Pages
▼
Wednesday, May 23, 2012
The Voice Weekly နှင့် သတ္တုတွင်းဝန်ကြီးဋ္ဌာန အမှုကြားဖြတ် အမိန့်ချ
မေလ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် (YPI)
ဝန်ကြီးဋ္ဌာနအချို့ ငွေကြေးအလွဲသုံးစားမှုရှိ ဆိုသည့် The Voice Weekly ဂျာနယ်၏ သတင်း ဖေါ်ပြချက်နှင့်ပတ်သက်၍ သတ္တုတွင်း ၀န်ကြီးဋ္ဌာနမှ တရားစွဲဆိုခဲ့သည့် အမှုတွင် သတင်းရေးသားသူ အမည်ဖေါ်ထုတ်ပေးရန် သတ္တုတွင်းဝန်ကြီးဋ္ဌာန၏ တောင်းဆိုချက်အပေါ် တရားရုံးမှ ယနေ့ပလပ်သည့် အမိန့်ချမှတ်လိုက်သည်။
တရားရုံးအနေဖြင့် ယင်းကဲ့သို့ဖေါ်ထုတ်ပေးရန် တာဝန်မရှိပဲ ၀န်ကြီးဋ္ဌာနအနေဖြင့် မိမိဘာသာ စုံစမ်းပြီး တရားရုံးသို့ တင်ပြတိုင်ကြားလာမှသာလျှင် ဆုံးဖြတ်ခွင့်ရှိသည်ဟု တရားရုံးက မှတ်ချက်ချထားသည်။
ဝန်ကြီးဋ္ဌာနမှ စွဲဆိုထားသည့် ပင်မ အမှုဖြစ်သည့် အသရေဖျက်မှု ပုဒ်မ (၅၀၀) နှင့်ပတ်သက်သည့် အမှုကို စစ်ဆေးရန် ဇွန်လ ၆ ရက်နေ့သို့ချိန်းဆိုလိုက်သည်။
ွှThe Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ယခုကြားဖြတ်အမိန့်မှာ တရားမျှတသည်ဟု မှတ်ချက်ပေးခဲ့သည်။ ။

No comments:
Post a Comment