စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Sunday, February 10, 2013

“ရင်သားကင်ဆာ အတွက် ပန်းဂေါ်ဖီစိမ်း”


 “ရင်သားကင်ဆာ အတွက် ပန်းဂေါ်ဖီစိမ်း”

ပန်းဂေါ်ဖီစိမ်း စားသုံးခြင်းအားဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှု့ကို ကာကွယ်မှု့ပေးနိုင်သလို ကင်ဆာအမြစ်များပြန့်ပွားမှု့ကိုလည်း ရပ်တန့်စေတယ်လို့ သိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆေးဖက်ဝင်တဲ့ ပန်းဂေါ်ဖီစိမ်း မှာပါဝင်တဲ့ ဓာတုဒြပ်ပေါင်း တမျိုးဟာ အသားပိုကျူမာဆဲလ်များ ကြီးထွားလာမှု့ကို တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်းမှာ Sulforaphane ဆိုတဲ့ကင်ဆာကာကွယ်ပေးနိုင်တဲ့ဓာတုဒြပ်ပေါင်းဟာမြင့်မားစွာ ပါရှိနေတဲ့အတွက်ကြောင့် ကင်ဆာဆဲလ်များပြန့်ပွားမှု့ကို သတ်ပစ်နိုင်စွမ်းရှိပါတယ်။ အမေရိကန်နိုင်ငံ Michigan Comprehensive Cancer Centre တက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ ကြွက်နှင့် အခြားဆဲလ်များကိုအသုံးပြုပြီး ဓါတ်ခွဲခန်းမှာစမ်းသတ်ခြင်းများပြုလုပ်မှု့မှာ အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ပါမောက္ခ Duxin Sun က ရင်တုန်းက စမ်းသပ်ခဲ့မှု့တွေမှာ Sulforaphane ဟာ ကင်ဆာရောဂါအတွက် ကောင်းတယ်ဆိုတာကိုဘဲသိရှိခဲ့ရပါတယ်။

 အခုစမ်းသပ်မှု့မှာရရှိခဲ့တဲ့ ရလဒ်ကတော့ ရင်သားကင်ဆာရဲ့ Summaryပင်မဆဲလ်များ ပြန့်ပွားမှု့ကို တားဆီးနိုင်တယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ပြောပါတယ်။ ပျှမ်းမျှ နှစ်စဉ်နှစ်တိုင်း အင်္ဂလန်နိုင်ငံရှိ အမျိုးသမီးများမှာ ၄၆ဝဝဝ ခန့် ရင်သားကင်ဆာဖြစ်နေပြီး ၁၂ဝဝဝ လောက်ဟာလဲ ရင်သားကင်ဆာရောဂါကြောင့် သေဆုံးနေကြရပါတယ်။

လက်ရှိ ဓါတုကုထုံးများဟာလဲ ကင်ဆာရဲ့ ပင်မဆလ်များ ပြန့်ပွားမှု့ကို မတားစီးနိုင်သလို ဘာကြောင့် ဒီရောဂါဖြစ်လာရတယ်ဆိုတာလဲ အတိအကျမသိသေးဘူးလို့ သုတေသီများက ပြောပါတယ်။ သူတို့ယုံကြည်ထားတာကတော့ ကင်ဆာဖြစ်တဲ့ ပင်မဆလ်တွေကို ဖယ်ထုတ်ပြီး ပြန့်ပွားတဲ့အမြစ်များကို ထိန်းချူပ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။ လေ့လာချက်များကတော့ ပန်းဂေါ်ဖီစိမ်း အတွင်းမှ Sulforaphane ဓာတုဒြပ်ပေါင်းကိုနုတ်ယူပြီး ကြွက် ထဲသို့ထိုးထဲ့ စမ်းသပ်ခဲ့တာဘဲဖြစ်ပါတယ်။ ရင်သားကင်ဆာမှ ဆဲလ်များကဲ့သို့သော ဆဲလ်များကိုယူပြီး စမ်းသပ်ကြည့်တဲ့အခါမှာလဲ ပြန့်ပွားကြီးထွားတဲ့ ဆလ်အရေအတွက် လျော့ကျသွားတာကိုတွေ့ရတယ်လို့ စမ်းသပ်မှု့များမှ သိရှိခဲ့ကြရပါတယ်။

 sulforaphane ဓါတုဒြပ်ပေါင်းဟာ ကင်ဆာဆဲများ ပြန့်ပွားမှု့အရေအတွက်ကို လျော့ကျစေသလို ဆိုးကြိုးအနေဖြင့်လဲ ပုံမှန် ဆလ်များကို အနည်းငယ် ထိခိုင်မှု့ရှိတယ်လို့ တိုင်းတာသိခဲ့ရပါတယ်။ ရင်သားကင်ဆာ ရောဂါခံစားနေရတဲ့ လူနာများနဲ့တော့ စမ်းသပ်ခြင်းမပြုလုပ်ရသေးပါဘူး။ သို့သော်လည်း ဝေဒနာရှင်များကိုတော့ ပန်းဂေါ်ဖီစိမ်း စားကြဖို့ နဲ့ ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ sulforaphane ဓါတုဒြပ်ပေါင်းဟာ ကင်ဆာဆဲများ ပြန့်ပွားမှု့အရေအတွက်ကို လျှော့ချနိုင်ကြောင်း အကြံဥာဏ်ပေး ပြောထားပါတယ်။

အရသာခါးသော ဟင်းသီးဟင်းရွက်များကို လူတွေကသိပ်မကြိုက်ကြပါဘူး။ အဲ့ဒီအထဲမှာ အမေရိကန်သမ္မဟောင်း George W. Bush လဲပါဝင်ပါတယ်။ သို့သော် အရသာခါးသော ဟင်းသီးဟင်းရွက်များဟာ ကျန်းမာရေးအတွက် များစွာအကျိုးရှိပါတယ်။

Monday, August 20, 2012

ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ....


ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ....

သိပ္ပံပညာရှင်တွေက ကင်ဆာအများစုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မကြာခင်ကမှ ကြေညာ လိုက်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ် မသောက်တာတွေဟာ
ကင်ဆာကို ကာကွယ်ဖို့ အဓိက သော့ချက်တွေဖြစ်ပြီး အောက်ပါတွေကို ပြုလုပ်တာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချ နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

၁။ ရောင်ရမ်းမှုတွေ မရှိအောင် ရေသောက်ပါ

စိတ်ဖိစီးမှုတွေ တစ်ချိန်လုံး ဖြစ်နေတာကြောင့် ခန္ဓာကိုယ်မှ ကင်ဆာဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှု ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ပါတယ်။ နေ့စဉ် ရေရှစ်ခွက်လောက် သောက်ပေးရင် ရောင်ရမ်းမှုကို
 ဖြေရှင်းနိုင်ပါတယ်။ ရေဟာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို (သူတို့က ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ဖျက်ဆီးမှု မပြုလုပ်နိုင်ခင်မှာပဲ) ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ဟာချီဆင် ကင်ဆာသုတေသန ဌာနမှ လေ့လာမှုအရ ရေဓာတ်ပြည့်ဝနေတာကြောင့် အူမကြီးကင်ဆာ၊ သားမြတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်းနဲ့အထက် လျှော့ချနိုင်ပါတယ်လို့ သိရပါတယ်။

၂။ သားမြတ်ကို ကာကွယ်နိုင်အောင် နေခြည်နုနု ခံယူပါ

နေရောင်ခြည်နဲ့ နေ့စဉ် မိနစ် ၂၀ ခန့် ထိတွေ့တာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်အပြီးမှာ ဖော်ထုတ် လိုက်ပါတယ်။ နေရောင်ခြည် (UV Light) ဟာ ခန္ဓာကိုယ်မှ ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အာဟာရ ဗီတာမင်ဒီ ထုတ်လုပ်မှုကို မြင့်မားစေနိုင်ပါတယ်။ နံနက်ခင်းမှာ နေရောင်ခြည်ကို ခံယူရင် အရေပြားအနေနဲ့ ဆဲလ်ပျက်စီးမှုတွေကို ပြန်လည် ပြုပြင်နိုင်စွမ်း အမြင့်ဆုံး အချိန်ဖြစ်တာမို့ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း ငါးဆအထိ လျှော့ချ နိုင်ပါတယ်။

Tip!
သွေးတွင်း သကြားဓာတ်ကို ထိန်းသိမ်းပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပါ

သွေးထဲမှာ သကြားဓာတ်တွေ မြင့်တက်နေတာဟာ ကင်ဆာကြီးထွားမှု အတွက် လောင်စာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်အောင် ထားရှိတာဟာ အကျိတ်ကြီးထွားမှုကို ရပ်တန့်စေနိုင်တဲ့အပြင် ခုခံအားစနစ်ကိုလည်း ကင်ဆာဆဲလ်တွေကို ဖျက်ဆီး နိုင်ချိန်ပေးဖို့ အဓိက သော့ချက်ပါလို့ ဆိုပါတယ်။ သွေးတွင်း သကြားဓာတ် တည်ငြိမ်မှုရှိအောင် -

၁။ နံနက်တိုင်း အမျှင်ဓာတ်မှီဝဲပြီး ခန္ဓာကိုယ်မှ သကြားစုပ်ယူမှုကို ပိတ်ပင်ပါ။

၂။ သကြားဓာတ် (ကာဗိုဟိုက်ဒရိတ်) စုပ်ယူမှု နှေးကွေးအောင် အစာစားတိုင်း ပရိုတင်း (အသား၊ ဥ၊ နို့၊ တိုဟူး) ပါဝင်အောင် စားပေးပါ။

နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိတဲ့ နေရာရောက်နေရင် နေ့စဉ် ဗီတာမင်ဒီ ၂၀၀၀ IU မှီဝဲနိုင်ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။

၃။ ကျန်းမာနေအောင် ဟင်းခတ် အမွှေးအကြိုင် အသုံးပြုပါ

ဇီရာစေ့အခြောက် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ဒါမှမဟုတ် ဇီရာ စားပွဲဇွန်း တစ်ဇွန်းစာကို နေ့စဉ် အသုံးပြုတာကြောင့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ခုခံဆဲလ်တွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်မှုပေးပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို ပိတ်ပင်နိုင်ပါတယ်။

ဒါ့အပြင် နေ့စဉ် ကြက်သွန်ဖြူတစ်ဥ စားသုံးတာကြောင့် အစာခြေစနစ်အတွင်း ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာကွန်ပေါင်းတွေက သင်ရဲ့ ခုခံအားစနစ်မှ မသင်္ကာစရာ ဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်းရည် မြှင့်တင်ပေးနိုင်လို့ပါလို့ ကယ်လီဖိုးနီးယားမှ သုတေသီတွေက ပြောပါတယ်။

Tip! အာလူးကြော်ကို ရှောင်ပါ

အာလူးလိုမျိုး ကစီများတဲ့ အစာကို အပူချိန်မြင့်မားစွာနဲ့ ကြော်လှော်ခဲ့ရင် ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်လာတာမို့ အာလူးကြော်လိုမျိုး အစာတွေကို ရှောင်ရမယ်လို့ WHO က သတိပေးထားပါတယ်။

၎။ ပျက်ပြယ်အောင် စတော်ဘယ်ရီသီး စားပါ

စတော်ဘယ်ရီသီးမှာ များစွာပါဝင်တဲ့ အပင်ဒြပ်ပေါင်း Ellagic Acid တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်း စနစ်ရဲ့ အမြှေးပါးအတွင်း ပျော်ဝင်နိုင်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းနဲ့ အဆိပ် အတောက်တွေကြောင့် ပျက်စီးနိုင်ခြေကို ၇၅ ရာခိုင်နှုန်းထိ ကာကွယ် နိုင်တယ်လို့ ကန်တက်ကီ တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

၅။ လေထုသန့်စင်အောင် သန့်ရှင်းရေးသုံး ပစ္စည်းတွေကို သတိထားသုံးပါ

အနံ့အသက်ပါတဲ့ အဝတ်လျှော် ဆပ်ပြာမှုန့်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်း နှစ်မျိုး ပါဝင်တယ်လို့ ဝါရှင်တန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အနံ့အသက် မပါဝင်တဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတွေကို ပြောင်းသုံးတာကြောင့် ကင်ဆာဖြစ်နိုင်ခြေဟာလည်း အလိုအလျောက် ကျဆင်း သွားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

၆။ ခုခံအားစနစ် မြင့်တက်အောင် မိတ်ဆွေ အပေါင်းအသင်းထားပါ

သင်ရဲ့မိတ်ဆွေရင်းတွေနဲ့ အချိန်ယူပြီး တွေ့ဆုံတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ ငါးဆထိ လျှော့ချ နိုင်တယ်လို့ သြစတြေးလျမှ သုတေသီတွေက ဆိုပါတယ်။ မိတ်ဆွေ ဒါမှမဟုတ် မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်သူတွေဟာ စိတ်ဖိစီးမှုတွေ ကျဆင်းတာကြောင့် ခုခံအားစနစ် သန်မာပြီး ကျန်းမာရေးလည်း ပိုကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

-------------------------------

ဒေါက်တာခင်မိုးမိုး
By Good Health

Wednesday, January 11, 2012

ငွေကျပ် သိန်း ၁၅၀ မှ ၂၀၀ ၀န်းကျင် ကုန်ကျနိုင်သည့် အတွင်းနားတု အစားထိုးခွဲစိတ်မှုကို မြန်မာနိုင်ငံတွင် ပြုလုပ်နိုင်တော့မည်

အတွင်းနားတု ခွဲစိတ်မှုကို ငွေကျပ်သိန်း ၁၅၀ မှ ၂၀၀ ကုန်ကျပြီး မြန်မာနိုင်ငံတွင် ခွဲစိတ်နိုင်တော့မည် ဖြစ်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံ (ရန်ကုန်)မှ သတင်းရရှိပါသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် အတွင်း နားတုအစားထိုးခွဲစိတ်ခြင်းကို ဂျာမနီ နိုင်ငံရှိ Med Aid Germany အဖွဲ့မှ ဆရာဝန်များနှင့် မြန်မာနိုင်ငံရှိ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်များပူးပေါင်းကာ လူနာ ငါးဦးအား အောင်မြင်စွာခွဲစိတ်ပေး နိုင်ခဲ့ကြောင်း သိရသည်။
ခွဲစိတ်ရာမှာ အသုံးပြုရမယ့် စက်တွေက ရောက်ရှိတော့မှာပါ။ ဒါပေမဲ့ အတွင်းနားတုစက်ကတော့ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ ခွဲစိတ်မှုခံယူမယ် ဆိုရင်တော့ နိုင်ငံတကာနဲ့ ချိတ်ဆက်ဝယ်ယူရမှာ ဖြစ်ပါတယ် . . .

“ဒီနားတု အစားထိုးခွဲစိတ်မှုက နိုင်ငံတကာမှာပြုလုပ်နေတာ ဆယ်စုနှစ် တစ်ခုကျော်နေပါပြီ။ မြန်မာ နိုင်ငံမှာတော့ ၂၀၁၁ ခုနှစ်မှာ ပထမဦး ဆုံးလုပ်နိုင်ခဲ့တယ်။ ပထမအကြိမ် ခွဲစိတ်မှုလုပ်တုန်းကတော့ ဂျာမနီက ဆရာဝန်တွေက အဓိကခွဲစိတ်ပေးပြီး ဒီကဆရာဝန်တွေကို တိုက်ရိုက်ပြန် သင်ကြားပေးတဲ့ သဘောဆိုတော့ လူနာအများကြီး မခွဲစိတ်ပေးနိုင်ဘူး။ အခုတော့ အတွင်းနားတု ခွဲစိတ်မှုကို မြန်မာနိုင်ငံမှာတင် ပြုလုပ်လို့ရပါပြီ။ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆေးရုံ(ရန်ကုန်)ကို ဆက်သွယ်နိုင်ပါတယ်” ဟု နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံ(ရန်ကုန်)မှ ပါမောက္ခ ဌာနမှူးဒေါက်တာဦးသိန်းထွန်း က ပြောပြခဲ့သည်။

ထိုသို့ ပထမအကြိမ်အတွင်း နားတုခွဲစိတ်မှုတွင် လိုအပ်သည့် ခွဲစိတ်ခန်းသုံး ပစ္စည်းများကို မြန်မာစားဖိုမှူးများ အသင်း၏ စီစဉ်မှုဖြင့် ဂျာမနီ နိုင်ငံမှ ငှားရမ်း အသုံးပြုခဲ့ရခြင်းဖြစ်သည်။ ယခု ၂၀၁၂ ခုနှစ်နှစ်ဆန်းပိုင်းတွင် အဆိုပါ ခွဲစိတ်ခန်းသုံးကိရိယာများကို မြန်မာစားဖိုမှူးများအသင်းမှ လှူဒါန်းမှုဖြင့် ရောက်ရှိတော့မည်ဖြစ်ကြောင်း သိရပါသည်။

“ခွဲစိတ်ရာမှာ အသုံးပြုရမယ့် စက်တွေက ရောက်ရှိတော့မှာပါ။ ဒါပေမဲ့ အတွင်းနားတုစက်ကတော့ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ ခွဲစိတ်မှုခံယူမယ်ဆိုရင်တော့ နိုင်ငံတကာနဲ့ ချိတ်ဆက်ဝယ်ယူရမှာ ဖြစ်ပါတယ်။ ခန့်မှန်း ကျပ်သိန်း ၁၅၀ ကနေ ၂၀၀ လောက် ကုန်ကျနိုင်ပါတယ်”ဟု ဒေါက်တာဦးသိန်းထွန်းက ဆက်လက် ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အတွင်းနားတု အစားထိုးခွဲစိတ်မှုကြောင့် အသက် ၇၈ နှစ်မှ ၁၄ နှစ်ရှိ လူနာငါးဦးအကြား အာရုံပြန်လည်ရရှိခဲ့ကြကြောင်း သိရသည်။

news-eleven.com

မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ (၂၀၁၁) တွင် သုတေသန စာတမ်းပေါင်း ၇၃ စောင် ဖတ်ကြားတင်သွင်း

၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၉ ရက် နေ့က ရန်ကုန်မြို့ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ညီလာခံကို ဇန်န၀ါရီလ ၁၃ နေ့အထိ ကျင်းပမည်ဖြစ်ပြီး သုတေ သနစာတမ်း ၇၃ စောင်၊ ပိုစတာ ၂၄ စောင် ဖတ်ကြား တင်သွင်းသွားမည် ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံမှသုတေ သီပညာရှင်များလည်း ပါဝင်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

သုတေသနစာတမ်းများအပြင် ခေတ်မီခွဲစိတ်မှုနှင့် ပုံရိပ်ဖော်မှုနည်း ပညာ၊ ကျန်းမာရေးမူဝါဒနှင့် သုတေ သန၏အခန်းကဏ္ဍ၊ ခံတွင်းကျန်းမာရေး၊ ကင်ဆာရောဂါ၊ ဓာတ်ခွဲခန်း အတွင်း ဇီဝလုံခြုံမှုကျင့်စဉ်၊ သုတေ သနကျင့်ဝတ်၊ အ၀လွန်ရောဂါ၊ ပဋိဇီဝဆေးများ၏ရောဂါ ယဉ်ပါးလာခြင်း၊ မြန်မာနိုင်ငံ ငှက်ဖျားရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်ချက်များ စသည့်ခေါင်းစဉ်များဖြင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။

ဆေးနှင့်ဆေးပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ဓာတုပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီကြီးများမှ ပြခန်းပေါင်း ၂၄ ခန်း ပါဝင်ပြသခဲ့ကြောင်း သိရသည်။

ညီလာခံတွင် ဖတ်ကြားတင်သွင်းခဲ့သည့် စာတမ်းများနှင့် ပိုစတာများထဲမှ အကောင်းဆုံးပိုစတာဆု၊ အကောင်းဆုံး အခြေခံသုတေသန စာတမ်းဆု၊ အကောင်းဆုံး လက်တွေ့ အသုံးချ သုတေသနစာတမ်းဆု၊ အကောင်းဆုံး ကျန်းမာရေးစနစ် သုတေသနဆု စသည့်ဆုများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ၂၀၁၀ ပြည့်နှစ်တွင် သုတေသနစာတမ်းပေါင်း ၉၄ စောင်နှင့် ပိုစတာ ၂၀ တို့ကို ဖတ်ကြား တင်သွင်းခဲ့ကြောင်း သိရသည်။

news-eleven.com

ပြည်သူ့ကျန်းမာရေးတွင် အစိုးရများ၏ အခန်းကဏ္ဍ

"ပြည်သူတို့၏ကျန်းမာရေးနှင့်လုံခြုံရေးကိုကာကွယ်ရန်၊ထိန်းသိမ်းရန်နှင့်မြှင့်တင်ရန်အစိုးရအဆင့်ဆင့်(ပြည်ထောင်စု၊လူမျိုးစု၊တိုင်းဒေသ၊ပြည်နယ်ဒေသ)တွင်အသီးသီးတာဝန်ရှိသည်”။ (Gostin, 2000, 2002)

အမေရိကန်ပြည်ထောင်စုတွင်ဒီမိုကရေစီ၏ပင်ကိုမူလသဘောအရဆိုလျှင်ပင်နိုင်ငံသားတို့၏ကျန်းမာရေးတွင်အစိုးရ၏တာဝန်ရှိမှုကအတိုင်းအတာတစ်ခုအထိရပ်တည်နေသည်။ကျန်းမာရေးအရာထမ်းများကိုပြည်သူတို့ကတိုက်ရိုက်ရွေးချယ်ခြင်း၊သို့မဟုတ်ပြည်သူတို့ရွေးကောက်တင်မြှောက်ထားသည့်ကိုယ်စားလှယ်များထဲမှရွေးချယ်ခန့်ထားခြင်းပြုရသည်။သို့အတွက်ကြောင့်ပင်နိုင်ငံသားတို့ကမိမိတို့၏ကျန်းမာရေးကိုအလေးထားသည့်နည်းတူ၊ကျန်းမာရေးအရာထမ်းတို့ကလည်းပြည်သူတို့၏ကျန်းမာရေးအတွက်အစိုးရ၏တာဝန်ရှိမှုကိုအလေးထားသည်။ပြည်သူ့ကျန်းမာရေးကိုအစိုးရကစောင့်ကြပ်ကြည့်ရှုနိုင်စွမ်း၊လိုအပ်ပါကဥပဒေများ၊စည်းကမ်းများ၊မူများချမှတ်ခြင်း၊ကျန်းမာရေးအတွက်နိုင်ငံဘဏ္ဍာငွေပိုမိုခွဲဝေသုံးနိုင်စေခြင်းများကိုအလေးထားဆောင်ရွက်ကာပြည်သူတို့၏ကျန်းမာရေးကိုလုံခြုံစိတ်ချမှုရှိအောင်မဖြစ်မနေကြိုစားမှုပြုကြသည်။"

National Academy of Sciences မှ 2002 ခုနှစ်ကထုတ်ဝေသော The Future of the Public's Health in The 21st Century စာအုပ်ထဲမှ The Role of Governments in Public Health အပိုင်းတစ်ခု ဘာသာပြန်လိုက်ခြင်းဖြစ်ပါသည်။

Related Posts :




Posted by Dr. Yi Yi Win

Public Health in Myanmar

Saturday, December 10, 2011

အိပ်မပျော်ရင် ဘာတွေ လုပ်ကြ သလဲ




ကျွန်ုပ်တို့ အများစု သည် ညအိပ်မ ပျော်သော အခါ နည်းလမ်း အမျိုးမျိုး ထဲမှ တစ်ခု မဟုတ်၊ တစ်ခုကို စမ်းသပ် ပြုလုပ် ကြသည်။ သို့ရာ တွင် အောက် တွင်ဖော် ပြမည့် နည်းလမ်း များမှာ အိပ်မပျော်ခြင်း ကို ပိုမိုဆိုး ဝါးစေကြောင်း သိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။

(၁) အိပ်ပျော်ရန် ကြိုးစားခြင်း

အိပ်ပျော်မိစေရန် အသိစိတ်နှင့် သတိထား၍ ကြိုးစားနေခြင်းသည် အိပ် မပျော်အောင် လုပ်နေသကဲ့သို့ပင်ရှိနေချေ သည်။ အတင်းကြိတ်မှိတ်၍ ကြိုးပမ်းအား ထုတ်နေမည့်အစားစိတ်ကို လျော့၍ မိမိ ကိုယ်ကိုသာ သက်တောင့်သက်သာဖြစ် အောင်ပြုလုပ်ပါ။

(၂) မီးဖွင့်အိပ်ခြင်း

ညအိပ်မပျော်သောအခါ ငိုက်မြည်း လာစေရန် ကျွန်ုပ်တို့ မီးဖွင့်၍ စာဖတ် ခြင်း၊ တီဗွီကြည့်ခြင်းစသည်တို့ကို ပြု လုပ်လေ့ရှိသည်။ ခန္ဓာကိုယ်မှဆဲလ်များ သည် အလင်းရောင်နှင့် ထိတွေ့သောအခါ အလုပ်လုပ်ကြ၍ လူကိုပါ နိုးကြားစေ သည်။ ထို့ကြောင့် နေ့ဘက်ထက် ညဘက် အိပ်လျှင် ပို၍အိပ်ရေးဝနေရခြင်းဖြစ်သည်။

(၃) အရက်သောက်ခြင်း

အရက်သောက်လျှင် စားဝင်၊ အိပ် ပျော်စေသည်ဟု ဆိုကြပါသည်။ ဤသည် မှာ အတိုင်းအတာတစ်ခုထိသာ မှန်ကန် လေသည်။ အရက်မူး၍ အိပ်ပျော်သွား သော်လည်း ကျွန်ုပ်တို့ အိပ်နေစဉ် ခန္ဓာ ကိုယ်မှ အရက်ကို ချေဖျက်သောအခါ ရုတ်တရက်ပင် အိပ်ရာမှ နိုးတက်သည်။ အထူးသဖြင့် မွန်းလွဲနှင့် ညနေ၊ ညပိုင်း သောက်လျှင်ပိုဖြစ်တတ်သည်။

(၄) အိပ်ဆေးသောက်ခြင်း

အိပ်ဆေးသောက်လျှင် အိပ်ပျော် စေ မည်ဟု ကျွန်ုပ်တို့ ယူဆခဲ့သည်မှာ ဆယ် စုနှစ် တစ်စုစာခန့်ပင် ရှိပေလိမ့်မည်။ သို့ရာတွင် ゞင်းတို့သည် လူကိုလေးလံ ထိုင်းမှိုင်းသွားစေသည်မှအပ အိပ်စက်မှု ကို တိုးမြှင့်ပေးနိုင်သည်ဟူ၍ မတွေ့ရှိရ ပေ။ ထို့ကြောင့် အိပ်ဆေးသောက်မည့် အစား ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သည် ကပင် ပိုမိုအကျိုးများစေပေလိမ့်မည်။

(၅) အိပ်မပျော်ဘဲ အိပ်ရာထဲ တွင် နေခြင်း

အိပ်မပျော်လျှင် အိပ်ရာထဲတွင်ပင် ဆက်လက်နေ၍ အိပ်ရန်ကြိုးစားသင့် သည်။ အနည်းဆုံး အိပ်မပျော်သည့်တိုင် အနားရသည်ဟု ကျွန်ုပ်တို့ ထင်ဖူးခဲ့ကြ မည်။ သို့ရာတွင် ဤသို့ပြုလုပ်ဖန်များလာ ပါက အိပ်ရာထဲရောက်တိုင်းအပိမပျော် သည်အခြေအနေကိုပင် ဆိုက်ကပ်နိုင် ကြောင်းလေ့လာတွေ့ရှိရသည်။ ထို့ ကြောင့် အိပ်ချင်လာမှသာ အိပ်ရာထဲဝင် ပါ။ အိပ်မပျော်လျှင် အိပ်ရာမှ ထ၍ စိတ် ပြေလက်ပျောက်စိတ်လျော့၍နေပါ။

(၆)အိပ်မက်မက်ခြင်း

အိပ်မက်၊ မက်ခြင်းသည် ကျွန်ုပ် တို့ တွေ့မြင်၊ ကြားသိ၊ ကြုံဆုံခဲ့သော အဖြစ်အပျက်များကို ဦးနှောက်မှ မှတ် သားထား၍အိပ်နေစဉ်တွင် ဟိုမှတစ်စ ဒီမှတစ်စ ပြန့်ကျဲနေသောမှတ်Óဏ်များ စုဝေးပုံပေါ်လာခြင်းပင်ဖြစ်သည်။ အိပ် မက်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စဉ် မက်တတ်သည်ဟုယူဆရသော်လည်း အိပ် မက်မက်ခြင်းသည် ဦးနှောက်ဆဲလ်များ အလုပ်လုပ်နေရသောကြောင့် အိပ်ရေး မဝတတ်ချေ။

(၇) အိပ်မက်ဆိုးများ

အိပ်မက်ဆိုးများမက်၍ လန့်နိုးလျှင် ထိုအိပ်မက်အကြောင်းကို ပြန်လည်စဉ်း စား၍ ကြောက်လန့်တုန်လှုပ်နေလျှင် ပို ၍ အိပ်မပျော်စေသည်မှအပ ဘာမျှ ထူး ခြားမည်မဟုတ်ချေ။ ထို့ကြောင့် အိပ်မက် ဆိုးမက်လျှင် ရေသောက်၍ စိတ်ငြိမ် အောင်လုပ်ပါ။ အိပ်မက်အကြောင်းကို ခေါင်းထဲမှ ထုတ်၍ သာယာဖွယ်အ ကြောင်းအချင်းအရာများကိုသာစဉ်းစားပါ။ မတတ်နိုင်လျှင် မိသားစုဝင်တစ်ဦးနှင့် အတူ သွားအိပ်ပါ။

(၈) အစားအသောက်

အိပ်ရာဝင်ချိန်နှင့် မနီးမဝေးတွင် ကဖင်းပါသော ဖျော်ရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်) သောက်ခြင်း၊ အစာများ များစားခြင်းတို့သည် အိပ်စက်ခြင်းကို နှောင့်နှေးစေသည်။

(၉) နေ့ဘက်အိပ်စက်ခြင်း

နေ့ဘက်အအိပ်များသွားလျှင် ည ဘက်အိပ်မပျော်တတ်ချေ။ အကောင်းဆုံး မှာ နေ့ခင်းနေ့လည် ၁ နာရီ၊ ၂ နာရီ မျှသာအိပ်စက်သင့်သည်။

(၁၀) ပိတ်ရက်တွင်အိပ်ခြင်း

တစ်ပတ်လုံးအိပ်ရေးပျက်ခဲ့သမျှကို စနေ၊ တနင်္ဂနွေတွင် စုပေါင်း၍ အတိုး ချကာအိပ်စက်ခြင်းသည်အိပ်၍ကောင်း သော်လည်းကျွန်ုပ်တို့ခန္ဓာကိုယ်၏ နေ့ည နှင့်rhythm မှတ်သားမှုကို ပျက်ပြားစေ သည်။

စန္ဒီ (ဆေး-၂)


Thursday, December 8, 2011

အော့အန်ခြင်း (VOMITING)



မေး-အော့အန်တယ်ဆိုတာဘာ ကြောင့်ဖြစ်ရတာပါလဲ။

ဖြေ-အန်တာဟာ နှစ်မျိုး ရှိပါတယ်။ အစာအိမ် အူ လမ်းကြောင်း ထဲက မကောင်း တာတွေ ကိုပြန် စွန့်ထုတ် တဲ့ကောင်းတဲ့ အန် ခြင်းရှိသလို အတွင်းရောဂါတစ်ခုခုကြောင့် ပြန်အန်ထုတ်တဲ့မကောင်းတဲ့ အကြောင်း လည်းရှိပါတယ်။ ဒီလိုအန်ဖို့ရာကို ဦး နှောက်ထဲမှာရှိတဲ့ MEDULLA ဆိုတဲ့ အင်္ဂါတွေမှာအန်ခြင်းကိုဖြစ်စေတဲ့ ဗဟို ဌာနနဲ့ လေလမ်းကြောင်း သွားရည် ထွက် ခြင်း၊ သွေးကြောနှုန်းများ ကိုထိန်းချုပ်ထား ခြင်း စတာတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။

ေ မး-ဘယ်လိုအခြေအနေမှာအော့ အန်ခြင်းဖြစ်ရပါသလဲ။

ဖြေ- လှိုင်းမူးတာတို့ ကားမူးတာတို့ ဖြစ်တဲ့Motion Sickness ဆေးဝါး သောက်သုံးလိုဖြစ်တဲ့ အန်ခြင်း၊ ကင်ဆာ ဆေးကြောင့်ဖြစ်တဲ့အန်ခြင်း၊ မေ့ဆေးပေး လိုက်လို့အန်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် အော့အန်ခြင်း၊ နားရောဂါကြောင့်ဖြစ်တဲ့ အန်ခြင်းစတဲ့အကြောင်းများစွာရှိပါတယ်။ ဝမ်းထဲကတစ်ခုခုမကောင်ရင် အန်ထုတ် တာမျိုးတွေဖြစ်တတ်ပါတယ်။

မေး-လှိုင်းမူးကားမူးဖြစ်တဲ့ အန်ခြင်း ကိုဘယ်လိုကာကွယ်သင့်သလဲ။

ဖြေ-အဲဒီလိုဖြစ်ရတာနားထဲမှာရှိတဲ့ VESTIBULAR APPARATUS ကိုလှုံ့ ဆော်မှုပြင်းထန်တဲ့အတွက်ကြောင့်ဖြစ် ရပါတယ်။ အစာတွေကိုများများစားထား ရင်ပိုဖြစ်တတ်ပါတယ်။ ခရီးမထွက်ခင် ၁ နာရီကြိုတင်ပြီး အအန်ပျောက်ဆေး ကိုသောက်ထားရင် (၇၀) ရာခိုင်နှုန်းအန် တာမဖြစ်တော့ပါ။ အန်တာစနေတဲ့အချိန် မှာ သောက်ရင်အကျိုးမရှိပါ။ CINNARIZINE, CYCLTZINE PRO METHAZINE, DIMENHYDRINATE စတဲ့ဆေးတွေကိုသုံးနိုင်ပါ တယ်။ အရေးပေါ်ဖြစ်လျှင် အသားဆေး၊ အရေပြားအောကထိုးဆေးစတာတွေကို သုံးပါတယ်။

မေး-ကိုယ်ဝန်ဆောင်စဉ်အော့အန် ခြင်းကိုဘယ်လိုကာကွယ်ရပါသလဲ။

ဖြေ-ကိုယ်ဝန် (၁၀-၁၁) ပတ်မှာ အဆိုးဆုံးဖြစ်တတ်ပြီး (၁၃-၁၄) ပတ်လောက်မှာပြန်လျော့သွားတတ်ပါ တယ်။ ပျို့ရုံသက်သက်ဆိုရင် ကုသဖို့ မလိုပေမဲ့ပိုဆိုးလာရင်ကုသမှုပေးရပါတယ်။ မနက်အိပ်ရာမထခင်မှာ အစာစားဖို့လိုပါ တယ်။ Promethazine ဆေးတိုက်နိုင်ပါ တယ်။ သိပ်ပြီးအန်လာမယ်၊ အစာလည်း မစားတော့ရင် အဟာရဓာတ်ချို့တဲ့လာ တတ်တဲ့အတွက် အကြောဆေးထိုးတာတို့ ချိတ်တာတို့လုပ်ဖို့လိုပါတယ်။

မေး-ဘယ်လိုဆေးဝါးတွေက အန် ခြင်းကိုဖြစ်စေပါသလဲ

ဖြေ-ပိုးသတ်ဆေး။ မူးယစ်စေတတ် တဲ့ဆေး DIGOXIN လုံးဆေး၊ ကင် ဆာဆေးနဲ့ NSAID လို့ခေါ်တဲ့စတီးရွိုက် မပါတဲ့ အရောင်ကျအကိုက်ခဲပျောက် ဆေးတွေဖြစ်ပါတယ်။

မေး-တစ်ခြားဘယ်လိုအခြေအနေ တွေမှာရော အော့အန်ခြင်းဖြစ်တတ်ပါ သလဲ။

ဖြေ-ဦးနှောက်အမြှေးပါးရောင်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ ဆီးချိုအဆိပ် တက်ခြင်း၊ သွေးထဲမှာ ယူရီးယားဓာတ် များနေခြင်း၊ ပြင်းထန်စွာနာကျင်ခြင်း (ဥပမာ-နှလုံးသွေးကြောကျဉ်းခြင်း) အရက်မူးလွန်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ အူ အတက်ရောင်ရောဂါ၊ သည်းခြေအိတ် ရောင်ရောဂါ၊ မုန့်ချိုအိတ်ရောင်ရောဂါ၊ အူ လမ်းကြောင်းပိတ်ရောဂါ အစာအိမ်အနာ၊ အစာအိမ်ကင်ဆာ၊ အသည်းရောင်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းစတာတွေမှာ လည်း အော့အန်တတ်ပါတယ်။

မေး-ဦးခေါင်းထိခိုက်ဒဏ်ရာရသူ တွေမှာ အော့အန်တတ်ပါသလား။

ဖြေ-ဦးခေါင်းဒဏ်ရာမပြင်းထန်ရင် တော့မအန်တတ်ပါဘူး။ ဒါပေမဲ့ ဒဏ်ရာ ပြင်းထန်လို့ ဦးခေါင်းထဲမှာ သွေးယိုစီးနေ ပြီဆိုရင် အန်တတ်ပါတယ်။ ရိုးရိုးတစ်ခြား အကြောင်းကြောင့် အန်တဲ့ပုံစံနဲ့တော့ မတူပါဘူး။ သူက ထိုးထိုးပြီးအန်ခြင်းသ (PROJECTILE VOMITING) ဖြစ်ပါ တယ်။ ဒါကြောင့်ဦးခေါင်းဒဏ်ရာရှိသူတွေ ကို ထိုးအန်ခြင်းဖြစ်လျှင် ဆေးရုံကို ချက် ချင်းပြန်လာပြပါဆိုတာကို ဆရာဝန်တွေ က လူနာတွေကို မှာကြားရခြင်းဖြစ်ပါ တယ်။

မေး-မေ့ဆေးထုံဆေးပေးတော့မဲ့လူ နာတွေကို ကြိုတင်ပြီး အစာမစားဖို့လုပ် ကြပါတယ်။ အဲဒါကိုသိလိုပါတယ်။

ဖြေ-မေ့ဆေး၊ ထုံဆေးတွေက ပျို့ ခြင်း၊ အန်ခြင်းဖြစ်စေတတ်တာရယ်။ မူးဝေခြင်းဖြစ်စေတတ်တာရယ်ကြောင့် မေ့ဆေး၊ ထုံဆေးမပေးခင်ကြိုတင်ပြီး အစားအသောက်ဖြတ်ထားဖို့လိုပါတယ်။ ခွဲစိတ်နေတုန်းအော့အန်ရင် ပက်လက် အနေအထားကဖြစ်နေတဲ့အန်ဖက်ဆိုပြီး လေလမ်းကြောင်းပိတ်သေစေတတ်ပါ တယ်။

မေး-သတိလစ်နေတဲ့သူ (အရက် ကြောင့်ဖြစ်ဖြစ်၊ ရောဂါကြောင့်ဖြစ်ဖြစ်၊ အော့အန်နေရင်ဘယ်လိုလုပ်သင့်ပါသလဲ)

ဖြေ-သတိလစ်နေတဲ့သူဖြစ်တဲ့အ တွက်လူနာကိုဘေးဘက်သို့ဆောင်းပြီး ခေါင်းကို အနိမ့်ပိုင်းမှာထားပြီး ခြင်း (ခေါင်းအုံးဖြင့်မအုံးရ) ဖြင့် အန်ဖက်တွေ လေလမ်းကြောင်းထဲမဝင်အောင်ကာကွယ် ထားရပါမယ်။

အေးကမ္ဘာ ဒေါက်တာချစ်


တုပ်ကွေး (Flu) ရောဂါအား သက်သာစေနိုင်သော ငုံဆေးအသစ်

အအေးမိနှာစေး ကိုပျောက်ကင်း အောင် ကုသလို့ မရသေးပါဘူး။ ဒါပေမဲ့ တာရှည် မခံစား ရအောင် သက်သာစေတဲ့ နည်းတွေ ရှိနေပါတယ်။ အနောက် ဩစတြေးလျ တက္ကသိုလ် ကြီး တစ်ခုက သုတေသန ပညာရှင်တွေက တုပ်ကွေးရောဂါကူးစက်လျှင် သက်သာစေ နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိ ထားပါတယ်။

ငုံဆေး ( lozenge) တစ်မျိုး မှာ အင်တာဖရွန်အယ်(လ်)ဖာ interferon alpha လို့ခေါ်တဲ့ ပရိုတိန်းအနည်း ငယ်ပါဝင်စေပြီး ယင်းက ခန္ဓာကိုယ်ရဲ့ ခုခံမှုစနစ်ကို နှိုးဆွပေးနိုင်တယ်။ ဒါက နည်းပညာတိုးတက်မှုအရ ခေတ်မှီစမ်း သပ်မှုတစ်ခုဖြစ်ပါတယ်။ ဒီငုံဆေးက တုပ် ကွေးရောဂါကူးစက်မှုကို အကာအကွယ် ပေးနိုင်သော်လည်း ဖြစ်လာတဲ့ ဝေဒနာ လက္ခဏာများကိုတော့ သက်သာသွားစေ တာအမှန်ပါပဲ။ ဒီငုံဆေးက ကာကွယ်ဆေး (vaccine) လိုမဟုတ်ပဲ အအေးမိနှာစေးနဲ့ တုပ်ကွေးဗိုင်းရပ်(စ်) အမျိုးအစားအားလုံး လိုလိုအပေါ်မှာ သက်ရောက်မှုရှိမှာဖြစ်ပြီး နောက်နှစ်နှစ်အတွင်းမှာ ဆေးဆိုင်က ကောင်တာတွေမှာ အလွယ်တကူဝယ်ယူ ရရှိနိုင်တော့မယ်လို့ ဇီဝဗေဒနဲ့ ခုခံမှုစနစ် ဆိုင်ရာဌာနမှူးပရော်ဖက်ဆာ မင်ဖရက်က ပြောကြားခဲ့ပါတယ်။

တုပ်ကွေးရောဂါအားသက်သာစေနိုင် သော အခြေခံအချက်များ

အကောင်းဆုံးကာကွယ်နည်းကတော့ မိမိ၏ လက်တွေကို မှန်မှန်ဆေးကြောဖို့ ပါပဲ။ ဆပ်ပြာရိုးရိုးပဲသုံးပါ။ (Use Plain Soap) Plain Soap လို့ခေါ်တဲ့ ပိုးသတ်ဆေး မပါတဲ့ ရိုးရိုးဆပ်ပြာကလည်း ပိုးမွှားတွေ ကို သတ်ပစ်ရာမှာ အတူတူပဲ အကျိုး သက်ရောက်မှုရှိပါတယ်။ ရေနွေးကိုအသုံးပြုပါ (Use Worm water) ဆပ်ပြာကိုရေနွေးနဲ့ထိတွေ့စေခြင်းဖြင့် ဆပ်ပြာရဲ့မျက်နှာပြင်ပေါ်က အစွမ်းထက် တဲ့ ဓာတုပစ္စည်းတွေကပိုမိုလွယ်ကူစွာ ထွက်လာနိုင်တယ်လို့ဆိုပါတယ်။

အချိန်ယူပါ(take your time)

လက်ကောက်ဝတ်၊ လက်ချောင်း တွေအကြား လက်သည်းတွေအောက်ကို ၁၅ စက္ကန့်က စက္ကန့် ၃၀ အထိပွတ်တိုက် ဆေးကြောပေးပါ။ Happy Birthday လို့ စိတ်ထဲက ၂ ခါလောက်ဆိုပြီး ဆေး ကြောရင် အချိန်လုံလောက်ပါပြီ။

ပူနွေးတဲ့အရည်ကိုသောက်ပါ

တုပ်ကွေးရာသီမှာရေနွေးကြမ်းပူပူ လေးသောက်ပါ။ ကာဒစ်(ဖ်)ယူနီဗာစီတီ ရဲ့သုတေသနပြုချက်အသစ်အရ ရေနွေးပူပူ သို့မဟုတ်ရေနွေးကြမ်းသောက်ရင် တုပ် ကွေးဝေဒနာတွေခံစားရတာကို သက်သာ စေပါတယ်။ ရေနွေးပူပူသေက်ရင်ပဲ လည် ချောင်းနာ၊ ချောင်းဆိုးစတာတွေအကုန် သက်သာတယ်လို့ဆိုပါတယ်။ ပရော်ဖက် Ronald က ပူနွေးတဲ့အရည်က လည် ချောင်းထဲက အရည်တွေကိုထွက်လာစေ ပြီး ရောင်ရမ်းနေတဲ့လည်ချောင်းကို သက်သာစေပါတယ်လို့ဆိုပါတယ်။ စပ်တဲ့အစားအသောက်တွေ၊ ဆွပ် ပြုတ်ပူပူလေးကလည်း အလားတူကောင်း မွန်တဲ့အကျိုးသက်ရောက်မှုတွေရှိကြောင်း ပါခင်ဗျာ။

ဒေါက်တာ ဇော်သန်း

Monday, December 5, 2011

စွဲလမ်းမှုပြဿနာ (Dependence)



စွဲလမ်းမှု (Dependence) တွင် ကောင်းသော စွဲလမ်းမှု၊ မကောင်း သော စွဲလမ်းမှုရှိသည်။ ဘာသာ တရားကို စွဲလမ်း စွာ လိုက်စား ခြင်းသည် ကောင်းသော စွဲလမ်းမှုဖြစ်သည်။ အရက်၊ ဆေးလိပ်၊ ကွမ်း၊ လောင်းကစား၊ မူးယစ်ဆေးဝါး စသည်တို့ဖြင့် စွဲလမ်းခြင်းသည် မကောင်း သော စွဲလမ်းမှုဟုဆိုရပေမည်။

သို့သော် လူ့သဘာဝသည် မကောင်းမှုဘက်သို့ ကောက်ကောက်ပါအောင် လိုက်သွား တတ်ကြသည်။ မကောင်းသော စွဲလမ်းမှု ကြောင့် မကောင်းသောဘဝအခြေအနေ သို့ ရောက်သွားကြသည်။ စွဲလမ်းခြင်းမှာ စိတ်ကြောင့်သာဖြစ်သည်။ ထို့ကြောင့် စွဲလမ်းမှုကို ကုသရန် စိတ်ရောဂါကု ဆေးရုံ၊ ဆေးခန်းများပေါ်ပေါက်လာခဲ့ရ သည်။

ဆေးဝါးကိုလည်း စွဲလမ်းသူများရှိ သည်။ အချို့ဆေးဝါးများ၊ ဥပမာ- Diazepam စသော အိပ်ဆေးများသည် တာရှည်သုံးစွဲသောအခါ မသောက်ရလျှင် အိပ်မပျော်သော စွဲလမ်းမှုဖြစ်လာတော့ သည်။ ထို့ကြောင့် စွဲလမ်းမှုကိုပြုပြင်ကုသ ရန်နည်းလမ်းများ ရှာဖွေကုသကြသည်။ မနက်မိုးလင်းသည်နှင့် ခေါင်းကိုက်သည်၊ ဇက်လေးသည်။ ခန္ဓာကိုယ်ကိုက်ခဲသည်ဟု ယူဆ၍၊ စိတ်မှစွဲလမ်းနေသဖြင့် သောက် နေကျ ဆေးတစ်ပြားသောက်လိုက်ရမှ နေသာထိုင်သာရှိသွားသည်ဟု ထင်နေ တတ်ပြီး ဆေးကို စွဲမြဲစွာ သောက်ကြ သည်။ မည်သည့်ဆေးဝါးမဆို Side efect ဆိုသော ဆိုးကျိုးအန္တရာယ်အနည်း အများနှင့် မလွတ်ကင်းပေ။ သို့သော် ငါ၊ ဒီနေ့ဆေးမသောက်ရသေးဟူသောစိတ်ဖြင့် ဆေးမသောက်ရလျှင် နေမကောင်းသလို ခံစားနေရတတ်သည်။

ဆေးကို စွဲမြဲစွာသောက်နေလျှင် အန္တရာယ်ရှိနိုင်သောကြောင့် ဆေးဝါးကုသ သူမှလည်းကောင်း၊ မိသားစုဝင်များမှ လည်းကောင်း ရောဂါမရှိဘဲ ဆေးကိုစွဲလမ်း စွာ သောက်နေသူအတွက် တားဆီးသတိ ပေး၍ မရသောအခါ အခြားနည်းလမ်းများ ရှာဖွေ၍ ကုသပေးကြသည်။ ထိုအခါ Placebo ခေါ်သော သောက်နေကျ ဆေးဝါးနှင့် အလားတူပုံသဏ္ဍာန်တူ ဆေးဝါးများ ပေါ်ပေါက်လာသည်။ Placebo ဆေးများသည် အခြားဆေးတစ်ခုနှင့် အလားတူပုံသÌာန်၊ အရသာတူအောင် ဖန်တီးထားသော်လည်း မည်သည့် အဆိပ် အတောက်မျှမပါရှိ၊ လူကို အကျိုးယုတ် စေသော ပစ္စည်းများ ထည့်သွင်းဖော်စပ် ထားခြင်းမရှိသော ဆေးအတုဖြစ်သည်။ နေ့စဉ်ဆေးဝါးစွဲလမ်းစွာသောက်သူအား ဆေးသောက်ချင်လာသည့်အခါ Placebo ဆေးကိုတိုက်သည်။ ဆေးသောက်သူက ငါတော့ ဒီနေ့သောက်နေကျ ဆေးသောက် ရပြီ၊ နေကောင်းသွားပြီဟု ယူဆ၍ သက် သောင့်သက်သာဖြစ်သွားစေသည်။

Placebo ဆေးဝါးများသည် သုံးစွဲသူ ကို အန္တရာယ်မရှိစေသော သုံးစွဲသူ၏ဆေး သောက်လိုစိတ်ကို လှည့်စားထားသော တုပဆေးဝါးများသာဖြစ်သည်။ မည်သည့် အာနိသင်မှ မရှိပေ။ Placebo= (A harm less substances given as medicine) ဖြစ်သည်။ မည်သည့်ဆေးဝါးစွဲလမ်းမှုမဆို ငွေ ကုန်ကျများစွာဖြင့် ကုသရခြင်းကြောင့် မလိုလားအပ်သောကိစ္စများကို လုပ်ဆောင် နေကြရသည်။ သို့ဖြစ်၍ စွဲလမးမှုများကို ဆေးဝါးမသုံးစွဲရဘဲ ပျောက်ကင်းအောင် အခြားနည်းလမ်းများဖြင့် ကျင့်ကြံနေထိုင် သွားသင့်ပါကြောင်း အကြံပေးရေးသား လိုက်ရပေသည်။

ကျော်စိုးနောင်

အသက်ကြီးသူများအတွက် အစာ(၅)မျိုး



အောက်ဖော်ပြပါ အစာ(၅)မျိုး သည် အစာ များများစား တတ်သူများ အစာမ လျော့ဘဲ နောက်ဆက် တွဲဆိုး ကျိုးများကို အတော်အတန်ကာကွယ်လျော့ချရန် သင့် လျော်သော အစာများဖြစ်သည်။

(၁) ငရုတ်သီး

မိမိစားမည့်အစားအစာတွင် အစပ် ပါဝင်ခြင်းသည် ထိုအစားတွင်ပါဝင်သော အဆီဓာတ်စုပ်ယူမှုကိုလျော့ချပေးနိုင် သည်။ ငရုတ်သီးစပ်စပ်စားခြင်းသည် သွေး တွင်းကိုလက်စရောဓာတ်ကို လျော့ချ၍ ဓာတ်တိုးမှုကိုဆန့်ကျင်ကြောင်း တွေ့ရှိရ သည်။

(၂) လိမ္မော်ရည်

လိမ္မော်ရည်တွင်နှလုံးကိုထိခိုက်စေ မည့်အဆီနှင့် ကယ်လိုရီတို့ကိုလျော့ချပေး နိုင်သော ဓာတ်တိုးဆန့်ကျင်သည့်ဂုဏ်သ တ္တိရှိသည်။ အဆီနှင့်ကယ်လိုရီများသော အစာကို စားထားသော်လည်း လိမ္မော် ရည်တစ်ဖန်ခွက်သောက်ပါက ゞင်းတို့၏ ဘေးထွက်ဆိုးကျိုးများကို လျော့ချပေးနိုင် သည်။ ဈေးကွက်တွင်ရသောလိမ္မော်ရည် ပုလင်းများ၏ မိမိဘာသာသဘာဝအသီး ကို ညှစ်လို့သောက်သုံးခြင်းက ပိုအကျိုး များစေမည်ဖြစ်သည်။

(၃) ရှာလကာရည်

ယင်းဖန်ခွက်ထဲသို့ထည့်၍လည်း ကောင်း၊ အသုပ်တွင်ဆမ်း၍လည်းကောင်း စားသုံးနိုင်သောရှာလကာရည်သည် စား ပွဲတင်ဇွန်းတစ်ဇွန်းခန့်မျှနှင့် သွေးတွင်း သကြားဓာတ်ကို ရုတ်တရက်တိုးတက် ခြင်းမှ လျော့ချပေးနိုင်ကြောင်း တွေ့ရှိရ သည်။ ဆီးချိုရောဂါရှိသူများအတွက် အ ထူးသင့်လျော်လှပေသည်။

(၄) သစ်သီးဝလံများ

အစာစားပြီးတိုင်းသစ်သီးတစ်မျိုးမျိုး ကိုစားပြီးပါက ၄င်းအစာများတွင်ပါဝင် သည့် အဆီများဆုပ်ယူမှုကို လျော့ချနိုင် သည်။ အဆီများကခန္ဓာကိုယ်ကိုဒုက္ခပေး သောကိုလက်စရောထုတ်လုပ်မှုကိုပါ လျော့ချနိုင်သည်။ ထို့ကြောင့်အစာစားပြှီး ဓာတ်တိုးဆန့်ကျင်မှုမြင့်မားသည့် စတော် ဘယ်ရီ၊ စပျစ်သီး၊ သခွားမွှေးအစ ရှိသည် တို့ကိုစားသင့်သည်။

(၅) ဝိုင်

ဝိုင်တွင်ပါဝင်သောဓာတ်တိုးဆန့်ကျင် နိုင်စွမ်းသည်လည်း အစာတွင်းရှိအဆီ ဓာတ်ကိုလျော့ချပေးနိုင်သည်။ ထို့ကြောင့် ဝိုင်နီကိုဟင်းထည့်ချက်ဟလည်းကောင်း၊ အစာမစားမီ(သို့)စားပြီး တစ်ဖန်ခွက် သောက်စလည်းကောင်း သုံးဆောင်သင့် သည်။ သို့သော်တစ်ဖန်ခွက်သည်သာခန္ဓာ ကိုယ်အတွက်အကောင်းဆုံးဖြစ်သည်။

Sunday, November 13, 2011

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ မိန်းမပီသတာ စိုးရိမ်စရာမရှိပါ

ကျွန်မမှာလဲ ရာသီမမှန်တဲ့ ပြဿနာ ရှိပါတယ်။ ရာသီစလာတဲ့ အရွယ် ကတည်းက ခုထိမမှန်တာပါ။ အခုအသက်က ၂ဝ ပါ။ အရင်တုန်းက အတော်လေး ပိန်ပါတယ်။ ခုနောက်ပိုင်းတော့ ဝချင်လို့ အစားတွေစား လေ့ကျင့်ခန်းတွေလုပ်နဲ့ ဝလာတယ်။ သွေးအားကတော့ နည်းပါတယ်။ ပုံမှန် ၉ဝ-၆ဝ ပဲရှိပါတယ်။ Folic acid ပါတဲ့ Vifron အားဆေးလဲ သောက်ပါတယ်။
ရာသီ မမှန်တာကတော့ တစ်ခါတလေ ၃ လလောက်အထိကြာ တတ်ပါတယ်။ ရန်ကုန်မှာလဲ အာရှတော်ဝင်မှာ တစ်ခါ သွားပြပါတယ်။ OG က ဓါတ်မှန်တွေ ရိုက်ခိုင်းပါတယ်။ သွေးလဲစစ်ရပါတယ်။ ဒါပေမဲ့ စစ်ဆေးတာ ဆွေးနွေးတာ အချိန် နည်းနည်းပဲ ပေးပါတယ်။ Polycystic Ovarian Syndrome အဲဒါနဲ့ပါတ်သက်တာ စစ်ရဲ့လားလဲ မသိပါဘူး။ ကျားဟော်မုန်းနဲ့ ပါတ်သက်တာလဲ စစ်ရဲ့လား မသိဘူး။ အဲဒါနဲ့ နောက်တခါ ဆေးခန်း မပြဖြစ်တော့ပါဘူး။ ကြားဖူးတာက လည်ပင်းက သိုင်းရွိုက်အကြိတ် ကြောင့်လဲ ဖြစ်တတ်တယ်ဆို ဟုတ်လားဆရာ။ သိုင်းရွိုက်အကြိတ်နဲ့ မိန်းကလေး ရာသီလာတာ ဆက်စပ်မှု ရှိရင်လဲ ပိုစ့်တစ်ခု တင်ပေးရင် ဝမ်းသာမှာပါဆရာ။

Polycystic ovary syndrome (PCOS) ဆိုတာ အပျိုပေါက်ကနေ သွေးဆုံးအရွယ်အထိ အမျိုးသမီးများမှာ ၅-၁ဝ% ရှိနိုင်တယ်။ ကလေးမရနိုင်ခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ကဖြစ်တတ်။ အဝလွန်သူ၊ မျိုးဥမထွက်သူ၊ ရာသီ နည်းသူ- မမှန်သူ-မလာသူ။ နောက်ပြီး၊ ယောက်ျားနဲ့ ဆင်တူတဲ့ လက္ခဏာတွေဖြစ်တဲ့ ဝက်ခြံပေါက်၊ မျက်နှာ အဆီပြန်ဆိုတာတွေက Androgen ကျားဟော်မုန်း သတ္တိကဲတဲ့ သင်္ကေတတွေရှိသူ။

မကြာမကြာတွေ့ရတတ်တဲ့ မျိုးဥအိမ်အလုံးခေါ်တဲ့ Ovarian cyst ဖြစ်တိုင်းလည်း PCOS မဟုတ်သလို PCOS ရှိတိုင်းလဲ မျိုးဥအိမ်ကြီးနေတာ ဖြစ်ချင်မှဖြစ်ပါတယ်။

ဒါ့ကြောင့် ရာသီနည်းတိုင်း၊ မမှန်တိုင်း၊ အဝမလွန်-အလွန် မပိန်ရင်၊ ဒီရောဂါမျိုး မစိုးရိမ်ပါနဲ့။ ကလေးဖွါးဘူးရင်လဲ ဖြစ်ဘို့ နည်းတယ်။ မိန်းမပီသသူတွေ စိုးရိမ်စရာမလိုပါ။ မ-လိုလို၊ ကျား-လိုလိုဆိုရင် လိုတယ်။ စိတ်က “ယောက်ျားမိန်း” ဖြစ်နေတာထက် ရုပ်က ဖြစ်နေရင် စစ်ဘို့လိုတယ်။ ဝက်ခြံထူ၊ အမွှေးကြမ်း၊ နှုတ်ခမ်းမွှေးရေးရေး ဆိုတာမျိုး ပြောတာပါ။

Amenorrhea ရာသီမလာခြင်းရဲ့အကြောင်းရင်းဟာ (၁) Hypothalamic-pituitary-ovarian axis ဖိုခနောက်ဆိုင် အကြောင်းသုံးပါး၊ (၂) မွေးလမ်းကြောင်းခန္ဓာဗေဒ ပုံမှန်မဟုတ်လို့နဲ့ (၃) ဇီဝအလုပ် မမှန်တာတွေကြောင့် ဖြစ်ရပါတယ်။

Hypothalamic အကြောင်းရင်းဆိုတဲ့ထဲမှာ ဦးနှောက်ကင်ဆာလဲ ပါတယ်။ Pituitary causes ဆိုတာကတော့ နို့ထွက်စေတဲ့ ဟော်မုန်း Prolaction သိပ်များနေရင်၊ ဒါမှမဟုတ် Pituitary ကင်ဆာ၊ အမှန်က ဦးနှောက်ကင်ဆာပါဘဲ။ သူ့ကို ဓါတ်ကင်မိလို့ကြောင့်လဲ ဖြစ်ပါတယ်။ Ovarian မျိုးဥအိမ် အကြောင်းခံထဲမှာ Hyperandrogenemia ခေါ်တဲ့ ကျားဟော်မုန်းတွေ သိပ်များနေရင်၊ ဓါတ်ကင်ရရင်၊ ကင်ဆာဆေး သောက်ရရင် ဖြစ်တယ်။

အမျိုးသမီး မွေးလမ်းကြောင်းမှာ ပြဿနာတခုခု ရှိတာရဲ့ ဥပမာကတော့ သားအိမ်အတွင်းမယ် တွယ်ကပ်မှုတွေ ဖြစ်နေတာ၊ Imperforate hyman အပျိုမြှေး လုံးဝပိတ်နေတာနဲ့ Vaginal septum မွေးလမ်းကြောင်းမှာ အကန့် ပါနေတာတွေ ပါတယ်။

အပျိုမြှေး လုံးဝပိတ်နေတာမျိုးက မိန်ကလေးတယောက် အရွယ်ရောက်ချိန် လွန်တာတောင် ရာသီပန်း မပွင့်သေးတာမျိုး။ အသက် ၁၄-၁၅ နှစ်အထိ ရာသီမလာရင် ဆရာဝန်ပြပါ။ မသိဘဲ ကြာသွားလို့ ဗိုက်ကလေးက ဖေါင်းဖေါင်းလာ၊ မအေက ရာသီအကြောင်းမေး၊ မလာသေးဘူးပြောတော့ တမျိုးထင်။ ကံဆိုးရင် အရိုက်ခံရ။ နှိပ်စက်ပြီး ပုလိပ်စစ်စစ်ခံရမယ်။ နောက်ဆုံးမှ ကျန်းမာရေး အသိရှိသူတွေ စောင်မလို့ ဆရာဝန်လာပြတယ်။ အပျိုမြှေးမှာ ထုံဆေးလေးထိုး၊ ခွဲစိတ်ဒါးနဲ့ ဒေါင်လိုက်တချက် ကန့်လန့်တချက် ခွဲပေးလိုက်တာနဲ့၊ လားလာ့း့ အမဲ-အညို၊ နောက် နီညိုညို-အနီ ရာသီသွေး ဟောင်းတွေ ဒလဟော ဆင်းလာတာ၊ ဒီလိုဝေဒနာမျိုး နှစ်ခါမက လုပ်ပေးရဘူးတယ်။

မွေးလမ်းကြောင်းမှာ မွေးရာပါ အကန့်ရှိနေတာကို ခပ်ရှားရှား တွေ့ဘူးတယ်။ ပါမောက္ခ-မမတွေက ဆေးကျောင်းသားများကို သင်ကြားဘို့ ရှားတာမှန်သမျှ စုထားကြရတယ် မဟုတ်လား။ “အာစရိရ-ကျေးဇူး”၊ “ဂီလာန-ကျေးဇူး” အထူး မမေ့ပါ။

တခြား အကြောင်းရင်းတွေလဲ ရှိသေးတယ်။ “မီးယပ်ပိန် မီးယပ်ခြောက်”လို့ အခေါ်ခံရသူမျိုး။ မော်ဒယ် (ငါးဖေါင်ရိုးခြောက်) သင်တန်းသူများ။ နာတာရှည်ရောဂါသည်၊ စိတ်ဖိစီးမှုခံစားနေရသူ၊ မူးယစ်ဆေးစွဲသူ၊ လေ့ကျင့်ခန်းလုပ်တာ များလွန်းသူ၊ ပဋိသန္ဓေတားဆေးနဲ့ အဆင်မပြေသူ ဆိုတာတွေ ဖြစ်တယ်။ အာဟာရချို့တဲ့သူတွေလဲ ပါတယ်။ (အီသီယိုးပီးယာ) နဲ့ မြန်မာဟာ အကြောင်းခံမှာ တမျိုးစီပေမဲ့ အကျိုးပေးတူကြတယ်။ ဂုဏ်မယူစရာပေါ့ဗျာ။

(သိုင်းရွိုက်) ရောဂါ
ရာသီမမှန်တာနဲ့ လည်ပင်းကြီးရောဂါ သိပ်တော့ မဆိုင်ပါလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ လည်ပင်းကြီး ဟော်မုန်းဓါတ် လွန်ကဲနေသူမျိုးမှာ ပြဿနာ ရှိပါတယ်။ လည်ပင်းက မြင်သာအောင် ကြီးချင်မှ ကြီးနေလိမ့်မယ်။ ရင်တုံမယ်၊ နှလုံးခုန် မြန်မယ်။ အိမ်ထောင်သည်ဆိုရင် သူ့ခင်ပွန်းကအရင် ဇနီးသည် မူပြောင်းလာတာကို သတိကောင်းကောင်း ထားမိလာမယ်။ စိတ်တို-စိတ်ဆိုးတာ များပြီး၊ ဘာလုပ်လုပ် ဟောဟောဒိုင်းဒိုင်း။ တက်ကြွသလား မမေးနဲ့၊ သူကချည်း ရှေ့က။ “ကွိုင်”မှာက ညအိပ်ရင် သူကသာ ပန်ကာ-ပြူတင်း ဖွင့်အိပ်ချင်လိမ့်မယ်။ ပို အိုက်တတ်တာကိုး။

ဒီလိုဖြစ်လာရင် ဆရာဝန်ပြပါ။ Thyroid essay စစ်ဆေးလိမ့်မယ်။ များနေရင် ဆေးပေးမယ်။ အရင်က စားဆေးသာရှိပေမဲ့ ခုခေတ်မှာ အဏုမြူဆေးကြွေးတာ ထိရောက်ပါတယ်။ မပျောက်ခင် ရာသီရော ကိုယ်ဝန်ကိစ္စတွေပါ မမှန်တာဖြစ်စေတယ်။ တလောက မိတ်ဆွေတဦးရဲ့ ဇနီးကို မြင်တာနဲ့ သံသယရှိလို့ ဆေးစစ်ခိုင်းရတယ်။ ဒိအရင် ကိုယ်ဝန်က ဗိုက်ထဲမှာတင် ကလေးအသေ Intra-uterine death (IUD) ဖြစ်လို့ ကုပေးရသေးတယ်။ အခု အဏုမြူဆေးပါတ်လည်လို့ အကောင်းပကတိ ဖြစ်နေပြီ။ အသိစောလို့သာပေါ့။ မျက်လုံးပါ လက္ခဏာပြနေပြီ။ လည်ပင်းကြီးဟော်မုန်းများရောဂါဟာ ကြာရင် မျက်လုံးပြူးလာတယ်။

မှန်ကြည့်ရင် ကိုယ့်မျက်လုံးကိုယ် သတိထားကြည့်ပါ။ “သမင်မ မျက်လုံး” ထက် ထူးပြီး၊ “ဇီးကွက် မျက်ပြူး” ဖြစ်နေသလား။

Dr. တင့်ဆွေ

Friday, November 11, 2011

.ကော်ဖီ သောက်လျှင် ခေါင်းကြည်၍ ဖျတ်လတ်သည် ဆိုခြင်းမှာ စိတ်လှည့် စားမှု သာဖြစ်သည်


ဘရစ်စတို ယူနီဗာစီတီမှ သုတေသန ပြုလုပ်သူ များသည် လူပေါင်း ၃၇၉ ယောက်အား ၁၆ နာရီ ကြာမျှ ကော်ဖီ သောက်သုံးခြင်းမှာ ရှောင်ထား ခိုင်းပြီး လူအချို့အား ကော်ဖီ (ကဖေးသောက်စေခြင်း) လူအချို့အား ကော်ဖီ မဟုတ်သော ပလဲစီဘို (placebodummy drink) အား သောက်သုံး စေပြီး ကော်ဖီ သောက်သုံးခြင်း (ကဖင်းသုံးစွဲခြင်း) ၏ အာနိသင်အား စမ်းသပ်မှု ပြုလုပ်ခဲ့ ကြပါတယ်။ အဆိုပါ လေ့လာချက်အား နျူရိုဆိုက် ကို ဖာမာကော်လော်ဂျီ ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ်ပါတယ်။
ဒေါက်တာ ပီတာရော်ဂျား(စ်) မှာ အဆိုပါလေ့လာမှု၏ ဦးဆောင်သူဖြစ်ပြီး စိတ်ပညာ ဌာနမှ ဖြစ်ပါတယ်။ သူ၏ လေ့လာမှုနှင့် ပတ်သက်၍ ပြောကြားရတွင်

“ ကျွန်တော်တို့ ကော်ဖီ သောက်သုံးတဲ့ အတွက် အကျိုး ကျေးဇူး ကောင်းတွေ ရရှိ တယ်ဆိုတာ မဟုတ် မမှန်ပါဘူး၊ ကော်ဖီ သောက်သုံးတဲ့ အတွက် ဖျတ်လတ်မှု alertness ရရှိ တာတော့ မှန်ပါတယ်။ ကော်ဖီက ကျွန်တော်တို့ကို ပုံမုန် ပြန်ဖြစ်ရုံ သာစွမ်းဆောင် နိုင်ပါတယ်။

တစ်ချိန်တည်း မှာပဲ ကော်ဖီသောက်ခြင်းဟာ စိတ်ပူပန်မှုကို များပြား စေပြီး ကော်ဖီကို လိုတာထက် ပိုမို သောက်သုံးနေခြင်း ဖြစ်တဲ့ tolerance ရတယ် ဆိုပြီး ကော်ဖီ ၅ ခွက် ၆ ခွက် သောက်သုံးခြင်း ကိုလည်း အန္တရာယ် အရှိဘူးလို့ တွက်ဆ လို့ ရပါတယ်။

ကျွန်တော်တို့ ရဲ့ လေ့လာမှုမှာ လူတစ်ဝက်ကို ကော်ဖီ လုံးဝ မသောက်စေခြင်း သို့မဟုတ် ကော်ဖီ အနည်းငယ်သာ သောက်သုံး စေခြင်း ပြုလုပ်ပြီး ကျန်တစ်ဝက်ကိုတော့ ကော်ဖီ အတော်များများ သောက်သုံးစေ ခဲ့တာဖြစ် ပါတယ်။ ကော်ဖီ များများ သောက်ထားတဲ့ သူတွေကို နောက် တစ်နေ့ မှာ ကော်ဖီ မဟုတ်တဲ့ dummy drink ကို သောက်သုံးစေ ခဲ့ရာမှာ သူတို့ဟာ နောက်နေ့ မှာ ဖျတ်လတ်မှု လျော့ကျနေပြီး ခေါင်းပို ကိုက်တယ် ဆိုတဲ့ သူတွေမှာ တော့ အဆိုပါ ခေါင်းကိုက်ခြင်း၊ အစရှိတာတွေ မရှိတာတွေ တွေ့ရှိပါတယ်။

အဆိုပါ အချက်အရ ကော်ဖီရဲ့ ကဖင်းဓါတ်ဟာ ကော်ဖီသောက်တဲ့ သူတွေကို ပုံမုန်သာ ဖြစ်စေပြီး ကော်ဖီသောက်သုံး ရတဲ့ အတွက် ပို၍ ဖျတ်လတ်ခြင်း ခေါင်းကိုက်ခြင်း မကိုက်ခြင်း အစရှိတာတွေ နဲ့ မသက်ဆိုင်ကြောင်း ပြသခြင်း ဖြစ်ပါတယ်။ ကော်ဖီစစ်စစ် (instant coffee) တစ်ခွက်မှာ ကဖင်းဓာတ် 60-100mg ပါဝင်ပြီး latte သို့မဟုတ် အက်စပရက်စို espresso မှာတော့ ကဖင်းဓာတ် 90-200 mg ပါဝင်ပါတယ်။ 55mg ချောကလိတ်ဘား တစ်ချောင်းမှာ ကဖင်းဓာတ် 40-50 ပါဝင်ပါတယ်။ ကျွန်တော် တို့ရဲ့ ဗဟို အာရုံကြောစနစ် ကြီးတစ်ခု လုံးအပေါ်မှာ ကဖင်းဓာတ်က လှုံ့ဆော်အား တစ်ခု အဖြစ်လုပ်ဆောင်ပေးပြီး အက်ဒရီနယ်လင် ဟော်မုန်း ကို ထွက်ရှိအောင် လုပ်ဆောင်ပေးတဲ့ အတွက် ကော်ဖီသောက်ပြီးရင် လူတွေဟာ လန်းဆန်း တက်ကြွ ဖျတ်လတ် လာတယ်ဆိုတဲ့ အချက်ကို လူတိုင်းသိပြီး ဖြစ်ပါတယ်။

အဆိုပါ အချက်ကို ညဆိုင်း အလုပ်သမားများ ၊ နံနက် စောစော အလုပ်ဝင်ရ သော အလုပ်သမားများ မှာကော်ဖီ သောက်ပြီး လန်းဆန်း တယ်ဆိုတာ တွေ့ရပါတယ် ။ တစ်နေ့ ကို လေးခွက် ၊ ငါးခွက် သောက်ခြင်းဟာ ဘေးဥပဒ် ကင်းပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့တော့ တစ်နေ့ကို ကဖင်းဓာတ် 200mg ထက်ပို မသောက် သုံးသင့် ဘူးလို့ ဆိုထားပါတယ်