Pages

Saturday, March 16, 2013

Sunday ဆုတောင်း. ..

မင်္ဂလာ မနက်ခင်းပါ ချစ်ခင်လေးစားရပါသော မြန်မာတို့ရေ

ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂါတ်ကောင်းကင်ဟာ အတိတ်ကမကောင်းခဲ့သူတွေရဲ့ လောဘဒေါသမောဟ မိုးတိမ်တွေနဲ့ ဖုံးကွယ်မဲနက်နေဆဲ မှာ ခုမှ မိုးသောက်ယံ အလင်းရောင်လေး မှေးမှိန်ဖြဖြ သေးသေးကွေးကွေးလေးဘဲ ရှိနေပါသေးတယ်။

မိတ်ဆွေတို့ရဲ့ မျက်မှန်စိမ်း မဲမဲကြီးတွေကို အမှောင်ကြီးထဲမှာ ခဏဖြစ်ဖြစ် ချွတ်ကြည့်လိုက်ပါလားဗျာ

အမြင်အာရုံတွေ နည်းနည်းလေးပိုလင်းလက်လာပြီး ပိုလဲကြည့်လို့ကောင်းလာမှာပါ

အစိုးရ က ကိုယ့်အပေါ်ကောင်းစေချင်ရင် ကိုယ်ကလဲ အစိုးရအပေါ်မှာ စ ကောင်းပြရမှာပေါ့ ...

တစ်ကယ်ဆို ကျွန်တော်တို့ဟာ မေတ္တာတရားကြီးမားတဲ့ လူမျိုးတွေပါ

ရှင်းသန့် ကောင်းမွန်တဲ့ မေတ္တာတရား ဆိုတာ ကိုယ်က စ ထားပြလိုက်ရလို့အောက်ကျတယ်ဆိုတာ မရှိပါဘူး ...

ရင်ထဲက အမုန်း တွေ မာန တွေ ဒေါသ တွေ အတ္တ တွေ နည်းနည်းလေးဘဲဖြစ်ဖြစ် စလျှော့ပြီး နေကြည့်လိုက်ပါလားဟင် ...

ဒါဆို လောကကြီးက မိတ်ဆွေတို့ ထင်ထားတာထက် အများကြီး ပို လင်းလက် လှပ လာမှာသေချာပါတယ်။

အားလုံး သာယာလှပတဲ့ Weekend လေး ပိုင်ဆိုင်နိုင်ကြပါစေ ...

အထင်အမြင် လွဲမှားခြင်း ကင်းရှင်းကြပါစေ ...

လူသားအချင်းချင်း စာနာချစ်ခင်စိတ်လေး ထားနိုင်ကြပါစေ ..... ။

ထာဝရမေတ္တာဖြင့်

မျိုးချစ်မြန်မာ

No comments:

Post a Comment