အခြေခံလူတန်းစားများဝမ်းစာရေးအတွက်တစ်ပိုင်တစ်နိုင် အလုပ်လုပ်နိုင်ရေးနည်းပညာသင်တန်းပေးမည်
မြန်မာနိုင်ငံအတွင်းရှိအခြေ ခံလူတန်းစားများ ၀မ်းစာအတွက် တပိုင်းတနိုင်အလုပ်လုပ်နိုင်ရေး
အတွက် သမ၀ါယမ၀န်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက
လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာသင်တန်း
အလှကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း၊စားသောက်
ကုန်အမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
““အဆိုပါကဲ့သို့ နည်းပညာ သင်တန်းများပေးရခြင်းမှာ မြန်မာ
နိုင်ငံဈေးကွက်အတွင်းသို့ တံဆိပ် အမျိုးနှင့်ဝင်ရောက်လာသော
ကုန်ပစ္စည်းများအစား သွင်းကုန် အစားထိုးရန်အတွက် ပြည်သူလူ ထုအတွင်း
ယခုနည်းပညာများ ပြန့်ပွားစေကာထုတ်ကုန်များထုတ်
လုပ်နိုင်ရန်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း
သိရသည်။
သမ၀ါယမ၀န်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း
ဦးစီးဌာနမှတာဝန်ရှိတစ်ဦးက ““ဒီ သင်တန်းတွေကို တက်ချင်တယ် ဆိုရင်
မြောက်ဥက္ကလာမြို့နယ်၊ သုဓမ္မလမ်းမကြီးမှာရှိတဲ့ အသေး
စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကို စာရင်းပေးသွင်းနိုင်တယ်။ ဒီ
၀၁.၆၆၂၉၅၆ဖုန်းနံပါတ်ကိုလည်း စာရင်းပေးသွင်းနိုင်တယ်။ အသက်
အရွယ်ကန့်သတ်ထားတာမရှိဘူး။ ပညာအရည်အချင်းကန့်သတ် ထားတာမရှိဘူး။ဘယ်သူမဆို
တက် လို့ရတယ်။
ဒီသင်တန်းတွေတက် ပြီးပြီဆိုရင် ထုတ်လုပ်ခွင့်လိုင်စင်
နဲ့သင်တန်းဆင်းလက်မှတ်တွေကို ပါပေးမှာပါ သင်တန်းကိုတစ်
ယောက်ချင်းလည်းတက်လို့ရတယ်။ အများနဲ့လည်းတက်လို့ရတယ်””။ ဟုပြောကြားခဲ့သည်။
ယင်းသင်တန်းမှပြီးစီးပါက လည်း လိုအပ်သည့်အကူအညီများ ကို အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာနမှ ကူညီပေးမည်ဖြစ် ကြောင်းသိရှိရသည်။
The Hot News
No comments:
Post a Comment