းခရီးသွားဆိပ်ကမ်းများ (Inland Port Terminal)အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ခြင်း၊ ဆူးလေဆိပ်ကမ်းတံတား အမှတ် ၁၊ ၂၊ ၃၊ ၄ တို့အား အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေ ထွေကုန်တင်သင်္ဘောကြီးများ ဆိုက် ကပ်နိုင်သည့် ဆိပ်ကမ်းအဖြစ် အဆင့်မြင့်ပြုပြင် တည်ဆောက်ခြင်း၊ ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီ ခရီးသည်တင် ဆိပ်ခံတံတား Modernized Passanger Terminal အဖြစ် ပြောင်းလဲတည်ဆောက်ခြင်း၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ ကမ်းပါးထိန်း ရေကာတံတိုင်းအား မြစ်ဘက်သို့ တိုးချဲ့တည်ဆောက်ခြင်း၊ ဆိပ်ခံဗောတံတားများအား အဆင့်မြင့် ပြုပြင်တည်ဆောက်ခြင်းနှင့် နောက်ခံမြေပေါ်တွင် အပန်းဖြေ အနားယူနိုင်ရေးနေရာများနှင့် ဆိုင်ခန်းများ တည်ဆောက်ခြင်းစသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တင်ဒါတင်သွင်းမည့် ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများအား ခေါ်ယူသွားမည်ဖြစ်ပြီး၊ Joint Venture(J.V)စနစ်၊ BOT စနစ်များဖြင့် ပူးပေါင်း ဆောင်ရွက်ရန် ကနဦးလျာထားသည်ဟု သတင်းရရှိပါသည်။

Eleven Media Group

နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေးပါတီ ၁၄ ပါတီတွေ့ဆုံမည်




နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ၁၄ ခုနှင့်တွေ့ ဆုံမည်ဖြစ်ကြောင်းကို ဇူလိုင်လ ၂၂ ရက်နေ့က စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့က အဆိုပါနိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံမှုတွင် ၀န်ကြီးနှစ်ဦးက နိုင်ငံရေးပါတီ ၁၄ ခုနှင့် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် နိုင်ငံရေးပါတီများမှတင်ပြမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

“၀န်ကြီးနှစ်ဦးက ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းတွေ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လုပ် ဆောင်နေတဲ့အကြောင်းအရာတွေကို ရှင်းပြတယ်။ နောက်ပြီး နိုင်ငံရေး ပါတီတွေဘက်ကလည်း သမ္မတကြီး နဲ့တွေ့ရင် တင်ပြမယ့် အကြောင်းအရာတွေကို ပါတီတစ်ခုချင်းစီကနေ ဆွေးနွေးကြတယ်”ဟု အဆိုပါတွေ့ ဆုံမှုသို့ တက်ရောက်ခဲ့သူ အမျိုးသား ဒီမိုကရေစီပါတီသစ်မှ ပြန်ကြားရေး တာဝန်ခံ ကိုသန်းထွန်းက ပြောပြခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေး ပါတီ ၁၄ ခုတွေ့ဆုံမည့်ရက်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း လာမည့် ရက်သတ္တနှစ်ပတ်အတွင်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရ သည်။

တွေ့ဆုံမည့်နိုင်ငံရေးပါတီ ၁၄ ခုမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည် သူ့ပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ခေတ် သစ်ပြည်သူ့ပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးတိုင်းရင်းသားများကွန်ဂရက်၊ ချင်းတိုးတက်ရေးပါတီ၊ မြန်မာ အမျိုးသားကွန်ဂရက်ပါတီ၊ မတူကွဲ ပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်တို့ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် အဆိုပါနိုင်ငံရေးပါတီများမှ နိုင်ငံတော်အစိုးရနှင့် စတုတ္ထမဏ္ဍိုင် အကြား အငြင်းပွားမှုကိစ္စများကို လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး အဓိကရုဏ်း များနှင့်ပတ်သက်၍ အားနည်းချက် များကိုလည်းကောင်း၊ မအောင်မြင်သော အကျိုးတူပူးပေါင်းလယ်ယာ စနစ်ကိုလည်းကောင်း စသည့်အ ကြောင်းအရာများကို တင်ပြဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်အစိုးရနဲ့ စတုတ္ထ မဏ္ဍိုင်အကြားမှာ အငြင်းပွားမှု ဖြစ်ပေါ်နေတဲ့ကိစ္စမှာ အစိုးရဘက်မှာ ကော စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေမှာပါ အကျိုးမရှိပါဘူး။ စတုတ္ထမဏ္ဍိုင်ဟာ ၂၀၁၀ ရွေးကောက်ပွဲကာ လအတွင်းမှာ ပြည်သူလူထုကို ရွေးကောက်ပွဲ မျက်စိဖွင့်ပေးခဲ့တဲ့တာဝန် ကျေတဲ့မီဒီယာတွေပါ။ အစိုးရနဲ့မီဒီယာကြားမှာ လက်ရှိဖြစ်နေတဲ့အမှုတွေကို ရုပ်သိမ်းပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဒါဟာ ရှေ့နေတစ်ယောက်အနေနဲ့ တောင်းဆိုခြင်းမျိုး မဟုတ်ဘဲ နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ တောင်းဆိုခြင်းသာ ဖြစ်ပါတယ်”ဟု အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောပါသည်။

Eleven Media Group

လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွား လာစေနိုင်

မြေဈေးနှုန်း ကြီးမြင့်သည့် ရန်ကုန်မြို့ ဆူးလေစေတီတော် အနီးဝန်းကျင်ကို တွေ့ရစဉ်

လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာ ပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ အကြံပြု

လုပ်ငန်းရှင်ကြီးအချို့(ဥပမာ -အိမ်ရာ၊ မြေယာ ရောင်းဝယ်ခြင်း) အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံတော်အတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ၏ အကြံပြုချက်စာတမ်းတွင် အကြံပြုထားကြောင်း သိရသည်။

ငွေကြေးအရင်းအနှီး မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်နေသည့် မြေ၊ အိမ်၊ ယာဉ်ရောင်းဝယ်မှုများ အပေါ်တွင်လည်း သင့်တော်သည့်နည်းလမ်းများဖြင့် စနစ်တကျစည်းကြပ်သွားရန် လိုအပ်သည် ဟု တင်ပြထားကြောင်း သိရသည်။

ငွေလဲလှယ်နှုန်း တစ်သမတ်တည်း ဖြစ်စေရေးအတွက် ဆောင်ရွက်နေသော်လည်း ငွေလဲကောင်တာနှုန်း၊ ပြင်ပဈေးနှုန်း၊ FEC ဈေးနှုန်း၊ Earning နှုန်းများ ကွာခြားမှုရှိနေခြင်းတို့ကြောင့် ငွေကြေးလဲလှယ်နှုန်း တစ်မျိုးတည်းဖြစ်အောင် လုပ်ဆောင်သင့်ပြီး ငွေကြေးလဲလှယ်နှုန်း အတက်အကျ ကွာခြားချက် နည်းနိုင်သမျှနည်း၍ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်သင့်ကာ ဈေးကွက်စနစ်ဖြစ်ပေါ်လာရန် လိုအပ်ကြောင်း အကြံပြုထားသည်ဟု သိရသည်။

အခွန်ထမ်းက အခွန်ရှောင်ခြင်း၊ အခွန်ဝန်ထမ်းများက နိုင်ငံထက် ယင်းတို့၏ ကိုယ်ကျိုးအတွက် ဆောင်ရွက်နေခြင်းများကို လျော့နည်းပပျောက်စေမည့် အခွန် မူဝါဒမျိုးချမှတ် ကျင့်သုံးသင့်ကြောင်း၊ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်၊ ရောင်းဝယ် ဖောက်ကားမှု အဆင့်ဆင့်အပေါ်တွင် အခွန်အကြိမ်ကြိမ် စည်းကြပ်ကောက်ခံ ခြင်းများကြောင့် ရရှိသည့်အခွန်သည် သက်ဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီ ကြီးများက ကျခံရခြင်းမဟုတ်ဘဲ သွယ်ဝိုက်သော နည်းအားဖြင့် စားသုံး၊ သုံးစွဲသူများကသာ ကျခံရသည်ကို သတိပြုသင့်ကြောင်း အကြံပြုထား . . .

ယခုအခါ ပုဂ္ဂလိကဘဏ် ၁၁ ခု အား နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ခွင့်ပြုပြီးဖြစ်၍ အက်ဖ်အီးစီ ဆက်လက်ထားရှိသုံးစွဲရန် သင့်မသင့်၊ Stock Exchange စနစ် ဖြစ်ပေါ်လာပါက Stock Share ဈေးကွက် လုခြင်းများ ဖြစ်ပေါ်နိုင်ခြင်း၊ ဗဟိုဘဏ်တွင် စုဆောင်းထားရှိသည့် နိုင်ငံပိုင် နိုင်ငံခြားငွေပမာဏ၊ ရွှေပမာဏနှင့် ဗဟိုဘဏ်မှ ထုတ်ဝေထားသည့် FEC ပမာဏ အခြေအနေများကို အများပြည်သူသိရှိအောင် အချိန်အခါ သတ်မှတ်၍ ထုတ်ပြန်ကြေညာ ပေးသွားသင့်ကြောင်း အကြံပြုတင်ပြထားသည်။

အခွန်ကိစ္စနှင့် ပတ်သက်၍လည်း အမြတ်ခွန်အများဆုံး ပေးဆောင်သော လုပ်ငန်း ၁၀ ခုတွင် အကြီးဆုံးလုပ် ငန်းရှင်များ မပါဝင်ခြင်းမှာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာ စုဆောင်းရရှိမှု မရှိခြင်း၊ ကုမ္ပဏီကြီးများက ဥပဒေနှင့်အညီ ပေးဆောင်မှု မရှိခြင်း၊ အခွန်ရရှိအောင် တာဝန်ယူရသည့်ဌာနများ၊ ၀န်ထမ်းများ၏ ဆောင်ရွက်မှု အားနည်းခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ဂျီဒီပီနှင့် အခွန်ရရှိမှုမှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား ၁၀ ရာခိုင်နှုန်း၊ လာအို ၁၁ ရာခိုင်နှုန်း၊ ဗီယက်နမ် ၂၁ ရာခိုင်နှုန်း ရှိနေချိန်တွင် ၃ ရာခိုင်နှုန်းသာ ရှိပြီး ရသင့်သည့်အခွန် မရရှိသည်နှင့် အမျှ ဘတ်ဂျက်လိုငွေပြပြီး တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေးများတွင် တိုးတက်မှု နှေးကွေးနိုင်ကြောင်း ဖော်ပြထားသည်။

အခွန်ထမ်းက အခွန်ရှောင်ခြင်း၊ အခွန်ဝန်ထမ်းများက နိုင်ငံထက် ယင်းတို့၏ ကိုယ်ကျိုးအတွက် ဆောင်ရွက် နေခြင်းများကို လျော့နည်းပပျောက်စေမည့် အခွန်မူဝါဒမျိုး ချမှတ်ကျင့်သုံး သင့်ကြောင်း၊ ကုန်ထုတ်လုပ်မှုအဆင့် ဆင့်၊ ရောင်းဝယ်ဖောက်ကားမှု အဆင့်ဆင့်အပေါ်တွင် အခွန်အကြိမ်ကြိမ် စည်းကြပ် ကောက်ခံခြင်းများကြောင့် ရရှိသည့်အခွန်သည် သက်ဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီကြီးများက ကျခံရခြင်းမဟုတ်ဘဲ သွယ်ဝိုက်သော နည်းအားဖြင့် စားသုံး၊ သုံးစွဲသူများကသာ ကျခံရသည်ကို သတိပြုသင့်ကြောင်း အကြံပြုထားသည်။

အခွန်မှန်ကန်စွာ ရရှိရေးအတွက် အခွန်အကောက် ကောက်ခံခြင်း ခံရမည့် လူပုဂ္ဂိုလ်(အခွန်ထမ်း)၊ လုပ်ငန်း၊ ပစ္စည်းအားအမျိုးအစားနှင့် အတန်းအစားခွဲခြားခြင်း၊ ကောက်ခံခြင်း ခံရမည့်အရာများ မှန်ကန်သည့်တန်ဖိုး၊ ဈေးနှုန်း၊ သတ်မှတ်ပေးခြင်း၊ ကောက်ခံခြင်း ဆောင်ရွက်မည့်သူများ စနစ်တကျဖွဲ့စည်းခြင်းနှင့် ယင်းတို့ ၏တာဝန်ဝတ္တရားများ သတ်မှတ်ပေးခြင်း၊ အခွန်ကောက်ခံခြင်း ဆောင်ရွက်မည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များအတွက် စည်းမျဉ်းစည်းကမ်းများ တိကျစွာ သတ်မှတ်ပေးခြင်းများအပြင် ပြည်သူများ ယုံကြည်လက်ခံနိုင်သည့် အခွန်မူဝါဒ၊ ရှင်းလင်းလွယ်ကူသည့် အခွန်စနစ်များပါရှိသည့် ဥပဒေများ ကို ခေတ်ကာလနှင့်အညီ ပြန်လည်ရေးဆွဲသွားသင့်ကြောင်း အကြံပြုထားကြောင်း သိရသည်။

ငွေရေးကြေးရေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများ ဟန်ချက်ညီစွာ အပြန်အလှန် အထောက်အကူပြုရေးအတွက် လက်ရှိတွင် ငွေကြေးဖောင်းပွမှု မြင့်မားနေသည့်အတွက် ယင်းကို ထိန်း သိမ်းနိုင်ရန်အတွက် ဘတ်ဂျက်အသုံးစရိတ်များ လျှော့ချခြင်း၊ အခွန်အကောက်များ ပိုမိုရရှိအောင် စွမ်းဆောင်ခြင်းအားဖြင့် ဘတ်ဂျက်လိုငွေပမာဏ ကို လျော့ကျအောင် လုပ်ဆောင်သင့် ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာအောင် စွမ်းဆောင်သင့်ကြောင်း တင်ပြထားသည်။

Eleven Media Group

ကမ္ဘောဇ ဘဏ် က ဗီဇာ ကဒ် စနစ် ကို သုံးမည် ဟုဆို


မြန်မာ နိုင်ငံ မှ ဘဏ်များ သည် ၂၀၁၃ ခုနှစ် တွင် နိုင်ငံ တကာ မှ အီလက်ထရောနစ်
ငွေကြေး လွှဲပြောင်း မှု နှင့်ဝယ်ယူ သုံးစွဲ မှု ပြု နိုင်သည့် ခရက်ဒစ် ကဒ် စနစ် ကို မျှော်
လင့် နေကြ သည် ။

ကမ္ဘော ဇ ဘဏ်က ၂၀၁၃ ခုနှစ် တွင် ၎င်းတို့  ဘဏ် နှင့် အမေရိကန် မှ ခရက် ဒစ်
နှင့် ငွေကြိုတင် သွင်း ၀ယ်ယူသည့် ဒက်ဘစ် ကဒ် ၀န်ဆောင်မှု ကုမ္ပဏီ နှင့် ပူးပေါင်း
ပြီး ကမ္ဘော ဇ ဘဏ်ကဒ်များ ကို ဗီဇာ ကဒ် ဖြင့် ထုတ် ဝေ တော့မည် ဟု ဘဏ်၏ ဒု
တိယ ဥက္ကဌ ဦးသန်းဝေ က ပြောသည်။

ကျွန်တော် တို့  ညှို နှိုင်းနေတဲ့  အဆင့် ပါ ၊ မကြာခင် ကမ္ဘောဇ ဘဏ်ကဒ် တွေ ကို VISA
ကဒ် နဲ့  သုံးမှာ ပါ ဟု ဆိုသည်။

VISA ကဒ် ဖြင့် ငွေ ချေ နိုင်သည့် ၀န်ဆောင်မှု သည် မြန်မာ နှင့် အိမ်နီးချင်း ထိုင်း နိုင်
ဉ် ပင် ရရှိ သည်။

VISA ကဒ် အသုံး ပြု နိုင်ခဲ့ လျှင် နိုင်ငံခြား သား ကမ္ဘာ လည့် ခရီးသည် များ မြန်မာ နိုင်ငံ
သို့  ၀င်ရောက်သည့် အခါ လမ်းခရီတစ်ထောက်ဉ် သုံး မည့် ငွေ ကြေး အတွက် ငွေ သား
စက္ကူ ကို ကြို တင် ထုတ်ထား စရာ မလို တော့ ချေ။

အခြား ဘဏ် ၀န်ထမ်း တစ်ဦး က မူ သူ့  တွင် တရားဝင် သတင်း ထုတ် ပြန်ရန် အခွင့်
မရှိ သော် လည်း Master Card, China Union Paid နှင့် ဂျပန်မှာ ဘဏ် ငွေကြေး
အဖွဲ့ အစည်းများ နှင့် လည်း တိုင် ပင် နေသည် ဟု ဆိုသည်။

VISA ကဒ်ကဲ့ သို့  ပင် Master, Diner နှင့် Discovery တို့ မှာ ခရက်ဒစ် ကဒ်
နှင့် ငွေကြေး လွှဲပြောင်း ၀န်ဆောင်မှု နှင့် ပေးချေ မှုဆောင် ရွက် နေသည့် ကုမ္ပ
ဏီများ ဖြစ်သည်။

Freedom News Group

မြန်မာ အစိုးရ ၀ါကာ အူဒင် ကို တရားစွဲဆို မည်

by FNG on July 28, 2012


HKT၊ ၊အမေရိကန် တွင် နေထိုင်သည့် ရိုဟင်ဂျာ ခေါင်းဆောင် ဒေါက်တာ ၀ါကာ
အူဒင် နှင့် အခြား နှစ်ဦး ကို မြန်မာ အစိုးရ က လိမ်ညာ ၀ါဒဖြန့် မှု ၊ သတင်း
မှား ဖြန့်  ချိမှု၊ လူမျိုးရေး အဓိရုဏ်းဖြစ်စေသည့် ပြော ဆိုမှု များ ဖြင့် ၀ါရှင်တန်
ဒီစီ ရှိ ရှေ့ နေ အချို့  နှင့် တိုင်ပင် ကာ တရားရုံး တစ်ခု တွင် တရား စွဲ ဆို သွား
မည် ဟု FNG မှ သံတမန် သတင်း ရပ်ကွက်ကို ကိုးကား ပြီး စုံ စမ်း သိရှိရသည်။

နေပြည်တော် မြို့  နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အမည် မဖော် လို သည့် မြောက်အမေရိက
ရေးရာ ဌာန အကြီးတန်း အရာ ရှိ တစ်ဦး က ” ပြီးခဲ့ တဲ့ လတွေ က ရခိုင် ပြည်နယ် အရေး
မှာ ဖြစ်ခဲ့ တာ တွေ ကို သူက မီဒီယာ တွေ ကို လိမ်ညာ ပြီး ပြောတယ် လေ ၊ သတင်း
မှာ တွေ သာမက ဓာတ်ပုံ တွေ ကို လည်း မရိုးမသား ထုတ် ပြန်တယ် ” ဟု FNG
ကို ပြောသည်။

ပါမောက္ခ ဒေါက်တာ ၀ါကာ အူဒင်သည် မြောက် အမေရိက တိုက် ရိုဟင်ဂျာ အစည်း
အရုံး ခေါင်းဆောင် တစ်ဦး ဖြစ် ပြီး မြန်မာ နိုင်ငံတွင် ခိုးဝင် နေ ထိုင်သည့် ဘင်္ဂလား
ဒေရှ် ရိုဟင်ဂျာများ အရေး တွင် တက် ကြွစွာ ပါဝင် လှုပ်ရှား သည်။

နေပြည်တော် ကာ ကွယ် ရေး ၀န်ကြီးဌာန အကြီးတန်း အရာ ရှိ တစ်ဦး မှ လာသည့် သတင်း
တစ်ရပ် တွင် မူ ဒေါက်တာ ၀ါကာ အူဒင် ကို အကြမ်းဖက် သမား အဖြစ် သော် လည်း ကောင်း
အကြမ်းဖက်မှု များ ကို ထောက်ခံ အားပေး သူ အဖြစ် သော် လည်း ကောင်း
ကြေငြာ သွား ရန်အစီအစဉ် ရှိ သည် ဟု FNG မှ သိရသည်။

စက်တင်ဘာလ တွင် စတင် မည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၏ အမေရိကန် ခရီးစဉ် ဉ် ရိုဟင်ဂျာ အချို့  သည် ဆန္ဒပြ ရန် စီစဉ် ထား ကြောင်း ၊ ထိုဆန္ဒ
ပြ မှု များ ကို နောက် ကွယ် မှာ ဒေါက်တာ ၀ါကာ အူဒင် က အားပေး အား မြှောက် ပြုထား
ကြောင်း မေရီလန်း ပြည်နယ် မှ ဘင်္ဂါလီ ရိုဟင်ဂျာ လူမျိုး တစ်ဦး ဖြစ်သူ ဆူလေမန် ဖိုင်ဆယ်
က FNG ကို ပြောသည်။

ကျွန်တော်တို့အားလုံး တိုင်နဲ့ခေါင်းနဲ့ ဆောင့်ပြီး သေလိုက်ကြဖို့ကောင်းပြီ ..။

ဒေါ်ခင်ကြည် ရံပုံငွေ ကာတွန်းပြပွဲတွင် ဆင်ဆာထိခဲ့သော ကား...


ယခင် စစ်အစိုးရလက်ထက်
ရခိုင်မှာ လ၀က/နစက သက်ဆိုင်ရာများ လာဘ်စားတာကို ဖော်ထုတ်ချင်နေတဲ့ ရခိုင်သားများ၊ မြန်မာလူငယ်များ ....၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်အမတ်များ၊

ယခင်စစ်အစိုးရလက်ထက် လ၀ကမှ တရားဝင် ထုတ်ပေးခဲ့သော white card လေးသိန်းကျော်ကို လက်မခံချင်သော ရခိုင်တိုင်းရင်းသားများ..။

ယခင်အစိုးရလက်ထက် အမိန့်ကြော်ငြာစာများ၊ ဥပဒေ/နည်းဥပဒေများ အရ လွှတ်တော်ထဲ ရောက်လာခဲ့သော ဘင်္ဂလီလွှတ်တ်ာအမတ်များကို မောင်းထုတ်ချင်သူများ..။

ယခင် စစ်အစိုးရလက်ထက် လယ်သိမ်းခံလယ်သမားများနဲ့ ..လယ်သိမ်းခံ လယ်သမားအခွင့်အရေး တောင်းဆိုသူများ...လွှတ်တော်အမတ်များ။

ယခင်စစ်အစိုးရလက်ထက် အခွန်ရှောင်ထားသော နိုင်ငံတော်သူဌေးများနှင့် စစ်တပ်နောက်ခံ လုပ်ငန်းများကို ဖော်ထုတ်ချင်သော၊ မီဒီယာများ၊ အဖွဲ့အစည်းများ...၊ လွှတ်တော်အမတ်များ။

ယခင် စစ်အစိုးရလက်ထက် အစိုးရဌာနများ၏ လာဘ်စားမှုများ .. ငွေကြေးအလွဲသုံးစားလုပ်မှုများ ငွေစာရင်းကွာဟမှုများကို ဖော်ထုတ်ချင်သော ဂျာနယ်များ...လွှတ်တော်အမတ်များ...။

အားလုံး ... သေလိုက်ကြဖို့ သင့်ပြီ...။
..................................................................................................................................................................
၂၀၀၈ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၄၅

“ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒ
လမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေငြာချက်များကို လည်း
ကောင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံ
တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့
သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ်
အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။”

................................................................................................

အမေစု ဘာ့ကြောင့် လွှတ်တော်ထဲကို အရင် မ၀င်ချင်သလဲ.......။ အခြေခံ ဥပဒေကို ဘာ့ကြောင့် အရင်. ပြင်ချင်ခဲ့သလဲ.....ဘာ့ကြောင့် ကျမ်းမကျိန်ချင်သလဲ.... ...... ခုတော့ .... သိကြပြီလား....။

................................................................................................

အကုန် ... သေလိုက်ကြတော့.. ဘာမှ လုပ်မနေကြနဲ့တော...။

................................................................................................

ခင်ဗျားတို့ မသေချင်ရင်..... အဲဒါကြီးကို အရင်ပြင်ဖို့ကြိုစားကြတော့..။

ဒါကြီးက .. ခင်ဗျားတို့ကို ... ကိုယ်စားမပြုထားဘူး..။

တိုင်းရင်းသားအားလုံး သဘောပေါက် ...။

 Yan Aung- facebook


ဒီပို့ နဲ့ ပါတ်သက် ပြီး ကို ရန်အောင် နှင့် အခြေအတင် ဆွေးနွေး မှုများ


Thway Thit Sar ဘာဆိုင်လို့လဲ ကို Yan Aung ရ...
(စစ်အစိုးရလက်ထက်
ရခိုင်မှာ လ၀က/နစက သက်ဆိုင်ရာများ လာဘ်စားတာကို ဖော်ထုတ် ချင်တာနဲ့)
၂၀၀၈ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၄၅ နဲ့က ဘယ်လိုများ ပတ်သက်နေလို့လဲ လ၀က/နစက တွေ လဘ်စားလို့ သေချာပါတယ်ဆိုရင် တရားစွဲခွင့်မရှိဘူးပေါ့... အဲဒီလို လဘ်စားဖို့ကို အစိုးရက မူဝါဒ၊ လမ်းညွှန်ချက်၊ တာဝန် တစ်ခုအနေနဲ့ ခွင့်ပြုထားတာပေါ့.. အဲလိုလား အဲဒီ ဥပဒေကို ကို Yan Aung နားလည်လို့လား ရှင်းပြပါဦး...
ဘာမှ မဆိုင်ပဲ ဒေါ်ဆုကြည် အခြေခံဥပဒေ ပြင်ဆင်ချင်တာကို နှပ်ကြောင်းပေး ကာဗာ လုပ်ပြီး စုဂုဏ်တင်သွားတာလို့ပဲ မြင်တယ်....
ဒေါ်ဆုကြည် အခြေခံဥပဒေ ပြင်ဆင်ချင်တာနဲ့ တခြားစီပါ... ဒေါ်ဆုကြည်သာ သမ္မတ တက်လုပ်ခွင့် ရှိမယ်ဆိုရင် သူလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို ဒီလောက် စိုင်းပြင်းပြီး မြန်မြန်လုပ်ချင်နေလိမ့်မယ်လို့ မထင်ဘူး...

 -------------------------------

 Yan Aung အဲဒါဆို ကိုသွေး ခင်ဗျားကို ယောက်ျား ပီပီ ကျွန်တော်မေးမယ်..။ ခင်ဗျား ဒီ ဒုဝန်ကြီး စကားကို ထောက်ခံလား..။
ထောက်ခံတယ် .. မထောက်ခံဘူး...။ တစ်ခွန်းတည်းဖြေနော်...။ ယောက်ျားပဲ...။

၁၉၈၈ နောက်ပိုင်း သိမ်းဆည်းခံရသော လယ်ယာမြေများမှာ ယခင်အစိုးရများ အဆက်ဆက်ဥပဒေနှင့် အညီဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများဖြစ်သဖြင့် နောက်ကြောင်းပြန်ဖြေရှင်းပေးနိုင်မည့် အခြေအနေမရှိကြောင်း လယ်/ဆယ် ဒုဝန်ကြီးပြောကြား
http://www.news-eleven.com/index.php?option=com_content&view=article&id=14741%3A2012-07-27-03-58-09&catid=42%3A2009-11-10-07-36-59&Itemid=112


----------------------------------------------

 Htet Lin Thway Thit Sar>ယင်းအဖွဲ့
သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ်
အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။................နားလည်အောင်လို့ရေထားတာပါ.....



-----------------------------------------------

Thway Thit Sar အဲဒါဆိုရင် ကျွန်တော် မေးထားတာ ဖြေကြည့်...

၁၊ လ၀က/နစက တွေ လဘ်စားလို့ သေချာပါတယ်ဆိုရင် တရားစွဲခွင့်မရှိဘူးပေါ့... အဲဒီလို လဘ်စားဖို့ကို အစိုးရက မူဝါဒ၊ လမ်းညွှန်ချက်၊ တာဝန် တစ်ခုအနေနဲ့ ခွင့်ပြုထားတာပေါ့.. အဲလိုလား??

၂၊ ကြံ့ဖွံ့က ဘင်္ဂလီလွှတ်တ်ာအမတ် တွေက ယခင် အစိုးရ လုပ်ဆောင်ခဲ့တဲ့ မူဝါဒ လမ်းညွှန်ချက် လို့ ဘယ်သူပြောနိုင်ပါသလဲ.. မောင်းထုတ်လို့ မရဘူးလို့ကော ပြောနိုင်ပါသလား??

၃၊ ငွေကြေးအလွဲသုံးစားလုပ်မှုများ ငွေစာရင်းကွာဟမှု တွေက အရင်အစိုးရ မူဝါဒ လမ်းညွှန်ချက်တွေလား အဲဒီလို အလွဲသုံးစား လုပ်ပြီး စာရင်းလိမ်တဲ့ သူတွေ ရှိရင် အရေးယူလို့ မရဘူးပေါ့??

အဲဒါလေးတွေပဲ ဖြေကြည့်ပေးပါ ကို Htet Lin... ကို Yan Aung...


--------------------------------------------- 


Kyaw Myolinn ကို ရန်အောင်ပြောတာက လဝက တခုတည်း ပြောတာမဟုတ်ဘူးလေ။

---------------------------------------------

Yan Aung ခင်ဗျားကို ကျွန်တော်ပြောပြီးပြီလေ..။ မူဝါဒ ဆိုတဲ့ ဘောင်ထဲမှာ .. ခင်ဗျား တို့တက်ခဲ့တဲ့ DSA ကနေ တိုက်စည်း အဲဒီကနေ .. နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အထိ အဆင့်မှာတောင် အားလုံးက စင်းလုံးချော အရည်အချင်းပြည်ပမီလို့ အောင်တဲ့သူတွေချည်းပဲလား..။ လိုက်လို့အောင်တဲ့လူ မရှိတော့ဘူးလား..။ ခင်ဗျားအသိဆုံး ....။

ဒါပေမယ့် အားလုံးက စာရွက်စာတမ်းပေါ်မှာ တ၇ားဝင် မဖြစ်သွားကြဘူးလား..။ လမ်းညွှန်ချက်အောက် ဥပဒေအောက် ရောက်မသွားကြဘူးလား.. ခင်ဗျား ရူးချင်ယောင်ဆောင်မနေပါနဲ့..။ ဗိုလ်သင်တန်း ဆိုတာ ဒီကမ္ဘာမှာ ခင်ဗျားတစ်ယောက်တည်း ဖြေဖူးတာမဟုတ်ဘူး.။ ...

အဲဒီလောက်ပြောရင် ခင်ဗျား သဘောပေါက်မှာပါ..။ ဘာမှ ကာကွယ်နေစရာမလိုဘူး..။ အများ မိုးခါးရေသောက်ခဲ့ရတဲ့ခေတ်ကို ခင်ဗျားတစ်ယောက်တည်း ထီးမိုးပြီး ချိုတယ်လို့ပြောနေတာ ရယ်စရာပဲဗျ..။


--------------------------------------------------

 Htet Lin ခက်တောခက်နေပြီ.....၂၀၀၈ နိုင်ငံတော် ဖွဲ့စည်းပုံအခြေ ကိုဆွဲတာဘယ်သူတွေလဲ...ထောက်ခံတာရောဘယ်သူတွေလဲ......သေချာစဉ်းစားပြီးမှ မေခွန်းတွေမေးပါ.........

---------------------------------------------

Yan Aung နောက်တစ်ချက်က ခင်ဗျား ဒီစာကိုလည်း ခင်ဗျား ဖတ်ဦး..။
အစိုးရဟောင်း လက်ထက်က လယ်မြေကို ဘယ်သူတွေ စတင်ဝင်ရောက် နေ၇ာယူခဲ့တယ်ဆိုတာ...။

ခင်ဗျားက ဗိုလ်ချုပ်ဟောင်း ခင်ဗျား ဆ၇ာတွေကို ကာကွယ်ပေးနေတာလား..။

နာမည်ကျော်ကုမ္ပဏီများအပြင် လက်ရှိအစိုးရအဖွဲ့အတွင်းမှ ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ရှိသူအချို့၊ လွှတ်တော်အမတ်အချို့ နှင့် ပတ်သက်ပိုင်ဆိုင်သည့် ကုမ္ပဏီများပါ ပါဝင်ပတ်သက်လျက်ရှိသည် ဟု သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ် အတွင်း၂၀၀၈ ခုနှစ်မှစ၍ ကုမ္ပဏီကြီးများနှင့် တောင်သူများအကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် အတွက် ဟူသော စီမံချက်ဖြင့် ကုမ္ပဏီကြီးများက တောင်သူများနှင့်စတင် လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ သို့သော်ကုမ္ပဏီများနှင့် လုပ်ကိုင်လာသည့်နှစ် ကြာလာသည်အမျှ လယ်ယာများမှာ ကုမ္ပဏီပိုင်ဖြစ်ကုန်ကြောင်း၊ တောင်သူများ လက်လွှတ်ခဲ့ရကြောင်း၊ တောင်သူများ၏ ဆန္ဒအရမဟုတ်ဘဲ မလွန်ဆန်နိုင်၍ လက်လွှတ်ရခြင်းမျိုး များပြားကြောင်း၊ ထို့အတွက် ယခုအခါ ဆန္ဒပြမှုများ၊ တန်ရာတန်ကြေးပြန်လည် တောင်းဆိုမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=14752%3A2012-07-29-04-49-07&catid=42%3A2009-11-10-07-36-59&Itemid=112


----------------------------------------

Thway Thit Sar ကျွန်တော် မေးထား တာကိုပဲ ဖြေကြည့်ပေးပါ လယ်ယာဥပဒေကို ကျွန်တော် မမေးပါဘူး ခင်ဗျား ပြောထားတဲ့ အထဲကပဲ ကျွန်တော် မေးထားတာ ကို Yan Aung လယ်ယာဥပဒေ အတွက် ဆိုရင် အခက်အခဲ အရှုပ်အထွေး တွေ အများကြီး ရှိတယ် ဆိုတာ သိပါတယ်... အဲဒီ လယ်ယာကိစ္စတွေကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းလို့ မရပါဘူး... အရင် အစိုးရ လက်ထပ်က လွန်တာတွေလဲ ရှိပါလိမ့်မယ်.. ဒါနဲ့ ကျန်တာတွေနဲ့ ဘာဆိုင်လို့လဲဗျ.... သိချင်လို့ပါ...

-------------------------------------------

Htet Lin အဖြေလဲရှိတယ်...သိလဲ သိနေတာကိုလာမေးနေသလိုဖြစ်နေတယ်....

--------------------------------------------

Minmin Hlaing ဝန်ထမ်းလာတ်စားဒါတိုင်တိုင်းရင်အဲ့ဒီဝန်ထမ်းရာထူးတိုးသွားတယ်။ကိုယ်တွေ့ကိုပြောပြတ

------------------------------------------------

 Yan Aung ခင်ဗျားကိုပြောမယ်လေ... ခင်ျေားက အရိပ်ပြတောင် အကောင်မမြင်ဘူး ..။ မူဝါဒ ဆိုတာ ငွေပေးရင်အတည်ဖြစ်တယ်လေဗျာ..။ ခင်ဗျား ဟိုလွှတ်တော်အမတ်တွေရဲ့ စာရွက် မြင်ဖူးနေတာပဲ..။ လူမျိုးမှာ ဘာရေးထားလဲ..။

ခင်ဗျား အပြင်မှာ စီးပွားရေးလုပ်ဖူးရင် မူဝါဒတို့ ဥပဒေတို့ထဲကို ၀င်အောင် ဘယ်လောက်ပေးရတယ်ဆိုတာ ခင်ဗျား သိလိမ့်မယ်..။ စာအုပ်ထဲက အတိုင်း ဖြစ်အောင်လုပ်ဖို့ ငွေပဲလိုတယ်ဗျ..။ ဥပမာတစ်ခုပေါ့ဗျာ.. လိုင်စင်တောင် ဆယ့်ရှစ်နှစ်မပြည့်သူ ရခဲ့ဖူးတဲ့ ခေတ်လေဗျာ..။ ကျွန်တော် မှတ်ပုံတင်ပျောက်တာလုပ်တာတောင် နှစ်သောင်းပေးရတယ်.. လက်မှတ်တောင် သူများထိုးပြီးသား လက်ဗွေ သူများ နှိပ်ပြီးသား သွားယူယုံပဲ..။

ကားလိုင်စင်လုပ်တာ ပွဲစားက သူ့လက်မှတ်ထိုးပြီး သူ့ဘာသာသူ လုပ်လာတာ.. သွားယူရုံပဲ..။

အဲဒါတွေက မူဝါဒ လမ်းညွှန်ချက်ကြောင့် တာဝန်အရ ဆောင်ရွက်ချက်တွေ ထဲမှာ အကြုံးဝင်သွားပြီလေ...။

မှတ်ပုံတစ်တစ်ခုလုပ်ဖို့က အဲဒီလောက်မခက်ပါဘူး..။ ငွေပေးရင် အစိမ်းကတ်ကော အဖြူကတ်ကော ရတယ်.။ အဓိက က မူဝါဒတွေ၊ လမ်းညွှန်ချက်တွေ ဥပဒေဘောင်ထဲကို ၀င်တယ်ဆိုတာ အဲဒါတွေကိုပြောတာ..။ ခင်ဗျား ဒါကိုမှမသိ၇င်. အပြင်ထွက် လုပ်စားကြည့်...သိလိမ့်မယ်..

သတ္တုတွင်းနဲ့ the voice ဂျာနယ်ကို ဥပမာကြည့်လေ .. စာရင်းစစ်ချုပ်က လွှတ်တော်မှာ ပထမဆုံးတင်တဲ့ငွေကြေးကွာဟမှုကို the voice က ဖော်ပြတော့ ဘာဖြစ်လို့ တရားစွဲပြိး စာရင်းစစ်ချုပ်ရုံးက ဘာဖြစ်လို့ ၀န်ကြီးဌာနတွေရဲ့ ငွေစာရင်း ကို လွှတ်တော်မှာ မတင်တော့သလဲ..။

ခင်ဗျားကိုတစ်ခုပြောချင်တာက အဲဒီ အခြေခံဥပဒေအမှတ်အောက်က အ၇င်အစိုးရက လုပ်ခဲ့တဲ့လုပ်ရပ်က တိုင်းပြည်အတွက် ကောင်းနေတယ်ဆိုရင်တော့ ခင်ဗျား ဒီဥပဒေကို ကာကွယ်ရတာ... တန်တယ်ဗျ..။ ဒါပေမယ့် အခု .. မတန်ဘူး..။ အပြင်လောက ကိုမသိတဲ့ ကလေးလိုပဲ .. ရှင်းပြရတာ.. မောတယ်ဗျ..။


----------------------------------------

 Yan Aung အဲဒီပုံထဲက မြန်မာလူမျိုးဆိုတာက ဘာသဘောလဲဗျ..။ နေ့တိုင်း ဒီစာရွက်ကို စိစစ်နေတဲ့ ၀န်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လျှောက်တုန်းက ထောက်ခံလက်မှတ်ထိုးပေးတဲ့ ကော်မရှင် က တာဝန်ရှိသူတွေ ဘာ့ကြောင့် မိဘနာမည်နဲ့ လူမျီုးအမည်ရဲ့ ထူးခြားမှုကို မသိချင်ယောင်ဆောင်နေရသလဲဗျ..။ ဆောက်လုပ်ရေး လုပ်ငန်းရှင် ပိုက်ဆံရှိ သူဌေးမို့လို့လား..။

ဥပဒေတွေ၊ နည်းဥပဒေတွေ၊ အမိန့်ကြော်ငြာစာတွေကို အဲဒီလိုနည်းနဲ့ ကျော်ချလို့ ရတယ်ဆိုတာ ခင်ဗျားကို သိစေချင်တယ် ကို သွေးသစ္စာ...။ မူ ဆိုတာ လူကိုခင်ရင် ဟ .. ပေးပါတယ်..။

https://www.facebook.com/photo.php?fbid=405857806116965&set=a.144179475618134.15109.100000782479502&type=3&theater


---------------------------------------------------

Mg Mike Mike ယခင်လူများကို တရားစွဲဆိုခွင့် မရှိသော်ငြား ယခုလက်ရှိ လူများအား ယခုလက်ရှိ ဖြစ်ပျက်နေသော အခြေအနေများပေါ် မူတည်၍ တရားဥပဒေ လမ်းကြောင်းမှ ရင်ဆိုင်ပိုင်ခွင့်၊ တရားနည်းလမ်းအရ ကျင့်သုံးပိုင်ခွင့် ရှိနေဆဲပင်။

သို့ဖြစ်သည့်အတွက် လွှတ်တော်ထဲ ရောက်ရှိနေသည့် အမတ်လောင်း ၂ ဦးအားလည်း ပြန်လည် ရပ်ဆဲပိုင်ခွင့် ရှိပြီး ဖြစ်ပါသည်။ ထိုသို့ရပ်ဆဲသည့်အတွက် အမတ်လောင်း ၂ ဦးမှ မကျေနပ်ပါက မည်သူမျှ တရားစွဲဆိုပိုင်ခွင့် မရှိပါချေ။ အဘယ့်ကြောင့်မူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့်ပင်တည်း။

လမ်းဖြစ်အောင်လျှောက်သော် လမ်းဖြစ်လာပေမည်။


---------------------------------------------------

 Amt Dragon Amt အ၇င်စစ်တပ်ကလုပ်ခဲ့ သမျှကိုပြန်မဖော်ထုတ်စေ
ချင်တာဟာ...သူတို့ မှန်သလားမှားသလား...
စစ်ဗိုလ်တွေလုပ်ရဲရင်မခံရဲတော့ဘူးလား..
အရင်ခရစ္စတီးကျွန်းပေါ်မှာလူတွေအပြုံလိုက်သတ်
ခဲ့တာလိုအမှု့ မျိုးတွေကိုကာကွယ်နေတာလား
အရင်ကအာဏာသုံးပြီးအနိုင်ကျင့်ခဲ့သမျှကို
တာဝန်အရဆောင်ရွက်တာပါဆိုပြီးပြောရုံနဲ့ 
ပြန်ဖော်ထုတ်စစ်ဆေးခွင့်မရှိအောင်လုပ်ထားခဲ့တာပါ..
နောက်ကြောင်းပြန်မလှည့်ကြေးဆိုတဲ့ 
သရဲဘောကြောင်တဲ့ စကားကိုစစ်သားတွေကောင်းကောင်းပြောတတ်နေပါပြီ....:)


----------------------------------------------------

 Kaung Kim Nee သိတာကြာပြီ... ကိုရန်အောင်ရေ...
ဒါကျုပ်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာပဲ...
အဲဒါကြောင့်ဘာမှကိုဝင်မရေးတော့တာ...
ဒါတောင်ခုထိခွပ်ကောင်းကျတုန်း...
သိပ်မကြာတော့ပါဘူး... ပုဂ္ဂိလ်တစ်ယောက်ပြောသလိုပဲပြောတော့မယ်ဗျာ
ဧရာဝတီမြစ်ဟာ...
တရုတ် နဲ့  အိန္ဒိယရဲ့ နယ်ခြားမျဉ်ဲးဖြစ်လာလိမ့်မယ်တဲ့...
ကဲဟိန္နူလုပ်ကျမလား... မဟာယန အနွယ်ထဲဝင်ကျမလားစဉ်းစားကျပေါ့


-------------------------------------------

Zinmar Myint ဘယ်သူ့ ဖက်မှလိုက်ပြောခြင်းမဟုတ်ပါ၊စစ်ဖက်ခေါင်းဆောင်အယုတ်တမာများကိုကာကွယ်ပေးထားသောဥပဒေရေးဆွဲထားတာကိုအခုမှ သိလို့ အလန့် တကြားထ အော်နေသလိုဖြစ်နေပါတယ်၊ဒီဖွဲ့ စည်းပုံကိုလက်မခံနိုင်ပေမယ့်လဲအခုအချိန်၊ အခုအခြေအနေနဲ့ လုပ်လို့ ရသလောက်ချက်ချင်းစလုပ်မှကိုဖြစ်တော့မယ်လို့ တွေးပြီးသန့် ရှင်းတဲ့နိုင်ငံရေးစိတ်ဓါတ်ရှိသူတွေလဲရှိကြပါလိမ့်မယ်၊သူတို့ ကဒီလိုမကောင်းဆိုးဝါးတွေကိုကာကွယ်ပေးထားတဲ့ဟာတွေကိုသိရက်နဲ့ ရှေ့ဆက်တိုးကြတာပါ။မသိလို့ မဟုတ်ပါ၊၉၀ ရွေးကောက်ပွဲ လိုအိုက်တင်ခံနေခဲ့ကြရင်ဒီထက်အသက်တွေကြီးပြီး....ကြီးပြီး.....ကြီးပြီး.....?????

       

သက်ဝင်းအောင်ရဲ့ အရိုးအုတ်ဂူကို နောင်တော်များ သွားရောက် အလေးပြု

ဓာတ်ပုံ- အံ့ဘွယ်ကျော် (၈၈)

မန္တလေးကို ရောက်နေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော် အစရှိတဲ့သူတွေဟာ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလမှာ မန္တလေးထောင်အတွင်း ကျဆုံးသွားခဲ့တဲ့ ညီလေး သက်ဝင်းအောင်ရဲ့ အရိုးအိုး အုတ်ဂူကို ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့၊ နေ့လယ်က သွားရောက် အလေးပြု ခဲ့ကြတဲ့ မြင်ကွင်းပါ။

ကိုသက်ဝင်းအောင်ဟာ ကျောင်းသားခေါင်းဆောင် တဦးလည်းဖြစ်ပြီး ကိုပြုံးချိုရဲ့ ညီအရင်းလည်းဖြစ်ပါတယ်။ အခုအချိန်ထိတော့ ကိုသက်ဝင်းအောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အပြစ်ပေး အရေးယူမှု တစုံတရာ မရှိသေး ပါဘူး။

ရွှေတိဂုံမှာ WiFi ရတော့မယ်


စမတ်ဖုန်းသုံးတဲ့ နိုင်ငံခြားခရီးသည်များအတွက် ရွှေတိဂုံမှာ သတင်းကောင်းတခု ရှိပါတယ်။ WiFi လို့ ခေါ်တဲ့ ကြိုးမဲ့အင်တာနက်ဟာ မကြာခင်မှာ ရွှေတိဂုံကို ရောက်လာတော့မယ် တဲ့။

ရင်ပြင်ပေါ်မှာ စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်၊ အင်တာနက်ထဲဝင်ပြီး Facebook မှာတင်၊ ဟန်ကျပြီပေါ့။

အင်တာနက်မြန်နှုန်းအသင့်အတင့် ရှိရင်တော့ ဟန်ကျပြီပေါ့။

ဘယ်တော့အစပြုမလဲ
သြဂုတ်လဒုတိယပတ်

အချိန်အကန့်အသတ်
နာရီဝက် သုံးနိုင်မယ်

Password ရှိ/မရှိ
ရှိတယ်

အထိုင်စက် ဘယ်မှာလဲ
Router (အထိုင်စက်) နဲ့ နီးရင် အင်တာနက်မြန်နှုန်း ပိုမြန်ပါမယ်။
အထိုင်စက် ဘယ်နားထားမလဲ ရေးမထားပါ။

ဘယ်သူတွေ သုံးနိုင်မလဲ
နိုင်ငံခြားခရီးသည်
(နိုင်ငံခြားခရီးသည်တဦး ရွှေတိဂုံ ၀င်ကြေး ၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၀င်ကြေးပေးဆောင်တဲ့နေရာမှာ ဝိုင်ဖိုင်သုံးဖို့ Password ပေးဖွယ် ရှိပါတယ်)

စနေနေ့ထုတ် မြန်မာ့အလင်းရဲ့ သတင်းက ဒီလိုပါ -

ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ အင်တာနက်အသုံးပြုနိုင်တော့မည်
ရန်ကုန် ဇူလိုင် ၂၇

ရွှေတိဂုံစေတီတော်သို့ လာရောက် ကြည်ညိုကြသည့် နိုင်ငံခြားသားများ အသုံးပြုရန် ဝိုင်ယာလက်/ဝိုင်ဖိုင်ကို တပ်ဆင်ရန် စီစဉ်ထားပြီးဖြစ်၍ သြဂုတ်လ ဒုတိယပတ်အတွင်း စတင်အသုံးပြုခွင့်ရရှိတော့မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးတာဝန်ရှိသူထံမှ သိရှိရသည်။

ယင်းစက်ကို ခရစ်စတယ်လ်ရှိုင်းကုမ္ပဏီက ရွှေတိဂုံစေတီတော် ဂေါပက ရုံးသို့ လှူဒါန်းထားခြင်းဖြစ်ပြီး နိုင်ငံခြားသားများသည် တစ်ဦးလျှင်အများဆုံး မိနစ် ၃ဝ အခမဲ့ အသုံးပြုခွင့်ရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဝိုင်ဖိုင်ကို စေတီတော်ရင်ပြင်တွင် သင့်တော်ရာနေရာ၌ တပ်ဆင်ထားမည်ဖြစ်ကာ စေတီတော်ပေါ်၌ မည်သည့်နေရာမှမဆို အသုံးပြုနိုင်ရန်လည်း စီစဉ်ပေးထားမည်ဖြစ်ကြောင်းသိရှိရသည်။

ဝိုင်ဖိုင်ကို Password ပေးထားမည်ဖြစ်၍ အသုံးပြုလိုသူ အချိန်မရွေးအသုံးပြုနိုင်ရန်အတွက် အသုံးပြုခွင့်ကတ်ထုတ်ပေးမည်ဖြစ်သည်။

စေတီတော်စတင်ဖွင့်ချိန်မှ ပိတ်ချိန်အထိ အချိန်မရွေးအသုံးပြုနိုင်ရန် စီစဉ်ထားမည်ဖြစ်ကာ လောလောဆယ် စမ်းသပ်ကာလအဖြစ် စက်တစ်ခုသာ တပ်ဆင်ထားသော်လည်း နောင်တွင် စေတီတော်မုခ်အားလုံး၌ တပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံး တာဝန်ရှိသူထံမှ သိရှိရသည်။

ဂေါပကအဖွဲ့ရုံးအနေဖြင့်လည်း အင်တာနက်အသုံးပြုနိုင်ကြောင်းကို နိုင်ငံခြားသားများသိရှိစေရန် နီးစပ်ရာဝက်ဘ်ဆိုက်များတွင် တင်ထားပေးမည် ဖြစ်ပြီး ရင်ပြင်ပေါ်တွင်လည်း အင်တာနက်အသုံးပြုနိုင်ကြောင်း ဆိုင်းဘုတ်များလည်းထောင်ကာ ကြေညာထားမည်ဖြစ်သည်။

ရွှေတိဂုံစေတီတော်သို့ ဇူလိုင် ၁ ရက်မှစ၍ ၂၄ ရက်အထိ ဧည့်ဝင်ဦးရေ ၁၄,၃၈၃ ဦး ရှိပြီး ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့်မလေးရှားနိုင်ငံတို့မှ အများဆုံးလာရောက်ကြည်ညိုကြကြောင်းလည်း သိရှိရသည်။

(ဆွေဆွေနိုင်-သတင်းစဉ်)

မြန်မာမွတ်စလင် အစည်းအရုံး ကြေညာချက်

ဇွန်လ၊ စစ်တွေ

"လက်ရှိအကြပ်အတည်းကို အခွင့်ကောင်းယူ၍ မွတ်စလင်အစွန်းရောက်များ၏ ဘာသာရေးဆိုင်ရာ အမြတ်ထုတ် သွေးထိုး လှုံ့ဆော်မှုမှန်သမျှကို ပြင်းထန်စွာ ရှုံ့ချသည်" လို့ မြန်မာမွတ်စလင် အစည်းအရုံးရဲ့ သောကြာနေ့ရက်စွဲတပ် ကြေညာချက်တစောင်မှာ တွေ့ရပါတယ်။

ဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူများအဖြစ် ဗြိတိန်၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုတို့မှာ ရှိနေသူ သုံးဦးနဲ့ သူတို့ရဲ့ ဖုန်းနံပါတ်တွေကိုလည်း တွေ့ရမှာပါ။

အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွါးနေခဲ့သော အထိကရုဏ်းများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ခြင်း

၁။ ဇွန်လ(၅)ရက်၊ ၂၀၁၂ခုထုတ် အစိုးရသတင်းစာများက “မွတ်စလင်ကုလားများ၏ ရခိုင်အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက်ယုတ်မာမှုများ” ဟူသော ရေးသားချက်များဖြင့် သာမန်ရာဇဝတ်မှုတစ်ခုကို လူမျိုးရေး ဘာသာရေး မုန်းတီးမှု ပဋိပက္ခအသွင် ဖြစ်ပေါ်လာအောင် စတင်လှုံ့ဆော်ခဲ့သည်။

၂။ သမ္မတရုံးညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေးက မှူးဇော်အမည်ဖြင့် “ဘင်္ဂလားဒက်ရှ်က ရိုဟင်ဂျာ လက်နက်ကိုင်တွေ ဗမာပြည်ထဲ ကျူးကျော်လာပြီဆိုသော မမှန်သတင်းမှစ၍ လူသားချင်းစာနာ ထောက်ထားမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောစေလိုကြောင်းက အလယ် ရခိုင်လူထုရဲ့ အသက်ကို အကာအကွယ်ပေးဖို့က အဆုံး” ၄င်း၏ Facebookမှ တာဝန်မဲ့ ဆက်တိုက်ရေးသား သွေးထိုးလှုံ့ဆော်လာခဲ့သည်။

၃။ ထို့နောက် အပြန်အလှန် စွပ်စွဲမှုများနှင့် တိုက်ခိုက်မှုများအပြင် သက်ဆိုင်ရာ အစိုးရအဆင့်ဆင့်၏ မမျှ မတ ဘက်လိုက် ကျင့်သုံးသည့် သတင်းများလည်း ရှေ့ဆင့် နောက်ဆင့် ထွက်ပေါ်လာခဲ့သည်။

၎။ တစ်ဖန် တရားမဝင် ခိုးဝင်လာသူများကို ဆန့်ကျင်ရေးနှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အဆက်ဆက်က အသိအမှတ်ပြုထားသော အစ္စလာမ်ဘာသာနှင့် နိုင်ငံသား မြန်မာမွတ်စလင်များကို ဆန့်ကျင်တိုက်ခိုက်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာသည်။

၅။ ပြည်တွင်းမီဒီယာ အချို့နှင့် Facebooks များက ရိုဟင်ဂျာဆန့်ကျင်ရေးနှင့် မွတ်စလင် ဆန့်ကျင်ရေးများကို ထွေးရောယှက်တင် ဖေါ်ပြနေကြသော်လည်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အာဆီယံအပါအဝင် နိုင်ငံတကာ အစိုးရများ၊ အိုအိုင်စီ(OIC)၊ မွတ်စလင်နိုင်ငံများက ပြည်သူများနှင့် ကုလသမဂ္ဂစသည်တို့က လူနည်းစု အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာများ နှိပ်စက်သတ်ဖြတ်မှု ခံနေရသော သတင်းများအပေါ်တွင် စိုးရိမ်မကင်းဖြစ်ကြကြောင်း ထုတ်ဖေါ်ပြောဆိုလာကြသည်။

၆။ တစ်ဆက်တည်းမှာပင် နိုင်ငံအချို့ရှိ မွတ်စလင်အစွန်းရောက်များကလည်း မြန်မာပြည်ကို ဘာသာရေးစစ်ပွဲ(ဂျီဟတ်) ဆင်နွှဲမည်ဟူသော ခြိမ်းချောက်မှုများကိုလည်း စိုးရိမ်ဖွယ်ရာ ကြားသိလာရသည်။

၇။ အစွန်းရောက်များ၏ လှုံ့ဆော်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့သော အထိကရုဏ်းများတွင် သေကြေ ပျက်ဆီး ဆုံးရှုံးခဲ့ကြသော နှစ်ဖက်သော ပြည်သူများအတွက် အထူးဝမ်းနည်း ကြေကွဲရပါသည်။
ထိုအရေးအခင်းကြောင့် ပြည်သူတစ်ရပ်လုံးလိုလားသော လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ကျန်ရှိသေးသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ အလုပ်သမားနှင့် လယ်သမားအခွင့်အရေးစသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအားလုံးသည် နိုင်ငံတော်လုံခြုံရေးဟူသော ခေါင်းစဉ်အောက်တွင် တင်းမာသူများအလိုကျ မှေးမှိန်အားပျော့လာသည်ကိုလည်း စိတ်မကောင်းကြီးစွာဖြင့် တွေ့မြင်နေရသည်။

ထို့ကြောင့် မြန်မာမွတ်စလင်အစည်းအရုံး၏ သဘောထားကို ယခုကဲ့သို့ ရှင်းလင်းစွာ ထုတ်ပြန်လိုက်သည်။

(က) ရိုဟင်ဂျာကိစ္စအပါအဝင် တိုင်းရင်းသား၊ နိုင်ငံသားပြသနာများကို (တိုင်းရင်းသားလူမျိုးများဟူသော ဝေါဟာရအား အခြေခံဥပဒေတွင် သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖေါ်ပြထားခြင်း မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင် ပြောဆိုခဲ့ပြီးဖြစ်သည်။)
အစိုးရ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များပါဝင်ပြီး နိုင်ငံတော် လုံခြုံရေးကိုလည်း မထိခိုက်စေ၊ နိုင်ငံတကာစံများနှင့်လည်း ညီစေသော ကွန်ဖရင့်ကြီးတစ်ခုဖြင့် အပြီးသတ် ဆုံးဖြတ်ချက်များရယူရန်။

(ခ) နိုင်ငံတော်အတွင်း တရားဝင်နေထိုင်သူ နိုင်ငံသားများကို မည်သည့်ဘာသာ၊ မည်သည့်လူမျိုးပင်ဖြစ်စေ တည်ဆဲတရားဥပဒေများအရ တန်းတူရည်တူ အသိအမှတ်ပြု အကာအကွယ်ပေးရန်။

(ဂ) တရားမဝင် ခိုးဝင်လာသူများနှင့် ခိုးဝင်ခွင့်ပြုသူများကို ထိရောက်စွာ အရေးယူရန်။

(ဃ) အထိကရုဏ်းဖြစ်ပွါးအောင် လှုံ့ဆော်သူများနှင့် အထိကရုဏ်းကာလအတွင်း ဥပဒေမဲ့ကျူးလွန်သော ရာဇဝတ်မှုများကို ဖေါ်ထုတ်၍ ကျောသား ရင်သား မခွဲခြားဘဲ နောက်နောင် မကျူးလွန်ဝံ့အောင် ထိရောက်ဟန့်တားသော အပြစ်ဒါဏ်များ ချမှတ်ရန်။

(င) အထိကရုဏ်းများကြောင့် ကျိုးကြေသွားရရှာသော လူ့အဖွဲ့အစည်းနှစ်ခု ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် သင့်မြတ်ရေးအတွက် ပြည်တွင်း ပြည်ပမှ ထိရောက်အားကောင်းသော အကူအညီများကို အလျှင်အမြန်ရယူရန်။

(စ) နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စိုးရိမ်ပူမှုများနှင့် ကောလာဟလများ၏ အခြေခံအကြောင်းရင်းမှာ သတင်းလွတ်လပ်ခွင့် မရှိခြင်းကြောင့် ဖြစ်ရသဖြင့် နိုင်ငံတော်အစိုးရသည် တစ်စုံတစ်ရာ ဖုံးကွယ်ထားရန် အကြောင်းမရှိဟု မိမိကိုယ်ကို ယုံကြည်မှုရှိပါက နိုင်ငံတကာ သတင်းဌာနများကို လွတ်လပ်စွာ လာရောက်ခွင့်ပြုရန်။

(ဆ) ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နိုင်ငံသားအချင်းချင်း ပြည်ထောင်စုအတွင်း ချစ်ကြည်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ကော်မရှင်တစ်ခုဖွဲ့စည်း ဆောင်ရွက်ပေးရန်။

(ဇ) လက်ရှိအကြပ်အတည်းကို အခွင့်ကောင်းယူ၍ မွတ်စလင်အစွန်းရောက်များ၏ ဘာသာရေးဆိုင်ရာ အမြတ်ထုတ် သွေးထိုး လှုံ့ဆော်မှုမှန်သမျှကို ပြင်းထန်စွာ ရှုံ့ချသည်။ မြန်မာမွတ်စလင်များသည် သမိုင်းစဉ်လာအရ တိုင်းပြည်ကို သစ္စာခံသော တိုင်းချစ်ပြည်ချစ် မြန်မာတိုင်းရင်းသားများသာဖြစ်သဖြင့် ပြည်ပက ဘာသာရေး၊ လူမျိုးရေး သွေးထိုးစွက်ဖက်မှုမှန်သမျှကို တိုင်းရင်းသားပြည်သူများနှင့် လက်တွဲ၍ ပြည်ထောင်စု၏ အချုပ်အခြာကို သက်စွန့်ကြိုးပမ်း ကာကွယ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ထုတ်ပြန်လိုက်သည်။

မြန်မာမွတ်စလင် အစည်းအရုံး
ဇူလိုင်(၂၇)ရက်၊ ၂၀၁၂

Media Contact;
ကိုကျော်စွာ +44 782 842 6801(UK) kyawzwa@b-m-a.org;
ဒေါ်မော်လီ +1 416 516 7383 Canada law4women@gmail.com;
Ma Yasmin +1 408 250 6227(USA) yasnohana@sbcglobal.net;

Saturday, July 28, 2012

လူမျိုးများ မှတ်ပုံတင်ကဒ်ပြားနဲ့ လူလည်လုပ်တဲ့အစိုးရ


မြန်မာနိုင်ငံမှာ အသက်ပြည့်ပြီးသူ နိုင်ငံသားတွေကို မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးတဲ့ စနစ်ဟာ ၁၉၅၇ ခုနှစ် ဝန်းကျင် လောက်မှာ စတင်ခဲ့တယ်လို့ လူကြီးတွေပြောတာ ကြားခဲ့ဖူးပါတယ်။ ဒီအတိုင်းဆိုရင် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ကို ကိုင် တဲ့စနစ်က နှစ်ပေါင်း ၅၅ နှစ်တောင် ရှိပြီပေါ့။ ဒါပေမယ့် နိုင်ငံသားတိုင်း မှတ်ပုံတင်ကိုင်နိုင်ပြီလားဆိုတော့လည်း အဲသလို မဟုတ်ပြန်သေးဖူး။ မြို့ကြီးပြကြီးတွေနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ ဒေသတွေက နိုင်ငံသားတွေအဖို့ မှတ်ပုံ တင်ကဒ်ပြားရရှိဖို့ လွယ်ကူပေမယ့် နယ်စွန်နယ်ဖျား လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသက ပြည်သူတွေနဲ့ စစ်မက် ဖြစ်ပွားနေတဲ့ ဒေသက ပြည်သူတွေအဖို့တော့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား ရရှိဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ လူဦးရေ သန်းပေါင်း တထောင့်တရာကျော်သွားပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ အခုအထိ မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။ ပါလီမန် ဒီမို ကရေစီ ဘိုးအေနိုင်ငံဖြစ်တဲ့ အင်္ဂလန်မှာလည်း အခုအထိ မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။ လိုအပ်ရင် ပတ်စ်ပို့တို့၊ ကား လိုင်စင်တို့၊ ကျောင်းသားကဒ်တို့၊ တခြားဘာကဒ် ညာကဒ်တွေကို ထုတ်ပြကြရတယ်။ ထားပါတော့။ ဒါက သူတို့အ ကြောင်းနဲ့ သူတို့ မှတ်ပုံတင် မရှိကြသေးတာ။

အခုလက်ရှိ အခြေအနေမှာ ကရင်ပြည်နယ် မွန်ပြည်နယ် ရှမ်းပြည်နယ်တွေထဲက မြို့နယ်တချို့မှာ နိုင်ငံသားမှတ်ပုံတင် ကဒ်ပြားတွေ ထုတ်ပေးနေတာတွေ့ရပါတယ်။ တခါမှ နိုင်ငံသားမှတ်ပုံတင်ကဒ်ကို မကိုင်ဖူးခဲ့တဲ့ ဒေသခံတွေအဖို့ ဝမ်းသာ စရာပေါ့။ ဒါပေမယ့် ဒီလို နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားတွေကို ထုတ်ပေးတဲ့ နေရာမှာ ပြဿနာတွေ ရှိနေတာကို တွေ့ရ ပြန်တယ်။ အဲဒီ ပြဿနာကတော့ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများရဲ့ လူမျိုးနာမည်နောက်မှာ မြန်မာဆိုတဲ့ လူမျိုး နာမည်ကို တွဲပြီးမှ မှတ်ပုံတင်ကို ထုတ်ပေးနေတာပဲ ဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ မှီတင်း နေထိုင်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်တိုင်းမှာ သူတို့ရဲ့ လက္ခဏာ သတ်မှတ်ချက်တွေ ရှိထားပြီးသားလည်း ဖြစ်ပါတယ်။ ရှမ်းက ရှမ်းလူမျိုး၊ မွန်က မွန်လူမျိုး၊ ရခိုင်က ရခိုင်လူမျိုး၊ ကချင်က ကချင်လူမျိုး စသဖြင့် သက်ဆိုင်ရာမျိုးနွယ်ကို ကိုယ် စားပြုတဲ့ အမည်နာမတွေ ရှိထားပြီးသားလည်း ဖြစ်ပါတယ်။ ဒီလို လူမျိုးတခုရဲ့ အမည်လက္ခဏာ သတ်မှတ်ချက်ကို ဘယ်သူကမှ ပြောင်းလဲခွင့် မရှိသလို၊ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး အတင်းအကျပ် ပြောင်းလဲခိုင်းတာဟာလည်း မတရားတဲ့ လုပ်ရပ်ပါ။

ဥပမာပြောရမယ်ဆိုရင် မွန်ပြည်နယ်ထဲက တချို့ မြို့နယ်တွေမှာ မှတ်ပုံတင် ထုတ်ပေးတဲ့ အခါမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက မိဘနှစ်ပါးစလုံး မွန်လူမျိုးဖြစ်ပေမယ့် သူတို့ရဲ့သားသမီးတွေကို မွန်လူမျိုးလို့ မှတ်ပုံတင်ထဲ မှာ သတ်သတ်မှတ်မှတ် ဖော်ပြခြင်းမပြုဘဲ မွန်မြန်မာဆိုပြီး သူတို့ဟာသူတို့ လုပ်ချလိုက်တယ်။ ဒါနဲ့ ပတ်သက်လို့ ဒေသ ခံ မွန်အမျိုးသားတွေက မွန်လူမျိုးအဖြစ်သာ ဖော်ပြပေးဖို့ တောင်းဆိုတဲ့အခါမှာ လူဝင်မှုကြီးကြပ်ရေးက အရာရှိများက ပြန်ပြင်မပေးနိုင်ဘူးလို့ ငြင်းတယ်လို့လည်း သိရတယ်။ ဒါ့အပြင် အဲသည့် မှတ်ပုံတင်ကို မယူချင်နေပြန်တော့ ပြင်မပေး နိုင်ဘူးလို့ အနိုင်ကျင့်တာမျိုး ခံရတယ်။ လူမျိုးတမျိုးရဲ့ လက္ခဏာသတ်မှတ်ချက်ကို အစိုးရအာဏာပိုင်တွေက ဇွတ်အ တင်း ပြောင်းလဲတယ်ဆိုတာ လုံးလုံးမဖြစ်သင့်ဖူး။ တချို့ဒေသတွေမှာတော့ အာဏာပိုင်တွေက မွန်မြန်မာလို့ မဖော်ပြပေ မယ့် မွန်ဗုဒ္ဓဘာသာလို့ ဖော်ပြပြန်တယ်။ မွန်လူမျိုး အများစုဟာ ဗုဒ္ဓဘာသာဖြစ်တာမှန်ပေမယ့် ကျန်တဲ့ ဘာသာတွေကို ကိုးကွယ်ယုံကြည်တဲ့ မွန်လူမျိုးများလည်း ရှိနိုင်သေးတဲ့အတွက် ဒီလိုဇွတ်အတင်း သတ်မှတ်ပေးတာဟာ မတရားတဲ့လုပ် ရပ်လို့ ဝေဖန်ရမှာပဲ။

တခါ ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်၊ကရင်ပြည်နယ်ထဲက ဖာပွန်နဲ့ ကြာအင်းဆိပ်ကြီးဒေသတွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက နော်ဝေဒုက္ခသည်ကောင်စီ (Norwegian Refugee Council) အဖွဲ့နဲ့ ပူးပေါင်းပြီး ကရင် အမျိုးသားများကို မှတ်ပုံတင်တွေ ထုတ်ပေးနေပါတယ်။ တခါမှ မှတ်ပုံတင် မကိုင်ဆောင်ဖူးတဲ့ နယ်စွန်နယ်ဖျားက ကရင် အမျိုးသားတွေအဖို့ ဒါဟာဝမ်းသာစရာပေါ့။ ဒါပေမယ့် မှတ်ပုံတင်ထုတ်ပေးတဲ့ အာဏာပိုင်တွေက မှတ်ပုံတင်ထဲမှာ ကရင် အမျိုးသားလို့ သတ်သတ်မှတ်မှတ် ဖော်ပြခြင်းမပြုဘဲ ကရင်မြန်မာဆိုပြီး လုပ်ပြန်တယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေသခံ ကရင် လူမျိုးတချို့က ကရင်မြန်မာအစား ကရင်လူမျိုးသာ ဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုပေမယ့် အာဏာပိုင် တွေက လစ်လျူရှု ထားပါတယ်။

အဲဒါအပြင် မှတ်ပုံတင်ထုတ်ပေးရာမှာ ဗုဒ္ဓဘာသာ၊ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်သူ စသဖြင့် အတိအလင်း ဖော်ပြနေခြင်းဟာ သွယ်ဝှိုက်သောနည်းအားဖြင့် ဘာသာရေးအရ ခွဲခြားတဲ့လုပ်ရပ်လို့ ထောက်ပြလိုတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတဲ့ အချက်ကပဲ မှတ်ပုံတင်ထုတ်ပေးရေးအတွက် အဓိကလို့ မြင်ပါတယ်။ ဒီမိုကရေစီ တိုင်း ပြည်တွေက နိုင်ငံသားတွေရဲ့ မှတ်ပုံတင်တွေမှာ အမည်၊ မွေးနေ့၊ နေရပ်လိပ်စာ၊ စသဖြင့်သာ ယေဘုယျအားဖြင့် ပါဝင်ပါ တယ်။ ဘယ်ဘာသာကို ကိုးကွယ်တယ်ဆိုတာမျိုးကို ထည့်သွင်းဖော်ပြလေ့ မရှိတာကို တွေ့ရပါတယ်။ မှတ်ပုံတင်ဆိုတာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတခုသာ ဖြစ်တယ်။

ဗိုလ်ချုပ်နေဝင်း ဦးဆောင်ခဲ့တဲ့ ဆိုရှယ်လစ်အစိုးရ လက်ထက်တုန်းက မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ ပျံ့နှံ့ နေထိုင် တဲ့ ကူကီးခေါ် အရှိုချင်းအမျိုးသားတွေကို စစ်တပ်အင်အားသုံးပြီး အိန္ဒိယနိုင်ငံဖက်ကို နှင်ထုတ်ခဲ့ဖူးတာ ဖြစ်ခဲ့တယ်။ အချို့သော အရှိုချင်းအမျိုးသားများက သူတို့ကိုသူတို့ ကူကီးချင်းလို့ ခေါ်ဝေါ်သတ်မှတ်ပါတယ်။ သူတို့ကို ကူကီးလို့ ခေါ် စေချင်တယ်။ ကူကီးချင်းဆိုတာ အိန္ဒိယဖက်ကသတ်မှတ်တဲ့ လူမျိုးနာမည်သာဖြစ်တယ်လို့ မြန်မာအာဏာပိုင် တွေဖက် က မြင်ထားတယ်။ မြန်မာပြည်ထဲမှာ နေထိုင်မယ်ဆိုရင် အရှိုချင်း ဆိုတဲ့ နာမည်ကိုသာ ခံယူရမယ်လို့ အစိုးရဖက်က ဖိ အားပေးပါတယ်။ နောက်ဆုံးမှာတော့ ကူကီးချင်းလို့ ခံယူတဲ့ အုပ်စုတချို့ဟာ စစ်တပ်ရဲ့ အနိုင်ကျင့်မှု တွေကြောင့် အိန္ဒိယ နယ်စပ်ဖက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ တချို့ကတော့ မပြေးနိုင်တဲ့အတွက် အရှိုချင်းလို့ အခေါ်ခံရပေမယ့် သူတို့စိတ် ထဲမှာတော့ သူတို့ဟာသူတို့ ကူကီးလို့ သတ်မှတ်တာကိုတော့ ဘယ်သူက တားနိုင်မှာလဲ။ ဆိုလိုချင်တာကတော့ ကူကီး ဆိုတဲ့ ဖြစ်တည်မှုဟာ ဆက်ရှိနေတယ်။ အမြစ်ဖြတ်သတ်ပစ်လိုက်လို့ မရနိုင်ဘူးဆိုတာကို ထောက်ပြချင်တာပါ။

လူမျိုးတိုင်းလူမျိုးတိုင်းမှာ သူတို့ရဲ့ လူမျိုးနာမည်များ ရှိပါတယ်။ ဒါဟာ သူတိုရဲ့ နှစ်ပေါင်းများစွာကထဲက ဖြစ်တည်လာ တဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုဖြစ်စဉ်များအရ တည်ရှိလာတဲ့ အမျိုးသားနာမည်များ ဖြစ်ပါတယ်။ လူမျိုးတိုင်းဟာ သူတို့ ရဲ လူမျိုးအမည်နာမကို တန်ဖိုးထား ချစ်မြတ်နိုးတာဖြစ်တဲအတွက် လူမျိုးနာမည်ကို အာဏာသုံးပြီး အတင်းအကျပ် ပြောင်းလဲခြင်းဟာ ဘယ်လိုမှ မဖြစ်ထိုက်တဲ့ လုပ်ရပ်မျိုးလို့ ဆိုပါရစေ။ မြန်မာနိုင်ငံဟာ နောင်လာမယ့် အနာဂတ်အတွက် ရေရှည်တည်တန့် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်လိုတယ်ဆိုရင် လူမျိုးများအကြား တန်းတူညီမျှတဲ့ လုပ်ရပ်မျိုးနဲ့ သက်သေပြဖို့ လိုပါတယ်။ လက်ရှိမှာ လူဦးရေအရ အများစုဖြစ်တဲ့ မြန်မာတွေက နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားပါ တယ်။ ဒီလို အခြေအနေမျိုးမှာ တခြားသော အမျိုးသားတိုင်းရင်းသားများကို မြန်မာလူမျိုးသာ ဖြစ်ရမယ် (သို့မဟုတ်) မြန်မာတပိုင်း တိုင်းရင်းသားတပိုင်း ဖြစ်ရမယ်လို့ သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ဖိအားပေးဆောင်ရွက်တာမျိုးကို ရှောင်ရှားဖို့လိုတယ်။ မရှောင်ရှားနိုင်ရင် တိုင်းရင်းသား အမျိုးသားများဖက်က သူတို့ကို မြန်မာဇာတ်အတင်း သွတ်သွင်း တယ်လို့ မြင်မှာပဲ။ ဒီလိုမျိုးသာ ဆက်တိုက်ဖြစ်နေရင် ရေရှည်အတွက် မကောင်းနိုင်ပါဘူး။

နယ်စွန်နယ်ဖျား ဒေသများမှာ နိုင်ငံသားမှတ်ပုံတင်တွေ ထုတ်ပေးနေတာကတော့ ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုနိုင် ပေမယ့် မှတ်ပုံတင်ထဲမှာ ကာယကံရှင် တိုင်းရင်းသားတွေရဲ့ လူမျိုးနာမည်အစစ်အမှန်ကို ဖော်ပြပေးခြင်းမပြုဘဲ တိုင်းရင်း သားလူမျိုး နာမည်တွေကို မြန်မာလူမျိုးနာမည်နဲ့ ပေါင်းစပ်ပေးတာမျိုးကတော့ သွယ်ဝှိုက်ပြီး လူမျိုးကြီးဝါဒကို ဆောင်ရွက် နေသလိုမျိုး ဖြစ်နေပါတယ်။ မြန်မာတွေဟာ တိဘက်ဒေသကနေ ပြောင်းရွှေ့အခြေချလာတာကြောင့် မနုဿဗေဒ ပညာ ရှင်များက တိဘက်မြန်မာလို့ သတ်မှတ်ပါတယ်။ သို့သော်လည်း သမိုင်းကြောင်းအရ မြန်မာလူမျိုးဟာ တလျှောက်လုံး ကိုယ့်ဟာကို မြန်မာလို့သာ သုံးနှုန်းခဲ့ပါတယ်။ တိဘက်နဲ့ မြန်မာဆိုတဲ့ လူမျိုးနာမည်ကို တွဲပြီးသုံးခဲ့ဖူးတယ်လို့ တခါမှ မကြားဘူးပါဘူး။ တစုံတယောက်က မြန်မာတွေကို တိဘက်မြန်မာလို့ ခေါ်သင့်တယ်လို့ပြောလာရင် မြန်မာတွေလက်ခံ မှာလား။ စစ်ဗိုလ်ချုပ်တွေကော လက်ခံမှာလား။ ကိုယ့်ကိုသူများက အဲသလိုလုပ်လာတာကို လက်မခံဘူးဆိုရင် သူများ ကိုလည်း ကိုယ်ကသွားမလုပ်ဖို့ နားလည်သင့်တယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ နာမည်တွေကိုလည်း သူတို့ရဲ့ လက္ခဏာသတ်မှတ်ချက်အတိုင်း အသိအမှတ်ပြု သုံးစွဲဖို့လိုအပ်ကြောင်း ပြောပါရစေ။

ဇော်မင်း
၂၆ ရက်၊ ဇူလိုင်လ၊ ၂ဝ၁၂ ခုနှစ်

ရွက်မွန်မှ ကူးယူဖေါ်ပြသည်။

ကျမတို့မှာ ခေါင်းဆောင်မရှိဘူး .. ရှင်တို့မှာခေါင်းမရှိဘူး


ဒီကဗျာလေးကိုလည်း ရွက်သစ်ကလောင်နာမည်နဲ့ ၂၀၁၀ လှိုင်သာယာစက်မှုဇုံ ဆန္ဒပြပွဲတွေစလာတဲ့အချိန်တုန်းက အဲ ဒီနေရာအထိသွားပြီး သူတို့မျက်နှာလေးတွေကိုကြည့်ပြီး ပြန်ရောက်တော့ရေး ဖြစ်ခဲ့တာပါ။ ခုနောက်ပိုင်းမှ လှိုင်သာယာ ဆန္ဒပြပွဲတွေဆိုတာ လူတိုင်းသိလာတာပါ။ ဒီကဗျာကို သူငယ်ချင်းတယောက် ပြည်ပက ၀ဘ်ဆိုဒ်တခုကို ကျနော်မသိခင် လှမ်းပို့လိုက်ပြီး ပြည်ပမှာအခြေချနေတဲ့ ကဗျာဆရာမ (နိုင်ငံရေးကဗျာတွေ)တယောက်ကနည်းနည်းကို များများလှုံ့ဆော် ရေးတဲ့ ကဗျာဆိုပြီး ကဗျာအောက်မှာကွန်မန့်ပေးသွားခဲ့တာလေးကို စိတ်မကောင်းဖြစ်လွန်းလို့ သိမ်းထားခဲ့တာပါ။ ခုမှ ပြန်ရှယ်လိုက်ပါတယ်။ အဲဒါတွေဟာ အမှန်တရားတွေဟုတ် မဟုတ် အခု ကဗျာဖတ်သူဆီက သက်သေပြုပေးဖို့ အကူ အညီတောင်းပါရစေ….။

“ကျမတို့မှာခေါင်းဆောင်မရှိဘူး .. ရှင်တို့မှာခေါင်းမရှိဘူး”

ငယ်ငယ်က
ဥရောပကျွန် တော်လှန်ရေးသမိုင်းမှာ
အဖမ်းခံရတဲ့ ကျွန်သူရဲကောင်းတွေအကြား
ဘယ်ကောင်လဲ စပါတာကပ်လို့မေးတော့
အားလုံးမတ်မတ်ရပ်ပြီး
ငါပဲ၊ ကျုပ်ပဲ..၊ ဒီမှာပဲ .. ဆိုပြီး
တော်လှန်သူအားလုံးက သောင်းသောင်းဖျဖျ
ရင်ကော့ဖြေခဲ့ကြတယ်
ငါ့ငယ် အိမ်မက်ထဲကသူရဲကောင်းတွေလေ
ကြက်သီးတွေ ဖြန်းဖြန်းဝေ အားကျခဲ့ဖူးတယ်….။

အခု အရှင်လတ်လတ်ကြီး မြင်တွေ့ခဲ့ရပြီ
ဒါပေမယ့်
စပါတန်တွေလို့ ယောင်္ကျားတွေမဟုတ်ဘူး
စပါတန်တွေလို့ လက်နက်တွေကိုင်တိုက်ခဲ့သူတွေမဟုတ်ဘူး
သူတို့ ရင်ထဲမှာ ဒုက္ခသစ္စာဒိုင်းနဲ့
သူတို့နှုတ်ဖျားက သံမဏိသွားလိုလက်နက်က
“ကျမတို့မှာ ခေါင်းဆောင်မရှိဘူး….
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး…..
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး……
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး……..
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး……….”
ဟုတ်ပါရဲ့
ကျမတို့မှာခေါင်းဆောင်မရှိဘူး
ကျမတို့မှာ ကျမတို့ဘဲရှိတယ်…
ခေါင်းဆောင်မရှိတဲ့ ကျမတို့လေးတွေက
ခေါင်းမရှိတဲ့ လူတွေကိုအော်ပြောလိုက်တဲ့ အသံ
ကမ္ဘာကို ခါညံသွားခဲ့တယ်။

အော်လှိုင်သာယာ .. လှိုင်သာယာ
နာမည်ကလွဲပြီး
ဘာမှ မလှိုင်ခဲ့၊ မသာခဲ့ မယာခဲ့တဲ့နေရာ

လှိုင်သာယာဆိုတာ
ကျမတို့ကို ရှိရင်းစွဲနေရာတွေကနေ
ကန်ထုတ်ခံခဲ့ရတဲ့နေရာ
ကျမတို့ကို ကျူးကျော်ဆိုပြီး
ကျမတို့ဘဝတွေထဲကို
ခေါင်းမရှိသူတွေ ကျူးကျော်လာပြီး
လှိုင်သာယာဆီကို ပို့ပစ်ခဲ့တာလေ။

ဒါပေမယ့် ကျမတို့ရိုးသားခဲ့တယ်
ကျမတို့သစ္စာမြဲခဲ့တယ်။ ကျမတို့သီးခံခဲ့တယ်။
ကျမတို့နိုင်တဲ့ဝန်၊ ကျမတို့စွမ်းတဲ့အားနဲ့
ကျမတို့ဘဝကို အစွင့်ဆုံးကားချဲ့ခဲ့တယ်။

ကျမတို့အားလုံး
လှိုင်သာယာမှာပျော်အောင်နေခဲ့ပါတယ်။
ကျမတို့တတွေ ကျော်အောင်မနေခဲ့ဖူးသလို…
ကြွားအောင်နေဖို့လည်းဝေး.. ဝေးလွန်းခဲ့ပါတယ်။

အဖေရှာမလောက်တာကို အမေဝင်ကူထောက်ပြီး
မောင်နဲ့နှမတတွေ
တခွန်တအားစီ ဝင်ရုန်းခဲ့ရတဲ့နေရာဟာ
လှိုင်သာယာပါ။

တနေ့ ၅၀၀ – ၁၀၀၀ ကနေ
တလ ၂၅၀၀၀ – ၃၀၀၀၀ တွေ စုဝေးရာ
အောင်မြေဌာနေ လှိုင်သာယာမြေပါ။

ကျမတို့ရဲ့ ဒုက္ခသစ္စာဟာ
တော်လှန်ရေးဂါထာဖြစ်လာတဲ့တနေ့ကျတော့
တာဝန်ယူညှိနှိုင်းပေးတတ်ပုံများ
ကမ္ဘာမှာ ဘုရားတည်ကျောင်းဆောက်နေပါတယ်လို့ အူတတ်တဲ့
ခေါင်းမရှိ လူကြီးမင်းများခမျာ
ပြာပြာသလဲ ခေါဘဏီတပ်ကြီးချီလို့
ဒိုင်းလွှားသေနတ်တကားကားစီလို့
ကျမတို့ဆီရောက်လာပုံများ
သူတို့နဲ့ ကျမတို့အကြား ရန်၊ ငါစည်းများခြားထားသလိုလို။
ကျမတို့များ လက်နက်ဆွဲကိုင် နိုင်လှန်နိုင်သလိုလို။
ကျမတို့များ ဒေါင်းအလံလွှင့်လို့ သူတို့ကို တော်လှန်သတ်ဖြတ်တော့မလိုလို။
ကျမတို့များ သူတို့ကိုအကြောဆွဲစေတတ်တဲ့ ဒီမိုကရေစီ တောင်းနေသလိုလို။
ကျမတို့စုရုံးနေတယ်ဆိုတာ
ရှင်တို့ရှာခဲ့တဲ့ပြဿနာရဲ့နောက်ဆက်
ကုန်ဈေးနှုန်းတွေပျက်ကုန်လို့
လစာတိုးပေးရေးအတွက်
ကျမတို့အလုပ်ရှင်နဲ့ ဆွေးနွေးနေတာပါရှင်။

ခေါင်းမရှိတော့ ပြန်မစဉ်းစားနိုင်ထင်ပါ့
လှိုင်သာယာကို
ရှင်တို့ပို့ခဲ့တာ
အထည်ချုပ်တွေရှင်တို့တည်ခဲ့တာ
စက်မှုဇုံတွေရှင်တို့ဆောက်ခဲ့တာ
အရသာက ရှင်တို့လျှာပေါ်မှာ
ဘဝနာတာက ကျမတို့ပါရှင်။

အခုကြည့်
အိတ်ဂ်ျအိုင်ဗွီရောဂါသည်နဲ့ အဆင်းရဲဆုံးကလေးငယ်တွေကို
လှိုင်သာယာမှာမွေးတယ်
(ဒါရှင်တို့နဲ့ မဆိုင်ဘူးလား)
ဒုစရိုက်အထူပြောဆုံးနဲ့ ပျံကျတွေအပေါဆုံးကို
လှိုင်သာယာမှာ ဖွေးနေအောင်မြင်ရတယ်
(အဲဒါရှင်တို့နဲ့ တကယ်မဆိုင်ဘူးလား)
ကျမတို့တွေထဲကတချို့
ငတ်လာရင် ဖာခံစားခဲ့ရပေမယ့်
ရှင်တို့လိုတိုင်းပြည်ကို လည်ပင်းညှစ်ခိုးမစားခဲ့ဘူး။

ကျမတို့ရသမျှလစာငွေဟာ
ထမင်းနပ်မှန်ဖို့ပဲ တွေးနိုင်ခဲ့တာပါ
ရှင်တို့ခြစ်ကောက်နေတဲ့ အခွန်ဘဏ္ဍာတွေလို့
သားမြေးတီတွတ်ဝလင်ရေး၊
နိုင်ငံခြားမှာ ကျောင်းထားရေး၊
စိန်စီလမ်းကို လျောက်လှမ်းရေးနဲ့
လူသတ်လက်နက်ဝယ်ရေး တွေးတောင်မသိခဲ့ပါဘူး
တကယ့်တခုတည်းပါ
ထမင်းနပ်မှန်ဖို့ဆိုတဲ့ တခုတည်းပါရှင်။

လူစုစုမြင်ရင် နိုင်ငံရေးလုပ်မယ်ထင်တဲ့
ခေါင်းမရှိတဲ့ ရှင်တို့လိုလူတွေ အုပ်ချုပ်တဲ့တဲ့ တိုင်းပြည်မှာ
ကျမတို့ဆုံးဖြတ်ချက် ဘာမှမလွဲမှားခဲ့ပါဘူး
ကျမတို့ယုံတယ်
ရှင်တို့သာ ရူးနေတာပါ။

အဲဒီလိုအကျိုးဆက်ကြောင့်
အဲဒီ အသီးတွေသီးခဲ့တယ်။
အဲဒီလမ်းပေါ်မှာ အဲဒီသွေးတွေ မြေကျဖို့
ဘယ်နတ်သိကြားကများ နှစ်လိုပျော်ရွှင်ခဲ့ပါလိမ့်
ကျမတို့တွေးရင်း ကျောစိမ့်ဖူးပေမယ့်
တခါမှ အမှန်တရားနဲ့ မကင်းကွာခဲ့ပါဘူးရှင့်။

ဟုတ်မှာပါလေ…..
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာခေါင်းမရှိဘူး….။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာခေါင်းမရှိဘူး….။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာခေါင်းမရှိဘူး….။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာခေါင်းမရှိဘူး….။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့အိပ်မက်ထဲမှာ
ကျမတို့ရင်ဘတ်ထဲမှာ
အဲဒီစကားသံတွေသာ သစ္စာတခုအဖြစ်
ဆူညံမြည်ဟီးနေကြတယ်ပါတယ် ရှင်….။ ။

စိမ်းခက်စိုး
၉.၂. ၂၀၁၀

by Sein Khat Soe on Saturday, July 28, 2012 at 2:10am

မြန်မာ့ငွေကြေးစနစ် ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်


မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် ပြုပြင် ပြောင်းလဲနိုင်ဖို့အတွက် အခုရက်ပိုင်းတွေ အတွင်း နေပြည်တော်မှာရှိတဲ့ အစိုးရ အရာရှိတွေ၊ မြန်မာနိုင်ငံ ဗဟိုဘဏ်က တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာက ကျွမ်းကျင်သူ ပညာရှင်တွေတွေ့ဆုံပြီး အလုပ်ရုံဆွေးနွေးပွဲတွေ၊ အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။ ဒီကနေ့လည်း မြန်မာနိုင်ငံ ဗဟိုဘဏ်က လက်ရှိ တာဝန်ရှိသူတွေနဲ့ အကြံပေးအဖွဲ့ဝင်တွေဟာ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့က တာဝန် ရှိသူတွေ၊ အိမ်နီးချင်းနိုင်ငံတွေက ဘဏ်လုပ်ငန်းရှင်တွေနဲ့ နေပြည်တော်မှာ အလုပ်ရုံ ဆွေးနွေး ပွဲတခု ပြုလုပ်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဘန်ကောက်ရောက် ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဆောင်လာခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စနစ် မကျတဲ့ နိုင်ငံခြားငွေ လဲလှယ်မှုစနစ်ကြောင့် ပြည်ပနိုင်ငံတွေနဲ့ စီးပွားလုပ်ကိုင်တဲ့နေရာမှာ အဆီအငေါ်မတဲ့မှုတွေ ဖြစ်နေတာကြောင့် ငွေကြေးနဲ့ဆိုင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေလည်း လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း အစောပိုင်းကတည်းက ပညာရှင်တွေက ထောက်ပြ ပြောဆို နေခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဲဒီလို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် အစိုးရဘက်က ပြင်ဆင်မှုတွေ လုပ်နေတာကို တွေ့ရတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ MDRI မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့က သုတေသီ ဦးတင်မောင်သန်းက ပြောပါတယ်။

“နားထောင်နေကြတာက နားထောင်နေကြတယ်ပေါ့။ ပြုပြင်ပြောင်းလဲရေးအတွက် စဉ်းစားဖို့ နားထောင်နေကြတယ်လို့ ယူဆပါတယ်။ အစိုးရဘက်က အရာရှိကြီးတွေရောပေါ့၊ အဲလို လာတဲ့ အခါတိုင်းမှာ ပညာရှင်တွေကလည်း သက်ဆိုင်ရာ အဆုံးအဖြတ်ပေးနိုင်တဲ့ ၀န်ကြီးတွေနဲ့လည်း တွေ့ကြပါတယ်။ ယေဘုယျအားဖြင့် ၀န်ကြီးတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပြုပြင်ပြောင်းလဲရေးကိစ္စ တွေကို ပြောကြတာများပါတယ်။”

အခုဆိုရင် အစိုးရသစ်တက်လာပြီးတာ ၁ နှစ်ခွဲကျော်၊ ၂ နှစ်နား ကပ်လာနေပြီဖြစ်တဲ့အတွက် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်တော့ အကောင်အထည်ဖော်မလဲ ဆိုတဲ့အပေါ် မြန်မာနိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေက စောင့်မျှော်နေကြတာဖြစ်ပါတယ်။
ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက်ကတော့ မြန်မာနိုင်ငံအတွင်းက လုပ်နိုင် ကိုင်နိုင်ရည်အပေါ်မှာလည်း မူတည်နေတာကြောင့် အခုလို ကြာနေတာဖြစ်နိုင်တယ်လို့ နိုင်ငံတကာပညာရှင်တွေက သုံးသပ်ကြတယ်လို့လည်း ဦးတင်မောင်သန်းက ဆက်ပြောပြပါ တယ်။

“အဲဒီကိစ္စတွေ တချို့ကို IMF က အရာရှိတချို့နဲ့ စကားပြောဖြစ်တယ်။ သူတို့ပြောတာကတော့ အဓိကပြဿနာက စွမ်းဆောင်နိုင်ရည်နဲ့ လုပ်နိုင်ကိုင်နိုင်ရည်ပေါ့။ စောစောက အကောင်အထည် ဖော်မယ့်ကိစ္စတွေကို လုပ်နိုင်ကိုင်ရည်ကို မြှင့်တင်ပေးဖို့ လိုတယ်ပေါ့လေ။ အဲဒီအတွက် အချိန်စောင့်ရတာတွေလည်းရှိတယ်လို့ သူတို့ကပြောတယ်။ တခါတလေကျတော့ နိုင်ငံရေးစိတ်ဆန္ဒ ဆိုတဲ့ပြဿနာထက် လုပ်ဖို့ကိုင်ဖို့အတွက် လုပ်တတ်ကိုင်တတ်ရှိဖို့၊ လုပ်ရည် ကိုင်ရည်ရှိဖို့ဆိုတဲ့ ပြဿနာတွေကလည်း မြန်မာပြည်က ရင်ဆိုင်နေရပုံရတယ်လို့ နားလည်ရတာပေါ့။ ကျနော်တို့ကတော့ ဘေးကနေ ကြည့်ရတဲ့ လူတယောက်အနေနဲ့ ပြောရ တာပါ။ ဒါ့ထက်ပိုတဲ့ ပြဿနာတွေလည်း ရှိရင်ရှိမှာပေါ့။”

ပြုပြင်ပြောင်းလဲမှုကို နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့ လက်ရှိသွားနေတဲ့အရှိန်ဟာ အားရ စရာ မရှိဘူးလို့ ထင်မြင် ယူဆနိုင်ပေမဲ့လည်း လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်ဟာ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ ကြည့်မယ်ဆိုရင် အတော်လေး မြန်နေတာကို တွေ့ရတယ်လို့ တချို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်လို့ ဆိုပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကိုတော့ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က တာဝန်ရှိသူတွေအပြင် ဒေသတွင်းနိုင်ငံတွေက ဘဏ်လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်သူတွေ တက်ရောက် ဆွေးနွေးခဲ့ကြတာပါ။

“IMF က ပညာရှင်တွေပါတယ်၊ မလေးရှားဗဟိုဘဏ်က ပညာရှင်တွေပါတယ်၊ ထိုင်းဗဟိုဘဏ် နဲ့ ထိုင်းနိုင်ငံ ငွေကြေး အဖွဲ့အစည်းတွေက အရာရှိကြီးတွေ ပါကြတယ်။ ဦးဆောင်နေကြတဲ့သူ တွေ တော်တော်များများ ပါကြတယ်။ သူတို့က သူတို့အတွေ့အကြုံတွေ ပြောတယ်။ မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီးတော့ ဘာတွေ စဉ်းစားသင့်သလဲ ဆိုတာကို ပြောသွားတာတွေရှိပါတယ်။

“ရှေ့ကို ဘယ်လိုဆက်သွားရင် ကောင်းမယ်ဆိုပြီးတော့ ပြောတဲ့အချက်တွေ ရှိပါတယ်။ ဒီမှာ တော့ ဗဟိုဘဏ်က အရာရှိတွေ တော်တော်များများ တက်ကြတယ်။ နောက်ပြီးတော့ ဗဟို ဘဏ်ရဲ့ အကြံပေးအဖွဲ့က ပညာရှင်တွေ တော်တော်များများလည်း၊ အရင်တုန်းက ဗဟိုဘဏ် မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့၊ တချို့ကလည်း စီးပွားရေး တက္ကသိုလ်တွေမှာ တာဝန်ထမ်း ဆောင်ခဲ့ကြဖူးတဲ့ ပညာရှင်တွေပေါ့၊ သူတို့လည်း တော်တော်များများ တက်တာကို တွေ့ရတယ်။ အထူးသဖြင့် သူတို့လည်း ပါဝင်ဆွေးနွေးကြတာ တွေ့ရတယ်။”

MDRI မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့က သုတေသီ ဦးတင်မောင်သန်း ပြောပြခဲ့တာ ပါ။
လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရက ဦးဆောင် ပြုလုပ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ယေဘုယျအားဖြင့် ပြည်တွင်းမှာရှိတဲ့ အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်းက ထောက်ခံထားကြတာပါ။ ဒါပေမဲ့ တဘက်မှာ ပြုပြင်ပြောင်းလဲမှု အရှိန်နှေးနေ တာနဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ကဏ္ဍတွေမှာ ပြုပြင် ပြောင်းလဲမှု သိသိသာသာ ဖြစ်မလာသေးတဲ့အပေါ် ပြည်တွင်း ပြည်ပက ထောက်ပြ ဝေဖန်တာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

VOA

ဒုတိယသမ္မတလောင်းသစ် တဦးကို တပ်မတော် အစုအဖွဲ့မှ ထပ်မံ အဆိုပြု


ယမန်နေ့ သောကြာနေ့၌ ကျင်းပသော လွှတ်တော်သို့ တပ်မတော် အစုအဖွဲ့မှ လွှတ်တော် ကိုယ်စားလှယ်များသည်၊ ဒုတိယ သမ္မတ (၁) နေရာအတွက် နောက်ထပ် ဒုတိယ သမ္မတလောင်း သစ်တဦးကို ရွေးချယ်ရေး အဖွဲ့သို့ ထပ်မံ တင်ပြကြောင်း ဒုတိယ သမ္မတ ရွေးချယ်ရေး အဖွဲ့နှင့် နီးစပ်သည့် လွှတ်တော် အမတ် တဦးက ရွှေဟင်္သာ သတင်းဌာနအား ပြောကြားခဲ့ပါသည်။

ပထမ အဆိုပြုထားသည့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေသည်၊ ဒုတိယ သမ္မတနေရာမှ အပြီးတိုင် ဖယ်ရှားလိုက်ပြီးဖြစ် ပါသည်။ သူသည် ရန်ကုန်တိုင်း ၀န်ကြီးချုပ် နေရာ၌ပင် ဆက်လက် တည်ရှိခွင့်ရမလားဆိုသည်မှာ မသဲကွဲသေးဟု အဆိုပါ လွှတ်တော်အမတ်က ပြောပါသည်။

ဦးမြင့်ဆွေသည် ပြီးခဲ့သည့် ဇူလိုင် (၂၄)ရက်နေ့က သမ္မတဦးသိန်းစိန်၏ ဘန်ကောက် အပြန်ခရီး၌ ရန်ကုန်လေဆိပ်တွင် ကြို ဆိုခဲ့ပါသည်။ ဤကြိုဆိုမှုကြောင့် ဒုတိယ သမ္မတလောင်းနေရာ၌ သူဆက်လက် တည်မြဲနိုင်သေးသည်ဟု ထင်ကြေးများ ထွက်ပေါ်လာပြီးနောက်ပိုင်း ယခု သတင်း ထွက်လာခြင်းဖြစ်ပါသည်။

ဤဒုသမ္မတနေရာ၌ ဘယ်သူဖြစ်မလဲ

နောက်ထပ် အဆိုသစ် တင်ထားသူသည် မည်သူဖြစ်သည်ကို မသိရသေးသော်လည်း ရွေးချယ်ရေး အဖွဲ့မှ ရွေးချယ်ပြီးမှသာ ကြေညာ နိုင်ဖွယ်ရှိသည်ဟု ရွေးချယ်ရေး အဖွဲ့နှင့် နီးစပ်သူက ဆိုပါသည်။

ဤအခြေအနေကြောင့် ဦးမြင့်ဆွေသည် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ရုံးသို့ မတက်ရောက်ခဲ့သည်မှာ သီးတင်းနှစ်ပတ်ခန့် ရှိနေ ပြီးဖြစ်သည်ဟု ၀န်းကြီးချုပ်နှင့် နီးစပ်သူ တဦးက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။

ဒုတိယ သမ္မတနေရာသည် ယခင်က ဦးတင်အောင်မြင့်ဦး နေရာဖြစ်ပြီး ကျန်းမာရေး အခြေအနေကြောင့် အနားပေးလိုက်ရာ ကလွှတ်တော်ထဲက တပ်မတော် အစုအဖွဲ့သည် အသစ်ပြန်လည် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ဦးမြင့်ဆွေသည် ဒုတိယသမ္မ တရာထူးအတွက် စည်းကမ်းချက်နှင့် မကိုက်ညီသဖြင့် ရွေးချယ်ရေး အဖွဲ့က ပယ်ချလိုက်ခြင်းဖြစ်ပါသည်။

ရွှေဟင်္သာသတင်းဌာန

မြန်မာ့ ငြိမ်းချမ်းရေးသည် အစိုးရက KIA အပေါ် ကိုင်တွယ်မှုနှင့် ဆိုင်ဟု MPSI ကဆို


မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည်၊ အစိုးရမှ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ တောင်းဆိုချက်ကို မည်သို့ ကိုင်တွယ် မည်နည်း ဆိုသည့် အပေါ် တည်မှီနေကြောင်း Myanmar Peace Support Initiative (MPSI) အဖွဲ့၏ အကြံပေး ပုဂ္ဂိုဟ် Mr. Ashley South က ယမန်နေ့က ထိုင်းနိုင်ငံ စံခလ ဘူရီမြို့၌ ကျင်းပသော ရှင်းလင်းပွဲ တရပ်တွင် ပြောကြား ခဲ့ပါသည်။

“ ကချင်ပြသနာဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရဲ့ အဓိက (ကီး) ပြသနာဖြစ်တယ်။ ဒါကို အစိုးရ ဘယ်လို ကိုင်တွယ်မလဲ၊ တိုင်းရင်းသားတွေ ကတော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အပစ်အခတ် ရပ်စဲရေး မဟုတ်ဘူး၊ နိုင်ငံရေးပြသနာကို ဖြေရှင်းပေးဖို့ တောင်းဆိုနေတာဖြစ်တယ်။ မှန်ပါတယ်။ ဒီတော့ အပစ်အခတ် ရပ်စဲရေးဟာ ငြိမ်းချမ်းရဲ့ အစဘဲ ရှိသေးတယ်။ နိုင်ငံတကာ မှာကတော့ အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ရင် ငြိမ်းချမ်းပြီးလို့ ယူဆနေကြတယ်။ ဒါကြောင့် အစိုးရက သူတို့ရဲ့မီဒီယာပေါ်မှာ အပစ်အခတ် ရပ်စဲရေး ရပြီးလို့ တွင်တွင်အော်နေတာပေါ့” ဟု ဆိုပါသည်။

Myanmar Peace Support Initiative (MPSI) အဖွဲ့သည်၊ ပြီးခဲ့သည့် ဇန္နာဝါရီလက နော်ဝေးနိုင်ငံခြားရေး ၀န်ကြီး မြန်မာ နိုင်ငံကို အလည်အပတ် ရောက်ရှိပြီးနောက် မြန်မာ့ငြိမ်းချမ်းရေး အတွက် အကူအညီပေးရန် ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်ပါသည်။ ဤအဖွဲ့၌ Charles Petrie (ရန်ကုန်၌ တာဝန် ထမ်းဆောင်ခဲ့ဖူးသော UN အကြီးအကဲဟောင်း တဦးဖြစ်သူ၊ ရွှေဝါရောင် တော်လှန်ရေး၌ မြန်မာနိုင်ငံမှ နှင်ထုတ်ခံရသူ) နှင့် Mr. Ashley South တို့အား အကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ထားပါ သည်။

၎င်းတို့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့များ၏ သဘော တူညီချက်အတိုင်း တိုင်းရင်းသား ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးပွဲပေါင်း အကြိမ် (၂၀၀) ကျော် ကျင်းပခဲ့ပြီး အမြင်ဖလှယ် နိုင်ခဲ့ပါသည်။ ဤသို့ ရရှိသော ရလာဒ်အပေါ် မူတည်ပြီး အကူအညီ ပေးသွားမည်ဟု ဆိုပါသည်။

“ ကျနော်တို့က အစိုးရနဲ့ သဘောတူထားတဲ့ အတိုင်း ကာယကံရှင်များနှင့် တိုက်ရိုက် အကူအညီပေးနေပါတယ်။ တကယ့်လိုချင်တာက အနီးကပ် ကူညီသွားတဲ့သဘောပါ” ဟု Ashley ကဆိုပါသည်။

ရှင်းလင်းပွဲကို တွေ့ရစဉ် (ဓါတ်ပုံ - ရွှေဟင်္သာသတင်းဌာန)

နော်ဝေး အစိုးရသည် မြန်မာ့ ငြိမ်းချမ်းရေးအတွက် ဒေါ်လာသန်း (၇၀) ကူညီသွားမည်ဟု UNFC ခေါ် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီနှင့် လာရောက် ဆွေးနွေးစဉ် ပြောကြားခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူက ဆိုပါသည်။

Ashley South သည် ၁၉၉၄ ခုနှစ်မှစပြီး နှစ်ပေါင်း၂ဝ နီးပါး တိုင်းရင်းသားအရေး၌ ပါဝင်ဆောင်ရွက်ခဲ့ပြီး အတွေ့အကြုံများ ကိုမူ Mon Nationalism and Civil War in Burma: The Golden Sheldrake နာမည်ဖြင့် စာအုပ်ရေးသား ခဲ့သူ ဖြစ်ပါသည်။

ရွှေဟင်္သာသတင်းဌာန

အမျိုးသမီးများကို ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ခွင့်ရှိလာ


သတ်မှတ်သော အရည်အချင်း ရှိပါက၊ ပြည်သူကလည်း ရွေးချယ် တင်မြှောက် မည်ဆိုလျှင် အမျိုးသမီး များကိုလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်နိုင်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က လွှတ်တော်ထဲ၌ ပြောကြား ခဲ့သည်ဟု ဇူလိုင် ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထုတ်ပြန် ခဲ့ပါသည်။

ဤကိစ္စကိုဇူလိုင်၂၆ ရက်နေ့က ပြုလုပ်ကျင်းပသွားသည့် ပြည်သူ့လွတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး (၁၅) ရက် မြောက်နေ့၌ ဘားအံ မဲဆန္ဒနယ်မြေမှ ဒေါ်နန်းစေအွာက တင်ပြ ခဲ့ခြင်းဖြစ်ပါသည်။ သူ၏ တင်ပြချက်ကို ဇူလိုင် ၂၇ ရက် နေ့ အစိုးရထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖေါ်ပြထားပါသည်။

သတ်မှတ်သော အရည်အချင်းများမှာ ရပ်ကွက် သိုမဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ပြဌာန်း (၂၀၁၂ ခုနှစ် ပြည်ထောင်စု လွတ်တော် ဥပဒေအမှတ် ၁) ၁၃ရ၃ ခုနှစ် တပေါင်းလဆန်း ၃ ရက် (၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ရက်) နေ့က အတည်ပြုထားသော အခန်း(၂) မှ ပုဒ်မ (၅)၏ အရည်အချင်း အတိုင်းဖြစ်ပါသည်။

မြန်မာရှေ့နေများကောင်စီ (Burma Lawyer’s Council) ဦးမြင့်သိဏ်းကလည်း “ အရင်ကတော့ အမျိုးသမီးတွေကို လုပ်ခွင့်မပြုဘူး လုပ်ခွင့်ပြုတယ်ဆိုတာမျိုးမရှိပေမယ့် အခုတကြိမ် လွတ်တော်ထဲမှာ အမျိုးသမီးကို ဖိတ်ခေါ်တာမျိုး ပူးပေါင်းဆောင်ရွက်တာမျိုး လမ်းဖွင့်ပေးတာမျိုး စဉ်းစားပေးလာတဲ့ အချက်ကိုတွေ့ရပါတယ်” ဟုသူကဆိုသည်။



ဒေါ်နန်းစေအွာတင်ပြနေပုံ

အဆိုပါအရည်အချင်းများမှာ-

(က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ခြင်း၊
(ခ) အသက် ၂၅ နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊
(ဂ) သင့်တင့်သော ပညာအရည်အချင်ရှိသူဖြစ်ခြင်း၊
(ဃ) စားဝတ်နေရေးဖူလုံမှု ရှိသူဖြစ်ခြင်း၊
(င) သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း အနည်းဆုံး   ဆယ်နှစ်နေထိုင်လျက် ရှိသူဖြစ်ပြီး လက်ရှိ တာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုတွင် အမှန်တကယ် နေထိုင်မည့်သူဖြစ်ခြင်း၊
ခြွင်းချက် ။ ဒေသခံ အငြိမ်းစား ၀န်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ကာလကိုလျှော့ပေါ့ စဉ်းစားနိုင်သည်။
(စ) ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူဖြစ်ခြင်း၊
(ဆ) ကျန်းမာရေး ကောင်းမွန်ပြီး ပေးအပ်သည့် တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသူဖြစ်ခြင်း၊
(ဇ) နိုင်ငံတော်နှင့် ရပ်ကွက်ဒေသ၏ အကျိုးကို စေတနာ ထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသူဖြစ်ခြင်း၊
(ဈ) အတူနေ မိသားစုဝင်များသည်လည်း အကျင့် စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများဖြစ်ခြင်း၊
(ည) တာဝန် ထမ်းဆောင်ဆဲ အစိုးရ၀န်ထမ်းမဟုတ်ခြင်း၊
(ဋ) လက်နက်ကိုင် အဖွဲ့စည်းဝင် မဟုတ်ခြင်း၊ မတရား အသင်းအဖွဲ့များ၌ ပါဝင်သူ၊ ဆက်သွယ်သူမဟုတ်ခြင်း။

http://www.president-office.gov.mm/hluttaw/laws/id-732 

အစိုးရ တပ်တွင်း စစ်ဆင်ရေး အမိန့် နာခံမှု လျှော့ရဲလာ


ကချင်ပြည် လွတ်မြောက် တပ်ဖွဲ့အား စစ်ဆင်နေသော အစိုးရ တပ်ဖွဲ့ထဲ၌ တချို့တပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားမှု အခြေအနေ များကို အထက်သို့ လိမ်လည် တင်ပြနေသည်ကို တွေ့ရကြောင်း ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ပြောရေး ဆိုခွင့်ရှိသူ ဦး လာနန်းက ပြောပါသည်။

“ဒီလို လိမ်ပြီး တင်ပြနေမှတော့ စစ်ဆင်ရေး အမိန့်ကို လွန်ဆန်နေတဲ့ သဘောဘဲပေါ့။ မူဆယ်ဖက်မှာ ဆိုရင် စခန်းသိမ်း တိုက်ပွဲတွေ အပြင်းအထန် ဆင်နွဲနေတဲ့ တပ်ဖွဲ့တွေရှိသလို ဗဟိုစခန်းနားက ရှေ့တန်းတပ် တွေမှာတော့ တိုက်ပွဲ မရှိတဲ့ နေရာကိုလည်း တိုက်ပွဲရှိနေကြောင်း လိမ်ပြီး သတင်းပို့နေတာ ရှိပါတယ်။ ပြီးတော့ အမြောက်ကြီးတွေ နဲနဲပါးပါးပစ်ပြီး၊ တိုက်ပွဲဖြစ် နေကြောင်း သတင်းပို့နေတာလည်း တွေ့ရတယ်။ ဒါကိုကြည့်ရင်တော့ တပ်ဖွဲ့တချို့ဟာ သူတို့လည်းတော်တော် ဒုက္ခရောက် နေကြလို့ တိုက်ပွဲ ဆက်တိုက် လိုစိတ်တွေ သိပ်ရှိပုံ မပေါ်တော့ဘူးလေ”ဟု ဆိုပါသည်။

သို့သော်လည်း KIA ဗဟို စခန်းဝန်းကျင်၌ တပ်အင်အားများ ဖြည့်တင်းထားပြီး နေ့စဉ် ပစ်ခတ်မှုများ ရှိနေပါသည်။ KIA သည် အစိုးရ တပ်ဖွဲ့ထံ ကျဆုံးသွားသော ၄င်းတို့ စခန်းများ ပြန်လည် ရရှိရန် အပြင်းအထန် တိုက်ခိုက်လေ့ရှိပါသည်။ ထိုအခါမျိုးတွင်လည်း အလွယ်နည်းဖြင့် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲများလည်း ရှိခဲ့သည်ဟု KIA တပ်မှူးတချို့က ပြောပါသည်။

ဤအခြေအနေများကြောင့် ဇူလိုင်လ (၂၆) ရက်နေ့တွင် ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ကချင်စစ်ဒေသ၌ စစ်ဆင်နေသော စစ်ဗျူဟာမှူးများကိုပါ ခေါ်ပြီး စစ်ဆင်ရေး အရှိန်မြှင့်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ အရေးပေါ်အစည်းအ ဝေး ခေါ်ပြီး ညွှန်ကြားခဲ့သည်ဟု ဦးလာနန်းက ဆိုပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် သြဂုတ်လ (၄) ရက်နေ့အထိ လာရောက်ရန်ရှိသော ကုလသမဂ္ဂ၏ မြန်မာဆိုင်ရာ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနား ခရီးစဉ်ပြီးဆုံးပါက ကချင်ဒေသကို စစ်ဆင်ရေးများ တိုးမြှင့် လာဖွယ်ရှိနေ သည်ဟု လေ့လာသူများက ခန့်မှန်းနေကြပါသည်။

“သူတို့ရဲ့ ရှေ့တန်း စစ်မျက်နှာမှာ ရှိနေတဲ့ တချို့တပ်တွေကတော့ အပြင်းထန် တိုက်ခိုက်လိုတဲ့ စိတ်ရှိပုံ မရဘူး ဆိုပေမဲ့လို့ ကျသွားတဲ့ ကျနော်တို့ စခန်း (၂) ခုကတော့ အခုထိပြန်လည် မသိမ်းပိုက် နိုင်သေးပါဘူး”ဟု ဗဟိုတပ်မှူး တဦးက ဆိုပါသည်။

ကချင်ပြည် လွတ်မြောက်ရေး တပ်ဖွဲ့၏ ရှေ့တန်းစခန်းတနေရာ (ဓါတ်ပုံ KIA)

KIO ၌ အစိုးရသုံ့ပန်း (၄၀)ခန့်ရှိပြီး အစိုးရကို လွှဲပြောင်းပေးဖို့ ငြိမ်းချမ်းရေး အဖွဲ့များကိုပြောသော်လည်း အကြောင်းမပြန်ခဲ့ ပေ။ အစိုးရသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် ကချင်ပြည်နယ် အခြေအနေကို လေ့လာရန် ကုလသမဂ္ဂ၏ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားအား ဖိတ်ကြားခဲ့သလို၊ နော်ဝေးနိုင်ငံမှ စေလွှတ်ထားသော ငြိမ်း ချမ်းရေး အကျိုးတော်ဆောင် Myanmar Peace Support Initiative (MPSI) အဖွဲ့နှင့်လည်း ပူးပေါင်း ဆောင်ရွက်နေပါ သည်။

ဤကဲ့သို့ ပူးပေါင်း ဆောင်ရွက်နေသည့်ကြားမှ KIO နှင့် အစိုးရ တပ်ဖွဲ့တို့သည် ၂၀၁၂ ဇူလိုင်လ ၁ ရက်နေ့မှ ယမန်နေ့ ၂၇ ရက်နေ့ အထိ တိုက်ပွဲပေါင်း ကိုးဆယ်ကျော် ဖြစ်ပွားခဲ့ပြီး စတင်တိုက်ပွဲဖြစ်လာခဲ့သည့် တနှစ်ကျော် အချိန်မှ ရေတွက်လျှင် တိုက်ပွဲပေါင်း (၁၆၇၀) ခန့် ရှိခဲ့ပြီး ဖြစ်ပါသည်။

ရွှေဟင်္သာသတင်းဌာန