ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပေါက်စေတီမှာ ကျင်းပ ပြုလုပ်တဲ့ လွတ်မြောက် သံဃာတော်တွေ သိက္ခာထပ်ပွဲနဲ့ လွတ်မြောက်
လာသူတွေ ကြိုဆိုတဲ့ပွဲကို ကျင်းပခွင့် ပိတ်ပင် လိုက်တာကြောင့် မင်္ဂလာတောင်ညွှန့် မြို့နယ်မှာရှိတဲ့ ရွှေတောင် ကျောင်းတိုက်ကို ပြောင်းရွှေ့ပြုလုပ် ခဲ့ရပါတယ်။
အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့တဲ့ သံဃာတော် (၃၄) ပါးကို သိက္ခာထပ်ပေးဖို့ အတွက် ရည်စူး ကျင်းပတဲ့ဒီပွဲကို နိုင်ငံတော် သံဃမဟာနာယက
အဖွဲ့ရဲ့ခွင့်ပြုမိန့် မရတာကြောင့် ရွှေတောင်ကျောင်းကို ပြောင်းရွှေ့ကျင်းပခဲ့ရတာပါ။ ရွှေတောင် ကျောင်းတိုက်မှာတော့ အကျဉ်းထောင်ထဲက လွတ်မြောက်လာတဲ့
နိုင်ငံရေး အကျဉ်းသား သံဃာတော်တွေကို သိက္ခာထပ်ပွဲ မပြုလုပ်နိုင်ခဲ့ဘဲ အလှူပွဲသာ ကျင်းပ ပြုလုပ် နိုင်ခဲ့ပါတယ်။
Burma VJ Media Network
0 comments:
Post a Comment