စာဖတ်နေသူပေါင်း
We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Friday, September 28, 2012
NLD (၂၄)နှစ်ပြည့်နှင့် ရွှေဝါရောင် (၅)နှစ်ပြည့် စာပေဟောပြောပွဲ
   ပိဋကတ် ၃ ပုံ နိကယ်ပရိယတိစာသင်တိုက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်။.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၄နှစ်ပြည့်အထိမ်းအမှတ်နှင့် ရွှေဝါရောင်တော်လှန်ရေး (၅)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား စာပေဟောပြောပွဲတခုကို တောင်ဒဂုံမြို့နယ် ပိဋကတ် ၃ ပုံ နိကယ်ပရိယတိစာသင်တိုက်၌ စက်တင်ဘာလ ၂၇ရက်နေ့ နေ့လည် ၃း၃၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စာပေဟောပြောပွဲကို အခမ်းအနားမှုးအဖြစ် မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ကိုကျော်မင်းဝေက ဆောင်ရွက်ခဲ့ပြီး သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်၊ ဆရာချစ်ဦးညို၊ ဆရာကြည်မင်း( ကျော်စောမင်း )၊ ဆရာမောင်သာချို၊ ဆရာမောင်ကိုနီ( တရားရုံးချုပ်ရှေ့နေ)၊ ဆရာညီမင်းညိုတို့မှ တက်ရောက်ဟောပြောခဲ့ကြသည်။
 Burma VJ Media Network
ကျုံပျော်မြို့နယ် ရှားခဲရွာနေ ဒေသခံတစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တားမြစ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
စက်တင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်က ရှားခဲရွာ ဆားကင်ချောင်လမ်းနေ ကိုတလုပ်သည် ရှာခဲကြီး၊ ရှားခဲလေးအင်းအနီး မိသားစုဝင်များဆီအသွား ၀ိုင်းဝိုင်းလည်ဝါးကုန်ထုတ်သမအသင်းဘက်မှ လူ ၂၀ ခန့်သည် ၀ိုင်းဝန်းရိုက်နှက်ကာ ဓားဖြင့်ထိုးရာ ဒဏ်ရာရရှိခဲ့ပြီး မိသားစုဝင်များမှ ဟင်္သာတဆေးရုံသို့ တင်ပို့ရန်အသွားတွင် နိဗ္ဗာန်ကျေးရွာအနီးတွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အပေါ် ဒေသခံများကမကျေနပ်၍ လမ်းပေါ်ထွက်ကာ စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် ကျုံပျော်မြို့နယ် ရှားခဲအထွက်တိုးရုံးရှေ့သို့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် ကားသုံးစီးဖြင့် ရောက်ရှိလာပြီး ဆက်မသွားရန် တားမြစ်ခဲ့သော်လည်း ဆက်လက်ထွက်ခွာခဲ့သဖြင့် ပထမဦးစွာမိုးပေါ်သို့ သေနတ်တစ်ချက်ပစ်ခတ်ခဲ့ပြီး စုစုပေါင်းရှစ်ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ဒေသခံနှစ်ဦး သေဆုံးကာ နှစ်ဦးမှာ သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ကိုကတုံးခေါ် ကြည်သိန်းကွင်းကောက်ရွာ ကျုံပျော်မြို့နယ်နေထိုင်သူမှာ သေနတ်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွားကြောင်း၊ ကျော်ဆန်းဝေ ကွင်းမရွာ၊ ကျုံပျော်မြို့နယ် နေထိုင်သူမှာ နဖူးတွင် သေနတ်ဒဏ်ရာရရှိပြီး ကျုံပျော်ဆေးရုံသို့ ပို့ဆောင်ကာ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပုသိမ်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း၊ ကိုကျော်ဆန်းဝေသည် ၂၈ ရက်နေ့ နံနက် ၁၁ နာရီတွင် ပုသိမ် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း၊ ကျော်ဇင်သန်းမြို့ကုန်းရွာ၊ ကျုံပျော်မြို့နယ် နေထိုင်သူမှာ လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ပုသိမ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ကိုဝင်းသန်းရှားခဲကျေးရွာ၊ ဘုရားကြီးလမ်းနေထိုင်သူမှာ ရင်အုံနှင့် လည်ပင်းတွင် သေနတ်ဒဏ်ရာ ရရှိပြီး ကျုံပျော်ဆေးရုံမှတစ်ဆင့်  စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပုသိမ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဟင်္သာတခရိုင်မှူးနှင့် ကျုံပျော်မြို့နယ်မှူးတို့အား ရှားခဲဈေးရှေ့တွင် လုံခြုံရေးဆောင်ရွက်နေစဉ် မေးမြန်းခဲ့ရာ ဟင်္သာတခရိုင်မှူးက လောလောဆယ်တွင် ဖြေကြားပိုင်ခွင့် မရှိသေးကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၈ နံနက်ပိုင်းတွင် ကျုံပျော်မြို့နယ် ရှားခဲကျေးရွာတွင် ပြည်သူများရပ်ရွာတွင် အေးချမ်းစွာနေထိုင်ရန်နှင့် သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံကြောင်း တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လိုက်လံကြေညာကြောင်း သိရှိရသည်။
Eleven Media Group
ဦးစိုးသိန်းသည် အမေရိ ကန်နိုင်ငံရောက်မြန်မာမိသားစုများ နှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကွင်းစ်ကောလိပ်ရှိ Rosenthal စာကြည့်တိုက် တွင် ပြုလုပ်သွားမည်..
နိုင်ငံတော်သမ္မတနှင့်အတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့
တွင်ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းသည် အမေရိ ကန်နိုင်ငံရောက်မြန်မာမိသားစုများ
နှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၉ရက်တွင် ကွင်းစ်ကောလိပ်ရှိ Rosenthal 
စာကြည့်တိုက် တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးထံမှ သိရသည်။
ဝန်ကြီးဦးဆောင်သော ငြိမ်းချမ်းရေးကိုယ် စားလှယ်အဖွဲ့ သည် မြန် မာနိုင်ငံ၏နိုင်ငံရေး၊လူမှု့ရေးနှင့် 
စီးပွားရေးပြုပြင်ပြောင်းလဲမှု ကြိုး ပမ်းဆောင်ရွက်မှုများ ၊ ရခိုင်ပြည်နယ်အရေးနှင့် တိုင်းရင်းသားအရေး 
တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပါဝင်ဆွေးနွေးလိုသူ မြန်မာမိသားစုဝင်များကိုလည်း ဖိတ်ခေါ်ပါသည်။
ပထမအကြိမ်မန္တလေးတိုင်းဒေသကြီး လွှတ်တော်စတုတ္တအကြိမ်အစည်းဝေး ကျင်းပ
မန္တလေး-စက်တင်ဘာ၂၈
ပထမအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္တပုံမှန်အစည်းဝေးဒဿမနေ့ကို စက်တင်ဘာ ၂၈ ရက်နံနက်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကျင်းပလျှက်ရှိကြောင်းသိရသည်။
စက်တင်ဘာ၂၇  ရက်ကကျင်းပခဲ့သော စတုတ္တပုံမှန်အစည်းဝေးတွင် မေးခွန်း၂၀နှင့်အဆို၂ခု၊ မန္တလေးတိုင်းဒေသကြီးဂုဏ်ထူးဆောင်လက်မှတ်နှင့်ဂုဏ်ထူးဆောင်ပစ္စည်းများချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ
ဥပဒေဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းတို့ဆောင်ရွက်
ခဲ့ကြောင်းသိရသည်။
 စက်တင်ဘာ၂၀ရက်ကကျင်းပသောစတုတ္တပုံမှန်အစည်းဝေးတွင် တရားရုံးများအတွင်းအသိပေးကြေညာစာ များချိတ်ဆွဲပေးနိင်ရန်အဆိုတင်သွင်းခြင်း၊၂၀၁၁-၁၂ ဘဏ္ကာရေးနှစ်တွင် ပြုပြင်ပြီးခန်မှန်းခြေ ထက်ကျော်လွန်၍သုံးစွဲခဲ့သော မန်းအကျဉ်းဦးစီးဌာန အသုံးစရိတ်များကို မှတ်တမ်းတင်ထားရန် အစီရင်ခံစာတင်သွင်းခြင်းစသည် အကြောင်းအရာများအပြင် အမေးများ၊အဆိုများတင်သွင်းခဲ့ကြောင်းသိရသည်။
မန်းလွှတ်တော် အစည်းဝေးကို စက်တင်ဘာ၁၇ရက်ကစတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
 mdy
နယူးယောက်မြို့ရှိ အာရှလူ့အဖွဲ့အစည်း(Asia Society)တွင်ပြုလုပ်သော ဆွေးနွေးပွဲ
  (သတင်း+ဓာတ်ပုံ - ဘီဘီစီ မြန်မာပိုင်း)
ကုလအစည်းအဝေးအပြီးတွင် နယူးယောက်မြို့ရှိ အာရှလူ့အဖွဲ့အစည်း(Asia Society)တွင်ပြုလုပ်သော ဆွေးနွေးပွဲတွင်လည်း သမ္မတ ဦးသိန်းစိန်ပါဝင်ဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အကျိုးဆောင်လူကြီးတဦးလည်း ဖြစ်၊ သမ္မတအကြံပေးကောင်စီအဖွဲ့ဝင်တဦးလည်းဖြစ်သည့် ဒေါက်တာ ကျော်ရင်လှိုင်က ဦးသိန်းစိန်၏ ဆွေးနွေးပြောကြားချက်များကို အင်္ဂလိပ်ဘာသာ ပြန်ဆိုပေးခဲ့ကြောင်း ဘီဘီစီ မြန်မာပိုင်းဌာန၏ သတင်းတွင်းရေးသားထားသည်။
 (ဓာတ်ပုံ - ဘီဘီစီ မြန်မာပိုင်း)
ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားအပြီး၊ ကုလသမဂ္ဂအစည်းအဝေးခန်းမပြင်ပတွင် နှစ်နိုင်ငံအရေးကိစ္စများကို ရင်းရင်းနှီးနှီးဆွေးနွေးနေကြသည့် သမ္မတ ဦးသိန်းစိန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ
မြန်မာနိုင်ငံက အမေရိကန် ဒေါ်လာ ၁ ဘီလျံ ရဖို့ ရှိ
လာမယ့် အောက်တိုဘာလ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် ကြွေးမြီရှင်များအစည်းအဝေး လုပ်တဲ့ အခါ ချေးငွေပေး မယ့် နိုင်ငံတွေက မြန်မာကို အမေရိကန် ဒေါ်လာ ၁ ဘီလျံ ချေးဖို့ ရှိတယ်လို့ AFP သတင်း တပုဒ်က ဆိုပါတယ်။
တလျှောက်လုံး ကျဉ်ဖယ်ခံခဲ့ရတဲ့ နိုင်ငံတခုအနေနဲ့ မြန်မာဟာ ရှိခဲ့ပေမယ့် အခုတော့ ကမ္ဘာ့ မိသားစုကြီး ကို ပြန်ရောက်လာ တဲ့အတွက် ၀ိုင်းဝန်း ကြိုဆိုမှုတွေကလည်း မြင့်တက် လာနေတဲ့အချိန်မှာ အခု လို ငွေပြန် ချေးကြမယ်ဆိုတဲ့ သတင်း ထွက် ပေါ်လာတာဖြစ်ပါတယ်။
ဂျပန် နေ့စဉ်ထုတ် စီးပွားရေး သတင်းစာ တခုဖြစ်တဲ့ Nikkei က သတင်းပို့ချက်တခုမှာ နှစ်ပေါင်းများစွာ သီးခြားဖြစ်နေတဲ့ နိုင်ငံဟာ အလျှင်အမြန် ပွင့်လင်းမှုလုပ်လာတဲ့အတွက် အမေရိကန် ပြည်ထောင်စု က မြန်မာ အပေါ် ချမှတ်ပိတ်ပင်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုထဲက အဓိက အပိုင်းတွေကို ဖယ်ရှား လိုက်လို့ အခုလို ဖြစ်စဉ်တွေ ပေါ်ထွက်လာတာလို့ ဆိုပါတယ်။
ဧရာဝတီ
(စေတနာဝသန် ဂီတဖျော်ဖြေပွဲ) မှတ်တမ်းVideo DVD ထွက်ရှိ
၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က ကျင်းပခဲ့သော ၈၈မျိုးဆက်ကျောင်းသားများ၏ 
ရံပုံငွေတေးဂီတဖျော်ဖြေပွဲ (စေတနာဝသန် ဂီတဖျော်ဖြေပွဲ) မှတ်တမ်းVideo DVD 
ထွက်ရှိလာပြီ ဖြစ်ပါတယ်။ SKY NET က တိုက်ရိုက်ထုတ်လွှင့်မှုကို 
မကြည့်လိုက်ကြရသူများ၊မှတ်တမ်းအဖြစ် သိမ်းဆည်းထားလိုသူများ အတွက် ... ။ DVD နှစ်ချပ်တွဲ 
၂ဝဝဝ/- ကျပ် ။
ရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ
၈၈မျိုးဆက်ကျောင်းသားများ၏
ရုံးခန်းတွင် ဝယ်ယူရရှိနိုင်ပါသည် ။
88 Generation Students
သမ္မတ ဦးသိန်းစိန် ကုလ ညီလာခံမှာ သမိုင်းဝင် မိန့်ခွန်းပြော
၆၇ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားနေသော သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- AFP
သမ္မတ ဦးသိန်းစိန်ဟာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မြန်မာသမ္မတတဦးအနေနဲ့ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၂၇ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အခုလို သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းပြောကြားမှုကို မြန်မာ့အသံ၊ မြန်မာ့ ရုပ်မြင်သံကြား MRTV, MRTV 4, SKY NET ရုပ်သံလိုင်းနဲ့ FM ရေဒီယို စတာတွေမှာ တိုက်ရိုက် ထုတ်လွှင့်သွားခဲ့ပါတယ်။
 ညီလာခံ မိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်က သဘာပတိနဲ့တကွ အားလုံးကို နုတ်ခွန်းဆက် စကား ပြောကြား ပြီး မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာရင်း ခေတ်သစ် တခုကို ရောက်လာပြီဖြစ်တယ်လို့ လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ "မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အလွန်နက်နဲ ခက်ခဲပြီး စိတ်ရှည်ဖို့ လိုအပ် တယ်ဆိုတာ ကျွန်တော်ကောင်းစွာ သတိပြုမိပါတယ်။
တစ်ချိန်တည်းမှာဘဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံ များ၊ နိုင်ငံတကာ အသိုင်းအ၀န်း တစ်ရပ်လုံးအနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည် ထောက်ခံမှုနဲ့ အကူအညီပေးဖို့လိုအပ်ပါတယ်" လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။ ဆက်လက်ပြီး သမ္မတ ဦးသိန်းစိန်က "မြန်မာနိုင်ငံကို ချဉ်းကပ်နည်းအသစ်တွေနဲ့ ရှု့မြင်ချဉ်းကပ်ဖို့လည်း လို အပ်ပါတယ်။ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ၀ိုင်းဝန်းဖန်တီးပေးဖို့လည်း လို အပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြင်ပအကူအညီများအပေါ် သက်သက် မှီခိုရပ်တည်ခြင်းထက် မိတ် ဖက် နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ပူးပေါင်း လက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်" လို့လည်း ထည့် သွင်း ပြောကြားသွားပါတယ်။
 ဒါပေမယ့် တိုင်းပြည်ထူထောင်ရေးလုပ်နေစဉ်မှာဘဲ မထင်မှတ်ဘဲ ရခိုင်အရေးအခင်းဖြစ်လာတာကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်း နေရတာကို နားလည်နိုင်မယ်လို့ နိုင်ငံတကာကို မျှော်လင့်ကြောင်း၊ ကုလသမဂ္ဂအပါအ၀င် ရခိုင်အရေးကိစ္စမှာ အိုအိုင်စီ၊ အမေရိကန်၊ တူရကီအစရှိတဲ့ နိုင်ငံတွေ က လေ့လာ နိုင်ဖို့လည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း ဘက်မလိုက်တဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ တခုကိုလည်း ဘာသာပေါင်းစုံ၊ နယ်ပယ်အသီးသီးက ယုံကြည်လေးစားရတဲ့သူတွေနဲ့ ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးမှုများ လုပ်နေပြီဖြစ်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။
 အလားတူ ကချင်အရေးလည်း သမ္မတက ထည့် သွင်းပြော ကြားခဲ့ပါတယ်။ ဒီအပြင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ သဘောထား ကိုထင်ဟပ်တဲ့ စကားကိုလည်း မိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။
“အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆိုရင် ခုဆို လွတ်တော်အမတ် တဦးအဖြစ် သာမက ၊ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေပြီ ဖြစ်သလို ၊ ယခု နယူးယောက်မြို့ကို ရောက်ရှိနေပြီး အမေရိကန် ရဲ့ မြင့်မားတဲ့ ဂုဏ်ပြု ဆုများကို လက်ခံရရှိနေလို့ ကျွန်တော် မြန်မာနိုင်ငံသား တဦးအနေနဲ့ဝမ်းသာ ဂုဏ်ယူ မိပါတယ်”လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားတာပါ။
 အခုလို မြန်မာနိုင်ငံမှာ သမ္မတတဦးရဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ တိုက်ရိုက် ထုတ်လွင့်မှု ဟာ မြန်မာ့ သမိုင်းမှာလည်း ပထမဆုံးဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံနဲ့ စုဖွဲ့ထားခဲ့တာဖြစ်ပြီး နှစ်စဉ် အထွေထွေညီလာခံ ကျင်းပလျှက်ရှိပြီး ယခုနှစ်အတွက်တော့ ၆၇ ကြိမ်မြောက် ညီလာခံ အစည်းအဝေးကို ကမ္ဘာ့ နိုင်ငံများ က ခေါင်းဆောင်များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်နေပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂ ညီလာခံ မိန့်ခွန်းမှာ တချိန်က ကုလသမဂ္ဂရဲ့ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ ဦးသန့်ကိုလည်း ဂုဏ်ပြု စကားကို ထည့်သွင်းပြောကြားခဲ့ပါသေး တယ်။
 ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူး တာဝန်ကို အာင်မြင်စွာထမ်းဆောင်ခဲ့တဲ့ မြန်မာ့နိုင်ငံသား ဦးသန့် ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အောင်မြင်မှုတွေကို သမ္မတ ဦးသိန်းစိန်က သူ့အနေဖြင့်ရော မြန်မာပြည်သူများ အနေဖြင့်ပါ ဘယ်တော့မှ မေ့တော့မှာ မဟုတ်ဘဲ အစဉ်ထာဝရ ချီးကျူး ဂုဏ်ယူနေမှာဖြစ်ကြောင်း ပြောကြားပြီး ညီလာခံ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းဟာ မတိုလွန်း၊ မရှည်လွန်း ပဲ ကဏ္ဍ စုံအောင်လည်း ထည့်သွင်းပြောကြားခဲ့ တာပါ။
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမှု မြင်ကွင်းများ ( Photo : AFP )
Thursday, September 27, 2012
လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ တာဝန်ရှိသူများ ဒုတိယနေ့အဖြစ် သင်္ဃန်းကျွန်းမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် တရားရုံးကို စစ်ဆေး
အတွင်းရေးမှူး ဦးဝင်းမြင့် ဦးဆောင်သော လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ တာဝန်ရှိသူများသည် ဒုတိယနေ့အဖြစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် တရားရုံးကို နံနက် ၁၀း၃၀ နာရီ ခန့်က သွားရောက် စစ်ဆေးရာတွင် တိုင်းတရားသူကြီးချုပ် ဦးဝင်းဆွေ၊ တိုင်းဦးစီးမှူး ဒေါ်လွင်လွင်အေးကျော်၊ အရှေ့ပိုင်းခရိုင်တရားသူကြီး ဒေါ်ချိုမာလာ၊ ခရိုင်တွဲဘက် တရားသူကြီး ဒေါ်ခင်စိုးဟန်၊ ဒုတိယခရိုင် တရားသူကြီး (၁) ဦးလှသိန်း၊ ဒုတိယခရိုင် တရားသူကြီး (၂) ဦးအောင်ဝင်း၊ ဒုတိယခရိုင်တရားသူကြီး (၃) ဒေါ်ခင်စိမ်းဝင်း၊ ဒုတိယခရိုင် တရားသူကြီး (၄) ဒေါ်ခင်စန်းဝင်း၊ ဒုတိယခရိုင် တရားသူကြီး (၅) ဦးဇော်မင်းအောင်၊ ဒုတိယခရိုင် တရားသူကြီး (၆) ဒေါ်လှမြင့်၊ ဒုတိယခရိုင် တရားသူကြီး (၇) ဒေါ်နော်အဲဂနက်၊ ဒုတိယခရိုင် တရားသူကြီး (၈) ဦးကြင်သောင်းတို့က ကြိုဆိုခဲ့ကြပြီး အချိန် နှစ်နာရီနီးပါးကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
 ထို့နောက် ဥပဒေစိုးမိုးရေးအဖွဲ့သည် ခရိုင်ဥပဒေအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့ပြီး တရားခွင်များ၊ ယာယီအချုပ်ခန်းများကို ကြည့်ရှုပြီး နေ့လည် ၂း၀၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။
USDP လွှတ်တော်ကိုယ်စားလှယ်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်စုပေါင်း မီဒီယာရှင်းမည်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦစိုးဟန်လင်းနှင့် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် တို့စုပေါင်း၍ လွှတ်တော်တွင်း
အတွေ့အကြုံရှင်းလင်းပွဲတစ်ရပ်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ မီဒီယာရှင်းလင်းပွဲကို ပုသိမ်မြို့
မြို့တော်ခန်းမတွင် စက်တင်ဘာ ၂၉ ရက်နံနက် ၉ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း
ပုသိမ်မြို့ခံသတင်းထောက်က သတင်းပေးပို့သည်
ပထမအကြိမ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ပဉ္ဓမပုံမှန်အစည်းအဝေး အောက်တိုဘာ ၁၈ရက် ကျင်းပမည်
ပထမအကြိမ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ပဉ္ဓမပုံမှန်အစည်းအဝေး အောက်တိုဘာ ၁၈ရက် ကျင်းပမည်
မြန်မာ့ ပို့  ကုန် ကန် သို့  တင်ပို့  မှု ကို ၀ါရှင်တန် ပယ်ဖျက်
 Feature Photo : Christopher Martin
အောင်ပန် ၊ 
၊မြန်မာစစ်အာဏာရှင်တို့အားစီးပွားရေးပိတ်ဆို့ဒါဏ်ခတ်အရေးယူ မှုတခုဖြစ်တဲ့ မြန်မာနိုင်ငံထုတ်ကုန်များ အမေရိကန်နိုင်ငံသို့ တင်သွင်းမှုပိတ်ပင်ခြင်းအား အမေရိကန်အစိုးရကပယ်ဖျက်လိုက်ကြောင်းကို အမေရိကန်နိုင်ငံခြားဝန်ကြီး ဟီလာရီကလင်တန်ကကြေငြာလိုက်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်နေသော သမ္မတဦးသိန်းစိန်အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်မှ မြန်မာနိုင်ငံထုတ်ကုန်များ အမေရိကန်နိုင်ငံသို့ တင်သွင်းမှုပိတ်ပင်မှုရုတ်သိမ်းလိုက်ခြင်းတွင်လက်နက်ရောင်းဝယ်မပါဝင်ဘဲ မြန်နိုင်ငံပြုပြောင်းလဲရေး
လုပ်ငန်းစဉ်များ ပိုမိုအောင်မြင်တိုးတက်လာစေရန် အတွက် ရည်ရွယ်ကြောင်းကို ပြောဆိုခဲ့သည်။
 မြန်မာနိုင်ငံအမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြုပြင်ပြောင်း လဲရေးများလုပ်ဆောင်နေမှုကာလတွင် မြန်မာ့စီးပွားရေး အရှိန်အဟုတ်ဖြင့်လျင်မြန်စွာဖွံဖြိုးတိုးတက်စေရန်အတွက် အမေရိနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အဖြစ်ရောက်ရှိနေသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ အမေရိကန်စီးပွားရေးပိတ်ဆို့မှုကိုရုတ်သိမ်းရန်အတွက် ထောက်ခံပြောဆိုခဲ့ပြီးနောက် ယခုလိုအမေရိကန်အစိုး ရရဲ့ကြေညာ ချက်ထွက်ရှိလာခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားဝန်ကြီးကလင်တန်သည် ယမန်နေ့က မြန်မာသမ္မတနှင့်တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံပြုပြင်ေ ပြောင်းလဲမှုများလုပ်ဆောင်ရာတွင် တိုးတက်မှုများတွေ့မြင်ရသောကြောင့် ကျေနပ်အားရမိကြောင်းချီးကျူးစကားဆိုခဲ့သည်။ မြန်မာစစ်အာဏာရှင်တို့အားစီးပွားရေးပိတ်ဆို့ဒါဏ်ခတ်အရေးမှုတခုဖြစ်တဲ့ မြန်မာနိုင်ငံထုတ်ကုန်များ အမေရိကန်နိုင်ငံသို့ တင်သွင်းမှုပိတ်ပင်ခြင်းအား အမေရိကန်အစိုးရကပယ်ဖျက်လိုက်ကြောင်းကို အမေရိကန်နိုင်ငံခြားဝန်ကြီး ဟီလာရီကလင် တန်ကကြေငြာလိုက်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်နေသော သမ္မတဦးသိန်းစိန်အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်မှ မြန်မာနိုင်ငံထုတ်ကုန်များ အမေရိကန်နိုင်ငံသို့ တင်သွင်းမှုပိတ်ပင်မှု ရုတ်သိမ်းလိုက်ခြင်းတွင် လက်နက်ရောင်းဝယ်မပါဝင်ဘဲ မြန်နိုင်ငံပြုပြောင်းလဲရေးလုပ်ငန်းစဉ်များ ပိုမိုအောင်မြင်တိုးတက်လာစေရန်အတွက် ရည်ရွယ်ကြောင်းကို ပြောဆိုခဲ့သည်။
 မြန်မာနိုင်ငံအမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေမှုကာလတွင် မြန်မာ့စီးပွားရေး အရှိန်အဟုတ်ဖြင့်လျင်မြန်စွာဖွံဖြိုးတိုးတက်စေရန်အတွက် အမေရိနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အဖြစ်ရောက်ရှိနေသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ အမေရိကန်စီးပွားရေးပိတ်ဆို့မှုကိုရုတ်သိမ်းရန်အတွက် ထောက်ခံပြောဆိုခဲ့ပြီးနောက် ယခုလိုအမေရိကန်အစိုး ရရဲ့ကြေညာချက်ထွက်ရှိလာခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားဝန်ကြီးကလင်တန်သည် ယမန်နေ့က မြန်မာသမ္မတနှင့်တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံပြုပြင်ပြောင်း လဲမှုများလုပ်ဆောင်ရာတွင် တိုးတက်မှုများတွေ့မြင်ရသောကြောင့် ကျေနပ်အားရမိကြောင်းချီးကျူးစကားဆိုခဲ့သည်။
Freedom News Group
အပြောင်းအလဲ ဖြစ်လာတဲ့ မြန်မာ့ သတင်းစာ..
ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ထုတ် ကြေးမုံ သတင်းစာ မျက်နှာဖုံးမှာ ပါလာတဲ့ သတင်းတပုဒ်ပါ။ 
ဒါကတော့ အမေရိကန်ကို ကြိုတင်ရောက်နှင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် ကို တည်းခိုရာ ဟော်တယ်ကို လာရောက်တွေ့ဆုံနုတ်ဆက်တာကို မျက်နှာဖုံးခေါင်းကြီးပိုင်း သတင်း အဖြစ် ဖော်ပြထားပါတယ်။
အခုလို သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမည်၊ ဓာတ်ပုံနဲ့ ဖော်ပြမှုတချို့ သမ္မတ ဦးသိန်းစိန် အစိုးရ ပြောင်း လာပြီးနောက်ပိုင်း နည်းနည်းပါးပါး တွေ့လာခဲ့ရာမှာ အခု တခါကတော့ ဓာတ်ပုံကိုလည်း သမ္မတနဲ့ တွဲလျှက်ဖြစ်နေလို့ အကြီးဆုံးဖော်ပြခဲ့ပါတယ်။ 
အခုလိုဖော်ပြမှုဟာ သမ္မတနဲ့ အတိုက်အခံ ခေါင်းဆောင်တို့ရဲ့ ဆက်ဆံရေးကိုလည်း ထင်ဟပ်ပါတယ်။
အရင်က တချိန်လုံး အစိုးရရဲ့ အာဘော်သာ တင်ပြတဲ့ သအခြေအနေကနေ ပြောင်းလဲလာတဲ့ မြန်မာ့ သတင်းစာလို့ ပြောရမှာပါ။  ပြောင်းလဲလာတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို တချိန်တုန်း က ဝေဖန် တိုက်ခိုက်ရေးသားချက်များကို ဖော်ပြလေ့ရှိတဲ့သတင်းစာတွေက အခု ဖော်ပြလာမှုကသာ တကယ့်ပြောင်း လဲမှု ဖြစ်ပါတယ်။ 
ဒါကလည်း သတင်းဖော်ပြမှုအတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ သမ္မတ ဦးသိန်စိန်တို့ ဖြစ်နေတာ တိုက်ဆိုင်မှု တော့မဟုတ်ပါ။
တချိန်က ဒီလို ပုဂ္ဂိုလ်မျိုးတွေရဲ့ သတင်းကို သတင်းစာပေါ်မှာ ဖော်ပြလေ့မရှိခဲ့ပါဘူး။ ဝေဖန်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေပဲ ဖော်ပြလေ့ရှိခဲ့တာပါ။ 
ဒီနေရာမှာ သတင်းစာ  ရောင်းကောင်းအောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့ သတင်းကို ဖော်ပြတာ မဟုတ်ဘူးဆိုရင်တော့ ထူးခြားမှု တခုဖြစ်နေပါလိမ့်မယ်။
စတုတ္ထမဏ္ဍိုင် အားကောင်းလာစေရန် ဘယ်လောက်ထိ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းစာ ပညာတွေ အားကောင်းလာအောင် မြန်မာ သတင်းစာတွေနဲ့ သတင်းစာလောက အနေနဲ့ ဘယ်လို ခြေလှမ်းတွေ ဆက်လှမ်းလာမလဲ ဆိုတာကိုတော့ အများက စိတ်ဝင်စားနေကြပါတယ်။
Wednesday, September 26, 2012
ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ချက် သမ္မတက လက်မှတ်မထိုးဘဲ လွှတ်တော်သို့ ပြန်လွှဲ
ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ချက် သမ္မတက လက်မှတ်မထိုးဘဲ လွှတ်တော်သို့ ပြန်လွှဲ
 အောင်သူရ 
ရန်ကုန်၊ စက်တင်ဘာ - ၂၄ 
အတွဲ (၁၁)၊ အမှတ်(၂၉) 
ပထမအကြိမ် စတုတ္ထလွှတ်တော် အစည်းအဝေးက အတည်ပြုပေးလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အတည်ပြုလက်မှတ်မထိုးဘဲ အချက်အလက်အချို့ ပြန်လည်ပြင်ဆင်ပေးရန် လွှတ်တော်သို့ ပြန်လည်ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးကပြောသည်။
 နိုင်ငံတော်သမ္မတက အချိုးတူထည့်ဝင်ငွေ ၅၀း ၅၀ အပါအ၀င် အချို့အချက်အလက်ကို ပြင်ဆင်ပေးရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက် (စနေနေ့)က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ပြန်ပို့ပေးခဲ့ကြောင်း သမ္မတရုံးမှ ညွှန်ကြားရေးမှူးဦးဇော်ဌေးက ပြောသည်။
 “အဓိကနှစ်ချက်ပေါ့။ ရင်းနှီးမြှုပ်နှံမှု အချိုးအစားရယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏရယ်ပေါ့။ တခြားအချက်အလက် တချို့လည်း ပါပါတယ်”ဟု အဆိုပါ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။ လွှတ်တော်အစည်းအဝေးများ ပြုလုပ်ပြီး စက်တင်ဘာလ ၁၂ နှင့် ၁၃ ရက်တွင် နေပြည်တော်၌ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ပြုလုပ်ပြီး Euromoney Industitutional Invester PLC မှ အမှုဆောင်အရာရှိချုပ် မစ္စတာ Toney Shale က ရင်းနှီးမြှုပ်နှံမှုပမာဏတွင် နိုင်ငံခြားသားနှင့် ပြည်တွင်းလုပ်ငန်းရှင်များကို အချိုးတူ သတ်မှတ်ထားခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
 “ ၅၀း ၅၀ (အချိုးတူ)မှာ ခက်နေတာက အဓိက ရင်းနှီးမြှုပ်နှံသူ ဘယ်သူမှ မဟုတ်တဲ့အတွက် ဆုံးဖြတ်ချက်ချဖို့ ခက်တယ်။ နှစ်ဦးသဘောတူဖြစ်ဖို့ဆိုတာ နေရာတိုင်း မဖြစ်နိုင်ဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကဆိုသည်။ ပြီးခဲ့သည့် လွှတ်တော်က အငြင်းပွားသော ကနဦး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာငါးသန်း ပါဝင်ရမည့် ကန့်သတ်ချက်၊ ဖက်စပ်လုပ်ပိုင်ခွင့် ရရှိပါက နိုင်ငံခြားသားမှ မတည်ငွေ ၄၉ ရာခိုင်နှုန်းသာ ပါဝင်ရမည့်အချက်နှင့် နယ်စပ်ဒေသများတွင် ရင်းနှီးမြှုပ်နှံခွင့်မပြုရ အချက်များကို ပယ်ဖျက်၍ အတည်ပြုပေးခဲ့သည်။
ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်သော ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကန့်သတ်မှုမရှိတော့ခြင်း၊ မတည်ရင်းနှီးငွေကိုလည်း အချိုးတူထည့်ဝင်ခြင်းနှင့် နယ်စပ်ဒေသများတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုခြင်း စသည့်အချက်များဖြင့် အတည်ပြုပေးခဲ့သည်။ “လွှတ်တော်က ပြင်မပေးဘူးဆိုရင် ရက်ပေါင်း ၉၀ အတွင်းပြည့်ရင် သမ္မတလက်မှတ်မထိုးလည်း အတည်ဖြစ်သွားပြီ။ ဒါပေမဲ့ အဲဒါမကောင်းဘူး။ အဆင်ပြေအောင်တော့ လုပ်ရမှာပေါ့”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။
လွှတ်တော်က အတည်ပြုလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ပါသောအချက်အလက်များကြောင့် နိုင်ငံခြားမှ လုပ်ငန်းကြီးများ မ၀င်ရောက်နိုင်ဘဲ အလယ်အလတ်နှင့် အသေးစားများသာ ၀င်ရောက်နိုင်ကြောင်း စီးပွားလုပ်ငန်းအချို့နှင့် ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
7Day News Journal
"သူငယ်ချင်းနေဝင်းအောင် မင်းဘယ်တုန်းက ထောက်လှန်းရေး ဖြစ်သွားခဲ့သလဲ"
ကိုစိုးလင်းနဲ့ ကိုနေဝင်းအောင် ထောက်လှမ်းရေးမဟုတ်တာ သေချာနေပြီရင်ဒေါက်တာနိုင်အောင် ဘယ်လို တာဝန်ယူပြီး ဖြေရှင်းပေးမလဲ။ ခေတ်ပြိုင်တော်လှန်ရေးရဲဘော်တွေနဲ့ နောင်လာမယ့် မျိုးဆက်တွေကို အကောင်းဆုံး နိုင်ငံရေးဝန်ခံချက်ပေးဖို့ ဘယ်လိုစဉ်းစားထားပါသလဲ။
--------------------------------------------------- "သူငယ်ချင်းနေဝင်းအောင် မင်းဘယ်တုန်းက ထောက်လှန်းရေး ဖြစ်သွားခဲ့သလဲ"
(ဒီစာဟာ ကိုနေဝင်းအောင် (မြန်မာစာနည်းပြဟောင်း)နဲ့ ကျွန်တော်တို့ ရင်းနှီးခဲ့ကြ၊ နိုင်ငံရေး ကိစ္စတွေ တွဲလုပ်ခဲ့ကြတဲ့အကြောင်းကို ရေးပြမယ့်စာပါ။ ကျွန်တော့်မိတ်ဆွေ (သူငယ်ချင်းလို့ ပြော လည်း ရတယ်)ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာအတွက် ကျွန်တော် ရေးဖို့လိုအပ်မယ်ထင် လို့ ရှေးဟောင်း
နှောင်းဖြစ် ပြန်ပြောလိုက်တာပါပဲ။)
၁၉၈၈ အရေးတော်ပုံကြီး ဖြစ်လာတော့ ကျွန်တော်က ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ နည်းပြ၊ ကိုနေဝင်းအောင်က လုပ်သားများကောလိပ်၊ မြန်မာစာဌာနမှာ နည်းပြ လုပ်နေကြတယ်။ စက်တင်ဘာ (၁၈) မှာ စစ်တပ်က အာဏာသိမ်းတယ်။ မဆလ ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေကို မဆလ ကိုယ်စား လက်စားချေတဲ့အနေနဲ့ အကြမ်းတမ်းဆုံး ပစ်ခတ်သတ်ဖြတ်ပြီး နှိပ်ကွပ်ခဲ့တယ်။
စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းတွေမှာပဲ သပိတ်ကော်မတီတွေ အပါအဝင်ခေါင်းဆောင်အတော် များများလည်း ရှောင်ကြ၊ ပြေးကြ၊ ပုန်းကြရတယ်။ ဖမ်းဆီးတာတွေ စဖြစ်နေတာကိုး။
အဲဒီကာလမှာ ကိုနေဝင်းအောင်နဲ့ သူ့အစ်မကြီး (ယခုအမေရိကန်နိုင်ငံ) အကူအညီနဲ့ ကိုမြင့်လှိုင် (သတ္တဗေဒသရုပ်ပြ၊ တက္ကသိုလ်ဆရာအသင်း အတွင်းရေးမှူး၊ အထွေထွေသပိတ်ကော်မတီ (ရန်ကုန်) တွဲဖက်အတွင်းရေးမှူး၊ (ယခုအမေရိက)၊ ကိုစိုးသိန်း (RIT-ဗကသ) နဲ့ ကျွန်တော်တို့ဟာ ခရမ်းဘက်က ရွာကလေးတစ်ရွာကို ရှောင်သွားကြတယ်။ ကိုနေဝင်းအောင် အစီအစဉ်နဲ့။ (အသေးစိတ် မပြော တော့ပါ။) အဲဒီရွာအထိ လိုက်ပို့ပြီး သူ ပြန်သွားတယ်။
အဲဒီတုန်းက လုပ်သားများ ကောလိပ်ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးနဲ့ လုပ်ငန်းကိစ္စတွေကို ကူညီပေးနေတဲ့ ဆရာတွေထဲမှာ ကိုအောင်မြင့်စိုး (ဒသနိကဗေဒနည်းပြ၊ ကဗျာဆရာမောင်စိုးချိန်)၊ ဦးမောင်မောင် (ဒဿနိကဗေဒနည်းပြ၊ စာရေးဆရာမောင်မောင်ဇေယျ)နဲ့ ကိုနေဝင်းအောင်တို့ သုံးယောက်ဟာ အဓိက ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ကြတယ်။
အဲဒီ ၁၉၈၈ စက်တင်ဘာလကုန်လောက်မှာပဲ ကိုနေ၀င်းအောင်နေတဲ့ ပုဇွန်တောင် ညောင်တန်းက သူ့သူငယ်ချင်းအိမ်မှာ ကျွန်တော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီ (ယူဂျီ) ရဲဘော်တစ်ယောက်ရဲ့ နှုတ် မစောင့်စည်းမှုကြောင့် ကိုနေဝင်းအောင်နဲ့ သူ့သူငယ်ချင်း(နာမည်မပြောတော့ပါ)လည်း ကျွန်တော် တို့ ယူဂျီတွေမှန်း သိသွားခဲ့တယ်။ အဲဒီကိစ္စဖြစ်ပြီးတော့ ကိုနေဝင်းအောင်က မှတ်ချက်တစ်ခုပေး တယ်။ အဲဒီရဲဘော်နဲ့လည်း သူက ရင်းနှီးတယ်။
“အဲဒီလူက အတော်ရမ်းတာပဲဗျ၊ ဒီလိုစကားတွေကို ကျွန်တော်တို့ရှေ့မှာ မပြောသင့်ဘူး” …တဲ့။
ကျွန်တော် အဖမ်းခံရတဲ့ ၁၉၈၉၊ ဇူလိုင် (၁၂) ရက်အထိ သူနဲ့ သူ့သူငယ်ချင်းဟာ ကျွန်တော့်ယူဂျီ ကိစ္စကို ရေငုံနှုတ်ပိတ်ပြီး မသိချင်ယောင်ဆောင်ပေးခဲ့ကြတယ်။ ဒါဟာ အရေးကြီးတဲ့ကိစ္စ ပါ။
ထောက်လှမ်းရေး က ဗကပ ယူဂျီတွေကို အသည်းအသန် ရှာနေတဲ့ အချိန်လေ။
(၂)
အဲဒီကာလနောက်ပိုင်းမှာ ကျွန်တော်တို့က နိုင်ငံရေးလှုပ်ရှားမှု အဖွဲ့တစ်ခုဖွဲ့ဖို့ ညှိကြတယ်။ အပြင်က လူတွေနဲ့ ချိတ်ဆက်လှုပ်ရှားဖို့ အစီအစဉ်လည်း ပါတယ်။ အဲဒီအစီအစဉ်အတွက် ကိုနေဝင်းအောင်နဲ့ ဦးမောင်မောင်တို့နှစ်ယောက်ဟာ ထိုင်းနိုင်ငံဘက် ထွက်သွားတယ်။ CRDB က ဦးတင်မောင်ဝင်း၊ ဦးရဲကျော်သူတို့နဲ့ တွေ့ဆုံဆွေးနွေးပြီး ပြည်တွင်းကို ပြန်ဝင်ခဲ့ကြတယ်။
အဲဒီကာလမှာ လမ်းကြောင်း သိနေသူတွေကတော့ ဝင်လိုက်၊ ထွက်လိုက် လုပ်နေကြတဲ့ အချိန်ပါ။ အခု USCB က ကိုအောင်ဒင် ဆိုရင် ကောင်းကောင်း သိပါတယ်။ ကိုနေဝင်းအောင်တို့နှစ်ယောက် CRDB အဖွဲ့နဲ့ သွားတွေ့ချိန်မှာ ကိုအောင်ဒင်က ထိုင်းဘက်ကမ်းမှာ ရှိနေလို့ပါ။ ကျွန်တော့်ဌာနက ဆရာကြီးတစ်ယောက် (ယခုကွယ် လွန်) တောင် အဲဒီအချိန်တုန်းက ဆေးတက္ကသိုလ်တက်နေတဲ့ သူ့သားကို ထိုင်းဘက်မှာ သွားရှာတာ လှမ်းတွေ့လိုက်လို့ ကိုနေဝင်းအောင်တို့ မမြင် ချင်ယောင်
ဆောင် ပြီး ရှောင်ခဲ့ရပါသေးသတဲ့။
ကိုနေဝင်းအောင်တို့ ရန်ကုန်ပြန်ရောက်ပြီး ရက်ပိုင်းမှာပဲ လူ့ဘောင်သစ်ဥက္ကဋ္ဌလုပ်နေတဲ့ ကိုမိုးသီးဇွန် နဲ့ တွေ့ချင်တယ်ဆိုလို့ လူ့ဘောင်သစ်ပါတီရုံး (၁၁ လမ်းထိပ် ထင်တယ်) ကို ခေါ် သွားပြီး ကိုနေ၀င်း အောင်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ သူတို့နှစ်ယောက် စကားပြောကြတော့ ကျွန်တော် ရှောင်ပေးခဲ့တယ်။ ကိုမိုးသီးဇွန် မှတ်မိလိမ့်မယ် ထင်တယ်။
အဲဒီတုန်းက CRDB နဲ့ ညှိပြီး လုပ်မယ့် ကျွန်တော်တို့အဖွဲ့ဝင်တွေထဲက ပြည်တွင်း CRDB တာဝန်ခံ ကို (ကိုနေဝင်းအောင်နဲ့ ကျွန်တော်) တွေ့တော့ လွှဲပေးတဲ့ ငွေကြေးကိစ္စကို ဝေ့လည်ကြောင်ပတ် လုပ်နေ တာကြောင့် နှစ်ခါတွေ့ပြီးချိန်မှာ အဆက်ဖြတ်ပစ်လိုက်ဖို့ ကျွန်တော်က အကြံပေးခဲ့တယ်။ ဒါကြောင့်လည်း အဲဒီပုဂ္ဂိုလ်နဲ့ အဆက်ဖြတ်ပြီး အဖွဲ့ကိုပါ ဖျက်ပစ်လိုက်တယ်။ ညှိနှိုင်းဆဲအဆင့်ဆို တော့ အလုပ်ကိစ္စတွေ ထိခိုက်မှု မဖြစ်ခဲ့ပါဘူး။
(၃)
အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ ကျောင်းဆရာအုပ်စုက ဆရာသမဂ္ဂတစ်ခု ဖွဲ့ဖို့ ညှိကြတယ်။ ဒါနဲ့ပဲ ဗဆသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများသမဂ္ဂများ အဖွဲ့ချုပ်)ကိုဖွဲ့ဖို့ သဘောတူခဲ့ကြတယ်။
၁၉၈၉ နှစ်ဆန်းပိုင်း ကာလတွေထဲမှာပါ။
ရှစ်လေးလုံးအရေးတော်ပုံကာလတုန်းက ကျွန်တော်နဲ့ ကိုဌေးလွင် (ဒသနိကဗေဒနည်းပြ) တို့ နှစ်ယောက်က တက္ကသိုလ်ဆရာများအသင်း (UTA) နာမည်နဲ့ “ဒေါက်တာမောင်မောင်သို့ အိတ်ဖွင့် ပေးစာ (၁)နဲ့ (၂)” ရေးပြီး ဆော်သြခဲ့တဲ့ တက္ကသိုလ်ဆရာသမဂ္ဂဆိုတာလည်း စစ်တပ်က အာဏာ သိမ်းလိုက်တော့ မလှုပ်ရှားနိုင်တော့ဘူး။ အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးစံတင်(မြန်မာစာ) အပါ အဝင် ခေါင်း ဆောင်ပိုင်းကို အလုပ်ထုတ်ပစ်ချိန်မှာ ကိုဌေးလွင် (တွဲဖက်အတွင်းရေးမှူး)လည်း အငြိမ်းစားပေး (အလုပ်ထုတ်) ခံရတဲ့အထဲ ပါသွားခဲ့တယ်။ ဒါကြောင့်လည်း ဆရာအဖွဲ့တစ်ခု ဖွဲ့ဖို့ ညှိနှိုင်းခဲ့ကြတာပါ။
ဗဆသက ကြေညာချက်(၃)စောင် ထွက်ခဲ့တယ်လို့ ကျွန်တော် မှတ်မိတယ်။ (၂)စောင်ကို ကျွန်တော် ရေးပြီး (၁)စောင်ကိုတော့ ကိုနေဝင်းအောင် ရေးခဲ့တာပါ။ ကြေညာချက်မူကြမ်းကို ၀ိုင်းဖတ်ပြီး သဘောတူချက် ရမှ ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကြေညာချက် ထွက်လာအောင် တာဝန်ယူခဲ့သူ ကတော့ ကိုနေဝင်းအောင်ပါပဲ။ အဲဒီတုန်းက ကြေညာချက်အစောင်ငါးရာ (၅၀၀) ရိုက်တယ်။ ဒီချုပ်၊ ဒီငြိမ်းနဲ့ လူ့ဘောင်သစ်ပါတီတွေကို ကိုနေ၀င်းအောင်ကိုယ်တိုင် သွားပို့တယ်။ ကျွန်တော့်ဆီကို အစောင် (၅၀) ပို့ပေးပြီး ကျွန်တော်က ဖြန့်ဖို့လိုတဲ့လူတွေ (ရန်ကုန်တက္ကသိုလ်ထဲ မှာ) ဖြန့်တယ်။ ကျွန်တော် အဖမ်းမခံရခင် နောက်ဆုံးထုတ်ခဲ့တဲ့ ကြေညာချက်က ဇူလိုင် (၇)ရက် ၀န်းကျင်မှာပါ။ ဗဆသကို အမှုဆောင်တွေနဲ့ တိုးချဲ့ဖွဲ့ဖို့ အခြေခံပညာကျောင်းတချို့က ဆရာတွေ နဲ့ တွေ့ဆုံညှိနှိုင်း တာကို ကိုနေဝင်းအောင်က တာဝန်ခံပြီး လုပ်ခဲ့တာပါ။ အတော်များများ နဲ့တွေ့ပြီး (ညှိနှိုင်းပြီး)ချိန်မှာ အမှုဆောင်အဖွဲ့ဖို့ ကိုနေ၀င်းအောင်က ကျွန်တော့်ကို တိုင်ပင်တယ်။ ကျွန်တော်က လူနာမည်တွေ ထုတ်သုံးပြီး လုပ်ရတာ အန္တရာယ် ရှိတယ်။ လတ်တလောမှာ သဘော ထား ပြောနေဖို့က ပိုအရေးကြီး တာမို့ Body မဖွဲ့ဘဲနဲ့ အဖွဲ့နာမည်နဲ့ပဲ အလုပ်လုပ်နေတာ အန္တရာယ် ပိုကင်းပါတယ်ဆိုပြီး ပြောတော့ သူသဘောတူပါတယ်။ အမှုဆောင်အဖွဲ့ မဖွဲ့ဖြစ်တော့ ပါ ဘူး။
ဗဆသအနေနဲ့ စာစောင်တစ်ခု ထုတ်ဖို့ တခြားဆရာတွေနဲ့ ညှိတယ်။ သဘောတူလို့ စာမူစုကြတယ်။ အဲဒီကာလက မန္တလေးမှာ လုပ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားညီလာခံကို ဗဆသနာမည်နဲ့ သ၀ဏ်လွှာပို့ခဲ့တယ်။ ၁၉၈၉ မေလနှောင်းပိုင်းမှာပါ။ အဲဒီကာလမှာပဲ ဗဆသရဲ့ ဒုတိယကြေညာ ချက် ကို အစိုးရသတင်းစာက ဆောင်းပါးတစ်ပုဒ်ရေးပြီး အကြီးအကျယ် တိုက်ခိုက်ပါ တယ်။
ကျောင်းပြန် ဖွင့်ရေး ကိစ္စနဲ့ ပတ်သက်တဲ့ ကြေညာချက်ပါ။ ဒါကြောင့်လည်း စာစောင်ထုတ်ရေး အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ရတယ်။
ဇူလိုင်လလယ်လောက်မှာ မြစ်ဝကျွန်းပေါ် (ဧရာဝတီတိုင်း)က ဆရာသမဂ္ဂနဲ့ ပူးတွဲကြေညာချက် ထုတ် ပြန်ဖို့အတွက် အဲဒီက ဆရာတွေနဲ့ တွေ့ဖို့ သူ့ကို ပြောထားတယ်။ ကျွန်တော်နဲ့ သူနဲ့ သွားတွေ့မှာပါ။ အဲဒီရက်မတိုင်ခင် ကျွန်တော် အဖမ်းခံရတယ်။ ဘယ်နေရာမှာ၊ ဘယ်သူတွေ (ဘယ်လိုင်းက)လဲဆို တာ သူ မသိပါဘူး။ ဗဆသ တာဝန်ခံအနေနဲ့ သူက တွေ့ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗကပယူဂျီပေါက် သွားခဲ့ပြီး ကျွန်တော်ပါ အဖမ်းခံလိုက်ရတယ်။
(၄)
ABSDF မှာ ကိုမိုးသီးဇွန် ဥက္ကဋ္ဌဖြစ်နေတဲ့ ၁၉၈၉၊ ဇူလိုင်လ (၁၀) ရက်ဝန်းကျင်တုန်းက ကိုနေဝင်းအောင် အိမ် (ညောင်တန်း) အပေါ်ထပ်မှာ ကျွန်တော်တို့ တွေ့ကြတယ်။ ကျွန်တော် မှတ်မိသလောက် ပြောရရင် ကိုမိုးသီးဇွန် လွှတ်လိုက်တဲ့ ဆက်သားရယ်၊ ကိုအောင်မြင့်စိုး (မောင်စိုးချိန်)၊ ကိုဌေးအောင် (ရှဥ့်)၊ ကိုတင်သန်းဦး၊ ကိုနေဝင်းအောင်နဲ့ ကျွန်တော် တို့ တွေ့ကြ တယ်။ (ကိုငွေလင်း ပါမပါကိုတော့ မမှတ်မိတော့ပါ။) ကျွန်တော်နဲ့ ကိုနေ၀င်းအောင် တို့ တွေ့ကြတဲ့ သူတွေက လူ့ဘောင်သစ်ပါတီက ပုဂ္ဂိုလ်တွေပါ။
ဆက်သားက သူနဲ့အတူပါလာတဲ့စာ (ကိုမြင့်လှိုင် ရေး လိုက်တဲ့ စာနဲ့ ဓာတ်ပုံ)ကို ကိုနေဝင်းအောင် ဆီ ပေးတယ်။ အဲဒီအချိန်တုန်းက ကိုမြင့်လှိုင်ဟာ ကိုဇော်ထွန်း (ဆေး-၂ ကျောင်းသား၊ ရှစ်လေး လုံး ကာလ ရန်ကုန်ဂျီအက်စီရဲ့ အထွေထွေ အတွင်းရေးမှူး)နဲ့အတူ ABSDF ကို ရောက်နေ ချိန်ပါ။
ပြီးတော့ ကိုမိုးသီးဇွန်က ကျွန်တော်နဲ့ နောက်တစ်ယောက်ဆီ မှာလိုက်တဲ့ကိစ္စကို ဆက်သားက ပါးစပ် နဲ့ ပြောပါတယ်။ (တွေ့ဖို့ကိစ္စလို့ပဲ ထားလိုက်ပါတော့)။ အဲဒီကိစ္စကို လူ့ဘောင်သစ်က လူတွေနဲ့ ကျွန်တော်၊ ကိုနေ၀င်းအောင်တို့ ဆွေးနွေးပြီး သဘောတူညီချက်တစ်ခု ချကြတယ်။ တစ်နေရာရာမှာ စီစဉ်ပြီး တွေ့မယ်ပေါ့။ အဲဒီတုန်းက ပါဝင်ခဲ့သူတွေက ဘာမှာလို့ ဘာဆွေးနွေးပြီး ဘယ်လိုဆုံးဖြတ်ခဲ့ တယ်ဆိုတာ မှတ်မိလိမ့်ဦးမယ် ထင်ပါတယ်။ ကျွန်တော့်တစ်ဦးချင်းနဲ့ တိုက်ရိုက်ပတ်သက်နေလို့ အတိ အကျ မပြောတော့ပါ။
နောက်(၂)ရက်နေတော့ CP (ယူဂျီ)ပေါက်ပြီး ကျွန်တော် အဖမ်းခံရတယ်။ စပြီး အဖမ်းခံရတာ ကျွန် တော် မဟုတ်ဘူး။ ဇူလိုင် (၁၂) ရက်မှာ ကျွန်တော့်ကို လာဖမ်းတော့ CP ယူဂျီတချို့ကို ဖမ်း ပြီးနေ ပါပြီ။
အဲဒီနောက်ပိုင်းမှာ ကိုနေ၀င်းအောင်က ရန်ကုန်မှာပဲ ရှိတယ်။ ကျွန်တော် အင်းစိန်ထောင်မှာ ထောင် ကျပြီး ထောင်ဝင်စာတွေ့တော့ သူ့သတင်းတချို့ ကြားတယ်။ ကျွန်တော် နိုင်ငံရေးလုပ်တာ လူမ သိ ပေ မယ့် သူ လုပ်တာကို လူတချို့ သိတယ်။ အဲဒီလူတွေက သူ့ကို သံသယ ဖြစ်နေကြတယ် ဆို တာကို ကြားရတယ်။ ကျွန်တော့်အိမ်က ထောင်ဝင်စာလာတွေ့တော့ စားစရာပို့ပေးတာနဲ့ အတူ သူ မှာတာ တချို့ ရှိတယ်။ ထောင်ဝင်စာကနေ အပြင်ကလူတွေကို ဘာမှပြန်ပြီး မမှာနိုင် ခဲ့ဘူး။ ပြသနာ ကလည်း ကြီး လိမ့်မယ် မထင်ခဲ့ဘူး။ ကျွန်တော်နဲ့ ဆက်စပ်ခဲ့သူ အများစုဟာ ကျွန်တော်သာ “ဖော်” ခဲ့ရင် ထောင် (၁၀)နှစ်လောက် ကျမယ့်သူတွေချည်းပဲ။ အဲဒီထဲမှာ ကိုနေ၀င်းအောင်လည်း ပါတယ်။
(၅)
၁၉၉၀ မှာ မန္တလေးထောင် ပြောင်းခံရပြီး အဲဒီနှစ်ကုန် ဝန်းကျင်ပိုင်းမှာ ထောက်လှမ်းရေးက (၂)
ခေါက် လာမေးတယ်။ ပထမတစ်ခေါက်က “ဗဆသ”ကိစ။ အဲဒီကိစမပေါ်ခဲ့တော့ အဲဒီငြင်းခဲ့တဲ့ အရှိန်နဲ့ ဆက် ငြင်းခဲ့တယ်။ (၄)ခါလောက် လာမေးတာ။ ညဘက် (၉)နာရီလောက်အထိ ထောင် ထဲ က ရုံးခန်းမှာ အမေးခံရတယ်။
ဒုတိယအကြိမ်ကတော့ ဗိုလ်ကြီးတစ်ယောက် လာမေးတယ်။ ကိုနေဝင်းအောင်ကိစ္စက အဓိက။ ဘယ်သူတွေနဲ့ တွဲသလဲ အပါအ၀င် ကျွန်တော်နဲ့ ရင်းနှီးတဲ့ တပ်ထဲက မိတ်ဆွေ(ကျောင်းသားဘဝ က လက်ဖက်ရည်ဆိုင် အတူထိုင်ဖူးသူ)ကိစ္စလည်း ပါတယ်။ ၁၉၈၈ မှာ ဗိုလ်ကြီးဖြစ်နေတဲ့ အဲဒီလူနဲ့ ကိုနေ၀င်းအောင်ဟာ ကျောင်းသားဘဝတည်းက ဆက်ဆံရေး အဆင်မပြေကြဘူး။ (ဒါတွေကို ထားတော့။) ကျွန်တော် နောက်မှ သိရတာက ကိုနေဝင်းအောင်ရဲ့ သူငယ်ချင်း ကိုမြင့်အောင်နဲ့ ကိုခိုင်ဆန်းတို့်ကို ဖမ်းပြီး ထောင်ချလိုက်တယ်ဆိုတာပါ။ ထောင်ထဲမှာ ဆုံရတဲ့ မန္တလေး ဗကသ ကျောင်းသား တစ်ယောက်ကလည်း ကိုနေဝင်းအောင် ထွက်ပြေးသွား တယ်ဆို တာ ပြောပြ တယ်။ (အဲဒီကျောင်းသားနဲ့ သူနဲ့ သိကြပုံရတယ်။) ကျွန်တော် ထောင်က လွတ်တဲ့ ၂၀၀၃ နောက်ပိုင်း ၂၀၀၄ မှာ သူ့ညီမနဲ့ ပြန်တွေ့တော့မှ ကိုနေဝင်းအောင်ကို ဖမ်းမမိလို့ သူ့ကို ဖမ်းပြီး စစ်ဆေးတာ အပါအဝင် လူတချို့ ခေါ်စစ်မေးခံရတာ၊ သူ ရှောင်ခဲ့တုန်းက ပတ်သက်ခဲ့တဲ့ အိမ်ရှင်တချို့ (သူ့မိတ်ဆွေတွေ) စစ်မေးခံရတာ၊ သူနဲ့ တွဲလုပ်ခဲ့တဲ့သူတွေ(သူငယ်ချင်း မိတ်ဆွေ
တွေ) ထောင်ကျခဲ့တာ သိရတယ်။ အဲဒီတုန်းက ပြည်တွင်းမှာ ရှိနေတဲ့ ကိုမြင့်အောင် (မြန်မာစာနည်းပြ၊ ထောင်ကျ၊ ယခု အမေရိကမှာ ကိုနေဝင်းအောင်နဲ့ အတူရှိသူ) နဲ့ တွေ့တော့ လည်း ကိုနေဝင်းအောင်ကို အပြစ်ပြောသံ မကြားခဲ့ပါဘူး။ ဗဆသ (ဆရာသမဂ္ဂ)ကိစ္စမှာ ကိုမြင့်အောင် က ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့တာ ကျွန်တော် အသိဆုံး။
ကိုနေဝင်းအောင် ညီမ(နာမည်မပြောတော့ပါ)နဲ့ အေးအေးဆေးဆေး စကားပြောဖြစ်ကြတော့ သူက သူ့အစ်ကိုနေဝင်းအောင် (ညီမတွေက ကိုကိုလို့ ခေါ်ကြတယ်) အကြောင်း စကားတစ် ခွန်းမေး တယ်။ အဲဒီမေးခွန်းက အရေးကြီးတယ်။
“အစ်ကို ၊ ကိုကိုက သူတို့စွပ်စွဲသလို ထောက်လှမ်းရေး လုပ်ခဲ့တာလား” …တဲ့။
သူ့မေးခွန်းကြောင့် ကျွန်တော် လန့်သွားတယ်။ စစ်ထောက်လှမ်းရေး၊ ရဲထောက်လှမ်းရေးတိုင်းရဲ့ မိသားစုဝင်တွေက သိနေတတ်ကြတဲ့ အဲဒီလို ကိစ္စမျိုးကို သူ့မိသားစုတွေ မသိခဲ့ကြတာ ဟာ ထောက်လှမ်းရေး မဟုတ်လို့ ဆိုတာ ရှင်းမနေဘူးလား။
ကိုနေဝင်းအောင်ရဲ့ ယောက်ဖ (အစ်မ တစ်ယောက်ရဲ့ ယောက်ျား)က ရဲထောက်လှမ်းရေး လုပ်နေတာ ရှိတယ်။ သူတို့အိမ် အ၀င်အထွက် ပုံမှန်ရှိတယ်။ အဲဒီလူ ရဲထောက်လှမ်းဆိုတာ သူတို့မိသားစုတင်မကဘူး။ ပတ်ဝန်းကျင်ကလည်း သိတယ်။ ကိုနေဝင်းအောင်ကိုတော့ သူထောက်လှမ်းရေးဆိုတာ အမေကလည်း မသိ၊ အစ်မကလည်း မသိ၊ ညီမတွေလည်း မသိ၊ သူငယ်ချင်းတွေလည်း မသိ၊သူ့ရဲ့နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေလည်း မသိ၊ စစ်ထောက် လှမ်းရေး တွေ လည်း မသိ(မသိလို့ လိုက်ဖမ်းကြတာ)၊ သူ့ယောက်ဖ ရဲထောက် လှမ်းရေး လည်း မသိ၊ သူနဲ့ ABSDF မှာ အတူ နှိပ်စက်ခံရပြီး ဒုက္ခရောက်ခဲ့တဲ့ ကိုစိုးလင်း (မန္တလေး၊ မြောက်ပိုင်း
AB ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ရဲ့ သူငယ်ချင်း)လည်း မသိ။
ကိုနေဝင်းအောင် ထောက်လှမ်းရေးလို့ သိတဲ့လူတွေဆိုလို့ အဲဒီကာလက သူ့ကို ထောက်လှမ်းရေး စွပ်စွဲပြီး နှိပ်စက်ဝန်ခံခိုင်းတဲ့ “လူတော်ကြီး တချို့“ပဲ သိတာ ထင်တယ်။ ကိုနေဝင်းအောင် ဘာကြောင့် ထောက်လှမ်းရေးဖြစ်သွားခဲ့ရသလဲဆိုတာ အဲဒီအချိန်တုန်းက AB ရဲ့ တာဝန်ရှိသူ တစ်ချို့ပဲ ကောင်းကောင်းကြီး သိမယ် ထင်ပါရဲ့။ ဟုတ်တယ် ဟုတ်။
(၆)
၁၉၉၄-၉၅ ကာလ မန္တလေးထောင်သစ်မှာ ရှိနေတုန်း အိမ်က ကျွန်တော့် ညီမ ထောင်ဝင်စာ လာတော့ “ကိုနေဝင်းအောင်ကို ထောက်လှမ်းရေးဆိုပြီး တောထဲမှာ သတ်ပစ်လိုက်ကြတယ်”ဆိုတဲ့ သတင်းကို ပြောတယ်။ ကိုနေဝင်းအောင်က ကျွန်တော့်အိမ်ကို လာလည်ဖူးတော့ ညီမက သိတယ်။ ကျွန်တော် ထောင်ကျပြီးခါစမှာလည်း သူနဲ့အဆက်အစပ် ရှိပုံရတယ်။ ကိုနေဝင်းအောင် ညီမတွေနဲ့ ကျွန်တော့် ညီမက ရင်းနှီးနေကြပုံရတယ်။ ဒီသတင်းကို သူ ဘယ်က ကြားသလဲဆိုတာ ကျွန်တော် မမေးခဲ့ဘူး။ ဒီသတင်းကြောင့် ဒေါသဖြစ်ခဲ့ရတယ်။ အဲဒီကာလမှာ အပြင်လောကအကြောင်း ကျွန်တော် ဘာမှမသိ တော့ဘူး။ စာမဖတ်ရ၊ ရေဒီယိုနားမထောင်ရလို့ ဘာသတင်းမှ မသိရဘူး။ ABSDF ရဲ့ ဥက္ကဋ္ဌက ကိုမိုးသီးဇွန်လို့ပဲ ထင်နေတုန်း။ ကိုမိုးသီးဇွန်နဲ့ ကိုနေဝင်းအောင်ကို ကျွန်တော် မိတ်ဆက်ပေးခဲ့တာ။ ပြီးတော့ သူနဲ့ ရင်းနှီးတဲ့၊ သိတဲ့ ကိုအောင်မြင့်စိုး (မောင်စိုးချိန်)၊ ကိုဌေးအောင်၊ ကိုမြင့်လှိုင် (သတ္တဗေဒ သရုပ်ပြဆရာ)၊ ကိုဇော်ထွန်း (ဆေး-၂)တို့လို လူတွေ ABSDF ရှိနေပါလျက်နဲ့ နေဝင်းအောင်ကို ထောက်လှမ်းရေးဆို ပြီး သတ်ပစ်တယ်ဆိုတော့။ ကျွန်တော် အတော်ဒေါသဖြစ်ခဲ့၊ စိတ်မကောင်း ဖြစ်ခဲ့တယ်။ ဒီကိစ္စကို နောင်တစ်ချိန်မှာ ရှင်းရမယ်လို့တောင် အတူနေတဲ့ ကိုတင်အေး(ယခု-ထိုင်း)နဲ့ တခြားလူတွေကို ပြော ခဲ့သေးတယ်။ အပြင်လောကမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိသေးဘူး။ မြောက်ပိုင်း AB မှာ ဖြစ် တဲ့ကိစ္စ တစ်ချို့ ပဲ ကြားဖူးတယ်။ ရေရေရာရာ မဟုတ်သေးဘူး။ အဲဒီတုန်းက ကိုထိန်လင်းတို့၊ ကိုရာပြည့် တို့၊ ကိုရဲလင်းတို့၊ ကိုဘိုဘိုတို့နဲ့လည်း မန္တလေးထောင်မှာ မဆုံမိသေးဘူး။
ကျွန်တော်တောင် ဒီလောက် စိတ်မကောင်းဖြစ်၊ ဒေါသဖြစ်ရရင် ကာယကံရှင်ကိုနေဝင်းအောင် ဘယ်လိုခံစားသွားရမလဲ။ သူ့မိသားစု (အမေ၊ အမ၊ ညီမတွေ) ဘယ်လို ခံစားရမလဲ။ သူ့လုပ်ဖော် ကိုင်ဖက်တွေ ဘယ်လိုခံစားကြရမလဲ။ (စစ်ထောက်လှမ်းရေးတွေလည်း ဘယ်လောက်ပျော် လိုက် ကြ မလဲ။)
နောက်ခြောက်လလောက် ကြာတဲ့အခါ အိမ်က ထောင်ဝင်စာလာတော့ ညီမက “ကိုနေဝင်းအောင် ဘန်ကောက် ရောက်သွားပြီလို့ ကြားတယ်”ဆိုပြီး ပြောတယ်။ ညီမက အဲဒီအခြေအနေတွေကို ဘာမှ သိတာမဟုတ်ဘူး။ သူနဲ့ခင်တဲ့ ကိုနေဝင်းအောင်ဟာ ကျွန်တော့်သူငယ်ချင်းဆိုတဲ့အသိနဲ့ပဲ အဲဒီသတင်း ကို သယ်လာခဲ့တာပါ။
ကျွန်တော် ထောင်က လွတ်ပြီး နောက်ပိုင်း ကိုနေဝင်းအောင် ညီမတွေနဲ့တွေ့၊ လူတချို့ နဲ့ တွေ့ပြီး တော့ မှ ကိုမိုးသီးဇွန် ဥက္ကဋ္ဌ မဟုတ်တဲ့ ဘက်ခြမ်းမှာ ဖြစ်ခဲ့တယ်ဆိုတာနဲ့ တချို့ ကိစ္စတွေ ကို ထပ်ပြီး သိခဲ့ရတာပါ။
ဘယ်လိုသဘောထားတွေနဲ့ ဘာတွေဖြစ်ခဲ့ကြတာလဲဗျာ။
(၇)
ကျွန်တော်နဲ့ မဟာဝိဇ္ဇာတန်း အတူတက်ပြီး တရင်းတနှီးပေါင်းခဲ့တဲ့၊ နိုင်ငံရေး စကားတွေ ပြောဖြစ်ခဲ့ တဲ့၊ ၈၈ နဲ့နောက်ပိုင်း (ကျွန်တော် အဖမ်းမခံရင်အထိ) နိုင်ငံရေးကိစ္စတွေ အတူပြော၊ အတူလုပ်ခဲ့တဲ့ သူ့မိသားတစ်စုလုံး ကျွန်တော်နဲ့ ရင်းနှီးဖူးတဲ့ ကိုနေဝင်းအောင်ကို အဲဒီ ABSDF မှာ ထောက်လှမ်း
ရေး ဆို ပြီး စွပ်စွဲနှိပ်ကွပ်မယ်ဆိုတာမှန်း သိခဲ့ရင် ကျွန်တော် အဖမ်းခံရတုန်း က ဖော်ခဲ့ပါ တယ်။
ရေကြည်အိုင် (ဗထလ)မှာ ကျွန်တော်နဲ့ ရင်းနှီးသူတွေတစ်ယောက်ချင်း အကြောင်းကို စစ်ထောက် လှမ်းရေးက မေး တော့ သူတို့ နာမည်တွေ ပြောပြီး မေးခံရတဲ့လူတွေထဲမှာ ကိုနေဝင်းအောင် နာမည်လည်း ပါခဲ့တယ်။ ကျွန်တော်နဲ့ နိုင်ငံရေးအရ ပတ်သက်နေခဲ့သူ (စီပီယူဂျီမဟုတ်သူ)တွေ ဆိုတာကို သူတို့ မသိဘူး။ အဲဒီ တုန်းက ကိုနေဝင်းအောင်အကြောင်းကို ဗဆသ (ဆရာသမဂ္ဂ) တစ်ခု တည်းလောက်ပဲ ထုတ်ပြောလိုက် ရင် အဖမ်းခံရဖို့ လုံးဝသေချာတယ်။
ကျွန်တော် ထောင်ကျပြီး မန္တလေးထောင်ရောက်တဲ့အထိ အဲဒီ အကြောင်းကို ထောက်လှမ်းရေးက စစ်ကြောရေးလုပ်ခဲ့တာ ရှေ့ပိုင်းမှာ ရေးခဲ့ပြီးပါပြီ။ အဲဒီ “ဗဆသ” တစ်ခုတည်းနဲ့တင် ကျွန်တော်နဲ့ အမှုတွဲလို့ ရပြီး အနည်းဆုံး ထောင်(၁၀)နှစ်ကျမှာ သေချာတယ်။ (အခု ဒီအကြောင်းကို ဗိုလ်ခင်ညွန့် ရဲ့ ထောက်လှမ်းရေးတွေ အခု ဖတ်ရရင် ကျွန်တော့်ကို ဆဲနေကြမှာ သေချာတယ်။ သူတို့ခံရတာတောင် နောင်တမရကြသေးရင်ပေါ့။)
ကျွန်တော်သာ သူ့အကြောင်း အမေးခံရချိန်က ဖော်ပြောခဲ့ရင်ကျွန်တော့်သူငယ်ချင်း နေဝင်းအောင်
ဟာ တောထဲအထိတောင် ရောက်မှာ မဟုတ်ဘူး။ တောထဲ မှာ ထောက်လှမ်းရေး ဆိုပြီး နှိပ်စက်ခံ ရ၊ ထောင်ချခံရမှာ မဟုတ်ဘူး။ အခုလို အနှစ်(၂၀)ကျော် နိုင်ငံရေးဂုဏ်သိက္ခာ အသတ်ခံရမှာ မဟုတ်ဘူး ။ စစ်အစိုးရရဲ့ ထောင်ကလွတ်လာပြီး နိုင်ငံရေးလောကထဲ ဆက်ရှိနေရင် လူရိုသေရှင် ရိုသေ၊ စစ် အစိုးရမုန်းတဲ့ နိုင်ငံရေးသမားတစ်ယောက်ဘ၀မှာ ရှိနေမှာပါ။
အခုတော့ နိုင်ငံရေးအသတ်ခံလိုက်ရပြီး နိုင်ငံရေးဘ၀၊ လူမှုရေးဘဝ ဖျက်ဆီးခံလိုက်ရတဲ့ သားကောင် တစ်ကောင် ဖြစ်နေတုန်း။ နှိပ်စက်ခံရတဲ့ ဒဏ်တွေနဲ့ ကျန်းမာရေးထိခိုက်နေ တုန်း။
တော်လှန်ရေးလုပ်ခဲ့သူ အချင်းချင်းကြားမှာ ခေါင်းမမော့ ရင်မကော့နိုင် ဘဲ နိုင်ငံရေး သိမ်ငယ် စိတ်ရဲ့ အနှိပ်စက်ခံဘဝမှာ ရှိနေတုန်း။ နိုင်ငံရေးကို ရိုးသားစွာ ယုံကြည်ပြီး တော်လှန်ရေး ကို ပြတ်သားစွာ လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကိုနေ၀င်းအောင်ဟာ မြောက်ပိုင်း AB က ကိုထိန်လင်းတို့နဲ့ ရဲဘော်တချို့တွေလိုပဲ တောင်ပိုင်း AB ဗဟိုမှာ ခံခဲ့ရတာပါ။ ကိုထွန်းအောင်ကျော် (မြောက်ပိုင်း ဥက္ကဋ္ဌ၊ အသတ်ခံရသူ) ရဲ့ သူငယ်ချင်း ကိုစိုးလင်း (မြောက်ပိုင်း AB ကိုယ်စားလှယ်) ကပဲ ကိုနေဝင်းအောင် ကို ဘယ်လိုကြောင့် ထောက်လှမ်းရေးစွပ်စွဲခံရတယ်ဆိုတာ အပြည့်စုံဆုံးပြောပြ
နိုင်ပါ လိမ့်မယ်။
ကိုစိုးလင်းနဲ့ ကိုနေဝင်းအောင် ထောက်လှမ်းရေးမဟုတ်တာ သေချာနေပြီရင်ဒေါက်တာနိုင်အောင်
ဘယ်လို တာဝန်ယူပြီး ဖြေရှင်းပေးမလဲ။ ခင်ဗျား ၊ ဥက္ကဋ္ဌဘဝ မှာ တောင်ပိုင်းဗဟို မှာ ဖြစ်ခဲ့တာ အတွက် နိုင်ငံရေးအရ ဘယ်လိုတာဝန်ခံပြီး ရှင်းလင်းပေးမှာလဲ။ အတိတ်က အမှားကို ဘယ်လို သင်ခန်းစာ ယူပြီး ခင်ဗျားရဲ့ ခေတ်ပြိုင်တော်လှန်ရေးရဲဘော်တွေနဲ့ နောင်လာမယ့် မျိုးဆက်တွေကို အကောင်းဆုံး နိုင်ငံရေးဝန်ခံချက်ပေးဖို့ ဘယ်လိုစဉ်းစားထားပါသလဲ။
ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်ယူဝန်ခံပြီး နောက်မမှားအောင် ဆင်ခြင်နိုင်တာဟာ သတ္တိရှိသူတွေ ရဲ့ အလုပ်လို့ ဆိုကြပါတယ်။ လူတိုင်းကတော့ မှားတတ်တာပါပဲ။ ဟုတ်တယ်ဟုတ်။
ကုန်ထမ်းသမားတစ်ယောက်ရဲ့ အမှားနဲ့ သမ္မတတစ်ယောက်ရဲ့အမှားမှာ အကျိုးသက်ရောက်မှုက ကွာခြား တတ်တယ် မဟုတ်လား။
ကျွန်တော်တို့ရဲ့ အတိတ်တွေကို ပြန်ကြည့်တဲ့အခါမှာ အစွဲကင်းကင်း၊ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ အမှန် တရား နဲ့ အနီးကပ်ဆုံး ရှိအောင် ကြည့်သင့်ကြတယ် မဟုတ်လား။ တချို့အတိတ်တွေဟာ ပစ္စုပ္ပန်ရော၊ အနာဂတ်အတွက်ပါ အရိပ်လို တကောက်ကောက်လိုက်နေတတ်တယ် မဟုတ်လား။
အတိတ်က အမှားကို အတိတ်ဆီ ပြန်လှည့်ပြီး ပြင်လို့ မရတော့ပေမယ့် ပစ္စုပ္ပန်မှာတော့ ထပ်မ မှား အောင် ဆင်ခြင်ပြင်ဆင်လို့ ရပါတယ်။
ဖြစ်ခဲ့ပြီးတဲ့ မှားယွင်းတဲ့အတိတ်ကို မှန်မှန်ကန်ကန် မြင်ပြီး တာဝန်ယူရဲ၊ ပြင်ဆင်ရဲသူတွေပဲ နိုင်ငံရေး လောကမှာ ထွန်းကားတိုးပွား နေရာယူနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
ဌေးသိန်း(နောင်ကျော်)
၂၁-၉-၂၀၁၂
(ကမ္ဘာ့ငြိမ်းချမ်းရေးနေ့)
စာကြွင်း
အဲဒီလို အမှားမျိုးတွေ ကိုမိုးသီးဇွန်ဘက်မှာ ကျူးလွန်ခဲ့တာရှိရင်လည်း တာဝန်ယူဖြေရှင်းသင့်ပါ တယ်။ ကျွန်တော် ဒီစာကို ရေးနေချိန်မှာ အာဃာတမပါဘူးဆိုတာ သေချာပါတယ်။ ကိုယ်တိုင် မခံရ တာ ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ မြောက်ပိုင်းရဲဘော်တွေ အောင့်အည်းမျိုသိပ်ထားခဲ့ရတဲ့ နှစ်
(၂၀)ကျော်က ဒဏ်ရာကို ပြပြီး ရင်ဖွင့်အော်ငိုနေကြတာပါ။
ရန်သူအားရဖို့ မဟုတ်။ လူစိတ်ရှိသူတွေ ကြားကြဖို့ပါ။ နားမထောင်ချင်ရင် ပါးစပ်ပိတ်နေပေး ပါ။
လေ ကြီး ဖင်ကျယ် ပုဒ်ထီးပုဒ်မတွေနဲ့ ဒီပဲယင်းကို ဖွင့်ချပါလားဆိုပြီး လေမထွားပါနဲ့၊ မရှုတ်ချပါနဲ့၊ အပုပ်မချပါနဲ့။
သင်ခန်းစာယူကြရမယ့် သမိုင်းမှာ ကြေးစားတွေ ဝင်မရိုင်းပါနဲ့၊ သူတို့လုပ်ခဲ့ကြတဲ့ လက်နက် ကိုင်တော် လှန်ရေးဆိုတာ ဟန်းနီးမွန်းမဟုတ်၊ အပန်းဖြေခရီးက ရမ္မက်မီးတောက်အနမ်း မဟုတ်၊
နိုင်ငံရေးဗန်းပြ ပြီး လုပ်စားတာ မဟုတ်။
အဓမ္မသုတ်သင်ရေး လမ်းကြောင်းမှာပဲ အဓမ္မကျင့်ခံရသူတွေ ရှိခဲ့တယ်ဆိုတာ ရိုးသားစွာ မှတ်တမ်း တင်ပါစို့လား။
ခင်ဗျားတို့သာ အစိုးရနဲ့ ပေါင်းစားသူ၊ အင်ဖော်မာလို့ စွပ်စွဲခံရရင် ဘယ်လိုနေကြမလဲ။ ရိုက်နှက်နှိပ် စက် တာ မပါသေးဘူးနော်။ သိချင်လို့ပါ။
ဌေးသိန်း(နောင်ကျော်)
အကိုCho Layှဆီမှတစ်ဆင့် ကူးယူဖေါ်ပြပါသည် 
 BY-THITSAR -facebook
ဒေါက်တာနိုင်အောင်၏ ထောက်လှမ်းရေးဟု ဖြေကြားမှုအပေါ် ကာယကံရှင်များမှ မဟုတ်ကြောင်း ပြန်လည်ဖြေရှင်း
စက်တင်ဘာလ ၁၄ ရက်ထုတ် မြန်မာပို့စ် ဂလိုဘယ်လ်ဂျာနယ်ပါ ဒေါက်တာနိုင်အောင်၏ အင်တာဗျူးတွင်
ယခင် မြန်မာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားဟောင်းများဖြစ်သော
ကိုနေ၀င်းအောင်နှင့်
ကိုစိုးလင်းအား ထောက်လှမ်းရေးများဟု ပြောဆိုဖြေကြားထားခြင်းနှင့်ပတ်သက်၍ကာယကံရှင်ကိုစိုးလင်းနှင့်ကိုနေ၀င်းအောင်၏မိသားစုဝင်ဖြစ်သူတစ်ဦးမှ
၎င်းတို့သည် ထောက်လှမ်းရေးများမဟုတ်ကြောင်း ပြန်လည်ရှင်းလင်းခြင်းကို ယနေ့ စက်တင်ဘာလ ၂၅
ရက် မွန်းလွဲပိုင်းတွင် မဟာဗန္ဓုလပန်းခြံလမ်းရှိ မစ္စတာဘရောင်းကဖေးတွင်ပြုလုပ်ခဲ့သည်။
 MZ+SN
ဆက်စပ်ဖတ်ရှုရန်...
ABSDF မြောက်ပိုင်းကိစ္စ၊ ထွန်းအောင်ကျော်၊ အောင်နိုင်၊ စိုးလင်းနဲ့ ကျွန်တော် . . .
မြောက်ပိုင်းကိစ္စအပေါ်ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်
- မြောက်ပိုင်းကိစ္စအပေါ် ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်နှင့် EMG အင်တာဗျူး
""မြန်မာနိုင်ငံသား ၃၀ ကျော် ရနောင်းတွင် ဖမ်းဆီးခံရ ""
တရားမဝင် နိုင်ငံခိုးဝင်မှုဖြင့် မြန်မာနိုင်ငံ သား ၃၄ ဦးကို စက်တင်ဘာလ ၂၃ ရက်နေ့က မြန်မာနိုင်ငံ တောင်ဘက်စွန် ကော့သောင်းမြို့ တဘက်ကမ်းရှိ ရနောင်းမြို့တွင် ဖမ်းဆီးခံရကြောင်း ရနောင်းမြို့မှ အလုပ်သမား ကိုယ်စား လှယ်များက ပြောသည်။
 “ရနောင်း အဝင်ပေါ့၊ အဲဒီမှာ စစ်တပ်ဂိတ်နဲ့ တော်မော် (လဝက) ဂိတ်ရှိတယ် အဲနေရာမှာ မိတယ်၊ ပဲ့ချိတ်သမားက ရေထဲခုန်ချသွားတယ်” ဟု ရနောင်းမြို့မှ ရွှေ့ပြောင်းအလုပ်သမား ကိုယ်စားလှယ်တဦး ဖြစ်သူ နိုင်မွန်ချမ်း က ပြောသည်။ ကော့သောင်းမှ တဆင့် ရနောင်းမြို့သို့ စက်လှေဖြင့် ခိုးဝင်စဉ် လူကုန်ကူးသူ အပါအဝင် အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၇ ဦးကို ထိုင်း လူဝင်မှု ကြီးကြပ်ရေး က ဖမ်းဆီးရမိခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် ကလေး ၃ ဦးလည်း ပါဝင်ကြောင်း သိရသည်။ လက်ရှိတွင် ရနောင်းမြို့ရှိ လူဝင်မှု ကြီးကြပ်ရေးရုံးတွင် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ စစ်ဆေးနေပြီး၊ မည်ကဲ့သို့ အရေးယူမည်၊ မြန်မာနိုင်ငံသို့ ပြန်ပို့မည် သို့မဟုတ် ဖမ်းဆီးထောင်ချမည်ကို မသိရသေးကြောင်း လည်း နိုင်မွန်ချမ်း က ပြောသည်။
ယခုလလယ်ပိုင်းမှ စ၍ ထိုင်းနှင့် မြန်မာတို့ ပူးပေါင်းပြီး လူကုန်ကူးမှု တားဆီးရေး ကော်မတီကို ဖွဲ့စည်းထားကာ ရနောင်းဘက်ကမ်းတွင် စစ်ဆေးမှုများ ယခင် ကထက် ပိုမိုလုပ်ဆောင်လာသော်လည်း မြန်မာဘက်ခြမ်းတွင် သေချာစွာ ကိုင်တွယ်မှု မရှိသေးကြောင်း ဒေသခံများက ပြောသည်။ “ခုဟာက မြန်မာနိုင်ငံဘက်က ကြပ်ကြပ်မတ်မတ် မလုပ်လို့ လွတ်သွားတာ၊ မြန်မာ ဘက်ခြမ်းမှာလည်း လူကုန်တားဆီးရေးအဖွဲ့ ရှိတာပဲ၊ ဖွဲ့ထားတာ တပတ်လောက်ပဲ ရှိသေးတယ်” ဟု ကော့သောင်းမြို့မှ ကိုဝင်းထွန်း က ပြောသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ စတင်နေပြီဟု ဆိုသော်လည်း အောက်ခြေ
ရနောင်းတွင် ဖမ်းဆီးခံရသည့် မြန်မာ နိုင်ငံသားများ (Photo -http://www.khaosod.co.th) 
လူထုထံ မရောက်ရှိသေး သည့်အတွက် အလုပ်လက်မဲ့ ပြဿနာကြောင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်မှုများ ယခင်ကထက် ပိုမိုများပြားနေကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ခေါင်းဆောင် ကိုမိုးဆွေ က ပြောသည်။
 “ဒီ ၂၀၁၂ အတွင်းမှာပဲ စက်ရုံအလုပ်သမားတွေ လစာအရမ်းနည်းလို့ သပိတ်မှောက် တာတွေ ဖြစ်တယ်၊ အခြေခံ လူတန်းစားတွေရဲ့ လယ်ယာမြေတွေ အသိမ်းခံနေရတယ်၊ ဒီလို အခက်အခဲ ရှိတဲ့အခါကျတော့ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုတွေက ဆက်ပြီး ရှိနေဦးမှာပဲ” ဟု ကိုမိုးဆွေ က ပြောသည်။
မွန်သတင်းအေဂျင်စီ
ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်သစ်တွေ ဘယ်သူ ဖြစ်လာမလဲ
လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ခေါင်းဆောင်သစ်တွေကို လာမယ့် လမှာ ရွေးချယ်သွားမှာဖြစ် တယ်လို့ ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က ပါတီ အထွေထွေအတွင်းရေးမှူးက ပြောလိုက်ပါတယ်။ 
ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ် မြန်မာလူထုကြား လူကြိုက်အများဆုံးဖြစ်နေမှုကြောင့် လာမယ့် ၂၀၁၅ ရွေးကောက် ပွဲ အကြို ပြင်ဆင်ဖို့အတွက် ဖိအားတွေ ရှိလာတာကြောင့် ဖြစ်တယ်လို့ AFP သတင်း တပုဒ်မှာ ဆိုပါတယ်။ 
စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လာမယ့် လ ကျင်းပမယ့် ညီလာခံမှာ ပါတီကို ခေါင်းဆောင် ပိုင်း လစ်လပ်နေတာဖြည့်ဖို့ မျှော်လင့်ထားတာပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြီးခဲ့တဲ့ ဧပြီ လ ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရလိုက်တာကြောင့် ပါတီကို ပြန်လည် သုံးသပ်လာရတာ ပါ။ 
“အဓိက ကိစ္စကတော့ ကျနော်တို့ပါတီကို ပိုပြီးခိုင်မာတောင့်တင်းအောင် စည်းရုံးမှုရှိဖို့ လုပ်တာပါ” လို့ ကြံ့ခိုင်ရေး ပါတီ အ ထွေထွေအတွင်းရေးမှူးလည်းဖြစ် လက်ရှိ လွှတ်တော်အမတ်တဦးလည်းဖြစ်တဲ့ ဦးဌေးဦးက AFP ကို ပြောလိုက်ပါတယ်။ 
ပါတီရဲ့ လစ်လပ်ခေါင်းဆောင်ပိုင်းတွေနဲ့ ခေါင်းဆောင်သစ်တွေ ရွေးချယ်တင်မြှောက်ဖို့အတွက် လာ မယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပါတီညီလာခံကို ကျင်းပမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြော ထားပါတယ်။
 ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ယခင် ပါတီ ဥက္ကဌကနေ သမ္မတ ဖြစ်သွားလို့ ဥက္ကဌနေရာ လစ်လပ်နေတာကြောင့် ညီလာခံက နေပြီး ပါတီ ဥက္ကဌ အသစ် တဦးရွေးချယ်ပေးနိုင်မယ်လို့ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ တိုင်းပြည်မှာ ဆယ်စုနှစ်တွေနဲ့ ချီပြီး စစ်အုပ်ချုပ်ရေး တွေကို အဆုံး သတ်ပြီး ပြုပြင်ပြောင်းလဲ 
ရေးတွေ ဆက်တိုက်လုပ်လာတာလည်းဖြစ်ပါတယ်။ 
 ဝေဖန် သုံးသပ်သူတွေအဆိုအရ သမ္မတ ဦးသိန်းနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းတို့ ကြားမှာ အာဏာဆိုင်ရာ ပြိုင်ဆိုင်မှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 
ဦးရွှေမန်းဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ သမ္မတဖြစ်လာ နိုင်တယ်ဆိုတဲ့ ကျယ် ကျယ်ပြန့်ပြန်စဉ်းစား ထင်မြင်ချက်တွေလည်း ပေါ်ထွက်နေတာပါ။ 
တကယ်တော့ သူတို့ ၂ ဦးလုံးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေဘဲ ဖြစ်ပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာက တည်းက လူတွေပါဘဲ။ 
ဦးသိန်းစိန်ကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို အခု ရောက်နေပြီး တိုင်း ပြည်ရဲ့ အနာဂါတ်အတွက် ဘယ်လို အစီအစဉ်တွေကို ချမှတ်အကောင် အထည်ဖော်လာနိုင်မလဲ ဆိုပြီး မျှော်လင့်နေကြတာပါ။ 
တကယ်တော့ သမ္မတနဲ့ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ မပါတဲ့ အငြင်းပွား ဖွယ်တွေပြည့်နေတဲ့၂၀၁၀ အထွေထွေရွေးကောက်ပွဲကို စစ်ယူနီဖောင်းတွေ ချွတ်ပြီး ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရသူတွေပါ။
 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကတော့ ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ မဲဆန္ဒနယ် ၄၄ ခုမှာ ယှဉ်ပြီးပြီး ၄၃ နေရာ အနိုင်ရလို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လည်း လွှတ်တော်အမတ်ဖြစ်လာ ပြီး အခုဆို လွှတ်တော်တက်ရောက်နေပါပြီ။ 
ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦးသိန်းစိန်ရဲ့ ပန်ကြားမှုကြောင့် အမေရိကန်နိုင်ငံ ရဲ့ ခရီးစဉ်တချို့ကို ရွှေ့ဆိုင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ-BBC Burmese
 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးသိန်းစိန်တို့ ၂ ဦးဟာ အမေရိ ကန် ပြည်ထောင်စု နယူးယောက်မြို့မှာ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက တွေ့ခဲ့ကြပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်ဟာ  လုံခြုံရေး ထူထူထပ်ထပ်နဲ့ သမ္မတ ဦးသိန်းစိန် တည်းခိုရာ The Mark  ဟော်တယ်ကို လာရောက်တွေ့ဆုံတာဖြစ်တယ်လို့ ဘီဘီစီ သတင်းတပုဒ်က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် လုံခြုံရေးတာဝန်ယူထားသူတွေက အတော်စေ့စေ့စပ်စပ်နဲ့ အထူး ကြပ်မတ်လုံခြုံရေး ယူထားတာလို့ သိရပါတယ်။
-ကြားဖြတ်သတင်း-
 အမေရိကန် နိုင်ငံ အင်ဒီယားနား ပြည်နယ် ဖို့ဝိန်း မြို့ ကိုရောက်ရှိလာတဲ့ မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားလူမျိုးဘာသာပေါင်စုံအပါအ၀င် အမေရိကန်နိုင်ငံသား များ မှ တခဲနက် ထောက်ခံ ကြိုဆိုခြင်းခံခဲ့ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဟာ နာရီပိုင်းအတွင်း သမ္မတ ဦးသိန်းစိန် နဲ့ နယူးယောက်မြို့ မှာ အရေးပေါ်တွေ့ဆုံဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ ရ တယ်လို့ သိရှီရပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆို သမ္မတ ဦးသိန်းစိန် နဲ့ လက်ခံတွေ့ဆုံ နေပါပြီ။
ဘာတွေဆွေးနွေးနေကြတယ်ဆိုတာ က တော့ အတိအကျမရှိရသေးပေမဲ့ … ခိုင်လုံ တဲ့ သတင်းများအရ သမ္မတ ဦးသိန်းစိန် ဟာ ပြုပြင်ပြောင်လဲ့မှုများအတွက် ကမ္ဘာ့ ခေါင်းဆောင် များရဲ့ ထောက်ခံမှုတွေရရှိဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထား အမြင်များကို တောင်းဆိုခဲ့ကြောင်း၊ အကူအညီပေးဖို့တောင်းခံခဲ့ကြောင်း လဲ လည်း သိရှိရပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပန်ကြားမှုကြောင့် အမေရိကန်နိုင်ငံ ရဲ့ ခရီးစဉ်တချို့ကိုလည်း ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။
ရှမ်းမြောက် ပန်ဆိုင်းတိုက်ပွဲတွင် မြန်မာအစိုးရ တပ် ဗိုလ်ကြီး အပါအ၀င် ၄ ဦးကျ
ပန်ဆိုင်း KIA အရပ်သားတပ်ဖွဲ့များနှင့် မြန်မာအစိုးရတပ်မှ သိမ်းယူခဲ့သော လက်နက် ပစ္စည်းများ။
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မှ ၁ မိုင်အကွာရှိသည့် ဖိုင်ကောင်း (Hpai Kawng) ရွာဦးပိုင်းတွင် မြန်မာအစိုးရ လားရှိုးတပ် ခလရ (၆၉) တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရပ်သားကာကွယ်ရေး တပ်ဖွဲ့ (MHH) တပ်ခွဲ(၅)တို့ ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားရာတွင် အစိုးရတပ်ဖက်မှ ဗိုလ်ကြီးတစ်ဦးအပါအ၀င် ၃ ဦးဒဏ်ရာရှိသွားခဲ့ကြောင်း သိရသည်။
နှစ်ဖက်တပ်မှ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ကြစဉ် KIA ဖက်မှ တိုက်ပွဲတွင် သယ်ယူပို့ဆောင်ပေးနေသော တပ်သား ၁ ဦး သတ်ခံရပြီး အစိုးရတပ်ဖက်မှ ၄ ဦးနှင့် ၁၀ ဦးကျော်ဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ KIA အရာရှိများပြောသည်။
ကပ်နာ (Kapna) ရွာဟောင်းဖြစ်ပွားသော တိုက်ပွဲတွင် ထိုအစိုးရတပ်မျာသည် KIA ကို ပစ္စည်းများသယ်ပေးနေ သော အသက် ၁၅ နှစ်အရွယ် အမျိုးသားအား ဖမ်းဆီးလိုက်ပြီး မျက်စိ၊ နှာခေါင်း၊ ခေါင်း၊ ဂုတ်တွင် ဓါးဖြင့်ထိုးနှက် နှိပ်စက်၍ ပစ်သတ်ကာ အိမ်တအိမ်ရှေ့တွင် ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်း၏ရုပ်အလောင်းကို ယနေ့ နံနက်သွားယူချိန် ၎င်း၏ ဦးခေါင်းပိုင်းတွင် သွေးများယိုနေပြီး သေဆုံး နေကြောင်း ယနေ့ ညနေဘက်မှာ မြုပ်ခဲ့ကြောင်း ထိုအရာရှိ ဆက်ဆိုသည်။ အဆိုပါ ဒေသခံသည် အစိုးရနှင့်တိုက်ခိုက်မှုတွင် မပါဝင်သော်လည်း ပြည်သူအရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅) များအား ဆိုင်ကယ်ဖြင့် လိုရာပစ္စည်းများ ဓာတ်ခဲ၊ အစားအစာများကိုသယ်ပို့ပေးနေသူဖြစ်ကြောင်း သိရသည်။
တိုက်ပွဲများသည် နံနက်မှစ၍ ဂျန်းချန် (Jeng Shang)နှင့် တောင်ဝမ် (Dawng Waw) တွင်ဖြစ်ပြီး ညနေဘက် ကပ်နာ (Kapna) တွင်အပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ KIA စစ်သားတစ်ဦးပြောသည်။
“မနက် ၁၀ ခွဲမှာ ၁ ကြိမ်၊ ၁ ခွဲမှာ ၁ ကြိမ်၊ ညနေ ၄ခွဲမှာ ၁ ကြိမ် ညမိုးချုပ်တဲ့အထိ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ကြတယ်။”
မြန်မာအစိုးရတပ်များသည် ဒဏ်ရာရသူများကို ပန်ဆိုင်းနှင့် မူဆယ်ပြည်သူ့ဆေးရုံတွင် ပို့ထားပြီး သေဆုံးသူ ဗိုလ်ကြီးနှင့် တပ်သားများ၏ရုပ်အလောင်းများကို ကားဖြင့် ၎င်းသို့၏တပ်သို့သယ်သွားကြောင်းသိရသည်။
တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ(၅) မှ သေဆုံးမှုမရှိသော်လည်း ၂ ဦး ဒဏ်ရာရရှိကြောင်းသိရသည်။ ထိုသူ ၂ ဦးကို တရုတ်ပြည်ဆေးရုံသို့ ပို့ထားကြောင်း အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
KNG ကချင် သတင်းဌာန
တိုက်ပွဲများကြောင့် ကချင်ဒေသခံများ ထပ်မံ တိမ်းရှောင်ရ
ကချင် ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင်များ ဦးဆောင်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တွင်ပြုလုပ်သည့် စက်တင်ဘာ ၂၁ ရက် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လမ်းလျှောက် ဆန္ဒပြပွဲ(ဓာတ်ပုံ – ဧရာဝတီ)
ကချင်ပြည်နယ် ဖားကန့် ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များ မကြာသေးခင်က ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံများ ထပ်မံ ထွက်ပြေး နေကြရသည်။
ပြီးခဲ့သည့် စနေနေ့က KIAတပ်ဖွဲ့နှင့် အစိုးရ တပ်ရင်းများ ဖားကန့်မြို့နယ် ကသိုဏ်း တောင်(ခေါ်) ဘုရားတောင် ကျေးရွာအနီးတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးနေရခြင်း ဖြစ်သည်ဟု ဒေသခံ တဦးက ပြော သည်။
ဖားကန့်မြို့ပေါ်ရှိ ဒေသခံများ အဆိုအရ အစိုးရ ခြေမြန် တပ်မ (ခမရ) ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်းနှင့် KIA တပ်ရင်း ၆ မှ တပ်ဖွဲ့ဝင်များ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဒေသခံများသည် လတ်တလော တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာနှင့် ၂ မိုင်ခန့် ကွာဝေးသော စိုင်းတောင်၊ တာမခံ ကျေးရွာများမှ ဘာသာရေး ကျောင်းများတွင် တိမ်းရှောင်နေကြရကြောင်း ကြားသိရသည်ဟု ဖားကန့် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဒါချီလစိုင်းက ဧရာဝတီသို့ ပြောသည်။
“ဘုရားကျောင်းကတော့ သူတို့အတွက် နေဖို့ ထိုင်ဖို့ ချက်ပြုတ် ကျွေးမွေး အဲဒီလို ၀ိုင်းပြီးတော့ ကူညီတယ်၊ နောက် စိုင်းတောင် ဒေ သခံတွေကလည်း ၀ိုင်းဝန်းကူညီပံ့ပိုးမှုတွေ လုပ်ပေးတော့ စားရေးသောက်ရေး အဆင်ပြေကြတယ်”ဟု ဦးဒါချီလစိုင်းက ဆက်ပြော သည်။
တိမ်ရှောင်လာသူများတွင် နမ့်မော် ကျေးရွာ ဒေသခံများလည်း ပါဝင်ပြီး ကျောင်းနေ အရွယ် ကလေးငယ်များပင် ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ယခုနှစ် သြဂုတ်လကလည်း KIA တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၈၀၀၀ ခန့် ဖားကန့်မြို့ပေါ်သို့ ထွက် ပြေး တိမ်းရှောင်ခဲ့ရသည်။ ၎င်းတို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ လူမှုကူညီရေး အသင်း အဖွဲ့များက စားဝတ် နေရေး အတွက် ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။
မကြာသေးခင်ကလည်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်စေရေး အတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့တွင် ဆန္ဒပြလမ်းလျှောက်ပွဲ ကျင်းပခဲ့ရာ အာဏာပိုင်များ၏ တားဆီးမှုကို ခံခဲ့ရသေးသည်။
KIA နှင့် အစိုးရတပ်များ အကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ် ပွားလျက်ရှိရာ ဒေသခံ ၉၀၀၀၀ ခန့် အိုးအိမ်တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရကြောင်း ကချင် လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ထုတ်ပြန်ထားသည်။
KIA သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။
သမ္မတ ဦးသိန်းစိန်က KIA မှ ကိုယ်စားလှယ်များကို အပစ်အခတ်ရပ်စဲရေးအတွက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ခဲ့သော်လည်း KIA အဖွဲ့ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိကြောင်း မကြာသေးခင် ရက်ပိုင်းက နေပြည်တော်၌ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက ပြောကြား ထားသည်။
  ဧရာဝတီ
ကြေးနီအလွဲသုံးစားမှု အာရှလူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြား
မုံရွာ ကြေးစင်တောင်စီမံကိန်း နယ်မြေတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးနေသည်ကို မြင်တွေ့ရစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
ကြေးနီ ၃၃၈ တန် အလွဲသုံးစားလုပ်သည်ဟူ၍ စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရသည့် မြန်မာအိုင်ဗင်ဟို ကော့ပါးကုမ္ပဏီလီမိတက် (MICL) မှ ဦးအောင်လောဟာနှင့် ပတ်သက်၍ တရားမျှတစွာ အမှုမှန်ပေါ်ပေါက်ရန် ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်သို့ ညီဖြစ်သူ ဦးအောင်လောကီးက တိုင်ကြားလိုက်သည်။
ယင်းကြေးနီများမှာ အမှတ် ၁ သတ္တုတွင်းနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟို ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်နေသည့် စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး မြို့နယ် ကြေးစင်တောင် စီမံကိန်းမှဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံမှ အိုင်ဗင်ဟို ကုမ္ပဏီ ရုပ်သိမ်းသွားစဉ် တရုတ်ကုမ္ပဏီသစ် ယန်စီကော့ပါးသို့ ရှယ်ယာနှင့် စာရင်းများ လွှဲပြောင်းချိန်တွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။
ထိုကြောင့် တာဝန်ရှိ MICL ကုမ္ပဏီအကြီးအကဲ မစ္စတာ ဂလန်းဖို့နှင့် ပစ္စည်းလက်ခံသူ ဒေါ်သီရိတို့ကို ဌာနမှ အမှုဖွင့် အရေးယူရာ ထိုသူနှစ်ဦး ထွက်ပြေးသွားသည့် အတွက် ကျန်ရစ်သည့် ဒုတိယ ထုတ်လုပ်ရေးမှူး ဦးအောင်လောဟာနှင့် ၀ယ်ယူပို့ ဆောင်ရေး အရာရှိ ဦးကျော်ဆွေတို့ကို အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (အပက ၃) ဖြင့် အရေးယူရန် ပြုလုပ်ကြောင်း၊ ထိုသို့အရေးယူခြင်းမှာ တရား မျှတမှု မရှိဟု ယူဆသည့် အတွက် တိုင်ကြားခြင်းဖြစ်ကြောင်း ညီဖြစ်သူ ဦးအောင်လောကီးက ဧရာဝတီသို့ ပြောသည်။
“MICL ကုမ္ပဏီအကြီးအကဲ ညွှန်ကြားချက်အတိုင်း ပို့ပေးပါဆိုတဲ့ အတွက် ကျနော့် အစ်ကိုက လုပ်ပေးရတာ၊ အထက်အမိန့်အရ လုပ်ရတာ ဘာအပြစ်မှ မရှိဘူး၊ ဥပဒေ လမ်းကြောင်းအတိုင်းသာ ဆောင်ရွက်ဖို့ ဦးအောင်လောဟာ ကလည်း မှာတယ်” ဟု ၎င်းက ဆိုသည်။
ဦးအောင်လောဟာကို ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က အမှုအတွက် သက်သေ ထွက်ချက်ရယူရန် ဆားလင်းကြီး ရဲစခန်းက ဆင့်ဆိုရာ လုပ်ငန်းခွင်မှ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ညီဖြစ်သူ ဦးအောင်လောကီးက ဆက်လက် ပြောသည်။
အသက် ၆၄ နှစ်အရွယ်ရှိ ဦးအောင်လောဟာသည် ချင်းပြည်နယ် မင်းတပ်ဇာတိဖြစ်ပြီး ချင်းအမျိုးသား တဦးဖြစ်သည်။ ဂျာမနီနိုင်ငံတွင် မိုင်း အင်ဂျင်နီယာပညာကို ၅ နှစ်ခန့် သွားရောက်သင်ကြားခဲ့သူ ဖြစ်ပြီး သတ္တုတွင်းဝန်ကြီးဌာနတွင် ၂၆နှစ် အမှုထမ်း ခဲ့သူဖြစ်သည်။
ဝန်ထမ်း လုပ်သက်အတွင်း အပြစ်ပေး အရေးယူခံရခြင်း မရှိသည့်အပြင် အထက်လူကြီးများ၏ ယုံကြည်ကိုးစားမှုကို ခံရသူ ဖြစ်သည်ဟု သတ္တုတွင်းဝန်ကြီးဌာန ဒုဝန်ကြီးများဖြစ်သည့် ဦးကိုကိုသန်း၊ ဦးမြင့်သိန်းနှင့် မြန်မာအိုင်ဗင်ဟို ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌဟောင်း ဦးရိုးစိန်တို့ကို သက်သေထားပြီး ပြောဆိုနိုင်ကြောင်း ညီဖြစ်သူ ဦးအောင်လောကီးက ဆိုသည်။
ယခုအခါ အပက (၃) နှင့် အရေးယူရန် ပြုလုပ်ခြင်းသည် မတရားသည့်အတွက် အာရှလူ့အခွင့်အရေး ကော်မရှင် ကိုသာမက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ရှိ လူ့အခွင့် အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်သည့် ကော်မတီများ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သို့ စာများပေးပို့ တိုင်ကြားထားသည်ဟု သိရသည်။
အဆိုပါ ကြေးနီထုတ်လုပ်ရေး စီမံကိန်းများသည် ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်ကတည်းက ယူဂိုဆလပ် ကုမ္ပဏီ၊ ဂျပန်ကုမ္ပဏီများက ထုတ်လုပ်နေသည့် စီမံကိန်းဖြစ်ပြီး နောက်ပိုင်းတွင် ကနေဒါအခြေစိုက် အိုင်ဗင်ဟိုကုမ္ပဏီဖြင့် ဆက်လက် ထုတ်လုပ်နေသည့် စီမံကိန်းဖြစ်သည်။
ယခုအခါ တရုတ်နိုင်ငံပိုင် ယန်စီကော့ပါးကုမ္ပဏီမှ နေ၍ မြန်မာယန်စီကော့ပါး လီမိတက်အမည်ဖြင့် ဆက်လက်လုပ် ဆောင်နေသည်။
ကြေးနီ ထုတ်လုပ်ရာတွင် စွန့်ပစ်သည့် ဆာရ်ဖျူရစ် အက်စစ်ရည်များကြောင့် ပတ်ဝန်းကျင် ကျေးရွာများရှိ စိုက်ခင်းများ၊ သောက်သုံး ရေများကို ထိခိုက်ခဲ့ကြောင်း၊ အက်စစ်မိုးများကြောင့် အိုးအိမ်များကအစ ပျက်စီးနေကြောင်း၊ ယခုအခါ ကြေးစင်တောင်နှင့် စံပယ်တောင်တို့မှာ ပျောက်ဆုံးသွားပြီဖြစ်ကြောင်း မုံရွာခရိုင် ဒေသခံများထံမှ စုံစမ်းသိရသည်။
ဧရာဝတီ
Tuesday, September 25, 2012
လူးဝစ်စ်ဗေး တက္ကသိုလ်က အမေ့ဆွေးနွေးပွဲ။ ( ရုပ်သံ )
Daw Aung San Suu Kyi speaks at University of Louisville
ဒေါ်အောင်ဆန်းစုကြည်နဲ သမ္မတ ဦးသိန်းစိန်တို့ သမ္မတ တည်းခိုရာ The Mark ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေးကြမယ်
''စီစဉ်ထားတဲ့အတိုင်း အခြေအနေတွေ ပေးခဲ့ရင် ဒီကနေ့ စက်တင်ဘာ ၂၅ မနက်ပိုင်းက ဖို့ဝိန်းမြို့မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး နယူးယောက်ကို ပြန်ရောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်ကို ရောက်ရှိနေပြီဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ စက်တင်ဘာ ၂၅ ည ၇ နာရီမှာ သမ္မတ တည်းခိုရာ The Mark ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သမ္မတနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ဘီဘီစီက စုံစမ်း သိရပါတယ်။ ဒါဟာ ခေါင်းဆောင်နှစ်ဦး မြန်မာနိုင်ငံပြင်ပမှာ ပထမဆုံး တွေ့ဆုံကြတဲ့ တွေ့ဆုံပွဲ ဖြစ်လာဖို့ ရှိပါတယ်။''ဟု ဘီဘီစီ မြန်မာပိုင်း၏ facebook စာမျက်နှာတွင် မကြာသေးခင် အချိန်က ဖော်ပြထားသည်။
"သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့  အမေရိကပြည်ထောင်စုသို့  ရောက်လာချိန် ရခိုင်အရေး ဆွေးနွေးရန် တိုက်တွန်းခြင်း"
ဒေါ်အောင်ဆန်းစုကြည်အမေရိကပြည်ထောင်စုကို ရောက်လာတော့ဝါရှင်တန်ဒီစီဆုလက်ခံယူပွဲမှာ
 ဟောပြောသွားပါတယ် ။
 ဒီကနေ့ မျက်မှောက်ကာလမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ သမ္မတ
 ဒီလိုတင်စားပြီးပြောလိုက်တဲ့ အခါ ဆရာတော် ဦးဥတ္တမကို ဗိုလ်ချုပ်အောင်ဆန်းက
မြန်မာနိုင်ငံရဲ့ လွပ်လွပ်ရေးမျိုးစေ့ချပေးသူအဖြစ် ဂုဏ်ပြုတင်စား
မော်ကွန်းကဗ္မည်း ထိုးပေးတာကို သတိရဖြစ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
စေတဲ့ ဒီမိုကရေစီမျိုးစေ့ချပေးသူအဖြစ် နိုင်ငံရေးပေါ်လီစီတွေကိုစွမ်းဆောင်ချ
မှတ်သူမို့  ဂုဏ်ပြုတင်စားလိုက်ခြင်းဖြစ်ပါတယ် ။
 ပြီးတော့ဝန်ကြီးဦးအောင်မင်းကလဲဘဲ ဆုယူပွဲကို တက်ရောက်ခဲ့ သူမို့ 
အထူးကျေးဇူးတင်ရှိပါကြောင်း အသိအမှတ်ပြု တလေးတစားနဲ့  ပြောဆိုသွားတာ
 တွေ့ ရပါတယ် ။
တချိန်တည်းမှာဘဲ ၀န်ကြီးဦးအောင်မင်းက ၀ါရှင်တန်ဒီစီမှာရှိနေတဲ့  မြန်မာ့ကွန်မြူ
နီတီတွေနဲ့  တရင်းတနှီး တွေ့ ဆုံခြင်းများပြုလုပ်ခဲ့ တော့ ဒီလို တွေ့ ဆုံခြင်းများဟာ
နိုင်ငံတော်အတွက်ရေစီးကြောင်းတခုကို အတူတူ ဖြတ်သန်းကြခြင်းဖြစ်
သွားစေပါတယ် ။
 တချိန်က မျှဉ်းပြိုင်များအဖြစ် သွားနေခဲ့ ကြရာက ဒေါ်အောင်ဆန်းစုကြည်ပြောသလို တဖက်စောင်းနင်းဖြစ်စေခြင်းများကို ပြုလုပ်စရာ အခြေအနေတွေကဆုတ်ယုတ်လာနေပြီမို့ 
ဒီအချိန်မှာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရမဲ့အချိန်ဖြစ်တယ်လို့  ထင်မှတ်ပါတယ် ။
အထူးသဖြင့် သမ္မတကြီး ဦးသိန်းစိန်နဲအတူတကွ လိုက်ပါလာတဲ့  ၀န်ကြီးများကို ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အထူးတာဝန်ရှိသောသူများအဖြစ် သိမြင်ထားကြတဲ့ 
အနေနဲ့  တွေဆုံလိုစိတ် ရှိနေကြပါတယ် ။
 နေပြည်တော်မှာလဲဘဲ ရခိုင်ပြည်နယ်အရေးကို အစည်းအဝေး ပြုလုပ်ပြီးဆွေးနွေးနေကြ
အဆင်ပြေလိမ့်မယ်လို့ ထင်မြင်ယူဆကြပါတယ် ။
ဒါကြောင့်မို့ လို့  သမ္မတကြီး ဦးသိန်းစိန်နဲ့ ဝန်ကြီးများက နယူးယောက်မြို့ ကို ရောက်
လာချိန်မှာ တွေ့ ဆုံဖို့ အချိန်ဇယားများနဲ့  ပြုလုပ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )
ရွှေမြန်မာမီဒီယာဂရု
အထက်မြန်မာပြည်၏ ပထမဆုံး အကြိမ် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေပွဲ
အထက်မြန်မာပြည်၏ ပထမဆုံး အကြိမ် အလုပ်အကိုင် အခွင့်အလမ်း  ရှာဖွေပွဲ 
အား ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက် နံနက် ၉ နာရီ မှ ည
၇ နာရီ အချိန်အထိ မန္တလေးမြို့ ၊ အမှတ် ( တီ - ၁ )၊ ဒုတိယထပ်၊ ၃၂ လမ်း၊ ၇၇နှင့်၇၈လမ်းကြား ရှိ 78 Shopping Mall, Promotion Area ၌
ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၊ ပြန်ကြားရေး ၀န်ကြီးဌာန နဲ့ ဆွီဒင်ရေဒီယိုတို့ ပူးပေါင်းကျင်းပတဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာ ဆွေးနွေးပွဲ
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၊ ပြန်ကြားရေး ၀န်ကြီးဌာန နဲ့ ဆွီဒင်ရေဒီယိုတို့ ပူးပေါင်းကျင်းပတဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာ
ဆွေးနွေးပွဲကို စက်တင်ဘာ (၂၄) နဲ့ (၂၅) ရက်တွေက ရန်ကုန်မြို့ အင်းယားလိပ်ဟိုတယ်မှာ ကျင်းပခဲ့ ပါတယ်။
ဆွေးနွေးပွဲကို ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂ( MJU)၊ မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း (MJA)၊ မြန်မာနိုင်ငံ သတင်းထောက်
ကွန်ယက် (MJU) တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဘီဘီစီ၊ ရိုက်တာ၊ AFP အစရှိတဲ့ နိုင်ငံတကာ သတင်းဌာန တွေက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့
ပြည်တွင်းပြည်ပမှ သတင်းစာနဲ့ စာနယ်ဇင်းဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ အသံလွင့် မီဒီယာ ဥပဒေကြမ်း ရေးဆွဲဖို့၊ ပြည်သူ့
အကျိုးပြု့ အသံလွှင့်မီဒီယာ လုပ်ငန်း ရပ်တည်မှု၊ လက်ရှိ မြန်မာနိုင်ငံ ရဲ့ အသံလွှင့် မီဒီယာလုပ်ငန်း အခြေအနေ၊ ပြည်သူ့ ၀န်ဆောင်မှု လုပ်ငန်းရဲ့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှု၊ မီဒီယာ ပြုပြင်ပြောင်းလဲရေး နှင့် အသံလွှင့် မီဒီယာ၊ မြန်မာ့မီဒီယာ လောက၏ လိုအပ်ချက်- စတဲ့ ခေါင်းစဉ် တွေနဲ့
ပြည်တွင်းပြည်ပ သတင်းစာ ဆရာတွေ နဲ့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေ က ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။
စစ်အစိုးရလက်ထက် တလျောက်လုံး ပြန်လည် ထုတ်ဝေခွင့် မပြုခဲ့တဲ ဦးနု ရေးသားထားတဲ့ တာတေစနေသား စာအုပ်ကို ဒီကနေ့ မိတ်ဆက် ဖြန့်ချီ
စစ်အစိုးရလက်ထက် တလျောက်လုံး ပြန်လည် ထုတ်ဝေခွင့် မပြုခဲ့တဲ့
မြန်မာနိုင်ငံ ပါလီမန် ဒီမိုကရေစီခေတ် ဝန်ကြီးချုပ်ဟောင်း ဦးနု ရေးသားထားတဲ့ တာတေစနေသား စာအုပ်ကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ HOME ခန်းမမှာ မနေ့ က မိတ်ဆက် ဖြန့်ချီလိုက်ပါတယ်။
“ငါတို့စာပေ” စာအုပ်တိုက်က ထုတ်ဝေလိုက်တဲ့ ၀န်ကြီးချူပ်ဟောင်း ဦးနု ရဲ့စာအုပ် မိတ်ဆက်ပွဲအခမ်းအနား မှာ ဦးနုရဲ့သမီးကြီး ဒေါ်စန်းစန်းနုနဲ့ စာရေးဆရာ မောင်ဝံသ တို့က ဦးနု ရေးသားခဲ့တဲ့ တာတေစနေသား စာအုပ်နဲ့ပက်သက်ပြီး အမှတ်တရ စကားပြောခဲ့ကြပါတယ်။
ဒီကနေ့ စာအုပ်မိတ်ဆက် ဖြန့်ချီပွဲအခမ်းအနား ကို ဦးနုရဲ့ သမီးကြီး
ဒေါ်စန်းစန်းနု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၊ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုတို့ အပါအ၀င် ဖိတ်ကြားထားသူ လူ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး ယခုထုတ်ဝေတဲ့ တာတေစနေသား စာအုပ်ဟာ ပြည်ပနိုင်ငံတွေမှာ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ရိုက်နှိပ်ထုတ်ဝေပြီး ဖြစ်ပါတယ်။
ကတိများကို မဆောင်ရွက်နိုင်ပါက ပြန်ကြားရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်မည်ဟုဆို
ပန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသော ဦးအောင်ကြည်က ပေးထားသောကတိများကို မဆောင်ရွက်နိုင်ပါကဝန်ကြီးအဖြစ်မှ နှုတ်ထွက်ပေးမည်ဖြစ်ကြောင်း၎င်း၏ပြောစကားကိုကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။
"ဝန်ကြီးက သူပြန်ကြားရေးကိုလာတာ ရယူဖို့မပါဘူး၊ ပေးဆပ်ဖို့သက်သက်ပါဘဲ၊ ဘာတွေကတိပေးရမလဲပြော...ပေးထားတဲ့ကတိတွေ မလုပ် ပေးနိုင်ရင် ..ထောက်ပြ ....ချက်ချင်းနုတ်ထွက်ပေးမယ်လို့ သူကိုယ်တိုင် နှုတ်ကပြောခဲ့တာ"ဟု ၎င်းက ဆိုသည်။
နေ့စဉ်ထုတ်သတင်းစာများကို လပိုင်းအတွင်း ထုတ်ဝေခွင့်ပြုမည်ဖြစ်ပြီး၊ မီဒီယာလွတ်လပ်ခွင့်များကို ဖော်ဆောင်သွားမည်ဟု ပြည်ထောင်စုဝန် ကြီးအဖြစ် စတင်တာဝန်ယူသော ရက်ပိုင်းအတွင်း သတင်းမီဓီယာများကို ဦးအောင်ကြည်က ထုတ်ဖော်ပြောကြားခဲ့သည်။
"မီဒီယာလောကအတွက် လမ်းစပွင့်လာပါပြီ"ဟု ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သူ မောင်ဝံသက သုံးသပ်ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့အပြောင်းအလဲတွင် သတင်းဂျာနယ် ၂စောင် အပိတ်ခံရမှုကြောင့် သတင်းမီဒီယာသမားများ၏ ဆန္ဒ ပြမှုများ ဖြစ်ပေါ်စေခဲ့သော ယခင်ဝန်ကြီး ဦးကျော်ဆန်း၏နေရာတွင် ၎င်းကို အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
Yangon chronicle 
“ခပ်ပြင်းပြင်း ထောက်လက်သီး တစ်လုံး” .
“ခပ်ပြင်းပြင်း ထောက်လက်သီး တစ်လုံး” ..
 ငြိမ်းချမ်းရေး အတွက် စီတန်း လှည့်လည် တာကို ...
 အရမ်း အရမ်း ကို အရေးယူချင် သူတွေ ...
 ၅ လောင်းပြိုင်လူသတ်မှု ကျူးလွန်သူတွေကို တိတိကျကျ ဖေါ်ထုတ် အရေးယူနိုင်ပြီလား ... — 
ချစ်ဇနီး
မိမိဇနီးသည်ကို အတူတစ်ကွ အသက်ရှင်နေထိုင်ခွင့်ရနေတုန်း သူမ ရဲ့ တန်ဖိုး ကို အသိအမှတ်ပြု နားလည်ပေးရင်း တုံ့ပြန်ချစ်တတ်ဖို့ သိပ်အရေးကြီးတယ်ဆိုတဲ့ အသိကို ရစေတဲ့ စာလေးတစ်ပုဒ်ပါ။
ရိုးရိုးလေးရေးထားပေမယ့် ရင်ထဲကို လေးနက်စွာ စိုက်ဝင်သွားခဲ့ပါတယ်။ 
အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။ ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ် “ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?” ကျွန်တော်ကတော့ မိန်းကလေးတွေတော်တော်များများ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်တတ်တယ် ဆိုပြီး ဂရုမစိုက်ဘဲ ဒီတိုင်းထားလိုက်တယ်။
ကျွန်တော်တို့ ဘ၀က ဖြတ်သန်းလာရတာ အေးအေးဆေးဆေးပါဘဲ။ ကျွန်တော် ကုမ္ပဏီမှာ ရာထူးတစ်ခု ရပြီးနောက်ပိုင်းမှာ သူကလဲ အိမ်က ဝေရာဝိစ္စတွေအားလုံး ကို တာဝန်ယူခဲ့တယ်။ ကျွန်တော့ အလုပ်က အမြဲအချိန်ပို လုပ်နေရသလို ခရီးလဲ ခဏခဏထွက်ရတယ်။ တခါတလေ ထွက်လိုက်ရင်လဲ ၃ပတ်လောက်ကြာတယ်။ ခရီးထွက်နေတုန်း တချို့ကတော့အိမ်က လူကြီးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေးကို စိတ်ပူတတ်ကြတယ်။
ကျွန်တော်ကတော့ စိတ်ချလက်ချပါဘဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သိတယ်၊ သူကျွန်တော့ မိဘတွေကို ကောင်းကောင်းပြုစုလိမ့်မယ်၊ သားလေးကိုလဲ စာပြပေးမယ် ဆိုတာတွေကို… တကယ်တော့ သူ့ကို အားကျနေတဲ့သူတွေဟာ ကျွန်တော့ကိုအားကျနေတဲ့သူတွေလိုဘဲများပါတယ်။ တခြားလူတွေရဲ့ အမြင်မှာ သူဟာ မနက်၉ နာရီ ကနေ ညနေ ၅နာရီ အထိ အထက်လူကြီးရဲ့ မျက်နှာကိုကြည့်ပြီးလုပ်စရာ မလိုဘူးလေ။ ကျွန်တော်တို့လဲ အရင်ကတည်းက ကားဝယ်ထားတယ်၊ ကွန်ဒိုကိုလဲ ပြောင်းနေနိုင်ပါပြီ။ ကျွန်တော်တို့ ရိုမန်းတစ်ဆိုတာ ကို မသိပေမဲ့ ကျွန်တော်တို့ ရဲ့ကမ္ဘာလေးဟာ သာသာယာယာပါဘဲ။
သူဒီလိုတစ်ခုခုလွဲနေသလိုလိုခံစားနေရပြီးသူတစ်ယောက်တည်းဆရာဝန်သွားပြတယ်။
 ဆေးစစ်ချက်ထွက်လာပြီ… မှဲ့ကင်ဆာတဲ့။ ဒီဆေးစစ်ချက် အဖြေဟာ ကျွန်တော့ကို တုန်လှုပ်သွားစေတယ်။ အဲဒီနေ့တွေမှာ ကျွန်တော်တို့ နာမည်ကြီးဆေးရုံးတော်တော်များများ ကိုပတ်ခဲ့တယ်။ အဖြေတွေကတော့ အတူတူတွေပါဘဲ။
 နာမည် အရမ်းကြီးတဲ့ ဆရာဝန်တစ်ယောက်ကကျွန်တော့ကို ပြောပြတယ် “မင်း အမျိုးသမီးရနေတဲ့ အရေပြားကင်ဆာ ဟာ သေနှုန်း ၉၀% ရှိတယ်။ အဆိုးဆုံးအရေပြားကင်ဆာတစ်ခုပါ၊” သိပ်မကြာပါဘူး။ ဆရာဝန်ပြောထားသလိုဘဲ သူ့ရဲ့ လက်မောင်း၊ ပေါင်၊ နောက်ကျောတွေမှာ မှဲ့ အသစ်တွေ အများကြီးထွက်လာတယ်။ သူ့ရဲ့ခန္ဓာကိုယ် နဲ့ စိတ်ဓာတ်တွေဟာ တဖြေးဖြေးချင်း ကျဆင်းလာတယ်။ ကျွန်တော်မှတ်မိသလောက် သူ အရင်ကတည်းက တခါတလေဖျားပြီးဗိုက်နာတတ်တာကလွဲလို့ သူနေမကောင်းတဲ့ အချိန်မရှိသလောက်ဘဲ။
ဒါပေမဲ့ အခုတော့… တခဏလေးမှ အနားမယူတတ်တဲ့သူက နောက်ဆုံးတော့ ဆေးရုံကုတင်မှာလဲနေရပါပြီ။ သူမရှိတော့တဲ့အိမ်ဟာ အရမ်းကိုတိတ်ဆိတ်လွန်းတယ်။ မီးဖိုခန်းမှာ အပူငွေ့မရှိတော့ဘူး။ ရေချိုးခန်း၊ ဧည့်ခန်းက အသုံးအဆောင်ပစ္စည်းတွေပေါ်မှာ ဖုန်တွေလွမ်းခြုံနေပြီ။ အရင်တုန်းက လင်းလင်းရှင်းရှင်း နွေးနွေးထွေးထွေးရှိတဲ့၊ ပြန်ရောက်တာနဲ့ သက်တောင့်သက်သာရှိတဲ့ အိမ်လေးဟာ ကျွန်တော် မသိတဲ့ နေရာ အဖြစ်ပြောင်းလဲတော့မယ်။
ကျွန်တော် အိမ်ကပစ္စည်းတော်တော်များများနဲ့ “စိမ်း” နေပါလား။ မိုက်ခရိုဝေ့ သုံးတာ၊ ထမင်းချက်တာ၊ ကော်ဖီ၊ လက်ဖက်ရည် တစ်ခွက်ဖျော်ဖို့၊ ခေါက်ဆွဲထုတ်ပြုတ်ဖို့… ကျွန်တော် စမ်းနေတာ နေ့ဝက်ရှိပြီ၊ ဘယ်ခလုတ်နှိပ်ရမှန်း မသိဘူး၊ ချက်လို့ထွက်လာတာ ကလဲ သူချက်တာနဲ့ အရသာနဲ့ ကွာနေပါလား။ အရင်က သူလွယ်လွယ်ကူကူ လက်ကမ်းပေးလိုက်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဟာ အခုရှာနေတာ နေရာနှံ့နေပြီ။ ရှာမတွေ့ဘူး။ သူဆေးရုံတက်ပြီးနောက်ပိုင်း ကျွန်တော်လဲ ခွင့်ရက်ရှည်ယူလိုက်ပြီး သူ့အနားမှာ တတ်နိုင်သလောက် အဖော်လုပ်ပေးတယ်။
ဒီအချိန်မှာမှ ကျွန်တော်သဘောပေါက်လိုက်တယ်… အိမ်တစ်အိမ်မှာ တာဝန်ကျေပွန်တဲ့ ဇနီးကောင်းတစ်ယောက်မရှိရင်၊ ယောက်ျားတွေ ပိုက်ဆံဘယ်လောက်ရှာနိုင်ပါစေ၊ အပြင်မှာ ဘယ်လောက်ဘဲ သားသားနားနားရှိနေပါစေ အလကားပါဘဲ။ တနေ့မှာ အသိတစ်ယောက်က ကွမ်ကျိုးမှာ ဒီလိုအရေပြားကင်ဆာကို အထူးကုတဲ့ ဆေးရုံးတစ်ရုံရှိတယ် ပြောတယ်၊ ဒီလိုရောဂါမျိုးကုလို့ပျောက်တာတွေလဲရှိတယ်။ ဒါပေမဲ့ စရိတ်တော့တော်တော်ကြီးတယ်။ ကုထုံးတစ်ခုက ၃လကြာတယ်၊ သိန်း ၃၀လောက်ကုန်တယ်။
ကျွန်တော်ဒီသတင်း မိန်းမကိုပြောပြတော့ ရောဂါဝေဒနားဒဏ်ညင်းပန်းခံ နေရပြီး သတိ မလည်တလည်နဲ့ ကျွန်တော့ကို ရှင်းရှင်းလင်းလင်းလေးပြောလိုက်တယ် “ရှင်တို့နဲ့ မခွဲရက်ဘူး… ” သူ့ အားအင်ချိနဲ့ပြီး ရှင်းလင်းတဲ့ စကားသံလေးတွေကြားတော့ ကျွန်တော့ မျက်ရည်တွေဟာ မျက်လုံးအိမ်ထဲမှာ မနေနိုင်တော့ပါဘူး… ကျွန်တော် အရင်က တခါမှ မထင်မိခဲ့ဖူးဘူး၊ ငါတို့လင်မယားဒီလောက်ထိချစ်ကြတာကို… ဒါပေမဲ့… အဲဒီအချိန်မှာ… ကျွန်တော်ခံစားရတယ်… ငါတို့ဟာကမ္ဘာပေါ်မှာ အချစ်ဆုံးတွေ၊ အတူတူ နေထိုင်ခွင့်ရတာ ဘယ်လောက်ထိကောင်းလဲ။
 “သူ ငါ့ကိုထားခဲ့လို့မရဘူး” “ငါသူ့ကိုလိုအပ်တယ်” ငါတို့ အတူတူအိုကြမယ်… သားလေးလူကြီးဖြစ်တဲ့ အချိန်ထိ၊ သားလေးရဲ့ သားလေးက “ဖိုးဖိုး ဖွားဖွား” လို့ခေါ်တာကို အတူတူနားထောင်မယ်။ သူ့ကို ကွမ်ကျိုးခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် ရုံးကိုသွားပြီး ခွင့်ရက်ရှည်ယူတဲ့ အချိန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်တီးတိုးပြောတာကြားလိုက်တယ်။ “ငါသာဆိုရင် ကုမနေတော့ပါဘူး… သိန်း ၃၀တောင်… မပျောက်ရင် လူလဲရှုံး ပိုက်ဆံလဲဆုံး နေဦးမယ်…” ဒီလိုပြောနေကြတဲ့လူတွေဟာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူဆုံးရှုံးရတော့မဲ့ ၀မ်းနည်းမှုမျိုးကို မခံစားဖူးသေးလို့ပါ။ ဒီလို အသက်ရှင်ခွင့်ရမဲ့ အခွင့်အရေး တစ်မျှင်လေးဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဆိုတာကိုလဲ မသိကြပါဘူး။
 အဲဒီ အချိန်မှာ ကျွန်တော်စဉ်းစားတယ်… သိန်း ၆၀ သိန်း ၁၀၀ ဖြစ်နေပါစေ… အိမ်တွေ ကားတွေကိုဘဲ ရောင်းရောင်း… သူ အသက်ရှင်ခွင့်ရမယ်ဆိုရင် အားလုံး ကျေနပ်ပါတယ်။ ကွမ်ကျိုးမသွားခင် အိမ်နားက စူပါမားကတ်မှာ နေ့စဉ်သုံးလိုမဲ့ ပစ္စည်းတွေသွားဝယ်တယ်။ သီတင်းကျွတ် ရှေ့ရက်ပိုင်းဆိုတော့ စူပါမားကတ်ထဲက လူတွေရဲ့မျက်နှာဟာ ပြုံးရွှင်နေကြတယ်… လူတွေအားလုံးရယ်ရယ်မောမောနဲ့… ကျွန်တော်ရုတ်တရက် ခံစားရလိုက်တယ်… ငါဒီပြုံးပျော်နေတဲ့သူတွေနဲ့ တော်တော်လေးကို ကင်းကွာနေပါလား… ပျော်ရွှင်ရယ်မောခြင်း အားလုံးဟာ ကျွန်တော့ ဇနီး နေမကောင်းတဲ့ အချိန်က စပြီး ကျွန်တော်နဲ့ မသက်ဆိုင်တော့ သလိုပါဘဲ… ကျွန်တော် သူပေးလိုက်တာစာရင်းအတိုင်း နေ့စဉ်သုံးပစ္စည်းတွေကို ၀ယ်လိုက်တယ်။
အိတ်ကိုမ ပြီးထွက်လာတော့မှ တော်တော်လေး လေး နေပါလား… ဒီလောက်နှစ်ရှည်လတွေမှာ အိမ်မှာ စားတာ သုံးတာအားလုံး သူစီမံထားတာ စေ့စေ့စပ်စပ်ပါဘဲ။ ကျွန်တော် လုံးဝမသိခဲ့ဘူး… ဆန်တစ်အိတ်ဘယ်လောက်ကျလဲ… ဆီတစ်ပုံး ဘယ်လောက်ကျလဲဆိုတာတွေကို… ကျွန်တော် လုံးဝမသိခဲ့ဘူး… ဒီပစ္စည်းတွေကို အိမ် သယ်ပြန်ရတာဟာ တော်တော်လေးပင်ပန်းတဲ့ အလုပ်တစ်ခုဆိုတာကို … ကျွန်တော် ဟာ ကျွန်တော်တို့ အိမ်ရဲ့ မဏ္ဍိုင်ကျောမလို့ တစ်သက်လုံးထင်လာခဲ့တာ… သူလဲသွားတဲ့ အချိန်မှာမှဘဲ သဘောပေါက်တော့တယ်… သူကသာ ကျွန်တော်တို့ အိမ်ရဲ့ဗဟိုကျောမပါ… ကျွန်တော်တို့ ကွမ်ကျိုးမှာ နေခဲ့တဲ့ အချိန်ဟာ မင်္ဂလာဆောင်ပြီးနောက်ပိုင်း အချိုမြိန်ဆုံး ဘ၀အစိတ်အပိုင်းလေးပါ။
 ဒီ ၃လ အတွင်းမှာ ကျွန်တော်တို့ နေ့နေ့ညညခြေတစ်လှမ်းမှ မခွာခဲ့ဘူး။ တူတူရယ်မောကြတယ်… တူတူ ငိုကြတယ်… ကျွန်တော်တို့ ရင်ဖွင့်စကားသံတွေ မကြားရတာ ဘယ်လောက်ထိကြာပြီလဲဆိုတာကို မမှတ်မိတော့ပါဘူး။ ပထမတစ်လမှာတော့ သူတော်တော်လေး ကောင်းလာသလိုလိုရှိလာတယ်… တခါတလေ… သူ့လက်ကိုတွဲပြီး ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ကျွန်တော်တို့ ၂ယောက်ရဲ့ အတိတ်က ဇာတ်လမ်းတွေကို ပြန်ပြောဖြစ်တယ်။
ကျွန်တော်တို့ ပထမဆုံး ဆုံတဲ့ အချိန်လေး… ပထမဆုံး အတူကြည့်ခဲ့တဲ့ ရုပ်ရှင်နာမည်လေးက “Titanic”… သူကျွန်တော့ကို ပြောပြတယ်… ကျွန်တော်သူ့ကို ဒီရုပ်ရှင်ကြည့်ဖို့ချိန်းတဲ့ အချိန် အမှန်တကယ်တော့ သူ သူ့ သူငယ်ချင်းတွေနဲ့ ကြည့်ပြီးသားပါ။ ကျွန်တော့ ကို မငြင်းရက်လို့ ကျွန်တော်နဲ့ နောက်တစ်ခေါက် လိုက်ကြည့်ပေးတာပါတဲ့… ဒီလို အကြောင်းလေးတွေဟာ အခုချိန်ပြန်စဉ်းစားလိုက်ရင် ဒဏ်ရာတစ်ခုလိုပါဘဲ… အတူနေလာတာ ဒီလောက်ကြာပြီ… ဒီလောက်ထိ စကား အကြာကြီး မပြောဖြစ်ခဲ့ ပါဘူး။ ဒီ ၃လအတွင်း ကျွန်တော့ မျက်စိရှေ့မှာ သူတစ်နေ့တစ်ခြား ဆုတ်လျော့လာတာကို မြင်နေရတယ်။
အထူးကုထုံးကလဲ သူ့ အပေါ်မှာ အာနိသင်မရှိခဲ့ဘူး။ သူဆန်ပြုတ်လေး တစ်ခွက်ကိုတောင် မသောက်နိုင်တော့ပါဘူး။ နောက်ဆုံး သူကျွန်တော့ကို ပြောတယ် “အိမ်ပြန်ချင်တယ်…” ဒီလိုနဲ့ ကျွန်တော်တို့ မျှော်လင့်ချက်ကင်းမဲ့ စွာနဲ့ အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်ပြီးတော့… သူ့ အခြေအနေဟာ ပိုပိုပြီးဆိုးလာခဲ့တယ်။ နောက်ပြီး ကင်ဆာဝေဒနာရှင်တွေ ကြောက်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သူခံစားနေရပြီ… သူ တစ်ညလုံး အိပ်လို့ မပျော်ဘူး… နာကျင်မှု ညည်းညူသံတွေဟာ အမှောင်ညတွေရဲ့ သံစဉ်ဖြစ်ခဲ့တယ်။
 ကျွန်တော် သူ့ကိုယ်စား ဒ်ီအနာတွေကို ခံပေးလိုက်ချင်တယ်။ သူဒီလောက်ထိ ခံစားနေရတာကို မြင်နေရတဲ့ စိတ်ဒဏ်ရာ ဟာလဲ သူ့ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်မှုတွေနဲ့ ထပ်တူထပ်မျှပါဘဲ… သူနဲနဲ နေကောင်းတဲ့ အချိန်မှာ တော့ ကျွန်တော့ကို စပြီး မှာကြားနေတော့တယ်… ဒီလောက်ထိရှုပ်ထွေးတဲ့ အိမ်မှုကိစ္စတွေကို သူတစ်ယောက်တည်းလုပ်လာခဲ့တာကို ဒီအချိန်မှာမှ သဘောပေါက်မိတယ်။ သူကျွန်တော့ကို ပြောသေးတယ်… “ကျွန်တော် အမြဲတမ်းစားကောင်းတယ်လို့ပြောတဲ့ အစားအစာတွေဟာ ဘယ်ဆိုင်က၀ယ်တာ…” “ကျွန်တော်အမြဲဝတ်တဲ့ အ၀တ်အစားတွေဟာ ဘာတံဆိပ်… ဘယ်ဆိုင်မှာသွားဝယ်တာ…” သူမဆုံးခင် ၃ ရက် အလိုမှာ ကျွန်တော့ကို အ၀တ်လျှောစက်သုံးပုံသုံးနည်းသင်ပေးလိုက်သေးတယ်။ နှစ်ပေါင်းများစွာ သုံးလာခဲ့တဲ့ ဒီ အ၀တ်လျှောစက်လေးဟာ သူနဲ့ကျွန်တော် အတူတူ သွားဝယ်ခဲ့တာပါ။
ဝယ်လာပြီးနောက်ပိုင်းမှာတော့ သူဘဲ ကိုင်တွယ်နေတာပါ… ကျွန်တော် မျက်ရည်တွေကို မအောင့်နိုင်တော့ပါဘူး… အသံတိတ်စွာ ကျနေပါတယ်… မဆုံးခင်ရှေ့တစ်ရက်မှာ ကျွန်တော့ ကိုပြောတယ်… ကျွန်တော်နဲ့ လက်ထပ်ခဲ့ တာဟာ သူဘ၀မှာ အပျော်ဆုံး အချိန်လေးပါ။
ကွမ်ကျိုးမှာ နေခဲ့တဲ့ ၃လတာ ကာလဟာလဲ သူ့ဘ၀ရဲ့ အကြည်နူးဆုံး အချိန်တွေပါဘဲ… ဒီ ၃လဟာ ကျွန်တော့ အတွက်လဲ ရင်ထဲမှာ သိမ်းထားရတဲ့ အမှတ်တရ အဖြစ်ထင်ကျန်ခဲ့ပါတယ်။ ဒီ ၃ လကြောင့် ရာထူးတိုးမဲ့ အခွင့်အရေး လက်လွတ်ခဲ့ရတယ်… ငွေကြေးတွေဆုံးရှုံခဲ့တယ်… ဒါပေမဲ့ ကျွန်တော့ ဇနီးနဲ့ ယှဉ်လိုက်ရင် ဒါတွေဟာ ပြင်ပ အရာဝတ္ထုတွေပါဘဲ… ဒီ ၃ လ အချိန်လေးရှိခဲ့လို့တော်သေးတာပေါ့… မဟုတ်ရင် ကျွန်တော် တစ်ဘ၀လုံး နောင်တရမိလိမ့်မယ်ဗျာ… သူဆုံးသွားတဲ့နေ့ ဟာ အေးအေးချမ်းချမ်းပါဘဲ… ကျွန်တော်က သားလေးကိုပြောတယ်… မေမေဟာ ဟိုး အဝေးတစ်နေရာကို ထွက်သွားပြီး ဖေတို့ကိုစောင့်နေတာပါ… တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ဖေဖေတို့ မိသားစုအားလုံး ပြန်ဆုံကြမယ်။
 မေမေက မေမေဘဲ… ဖေဖေကလဲ ဖေဖေဘဲ… သားလေးကလဲ ဖေဖေမေမေ တို့ရဲ့သားလေးပါဘဲ… အခုချိန်မှာ သူများမိသားစု စုံစုံလင်လင်ရှိနေတာကို မြင်တွေ့ရမှာ ကျွန်တော် အကြောက်ဆုံးဘဲ။ လျှောက်ခဲ့တဲ့ ပန်းခြံလေး… အတူတူကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံ… အတူတူပတ်ခဲ့တဲ့ စူပါမားကတ်တွေကို ရောက်တိုင်း ကျွန်တော့မျက်ရည်တွေကို မအောင့်နိုင်ဘူး… အ၀တ်လျှောစက်သုံးတဲ့ အချိန်… မိုက်ခရိုဝေ့ ခလုတ်နိပ်တဲ့ အချိန်… သားအတွက် အ၀တ်အစားဝယ်ပေးရတဲ့ အချိန်… အချိန်ပို အလုပ်ဆင်းပြီး အိမ်မှာ တစ်ယောက်တည်း ခေါက်ဆွဲထုတ်ပြုတ်စားရတဲ့ အချိန်… ညသန်းခေါင် နိုးလာပြီး ကုတင်ကျယ်မှာ တစ်ယောက်တည်းအိပ်နေရတဲ့ အချိန်… အဲဒီအချိန် အားလုံးတွေဟာ ကျွန်တော့ကိုငိုချင်စေတယ်… သူရှိနေတဲ့ အချိန်တုန်းက ကျွန်တော် ကိုကျွန်တော် ဒီလောက်ထိ ကံကောင်းတဲ့လူလို့ သတိမထားမိခဲ့ဘူး။
သူဟာ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာပေါင်းလာခဲ့တဲ့ ဇနီးတစ်ယောက်… သားလေးရဲ့ မိခင် ဆိုတာလောက်ဘဲ သိခဲ့တယ်။ အခုသူမရှိတော့ မိုးပြိုကျလာသလိုပါဘဲ။ အရင်တုန်းက ဇာတ်လမ်းတွေမှာ မင်းသားက သူ့ချစ်သူ သေပြီးနောက်မှာ အကြီးအကျယ်ငိုတာဟာ လူတွေကို လုပ်ပြနေတာပါလို့ထင်ခဲ့တဲ့ ကျွန်တော်ဟာ အခုချိန်မှာတော့ သူတို့နဲ့အတူမျက်ရည်ကျ နေရပြီ… ကျွန်တော်ပြန်စဉ်းစားမိတယ်… သူသားလေးကို အမြဲပြောလေ့ရှိတယ်… “ဖေကြီး က ပိုက်ဆံရှာပေးရတာ အရမ်းပင်ပန်းတယ်… ဖေကြီးက အရေးအကြီးဆုံး” အမှန်တကယ်မှာတော့ သူဟာ အရေးကြီးဆုံးပါ။
သူမရှိတော့ ကျွန်တော်တို့ သားအဖ ကမ္ဘာပေါ်မှာ အရေးကြီးဆုံး အရာတစ်ခုဆုံးရှုံးခဲ့တယ်… “ပျော်ရွှင်ခြင်း” ကျွန်တော်ဟာ ကိုယ့် ခံစားချက်ကို မထုတ်ဖော်တတ်တဲ့လူတစ်ယောက်ပါ… ချစ်သူဘ၀မှာတုန်းကလဲ “ချစ်”ဆိုတဲ့ စကားကို မသုံးခဲ့ဘူး… သူ ၀တ္ထုတွေ… ကိုးရီးယားကားတွေကြည့်ပြီးငိုတော့ ကျွန်တော်တောင်သူ့ကို စသေးတယ်… အခုချိန်မှာတော့ “ချစ်”ဆိုတဲ့ စာသားလေးဟာ သူ့ရဲ့ အုတ်ဂူမှာဘဲ ထွင်းထုထားနိုင်တော့တယ်… ကျွန်တော့ရဲ့ “ချစ်ဇနီး”… မိန်းကလေးတိုင်း ကိုယ့်ချစ်သူ ပါးစပ်ကနေ အကြိမ်ပေါင်းထောင်သောင်းမက ပြောစေချင်တဲ့ အဲဒီ စကားကို ကျွန်တော် ဘာဖြစ်လို့ သူပြောစေချင်တဲ့အချိန်… သူနေကောင်းကျန်းမာနေတဲ့အချိန်မှာ များများမပြောခဲ့ရတာလဲဗျာ…?
 Zane facebook
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥