စာဖတ်နေသူပေါင်း
We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Monday, October 15, 2012
KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထော မင်္ဂလာဒုံ၌ ကွယ်လွန်
15 Oct, 2012
 ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုတရားရေးတာဝန်ခံ ပဒိုစောဒေးဗစ်ထောသည် အောက်တိုဘာလ (၁၄)ရက်နေ့ မြန်မာစံတော်ချိန်ည (၁၀)နာရီခွဲ၌ ရန်ကုန်၊ မင်္ဂလာဒုံစစ်ဆေးရုံ၌ ကွယ်လွန်သွားပြီ ဖြစ်သည်။
 ပဒိုဒေးဗစ်ထောသည် ကွယ်လွန်ချိန်၌ အသက် (၇၅) နှစ်ရှိပြီဖြစ်ပြီး ၎င်း၏ သေဆုံးခန္ဓာအား ရန်ကုန်မှ ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင်သို့ ပြန်လည်ပို့ဆောင်ရန် မြန်မာအစိုးရဘက်က စီစဉ်ခဲ့ကြောင်းကိုလည်း သိရသည်။
 ယမန်နေ့ညပိုင်းက ပဒိုမကွယ်လွန်မီ မင်္ဂလာဒုံစစ်ဆေးရုံကြီးသို့ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း ၊ ဦုးစိုးသိန်းနှင့် ဦးခင်ရီတို့လာရောက်တွေ့ဆုံခဲ့ကြသည်။ ထိုသင်္ကန်းညီနောင်မှတဆင့် ထိုင်း-မြန်မာနယ်စပ်သို့ ဆက်လက်သယ်ဆောင်ရန် ကေအဲန်ယူဘက်မှ စီစဉ်ထားကြောင်းကိုလည်း ကေအဲန်ယူအသိုင်းအ၀ိုင်းက သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ပဒိုစောဒေးဗစ်ထောကွယ်လွန်ချိန်၌ ဇနီးနော်ဂျင်းဂျာနှင့် သားနှစ်ဦးသမီးသုံးဦးကျန်ရှိသည်။ ပဒို့အား အဘ ဦးရွှေထော၊ နော်မေဖိုးတို့မှ ၁၉၄၈ခုနှစ်၊ မတ်လ (၁၀)ရက်နေ့၌ မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်၌ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူတစ်ဦးဖြစ်သည်။ ပဒိုဒေးဗစ်ထောသည် KNU ဗဟိုတရားရေးဌာန တာဝန်ခံအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး မကြာသေးမီက ဘားအံမြို့ဆက်ဆံရေးရုံး ဖွင့်လှစ်မှုနှင့်ပတ်သက်၍ KNU က ရာထူးမှ ရပ်စဲခံထားရသူလည်းဖြစ်သည်။
အဆိုပါသဘောထားကွဲမှုများအား ပြန်လည် ညှိနှိုင်းဆဲကာလ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ ပဒို၏ ဈာပနအား KNUဌာနချုပ်ဖြစ်သည့် သေလေထ ၌စီစဉ်နေကြောင်းကိုလည်းသိရသည်။
 by Myit Makha Mediagroup 
ပခုက္ကူမြို့၌ သံဃာတော်များ ဆန္ဒထုတ်ဖော်မှု စတင်
မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ပခုက္ကူမြို့တွင် သံဃာတော်များ၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ဆန္ဒထုတ်ဖော်ကို ပခုက္ကူမြို့ရှိ ဗောဓိမဏ္ဍိုင် စာသင်တိုက်မှ သံဃာ အပါး ၅၀၀ ခန့်က စတင်ခဲ့ခြင်းဖြစ်ကာ အမှတ်(၁) ရပ်ကွက် မဟာဝိဇယာ ရာမ ပါဠိတက္ကသိုလ် စာသင်တိုက်သို့ ရောက်ရှိချိန်၌ အဆိုပါ စာသင်တိုက်မှ သံဃာ အပါး ၃၀၀ ခန့်က ထပ်မံပူးပေါင်းခဲ့ပြီး ဆန္ဒထုတ်ဖော်မှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
 မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့်ပြုမထားဆိုသည့် သမ္မတရုံး၏ တုန့်ပြန်မှုကြောင့် OIC နှင့် ပတ်သက်သည့်အကြောင်းအရာအား ရန်ကုန်မြို့တွင် ယနေ့၌ ဆန္ဒ ဖော်ထုတ်တော့မည် မဟုတ်ကြောင်း ဆန္ဒ ဖော်ထုတ်မည့် လှုပ်ရှားမှုအား ဆောင်ရွက်နေသည့် ဆရာတော် အရှင်ဦးခေမာစာရထံမှ သိရှိရသည်။
သို့ရာတွင် ဆန္ဒဖော်ထုတ်မည့် အချိန်နှင့် အစိုးရအဖွဲ့မှ တုန့်ပြန်သည့်အချိန်မှာ နီးကပ်နေသည့်အတွက်ကြောင့် စက်တင်ဘာလ ၂၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား နှင့် စစ်တကောင်းဒေသများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ အခြားအကြမ်းဖတ်မှုများအားလုံး ရပ်တန့်စေရေး ကိုသာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားပါသည်။
 မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ခွင့်ပြုမည့် အရေးနှင့် ပတ်သက်ပြီး သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာလ ၁၅ ရက်နေ့) တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ပါသည်။
OIC နှင့် ပတ်သက်သည့် အကြောင်းအရာအား ယနေ့တွင် ဆန္ဒထုတ်ဖော်တော့မည် မဟုတ်
မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခွင့်ပြုမထားဆိုသည့် သမ္မတရုံး၏ တုန့်ပြန်မှုကြောင့် OIC နှင့် ပတ်သက်သည့်အကြောင်းအရာအား ယနေ့တွင် ဆန္ဒဖော်ထုတ်တော့မည်မဟုတ်ကြောင်း ဆန္ဒဖော်ထုတ်မည့်လှုပ်ရှားမှုအား ဆောင်ရွက်နေသည့် ဆရာတော်အရှင်ဦးခေမာစာရထံမှ သိရှိရသည်။
သို့ရာတွင် ဆန္ဒဖော်ထုတ်မည့် အချိန်နှင့် အစိုးရအဖွဲ့မှ တုန့်ပြန်သည့်အချိန်မှာ နီးကပ်နေသည့်အတွက်ကြောင့် စက်တင်ဘာလ ၂၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား နှင့် စစ်တကောင်းဒေသများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ အခြားအကြမ်းဖတ်မှုများအားလုံး ရပ်တန့်စေရေး ကိုသာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားပါသည်။
 အောက်တိုဘာလ ၁၄ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ထားခြင်းအား ခွင့်ပြုမထားဘဲ လက်ရှိလာရောက်ဖွင့်လှစ်မည့် ယာယီဆက်ဆံရေးရုံး(OIC ရုံးမဟုတ် ပါ) ကိုပင် ပြန်လည်ညှိနှိုင်းရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး (မှူးဇော်) က သူ၏ Facebook စာမျက်နှာ တွင် ဖော်ပြထားသည်။
 ''သမ္မတနဲ့ အစိုးရအဖွဲ့က အခုလိုတုန့်ပြန်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့် မန္တလေးကကျောင်းအပါအ၀င် အခြားမြို့တွေကကျောင်းတိုက်တွေကို OIC နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ မတောင်းဆိုဖို့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ အစိုးရကပြည်သူတွေရဲ့ဆန္ဒကို အသိအမှတ်ပြုရင် ပြည်သူကလည်း အစိုးရကို အသိအမှတ်ပြုမှာပါ။ ရှေ့ဆက်ပြီး ပြည်သူရဲ့ဆန္ဒကို ဦးစားပေးတဲ့အစိုးရအဖြစ် ရပ်တည်သွားပြီး ဒီမိုကရေစီရေး ပိုမိုပီပြင်အောင် ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်'' မိန့်ကြားပါသည်။
 မြန်မာနိုင်ငံတွင် OIC ရုံးများ အခြေစိုက်ခွင့်မပြုရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၁၅ရက်နေ့တွင် ဆန္ဒထုတ်ဖော်မှုများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားမြို့များတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
Eleven Media Group
မြန်မာနိုင်ငံမှာ OIC ရုံး စိုက်ခွင့်မပြုထားကြောင်း ကြေညာထား
မြန်မာပြည်သူအများက လိုလားမှု မရှိသော အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ခေါ် ( Organization of Islamic Cooperation) ၏ မြန်မာနိုင်ငံရုံးစိုက်ခွင့်ကို မြန်မာအစိုးရ အနေဖြင့် ခွင့်ပြုမှု ရှိဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး၏ ( မှူးဇော် ဖေ့စ်ဘုတ်စာမျက်နှာ) မှာ ယနေ့ ညနေပိုင်း က ဖော်ပြထားပါတယ်။
 အောက်မှာ သူ၏ ဖေ့စ်ဘုတ်ပေါ်က သမ္မတရုံး၏ ကြေညာချက်အား ဖော်ပြထားတာ ကို ပြန် လည် ဖော်ပြပေးလိုက်ပါတယ်။
 မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်
 by Hmuu Zaw on Sunday, October 14, 2012 at 5:02pm ·
 ၁။  မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရဟန်းသံဃာများ အပါအဝင် ပြည်သူ အများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။
၂။ နိုင်ငံအချင်းချင်း(သို့မဟုတ်) နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်သည့် နားလည်မှုစာချွန်လွှာ လက်မှန်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)  နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
    (ခ)    အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
    (ဂ)   နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
    (ဃ) သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။
၃။ ၄င်းအပြင် နိုင်ငံတော်သမ္မတကြီးသည် အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် ပြည်သူလူထုဗဟိုပြု ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် ခိုင်မာသော မူဝါဒများ ချမှတ်ပေးထားပြီး ဖြစ်ပါသည်။
၎။ ပြည်သူများအကြားတွင် ဖြစ်ပေါ်လျက်ရှိသောဆန္ဒသဘောထားများကို ကောင်းစွာ သိရှိနားလည် ထားသော နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာ၊ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိကြစေရန် အသိပေးအပ်ပါသည်။
 ဤနေရာတွင်  သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာ ရှိပါတယ်။ 
နောက် ၁ နာရီခြားပြီး အောက်ပါ အသိပေးချက်ကို ဦးဇော်ဌေးက ရေးသား ထားပါတယ်။ 
မြန်မာနိုင်ငံတွင် OIC ရုံး ဟူ၍ ဖွင့်လှစ်ခွင့် ပေးမထားပါ
၁။ နိုင်ငံတော်သမ္မတကြီးအနေဖြင့် မြန်မာနိုင်ငံတွင် OIC ရုံး (OIC Office, OIC Branch) ဟူ၍ ဖွင့်လှစ်ခွင့် ပြုမထားပါ။
၂။ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် MoU ရေးထိုးထားသော ရုံးမှာ ထောက်ပံ့ ကူညီမှုများ ဆောင်ရွက်ရာတွင် ကာလသတ်မှတ်ချက်ဖြင့် ထားရှိမည့် ယာယီ ဆက်ဆံရေးရုံး (OIC ရုံး မဟုတ်ပါ) ဖြစ်ကြောင်း တွေ့ရှိရပါသည်။
၃။ ယင်းသို့ ယာယီရုံးဖွင့်လှစ်ခွင့် ကိစ္စကိုပင်လျှင် ပြန်လည်ညှိနှိုင်းရန် နိုင်ငံတော်သမ္မတကိုယ်တိုင် လမ်းညွှန်ထားပြီး ဖြစ်ပါသည်။
ယနေ့ ည ၈ နာရီက နိုင်ငံပိုင် သတင်းမီဒီယာများက ကြေညာမယ်လို့ ဆိုပေမယ့် မကြေညာခဲ့ပါဘူး။
မကြာသေးခင်က မြန်မာနိုင်ငံမှာ အဆိုပါ OIC အဖွဲ့ရုံးစိုက်မှု မကြာခင် လုပ်ဆောင်သွားမယ်လို့ OIC ၏ တာဝန်ခံတဦးနဲ့ BBC အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ သူ့အဆိုအရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ် သိန်းဌေးနှင့် OIC တို့ လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က OIC နှင့် ၂ ဖက် သဘောတူ နားလည်မှု စာချွတ်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ 
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဒေသ အနှံ့အပြားမှာ OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မှု မလုပ်ရန် ကန့်ကွက်မှုများ လုပ်ဆောင်နေခြင်း၊ အကယ်၍ ရုံးစိုက်မယ်ဆိုပါက တနိုင်ငံလုံး အတိုင်းအတာဖြင့် လူထု ကန့်ကွက်ပွဲများ ပြုလုပ်သွားကြရန် အစီအစဉ်များ ကို အဖွဲ့အစည်းအသီးသီးက ကြေညာထားပါတယ်။ 
ယနေ့ နံနက်ပိုင်းကလည်း မန္တလေးရှိ သံဃာတော်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက OIC ရုံး၊ မြန်မာ
နိုင်ငံမှာ ဖွင့်လှစ်ရန် ခွင့်ပြု ပေးမည် မဟုတ်ကြောင်း လာရောက် အသိပေး အကြောင်းကြားခဲ့ပါတယ်။
ပြည်တွင်း သတင်းဂျာနယ်များတွင်လည်း နယ်စပ်ရေးရာ ၀န်ကြီးဌာနက OIC ရုံးဖွင့်ခွင့် ပြုမှာ မဟုတ် 
ကြောင်း ပြောဆိုမှုများကို ထည့်သွင်းခဲ့ပါသေးတယ်။ ထိုမတိုင်မီက မန္တလေးမြို့ပြင် ၄ ရပ်မှာ မန္တလေး ရဟန်းတော်များ ဦးဆောင်ပြီး သံဃာ ၁ သောင်းဝန်းကျင်ခန့်၊ မြို့နေ လူထုတို့က ငြိမ်းချမ်းစွာဖြင့် OIC ရုံး မဖွင့်ရေး ဆန္ဒဖော်ထုတ်ခဲ့သေးပါတယ်။  
O I C အလိုမရှိ....
OIC အရေးမှာ Lobby တွေ အော်ကျီတွေ မလိုဘူး Negotiate တွေကလည်း Appropriate ဖြစ်တဲ့နည်းလို့မထင်ဘူး အရိုင်းအစိုင်းတွေကို How to approach တို့ Mutual Respect , Win Win Situation တို့သွားပြောနေရင် နွားပလာတာကျွေး ကျွဲပါးစောင်းတီးပဲ ... အဲဒီတော့
 ဒီနေ့ ဥပုသ်နေ့ ...
 နေ့ရက် ။ ။ ၁၅ . ၁၀ . ၂၀၁၂ 
အချိန်   ။ ။  နေ့လည် ၁ နာရီ 
စုရပ်နေရာ ။ ။ ရွှေတိဂုံ ဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီးအနီး 
အမျိုးဘာသာ သာသနာအတွက် တိုင်းပြည်အတွက် လမ်းပေါ်ထွက်ကြမယ်............... အားလုံးပဲပူးပေါင်းကြပါ ...ညီညွှတ်ခြင်းသည် အင်အား..အောင်ပန်းဆွတ်နိုင်သား အရေးတော် ပုံအောင်ရမည် ....................
— with Htat Aung Rangoon
ျ
ကိုယ့်နိုင်ငံ..ကိုယ့်လူမျိုး အနာဂါတ်ဘ၀အတွက်... တိုင်းသူ ပြည်သားအားလုံ ( ပြည်တွင်း ပြည်ပ ) စည်းလုံး ညီညွတ်စွာဖြင့် စုပေါင်းကာကွယ်ကြ...။
ဦးနုရဲ့ တာတေ စနေသား နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြသုံးသပ်
တချိန်က ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ တာတေစနေသား ဆိုတဲ့ ကိုယ်တိုင်ရေး နိုင်ငံရေး အတ္တုပ္ပတ္တိ စာအုပ်နဲ့ ပတ်သက်ပြီး ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာရဲ့ စာပေကဏ္ဍမှာ စတင်ဖော်ပြ လာပါတယ်။ အခုလို ကလောင် ဟိန်းလတ်ရဲ့ တာတေစနေသား စာအုပ်အကြောင်း ရေးသား ဖော်ပြရာမှာ အိမ်ရှေ့ ရောက် လာတဲ့ ရဲဘော်လေးကို ဦးနုက "မင်းက ဘာလဲ" လို့ မေးလိုက်တော့ "ကျနော်တို့ တပ်မတော်က အာဏာသိမ်းလိုက်ပြီ" လို့ ဖြေလိုက်တယ်။
 ပြီးတော့ " လောက်ကောင် မိပြီ " လို့ သတင်းပို့တာကို လည်း ရေးသား ဖော်ပြထားပါတယ်။ ဦးနုခမျာ ၀န်ကြီးချုပ် ဘ၀ကနေ လောက်ကောင် လုံးလုံး ဖြစ်ရ တာကိုလည်း အဲဒီအခန်းရေးပြထားတာကို စာရေးသူ က ဖော်ပြထားပါတယ်။ နောက်မှ အကြောင်းစုံဖြစ်တဲ့ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းလိုက်တယ်ဆိုတာ သိရတဲ့အခါ ဦးနုက " သြော် ဒီလိုကိုး' ဆိုပြီး ပြန်လည်ဖြေကြားခဲ့တဲ့အခန်းကိုလည်း ရေးသား ဖော်ပြထားပါတယ်။
 အခုလို နိုင်ငံပိုင် ကြေးမုံ သတင်းစာမှာ တလျှောက်လုံး တားမြစ်ထားတဲ့ စာအုပ်ကို သုံးသပ်တင်ပြခွင့် ရ တာ ဒါဟာ ပထမ ဆုံး ဖြစ်ပါလိမ့်မယ်။ မြန်မာ့ သတင်းစာလောကရဲ့ ထူးခြားတဲ့ အပြောင်းအလဲ တခုလေ လား ဆိုတာ ဆက်လက်စောင့်ကြည့် ရအုံးမှာဖြစ်ပါတယ်။
Mizzima မှ စာဖတ်သူများအတွက် သတင်းများကို Mobile Phone Application အနေဖြင့် ထုတ်ဝေ
Mizzima မှ စာဖတ်သူများအတွက် မိမိတို့၏ Mobile Device များမှတဆင့် သတင်းများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် Bagan Innovation Technology မှ Mobile Phone Application အနေဖြင့် ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။ iPhone နှင့် Android Phone ဖုန်းများတွင် Mizzima News Applocation ကို အသုံးပြုနိုင်ပါသည်။
Mizzima News Android Application ကို အသုံးပြုခြင်းအားဖြင့်
- Mizzima News ၏ နေ့စဉ်သတင်းများကို ဖတ်ရှုနိုင်ခြင်း
- သတင်းများကို gmail မှတဆင့် share နိုင်ခြင်း
- သတင်းများကို offline အနေအဖြစ် ဖတ်ရှုနိုင်ခြင်း
အစရှိသည်တို့ကို အသုံးပြုနိုင်အောင် ပြုလုပ်ထားပါသည်။
DOWNLOAD : http://www.bitmyanmar.com.mm/kanaung/assets/apk/mizzima.apk
Sunday, October 14, 2012
လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ ကိုကိုကြီး မိန့်ခွန်းပြောကြား
နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ ပါဝင် ဆင်နွှဲနေတဲ့ ပြင်သစ်ရောက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး (ယာ)။( အောက်တိုဘာလ ၁၃ ရက်၊ ၂၀၁၂)။ (ဓာတ်ပုံ - ကိုထင်ကျော်၊ ပဲရစ်)။ 
13.10.2012 
လူ့အခွင့်အရေး ဆိုတာ နယ်နိမိတ် အကန့်အသတ် မရှိတဲ့အတွက် နိုင်ငံတကာနဲ့ လက်တွဲ ဆောင်ရွက်ရင် မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ခြေလှမ်းတွေ ပိုပြီး မြန်ဆန် လာနိုင်တယ်လို့ ဥရောပနိုင်ငံ ၅ နိုင်ငံ စုပေါင်း ကျင်းပတဲ့ နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက မိန့်ခွန်း ပြောကြားခဲ့သလို မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်ကြဖို့ပါ ပန်ကြားခဲ့ပါတယ်။
 ပြင်သစ်နိုင်ငံ ကို ရောက်နေတဲ့ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့ အခါ အခုလို စပြောပါတယ်။ “ပြင်သစ်နိုင်ငံရောက်နေတဲ့ မြန်မာလူငယ်တွေ၊ သူတို့ကလည်း ကျနော်နဲ့ သီးခြားတွေ့ဖို့အတွက် စီစဉ်ထားတဲ့ တချိန်တည်းမှာ ရောက်ရောက်ချင်း နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲပေါ့လေ။ ၅ နိုင်ငံ စုပေါင်းလုပ်တယ်။ အဲဒီမှာ ကျနော့်ကို ဖိတ်တာနဲ့ အီဖယ် မျှော်စင်ရဲ့ရှေ့၊ လူ့အခွင့်အရေး ရင်ပြင်ကို လမ်းလျှောက်ပြီးတော့၊ စတာကတော့ လစ်ဘာတီ ရုပ်ထုရှေ့ကနေ စတာပေါ့။ စပြီးတော့ အဲဒီ အီဖယ် မျှော်စင်ရှေ့ လူ့အခွင့်အရေး ရင်ပြင်မှာ ကျနော်တို့ အလှည့်ကျပေါ့လေ၊ နိုင်ငံအလိုက် စကားပြောကြတဲ့ အစီအစဉ်ပါ။
အဲဒီမှာ ကျနော် ၀င်ပြီးတော့ ပါဝင်ခဲ့တာ။” ဦးကိုကိုကြီး အနေနဲ့ ပြည်ပကို ရောက်လာတဲ့ ပထမဆုံးလာတဲ့အချိန်၊ ဒီမှာ ပြည်ပက လူငယ်တွေနဲ့လည်း တွေ့ရတယ်၊ ဒီလိုအချိန်မှာ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်အတွက် ဘာတွေ မိန့်ခွန်းထဲမှာ ပြောခဲ့လဲ သိပါရစေရှင့်။ - “ကျနော်တို့ နိုင်ငံမှာ လွတ်လပ်ခွင့်အတွက် တိုင်းရင်းသား ပြည်သူတွေရဲ့ လွတ်လပ်ခွင့် အတွက်၊ နောက်တခါ ကျနော်တို့ ပြည်သူတွေ ရင်ထဲမှာ၊ ကျနော်တို့ ကိုယ်တိုင် ရင်ထဲမှာကိုပဲ ထိန်လန့်စိုးရွံ့မှုတွေကို ဖယ်ရှားရင်းနဲ့ အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ကြရတယ်။ ဆိုတော့ ဒီအကြောက်တရားတွေကို ဖယ်ရှားဖို့နဲ့၊ လူ့အခွင့်အရေး တွေအတွက် ဆောင်ရွက်ရင်းနဲ့ လက်ရှိလည်း ထောင်ထဲမှာ တချို့ ကျန်နေသေးတယ်။ တခါ ကျနော်တို့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့လည်း ခုချိန်ထိပေါ့လေ။
သူတို့ကို ပြန်လည် ထူထောင်ရေး ကိစ္စတွေ မလုပ်နိုင်သေးဘူး ဆိုတဲ့အကြောင်း။ နောက်တခုကတော့ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပြီဆိုရင် ချိုးဖောက်ခံရတဲ့သူတွေရော၊ ချိုးဖောက်တဲ့ ကိစ္စတွေမှာ ပါဝင်ခဲ့တဲ့ သူတွေ အားလုံးဟာ တနည်းမဟုတ် တနည်းနဲ့ စိတ်ပိုင်းဆိုင်ရာ အနာတရတွေ ဖြစ်ခဲ့ကြတယ်။ အဲဒါတွေကို ကျနော်တို့ ကုစားဖို့လည်း လိုတဲ့အကြောင်းပေါ့လေ။ နောက်တခုကတော့ လူ့အခွင့်အရေး ဆိုတာဟာ နယ်နိမိတ် အကန့်အသတ် မရှိဘူး။
အဲဒီတော့ လူ့အခွင့်အရေး ကိစ္စ ဆောင်ရွက်တဲ့အခါမှာ၊ လွတ်မြောက်ခြင်းအတွက် ဆောင်ရွက်တဲ့နေရာမှာ တယောက်နဲ့ တယောက် လက်ချင်းတွဲပြီးတော့ အခြား နိုင်ငံ အသီးသီးနဲ့ ချိတ်ဆက်ပြီး လုပ်ခြင်းအားဖြင့် ကျနော်တို့ရဲ့ ခြေလှမ်းတွေဟာ ပိုပြီးတော့ မြန်ဆန်လာမယ်၊ ပိုပြီးတော့ ခိုင်မာလာမယ် ဆိုတဲ့အကြောင်း နိုးဆော်ရင်းနဲ့ နိုင်ငံတကာမှာ လူ့အခွင့်အရေး၊ လွတ်လပ်ခြင်းနဲ့ ပတ်သက်လို့ ရင်ဆိုင်နေရတဲ့ သူတွေအားလုံးကို လက်တွဲဆောင်ရွက်ကြဖို့ ကျနော် နိုးဆော်ခဲ့တာပါ။” အခု ကိုယ်တိုင် ကြုံလာရတဲ့ ပြည်ပက လူ့အခွင့်အရေး အနေအထားနဲ့ လက်ရှိ မြန်မာနိုင်ငံထဲက အခြေအနေနဲ့ ယှဉ်ပြီးတော့ ပြောပြပေးပါလား။
- “ဒီပွဲမှာ ထူးခြားတာက ပြင်သစ်နိုင်ငံရဲ့ ဒီမိုကရေစီ အခြေအနေကို ကျနော်ကိုယ်တိုင် လက်တွေ့ လေ့လာခွင့် ရခဲ့တာပေါ့လေ။ မိုးရွာထဲမှာပဲ ကျနော်တို့ လမ်းလျှောက်ပြီးတော့ ဆန္ဒထုတ်ဖော် ကြမယ်ဆိုတဲ့ အချိန်မှာ မော်တော်ဆိုင်ကယ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကနေ အားလုံးနဲ့ ဆန္ဒပြမယ့် သူတွေနဲ့ ရင်းရင်းနှီးနှီးပဲ ပြောဆို ဆက်ဆံကြပြီးတော့ သူတို့က တောက်လျှောက် လုံခြုံရေး ယူပေးတယ်၊ လမ်းကြောတွေကို ရှင်းပေးတယ်။ တားပေးတယ်။
အားလုံးကလည်း စည်းကမ်းတကျနဲ့ လူ့အခွင့်အရေး ရင်ပြင်အထိ ချီတက်သွားကြတယ်။ ကားတွေကလည်း သူတို့ကို တားထားရင် ရပ်ပြီးတော့ စောင့်ကြတယ်။ ဒီ လူအုပ် ဖြတ်သန်းပြီးတဲ့အထိ ပေါ့လေ။ လူငယ်တွေက သီချင်းတွေ၊ အကတွေနဲ့ performance တွေပါ ပါတာပေါ့လေ။
အဲဒါမျိုး သူတို့ ဆန္ဒပြတာဟာ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့လိုလားချက်တွေကို သိသာမြင်သာအောင် ပြသသွားတာတွေဟာ ဒါ ကျနော်တို့အတွက်တော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကူညီစောင့်ရှောက်မှုရော၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြ လမ်းလျှောက်တဲ့သူတွေ ကြားမှာရှိတဲ့ ဆက်ဆံရေးကိုရော၊ ကျနော့်အနေနဲ့တော့ ကိုယ်တွေ့မျက်မြင်ပေါ့လေ ဒါ ကျနော် လေ့လာခွင့် ရခဲ့ပါတယ်။” ပြည်ပနိုင်ငံကို ပထမဆုံး ခရီးထွက်လာတဲ့ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဟာ ပြင်သစ်ကနေ ချက်သမ္မတနိုင်ငံ ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။
VOA 
မြန်မာရဲ့ နိုင်ငံတကာကြွေးမြီများ လျှော်ရေး ကမ္ဘာ့ဘဏ် ကူညီမည်
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim။ (ဧပြီလ ၁၁ ရက် ၂၀၁၂)။
13.10.2012
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက မြန်မာနိုင်ငံက ကြွေးမြီတွေ လျှော်ပစ်ရေးအတွက် ကူညီနေတဲ့အကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့ဘဏ် အနေနဲ့ လက်ရှိ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဒီ့ထက်မက ပိုပြီး ခရီးရောက်အောင် ထောက်ခံ အားပေးနေပါကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေတဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ ၂၀၁၃ ခုနှစ်ဆန်း ပိုင်းလောက်မှာ မြန်မာနိုင်ငံက ကြွေးမြီတွေ လျှော်ပစ်ရေးအတွက် အကောင်အထည် ဖော်နိုင်ဖို့ စတင် နိုင်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း လည်း ပြောပါတယ်။
 ပြုပြင် ပြောင်းလဲရေး အကောင်အထည် ဖော်နေတာကို ချီးကျူးလိုက်ပေမဲ့လို့ လုပ်စရာတွေ အများကြီး ရှိနေဆဲပါပဲလို့လည်း ဆိုပါတယ်။ မြန်မာဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ကလည်း နိုင်ငံပိုင် စီးပွားရေးစနစ်ကနေ လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကို ဘက်ပေါင်းစုံကနေ အသွင်ကူးပြောင်းနေတာ မကြုံစဖူး အကောင်အထည်ဖော် ကြိုးစားနေတဲ့အကြောင်း ပြောဆိုသွားတယ်လို့ ဆိုပါတယ်။
 မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်အပေါ် ဒေါ်လာ သန်း ၄၀၀ နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အပေါ် ဒေါ်လာ သန်း ၅၀၀ အကြွေးတင်နေတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကတော့ ဒေါ်လာ သန်းပေါင်း ၃,၈၀၀ ကို ဧပြီလတုန်းက လျှော်ပစ်ခဲ့ပါသေးတယ်။
ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်သမ္မတဟောင်းရဲ့ အဖွဲ့ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လေ့လာ
The Carter Center/Knudson Photos - အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ 
2012-10-13 
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ Jimmy Carter တည်ထောင်ထားတဲ့ The Carter Center က မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်မှုတွေကို ကူညီနိုင်မယ့်နည်းလမ်းတွေရှာဖွေနေတယ်လို့ သိရပါတယ်။
 မြန်မာနိုင်ငံကိုရောက်နေတဲ့ The Carter Center အဖွဲ့ရဲ့ အကြံပေးအရာရှိ Mrs. Sarah Levit- Shore နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော် တို့ ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်က တွေ့ ဆုံဆွေးနွေးတဲ့အခါမှာ Mrs. Sarah ရဲ့ ပြောဆိုချက်တွေကို ကိုဂျင်မီက RFA ကို ပြန်ပြောပြပါတယ်။
“မြန်မာပြည်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ လေ့လာချင်တာတွေ သိချင်တာတွေ အများကြီး ရှိတယ်။ နောက်ပြီးတော့ သူတို့ဘာလုပ်ပေးနိုင်မလဲဆိုပြီးတော့ လာပြီးစုဆောင်းတာလည်း ရှိတယ်။ Election နဲ့ ပတ်သက်တဲ့ Monitoring မှာလည်း ဘာလုပ်ပေးနိုင်မလဲဆိုတာလည်း သိချင်တယ်” ဒါ့အပြင် သမ္မတဟောင်း ဂျင်မီ ကာတာ ကိုယ်တိုင် မြန်မာနိုင်ငံကိုလာရောက်လည်ပတ်သင့်ပြီလား ဆိုတာလဲ လေ့လာနေတယ်လို့ သိရပါတယ်။
 Carter Center ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေအပြင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး၊ ၀န်ကြီးဦးအောင်မင်း တို့နဲ့လည်းတွေ့ဆုံခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေမှာ ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတဲ့ အကြောင်းတွေဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
သမ္မတဟောင်း ဂျင်မီကာတာရဲ့ The Carter Center ဟာ ကမ္ဘာ့ နိုင်ငံအများအပြားမှာ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးတွေနဲ့ ကျန်းမာရေးကိစ္စတွေမှာ အကူညီပေးနေတဲ့ လူမှုအဖွဲ့စည်းတခုဖြစ်ပါတယ်။
RFA
ABSDF မြောက်ပိုင်း မှတ်တမ်းဗီဒီယိုအပိုင်းအစ(ရုပ်/သံ) ဘာသာပြန်
"ကျန်ာတို့လို သူလျှိုတွေ စစ်အစိုးရက အများကြီးလွှတ်ထားပါတယ်..တချို့ကတော့ စစ်အစိုးရက အတင်းအကြပ်ခိုင်းလို့၊တချို့ကတော့ငွေပေးလို့ သူလျှိုလုပ်ခဲ့ရပါတယ်..တခြားနေရာတွေမှာလည်း သူလျှိုတွေအများကြီးလွှတ်ထားပါတယ် "(စမားညီညီ)
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ABSDF ကျောင်းသားတပ်မတော်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအချင်းချင်းပြန်လည် ဖမ်းဆည်းမှုကို ထိုစဉ်က ကျောင်းသားစခန်းသို့ ရောက်ရှိနေသာ ဂျပန်သတင်းထောက်တစ်ဦးရဲ့ မှတ်တမ်းဗီဒီယို ဖြစ်ပါသည်။
Video.. မင်းမင်း လတ် ကချင်ဒေသ Kioထိန်းချုပ်ထားတဲ့နေရာကို မြန်မာပြည်မှ ဒီမိုကရေစီအရေးလှုပ်ရှားသူများ မြောက်များလှစွာသော ကျောင်းသားများဟာ ပေါင်းစည်းရောက်ရှိလာကြပါတယ်..
တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများထဲမှာ အင်အားတောင့်တင်းတဲ့ မြန်မာစစ်တပ်နဲ့ ဆန့်ကျင်တိုက်ပွဲဖြစ်နေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်ဌာနေမြေထဲမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူကျောင်းသားများ ၈၀၀ခန့် နေထိုင်ခဲ့ပါတယ် မနက်၅နာရီဆိုရင် အားလုံး အိပ်ယာထပြီး စစ်ရေးလေ့ကျင့်နေခဲ့ပါတယ်..အဲဒီအချိန်မှာဘဲ စစ်အစိုးရဘက်က သူလျှိုဆိုပြီး ဖမ်းထားတဲ့ သူတွေကို အပြင်ထုတ်လိုက်ပါတယ်..
သူတို့တွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူကျောင်းသားများထဲမှာ ရောနှောပါဝင်နေတဲ့ စစ်အစိုးရရဲ့ သူလျှိုတွေ..ပါဂျောင်ဒေသမှာ ပြီးခဲ့တဲ့နှစ်က သူလျှိုအယောက် ၈၀လောက်လွှတ်ခဲ့ပါတယ်။။ အဲဒီအယောက် ၈၀ထဲမှ ၁၅ ယောက်ဟာ ဒီနေရာကို မလာခင်မှာ အဖမ်းခံခဲ့ရတာပါ..ကျနော်တို့လို သူလျှိုတွေ စစ်အစိုးရက အများကြီးလွှတ်ထားပါတယ်..တချို့ကတော့ စစ်အစိုးရက အတင်းအကြပ်ခိုင်းလို့၊တချို့ကတော့ငွေပေးလို့ သူလျှိုလုပ်ခဲ့ရပါတယ်..တခြားနေရာတွေမှာလည့်း  သူလျှိုတွေအများကြီးလွှတ်ထားပါတယ် (စမားညီညီရဲ့ ပြောကြားချက်)
အဲဒီအချိန်အခါတုန်း ရော်နယ်အောင်နိုင်ပြောသွားတာကတော့ မြန်မာအစိုးရက ဂျပန်အစိုးရထံမှ ကူညီငွေအထောက်အပံအများကြီးရနေပါတယ်..အဲဒီငွေတွေဟာ ဂျပန်နိုင်ငံသားတွေရဲ့ အခွန်ပေးဆောင်ထားတဲ့ငွေတွေပါ..အဲဒီငွေတွေနဲ့ စစ်အစိုးရက မြန်မာပြည်သူတွေကို သတ်နေပါတယ်.ဒီဟာက ဂျပန်ပြည်သူတွေက မြန်မာနိုင်ငံသားတွေအပေါ် နှိပ်စက်နေတာနဲ့ တူတူပါဘဲ..ကျနော်တို့ဟာ ဂျပန်ပြည်သူပြည်သားတွေကို တောင်းဆိုချင်တာကတော့ မြန်မာစစ်အစိုးရ ကိုထောက်ပံနေတာတွေ လုံးဝရပ်တန့်သွားအောင် ဂျပန်အစိုးရထံ ဖိအားပေးတောင်းဆိုဖို့ပြောချင်ပါတယ် (ရော်နယ်အောင်နိုင်)
ဘာသာပြန်။။ ကိုထွဋ်
ဒီနေရာမှ ကူးယူဖေါ်ပြပါတယ်။
သူတို့က ချမ်းသာတာ မကြေညာရဲဘူး
ကာတွန်း ထင်လင်းကျော်က ချမ်းသာတဲ့သူတွေက ချမ်းသာတာကို မကြေညာရဲချိန်မှာ ဆင်းရဲတဲ့ သူတွေက ကြေညာချင်တဲ့ လူတွေက ဘယ်လို ကြေညာရမလဲ ဆိုတာ ကာတွန်းတကွက်နဲ့ ပုံဖော်ထားပါတယ်။
Tuesday, October 9, 2012
ပြည်သူလူထုကသာ ရွေးချယ်ခဲ့လျှင် သမ္မတအဖြစ်လက်ခံသွားမည် (သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်၏ တခန်းရပ်ပြဇာတ် Animator Show(ရုပ်/သံ)
ပြည်သူလူထုကသာ ရွေးချယ်ခဲ့လျှင် သမ္မတအဖြစ်လက်ခံသွားမည် (သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်၏ တခန်းရပ်ပြဇာတ် Animator Show(ရုပ်/သံ) 
'Aung San Suu Kyi could be president' (Animatorshow).
www.dawnmanhon.com/
အေးရှားဝေါလ်ကုမ္ပဏထံမှလုပ်ငန်းရှင်ဆယ်ဦးတို့က ကျပ်သန်းပေါင်းထောင်ကျော် ရရန်ရှိသေးသည့်အကြောင်း စာနယ်ဇင်းရှင်း
ရန်ကုန်-အောက်တိုဘာ၉
 အေးရှားဝေါလ်ကုမ္ပဏထံမှလုပ်ငန်းရှင်ဆယ်ဦးတို့က ၎င်းတို့ရရှိရန်ကျန်နေသေးသည့် ပစ္စည်းဖိုးနှင့်လုပ်အားခကြွေးငွေကျပ်သန်းပေါင်း၁၁၁၆.၀၁ကို ကုမ္ပဏီဖက်ကမပေးသေးသဖြင့် နိုင်ငံတော်သမ္မတအပါအ၀င်၊ အစိုးရရုံးဌာနများသို့ တိုင်ကြားစာ ပေးပို့ခဲ့ရာ ကုမ္ပဏီဖက်မှ တစ်နှစ်အတွင်းပေးချေမည်ဟု ကတိပြုခဲ့သော်လည်း လုပ်ငန်းရှင်တို့ဖက်မှကြွေးပူများရှိနေသဖြင့်ကျေနပ်သည် အထိဖြေရှင်းလာစေရန်အတွက်ဆက်လက်ကြိုးပမ်းသွား မည်ဖြစ်ကြောင်းယနေ့နံနက်၁၀နာရီမှစတင်ကာစီတီးစတားဟိုတယ် တွင်ပြုလုပ်နေသော စာနယ်ဇင်းရှင်းပွဲတွင် လုပ်ငန်းရှင်တစ်ဦးကပြောသည်။
လုပ်ငန်းရှင်၁၀ဦး က ၎င်းတို့ပါဝင်တည်ဆောက်ခဲ့သော ကင်းသာစီမံကိန်း၊ပုဗ္ဗသီရိကုတင်-၃၀၀စီမံကိန်း၊မုံရွာ၊မြတ်တော် ၀င်၊တိုင်းရင်းသာကျေးရွာ၊စသည့်စီမံကိန်းများတွင်စိုက်ထုတ်သုံးဆွဲခဲ့သောငွေများကိုမရရှိသေးခြင်းဖြစ်သည် ဟုဆိုသည်။
SK -
Popular Myanmar News Journal
ဒို့ပြည်သာကစားကွင်း တင်ဒါရပ်ဆိုင်းခံရစားသောက်ဆိုင်များသုံးရက်အတွင်းပြောင်းရွှေ့ရမည်အပြင်အလုပ်သမား၂၀၀ခန့်အလုပ်လက်မဲ့ဘေးရင်ဆိုင်နေရ
စူးရှ 
သစ်တောရေးရာဝန်ကြီး ဌာနပိုင် ဒို့ပြည်သာကစားကွင်း အား တင်ဒါထပ်မံလျှောက်ထားခွင့် ရပ် ဆိုင်းထားခြင်း ကြောင့် အလုပ်သ မား ဦးရေ ၂၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်မည့်အရေးကို ရင်ဆိုင် ရလျက်ရှိ ကြောင်း ဒို့ပြည်သာကစားကွင်း၏ Indoor Game  နှင့်ကစားကွင်းတာ ဝန်ခံ ကိုဇော်ဦးက ရန်ကုန်တိုင်းမ် သို့ ပြောသည်။
ဒို့ပြည်သာကစားကွင်း ဌားရမ်းထားသော သစ်တောရေးရာ ဝန်ကြီးဌာနပိုင် မြေကွက်တွင် Game City နှင့် စားသောက်ဆိုင် လုပ် ငန်း ရှင်များမှတစ်ဆင့်လုပ်ကိုင် လျက်ရှိပြီး ဒို့ ပြည်သာကစားကွင်းမှ ဝန်ထမ်း များလည်း  ကစားကွင်းဝန်ဆောင်မှုလုပ် ငန်းများလုပ်ကိုင် လျက်ရှိကြောင်းနှင့် အဆိုပါတင်ဒါ လျှောက်ထား ခွင့်ရပ်ဆိုင်းထားမှု အားဝန်ထမ်းများအနေ နှင့်အောက်တိုဘာလ (၅)ရက်နေ့မှ သာသိရှိခဲ့ ကြောင်း သိရသည်။
''သောကြာနေ့မနက် ရောက်တော့မှ ဒီလုပ်ငန်းကြီးပိတ် တော့မယ်ဆိုတာသိရတယ်၊ထပ်ပြီး ငှားရမ်းဖို့ အတွက် စာချုပ်ပြန်ချုပ်လို့ မရဘူး၊ အစိုးရကစာချုပ်ပြန်မချုပ်ပေး ဘူးလို့ သူဌေး ကပြောတယ်။ အခု လောလော ဆယ်တော့  သူတို့တင်ဒါ ခေါ်ထားတယ်၊ သူဌေးကလည်းဆက် မရတော့ ဘူး ဆိုရင်နစ်နာ ကြေးပေး မယ်။ဒါပေမယ့် နောက်လူက ဒီလုပ် ငန်းလုပ်မယ်၊ဒါမှမဟုတ် ကျွန်တော် တို့ကိုပြန် ခန့်မယ် မခန့်မယ်တော့ အာမမခံနိုင်ဘူးလို့ပြောတယ်'' ဟု ကိုဇော်ဦးကပြောသည်။
ဒို့ပြည်သာကစားကွင်း လုပ်ငန်းရပ်ဆိုင်းပါက ဒို့ပြည်သာ မှဝန်ထမ်းပေါင်း ၁၀၀ ကျော်ခန့်အ လုပ်လက်မဲ့ဖြစ် ပွားနိုင်ပြီး စားသောက် ဆိုင်များအနေဖြင့်လည်း ၎င်းတို့လုပ် ငန်းရပ်ဆိုင်းလိုက်သဖြင့် စီးပွား ရေး ထိခိုက်သွားနိုင်ကြောင်းသိရသည်။
အဆိုပါကိစ္စနှင့်ပက်သက် ၍ မင်္ဂလာတောင်ညွှန့်မြို့နယ် NLD ပါတီမှမြို့နယ်တာဝန်ခံဦးကျော်ဒင် က''မြို့နယ် ကကော၊ ရဲဌာနကဝန်ထမ်း တွေကပါ ဒီကိစ္စကို သိကျတယ်၊အဲဒီ မှာ ရှိတဲ့အလုပ်သမား တွေ၊ ဝန်ထမ်း တွေ အများကြီး အလုပ် လက်မဲ့ဖြစ်မယ့်ကိစ္စကို ဝင်းကိုပိုင်တဲ့ သစ်တောရေး ရာဝန်ကြီး ဌာန ကလည်း သိတယ်၊ဒါပေမယ့် အကုန်လုံးကဒီ အလုပ်သမားတွေကို လစ်လျူရှုထား တယ်၊ အာမခံပေး  နိုင်တဲ့ ဝန်ကြီး ဌာန မရှိဘူး။'' ဟု ဆိုသည်။
မင်္ဂလာတောင်ညွှန်မြို့ နယ်တွင် အဆိုပါကိစ္စဖြစ်ပွားခြင်း ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျအုန်း မှ လာရောက် ဖြေရှင်းစဉ် ၎င်းအနေဖြင့် အလုပ် လက်မဲ့ဖြစ် သွားနိုင်သောအလုပ်သ မားများ အား စိတ်မပူရန်၊ တိကျသော အဖြေတစ် ခုရရှိရန်နှင့် အလုပ်သမား များအား ကာကွယ်သော အလုပ်သမား  ဥပဒေ များရှိကြောင်း ပြောကြားသွားခဲ့သည် ဟု ဒို့ပြည်သာကစား ကွင်းဝန်ထမ်း ဖြစ်သူ ကိုဇော်ဦး က ထပ်မံ ပြောသည်။
အဆိုပါ  ရပ်ဆိုင်းမှုမှာ အောက်တိုဘာလ ၅ ရက်နေ့မှ  စ၍   ဒို့ပြည်သာက စားကွင်းအတွင်းရှိ Game  City  နှင့် စားသောက် ဆိုင်များအား (၃)ရက် အတွင်း  ရွှေ့ပြောင်းပေးရန် ဒို့ပြည် သာကစားကွင်းပိုင်ရှင် ဦးထွန်းမြင့်  မှညွှန်ကြားသွား ခဲ့ကြောင်း  သိရသည်။
 by Yangon Media Group
ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည် တွင်း စစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များပါ နောက်ဆက် တွဲဘတ်ဂျက် တောင်းခံနိုင်
ဝေမာသိမ့်
ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည်တွင်းစစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များပါ နောက်ဆက်တွဲ ဘတ်ဂျက်တောင်းခံ မှု ပြည်ထောင်စု အစိုးရအဖွဲ့မှနောက်ဆက် တွဲဘတ်ဂျက်တွင် တင်ပြလာမည်ဖြစ်ကြောင်း မကြာမီရက်ပိုင်း တွင်ဆွေး နွေးမည်ဖြစ် ကြောင်း ပြည်သူ့ ငွေ စာရင်းပူး ပေါင်းကော် မတီအဖွဲ့ဝင်ပြည်သူ့လွှတ် တော်ကိုယ်စား လှယ်ဦးမန်းမောင်မောင် ဉာဏ်ထံမှ သိရ သည်။
ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက ပြည်ထောင်စုအစိုးရမှတင် သွင်းမည့် ၂၀၁၂-၂၀၁၃ခုနှစ်နောက် ဆက်တွဲ ဘတ်ဂျက် များ လေ့လာစိစစ်ရန် အ တွက်အောက်တိုဘာ(၉)ရက်နှင့်(၁၀) ရက်နေ့များတွင် နေပြည်တော်ရှိ ကော်မတီရုံးခန်းတွင်အစည်းအဝေးပြုလုပ်ပြီးလေ့ လာစိစစ်သွားမည်ဖြစ်ကြောင်း သိရ သည်။
''အခုလုပ်မယ့် ပူးပေါင်းကော်မတီ အစည်းအဝေးက ပြည်ထောင်စုအ စိုးရကတင်လာမယ့် နောက် ဆက်တွဲ ဘတ် ဂျက်ကိုဆွေးနွေးကြ မှာဖြစ်တယ်။ရခိုင်နဲ့ ကချင်ပြည်နယ်တွေအနေနဲ့ မမျှော်လင့်တဲ့ ကိစ္စတွေဖြစ်ပွား တဲ့ အခါမှာ နောက်ဆက် တွဲဘက်ဂျက်တွေကလိုမှာပဲ။ ဒီပြည်နယ် တွေကတော့ အဓိကခွင့်ပြုပေး ရမယ့် ဘတ် ဂျက်တွေပါ။ကချင်လိုစစ်ပြေးဒုက္ခသည် တွေရှိမယ်၊ရခိုင်လို ဒုက္ခသည်တွေ အတွက် နေ့စဉ်စောင့်ရှောက်မှုစရိတ်တွေက ဘယ် ဝန်ကြီးဌာနမှာမှ အပိုမရှိနိုင်ဘူး။ဒါတွေက နောက် ဆက်တွဲ ဘတ်ဂျက်တွေမှာတက်လာ နိုင်တဲ့ဟာတွေပေါ့။နောက်တစ်ခုတက် လာနိုင်တာက ငြိမ်းချမ်းရေး ကိစ္စ၊ငြိမ်းချမ်း ရေးအဖွဲ့ကလိုက်တာဆွေးနွေးနေတာ သူ့မှာဘတ်ဂျက်မရှိဘူး။ ဒါတွေတက် လာ နိုင်တယ်။''ဟုပြည်သူ့ငွေ စာရင်းပူး ပေါင်းကော်မတီ အဖွဲ့ဝင်ပြည်သူ့လွှတ် တော်ကိုယ်စား လှယ် ဦးမန်းမောင်မောင် ဉာဏ်ကဆိုသည်။
ပြည်နယ်တိုင်းအသီးသီးက တင်မှတင်ပြလာသည့်နောက်ဆက်တွဲဘက် ဂျက်များကိုစိစစ်ရမည့်အပြင် ပြည်ထောင် စုအစိုးရမှတင်ပြလာမည့် ဘတ်ဂျက်များ လည်းကို ယခုပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီအစည်း အဝေးတွင် လေ့လာစိ စစ်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ခုနှစ်အရ အသုံးဆိုင်ရာ ငွေစာရင်းနှင့်ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးရာတွင်ဆွေးနွေးမည့်ကိုယ် စား လှယ်များ ပြားသည့် အတွက် အချိန်ကြာ မြင့်လာခြင်းကြောင့် ပြည်ထောင်စု နာယ ကမှပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မ တီသို့ဘတ်ဂျက်ဆိုင်တိုမြင့်တောင်းခံမှုများ ကိုဖျက်တောက်ရန် အထူး သဖြင့်မှာကြားခဲ့ ပြီး ထိုသို့မှာကြားခြင်းမှာ ဝန်ကြီးဌာန အချို့တွင် ယခုနှစ်အတွင်း ဆောင်ရွက် ရမည့် စီမံကိန်းထက် နှစ်ရှည်စီမံကိန်းများ ကိုတောင်းခံထားသည့်အတွက်ထိုကဲ့သို့ငွေ များကို ဖျက်တောက် ခဲ့ကြောင်း၊သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဘတ်ဂျက်များမှာ ပထမအရအသုံးဆိုင်ရာ လျာထားချက်ခွင့်ပြုချက်ထက် (၆)လအ ပြီးတွင် နောက်ဆက်တွဲထပ်တိုး ဘတ်ဂျက် များတောင်းခံလာရသည့် အတွက် နိုင်ငံ တော်၏ ဝင်ငွေနှင့်ထွက်ငွေမညီ မျှမှုများ ရှိကြောင်း၊ထို့ကြောင့် နိုင်ငံတကာမှချေး ငွေများရယူနေရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဝင်ငွေအဖြစ်ရရှိနိုင်မည့်ကဏ္ဍာ များတွင် စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်ပြီး လိုက်နာကြရန်လိုအပ် ကြောင်းဆိုသည်။
''အခွန်ကရရှိမှု ရေးချိုးက တော်တော်နည်းတယ်။ အခွန်က လည်း တော်တော်များများက တိမ်းရှောင်ကြ တယ်။အခွန်ရတာ ကတော့ လယ်သမား တွေပဲရှိတယ်။ သူတို့ကရှောင်လို့လဲမရဘူး။ တကယ်တန်း တော့ သူတို့လယ်တွေမ အောင်မြင်ပေမယ့်လည်း အခွန်တော့ ဆောင်ကြတာပဲ။ အခွန်မဆောင်တာ က တော့ စီးပွားရေးသမားတွေပဲ''ဟုဆိုသည်။
Yangon Media Group
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွား
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး ဥရုချောင်း တစ်ဖက်ကမ်းရှိ ဘုရားကုန်းနှင့် စစ်တပ်ကုန်း တစ်ဝိုက်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရပါသည်။ တိုက်ပွဲ စတင်ဖြစ်ပွားပြီး မိနစ် ၃၀ ကြာချိန်အထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း လုံးခင်းဒေသခံ တစ်ဦးက ပြောပါသည်။
ယခုအချိန်တွင် စစ်တပ်ကုန်းအနီးတွင် ရှိနေသော စာသင်ကျောင်းမှ ကျောင်းသားများကို မိဘများ ကိုယ်တိုင် လာရောက် ခေါ်ဆောင်ကြရန် ဆရာများမှ အသံချဲ့စက်ဖြင့် ကြေညာနေသဖြင့် မိဘများ ကိုယ်တိုင် သွားရောက် ခေါ်ယူနေကြောင်း သိရသည်။ အဆိုပါ စာသင်ကျောင်းတွင် ကျောင်းသား ၃၀၀၀ ကျော်ခန့် ပညာသင်ယူနေကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သံဃာတော် အပါး ၃၀၀ ခန့် ဆန္ဒဖော်ထုတ်.
အမေရိကန်သံရုံးရှေ့တွင် လစ်ဗျားနိုင်ငံ၌ ကျဆုံးသွားခဲ့သော အမေရိကန်သံအမတ်အတွက် လွမ်းသူ့ပန်းခွေချစဉ် ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သံဃာတော် အပါး ၃၀၀ ခန့် ဆန္ဒဖော်ထုတ် 
Source:7 Day news journal :Monks Protest against OIC (Organisation of Islamic Cooperation) Supporting Rohingyas-illegal Benghali Migrants Burmese Buddhists Monks expressed that they don't want OIC office opening in Burma and also requested to the Bangladesh Government to protect the Bangladesh Buddhist monks and Buddhist minorities' safety in Bangladesh. Around 300 Buddhist Monks participated in the protest. Earlier this month, around 1000 Buddhist Monks expressed their deep concerns in Magwe Monestry in Yangon. The demonstrations were held in front of the American Embassy and Bangladesh Embassies.
 ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များအား မွတ်စလင်ဘာသာဝင်များမှ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သတ်ပြီး တတိယနေ့အဖြစ် ရန်ကုန်မြို့ရှိ သံဃာတော်များ စုပေါင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လမ်းလျှောက်မှုတခု့  အောက်တိုဘာလ ၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပါတယ်။
 ရဟန်းသံဃာတော် အပါး ၁၂၀၀ ကျော်နှင့် ပြည်သူလူထု အယောက် ၅၀၀ ကျော် စုပေါင်းပြီး ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှ စတင်ကာ အမေရိကန်သံရုံးရှေ့သို့ ချီတက် လမ်းလျှောက်ခဲ့ကြပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့က လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သေဆုံးခဲ့ရမှုနှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများမှ ၀မ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းများကို အမေရိကန်သံရုံးရှေ့ ဆိုင်းဘုတ်ရှေ့တွင် ချထားကာ ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။
အဆိုပါ ချီတက်လမ်းလျှောက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံအသီးသီးမှ အစိုးရခေါင်းဆောင်များနှင့် ပါတီခေါင်းဆောင် ဘာသာရေးခေါင်းဆောင်များကို မြန်မာနိုင်ငံတိုင်းရင်းသားရှင်လူများမှ အချက် ၁၄ ချက်ပါ တောင်းဆိုချက်တွေကို တောင်းဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ဆန္ဒဖော်ထုတ်သူများ တောင်းဆိုခဲ့သည့်အချက် ၁၁ ချက် 
အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲလုပ် (ရုပ်သံ)
မြန်မာနိုင်ငံပညာရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင် 
 မြန်မာနိုင်ငံ၏ ပညာရေးသည် နှစ်ပေါင်း ၅၀ ကြာ အင်မတန်မှ ညံ့ဖျင်းခဲ့ကြောင်းဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။
ယခင်နှစ်ပေါင်းများစွာ ညံ့ဖျင်းခဲ့သည့်ပညာရေးကြောင့် မျိုးဆက်သစ်လူငယ်များကြားတွင် လုပ်နိုင်ကိုင်နိုင်သော အရည်အချင်းပြည့်ဝသည့် လူငယ်များရှားပါးသွားခဲ့ကြောင်း၎င်းကဆိုသည်။
 မြန်မာလူငယ်များမတော်မတတ်၍ မဟုတ်ဘဲ ပညာရေးညံ့ဖျင်းမှုကြောင့်ဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံပညာရေးသည် အင်မတန်မှပြုပြင်ပြောင်းလဲရန်လိုအပ်ပြီး လွန်စွာညံ့ဖျဉ်းသည့် အခြေအနေတွင်ရှိကြောင်း၊ အခြေခံပညာရေးစနစ်သည် ကလေးငယ်များအတွက် အမှန်တကယ်ပညာပေးသည့် အခြေအနေမဟုတ်ကြောင်း၊ ကလေးများမဖြစ်မနေကျောင်းသွာရေး ကိစ္စကို အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ အဆင့်မြင့်ပညာရေးနှင့် အခြေခံပညာရေးအပြင် အသက်မွေးဝမ်းကြောင်းပညာနှင့် ကျောင်းပြင်ပ ပညာရေးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းဆိုသည်။ ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ဖို့ လုပ်ဆောင်ရန် လွန်စွာစိတ်အားထက်သန်လျှက်ရှိကြောင်းဆိုသည်။ ရန်ကုန်တက္ကသိုလ်အား ယခင်အချိန်များကကဲ့သို့ လျှမ်းလျှမ်းတောက် တက္ကသိုလ်ပြန်ဖြစ်လာရန် ၀ိုင်းဝန်းကြိုးစားရန်လိုအပ်ကြောင်းဆိုသည်။
 မိမိမဲဆန္ဒနယ် ကော့မှူးတွင် အသက်မွေးဝမ်းကျောင်းပညာသင်စခန်းတစ်ခုဖွင့်လှစ်ရန်စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းပုံစံအဆင်ပြေမည်ဆိုလျှင် အခြားသော မြို့နယ်များ၌လည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ယင်းသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက စတင်လုပ်ဆောင်သည့် ကိစ္စဖြစ်ကြောင်းဆိုသည်။
ငတက်ပြား၏ စွန့်စားခန်း iOS ဗားရှင်းကို App Store မှတစ်ဆင့် download ရယူနိုင်ပါပြီ
ငတက်ပြား၏ စွန့်စားခန်း iOS ဗားရှင်းကို App Store မှတစ်ဆင့် download ရယူနိုင်ပါပြီ 
DOWNLOAD LINK - http://itunes.apple.com/us/app/adventures-of-nga-tat-pyar/id566541954?mt=8
RFA Facebook ဘာကြောင့် ပိတ်သွားရတာလဲ
RFA Facebook ဘာကြောင့် ပိတ်သွားရတာလဲ 
****************************** 
ကျွန်တော် RFA Facebook ရဲ့ ပရိတ်သတ်တစ်ဦးပါ ။ လွန်ခဲ့တဲ့ ၃- ၄ ရက်လောက်ကတည်းက ၀င်ကြည့်လို့မရတော့တာပါ။ ပရိတ်သတ် နှစ်သောင်းနီးပါးရှိတဲ့ RFA Facebook ကို အခုတော့ ပိတ်လိုက်ပြီတဲ့ဗျာ ။ အကြောင်းက ပြီးခဲ့တဲ့လတွေကတည်းက ပွထနေတဲ့ RFAဌာနတွင်း ကာမဖေါက်ပြန်သောင်းကျန်းမှု အရှုပ်တော်ပုံနဲ့ RFA ဌာနမှူးဒေါ်ငြိမ်းရွှေရဲ့ ဂျာနယ်လစ်ဇင်းကို ၀ိုင်းပြီးဝေဖန်ကြလို့ မခံနိုင်တဲ့အဆုံး RFA Facebook စာမျက်နှာပါ ရပ်လိုက်တာလို့ကြားရပါတယ်။
အချို့သော ဖဘ စာမျက်နှာတွေ FNGလို သတင်းစာမျက်နှာတွေမှာပါ ဒီအကြောင်းတွေရေးနေတာလဲ ဖတ်လိုက်ရပါတယ်။ ဒီလောက် လူပြောသူပြောများနေမှတော့ RFA မှာ ဘာတွေဖြစ်နေပြီလဲလို့ စိတ်ဝင်စားမိတာအမှန်ပါ။ RFA ဆိုတာက ကျွန်တော်တို့လူထုက အားထားရတဲ့ သတင်းဌာနထဲက တစ်ခုပါ။ သတင်းအမှောင်ချခံထားရတဲ့ ခေတ်ကတည်းက အဖိနှိပ်ခံပြည်သူတွေရဲ့အသံကို ကြိုးစားလွှင့်ပေးခဲ့လို့ RFAကို ကျေးဇူးတင်မိပါတယ်။ အခုတောာ့ RFA ဌာနတွင်းမှာ မကြားဝံ့ မနာသာ မကြားချင်စရာ ဖေါက်ပြန်မှုတွေဖြစ်နေတာ ကြားရ နားထောင်ရတော့ စိတ်ထဲ မသတီဖြစ်မိတာလည်းအမှန်ပါ။
RFA ဘာလဲ ဘယ်လဲဆိုတဲ့ မေးခွန်းတွေလည်း တသီတတန်းကြီး အတွေးထဲဝင်လာပါတယ်။ ဇတ်လမ်းကတော့ ရှင်းပါတယ်။ RFAအယ်ဒီတာ ဦးခင်မောင်စိုးက အသံလွှင့်သတင်းထောက် မခင်ခင်အိတို့ မသင်းသီရိတို့နဲ့ သုံးပင်လိမ် ရှုပ်ကြတဲ့ဇာတ်ပါ။ ဒါပေမယ့် ဦးခင်မောင်စိုးကတော့ သုံးပင်တောင် မကဘူးထင်ပါရဲ့။ မခင်ခင်အိရဲ့ စကားပြောသံတွေ တင်ထားတဲ့ အင်တာနက်စာမျက်နှာတွေမှာဆိုရင် ဒေါ်မြင့်မြင့်သန်းဆိုတဲ့ အမျိုးသမီးကိုလဲ ဦးခင်မောင်စိုးကကြံစည်ဖူးတယ်လို့ ရေးထားပါတယ်။
ဒီလိုလုပ်ရပ်တွေဟာ သတင်းဌာနတခုမှာ အယ်ဒီတာလိုနေရာမျိုး လုပ်နေတဲ့ လူကြီးတစ်ယောက်အတွက် ဘယ်လိုမှမဖြစ်သင့်တဲ့ လုပ်ရပ်ဆိုပေမယ့် လက်တွေ့မှာ အခုလိုဖြစ်နေတာကြားရတော့ အဲဒီလောက်တောင်ပဲလားလို့ အံ့သြတုန်လှုပ်မိတာအမှန်ပါ။ SoundCloud မှာ Khin Maung Soeလို့ ရိုက်ထည့်လိုက်ရင် သူတို့နဲ့ပတ်သက်ပြီး မခင်ခင်အိပြောနေတဲ့ အသံတွေ ကြားရပါတယ်။ RFA ရုပ်မြင်သံကြားထဲမှာတော့ မခင်ခင်အိဆိုတဲ့ အမျိုးသမီးကို မကြာခဏတွေ့ရတတ်ပါတယ်။
အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက် ရုပ်ရည်သနားကမားနဲ့ ဒီလိုဇာတ်ခင်းနေမယ်လို့ မထင်ရက်ပါဘူးဗျာ။ သတင်းအလုပ်ကို ဘာလို့အာရုံစိုက် မလုပ်ကြပဲ အခုလို လင်လုမယားလု အလုပ်တွေ လုပ်ဖို့အချိန်ရနေကြတာလည်းဆိုပြီး အံ့သြနေမိပါတယ်။ ဒါကြောင့်လည်း RFAရဲ့ ကွာလတီ ကျလာတာ သတိထားမိပါတယ်။ တခါလာလည်း ပေါချောင်ကောင်း အင်တာဗျူးတွေမေးပြီး လွှင့်နေတာ၊ အစိုးရအသံ ရရင်ပြီးရောဆိုပြီး အစိုးရကပြောချင်ရာပြောပါစေ ဘာမှဆန်းစစ်ဝေဖန်တဲ့ မေးခွန်းမျိုးတောင် မမေးတော့ပဲ ဒီအတိုင်းလွှင့်နေတာတွေက RFAလမ်းကြောင်းပြောင်းနေပြီဆိုတာကို ပြနေတာပါ။
 RFAကို အစိုးရက အိတ်ထောင်ထဲထည့်ထားလိုက်ပြီလို့ မိတ်ဆွေတချို့ဝေဖန်ခဲ့တာကို အရင်က လက်မခံနိုင်ခဲ့ပေမယ့် အခုတော့ လက်ခံရတော့မလို ဖြစ်နေပါပြီ။ ကျွန်တော်တို့ RFAကို စနားထောင်ကတည်းက RFAဆိုတာ သူပုန်သတင်းဌာန အစိုးရကိုဝေဖန်စရာရှိရင် ဝေဖန်လွန်းတဲ့သတင်းဌာနပဲလို့ နားလည်ခဲ့ပါတယ်။ အခုတော့RFAဟာ အဲဒီရပ်တည်ချက်တွေကနေ သွေဖီသွားပြီလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဦးခင်မောင်စိုးဆိုရင် ၀န်ကြီးဦးစိုးသိန်းနဲ့မေးမြန်းခန်းမှာ ၀န်ကြီးတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့လက်တွဲလုပ်ရတာ ဘယ်လိုသဘောရလဲလို့သာ မေးခဲ့တာပါ။ ၀န်ကြီးတို့စစ်အစိုးရ လက်ထက်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအတွက် ဘယ်လိုတာဝန်ယူဖြေရှင်းပေးဖို့ရှိသလဲလို့ သတင်းသမားတဦးအတွက် တာဝန်ရှိတဲ့မေးခွန်းမျိုး ဘာလို့ထည့်မမေးတာလဲဆိုတာ တွေးနေမိပါတယ်။ လိင်သောင်ကျန်းဖို့ပဲ အကြံထုတ်နေရလို့များ ဒီလိုမေးခွန်းကောင်းတွေ ထွက်မလာတော့တာလားဆိုတာလဲ တဆက်ထဲတွေးမိပါတယ်။ RFA နဲ့ပတ်သက်ပြီး စိတ်မကောင်းစရာလဲ ကြားရပါတယ်။
 ဦးခင်မောင်စိုး မခင်ခင်အိ မသင်းသီရိတို့ရဲ့ ကာမအရှုပ်ကို တိုင်တန်းမိတဲ့အခြားဝန်ထမ်းတွေ အလုပ်ဖြုတ်ခံရမယ်ဆိုတာ ကျွန်တော်တော့ဖြင့် နားမလည်နိုင်ပါ။ ရုံးတစ်ခု ဌာနတစ်ခု သန့်စင်ရေးလုပ်တဲ့အခါ အဲဒီဌာနကို နာမည်ထိခိုက်စေတဲ့ အရှက်ရသိက္ခာကျစေတဲ့သူတွေကိုသာ ရှင်းထုတ်လေ့ရှိတယ်လို့ပဲ နားလည်ပါတယ်။ အခုကိစ္စမှာက ကျန်တဲ့ဝန်ထမ်းတွေထုတ်ပစ်မယ်ဆိုရင် သူတို့ကို ဘာအတွက် ထုတ်မှာလဲဆိုတဲ့မေးခွန်းက ၀င်လာပါတယ်။ ဘယ်လိုမှ နားမလည်နိုင်စရာပါ။ အကယ်၍ သူတို့မှာ ဘာအပြစ်မှမရှိပဲထုတ်တယ်ဆိုရင်တော့ RFAရဲ့ လုပ်ရပ်တွေဟာ အတော်ကို မနှစ်မြို့စရာပဲလို့ သတ်မှတ်ရမှာပါ။
 Aung Pan ဖဘ မှာဆိုရင် ဦးခင်မောင်စိုး လိင်သောင်းကျန်းနေတာကို ဌာနမှူးဒေါ်ငြိမ်းရွှေက အကာကွယ်တွေ ပေးထားတယ်လို့တောင် ရေးထားတာဖတ်လိုက်ရပါတယ်။ ဌာနမှူးတယောက်လုပ်နေပါလျှက်နဲ့ အဲဒီလိုလုပ်ပါ့မလားလို့ သံသယ၀င်မိတာလဲ အမှန်ပါ။ လိင်သောင်းကျန်းသူတစ်ဦးကို ဒီလိုတကယ်သာ အကာအကွယ်ပေးနေတယ်ဆိုရင်တော့ အဲဒီဌာနမှူးဆိုတာဟာလဲ သိမ်ဖျင်းတဲ့အတွေးအခေါ်တွေနဲ့ ဌာနကိုအုပ်ချုပ်နေသူလို့သာ ပြောရမှာပါ။ RFA Facebookကို ကြည့်လို့ရတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီဌာနမှူး အင်တာဗျူးလုပ်တာကို ကြည့်လိုက်ရပါတယ်။ အတော်အခြေနေဆိုးပါလားလို့ အတွေးဝင်မိပါတယ်။
လွှတ်တော်တွင်း အခြေအနေ အဖြစ်အပျက်တွေကို နားမလည်ဘူးဆိုတာ ပေါ်လွင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေစိုးမိုးရေးကော်မတီနဲ့ လယ်သမားအခွင့်အရေးကော်မတီ ကွဲကွဲပြားပြား မသိပဲ မေးနေတာဟာလဲ သတင်းဌာနကြီးတခုရဲ့ ဌာနမှူးအနေနဲ့ မဖြစ်သင့်တဲ့ကိစ္စလို့ပဲ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က RFAဌာနမှူးရဲ့မေးခွန်းတွေကို စိတ်မရှည်တဲ့သဘော စကားဖြတ်ပြီး ပြန်ဖြေနေတာကိုလည်း သတိထားမိပါတယ်။
ဒီလိုကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို မေးမယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့ ပစ်စလက်ခတ်လုပ်တာပါလဲ။ ဒါဟာ RFAရဲ့ စတိုင်များလားလို့တောင် တွေးမိပါတယ်။ ဒါ့ကြောင့်လည်း ဖဘ ပရိတ်သတ်က ဝေဖန်ကြတာပါ။ သတင်းဌာနတွေက ကျန်တဲ့သူတွေကျတော့ ဝေဖန်နေပြီး ကိုယ့်ကိုဝေဖန်တာကိုကြောက်လို့ အခုလို Facebookကို ပိတ်ပစ်လိုက်တာကတော့ သမိုင်းမှာ အရမ်းကိုအရုပ်ဆိုး အကျဉ်းတန်တယ်လို့ပဲ ပြောလိုက်ပြစေ။
တကယ်တော့ RFAဆိုတာ အများနဲ့ဆိုင်တဲ့ သတင်းဌာနတခုပါ။ RFA ထဲမှာ အခုလိုဖြစ်နေတာတွေအတွက် ကျွန်တော်တို့အားလုံးမှာလည်း တာဝန်ရှိပါတယ်။ ၀ါရှင်တန်ကလူတွေ လုပ်ချင်ရာလုပ်ပြီး ဖြစ်ချင်ရာဖြစ်နေတာမျိုးကိုတော့ ဒီအတိုင်း လွှတ်မထားဖို့ စေတနာနဲ့ဝိုင်းပြီးဝေဖန်ကြဖို့ အသိပေးလိုက်ရပါတယ်။ လူမှန်နေရာမှန် ရှိနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
ကိုထွန်းဝေ စာမျက်နှာ
9.10.2012
မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ခန့်အပ်
ချက်သမ္မတနိုင်ငံ ပထမ လက်ထောက် ၀န်ကြီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးနှင့် သမ္မတ ဦးသိန်စိန်တို့ လွန်ခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်တွင်တွေ့ဆုံစဉ်၊ ဓာတ်ပုံ- ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ရုံးစာမျက်နှာ 
 ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ သံတမန် ဆက်ဆံရေး ပြန် လည် စတင်လိုက်ပါပြီ။ ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်ကြီး ဗားကလပ်ဗ် ဟာဗဲလ် ခေါင်းဆောင်ခဲ့တဲ့ ချက် သမ္မတ နိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို အားပေးထောက်ခံမှုကြီးမားတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။
 ချက်ကိုစလိုဗက်ကီယား နိုင်ငံဖြစ်စဉ် ၁၉၅၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေး ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်း ချက်သမ္မတနိုင်ငံဖြစ်လာပြီး အခုတော့ မြန်မာနဲ့ သံတမန်ဆက်ဆံရေး မျက်နှာစာပြန်ဖွင့်လိုက်တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချက်သမ္မတ နိုင်ငံဆိုင်ရာ သံရုံးက သံအမတ်ကြီး ဗစ်တီဇလပ်(ဖ်) ဂရိပဲလ် အား မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီမှု ကိစ္စကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လက ချက်သမ္မတနိုင်ငံ ပထမ လက်ထောက် ၀န်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေး ၀န်ကြီး လည်းဖြစ်တဲ့ Karel Schwarzenberg မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ပြီးနောက်ပိုင်း အခုလို သံတမန်အပြန်အလှန် ဆက်ဆံရေး မျက်နှာစာ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။
Sunday, October 7, 2012
မြန်မာပြည်အတွက် လက်မထောင်ချိန်ရောက်ပြီ
မြန်မာပြည်အတွက် လက်မထောင်ချိန်ရောက်ပြီ
နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာပြည်အလှမယ်ကို ပြည်သူတွေက ဆု၂မျိုးရအောင် ကူညီနိုင်ပါတယ်။
၁. အင်တာနက်မယ် (Miss Internet) နဲ့
၂. ပရိတ်သတ်အနှစ်သက်ဆုံးမယ် (Miss International 2012 People's Choice Award) တို့ဖြစ်ပါတယ်။
ဒီဆု၂ခုလုံးကို အင်တာနက်မှာ မဲပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။
အင်တာနက်မယ် မဲပေးခြင်းကို အောက်တိုဘာလ ၈ရက်နေ့မှာ စပါမယ် 
အကျိုးအကြောင်း ထပ်မံအကြောင်းကြားပါမယ်။
အခုလောလောဆယ်တော့ ပရိတ်သတ်အနှစ်သက်ဆုံးမယ် (Miss International 2012 People's Choice Award) ဆုကို သင့်ရဲ့ အကူအညီကြောင့် မြန်မာမယ်မှ ရှေ့ပြေးဆွဲနေပါတယ်။ တရားဝင် နေ့တိုင်း မဲပေးခွင့်ရှိတယ်။ ယနေ့ သင် vote ပေးလိုက်ပြီလား။ သင့်ကြောင့် မြန်မာပြည် ဂုဏ်တက်ပါစေ။
အဲဒါကို နှိပ်ပါ။ Myanmar ကိုရွေးပါ။ vote ကိုနှိပ်ပါ။ ကျေးဇူး။
Miss International Beauty Pageant 2012
 နန်းခင်ဇေယျာသည် အသက် ၂၃ နှစ် ရှိ ပြီ ဖြစ် ပြီး အရပ် အမြင့် ငါး ပေး ခြောက် လက်မ ခွဲ
ဖြစ်သည်။
နောက်ဆုံးရ သတင်းများ အရ နန်းခင်ဇေယျာ သည် ပရိသတ် စိတ်ဝင်စား မှု ရှိသည့် ဆု စသည်
ဖြင့် အနည်းဆုံး တစ်ခု ရ နိုင်မည် ဟု ပြိုင်ဘက် အလှမယ် များ က ၎င်း တို့  ၏ FB စာမျက်နှာ များ တွင်
သုံးသပ်ထားသည် ယမန် နှစ် က ဆုရရှိ ခဲ့ သူ အီကွေဒေါ မှ ဖာနန်ဒါ ကော်နီ ဂျို က မြန်မာ တို့  ၏ အလှ
ကို ယခု မှ သူတွေ့ ဖူးသည် ဟု အိုကီနာဝါ ရုပ်သံ အစီအစဉ် တွင် ပြောကြား ခဲ့ သည်။
ယမန် နှစ် က ဆုရရှိ ခဲ့ သူ အီကွေဒေါ မှ ဖာနန်ဒါ ကော်နီ ဂျို က မြန်မာ တို့  ၏ အလှကို ယခု မှ သူတွေ့ ဖူးသည် ဟု အိုကီနာဝါ ရုပ်သံ အစီအစဉ် တွင် ပြောကြား ခဲ့ သည်။
နောက်ဆုံး ရ ဓာတ်ပုံများ နှင့် သတင်းများ ထပ်မံ ဖြည့်စွက် ပြီး
Wednesday, October 3, 2012
လူကုန်ကူးခံရသူများ၏ ၈၃ ရာခိုင်နှုန်းမှာ အသက် ၁၂ နှစ်မှ ၃၅ နှစ်ကြား အမျိုးသမီးများဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ထိမ်းမြားမှု ၈၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့
၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူးမှု ၁၃၆ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူများ၏ ၈၃ ရာခိုင်နှုန်းမှာ အသက် ၁၂ နှစ်မှ အသက် ၃၅ နှစ်ကြား အမျိုးသမီးများဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ထိမ်းမြားစေမှု ၈၉ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ သိရပါသည်။
တရုတ်နိုင်ငံတွင် နိုင်ငံခြားမှ အမျိုးသမီးများကို အဓမ္မထိမ်းမြား လက်ထပ်ထားသော နိုင်ငံသားများကို တရားမ၀င်နိုင်ငံခြားသား လက် ခံမှုဖြင့်သာ အရေးယူလျက်ရှိနေ၍ တရုတ်နိုင်ငံဘက်မှ အမျိုးသမီးဝယ်လိုအားမှ မြင့်တက်နေဆဲဖြစ်သောကြောင့် မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် လူကုန်ကူးမှုမှာ ထိုသို့ များပြားနေရ ခြင်းဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ထိုသို့ အဓမ္မလက်ထပ်စေမှုများတွင် သမီးရည်းစားအဖြစ် ချစ်ကြိုက်ဟန်ဆောင်ကာ ယုံစားမိသော အမျိုးသမီးငယ်များကို ရောင်းစားခြင်း၊ စက်ရုံတွင် အလုပ်ရမည်ဟု လိမ်လည်စည်းရုံးကာ တရုတ်နိုင်ငံသားနှင့် အဓမ္မလက်ထပ်စေခြင်း စသည့်ဖြစ်စဉ်များ ပါဝင်ကြောင်းသိရသည်။
၂၀၁၂ ခုနှစ် မေလက ရန်ကုန် မြို့ လှိုင်သာယာမြို့နယ်တွင် နေထိုင် သူ မ --- အား မဇင်(ခ) မဇင်မာထွေးနှင့် မဇင်မာထွေး၏မိခင်ဖြစ်သူ ဒေါ်ချယ်ရီတို့က တရုတ်နိုင်ငံရွှေလီမြို့တွင် Fancy နားကပ်ပြုလုပ်သည့် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ တရုတ်နိုင်ငံ ကျန်းဝေ့ရုံမြို့တွင် တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၄၁၀၀၀ ဖြင့် ရောင်းစားခံခဲ့ရပြီး၊ ထိုမှတစ်ဆင့် အခြားတရုတ်အမျိုးသားတစ်ဦးထံ ထပ်မံရောင်းစား၍ အဓမ္မ လက်ထပ်စေသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် ဧပြီလကလည်း မိုင်းကိုင်မြို့နယ်နေ မ --- အသက် (၂၀)နှစ်အား သီပေါမြို့နယ်နေ စိုးသူမှ လက်ထပ်ထိမ်းမြားမည်ဟု လူကြီးစုံရာနှင့် ပြောဆိုတောင်းရမ်းခေါ်ဆောင်သွားပြီး တစ်ရွာတည်းနေ စိုင်းထွန်းကျော်၊ ချစ်ထွေးတို့နှင့် ပူးပေါင်းကာ မူဆယ်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ် အမျိုးသားနှင့် အဓမ္မလက်ထပ်စေခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
အလားတူ ၂၀၁၁ ခုနှစ် နိုဝင် ဘာလတွင် လားရှိုးမြို့နေ မ --- ၏ သမီးဖြစ်သူ မ --- အသက် ၁၉နှစ်အား စန်းသီ(ခ)အောင်လှိုင်ဝင်းဆိုသူက သမီးရည်းစားဟန် ဆောင်၍ တရုတ်နိုင်ငံရွှေလီမြို့သို့ ခေါ်ဆောင်သွားပြီး စန်းသီ(ခ) အောင်လှိုင်ဝင်း၏ မိခင်မှတစ်ဆင့် တရုတ်လူပွဲစားများနှင့် ဆက်သွယ်ကာ တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၁၅၀၀၀ ဖြင့် ရောင်းစားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများမှာ အဓမ္မထိမ်းမြားမှု ၈၉ မှု၊ ပြည့်တန်ဆာမှု ၂၉ မှု၊ အဓမ္မစေခိုင်းမှု ၁၄ မှု၊ အဓမ္မကိုယ်ဝန်ဆောင်စေမှု ၁ မှု၊ ကလေးသူငယ်လူကုန်ကူးမှု ၁ မှု၊ အဓမ္မ တောင်းရမ်းစေခိုင်းမှု ၁ မှုနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ စေခိုင်းမှု ၁ မှု စုစုပေါင်း ၁၃၆ မှုတို့ ဖြစ်ကြောင်း သိရသည်။ ထိုသို့ လူကုန်ကူးမှုများမှာ တရုတ်နိုင်ငံသို့ ၆၉ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ ၁၄ ရာခိုင်နှုန်းနှင့် ပြည်တွင်း၌ ၁၇ ရာခိုင်နှုန်းဖြစ်ပွား ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ လူကုန်ကူးမှု အများဆုံး ဖြစ်ပွားကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ လူကုန်ကူးမှု အမှုပေါင်း ၁၅၄ မှုဖြစ်ပွားခဲ့ပြီး တရားခံ ၂၆၆ ဦးကို လူကုန်ကူးမှု တာဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်းလည်း သိရသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ၃၀၂၈၅ ဦးတို့ကို လမ်းခရီး၌ တားဆီး၍ မိဘထံ ပြန်လည်ပို့ဆောင်အပ်နှံခြင်း၊ လူမှောင်ခိုမှု ၁၁၀၂ မှုကို အမှုဖွင့်ပြီး တရားခံ ၂၇၄၄ ဦးကို အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ လူကုန်ကူးမှု အမှုစာရင်း
Eleven Media Group
မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး
မြန်မာနိုင်ငံမှ အမျိုးသမီးများကိုတရုတ် နိုင်ငံသားများနှင့် အဓမ္မ
ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန်ကူးရန် ဗြောင်ကျစွာ စည်းရုံး
လာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး
 ညွန့်လှိုင်က ပြောကြားသည်။
ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လူကုန်ကူးမှု ဥပဒေများနှင့်
 ပတ်သက်၍ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ပန်ဒါ ဟိုတယ်၌ ပြု
လုပ်သော အသိပညာပေး ဆွေးနွေးပွဲ အပြီးတွင်
၎င်းက သတင်းထောက် များကို ပြောကြားခြင်း ဖြစ်သည်။
“တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ ကလေးတစ်ယောက် မွေးပေးရမယ်။
 သိန်းသုံးဆယ် ရမယ်။ ပြီးရင် ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီး
လုပ်တာ အများကြီးပဲ” ဟု ၎င်းက ရှင်းပြသည်။
တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသား ဦးရေနှင့် အမျိုးသမီး ဦးရေ
ကွာဟမှုကြောင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ဈေးကွက် တစ်ခု
သဖွယ်ဖြစ်လာပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လူကုန်ကူးမှု များတွင်
တရုတ်အမျိုးသားများ အတွက် မြန်မာ အမျိုးသမီးများကို အဓမ္မ ထိမ်းမြားစေခြင်း
မှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ ရှိကြောင်း လူကုန်ကူးမှု တားဆီး
 နှိမ်နင်းရေး အဖွဲ့မှ သိရှိရသည်။
ယင်းလူကုန်ကူးမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိများနှင့် တရုတ်သမ္မတ နိုင်ငံမှ အဆင့်မြင့် အရာရှိများ အောက်တိုဘာလ အတွင်းတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ဆိုသည်။
အဆိုပါ အမျိုးသမီးများကို တရုတ် အမျိုးသားများက ပိုက်ဆံပေး
ဝယ်ယူခြင်းကို တရုတ် ရဲတပ်ဖွဲ့ကလည်း အချိန်မရွေး ဖမ်းဆီးနိုင်
သဖြင့် မည်သို့မျှ တရားမဝင်ကြောင်း၊ ယင်းသို့ လူကုန်ကူးမှုများ
မဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် လိုက်လံ
တားဆီး နေကြောင်း ၎င်းက ရှင်းပြသည်။
စစ်မက် ဖြစ်ပွားနေသော ဒေသများတွင် အသက် ၁၄ နှစ်ခန့် အမျိုးသမီး
ငယ်များသည် တရုတ်သမ္မတ နိုင်ငံသို့ လိင်ပိုင်းဆိုင်ရာ ရောင်းစားခြင်း
ခံနေရပြီး အချို့ မိန်းကလေးငယ်များမှာ မိသားစု အခြေအနေကြောင့်
 မိမိကိုယ်တိုင် ရောင်းချမှု ရှိနေကြောင်း အလုပ်သမား အရေးများကို
 ဆောင်ရွက်သူ တစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာက ပြောကြားသည်။
မြန်မာအစိုးရ၏ နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို
အမေရိကန် အစိုးရက စောင့်ကြည့် အဆင့်လျှော့ချ အသိအမှတ် ပြုခဲ့သည်။
မြန်မာနိုင်ငံမှ လူကုန်ကူးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဦးတည်မှု
 ၈၄ ရာခိုင်နှုန်းရှိကြောင်း၊ လူကုန်ကူး ခံရမှု အမျိုးအစားများတွင် အဓမ္မ
ထိမ်းမြားခြင်းမှာ ၆၀ ရာခိုင်နှုန်း ရှိကြောင်း အစိုးရက တရားဝင်
ထုတ်ပြန်ထားသည်။
တစ်ဦးတစ်ယောက်၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
 ခေါင်းပုံဖြတ်ခြင်း ပြုရန် ရည်ရွယ်၍ ခြိမ်းခြောက်၊ သွေးဆောင်၊ လိမ်လည်
လှည့်ဖျား၊ အခွင့်အာဏာ အလွဲသုံးစားပြုခြင်း သို့မဟုတ် ဘဝရပ်တည်ရန်
 ခက်ခဲနေ သော အခြေအနေကို အလွဲသုံးစားပြုခြင်း စသည်တို့ကို
အကြောင်းပြုပြီး သိမ်းသွင်းစုဆောင်း၊ သယ်ယူပို့ဆောင်၊ လွှဲပြောင်း
 ရောင်းချခြင်း၊ ခိုလှုံခွင့်ပေးခြင်း စသည်တို့ကို လူကုန်ကူးမှုဟု အဓိပ္ပာယ်
သက်ရောက်ကြောင်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေတွင်
 ဖော်ပြထားသည်။
The Voice Weekly 
 မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်းကို နိုင်ငံတကာဘဏ်နှင့် အဖွဲ့အစည်းများ တောင်းယူ လုပ်ငန်းလုပ်ကိုင်ရာတွင် ယုံကြည်ရသည့်လုပ်ငန်းရှင်ဟုတ်၊ မဟုတ်သိရှိရန် တောင်းယူထားခြင်းဖြစ်
မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးအား စာအုပ်အဖြစ် ထုတ်ဝေခဲ့ပြီး အဆိုပါ စာရင်းစာအုပ်ကို နိုင်ငံတကာဘဏ်နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့ကပါ တောင်းယူကြောင်း သတင်းရရှိပါသည်။
တောင်းယူရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတကာမှဘဏ်နှင့် အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရှိလုပ်ငန်းရှင်များနှင့် လုပ်ငန်းဆက်စပ်လုပ်ကိုင်ရာတွင် မိမိနှင့်လုပ် ကိုင်မည့်လုပ်ငန်းရှင်မှာ အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်ဟုတ်၊ မဟုတ်၊ ယုံကြည်ရသည့်လုပ်ငန်းရှင် ဟုတ်၊ မဟုတ် သိရှိနိုင်ရန်အတွက် တောင်းယူထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်များက ထိပ်ဆုံးအခွန်ထမ်းဆောင်သူ လုပ်ငန်းရှင် ၁၀ ဦးစာရင်းကိုသာ ထုတ်ပြန်နိုင်ခဲ့သော်လည်း ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်မှစတင်ကာ လုပ်ငန်းရှင် ၁၀၀ ဦးအထိ စာရင်းပြုစုနိုင်ခဲ့သည်။
အဆိုပါ အခွန်ထမ်း ၁၀၀ ဦး စာရင်းအား ယခင်ကကဲ့သို့ စာရင်းပြုစုသည့် အဆင့်မဟုတ်ဘဲ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦး အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ကြောင်း၊ အဓိကရည်ရွယ်ချက်မှာ အခွန်ပေးဆောင်သည့် လုပ်ငန်းရှင်များအား ဂုဏ်ပြုကာ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ယခုအခါ အမေရိကန်မှ စီးပွားရေးပိတ်ဆို့ထားမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ထားမှုများကိုပါ ပယ်ဖျက်ပေးတော့မည်ဖြစ်ပြီး နိုင်ငံတကာဖြင့် စီးပွားရေးအရ ဆက်ဆံမှု ပိုမိုပြုလုပ်ရတော့မည့်ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံတကာဘဏ်၊ နိုင်ငံတကာကုမ္ပဏီ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ဆက်ဆံရာတွင် ယုံကြည်ရသည့်လုပ်ငန်းရှင်၊ အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်များ ဟုတ်၊ မဟုတ် စိစစ်လေ့ရှိကြောင်း သိရပါသည်။
နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး က"အခွန်ထမ်း ၁၀၀ ဦးစာရင်းကို ဂုဏ်ပြုတဲ့အနေနဲ့ စာအုပ်အဖြစ် ထုတ်ဝေခဲ့တယ်။ ၀န်ကြီးဌာန အားလုံးကို လည်း ဖြန့်ဝေပေးတယ်။ ထူးခြားတာက နိုင်ငံတကာဘဏ်တချို့နဲ့ အဖွဲ့အစည်းတွေပါ အဲဒီစာအုပ်ကို လှမ်းတောင်းတယ်။ စာအုပ်က ဒီနှစ်မှ စထုတ်တာလေ။ ဥပမာ OCBC ဘဏ်ဆို တောင်းတယ်။ အဓိကအချက်က လုပ်ငန်းလုပ်တဲ့အခါ အခွန်ထမ်းဆောင်ထားတဲ့ လုပ်ငန်းရှင် ဟုတ်၊ မဟုတ် သိရအောင်တောင်းတာလို့ သိရတယ်"ဟု ပြောပြခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၁၂၂၂ ဒသမ ၈၄၄ ဘီလျံ ရရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၅၃၈ ဒသမ ၇၆၆ ဘီလျံ ရရှိကြောင်း၊ ထို့အတွက် ယခင်နှစ်ကထက် ကျပ် ၃၁၅ ဒသမ ၉၂၂ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း သိရှိရပါသည်။
ဝင်ငွေခွန်အများဆုံးပေးဆောင်သည့် ထိပ်ပိုင်း ၁၀၀ ဦးစာရင်း၏ ထိပ်ဆုံး ၁၀ ဦးတွင် ယခင်နှစ်က အတိုင်းပင် Myanmar Brewery Ltd ၊ ကမ္ဘောဇဘဏ်လီမိတက်၊ Myanmar CP Livestock Co.,Ltd စသည့်ကုမ္ပဏီများသာ အများစုပါဝင်ပြီး ထူးထူးခြားခြားအနေဖြင့် Max Myanmar Construction Co.,Ltd၊ Associate of Civil Engineering Construction Group Co.,Ltd နှင့် Information Technology Central Services Co.,Ltd ကုမ္ပဏီသုံးခု အသစ်တိုးလာခြင်းသာရှိခဲ့ပြီး ထိပ်ဆုံး ၁၀ ဦးဝင်သင့်သည့် ကုမ္ပဏီအုပ်စုကြီးအချို့ ကျန်ရှိနေသေးကြောင်း သိရသည်။
Eleven Media Group
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှပြုလုပ်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ကင်မရာ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းများပျံ့နှံ့
သတင်းထောက်များ လက်ဆောင်ရယူခြင်း အပါအ၀င် စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် စပ်ဆက်ပြီး Weekly Eleven News ဂျာနယ်အတွဲ ၂၊ အမှတ် ၄၇ ၌ ရေးသားဖော်ပြထားမှုကို တွေ့ရစဉ်
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်သော မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်စီမံကိန်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် သတင်းထောက်များကို Sony  အမျိုးအစား ဒစ်ဂျစ်တယ်ကင်မရာများ ပေးအပ်ခဲ့ကြောင်း သတင်းများ ပျံ့နှံ့ခဲ့ပါသည်။
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲကို နေရာနှစ်နေရာ၌ ပြုလုပ်ခဲ့ပြီး ရန်ကုန်အခြေစိုက် သတင်းထောက်များကို မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ စီမံကိန်းရုံးသို့ ခေါ်ယူ၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် လည်းကောင်း၊ ရန်ကုန်မြို့ရှိ ဂရင်းမီးရထားဟိုတယ်၌ စက်တင်ဘာလ၂၉ ရက်နေ့တွင်လည်းကောင်း  ပြုလုပ်ခဲ့ပါသည်။
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်သို့ ခေါ်ယူ၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသို့ ရန်ကုန်အခြေစိုက်မီဒီယာများဖြစ်သည့် Eleven Media Group ၊ The Myanmar Times ၊ Myanmar Post ၊ AP ၊ DVB ပေါ်ပြူလာသတင်းဂျာနယ်၊ လျှပ်တစ်ပြက် သတင်းဂျာနယ်တို့ကို ခေါ်ယူသွားခဲ့ပါသည်။
''ကျွန်တော့်ကို မုံရွာမသွားခင် ရန်ကုန်လေဆိပ်မှာကတည်းက ပွဲစီစဉ်သူ ဂျာနယ်လစ်က လာပြောပါတယ်။ သတင်းထောက်တွေအတွက် တစ်ယောက်ကို ကင်မရာတစ်လုံးစီပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ကျွန်တော်ကလည်း ကျွန်တော့်အတွက် ထည့်မတွက်ပါနဲ့။ ကျွန်တော်မယူပါဘူး။ ကျွန်တော်တို့ ဂျာနယ်ရဲ့ မူဝါဒကိုလည်း ဆရာသိပါတယ်။ ဘယ်လက်ဆောင်ကိုမှ လက်မခံပါဘူးလို့ ပြန်ပြောလိုက်ပါတယ်။ တခြားသူတွေကို ပြောလား၊ မပြောလားနဲ့ ဘယ်သူတွေ ယူတယ်၊ မယူဘူး ဆိုတာကို ကျွန်တော်မသိပါဘူး''ဟု Eleven Media Group ၏ အကြီးတန်းအယ်ဒီတာ ကိုဟိန်းမင်းလတ်က ပြောခဲ့သည်။
လက်ရှိအချိန်တွင် သတင်းမီဒီယာကြီးများ၏ သတင်းထောက်များအကြား လက်ဆောင်ရယူသည့် အလေ့အထမှာ ထိုက်သင့်သလောက် နည်းပါးသွားခဲ့ပြီဖြစ်သော်လည်း ယခင်က 'ပုဆိုးပေးမှ သတင်းရေးမည်' ဟူသော အသံထွက်ပေါ်ခဲ့သည့် အနုပညာ သတင်းထောက်များ၊ အထူးသဖြင့် မန္တလေးနှင့် နယ်အလွတ်သတင်းထောက်များအကြား လက်ဆောင်ရယူခြင်းများက ရှိနေဆဲ  . . .
ထို့အတူ သတင်းထောက်များအား ကင်မရာ လက်ဆောင်ပေးအပ်ခဲ့ခြင်းနှင့် ပတ်သက်၍ DVB သတင်းထောက် မကေခိုင်ကျော် ရိုက်ကူးထားသော လက်ဆောင်ပေးအပ်ခဲ့သည့် 'ကင်မရာ' ဓာတ်ပုံနှင့် လက်ဆောင်ပေးလာဘ်ထိုးခဲ့သည့် အ ကြောင်းအရာများမှာ Facebook  လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထို့အတူ ပေါ်ပြူလာသတင်းဂျာနယ်မှလည်း ယင်းကိစ္စရပ်အပေါ် ကြေညာချက်တစ်စောင်ကို အောက်တိုဘာလ ၁ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် သတင်းစာရှင်းလင်းပွဲ စီစဉ်သူသည် သတင်းရှင်းလင်းပွဲအတွက် ဖုန်းဖြင့်ဖိတ်ကြားစဉ်ကပင် ကင်မရာလက်ဆောင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် လက်ဆောင်ယူမည်မဟုတ်ဟု ငြင်းဆိုခဲ့ကြောင်း၊  ၎င်းတို့အနေဖြင့် ကင်မရာလက်ဆောင်ရယူခဲ့ခြင်း မရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ပြည်တွင်း စာနယ်ဇင်းလောကအတွင်း သတင်းသမားများကို လက်ဆောင်ပေးခြင်းဖြင့် လာဘ်ထိုးခြင်းများမှာ သတင်းမီဒီယာများ မဖွံ့ဖြိုးမီအချိန်ကပင် ရှိနေခဲ့ပြီး အမြစ်တွယ်နေခဲ့သော ကိစ္စရပ်တစ်ခု ဖြစ်ခဲ့သည်။  သတင်းမီဒီယာများ ဖွံ့ဖြိုးလာခဲ့ပြီး ၂၀၀၅ ခုနှစ်အချိန်နောက်ပိုင်းတွင် သတင်းထောက်များ လက်ဆောင်ပစ္စည်းရယူခြင်းသည် ကျင့်ဝတ်နှင့် မလျော်ညီသည့်အတွက် သတင်းမီဒီယာကြီးအချို့မှ ရှောင်ကြဉ်ခဲ့ကြသော်လည်း လက်ဆောင်ပေးခြင်းနှင့် လက်ဆောင်ယူခြင်းများမှာ ဆက် လက်ရှိနေခဲ့ပါသည်။
Eleven Media Group အနေဖြင့် စတင်တည်ထောင်စဉ်ကပင် သတင်းစာသမားများလိုက်နာရမည့် ကျင့်ဝတ်များနှင့် ပတ်သက်ပြီး အလေးထားရေးသားခဲ့သည့်အပြင် ၂၀၀၅ခုနှစ် Weekly Eleven News  သတင်းဂျာနယ်ထွက်ရှိပြီးချိန်မှ စတင်၍လည်း သတင်းထောက်များ လက်ဆောင်ပစ္စည်းရယူခြင်းသည် ကျင့်ဝတ်နှင့် လုံးဝလျော်ညီခြင်း မရှိသည့်အတွက် မယူသင့်ကြောင်း အပါအ၀င် သတင်းစာကျင့်ဝတ်ဆိုင်ရာသတင်းဆောင်းပါးများကို ဆက်တိုက်ရေးသားခဲ့ပြီး Eleven Media Group သတင်းထောက်များကို ကျင့်ဝတ်ပိုင်းဆိုင်ရာ ကြပ်မတ်မှုများ ပြုလုပ်ခဲ့ပါသည်။  Eleven Media Group မှ စတင်တည်ထောင်စဉ်ကပင် သတင်းထောက်များလိုက်နာရန် စည်းကမ်းများ ထုတ်ပြန်ထားပြီး အဆိုပါစည်းကမ်းများတွင် ''ပွဲများ တက်ရာတွင် အရက်သေစာ သောက်စားခြင်းမပြုရန်နှင့် လက်ဆောင်ပစ္စည်း မယူရန်''မှာလည်း အချက်တစ်ချက်အဖြစ် ပါဝင်ခဲ့ပါသည်။
ထို့အပြင် သတင်းထောက်များ လက်ဆောင်ရယူခြင်း အပါအ၀င် စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် စပ်ဆက်ပြီး Eleven Media Group မှ ရေးသားခဲ့သော ဆောင်းပါးများ အနက် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလထုတ် Weekly Eleven News   ဂျာနယ်အတွဲ ၂၊ အမှတ် ၄၇ ၌ ရေးသားခဲ့သော ''စာနယ်ဇင်းသမားတို့ မည်သည် မိမိတို့ ရသင့်ရထိုက်သည့် ငွေကြေး အခွင့်အရေးမှလွဲ၍ ကံစမ်းမဲ၊ ငွေကြေးအစရှိသည့် တံစိုးလက်ဆောင်ကဲ့သို့ အခြားအခွင့်အရေးများ မယူသင့်ဟူသော ကျင့်ဝတ်ကို စောင့်ထိန်းသင့်'' ဆောင်းပါးမှာ အထင်ရှားဆုံး ဖြစ်ခဲ့ပါသည်။
အဆိုပါ သတင်းဆောင်းပါးတွင် ၀ါရင့်သတင်းစာဆရာများဖြစ်သော လူထုဦးစိန်ဝင်း၊ ဂါးဒီးယန်း ဦးစိန်ဝင်း၊ မြန်မာ့အလင်း သန်းညွှန့် အစရှိသူတို့ အပါအ၀င် သတင်းစာသမားအများအပြားက တံစိုးဆိုသည့်သဘောပါဝင်သော လက်ဆောင်(သို့မဟုတ်) အခွင့်အရေးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေရယူခြင်းသည် ဂျာနယ်လစ်များ၏ အကျင့်သိက္ခာကို ပျက်ပြားစေခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
လက်ရှိအချိန်တွင် သတင်းမီဒီယာကြီးများ၏ သတင်းထောက်များအကြား လက်ဆောင်ရယူသည့် အလေ့အထမှာ ထိုက်သင့်သလောက် နည်းပါးသွားခဲ့ပြီ ဖြစ်သော်လည်း ယခင်က ''ပုဆိုးပေးမှ သတင်းရေးမည်''ဟူသော အသံထွက်ပေါ်ခဲ့သည့် အနုပညာသတင်းထောက်များ၊ အထူးသဖြင့် မန္တလေးနှင့် နယ်အလွတ်သတင်းထောက်များအကြား လက်ဆောင်ရယူခြင်းများက ရှိနေဆဲဖြစ်ကြောင်း သိရပါသည်။
ထပ်မံသိရှိရသော သတင်းများအရ လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ် သက်သော ရှင်းလင်းပွဲသို့ သွားရောက်ခဲ့သော ခရီးစဉ်တွင်ပေးသည့် ကင်မရာများကို ယူသွားသူအတော်များများက အဆိုပါကင်မရာများကို ပွဲစီစဉ်သူ ဂျာနယ်လစ်ထံ ပြန်အပ်လိုက်ကြကြောင်း သိရှိရပါသည်။
အခြားတစ်ဖက်တွင်လည်း စီးပွားရေးလုပ်ငန်းရှင်များ သတင်းထောက်များအား တံစိုးလက်ဆောင် ပေးအပ်ခြင်းဖြင့် စည်းရုံးခြင်းများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရပါသည်။
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ရန်ကုန်အခြေစိုက် သတင်းထောက်များကို မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ စီမံကိန်းရုံးသို့ ခေါ်ယူပြီး စက်တင်ဘာလ၂၆ ရက်နေ့တွင်  ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စီမံကိန်းကိုရပ်နားမည် မဟုတ် ကြောင်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Eleven Media Group
အပျိုစင် ညကိုရောင်းပြီးလှူမည့် အသက်၂၀ အရွယ် မိန်းကလေး
ဘရာဇီးနိုင်ငံမှ ကျောင်းသူတစ်ဦးဟာပြည်နယ်တစ်ခုမှဆင်းရဲချို့ တဲ့ နေကြသည့် မိသားစုများနေထိုင်နိုင်ရန်
အိမ်များဆောက်လုပ်ပေးမည့် ပရဟိတရန်ပုံငွေတစ်ရပ်ထူထောင် နိုင်ရန်အတွက်သူမရဲ့ အပျိုစင်ညကို လေလံတင်ရောင်းချလျှက်ရှိနေပါတယ်။
 အသက် ၂၀ အရွယ်ရှိ ကာတာရီနာ မစ်ဂလီယီုရီနီ ဟာယခု ဈေးပြိုင်ခေါ်ဈေး
 ဒေါ်လာ ၁၅၅၀၀အထိရောက်နေပြီဖြစ်သည့် ထိုလေလံပွဲမှရသည်
 ဆန်တာကာတာရီနာ ပြည်နယ်တွင်အစိုးရမဟုတ်သည့် အဖွဲ့ အစည်း
မှတာဝန်ယူလှူဒါန်းဆေက်လုပ်မည့် ဆင်းရဲသူဆင်းရဲသားများအတွက
 (တန်ဖိုးနည်း )ခေတ်မှီအိမ်ရာစီမံကိန်းအတွက်လှူဒါန်းပေး
အပ်မှာဖြစ်ပါတယ်။
 သူမဟာ ကြေးစားပြည့် တန်ဆာတစ်ယောက်ဖြစ်သည်ဟူသော 
စွပ်စွဲချက်များအားငြင်းဆန်ယင်း
သူမအနေဖြင့် အချစ်စစ်အချစ်မှန်အားယုံကြည်လျှက်ရှိနေဆဲဖြစ်ကြောင်း 
သို့ သော်လည်းယခုအခွင့် အလမ်းလုပ်ဆောင်ချက်ဖြင့် ကမ္ဘာကြီးအား
 ပိုမိုသာယာကောင်းမွန်အောင် ပြုလုပ်ပေးရာတွင် ပါဝင်ဆောင်ရွက်ခွင့် 
အဖြစ်မှတ်ယူပါကြောင်းပြောကြားခဲ့ ပါတယ်။
သို့ သော်လည်း ကြံ့ ခိုင်ရေးပညာရပ်ဆိုင်ရာကျောင်းသူလေးဟာ သူမရဲ့ 
အာဝါဟလုပ်ပြီးလှူမယ့် အာဝါသ အလှူပွဲအတွက် သြစတေးလျရုပ်သံရိုက်
ကူးရေးအဖွဲ့ ရဲ့ "အပျိုစင်လိုချင်ပါတယ်။
 အမည်ရှိ မှတ်တမ်းတင်ရုပ်သံအစီအစဉ်အား လက်ခံရိုက်ကူးပေးမှာမို့ 
အငြင်းပွားဖွယ်ရာတွေဖြစ်စေခဲ့ ပါတယ်။
" ကျွန်မကတော့ ဒါကို (မှတ်တမ်းရုပ်ရှင်ကို) စီးပွားရေးဆန်ဆန်ကိစ္စ
တစ်ခုလို့ မြင်ပါတယ်။.ဒီမှတ်တမ်းရုပ်ရှင်ရိုက်တဲ့ အတွက် ကျွန်မအနေနှင့် ခရီးသွားဖို့ အခွင့် အလမ်းတွေရမယ်.။
မှတ်တမ်းရုပ်ရှင်မှာပါဝင်ခွင့် ရတဲ့ အပြင် အပိုဆုကြေးလည်းရမှာဖြစ်ပါတယ်။
 ဘ၀မှာတစ်ကြိမ်တစ်ခါပဲ ( အခကြေးငွေယူပြီး အမျိုးသားနှင့် အတူ
အိပ်စက်ပျော်ပါးခြင်း ) ပြုလုပ်တာမို့ ပြည့် တန်ဆာတစ်ယောက်အဖြစ်
မသတ်မှတ်နိုင်ပါဘူး။
ဓါတ်ပုံကောင်းလေးတစ်ပုံရိုက်ခဲ့ လိုက်ရုံနှင့် ဓါတ်ပုံဆရာအဖြစ်
မခံယူနိုင်လိုသလိုပါပဲ။" လို့ သူမကရှင်းပြခဲ့ ပါတယ်...
"လေလံပွဲဆိုတာလည်းစီးပွားရေးသဘောဆန်ဆန်လုပ်တာပါပဲ။
ကျွန်မဟာ အချစ်ကိုကိုးကွယ်ယုံကြည်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး
တစ်ဦးပါ.။
ဒါပေမယ့် ဒီအတွက်ကြောင့် လည်းကျွန်မအနေနှင့် အပြောင်းလဲကြီးပြောင်း
လဲရပါလိမ့် မယ်။" လို့ သူမက ဖိုလ်ဟာ သတင်းစာကိုပြောကြား
ခဲ့ ပါတယ်။
.
အီတလီအဆက်အနွယ်ဖြစ်သည့် ကာတာရီနာဟာ ထိုရုပ်သံအစဉ်
အစဉ်အား လွန်ခဲ့ သည့် ၂ နှစ်ခန့် က သောမတ်စ်ဝီလီယံ ရိုက်ကူးထုတ်
လုပ်ရေးကုမ္ပဏီမှ အပျိုစင်တစ်ဦးအား ရိုက်ကူး၇န်ရှာ
ဖွေနေစဉ်သိရှိခဲ့ ပြီး ပါဝင်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့ 
တာဖြစ်ပါတယ်။
 ဒါရိုက်တာ ဂျပ်စ်တင်စစ်စ်လေအနေဖြင့် သူမအား ပထမဦးဆုံးအကြိမ်
 ချစ်တင်းမနှောခင်နှင့် ချစ်တင်းနှောပြီးနောက် သူမရဲ့ စိတ်ခံစားမှုများ
အား မှတ်တမ်းတင်ရိုက်ကူးမှာဖြစ်ပါတယ်။
.
လူပျိုအစစ်အဖြစ်ရိုက်ကူးမှတ်တမ်းတင်ရန် အချစ်ရေးတွင်အတွေ့ 
အကြုံမရှိဘူးသေးသည့် လူပျိုလေး အလက်ဇန္ဒား ကိုလည်းရွေး
ချယ်ထားပါတယ်.
အောက်တိုဘာလ ၁၅ ရက်နေ့ တွင်အဆုံးသတ်မည့် ထိုလေလံပွဲမှ
 ငွေ၏ ၉၀ ရာခိုင်နှုံးဖြစ်သည့် ဒေါ်လာ ၂၀၀၀၀ အား သူမအနေနှင့် 
ရရှိမည်ဖြစ်ပါတယ်။
 လေလံပွဲတွင် ဈေးအမြင့် ဆုံးပေးသူအား အပျိုစင်မလေးနှင့် ချစ်တင်း
မနှောမှီ ကာလသားရောဂါရှိမရှိ ဆေးစစ်မှာဖြစ်ပြီး ပြည့် တန်ဆာဥပဒေ
အားရှောင်ရှားကျော်လွှားနိုင်ရန် သြစတေးလျမှ အမေရိကသို့ သွားသည့် လေ
ယာဉ်တစ်စင်းပေါ်တွင် ဝေ့ဟင်တွင်ဆင်နွှဲသည့် အချစ်ပွဲ 
ကိုပြုလုပ်ကြရမှာဖြစ်ပါတယ်။
 လိင်ဆက်ဆံရာတွင် ရာဘာအစွပ်ကိုမဖြစ်မနေအသုံးပြုရမှာဖြစ်ပြီး 
ကာတာရီနာကတော့ သူမအနေဖြင့် အချစ်ရေးနှင့် ပါတ်သတ်ပြီး ယခင်ကလုံးဝအတွေ့ အကြုံမရှိခဲ့ တာသေချာကြောင်း သက်
သေပြဖို့ အသင့် ပြင်ထားပြီးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်.။
Myanmar Online News
လွှတ်တော်ဟာ မြန်မာနိုင်ငံရဲ့တန်ဘိုးရှိတဲ့ ဥပဒေစနစ်တစုံလုံးကို ဖျက်သိမ်းပစ်တော့မှာလား။
လွှတ်တော်ဟာ မြန်မာနိုင်ငံရဲ့ တန်ဘိုးရှိတဲ့ ဥပဒေစနစ်တစုံလုံးကို ဖျက်သိမ်းပစ်တော့မှာလား။
 အောင်ထူး (ရှေ့နေ) 
 ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး တရားသူကြီးကိုးဦးအား အရေးယူ ဖိအားပေး နုတ်ထွက်စေလိုက် ပြီး နောက် လွှတ်တော်သည် ဥပဒေစနစ်တစုံလုံးကိုပါ အနှစ်သာရအားဖြင့် ဖျက်သိမ်းတော့မည့် စိုးရိမ်ဘွယ်အနေအထားများအား တွေ့မြင်နေရသည်။
 မြန်မာ နိုင်ငံသည် ငါးပါးသာ မက သံဃာစင်ပါ မှောက်ပါ တော့မည်။ အဘယ်ကြောင့်နည်း။
လွှတ်တော်တရပ်ခြင်းစီက ဖွဲ့စည်းလိုက်သည့် ကော်မတီ များသည် ပြည်ထောင်စု အဆင့်မရှိကြောင်း တိုင်းပြည်၏ အမြင့်ဆုံး ခုံရုံး က ချမှတ်လိုက်သော စီရင်ချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ဖြစ်နေပါလျှက် ဤဆုံးဖြတ်ချက်ကို မလိုက်နာဘဲ လွှတ်တော်သည် ၄င်း၏ ကော်မတီများအား ပြည်ထောင်စု အဆင့်ဖြင့် ဇွတ်အတင်းကျင့်သုံးစေလျှင်၊ မြန်မာနိုင်ငံ၏ ဥပဒေစနစ်အား အခြေခံအားဖြင့် ဖျက်သိမ်းပြီးရာ ရောက်သွားသောကြောင့်ဖြစ်သည်။
ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတရားသူကြီးအားလုံး နုတ်ထွက်သွားပြီ ဖြစ်သဖြင့် ၄င်းတို့ချမှတ်ထားခဲ့သော ဆုံးဖြတ်ချက်မှာ အလိုအလျှောက် ပျက်ပြယ်သွားပြီဟူ၍ လွှတ်တော်အမတ် တဦးဖြစ်သူ ဦးသိန်းညွန့်က ပြောဆိုသွား ခဲ့ကြောင်း ဘီဘီစီက စက်တင်္ဘာလ (၆) ရက်နေ့ တွင် အသံလွှင့်သွားခဲ့သည်။
ဤအတိုင်းပင် လွှတ်တော်အမတ်အများစုကလည်း ထင်မှတ်နေကြပုံရသည်။ ယင်းအချက်မှာ လုံးဝ လွဲမှား နေပါသည်။ ယင်းကို သာမန်လူထုများ နားလည်နိုင်ရန်မှာ မြန်မာနိုင်ငံ၏ ဥပဒေစနစ်ကို ပြန်လည်လေ့လာဘို့ လိုပါမည်။ ကမ္ဘာတွင် အဓိကအားဖြင့် ဥပဒေစနစ်နှစ်ခုသာ ရှိပါသည်။ အင်္ဂလိပ်ဘာသာအားဖြင့် Common Law နှင့် Civil Law ဥပဒေ စနစ်များ ဟူ၍ခေါ်သည်။
 မြန်မာနိုင်ငံသည် ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်မှုအောက်တွင် နေခဲ့ ရစဉ်အတွင်း ကွန်မွန်းလော Common Law ဥပဒေ စနစ်ကို အမွေဆက်ခံခဲ့သည်။ နယ်ချဲ့စနစ်ကို မည်သူမျှ မကြိုက်ကြပါ။ သို့ရာတွင် နယ်ချဲ့စနစ်အောက်မှ ရရှိခဲ့သော ကွန်မွန်းလော ဥပဒေစနစ်ကို မူ မြန်မာနိုင်ငံ သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မည်သည့် နိုင်ငံရေးခေါင်းဆောင်၊ မည်သည့် ဥပဒေ ပညာရှင် ကမျှ တိုက်ခိုက်ပြောဆိုခဲ့ခြင်း မရှိ၊ ယနေ့တိုင် တန်ဘိုးထား ကာ လက်ခံကျင့်သုံးနေဆဲဖြစ်သည်။
 ကွန်မွန်းလော ဥပဒေစနစ်၏ကြောရိုးကြီးမှာ တရားစီရင်ရေးနှင့် ၄င်းကစီရင်လိုက်သည့် စီရင်ထုံးများဖြစ်သည်။ ဘက်နှစ်ဘက်အငြင်း ပွားကြသော မှုခင်းများ အားလုံးတွင် တရားသူကြီးသည် ဘယ်ဘက်ကမှ မနေဘဲ အလယ်မှာတည့် တည့်ရပ် ခါ တရားရုံး ရှေ့တွင် တင်ပြလာသော သက်သေ အထောက်အထား များအပေါ်အခြေခံပြီး မှုခင်းများ ကို ဆုံးဖြတ် ကြရသည်။
သက်ဆိုင်ရာမှုခင်းများတွင် အမြင့်ဆုံး တ၇ားရုံးကြီးများ၏ ဆုံးဖြတ်ချက်များကို စီရင်ထုံးများ အဖြစ် ရွေးချယ်မှတ်တမ်းတင်ပြီး တရိုတသေ လေးစား လိုက်နာကျင့် သုံးကြရသည်။ အမြင့်ဆုံးတ၇ားရုံးကြီး တရုံး၏ ဆုံးဖြတ်ချက်အပေါ် ဥပဒေအကြောင်း အရာအရ တူညီသော မှုခင်းအသစ်တရပ်တွင် နောက်ထပ် စီရင်ထုံးအသစ် ထွက်ပေါ်လာပြီး ပြင်ဆင်ဆုံးဖြတ်မှုမပြုမချင်း ပထမ စီရင်ထုံးကို တပြည်လုံး လက်ခံ ကျင့်သုံးကြရသည်။
စီရင်ချက်ချမှတ်ပြီးနောက် အဆိုပါချမှတ်သူ တရားသူကြီးများနုတ်ထွက်သွားရုံမျှ၊ (သို့မဟုတ်) သေဆုံးသွားရုံမျှဖြင့် ၄င်းတို့ ချမှတ် ခဲ့သည့် စီရင်ချက် ပျက်ပြယ်သွားပြီဟူ၍ ကမ္ဘာတခြမ်းနီးပါး ကွန်မွန်းလော ဥပဒေစနစ် ကို ကျင့်သုံးလျှက်ရှိ သော မည်သည့် နိုင်ငံက မျှ လက်ခံမည် မဟုတ်ပါ။ ရယ်မောလှောင်ပြောင်ဘွယ် ပင် ဖြစ်ပါဦးမည်။
ဥပဒေ နယ်ပယ်တွင် Living by the dead ဟူသော စကားလုံးပင် ရှိပါ သေးသည်။ “ သေသွားသူတို့ကို အခြေပြု၍ ရှင်သန်ခြင်း” ဟူသော အဓိပ္ပါယ် ရှိသည်။ ဆိုလိုသည်မှာ စီရင်ချက် ချမှတ်လိုက်သော တရားသူကြီးများ ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်သော်လည်း ၄င်းတို့ချမှတ်လိုက်သည့် စီရင်ချက်များအား (နောက် ထပ် စီရင်ထုံး အသစ်တခု မထွက်မခြင်း) လေးစား လိုက်နာကျင့်သုံးကြရခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ ကွန်မွန်းလော ဥပဒေစနစ်၏ အခြေခံ ကြောရိုးကြီးဖြစ် သည်။
 မြန်မာနိုင်ငံသမိုင်းကို ပြန်ကြည့်ပါ။ လွတ်လပ်ရေးရပြီးနောက် ကွန်မွန်းလော ဥပဒေစနစ်၏ အခြေခံကြောရိုးကြီးကို အားကောင်းစွာ ဖေါ်ဆောင်ခဲ့သည်။ လွတ်လပ်သည့်တရား စီရင်ရေးစနစ်ကျင့်သုံးခွင့်ရခဲ့သည့် ၁၉၄၈ မှ ၁၉၆၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဥပဒေ စနစ်ကို အာရှနိုင်ငံများက လေးစားကြရပြီး စီးပွားရေးဖွံ့ဖြိုးမှုကို ကွန်မွန်းလောဥပဒေစနစ် က များစွာ ကျားကန်ပေးခဲ့သည်။
၁၉၆၂ တွင် စစ်အာဏာသိမ်းခံခဲ့ရပြီးနောက် ဗိုလ်ချုပ်နေ၀င်းသည် နိုင်ငံရေးစနစ်တစုံ လုံးကို ဖျက်ဆီးခဲ့သော်လည်း ကွန်မွန်းလော ဥပဒေ စနစ် ကို မထိပါးခဲ့။ ယခုအချိန်အထိ ဆက်လက်ရှင်သန် ကျင့်သုံးနေဆဲဖြစ်သည်။ ဗိုလ်ချုပ်နေ၀င်း ဖျက်ဆီးခဲ့သည်များအနက် အခြေခံကြီးတရပ်မှာ လွတ်လပ်သော တရားစီရင်ရေး ဖြစ်သည်။ မြန်မာနိုင်ငံအား ဟောင်ကောင်နှင့် နိုင်းယှဉ်ကြည့်ပါ။
 ဟောင်ကောင်သည်လည်း ဗြိတိသျှ ကိုလိုနီအောက် တွင် နေခဲ့ရပြီး စီးပွားရေး အရ တောင့်တင်း လာသဖြင့် အာရှကျား လေးကောင် စာရင်း တွင် ထည့်သွင်း ခြင်းခံခဲ့ရသည်။ ၁၉၉ရ ခုနှစ်တွင် တရုပ်ပြည်မ ကြီးနှင့် ပေါင်းသွားပြီးနောက်ပိုင်း ဟောင်ကောင်၏ စီးပွားရေးအားကို ရှန်ဟိုင်းနှင့် နိုင်းယှဉ်ကြည့်ကြ သည်။ ရှန်ဟိုင်းသည် မြို့အလွန်ကြီး သောကြောင့် စီးပွားရေးထုထည်မှာမူ ဟောင်ကောင်ထက် ပိုကြီးသည်။
သို့ရာတွင် စီးပွားရေး၌ အားကောင်းထက်မြက်မှု အရ ဟောင်ကောင်ကို မမှီဟု သုံးသပ်ကြသည်။ အဘယ် ကြောင့် နည်းဟု အဖြေ ရှာသောအခါ ဟောင်ကောင်တွင် ကွန်မွန်းလော ဥပဒေ စနစ်အခြေခံ၌ လွတ်လပ်သော တရားစီရင်ရေးစနစ် ကျင့်သုံးနိုင်မှုကို တွေ့ခဲ့ ကြသည်။ ဟောင်ကောင် တက္ကသိုလ်အား အာရှတိုက် ၌ အကောင်းဆုံးတက္ကသိုလ် အဖြစ်ပင် သတ်မှတ်ခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအကြားဖြစ်ပွားခဲ့သော အငြင်းပွား မှု အပေါ်အခြေခံကာ ခုံရုံးက ချမှတ်ခဲ့သော စီရင်ချက်သည်အလိုအလျှောက် ပျက်ပြယ်ခြင်း ရှိ မရှိ အကြီးမားဆုံး ဥပဒေပြသနာ ပေါ်လျှက်ရှိသည်။
 ယင်းနှင့် စပ်လျှဉ်း၍ ဟောင်ကောင်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ Simmon Young က အာက်ပါအတိုင်းသုံးသပ်သည်။ “ တကယ်လို့ လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို မကြေနပ်ရင် ကွန်မွန်းလော ဥပဒေစနစ် အရ သက်ဆိုင် ရာ ဥပဒေကိုပြင်ပြီး ( တရားရုံးနဲ့ဆွေးနွေး ညှိနိုင်းတဲ့ အခြေခံမှာ) အမှုကို နောက်တခါပြန်စီရင်၊ ဒါမှ မဟုတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဘို့ သာရှိတယ်။
 ကွန်မွန်းလော ဥပဒေစနစ်အရ ဆိုရင် တရားသူကြီးတွေ ပြောင်းလဲသွားပေမယ့် တရားရုံးရဲ့စီရင် ချက် က မပြောင်းဘူး။ ဆက်လက်တည်ရှိနေတယ်။ ဒါကို ပြောင်းနိုင်ဘို့ဆိုရင် သင့်တော်တဲ့ မှုခင်းတခုမှာ ဥပဒေနဲ့အညီဖွဲ့စည်း ထားတဲ့ တရားရုံးတခုက တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တခု ထပ်မံချမှတ်ဘို့လိုအပ်မှာဖြစ်တယ်။” စာရေးသူသည် မြန်မာနိုင်ငံတွင် ကွန်မွန်းလော ဥပဒေစနစ်နောက်ခံ၌ လက်ရှိ ပေါ်ပေါက်လျှက်ရှိသော ဤဥပဒေရေးရာ ပြသနာ ကြီးနှင့် စပ်လျှဉ်း၍ နိုင်ငံတကာမှ ဥပဒေပညာရှင်များထံ ထပ်မံချည်းကပ်လေ့လာပါသည်။
ဆွီဒင် နိုင်ငံ စတော့ဟုမ်း တက္က သိုလ် ဥပဒေပညာဌာနမှ နိုင်ငံတကာ ဥပဒေပါမောက္ခ ဒေါက်တာ ဒေးဗစ် ဖစ်ရှာနှင့် အင်္ဂလန်နိုင်ငံတွင် အခြေစိုက် နေထိုင်လျှက် ရှိသော ၀တ်လုံတော်ရ နှင့် ဥပဒေပညာရှင် တဦး (အိုင်ယာလန်နိုင်ငံမြောက်ပိုင်း၏ ဥပဒေကော်မရှင်နာ မင်းကြီး ဖြစ်သော) ဒေါက်တာ ဗင်းခက် အိုင်ယာ တို့ကလည်း ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ ဆိုင်မွန်ယန်း နှင့် အလားတူ သဘောထား များ ပေးကြသည်။
 (၄င်းတို့ ၏ သဘောထားမှတ်ချက် မူရင်းများအား စာရေးသူက အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော ဤ ဆောင်းပါး တွင် ရှုပါ။
 http://www.dvb.no/analysis/rule-of-law-and-reality-in-burma/24042)
 ထိုနည်းတူပင် အမေရိကန်ပြည်ထောင်စု အင်ဒီးယားနား တက္ကသိုလ် မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပညာရှင် ပါမောက္ခ ဒေးဗစ် ၀ီလီယမ် ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၄ အရ ခုံရုံး၏ ဆုံးဖြတ်ချက် သည် အပြီးအပြတ်ဖြစ်ကြောင်း ထောက်ပြ ၍ အောက်ပါအတိုင်းမှတ်ချက်ပြုသည်။
 “In a common law system, the tribunal’s decision stands even though the justices have been impeached. The decision is precedent unless and until a future tribunal overturns it. Though the Hluttaw may have the power to impeach judges, it does not have the power to overturn judicial decisions, which is purely judicial business, not legislative. Clearly, the 2008 constitution contemplates that arrangement. Section 322 gives the constitutional tribunal the power to interpret the constitution, and Section 324 says that decisions of the tribunal shall be final and conclusive.”
 အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရပင်လျှင် တရားစီရင်ရေးကဏ္ဍတွင် အထင်ကရ ထည့်သွင်း ပြဌာန် တည်ဆောက် ထားသော တရားရုံးကြီးဖြစ်သည်။ အင်မတန်မှ သေချာသောအချက်မှာ လွှတ်တော်အနေဖြင့် ခုံရုံးတရားသူကြီး များအား ဖြုတ်ထုတ် နိုင်သော်လည်း ခုံရုံးမှ ချမှတ်ထားခဲ့ပြီး ဖြစ်သော ဆုံးဖြတ်ချက်ကို ၄င်းတို့အလိုကျ ပြောင်းပြန်လှန်၍ မရပါ။
တရား သူကြီးများကို ဖြုတ်လိုက်ရုံဖြင့်ခုံရုံး၏ ဆုံးဖြတ်ချက်သည် အလိုအလျှောက်ပျက်ပြယ်မသွားပါ။ ဤတွင် ပြသနာ ရှိလာပါသည်။ လွှတ်တော်သည်လည်းကောင်း သမတ သည် လည်းကောင်း ဘာဆက်လုပ်ကြမည် နည်း ဟူ၍ဖြစ်သည်။ လွှတ်တော်က တိုင်းပြည်၏ အမြင့်ဆုံး တရားသူကြီးများအား ဖြုတ်ထုတ်စေလိုက်ခြင်းဖြင့် တရားစီရင်ရေးမဏ္ဍိုင်သည် ကြီးကြီး မားမား ယိမ်းယိုင်သွားခဲ့ပြီ။
လွတ်လပ်သော တရားစီရင်ရေး ၏ အခြေခံကို ပြောင်ပြောင်တင်းတင်း ရိုက်ချိုးလိုက်ခဲ့ပြီ။ အမြင့်ဆုံး တရားရုံးကြီး၏ တရားသူကြီးများသည် နိုင်ငံရေးအစုအစည်းဖြစ်သော လွှတ်တော်ကို ဒူးထောက်ခဲ့ရပြီ။ မြန်မာနိုင်ငံ၏ တရားစီရင် ရေးရာဇ၀င် ရိုင်းသွားခဲ့ပြီဖြစ်သည်။ လူထုအတွက် အားကိုးရာ လွတ်လပ်သည့် တရားစီရင်ရေး မဏ္ဍိုင်ဟူသည်မှာ စိတ်ကူးအိပ်မက် ဖြစ်သွားခဲ့ပြီ။ ထိုမှ တဖန် လွှတ်တော်သည် ဘာဆက်လုပ်ဦးမည်နည်း။
 အမြင့်ဆုံးတရားရုံး၏ စီရင်ချက်ကို မလိုက်နာဘဲ လွှတ်တော်သည် ၄င်းဖာသာချမှတ်ထားသော ဆုံးဖြတ်ချက်ကို ဇွတ်အတင်း အကောင်အထည်ဖေါ် သွားမည်ဆိုလျှင် ကွန်မွန်းလော ဥပဒေစနစ် အခြေခံတွင် တည်ဆောက်ထားသည့် ဥပဒေစိုးမိုးရေး ပျက် သွားပြီ ဟု ပြောရပါမည်။ မှုခင်းများ၏ အပြီးအပြတ် အဆုံးအဖြတ်သည် တရားစီရင်ရေးတွင် မရှိတော့ဘဲ လွှတ်တော်က ယူလိုက် သည့် သဘောသက်ရောက်သွားခြင်းကြောင့် ဖြစ်သည်။
 ယင်းသို့ဖြစ်လျှင် ဥပဒေစနစ်တစုံလုံးပျက်သွားပါမည်။ အကျိုးဆက် အနေ ဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ကြီးကြီးမားမား လာရောက်ရန် မမြှော်လင့်ပါနှင့်တော့။ ဥပဒေစိုးမိုးရေးကင်းမဲ့သော နိုင်ငံ တွင် မည်သည့် နိုင်ငံခြားကုမ္မဏီကြီးများကမျှ ရေရှည် အခြေတကျ လာရောက်မြှုပ်နှံရန်မရှိ။ ပေါ်ပင် အညွန့်ခူးစားနိုင်သည့် လုပ်ငန်း မျိုးတွင်သာ လုပ်ကိုင်ကြမည်။ လူထုများ ဆင်းရဲတွင်း ဆက်နက်နေပါမည်။
အမြင့်ဆုံးတရားရုံး၏ စီရင်ချက်ကို မလိုက်နာဘဲ လွှတ်တော်သည် ဆက်လက်၍ မိုက်တွင်း နက်နေမည်၊ တရားစီရင်ရေး ကဏ္ဍ၏ အရေးပါမှုကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုထားမည် ဆိုလျှင် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးသည်လည်း ရွှေပြည်တော် မြှော်တိုင်းဝေး ဖြစ်သွားပါတော့မည်။ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရများအကြား၊ ပြည်နယ်အစိုးရအချင်းချင်းအကြား၊ နိုင်ငံသား တဦးချင်းစီနှင့် အစိုးရများ အကြား ဖြစ်ပွားသည့် ပြသနာများမှာ အစိုးရ၏တာဝန်၊ နိုင်ငံသားများ၏အခွင့်အရေး၊ ပြည် ထောင်စု အဖွဲ့ဝင်ပြည်နယ်များ၏ ရပိုင်ခွင့် စသည်တို့နှင့် သက်ဆိုင်နေလျှင် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး၏ ဖြေရှင်းမှုကို အပြီးသတ်နှင့် နောက်ဆုံးအနေနှင့် လက်ခံရပါမည်။
ဤနည်းဖြင့်သာ နိုင်ငံရေးပြသနာကြီးများအား လက်နက်ကိုင် ဖြေရှင်းစရာ မလိုတော့ဘဲ ငြိမ်း ချမ်းစွာ ဖြေရှင်းခွင့်ရခြင်းအားဖြင့် စစ်မှန်သော ငြိမ်းချမ်းမှု၏ အခြေခံကို တည်ဆောက်နိုင်ပါမည်။ ယင်းသို့ဖြစ်စေရန် တရားလွှတ်တော်ချုပ်နှင့် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတို့မှာ လွတ်လပ် ၊ထက်မြက်၊ အားကောင်း နေဘို့ လိုပါ သည်။ ဤ အခြေခံကို ပြန်လည်တည့်မတ်ရန်နည်းလမ်း မရှာဖွေနိုင်ပါက တစစီပြိုကွဲလျှက်ရှိသော ပြည်ထောင်စုကြီးကို ငြိမ်းချမ်း စွာ ပြန်လည်တည်ဆောက်ရန် မမြှော်မှန်းပါ နှင့်တော့။
 ယခုကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် လည်းကောင်း၊ ပင်လုံကဲ့သို့ အလားတူညီလာခံကြီး တခုကျင်းပရန်ကြိုးစား နေကြသည် စသည်တို့သည်လည်းကောင်း၊ တံလျှပ် ကို ရေထင်၊ ရွှေသမင် အလိုက်မှားသည့် ကိန်းဖြင့်သာ နိဂုံးကမ္ပတ် အဆုံးသတ်ဘွယ် ရှိပါသည်။ သမတ ဦးသိန်းစိန်သည် များမကြာမီ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတရားသူကြီးများကို ခန့်ရပါတော့မည်။ ခန့်ပြီးလျှင် သမတ အနေဖြင့် ဘာဆက်လုပ်မည်နည်း။ လွှတ်တော်က ဖွဲ့စည်းထားသော ကော်မတီ များအား လွှတ်တော်၏ အလိုကျပြည်ထောင်စု အဆင့် သတ် မှတ်ကာ ခံစားခွင့်များ ထုတ်ပေးတော့မည်လော။
သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံနှင့် အညီ ခုံရုံး၏ ဆုံးဖြတ်ချက်မှာ အပြီးအပြတ် နှင့် အတည်ဖြစ်သည် ဟူသော အချက်ကို လက်ခံကာ လွှတ်တော်၏ ဆန္ဒကို အတိအလင်းငြင်းဆန်မည်လား။ ခုံးရုံးဆုံးဖြတ်ချက်ကြီး အထင်အရှားရှိနေပါလျှက် လွှတ်တော်၏ အလိုကို လိုက်နာမည်ဆိုလျှင် သမတသည်လည်း ဥပဒေစိုးမိုးရေးကို ဖျက်ဆီးသည့် ကြံရာပါ ဘ၀နှင့် နိဂုံးချုပ်သွားပါမည်။ ယင်းသို့ မဖြစ်စေလိုလျှင် သမတသည် အသစ်ခန့်လိုက်သော ခုံရုံးတရားသူကြီးများရှေ့မှောက်တွင် မှုခင်းကို ပြန်လည်တင်သွင်းပြီး ထပ်မံ ဆုံးဖြတ်စေ ရပါမည်။
ဤတွင် ခုံရုံးအသစ်သည် ခုံရုံးအဟောင်း၏ ဆုံးဖြတ်ချက်အတိုင်း အတည်ပြုရပ်တည်သွားမည် ဆိုပါက လွှတ်တော်သည် ဘာဆက်လုပ်မည်နည်း။ ခုံရုံးတရားသူကြီး အသစ်များကို ထပ်မံဖြုတ်ဦးမည်လော။ ယင်းသို့ ဖြစ်ပါက မြန်မာနိုင်ငံ တရားစီရင်ရေး သမိုင်းသည် ရိုင်းသည့်  အဆင့်ထက်ပင်ကျော်လွန်ကာ ပျက်ရယ်ပြုဘွယ်ဖြစ်သွားပြီး လွှတ်တော်သာမက တနိုင်ငံလုံး ပါ နိုင်ငံတကာရှေ့မှောက်တွင် အရှက်ကွဲပါတော့မည်။ အထက်ပါ အကြပ်အတည်းများကို ကျော်လွှားရန်မှာ တနည်းသာ ရှိသည်။ ယင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားစီရင် ရေး ကဏ္ဍမှ စတင်၍ ထိထိရောက်ရောက် ပြင်လိုက်ရန် ဖြစ်သည်။
မိမိတို့ယုံကြည်လေးစားသည့် တရားသူကြီးများ ရရှိရေးအတွက် တရားလွှတ်တော်ချုပ်နှင့် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီးများ အားရွေးချယ်ခန့်အပ်မှု မည်သို့ ဖြစ်သင့်သည် ဟူသည်ကို လူထု ထံမှ သဘောထားတောင်းခံသည့် လုပ်ငန်းစဉ်ကို အမြန်ဆုံးစတင်ရန် လိုသည်။ ခန့်အပ်ပြီးသော တရားသူကြီးများ ရာထူးနေရာ တည်မြဲမှုအတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအကျ ထည့်သွင်းပြဌာန်းရပါမည်။ လွှတ်တော်၏ ရေးရာ ကော်မတီများ မှာ မည်သည့် အဆင့်ဖြစ်သင့်သည်ကို လူထုထံမှ သဘောထားတောင်းခံပြီး ဖွဲ့စည်းပုံတွင် အတိအလင်း ဖေါ်ပြရပါမည်။
 ၂၀၀၈ ဖွဲ့စည်းပုံအား တရားစီရင်ရေး ကဏ္ဍမှ စတင် ပြင်ဆင်မည် ဆိုလျှင် တဆက်တည်းလုပ်သင့်သည်မှာ စစ်ဘက်ဆိုင်ရာ တရား ရုံးများ ဟူသည်ကို လုံးဝထုတ်ပယ်လိုက်ရန် ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများ သီးခြားခွဲ တည်ထောင်ထားမှုမှာ လုံးဝ မဖြစ် သင့်ပါ။ စစ်ဘက်ဆိုင်ရာတရားရုံးကို သီးခြားခွဲတည်ထောင်ပြီး အယူခံစီရင်ပိုင်ခွင့်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရယူထားခြင်းအားဖြင့် ၄င်းသည် ဥပဒေ၏ အထက်တွင် ရောက်နေပါသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို မည်သည့် တရား ရုံးကမျှ စီရင်ပိုင်ခွင့် မရှိတော့သောကြောင့် ဖြစ်သည်။ ယင်းသို့ ဖြစ်နေသမျှ မြန်မာနိုင်ငံသည် မည်သည့်အခါ တွင်မျှ ဥပဒေစိုးမိုးရေး မရနိုင်ပါ။ စစ်ဘက်ဆိုင်ရာ တရားရုံးများသည် အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးတရားရုံးကြီးများ၏ ကြီးကြပ်ကွပ် ကဲမှုအောက်တွင် ရှိရ ပါမည်။ ဤအတိုင်းပင် တည်ဆဲဖြစ်သော ၁၉၅၉ ခုနှစ် တပ်မတော် ဥပဒေတွင် ပြဌာန်း ထားရှိပြီး ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံတွင် စစ်ဘက်ဆိုင်ရာ တရားရုံးများ သီးခြားခွဲတည်ထောင်ထားမှုကို ဖျက်သိမ်းပြီး ၁၉၅၉ ခုနှစ် တပ်မတော် ဥပဒေ အတိုင်း ပြန်လည် အသက်သွင်း ကျင့်သုံးခြင်းဖြင့်သာ ဥပဒေစိုးမိုးရေး တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအား တရားစီရင်ရေး ကဏ္ဍမှ စတင် ပြင်ဆင်ရန်ကိုပင် လွှတ်တော်အမတ်ဟူသော ပုဂ္ဂိုလ်များက မသိကျိုးကျင် ပြုနေကြပါက တချိန်တွင် လူထုသည် အုံကြွကာ (၁၉၇၄ ဖွဲ့စည်းပုံတခုလုံးအား ဆုတ်ဖြဲလွှင့်ပစ်ခဲ့သကဲ့သို့) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုလုံးအား သမိုင်းအမှိုက်ခြင်းထဲသို့  ထည့်ပစ်လိုက်နိုင်ဘွယ် အရိပ်အယောင်များ စတင်တွေ့မြင်နေရပါပြီ။
 အောင်ထူး (ရှေ့နေ) 
 အောက်တိုဘာလ (၂) ရက် ၂၀၁၂ ခုနှစ်