စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 31, 2012

မီးလောင်မှုအဖြစ်မှန်မှာ အသတ်ခံထားရသော အလောင်းကို မီးရှို့မှုဖြစ်နေ




မီးလောင်မှုကို သွားရောက်ငြိမ်းသတ်ရာမှ လူသတ်မှုဖြစ်ရပ်တစ်ခု မေလ ၃၀ရက်နေ့ နံနက် ၁၁နာရီခွဲခန့်တွင် လမ်းမတော်မြို့နယ် (၃)ရပ်ကွက် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား အမှတ်(၇၆)တတိယထပ်ညာဘက်ခန်း၌ ဖြစ်ပွားခဲ့သည်။

လူသတ်မှုဖြစ်နေ

ယင်းဖြစ်ရပ်တွင် အသက်(၁၆)နှစ်အရွယ် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော မစုစန္ဒီအောင်မှာ ဓားဒဏ်ရာဖြင့် မီးလောင်သေဆုံးနေခဲ့ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ´´ဖြစ်ရပ်ကိုကြည့်ပြီး ဘယ်သူဖြစ်နိုင်လဲ၊ သက်သေပေါ်မူတည်ပြီး အတိအကျပြောလို့ရမှာပါ။ ဓားတို့ဘာတို့ပဲတွေ့ရတယ်။ တရားခံက အမှုကျူးလွန်ပြီး မျက်နှာသစ်ခွက် (Basin) စင်မှာ လက်ဆေးပြီး ဓားကို အဲဒီမှာ ထားခဲ့တယ်။ နောက်တော့ အပေါ်ပြန်တက်ပြီး ပြန်ထွက်သွားတယ်လို့ ခန့်မှန်း၇တယ်။ အသေးစိတ်အားလုံးပြောလိုက်ရင် တရားခံပြေးမယ့်လမ်းကြောင်းကို ဖွင့်ပေးလိုက်သလိုဖြစ်သွားမှာ ။ တစ်ခုခုကျူးလွန်ခံထားရတာတွေတော့ မရှိဘူး။ မှုခင်းဆေးပညာအရ ခွဲစိတ်တော့မျ သေချာပြောလို့ရမှာ။ မရှိတာတော့ သေချာဖို့များတယ်။ အသတ်ခံရပြီးမှ မီးလောင်တဲ့သဘော၊ ဓားက ဦးခေါင်းခွံကို ခုတ်ထားတာက သေစေတဲ့အကြောင်းရင်းပဲ။ လူသတ်မှုပဲ၊ ပုဒ်မ ၃၀၂ပဲ၊ ဒီထက်ပိုတာလည်းရှိကောင်းရှိနိုင်တယ်´´ဟု ဒုတိယတိုင်းရဲတပ်မှူးက သတင်းသစ်သို့ ပြောပြခဲ့သည်။

ပြောင်းလာတာ တစ်ပတ်တည်းရှိ

´´လောလောဆယ်တော့ အတိအကျပြောလို့မရသေးဘူး။ ကိုယ်တစ်ခြမ်းလောင်သွားတယ်။ လူနာကသေပြီးသားကို မီးလောင်တာလို့ထင်ရတယ်။ မိသားစုဝင် ငါးဦးရှိတယ်။ အငယ်ဆုံးသမီးပါ။ မြို့ထဲကပဲ လမ်းမတော်ကို ပြောင်းလာတာ တစ်ပတ်လောက်ပဲရှိသေးတယ်။ အခင်းဖြစ်တဲ့အချိန်မှာ မိသားစုဝင်တွေမရှိဘူး။ တိတိကျကျကိုတော့ မှုခင်းဆရာဝန် စစ်ချက်ထွက်လာပြီးမှပဲ သိရမယ်´´ဟု သေဆုံးသူ၏ အစ်ကိုတစ်ဝမ်းကွဲတော်စပ်သူ ဒေါက်တာ ဆေးခိုင်က ပြောသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက၍ နံနက် ၁၁နာရီ ၄၅မိနစ်တွင် မီးလောင်ကြောင်း မီးသတ်စခန်းသို့ အကြောင်းကြားမှုကြောင့် နံနက်၁၁နာရီ ၅၃မိနစ်တွင် မီးသတ်ယာဉ် ၁၅စီး၊ အုပ်ချုပ်မှုယာဉ်လေးစီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ မွန်းတည် ၁၂နာရီ ၁၀မိနစ်တွင် မီးငြိမ်းသွားကြောင်း မီးလောင်မှုကြောင့် စောင်တစ်ထည်၊ ခေါင်းအုံးနှစ်လုံး၊ ဖျာတစ်ချပ်သာလောင်ကျွမ်းခဲ့ပြီး ငွေကျပ်ငါးထောင်ဖို့ခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ အခင်းဖြစ်ရာသို့ မှုခင်းထောက်လှမ်းရေး(CID)မှ အဖွဲ့ဝင်များ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ခရိုင်မြို့နယ်စခန်းမှူးများက လာရောက်စစ်ဆေးခဲ့သည်။ အမှုနှင့်ပတ်သက်၍ အဖြစ်မှန်ကို လမ်းမတော်ရဲစခန်းနှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းဆဲဖြစ်ပြီး တရားခံ မည်သူမည်ဝါဖြစ်ကြောင်းဖော်ထုတ်နေဆဲဖြစ်သည်ဟု သိရသည်။

အမှုအား သက်ဆိုင်ရာက (ပ)၁၃၀/၂၀၁၂ ပြစ်မှုဆိုင်ရာ ပုဒ်မ- ၃၀၂/၄၃၆/၂၀၁၂/၃၉၂ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။ အလောင်းအားရန်ကုန်ဆေးရုံကြီးမှ ပီအာရ် ၉၆ဖြင့် လက်ခံထားရှိသည်။ သေဆုံးသူမှာ မစုစန္ဒီအောင် အသက်(၁၆)နှစ်ဖြစ်သည်။ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးရာတွင် အခင်းဖြစ်နေအိမ်မီးဖိုချောင်မှ ကော်အရိုးတပ် အရိုးအသွား ၁၂လက်မ ဓားတစ်ချောင်းနှင့် နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်း(၁၄)မျိုး၊ ကာလတန်ဘိုး ကျပ်(၁၀၄၅၀၀၀၀)ခန့် ပျောက်ဆုံးနေသည်ဟု ဆိုသည်။

The First News Journal

ပညာရေးလား ဓါးမြတိုက် ပညာပေးလား ! ! !


မြန်မာ့ ပညာရေး---- အခမဲ့ ပညာရေးလား ဓါးမြတိုက် ပညာပေးလား မေးစရာပါ။

ဇွန်လ ၁ ရက် နီးတော့ မြန်မာပြည်မှာ အခုဆိုရင် သူငယ်တန်းမှ အထက်တန်းအထိ ကျောင်းအပ်နေကြပါသည်။
မေလ ၂၈ ရက်နဲ.မှ မေလ ၃၁ ရက်အထိ ကျောင်းအပ်ရမယ်လို့ ကျာင်းတွေက ကြေညာထားပြီး ကျောင်းသား မိဘတွေ ကလေးငယ်တွေကို ကျောင်းအပ်တဲ့အချိန်ပါ။

ကျောင်းအပ်တဲ့အခါ ဘာမှ ပေးစရာမလိုဘူး အမခဲ့လို. အစိုးရက တရားဝင် ကြေညာထားသော်လည်း တကယ် တန်းမှာတော့ ကျောင်းသားတဦးကို ရှမ်းပြည်နယ် မူဆယ်မြို.မှာ ကလေးတွေကို ကျောင်းအပ်မယ်ဆိုရင် ကျောင်းသားဟောင်းကို ၆၀၀၀ ကျပ် ဆိုပြီး စာအုပ်စာတမ်းနဲ. အလှူငွေဆိုတဲ့ ခေါင်းစဉ်နဲ. အတန်းပိုင်ဆရာတွေက ကျောင်းအုပ်ကြီးတွေနဲ. ပေါင်းပြီး မိဘတွေဆီကနေ ငွေ တောင်းယူနေပါသည်။

မူဆယ်မြို.ရှိ အထက( ၁) မှာ ကျောင်းသား သစ် တဦး ကျောင်းအပ်မယ်ဆိုရင် အလယ်တန်းကျောင်းသား တဦးကို ကျပ်ငွေ ၁၀ ၀၀၀ ( ၁သောင်း) နှုန်း ပေးရပါသည်။

မူဆယ်မြို. ဆေးရုံရှေ.ရှိတဲ့ အထက (၁)ခွဲမှာ ကျောင်းအပ်မယ်ဆိုရင် တချို. အတန်းပိုင်တွေက ကျောင်းသား တဦးကို ကျပ် ၆ထောင် အပြီးအစီးဆိုပြီး မိဘတွေဆီကနေ ငွေယူပါတယ်။ ကျောင်းအုပ်ကြီးကို ၃၀၀၀ ပေးရပြီး ကျန်တဲ့ ၃၀၀၀ ကျပ်ကိုလည်း အတန်းပိုင် ဆရာနဲ.ကျောင်းက တခြားဆရာမတွေက ခွဲဝေယူကြတာပါ။

ကျောင်းအတွက် အလှူငွေ ရံပုံငွေလို. ပြောသော်လည်း တကယ်တမ်းမှာတော့ ကျောင်းအတွက် ဘာမှ မသုံးပဲ ဆရာ ဆရာမတွေပဲ ခွဲယူတာပါ။ ကျောင်းသားသစ် ဆိုရင်တော တပြား ပေးမှ ရပါသည်။

ဒါတောင် အထက (၁)ခွဲက ၆ တန်း အတန်းပိုင် ဆရာမ ဒေါ်စီစီဘောက်မိုင် ဆိုရင် ကျောင်းသား သစ်ရော ကျောင်းသားဟောင်းပါ အပ်မယ်ဆိုရင် ဘယ်နှစ်ပုံးပေးမလဲ( ဘယ်နှစ်သိန်း ပေးမလဲ) ဆိုပြီး ပြောင်ကျကျ တောင်းနေတာ ဖြစ်ပါသည်။

ကျောင်းသားတွေဟာ ကျောင်းအပ်တဲ့အခါ ငွေ ပေးရတဲ့အပြင် အတန်းပိုင် ဆရာ ဆရာမတွေကို တနှစ်စာ ကျူရှင်ခဆိုပြီး ကျောင်းသား တဦးကို ကျပ် ၈ သောင်းနှုန်း အတန်းပိုင် ဆရာ ဆရာမတွေကို ပေးရတဲ့အပြင် Study Guide အတွက် ဆိုပြီး သီးသန်. ထပ်ပေးရပါတယ်။

ဆရာမတွေက ကျောင်းဝင်းထဲမှာ အခန်းတွေ ဖွဲ.ပြီး ကျောင်းသူ ကျောင်းသားတွေကို ဒါကူး ဒါကြိုက်ဆိုပြီး ကျောင်းဝင်းထဲမှာ အခန်းဖွဲ.ပြီး မေးခွန်းတွေကို လေ့ကျင့်ပေးပြီး တရားမ၀င် ငွေရှာနေတာလည်း ဖြစ်ပါသည်။ ဒါကြောင့် ကျောင်းထဲမှာတင် ဆရာမ တွေရှဲ့Study Guide လုပ်တဲ့ အခန်းတွေလဲ ရှိပါသည်။

အခန်းတခန်းမှာ ကျောင်းသား၊ ကျာင်းသူ ၅၀ ရှိတာမို. ကျူရှင်ခအတွက် တနှစ်စာဆိုရင် အတန်းပိုင်ဆရာမှက သိန်း ၄၀ လောက် ရနေတာပါ။ နောက် ကျောင်းအပ်ခနဲ. Study Guide ကြေးပါ ထည့်တွက်မယ်ဆိုရင် အတန်းပိုင်ဆရာမ တဦးအတွက် ဘယ်လောက် ကိုက်သွားမလဲ ၀င်ငွေက။ ။

ဒါကြောင့် တနှစ် တနှစ် ကျောင်းအပ်တဲ့ ရာသီမှာ ဆရာ ဆရာမတွေ အထူးသဖြင့် အတန်းပိုင် ဆရာမတွေဟာ သိန်း ၅၀ ကျော်လောက် ၀င်ပြီး ရွှေတွဲလွဲ လက်ကောက် တချွန်ချွန် ဆွဲကြိုး တ၀င်းဝင်းနဲ. ဖြစ်ကုန်တတ်ပါတယ်။ ဒါကြောင့်လည်း အတန်းပိုင်ဆရာမ ဖြစ်ဖို. ကျောင်းအုပ်ကြီးကိုလည်း ငွေထိုးပြီး နေရာ ရရှိဖို. အချင်းချင်း ဆရာဆရာမတွေ နေရာ လုရတာလည်း အမော်ပါ။

ဒါအပြင် ကျောင်းသားတွေ ကျောင်းထက်လက်မှတ် Transfer Certificate-TC တောင်းမယ်ဆိုရင်လည်း အလယ်တန်း ကျောင်းသားတဦးကို ကျပ် ၁သောင်းခွဲနှုန်း ကျောင်းတွေကို ပေးရပါသည်။ တချို. ရွာက ကျောင်းတွေဆိုရင် ၄ တန်း မအောင်လျင် ကျောင်းထွက် လက်မှတ် မပေးဘူးဆိုပြီး နယ်က ကျောင်းအုပ်တွေကလည်း မိဘတွေကို အနိုင်ကျင့်နေပါသည်။

မူဆယ်မြို.အ၀င် ICTC ဆိုတဲ့ မူကြို ကျောင်းကတော့ အထက (၁)ခွဲက ကျောင်းအုပ်တွေ အတန်းပိုင် ဆရာတွေကို ငွေပေး နားလည်မှု ယူပြီး သူငယ်တန်း ပထမတန်း ကျောင်းသားတွေကို ကျောင်းကို သွားစရာ ကျောင်းမှာ သွား စာသင်စရာ မလိုပဲ ဦးအေး ပိုင်တဲ့ မူကြိုမှာပဲ နှစ်ပေါက် ကျောင်းတက်ပြီး စာမေးပွဲ ဖြေတဲ့ အချိန်မှာပဲ ကျောင်းသားစာရင်းက ကျောင်းမှာ တရားဝင် ထည့်ပေးတာမို. စာမေးပွဲ ဖြေခွင့်ရရှိအောင် ဖန်တီးပြီး ရိုက်စား လုပ်နေတာလည်း ရှိပါသည်။

ဒီတော့ သူငယ်တန်း ၁တန်းကျောင်းသားတွေဟာ ကျောင်းတက်ဆရာ ကျောင်းခေါ်ချိန် မမှီပဲ ပုဂ္ဂလိက မူကြိုဆက်ပြီး စာမေးပွဲ ဖြေဆိုခွင့် ရရှိအောင် ICTC မူကြို ကျောင်းနဲ. အထက(၁)ခွဲက ကျောင်းအုပ်နဲ. အတန်းပိုင် ဆရာမတွေ ပေါင်းပြီး ရိုက်စားတဲ့ အကွက်ပါ..အခုလို မိဘတွေ ကျောင်းသားတွေဆီကို အလှူခံငွေ ရံပုံငွေ ကောက်ရတာဟာ ပညာရေးဌာနက အခြေခံပညာဦးစီးဌာနက အရာရှိတွေ မူဆယ်ကို လာရင် အထူးသဖြင့် လူကြီးတွေဟာ မိသားစုလိုက်နဲ. မူဆယ်ကို လာပြီး အများစုက ရွှေလီကို သွားချင်ပြီး ဈေးဝယ်ချင်တာမို. လူကြီးတွေ ဧည့်ခံစရိတ်တွေ လက်ဆောင်တွေကို ကာမိအောင် မိဘတွေဆီကိုနေ အကူအညီ တောင်းရတာပါလို. ကျောင်းအုပ်ကြီး ဦးဝင်းမြင့်က ဆိုပါသည်။

အခြေခံပညာဦးစီးဌာနက လူကြီးတွေ လာတဲ့အခါ ပုဂ္ဂလိကအဆောင်တွေ ဘော်ဒါဆောင်တွေ ဖွင့်လှစ်ထားတဲ့ Kyaw Family Education Centre မှ ဦးကျော်ကျော်တို. MIEC မှ ဦးဆောင်းဝင်းလတ်တို. ICTC မှ ဦးအေးတို.က ရွှေလီအထိ လိုက်ပြီး လူကြီးတွေ သူတို. မိသားစုတွေ သားမယားတွေ လိုချင်တဲ့ ပစ္စည်းတွေကို လက်ဆောင်အဖြစ် ၀ယ်ပေးရတဲ့အပြင် ကြိုဆို ဧည့်ခံ ကျွေးမွေးရေးကိုပါ တာဝန်ယူပေးရတာလည်း အမော်ပါ။ မူဆယ်ဆိုရင် မြန်မာအစိုးရ လူကြီးတွေကလည်း ဌာနဆိုင်ရာအလှည့်ကျနဲ. ခဏခဏ လာတတ်ပါသည်။

ဒီနှစ်မှာ ၄တန်းနှင့် ၈ တန်းက အစိုးရစစ် စာမေးပွဲ ပြန် ဖြစ်သွားတာမို. မြန်မာ့ ပညာရေးဟာ အစမ်းသပ်ခံ ပညာရေးပဲ ဆက်ဖြစ်နေပြီး အခမဲ့ ပညာရေးလား ဓါးမြတိုက်တဲ့ ပညာပေးလားဆိုတာ မေးစရာပါ။ ရွှေဝယ်ဖို. တနှစ်ကို သိန်း ၄၀ ကျော် ၀င်အောင် ငွေ တောင်းတာမို. ဆရာ ဆရာမတွေဟာ လစာနဲ. စားဝတ်နေရေး မလုံလောက်လို. မပြေလည်လို. မဟုတ်ပဲ စီးပွားရေးလုပ်သလို ဖြစ်နေတာမို. ဒီလုပ်ရပ်တွေဟာ မြန်မာပြည်က ကျောင်းတွေ အထူးသဖြင့် မြို.ပေါ်တွေမှာ ရှိတဲ့ ကျောင်းတွေမှာ ဖြစ်ပွားနေတဲ့ ပညာရေး လာဒ်စားမှု ကင်ဆာရောဂါတခု ဖြစ်ကြောင်း တင်ပြ အသိပေးလိုပါသည်။

by Udp Myanmar

ဥပဒေမဲ့ မင်းမဲ့ စရိုက်ဆန်ဆန်လုပ်ရပ်..........


သို့
ဗျူဟာမှူး ရှမ်းအရှေ့ ၊ တာချီလိတ်မြို့

တာချီလိတ်မြို့ ၊ ရီဂျီးနားဂေါက်ကွင်းတွင် လုံခြုံရေးတာဝန်ကျနေသော စစ်သားများ၏ဥပဒေမဲ့ ၊ မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်များအား တင်ပြခြင်း။

ဖြစ်စဉ်မှာ (၂၅-၅-၂၀၁၂) ည(၈း ၄၅)အချိန်တွင် တာချီလိတ်မြို့၊ ရီဂျီးနားဂေါက်ကွင်း ဆိုင်းဘုဒ်အရှေ့မီးတိုင်အောက်တွင် အထက်တန်းကျောင်းသူ၊ ကျောင်းသားများဖြစ်သော နန်းဆမ်တစ်၊ နန်းဖောင်း၊ နန်းနွန်း၊ နန်းဝိုးတစ်၊ စိုင်းအောင်၊ စိုင်းနောင့်နောင့်တို့လူငယ်(၆)ဦးသည် မီးတိုင်အောက်တွင် ၀ိုင်းဖွဲ့စကားပြောနေပါ သည်။

ထိုအချိန်တွင် ရီဂျီးနားဂေါက်ကွင်းဂိတ်ပေါက်လုံခြုံရေး ကင်းတဲရှေ့တွင်ဝိုင်းဖွဲ့အရက်သောက်နေသော လူ(၅)ဦးမှ အရပ်အ၀တ်အစားနှင့်လူတစ်ဦးသည် လာရောက်၍ ဤနေရာတွင် (၁၀း၀၀)ကျော်အထိ မနေရန်လာရောက်ပြောဆိုရာ လူငယ်များမှလည်း အချိန်စောနေ၍ အခုပင်ပြန်တော့မည်ဟု ယဉ်ကျေးစွာပြော ဆိုသ်ာလည်း ထိုလူသည်အရက်လည်းအလွန်မူးနေ၍ ရိုင်းစိုင်းစွာပြန်လည်၍ပြောဆိုရာ ကျောင်းသားလူငယ် စိုင်းအောင်မှ ထိုလူအား ယဉ်ကျေးစွာပြောဆိုရန်နှင့် အရပ်ဝတ်နှင့်ဖြစ်သည့်အတွက် ဘယ်ဌာနကလည်းဟု မေးမိရာမှ ထိုလူမှာ မင်းဘာကောင်လဲ ဟုပြောဆို၍ လက်သီးနှင့်စတင်ထိုးပါသည်။

ယင်းကဲ့သို့ ရုန်းရင်း ဆန်ခတ်ဖြစ်နေသောအချိန်တွင် ကျန်ရှိသော လူများရောက်လာပြီး ကျောင်းသား လူငယ်နှစ်ဦးအား ၀ိုင်း၍ လူမဆန်စွာ ထိုးကျိတ်ကန်ကျောက်ရာ လူငယ်နှစ်ယောက်မှကိုယ်လွတ်ရုန်း၍ ထွက်ပြေးခဲ့ကြပါသည်။ ၄င်းအချိန်တွင် ကျန်ရှိနေသော မိန်းကလေး(၄)ယောက်အား ဆိုင်ကယ်သော့များ သိမ်းဆည်း၍ ကြိမ်းမောင်းပြော ဆိုပြီး နန်းစံတစ်အား ပါးရိုက်၍ ကိုယ်ထိလက်ရောက်စော်ကားပါတော့သည်။
နန်းစံတစ်မှ ငိုယိုတောင်းပန်၍ ဆိုင်ကယ်သော့များပြန်ပေး၍ ပြန်လွှတ်လိုက်ပါသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မိဘများမှမကျေနပ်သောကြောင့် (၂၆-၅-၂၀၁၂) ည(၈း၀၀)အချိန်တွင် အခင်းဖြစ်သောရီဂျီးနားဂေါက်ကွင်း လုံခြုံရေးကင်းတဲသို့သွားရောက်စုံစမ်းရာ ကိုယ်ထိ လက်ရောက် ကျူးလွန်သောလူများသည် လုံခြုံရေးဝန်ထမ်းအရပ်သားများမဟုတ်ဘဲ (၅၂၆)တပ်မှ ရဲဘော်များဖြစ်ကြောင်း ၄င်းတို့ ကိုယ်တိုင်ပြော၍သိရှိရပါသည်။

ထိုလူများထဲမှ လူတစ်ဦးသည်ယူနီဖောင်းဝတ်ပြ၍ ၄င်းသည် ဤနေရာတွင် တာဝန်ကျနေသော ရဲဘော်(နာမည်မမှတ်မိ) ဖြစ်ကြောင်း ၄င်းရဲဘော်မှမကျေနပ်လျှင် ၄င်းတို့၏အထက်အရာရှိ(၅၂၆)တပ်မှ ဗိုလ်ကြီး ဟိန်းမင်းထက်နှင့်ပြောဟု မချေမငံပြန်ပြော၍ ၄င်းတို့ဗိုလ်ကြီးနှင့် ဖုန်းစကားပြောရာ ဗိုလ်ကြီးဟိန်းမင်းထက်မှ ဖုန်းထဲတွင် ခင်ဗျားဘယ်ဌာနကလဲဟုမေးလာရာ ဘယ်ဌာနကမှမဟုတ် အရပ်သားဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အပြစ်မရှိဘဲ ကျောင်းသားလူငယ်များအား ထိုးကြိတ်ကန်ကျောက်ခြင်း၊ မိန်းကလေးတစ်ဦးအား ပါးရိုက်၍ ကိုယ်ထိလက်ရောက်စော်ကားမှုများအား တာဝန် ယူဖြေရှင်းပေးရန် ပြောကြားသော်လည်း ၄င်း၏လက်အောက်မှရဲဘော်များ၏ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့လုပ်ရပ်များအား တာဝန်မယူသည့်အပြင် ၄င်းကပါတာဝန်မဲ့စွာပြောဆိုလာပါသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းသူလေးများ၏ ထပ်မံပြောကြားချက်အရ သိရှိရသည်မှာ ထိုကျောင်းသားလူငယ်နှစ်ယောက်အားထိုးကြိတ်ကန်ကျောက်နေစဉ် ရဲဘော်တစ်ယောက်သည် ဓားထုတ်၍ထိုးသည်ကို မိန်းကလေးများမှတွေ့ရှိ၍ အော်ဟစ်ဟန့်တားဝင်ဆွဲရာမှ ၄င်းရဲဘော်သည်မူးနေသောကြောင့် သူ့ဓားနှင့် သူ့လက်ကို ပြန်လည်၍ထိုးမိသွားပါသည်။

အထက်ပါဖြစ်ရပ်များသည် ယခုလက်ရှိရီဂျီးနားဂေါက်ကွင်းတွင်တာဝန်ကျနေသော တပ်မတော်သားလက်နက်ကိုင်အဖွဲ့အစည်း၏ မင်းမဲ့စရိုက်ဆန်စွာ ကျောင်းသားလူငယ်နှင့်မိန်းကလေးများအား ကိုယ်ထိလက်ရောက်စော်ကားခြင်းကို သက်ဆိုင်ရာ တပ်ရင်းမှူး ဗျူဟာမှူးတို့မှ အရေးယူဆောင်ရွက်ပေးပါရန် တင်ပြ အပ်ပါသည်။

ကျောင်းသားမိဘ
စိုင်းဟုန်ဖ
၁၃/တခလ(နိုင်)၀၂၇၁၆၇

ရန်ကုန်က လယ်သိမ်းခံများအတွက် ဆန္ဒပြမှု

အိုးအိမ်ဦးစီးရုံးရှေ့ ဆန္ဒပြနေသော ဦးဝင်းချိုနဲ့ လယ်သမားတချို့


ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ အိုးအိမ်ရုံးရှေ့တွင် ဦးဝင်းချိုနှင့် လယ်ယာမြေများ အသိမ်းခံရတဲ့ လယ်သမား များ ဆန္ဒပြနေကြောင်းသိရပါတယ်။


မကြာသေးမီကလည်း ဦးနေမျိုးဝေနဲ့ အတူ နစ်နာမှုများ ရင်ဆိုင်နေရတဲ့ လယ်သမားများက ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးထိ လာရောက်ဆန္ဒပြမှုလုပ်ခဲ့ပါတယ်။

အခုလို ပြုပြင်ပြောင်းလဲမှုများ လုပ်လာတဲ့ မြန်မာနိုင်ငံကို စီးပွားရေးတောကြောင်တွေက အပြိုင်အဆိုင် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့ ပြင်ဆင်နေချိန်မှာ မြေသိမ်း၊ လယ်သိမ်း၊ ယာသိမ်းမှုတွေ အလွန် ကျယ်လောင် စွာပဲ ပေါ်ထွက်လာနေတာပါ။

photo - CJ Myanmar

ဧရာဝတီ

မြန်မာအလုပ်သမားများအရေး ထိုင်း ဒုဝန်ကြီးချုပ်နှင့် ဒေါ်စု ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒုတိယ ၀န်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးနေစဉ် - ဓာတ်ပုံ -Natty Tangmeesan

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့နေ့ခင်းပိုင်းက ထိုင်း ဒုတိယ ၀န်ကြီးချုပ် Dr. Chalerm Yubamrung နှင့် တွေ့ဆုံကြရာတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များနှင့် ဒုက္ခ သည်များအကြောင်း ဆွေးနွေးပြောဆိုကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများ ထိုင်းစာသင်ကျောင်းများတွင် တက် ရောက်ပညာသင်ခွင့်ရရေး အတွက် ထိုင်းအစိုးရဘက်က ကူညီပေးရန် တိုက်တွန်းပြောကြားခဲ့တယ် လို့ လည်း သိရပါတယ်။

ဒု ၀န်ကြီးချုပ် Chalerm ကလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် သူ့အနေနဲ့ အကောင်းဆုံး အကူအညီ ပေးသွားမှာဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေးစကားပြောခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။

ဒီအပြင်သူက မြန်မာနိုင်ငံသား ၂ သန်းနီးပါး ထိုင်းနိုင်ငံတွင် ရှိရာ ၈ သိန်းလောက်သာ အထောက်အထား ထုတ်ပေးထား နိုင်သေးကြောင်း၊ ထိုင်း အစိုးရအနေနဲ့ အထောက်အထားရှိတဲ့ အလုပ်သမားများအတွက် တနေ့ လုပ်အားခ ဘတ် ငွေ ၃၀၀ ရရှိရေးနဲ့ ကျန်းမာရေး ရန်ပုံငွေအတွက် ဘတ် ၃၀ စနစ်ကို အတည်ပြု လုပ်ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်တဲ့။

ဒေါ်အောင်ဆန်းစုကြည်က အထောက်အထားမရှိတဲ့ အလုပ်သမားတွေအတွက် ဘယ်လိုအခြေအနေ ရှိလဲ လို့ မေးမြန်း ရာတွင် ဒု ၀န်ကြီးချုပ် Chalerm က မြန်မာအစိုးရဘက်က အထောက်အထားမရှိတဲ့ မြန်မာ ၁.၂ သန်းကို အတည်ပြု ပေးဖို့လိုကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်တဲ့။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားတွေအနေနဲ့ ရွှေ့ပြောင်း အလုပ်သမား နိုင်ငံကူး လက်မှတ် ယူဖို့၊ နောက် အလုပ်ခွင်အတွင်း ထိခိုက် ဒဏ်ရာ ရရင် အလုပ်သမားတွေက ဆရာဝန်ကို ပိုက်ဆံ ပေးစရာ မရှိတာတွေဟာ ပြဿနာတွေ အဖြစ်တွေ့နေရတာနဲ့ ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီ စောင့်ရှောက်ဖို့ကို Chalerm ကိုပြောခဲ့ပါတဲ့အကြောင်း ထိုင်းသတင်း မီဒီယာတွေကနေ ထုတ်လွှင့်သွားပါတယ်။

ဧရာဝတီ

လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးရဲ့ မင်္ဂလာ ဧည့်ခံပွဲ ဖိတ်စာ





ဖိတ်စာပို့ရတာ အခက်အခဲ ရှိနေတဲ့ အတွက် ဖိတ်စာ အချိန်မီ မရရှိသူမိတ်ဆွေ သူငယ်ချင်းတွေ အားလုံး ကို တောင်းပန်လိုက်ပါတယ်လို့ ကာယကံရှင် ကိုကျော်ကျော်ထွေးက သူ့ရဲ့ ဖေ့စ်ဘွတ်ကတဆင့် ပြောဆို လာတာပါ။

မင်္ဂလာပွဲကိုတော့ ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီမှ ၇ နာရီအထိ ရန်ကုန်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ မှာ ကျင်းပမှာဖြစ်ပါကြောင်း သတင်းမောင်း ခတ်လိုက်ပါတယ်။

မကြာသေးခင်ကလည်း ဧရာဝတီက သူတို့ မင်္ဂလာသတင်းအတွက် ပို့စ်တင်ခဲ့ပါသေးတယ်။ အခုလို ကိုကျော်ကျော်ထွေး ခေါ် ကိုမာကီးနဲ့ မစုစုနွေးတို့ မင်္ဂလာမောင်နှံကိုလည်း ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး အကျိုးများအတွက် ပိုပြီးစွမ်းစွမ်း တမံ ကြိုးစားဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကမ္ဘာ့ စီးပွားရေးဖိုရမ်ကို တိုက်ရိုက်ကြည့်ရှု့နိုင်


World Economic Forum on East Asia 2012 မှာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားမည့် အစီအစဉ်။

World Economic Forum on East Asia 2012 မှာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  စကားပြောကြားမယ့် အစီအစဉ်ကို ဇွန်လ (၁) ရက်နေ့  သောကြာနေ့  နံနက် (၈း၃၀) နာရီကနေ နံနက် (၉) နာရီထိ နာရီဝက်ကြာ ပြောကြားမှာ ဖြစ်ပါတယ်။

၎င်းနောက် ဇွန်လ (၁) ရက်နေ့  သောကြာနေ့ မှာဘဲ ညနေပိုင်း (၅း၃၀) နာရီကနေ ညနေ (၆) နာရီထိ နာရီဝက်ကြာ မြန်မာပြည်အရေးကိစ္စကို ပြောဆိုကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက်ကြည့်ရှူလိုသူများအတွက် အစီအစဉ်ကို စောင့်ဆိုင်းကြည့်ရှုနိုင်ကြပါတယ်။


အောက်ပါ လင့်ကနေ တိုက်ရိုက်ကြည့် ရှုနိုင်ပါတယ်။

http://www.livestream.com/worldeconomicforum

Wednesday, May 30, 2012

ရန်ကုန်မြို့  ဗိုလ်ချုပ်အောင်ဆန်းလမ်း မြို့ ရွာ နဲ့ အိုးအိမ် ဦးစီးဌာနကို ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်(ပြ) သရန် ဖိတ်ခေါ်ခြင်း





Win Cho- Facebook မှ

မနက်ဖြန် မေလ (၃၁)ရက်နေ့  ဖြစ်ပါတယ်။ ကျနော့် တောင်းဆိုချက်နဲ့  ပတ်သက်ပြီး တစ်စုံတစ်ရာ အကြောင်းပြန်ကြားချက်မရှိခဲ့ ရင် ရန်ကုန်မြို့  ဗိုလ်ချုပ်အောင်ဆန်းလမ်း
မြို့ ရွာ နဲ့ အိုးအိမ် ဦးစီးဌာနကို ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်(ပြ)မယ်လို့  သတင်းပို့ ထားတဲ့ နေ့ ပါ။
မေလ(၁၅)ရက်နေ့ က အကြောင်းကြား စာပို့ ခဲ့ တာဆိုတော့  အချိန်(၁၅)ရက် ကြာခဲ့ ပါပြီ။

ကျနော်တောင်းဆိုထားတဲ့ အချက်က ``မြို့ ရွာနဲ့ အိုးအိမ်ဖွဲ့ ဖြိုးရေးဦးစီးဌာန က ထုတ်ပြန်ထားတဲ့  လုပ်ထုံးလုပ်နည်း စည်းကမ်းချက်တွေကို မလိုက်နာ(နိုင်ငံတော်ရဲ့ တည်ဆဲ ဥပဒေတွေကို ဖေါက်ဖျက်)တဲ့  ကုမ္မဏီတွေကို ထုတ်ပြန်ထားတဲ့ စည်းကမ်းအတိုင်းအရေးယူပေးဘို့ ´´ပါ။

ကျနော် မပြောရင်လည်း ဌာနက လုပ်ဆောင်ရမည့် ကိစ္စကို ကျနော်တောင်းဆိုတာတောင်မှ မလုပ်ပေးတဲ့ အပြင် အကြောင်းတစ်စုံတစ်ရာ မပြန်ကြားတဲ့ အတွက် ကျနော် ဆန္ဒပြရတော့ မှာဖြစ်ပါတယ်။

`့  နိုင်ငံရဲ့ မူဝါဒတွေဖေါ်ဆောင်မှုကိုအနှောင့် အယှက်အဟန့် အတားဖြစ်အောင်ဆောင်ရွက်နေသူတွေကို တည်ဆဲဥပဒေအတိုင်းအရေးယူဘို့  နိုင်ငံကိုချစ်တဲ့ ၊ပြည်သူတွေကိုလေးစားတဲ့ 
နိုင်ငံရေးသမားတစ်ယောက်အနေနဲ့  တောင်းဆိုဘို့ တာဝန်ရှိတယ်´´ လို့ ယူဆတဲ့ အတွက်

နေ့ ရက် ။ ။၂၀၁၂ခုနှစ်မေလ (၃၁)ရက် ၊ကြာသပတေးနေ့ 

နေရာ။ ။့ ဗိုလ်တထောင်မြို့ နယ်ဗိုလ်ချုပ်အောင်ဆန်းလမ်း၊အိုးအိမ်ဦးစီးဌာန

အချိန် ။ ။ ------း---------

ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

စက်ရုံလုံခြုံရေးနဲ့ ဆန္ဒပြသူ ရုန်းရင်းဆန်ခတ်ဖြစ်

နော်နိုရင်း၊DVB ၃၀ မေလ ၂၀၁၂

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုံ ၁ မှာရှိတဲ့ တော်ဝင်မြန်မာ ဇာထိုးပန်ထိုး စက်ရုံမှာ ဆန္ဒပြနေတဲ့အလုပ်သမားတွေနဲ့ စက်ရုံတာဝန်ရှိသူအကြား ရုံးရင်းဆံခတ်မှုဖြစ်ပွားခဲ့ပါတယ်။

တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံ ရှေ့မှာ လစာတိုးမြင့်ရေး ဆန္ဒပြနေတဲ့ အလုပ်သမား တွေထဲ က အမျိုးသမီး ၃ ယောက်ကို စက်ရုံလုံခြုံးရေးက တွန်းထိုး၊ ပါရိုက်တာ စတဲ့ ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့တဲ့အတွက် ရုံရင်းဆံခတ်ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စက်ရုံတာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရခဲ့ပါဘူး။ တော်ဝင်မြန်မာ စက်ရုံမှာ အလုပ်သမား ၂ ထောင်လောက်ရှိပြီး တထောင်က အခြေခံ လာစာ ၃ သောင်းတိုးပေးဖို့၊ တနင်္ဂနွေမှာ အလုပ် ပိတ်ပေးဖို့ နဲ့ စနေနေ့မှာ လေးနာရီခွဲပဲ အလုပ်ဆင်းရရေး အတွက် ပြီးခဲ့တဲ့ စနေနေ့မှာ စတင်ဆန္ဒပြခဲ့တာဖြစ်ပါတယ်၊

စက်ရုံက ပစ္စည်းကို စက်ရုံလုံခြုံရေးတွေက အပြင်ကို ထုတ်ဖို့ ကြိုးစားရာကနေ အလုပ်သမားတွေနဲ့ ရုံးရင်း ဆန်ခတ် သွားခဲ့တာဖြစ်ပါတယ်။ စက်ရုံ လုံခြုံရေးတွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး လှိုင်သာယာရဲစခန်းကို သွားရောက်အမှုဖွင့်ထားပါတယ်၊

လှိုင်သာယာစက်မှုဇုံ အမှတ် ၁ မှာရှိတဲ့ Hall Mark အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ လောက် ကလည်း လစာတိုးမြှင့်ရေး ဆက်လက်ဆန္ဒပြနေကြပါတယ်။

အလားတူ လှိုင်သာယာစစ်မှုဇုန်တွေမှာရှိတဲ့ မြန်မာစန္ဒီ၊ အက်စကွဲ၊ နယူးနဲ့ တိုက်ရီဖိနပ်စက်ရုံ ကအ လုပ်သမားတွေဟာ မနေ့မေလ ၂၉ ရက်နေ့ကစပြီး အခြေခံ လစာတိုးမြင့်ရေး ဆက်လက် ဆန္ဒပြနေ ကြပါ တယ်။

အလုပ်သမား ၁၂၀၀ လောက်ရှိတဲ့ မြန်မာစန္ဒိဖိနပ်စက်ရုံက အလုပ်သမားတွေကတော့ သူတို့အနေနဲ့ အခြေခံလစာ ၁၈၀၀၀ ထောင်ကနေ ၃ သောင်းအထိ တိုးပေးဖို့ ဆန္ဒပြတာလို့ ဆန္ဒပြအလုပ်သမားတဦးက ပြောပါတယ်။



dvbradio

ပဲခူးမြို့ မဇင်းရပ်ကွက် NLD ဆိုင်းဘုတ်တင်ပွဲအခမ်းအနား






ဒီကနေ့ ၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဇင်းရပ်ကွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို ပဲခူးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်း)၊ ကိုမျိုးအောင်နိုင်နှင့် ကိုညီညီ တို့ တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။


ဆိုက်ရောက်ဗီဇာ ၂၇ နိုင်ငံကို ပေးပြီ




အမေရိကန်၊ အီတလီ၊ နယူးဇီလန်၊ နော်ဝေ၊ ဗြိတိန်၊ ဂျာမနီ၊ ဒိန်းမတ် စသည့် ဥရောပနိုင်ငံများ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား စသည့်အာရှနိုင်ငံများနှင့် အာဆီယံနိုင်ငံများ စုစုပေါင်း ၂၇ နိုင်ငံကိုပေးမည့် ဆိုက်ရောက်ဗီဇာများမှာ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာနှင့် ဖြတ်သန်းဗီဇာတို့ဖြစ်ကြောင်း သိရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စတင်ပေးမည်ဖြစ်ပြီး လုပ်ငန်းဗီဇာအတွက် ခွင့်ပြုကာလ ရက် ၇၀၊ ပြည်ဝင်ဗီဇာအတွက် ၂၈ ရက်နှင့် ဖြတ်သန်းဗီဇာအတွက် ၂၄ နာရီ သတ်မှတ်ထားကြောင်း သိရသည်။

 “မြန်မာနိုင်ငံမှာ အလုပ်ရုံဆွေးနွေးပွဲ လာလုပ်မယ့်သူတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်မယ့်သူတွေ လာရောက်ဖို့ လွယ်ကူစေရေးအတွက် စတင်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်းသန်းက ပြောသည်။

ဆိုက်ရောက်ဗီဇာ လျှောက်ထားသူသည် သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးထားသည့် တရားဝင်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ဖြစ်ရမည့်အပြင် နိုင်ငံကူးလက်မှတ် သက်တမ်းမှာ ရောက်ရှိသည့်နေ့၏ နောက်ပိုင်း အနည်းဆုံး ခြောက်လသက်တမ်း ကျန်ရမည်ဖြစ်သည်။

လုပ်ငန်းဗီဇာဖြင့် ဝင်မည့်သူသည် လျှောက်လွှာနှင့်အတူ တာဝန်ခံခေါ်ဆောင်သူ၏ ဖိတ်ခေါ်စာပါရမည် ဖြစ်ပြီး၊ ပြည်ဝင်ဗီဇာဖြင့် အစည်းအဝေးများ၊ တွေ့ဆုံပွဲများ တက်မည့်သူသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဖိတ်ကြားစာ ပူးတွဲတင်ပြရမည် ဖြစ်သည်။ ဖြတ်သန်းဗီဇာ လျှောက်ထားသူသည် ခရီးလမ်းဆုံး နိုင်ငံသို့ သွားရောက်မည့် လေယာဉ်လက်မှတ် ပူးတွဲတင်ပြရမည်ဖြစ်သည်။

“ဆိုက်ရောက်ဗီဇာကို သီးခြားကောင်တာ ငါးခုနဲ့ ဆောင်ရွက်ပေးမှာပါ။ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းပါရင် အမြန်ဆုံး ဆောင်ရွက်ပေးပါမယ်” ဟု ဦးမောင်မောင်သန်းက ပြောသည်။ ဗီဇာကြေးမှာ လုပ်ငန်းဗီဇာအတွက် ကန်ဒေါ်လာ ၅၀၊ ပြည်ဝင်ဗီဇာအတွက် ကန်ဒေါ်လာ ၄၀ နှင့် ဖြတ်သန်းဗီဇာအတွက် ကန်ဒေါ်လာ ၂၀ ဖြစ်ကြောင်း သိရသည်။

ဆိုက်ရောက်ဗီဇာကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆောင်ရွက်မှု အနေအထားပေါ် မူတည်၍ နောက်ပိုင်းတွင် မန္တလေးနှင့် နေပြည်တော်လေဆိပ်များတွင်လည်း တိုးချဲ့လုပ်ဆောင်သွားမည်ဟု ၄င်းကပြောသည်။ ဗီဇာလျှောက်လွှာပုံစံကို လေကြောင်းလိုင်းများတွင် လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mip.gov.mm တွင်လည်းကောင်း ရယူနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

မလေးရှားကုမ္ပဏီ မြန်မာပြည်တွင် နိုင်ငံခြားငွေ လဲလှယ်သည့်စင်တာ ဖွင့်မည်




မလေးရှားနိုင်ငံ အခြေစိုက် ကုမ္ပဏီကြီးတစ်ခုဖြစ်သော Interpacific Event and Management သည် ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်သည့် စင်တာတစ်ခုအား လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံခြားငွေမဆို လဲလှယ်ပေးနိုင်သည့် Money Changer Counter အား ဖွင့်လှစ်နိုင်ရန်အတွက် အစိုးရအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကုမ္ပဏီသည် စင်ကာပူနိုင်ငံသားပိုင်ဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံခြားငွေ လဲလှယ်သည့် ကောင်တာများတွင် လက်ရှိကာလ၌ စင်ကာပူဒေါ်လာ၊ အမေရိကန်ဒေါ်လာ၊ ယူရိုနှင့် FEC ဟူသည့် ငွေကြေးလေးမျိုးသာ လဲလှယ်ပေးနိုင်ပြီး မည်သည့်နိုင်ငံခြားငွေ မဆို လဲလှယ်ပေးနိုင်မည့် စင်တာကို မကြာမီ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

သမ္မတနှင့် လွှတ်တော်မှ တောင်းဆိုလျှင် ဖုန်းဈေး လျှော့ရောင်းမည်




မိုဘိုင်းဖုန်း တန်ဖိုးနှုန်းထားများကို နိုင်ငံတော်သမ္မတကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဈေးနှုန်းလျှော့ချခိုင်းမည်ဆိုပါက အရှုံးခံ၍ လျှော့ချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မိုဘိုင်းတန်ဖိုး နှုန်းထားများအား ဇူလိုင်လကုန်ခန့်တွင် ကျပ်နှစ်သိန်းဖုန်းထက် လျော့နည်းသည့် ကျပ်တစ်သိန်းဖုန်းနှင့် ကျပ်ရှစ်သောင်းဖုန်းများ ထွက်ပေါ်လာတော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းအပေါ် မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက အထက်ပါအတိုင်း ပြောခဲ့သည်။

“ဆက်သွယ်ရေးက ချမှတ်ထားတဲ့ စနစ်ဆိုရင် ဒီနှစ်ထဲမှာ ဖုန်းတန်ဖိုးနှုန်းထားတွေ လျှော့ချပေးဖို့ မရှိပါဘူး။ လာမည့်နှစ်ကျမှ ထပ်မံလျှော့ချပေးမှာပါ။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သမ္မတကြီးက လျှော့ချခိုင်းမှု ပြုလာရင်တော့ အရှုံးခံပြီး လျှော့ပေးမှာပါ” ဟု ၄င်းကပြောသည်။ မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်း တန်ဖိုးနှုန်းထားများကို ငါးနှစ်အတွင်း နိုင်ငံတကာ နှုန်းထားများအတိုင်း ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ထားပြီး လက်ရှိတွင် ကျပ်နှစ်သိန်းတန် ဖုန်းများကို ရောင်းချပေးနေသည်။ “အခုချထားပေးထားတဲ့ နှစ်သိန်းနှုန်းထားက တကယ်ကုန်ကျခဲ့တဲ့ နှုန်းထားနီးပါးလောက် ရှိပါတယ်။

ဒီနှုန်းထားထက် လျှော့ချပေးလိုက်ရင်တော့ အရှုံးပေါ်မှာပါ” ဟု ၄င်းကဆက်လက် ပြောသည်။ လက်ရှိ ရောင်းချပေးသည့် ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း ဖြစ်ပြီး စက်ပစ္စည်းဝယ်ယူခြင်း၊ တာဝါတိုင်စိုက်ထူခြင်းနှင့် ဖုန်းရောင်းချခြင်းများကို ပုဂ္ဂလိက ကုမ္ပဏီများကသာ ဆောင်ရွက်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် ဆင်းကတ်တန်ဖိုး နှုန်းထားများမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက များစွာမြင့်မားလျက်ရှိပြီး ယင်းသို့ မြင့်မားနေခြင်းမှာ လိုအပ်သည့် အခြေခံအဆောက်အအုံ စတင်အချိန်ယူ တည်ဆောက်မှုစရိတ် ကြီးမြင့်မှုအပေါ် မူတည်ခြင်းကြောင့်ဟု ဆက်သွယ်ရေးမှ ထုတ်ပြန်ထားသည်။

“နိုင်ငံတကာ နှုန်းထားထက် ဈေးနှုန်းတွေ မြင့်နေတာကတော့ ကျွန်တော်တို့နိုင်ငံမှာ Second Operator မရှိဘူး။ သူများနိုင်ငံတွေမှာက ပုဂ္ဂလိက Operator အများကြီးရှိတယ်။ ဒီတော့ ကုမ္ပဏီတွေ အပြိုင်ဖြစ်လာတော့ ဈေးနှုန်းကလည်း သူ့ထက်ငါ အပြိုင်အဆိုင် လျှော့တာတွေ၊ Promotion လုပ်တာတွေ ရှိနေတော့ မြန်မာနိုင်ငံထက် ဖုန်းတန်ဖိုးဈေးနှုန်း လျော့နေတာပါ” ဟု လူကြီးမင်းဖုန်းဆိုင်မှ မိုဘိုင်းကျွမ်းကျင်ပညာရှင် ဦးကိုကိုအောင်က ပြောသည်။ မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးကဏ္ဍတွင် Second Operator အဖြစ် ဝင်ရောက် လုပ်ကိုင်ခွင့်ပေးရန် ဥပဒေလိုအပ်မည်ဖြစ်ကြောင်း၊ ယင်းဥပဒေရှိမှသာလျှင် Operator အဖြစ် ခွင့်ပြုပေးနိုင်မည် ဖြစ်ကြောင်း၊ ဥပဒေကိုလည်း ယခုနှစ်အတွင်း အပြီးသတ် ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း ဆက်သွယ်ရေး အင်ဂျင်နီယာချုပ်တစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

စက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရ


လှိုင်သာယာမြို့နယ်ရှိ နာမည်ကြီး အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရကြောင်းသိရသည်။

အဆိုပါ အီလက်ထရွန်းနစ်စက်ရုံမှ ၀န်ထမ်း သုံးပုံတစ်ပုံခန့်သည် မေ(၂၉)မှ စ၍ ဆန္ဒဖော်ထုတ်ခြင်းများပြုလုပ်လျက်ရှိကြပြီး၊ ၄င်းတို့အတွက် လိုအပ်နေသည့် အချက်(၁၀)ချက်ကို အလုပ်ရှင်ထံမှ တောင်းဆိုနေကြခြင်းဖြစ်သည်။

ယင်းတောင်းဆိုချက်(၁၀)ချက်တွင် အခြေခံလစာတိုးမြှင့်ပေးရေး၊ နှစ်တိုးလစာ ခွင့်ပြုပေးရေးနှင့် အလုပ်ချိန်အတွင့် သန့်စင်ခန်းအသုံးပြုမှုကို အခကြေးငွေမဖြတ်တောက်ရေးတို့ပါဝင်ကြောင်းအလုပ်သမားအဖွဲ့ခေါင်းဆောင်များထံမှသိရသည်။

အလုပ်ချိန်အတွင်း သန့်စင်ခန်းသွားပါက သန့်စင်ခန်းသော့ကိုင် စာရေးမထံတွင်ခွင့်ပြုချက်တောင်း၍သွားရပြီး ခွင့်ပြုချက်ဖြင့် သွားပါက တစ်ကြိမ်လျှင် တစ်ဆယ်ကျပ်နှုန်းပေးရပြီ၊ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ သွားလျှင်မူ တစ်ကြိမ်လျှင် တစ်ရာကျပ်ပေးဆောင်ရကြောင်းသိရသည်။

ဝေမာထွန်း-Popular Myanmar News Journal

အသက် ၆၀ အရွယ် အမျိုးသမီးကို တပ်သားက အဓမ္မပြုရန်ကြိုးစား




ဆီဆိုင်၊ မေလ ၃၀၊ ၂၀၁၂ ၊ (YPI)

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ပါတ်ကျေးရွာမှ အသက်(၆၀)နှစ် အမျိုးသမီး တစ်ဦးကို မေလ ၂၂ရက်နေ့တွင် ဆီဆိုင်မြို့ မြေခံတပ်ရင်း ခမရ ၄၂၄ တပ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။

ယခုလလ ၂၂ ရက်နေ့ ညနေ ၄း၃၀ နာရီက အသက် ၆၀ အရွယ်ရှိအမျိုးသမီးသည် ရွာနဘေး ခြံကွက်တွင် အလုပ်လုပ်နေချိန် ခမရ ၄၂၄ မှ တပ်သား ထန်မြတ်ခိုင် အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်ဟု ပြုကျင့်ခံရသူက YPI သို့ပြောသည်။

၎င်းက “အဖွားကိုရေချိုးလို့ရတဲ့ နေရာကို မေးတယ် ပြီးတော့ စစ်သားက ဆင်းသွားလိုက်တယ်၊ အဖွားကသူသွားပြီထင်တာ၊ ထင်လဲမထင်ထားဘူး အလုပ်ပဲဆက်လုပ်တယ် ခဏတော့ ဆတ်ခနဲ အဖွားအနောက်ဘက်ကနေ ဖက်ပြီး တွန်းလှဲတယ်” ဟု ၎င်းက အဖြစ်အပျက်ကို ပြန်ပြောပြသည်။

“အဖွားက အရမ်းကြောက်တော့ နပန်းလုံးတာ ဘယ်လောက်ကြာတာတောင်မသိတော့ဘူး အဖွားက မှောက်လျက် စစ်သားက အပေါ်က၊ သူ့ရဲ့ငယ်ပါကို အဖွားက ဆွဲပြီးညှစ်တယ် ပြီးတော့ သူက လွယ်အိတ်ထဲကနေ ဓါးထုတ်ပြီး အပေါ်ကနေ အဖွားကိုထိုးချတယ်” ဟု၎င်းအမျိုးသမီးက ဆက်လက်ပြောပြသည်။

ယင်း တပ်သားမှာ အမျိုးသမီး၏ နဖူးမှ သွေးထွက်သွားခါမှ ထွက်ပြေးသွားသည် ဟု ၎င်းကပြောပြသည်။ ခေါင်းတွင်သွေးထွက်လျှက်အိမ်ပြန်ပြီး ဖြစ်စဉ်ကို သားသမီးများအား ပြောပြသည့်အခါတွင် ရွာသူကြီးနှင့် တခြားတပ်သားများက ထန်မြတ်ခိုင်ကို လိုက်လံဖမ်းဆီးရာ ၎င်းက ဓါးဖြင့်ပြန်လည်ခုခံခဲ့သည်ဟု သိရသည်။

ကျူးလွန်သူဟု ယူဆသူ ထန်မြတ်ခိုင်မှာ မလွတ်မြောက်နိုင်တော့မှန်းသိသဖြင့် မိမိကိုယ်ကိုဓားဖြင့် ဟန်ဆောင်ထိုးပြီး ပစ်လဲသည့်နောက်တွင် ဖမ်းဆီးနိုင်ခဲ့သည် ဟုရွာသားများကပြောသည်။

အနိုင်ကျင့်ခံရသူအမျိုးသမီးအား ရွာသားများကဆီဆိုင်မြို့ပြည့်သူ့ဆေးရုံသို့ ညနေ ၇း၀၀ နာရီခန့်တွင် ပို့ဆောင်ပေးခဲ့သည်။ တပ်သား ထန်မြတ်ခိုင်ကိုလည်း ရွာသားများက ဆီဆိုင်မြို့ပြည်သူ့ဆေးရုံကိုပို့ရာ နောက်နေ့နက်တွင် တပ်ရင်းက ပြန်လည်ခေါ်ဆောင်သွားပြီး ယခုအောင်ပန်း ကုတင် ခုနှစ်ရာ ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည်ဟု သိရသည်။

ကာယကံရှင်အမျိုးသမီးက ယခုအဖြစ်အပျက်ကို ဆီဆိုင်မြို့နယ် ပြည်နယ်လွတ်တော်အမတ် ဦးခွန်လှသိန်းတို့ကိုတိုင်ကြားထားသည်ဟု YPI သို့ပြောသည်။ စစ်တပ်မှ ဆေးကုသစရိတ် ကျပ်ငွေတစ်သိန်းခွဲပေးသည်ဟုသိရသည်။

“ အဖွားလည်း တရားမရင်ဆိုင်တော့ပါဘူး ရင်ဆိုင်ရင် ငွေလည်းမရှိဘူး အလုပ်လည်းပျက်အုံးမယ် အဲတော့ရှေ့ရေးအတွက်တွေးပြီး ဒီလိုပဲကျေအေးပေးရတယ်” ဟု၎င်းက ပြောသည်။

နောင်ပတ်ကျေးရွာသည် ဆီဆိုင်မြို့မှ ငါးမိုင်ခန့်တွင်ကွာဝေးသည်။ အမဲရောင် နယ်မြေဖြစ်၍ စစ်တပ် သွားလာလှုပ်ရှားမှု အမြဲရှိသည့် ကျေးရွာတရွာဖြစ်သည်။ ။

by Yangon Press International

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်ထုတ်ပြန်

"တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံ အလုပ်သမား အချို့ စက်ရုံလုံခြုံရေး ရိုက်နှက်ခြင်းခံရ"

လှိုင်သာယာ စက်မှုဇုန် အမှတ် (၁) ရှိ တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံ လုပ်ခလစာ တိုးမြှင့်ရေး ဆန္ဒ ဖော်ထုတ်လျက် ရှိသည့် အလုပ်သမား အချို့ မေလ ၂၉ ရက်နံနက် က စက်ရုံ လုံခြုံရေး၏ ရိုက်နှက်မှု ခံခဲ့ရကြောင်း သိရ သည်။
''သမီးတို့ အတွက် အရမ်း အရေးကြီးတဲ့ ဇာထုပ်ကို မနက်က စက်ရုံ အပြင်ကို ထုတ်လာလို့ အဲဒါ ကို တားတာကို သမီးကို တားရမလား ဆိုပြီး ရိုက်တာ'' ဟု စက်ရုံ လုံခြုံရေး အစောင့်၏ ရိုက်နှက်ခြင်း ခံခဲ့ရသော အသက် ၂၃ နှစ် အရွယ် အလုပ်သမ မသဲစုမာက ပြော သည်။

အဆိုပါ ကိစ္စရပ်အတွက် စက်ရုံ အလုပ်သမ သုံးဦးနှင့် အလုပ်သမား တစ်ဦး ရိုက်နှက်ခံ ရကြောင်း အဆိုပါ အလုပ်သမား တစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ ရိုက်နှက်ခံရမှု အတွက် စက်ရုံ လုံခြုံရေးအား တရားစွဲဆိုရန် စီစဉ်သွားမည် ဖြစ်ကြောင်း အဆိုပါ စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် မထိုက်က ပြောသည်။

တရားစွဲဆိုရန် ကိစ္စအား လက် ရှိတွင် အလုပ်သမား ကိုယ်စားလှယ် အချို့နှင့် ညှိနှိုင်းလျက် ရှိပြီး အားလုံး သဘောတူညီချက် ရရှိပါက လုပ်ဆောင်စရာ ရှိသည်များအား ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ စက်ရုံအလုပ်သမား များအရေး လိုက်လံကူညီပေး နေသည့် ၈၈ မျိုး ဆက်ကျောင်းသူ တစ်ဦး ဖြစ်သူ မနိုဘယ်အေး က ပြောသည်။
စက်ရုံရှိ ချည်ထုပ်များအား မူ လနိုင်ငံ တရုတ်ပြည်သို့ ပြန်ပို့ရန် ထုတ်ပိုး သယ်ယူမှုအား တားမြစ်မှု ကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အဆိုပါ စက်ရုံသည် တရုတ်နိုင် ငံသားပိုင် စက်ရုံ ဖြစ်ပြီး ချည်ဇာထိုး ပန်းထိုး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသော စက်ရုံဖြစ်သည်။ စက်ရုံ အလုပ်သမား ၂ဝဝဝ နီးပါး ရှိပြီး ၁၉ဝဝ ကျော်သည် လုပ်ခလစာ တိုးမြှင့် ရလိုမှုဖြင့် မေလ ၂၆ ရက် မှစတင်ပြီး ဆန္ဒဖော်ထုတ် တောင်း ဆိုလျက် ရှိသည်။

''အရင်က လစာ ၃ဝဝဝဝ ရ တယ်။ အဲဒါကို အခု နောက်ထပ် ၃ဝဝဝဝ ထပ်တိုးပေးဖို့ တောင်းဆို တာပါ။ စုစုပေါင်း ၆ဝဝဝဝ ပေါ့။ အခုထိတော့ အလုပ်ရှင်တွေက မပေးနိုင်ဘူးလို့ ပြောနေတယ်။ ကျွန်မတို့ ကတော့ ကျွန်မတို့ တောင်းဆိုတာ မရမချင်း ဆန္ဒဖော် ထုတ်သွားမှာပါ'' ဟု အဆိုပါ စက်ရုံ အလုပ်သမား ကိုယ်စားလှယ် တစ်ဦး က ပြောသည်။

ဥာဏ်လင်းအောင်

"လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုသော အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ"

တိုးမြတ်အောင် ဇာထိုးပန်းထိုး စက်ရုံမှ လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်း ဆိုသည့် အမျိုးသမီး သုံးဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ ထိုင်ဝမ်နိုင်ငံ သားအား လှိုင်သာယာ ရဲစခန်းမှ ဖမ်းဆီး အရေးယူကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
တိုးမြတ်အောင် ဇာထိုးပန်း ထိုးစက်ရုံမှ အလုပ်သမဖြစ်သူ မမြင့်မြင့်အေး၊ မဖြူနှင်းနှင့် မစိုးစိုးသန်းတို့ သုံးဦးသည် မေ ၂၃ ရက်က စက်ရုံ ကြိုပို့ယာဉ် ဖြင့် ထန်းတပင် မြို့နယ်၊ စန္ဒယော် ကျေးရွာ ကားမှတ်တိုင်မှ စီးလာရာ လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှတ်တိုင် အရောက် ကားရပ်၍ ကားပေါ်မှ ဆင်းရန် ပြင်ဆင် နေစဉ် ကားမှတ်တိုင် ၌ ကြိုစောင့်ဆိုင်းနေသည့် ၄င်းစက်ရုံမှ ထိုင်ဝမ်နိုင်ငံသား အထည်ချုပ် ကျွမ်းကျင် ပညာရှင် Mr.Chang Shin Chang မှ မဆင်းရန် တားမြစ်ခဲ့ရာမှ တစ်ယောက်တစ်ခွန်း စကားများ ခဲ့ကြောင်း သိရ သည်။

ထို့နောက် အဆိုပါ ထိုင်ဝမ် နိုင်ငံသားက မမြင့်မြင့်အေး၏ ရင်ဘတ်အား ဆောင့်တွန်းပြီး ခါးမှကိုင်ကာ ဆွဲဆောင့်ခဲ့သည့် အပြင် ကားပေါ်မှ ဆင်းရန် ပြင်နေသူ မဖြူနှင်း ၏ ရင်ဘတ်အား ဆောင့်တွန်းခဲ့သည့် အတွက် မဖြူနှင်းမှာ ကားပေါ်၌ လဲကျ သွားခဲ့ကြောင်း၊ ၄င်းအပြင် ထိုသို့ မပြုလုပ်ရန် ပြောဆိုသည့် မစိုးစိုးသန်း အားထပ်မံ၍ ပါးရိုက် ခဲ့ကြောင်း ကာယကံရှင် မမြင့်မြင့်အေးက ပြော သည်။
''ကျွန်မတို့က လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုဖို့ လာတာ ကို သိလို့ အဲဒီတရုတ်က ကျွန်မတို့ ကိုလာတားတာ။ ကျွန်မတို့ ဆင်းမယ့် အပေါက်ကို ပိတ်ပြီးနင် တို့ အောက်ကို မဆင်းရဘူး ဆိုပြီးပြောတယ်။ ဒါနဲ့ စကားများကြရင်း ကျွန်မကို ဆောင့်တွန်းလိုက်တာ အင်္ကျီ စုတ်ပြဲသွားတဲ့ အပြင် မစိုးသန်း ကိုလည်း ပါးရိုက် တယ်။ နောက် တော့ ကားပေါ်က လူတွေနဲ့ ကား မှတ်တိုင်က လူတွေ ဝိုင်းဆွဲလို့ ထွက်သွားတာ'' ဟု ၄င်းက ဆိုသည်။

ထို့နောက်၎င်းတို့မှ အလုပ် သမား အဖွဲ့ခေါင်းဆောင် များအား ပြောကြား အသိပေး၍ လှိုင်သာယာ ရဲစခန်း၌ သွားရောက် တိုင်ကြား အမှု ဖွင့်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုင်ကြားမှု အပေါ် လှိုင်သာယာ ရဲစခန်းမှ ထိုင်ဝမ် နိုင်ငံသား Mr.Chang Shin Chang (ပတ်စ်ပို့ အမှတ် ၂၁၁၇၂၈၂၅၉) ဗီဇာအမှတ် (၁၅ဝ၄၁၆၉) အား ခေါ်ယူ စစ် ဆေးခဲ့ရာ ၄င်းသည် အဆိုပါ စက်ရုံ၌ အထည် ချုပ် ကျွမ်းကျင်ပညာရှင် တစ်ဦးအဖြစ် လာ ရောက် အလုပ်လုပ်ကိုင်ခြင်း ဖြစ်ပြီး အဆိုပါနေ့က လုပ်ခလစာ တိုးမြှင့်ပေးရေး အတွက် တောင်းဆိုရန် လာသည့် အလုပ်သမ သုံးဦးနှင့် စကားများ ရန်ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့ သည့် အတွက် (ပ) ၅၄၁/၁၂၊ ပုဒ်မ ၃၅၄/၃၂၃ ဖြင့် ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။

Popular Myanmar News Journal
 

လမ်းမတော်မြို့နယ် (၇) လမ်း၊ တိုက် အမှတ် (၇၆ A)၊ ၃ လွှာတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား

ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် လမ်းမတော်မြိုနယ်၌ မီးလောင်မှုဖြစ်ပွား၍ သေဆုံးခဲ့သည့် မိန်းကလေး၏ ရုပ်အလောင်း






၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် (၇) လမ်း၊ တိုက် အမှတ် (၇၆ A)၊ ၃ လွှာတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါမီးလောင်မှုဖြစ်စဉ်ကို မီးသတ်တပ်ဖွဲ့ဝင်များမှ ၀င်ရောက်ငြှိမ်းသက်ရာတွင် အခန်းအတွင်းမှ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုမှာ မီးငြိမ်းသွားပြီး သေဆုံးသူနှင့်ပတ်သက်၍ စစ်ဆေးစုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

ကြာမြှင့်ချိန် ၁၅ မိနစ်ခန့်သာ ရှိခဲ့သော်လည်း အသက် ၁၅ နှစ်ခန့် အရွယ် ၁၀ တန်း စာမေးပွဲဖြေဆိုထား သူမစုစန္ဒီကျော် သေဆုံးခဲ့မှုအား CID မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသော အိမ်ရှင်သည် တိုက်ခန်း ၃-လွှာ(A) (B) နှစ်ခန်းတွဲ ပိုင်ဆိုင်သူဖြစ်ပြီး သေဆုံးသူ ၁၀ တန်း စာမေးပွဲဖြေဆိုထား သူ မစုစန္ဒီကျော် သည် နာမည် ကျော် တိုင်းရင်းဆေးဖြန့်ချိရေး လုပ်ငန်းရှင် ကိုဝင်းမြင့်+မဘေဘီ တို့၏ တူမဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းမီးလောင်မှုကို မီးသတ်ယာဉ် ၁၀ စီးခန့် လာရောက်ငြိမ်းသတ်ခဲ့သည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် အဆိုပါနေအိမ်၌ သေဆုံးသူမှ အပ အခြားမည်သူမျှ မရှိကြောင်း စုံစမ်းသိရှိရသည်။

Demonstration to Revolution


မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဲ့ အ၇ိပ်ကို စတင်မြင်ခါစ (မရောက်သေးပါ) ဆန္ဒပြပွဲ တွေ ဆက်တိုက်ဖြစ်ပေါ်နေတာမယ် အလုပ်သမားတွေတွက် တော်တော်လေး အထိနာနေပါတယ်။
တခြားတိုင်းပြည်တွေက အလုပ်သမားတွေမှာလဲ မြန်မာနိုင်ငံသားတွေလို အလုပ်တစ်ရက်ပျက်ရင် တစ်ရက်ပိုက်ဆံမရလို့ နစ်နာတာ ရှိပါတယ်။

အဲတော့ ဒီမိုကရေစီအမြစ်တွယ်နေတဲ့ တိုင်းပြည်မှာ လုပ်ကြတာကတော့ မိမိအလုပ်သမားတွေ အနေနဲ့ ကိုယ့် နေထိုင်မှုနေ့ စဉ်ဘ၀ မပျက်ပဲ ကိုယ်လိုတာရအောင် တောင်းဆိုကြလေ့ ရှိပါတယ်။ ဥပမာ။ နေထိုင်စားသောက်စားရိတ် ကာမိရုံ အလုပ်ကို တစ်ရက် ဆင်း တစ်၇က် ဆန္ဒပြ တဲ နည်း ဒါမှမဟုတ် နေ့ တစ်ဝက်ဆင်း နေ့ တစ်ဝက်ဖျက် ဆန္ဒပြနည်းတွေ နဲ့ သုံးပါတယ် အဲတော့ အလုပ်ဆင်းတဲ့ နေ့ တစ်ဝက် ဒါမှ မဟုတ် တစ်နေ့ တွက် ပိုက်ဆံမရပေမဲ့ နေထိုင်စားသောက်ဖို့ ကာမိရုံလေးတော့ အလုပ်ဆင်းရက်။ အချိန်တွက် အလုပ်ရှင်က ပေးရပါတယ်။ ဘာလို့ လဲ ဆိုတတော့ ဥပဒေအရကို က ခွင့်ပြုထားလို့ ပဲ ဖြစ်ပါတယ်။ အလုပ်ရှင်ကလဲ အများသဘောတူ သမ္မဂမှ မဲခွဲ ဆုံးဖြတ်ပြီး ဆန္ဒပြ တဲ့ ဆန္ဒပြပွဲ ကို ပါဝင်သူတွေကို အလုပ်ထုတ်ပိုင်ခွင့် မရှိပါဖူး။ အလုပ်ထုတ်ခဲ့ ရင် အလုပ်ရှင်မှ ထောင်ဒါဏ် ငွေဒါဏ်များပါဥ ပဒေအရ ခံရမှာဖြစ်လို့ပါပဲ။ အဲလို တာရှည် လုပ်လိုက် မလုပ်လိုက် ဆန္ဒပြပွဲတွေမှာ အလုပ်ရှင်တွက် က ကုန်ထုတ်လုပ်မှု အရမ်းကို နစ်နာပြီး အလုပ်ရှင်တွက် သူ ရဲ့ အကျိုးစီးပွါးရေရှည်မှာထိခိုက်မှုရှိပါတယ်။ အလုပ်သမားတွေဖက်ကလဲ ၀င်ငွေနစ်နာပေမဲ့  စားသောက်စားရိတ် ၀င်ငွေရှိနေလို့ သိပ်ပြီး မိသားစု ဘ၀ပျက်သည်ထိ မထိခိုက်ပါ။ ဒါကြောင့် ရေရှည်တိုက်ပွဲ မှာ အလုပ်ရှင်က လျော့ ပေးရတာများပါတယ်။

ဒါပေမဲ့  မြန်မာနိုင်ငံမှာက အလုပ်သမားဥပဒေ ဘာမှ မယ်မယ်ရရ မရှိဖြစ်နေတော့ကာ အလုပ်သမားတွက် ကာကွယ်ပေးမဲ့ သူမရှိ နဲ့ အလုပ်သမားတွေမှာ ခိုကိုးရာမဲ့ ဒုက္ခရောက်ရပါတယ်။ အလုပ်သမားဝန်ကြီးဆိုတာလဲ လစာသာယူပြီး ပိုက်ဆံထိုင်ဖြုန်းဖို့ လောက်ပဲ လုပ်နေပြီး ဘာမှ မယ်မယ်ရရ အလုပ်မလုပ်တဲ့ နိုင်ငံပြည်သူ ငွေကြေး ထိုင်ဖြုန်းနေတဲ့ အဖွဲ့ အဆင့်လောက် ပဲဖြစ်နေပါတယ်။ လွှတ်တော်သာ ရှိပြီး ဥပဒေပြုမှုရေးရာမှာ ဘာမှ မယ်မယ်ရရ အလုပ်မလုပ်ကြတဲ့ လွှတ်တော် ဖြစ်နေပါသေးတယ်။

အမှန်တကယ်ပြုပြင်ပြောင်းလဲမှု လိုလားရင် အချိန်တိုင်း မှာ ပြောင်းလဲမှုတွက် လွှတ်တော်မှ အလုပ်လုပ်ရမှာပါ။ ဆန္ဒပြခွင့် ဥပဒေကျပြီး ၆လကျော်တိုင် တရားဝင် လုပ်နည်း လုပ်ဟန် ဘာမှ ထပ်ပြီး မထွက်အောင် ပိတ်ဆို့ ထားတာလဲ ဒီလွှတ်တော် ဒီအစိုးရကို ဘယ်လိုလူထု က ဘယ်လို ယုံကြည်ရမှာလဲ ဘယ်လို အားကိုးရမှာလဲ။

ဆန္ဒပြသူတွေအနေနဲ့ မိမိကိုယ်တိုင်ရဲ့ အခွင့်ရေးကို မနစ်နာပဲ ဆန္ဒပြ (Demonstration) အဆင့်နဲ့ လုပ်ကိုင်မရပဲ အပြောင်းလဲတခုပေါ်ပေါက်သည့် တိုင် တော်လှန်ရေး (Revolution) အဖြစ်ဘ၀ပျက်သည်ထိ အကောင်ထည်ဖေါ်နေကြရခြင်းပါ။ ဒါကို အစိုးရလုပ်သူက နလပိန်းတုံးလို မသိချင်ယောင်ဆောင်နေရင်တော့ တိုင်းပြည်ဆက်ပျက်နေမှာပါပဲ။ ဆန္ဒပြပွဲကို ဆက်လက်ထိန်းချု့ပ်မယ်ဆိုရင် အဲဒီနိုင်ငံမှာ ဆန္ဒပြပွဲထက် တဆင့်မြှင့်တဲ့ တော်လှန်ေ၇း တွေ ဆက်တိုက်ပေါ်လာမှာပဲ။ တော်လှန်ရေးဆိုတာဖြစ်လာရင် တိုင်းပြည်မတည်ငြိမ်ဖြစ်လာမှာပဲ။ ဒါကြေင့် ဒီမိုကရေစီအစိုးရဟာ ဆန္ဒပြပွဲတွေကို တည်ငြိမ်မှုတွက် ခွင့်ပြုထားခြင်းပဲဖြစ်တယ်။ ဒါကို ဘယ်အစိုးရတက်တက်နားလည်သင့်တယ်။

By: ရည်ရွယ်ချက် ဘားမား

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ် ၆၅x၆၆ လမ်း၊ မနော်ဟရီလမ်းတောင်ဘက်(ခ-၄) ရပ်ကွက်တွင် နှစ်ထပ်တိုက် သုံးလုံး မီးလောင်ကျွမ်း





မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ် ၆၅x၆၆ လမ်း၊ မနော်ဟရီလမ်းတောင်ဘက်(ခ-၄) ရပ်ကွက်တွင် ယနေ့(၃၀-၅-၂၀၁၂) နံနက် ၁၁:၂၀ နာရီက မုန့်ဖိုမှတဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ နံနက် ၁၁:၃၀ နာရီတွင် မီးငြိမ်းသွားပြီး နှစ်ထပ်တိုက် သုံးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖောက်ထုတ်ပစ် -သီချင်း


ဖောက်ထုတ်ပစ် -သီချင်း



စုပေါင်းပိုင် အဆောက်အအုံဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်မှု မရှိသေးသဖြင့် ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သူများအနေဖြင့် လူမှုဘ၀ အခက်အခဲများ ဖြစ်ပေါ်နေဟု ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သူများ ပြောကြား


ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းအချို့ (ပုလဲကွန်ဒို)

စုပေါင်းပိုင် အဆောက်အအုံ ဥပဒေ (Condominium Law) အတည်ပြု ပြဋ္ဌာန်းနိုင်မှု မရှိသေးသဖြင့် ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သူများအနေဖြင့် လူမှုဘ၀ နေထိုင်ရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကွန်ဒို တိုက်ခန်းများတွင် နေထိုင်သူများ၏ ပြောပြချက်အရ သိရှိရသည်။

ကွန်ဒိုတိုက်ခန်းများတွင် ၀ယ်ယူနေထိုင်သူများအနေဖြင့် မြေရှင်၊ ကန်ထရိုက်တာ၊ ၀ယ်ယူနေထိုင်သူ စသည့် သက်ဆိုင်သူ အသီးသီး လိုက်နာရမည့် စည်းကမ်းချက်များ အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့သော်လည်း မြေရှင်နှင့် ကန်ထရိုက်တာအချို့မှ သတ်မှတ်စည်းကမ်းများအား လိုက်နာမှုမရှိခြင်းကြောင့် အခက်အခဲ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။

ကွန်ဒိုတိုက်ခန်းတွင် နေထိုင်သူများအနေဖြင့် ရေခွန်၊ မီးခွန်၊ သန့်ရှင်ရေးအခွန်၊ ဓာတ်လှေကား ပြုပြင်ထိန်းသိမ်းစရိတ်၊ မီးစက်၊ လောင်စာဆီစရိတ်၊ လုံခြုံရေးစရိတ်၊ စသည့် ကုန်ကျငွေများအား ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သူများမှ မျှဝေကျခံလေ့ရှိပြီး ထိုသို့ဆောင်ရွက်ခြင်းများ အား ကွန်ဒိုသာယာရေးအဖွဲ့မှ ဦးစီးဆောင်ရွက်သော်လည်း ကွန်ဒိုပိုင်မြေရှင်နှင့် ကန်ထရိုက်တာတို့မှ ကွန်ဒိုသာယာရေးအဖွဲ့ ဖွဲ့ခွင့်မရှိဟုဆိုကာ ကွန်ဒို သာယာရေးအဖွဲ့၏ ဆောင်ရွက်ချက်များအား အသိအမှတ်ပြုခြင်း မရှိသဖြင့် ပြဿနာ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

''ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ ကွန်ဒိုသာယာရေးအဖွဲ့တွေဆိုတာ နားလည်မှုနဲ့ ဖွဲ့ထားကြပေမယ့် ကျွန်တော်တို့ ကွန်ဒိုသာယာရေးအဖွဲ့က အစိုးရအဖွဲ့ အသိအမှတ်ပြု တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ ရန်ကုန်တစ်မြို့လုံးမှာ ဌာနဆိုင်ရာ တရားဝင် ဖွဲ့ပေးထားတာလည်း ကျွန်တော်တို့ တစ်ဖွဲ့ပဲ ရှိတာပါ။ ရန်ကုန်မြို့မှာရှိတဲ့ ကွန်ဒိုသာယာရေးအဖွဲ့တွေဆိုတာ ကွန်ဒိုဝယ်ပြီး နေတဲ့သူတွေ ရေ၊ မီး၊ သာရေး၊ နာရေး၊ လုံခြုံရေးကိစ္စတွေ အဆင်ပြေအောင် နားလည်မှုနဲ့ ဖွဲ့ထားကြတာပါ။ ဒီလို အစိုးရက ဖွဲ့ပေးထားတဲ့ ကျွန်တော်တို့အဖွဲ့ကို မြေရှင်က တရားမ၀င် ပါဘူးဆိုပြီး လက်မခံပါဘူး၊ နောက်ပြီး ကျွန်တော်တို့အဖွဲ့အနေနဲ့ ကွန်ဒိုသာယာရေးအတွက်လုပ်တဲ့ သာရေး၊ နာရေးကိစ္စတွေမှာလည်း အနှောင့်အယှက် ပေးရုံမကဘူး၊ အများပိုင် မီးစက်ကို သိမ်းတာ၊ ပေါက်နေတဲ့ရေစင်ကို ဖာခွင့်၊ အသစ်လဲခွင့် မပေးတာ၊ အရေးပေါ်လှေကား ကျိုးပဲ့ပျက်စီးနေတာကို ပြင်ခွင့်မပေးတာ၊ အရေးပေါ် ထွက်ပေါက်တွေကို သော့ခတ်ထားတာ၊ သူပိုင်လို့ အငှားချထားတဲ့ တိုက်ခန်းတွေရဲ့ အခွန်ငွေတွေကို သူကသိမ်းပြီး ဒီတိုက်ခန်းတွေရဲ့ ရေ၊ မီး ကိစ္စတွေကို သာယာရေးအဖွဲ့ရဲ့ ငွေနဲ့ ဆောင်ရွက်နေရတာတွေ ကြုံနေရ ပါတယ်''ဟု ဓနလှိုင် ကွန်ဒိုသာယာရေး ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောသည်။


ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းအချို့ (ဗဟန်းမြို့နယ်ရှိ ယုဇနတာဝါ)

ကွန်ဒိုတိုက်ခန်းများတွင် နေထိုင်သူများအနေဖြင့် အလားတူ ဖြစ်ရပ်များအပြင် အထပ်မြင့် အဆောက်အအုံများဖြစ်သဖြင့် အတက်အဆင်းတွင် အရေးပါသော ကွန်ဒိုပါ ဓာတ်လှေကား၏ ဟောင်းနွမ်းမှုနှင့် ကွန်ဒိုတာဝန်ရှိသူ များ၏ ဂရုတစိုက် ပြုပြင်ပေးမှု မရှိခြင်းကြောင့် ဓာတ်လှေ ကားအတွင်း ပိတ်မိခြင်း၊ ဓာတ်လှေကားတံခါး အဖွင့်အပိတ်မရခြင်း စသည့် ဖြစ်ရပ်များလည်း ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

''ကျွန်တော်တို့ကွန်ဒိုမှာ မိသားစု ၄၈ စုရှိပြီး လူပေါင်း၂၀၀ ကျော် နေပါတယ်။ ဓာတ်လှေကား ၂ စင်းရှိပေမယ့် မီးပျက်ပြီဆိုရင် ဓာတ်လှေကားထဲ ပိတ်မိတာမျိုး ခဏခဏ ကြုံရပါတယ်''ဟု ကွန်ဒိုတစ်ခုတွင် နေထိုင်သူ ဦးကျော်ထွဋ်ဆွေက ပြောသည်။

ရန်ကုန်မြို့ရှိ ကွန်ဒိုအချို့တွင်မူ ကွန်ဒိုတိုက်ခန်းတွင် နေထိုင်သူများ နေထိုင်မှု အဆင်ပြေစေရန် ကွန်ဒိုသာယာရေးအဖွဲ့ကဲ့သို့ အဖွဲ့မျိုးရှိရာ အချို့မှာ အဆင်ပြေသော်လည်း၊ အချို့မှာမူ ငွေရေးကြေးရေး ကိစ္စရပ်များအပါအ၀င် လုပ်ဆောင်မှုအချို့တွင် အခန်းပိုင်ရှင်များနှင့် သဘောထား မတိုက်ဆိုင်သည့် ကိစ္စမျိုးများလည်းရှိကြောင်း သိရသည်။

''ဒီလိုပြဿနာတွေက ကွန်ဒိုဥပဒေပေါ်လာရင် ပြီးသွားမှာပါ။ နောက်ပြီး ကွန်ဒိုဥပဒေ ပေါ်လာတဲ့အတွက် မြေရှင်နဲ့ ကန်ထရိုက်တာတွေ ထင်ရာမြင်ရာ စည်းကမ်းထုတ်တာ၊ စံသတ်မှတ်ချက်မရှိဘဲ အဆောက်အအုံ ဆောက်ချင်သလို ဆောက်တာမျိုးတွေ၊ နှုတ်ဖျားသတ်မှတ်ဈေးတွေ ရှိနိုင်တော့မှာ မဟုတ်ပါဘူး''ဟု လိုင်စင်ရ ကန်ထရိုက်တာတစ်ဦးက သုံးသပ်ပြောကြားသည်။
၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှစတင်၍ ကွန်ဒိုအမည်တပ်ရောင်းချလာသည့် မြန်မာနိုင်ငံရှိ ကွန်ဒိုအများစုမှာ မြေနေရာအနေအထား၊ အခန်းကျယ်ဝန်းမှု၊ ဓာတ်လှေကားပါဝင်မှု၊ အခန်းအလှဆင်မှုတွင် သာမန်ပြင်ဆင်မှုများဖြင့်သာ ကွန်ဒိုအမည်ခံ ရောင်းဝယ်ခဲ့ခြင်းဖြစ်၍ . . .

ရန်ကုန်မြို့၏ ကွန်ဒိုဈေးကွက်တွင် မြေနေရာအနေအထား၊ အချက်အချာကျသော နေရာတွင် ရှိမှု၊ ပတ်ဝန်းကျင်အနေအထားနှင့် တိုက်ခန်းပြင်ဆင်မှု အနေအထားကိုလိုက်၍ ကွန်ဒိုတိုက်ခန်း တစ်ခန်းလျှင် အနိမ့်ဆုံး ကျပ် သိန်း ၄၀၀ ခန့်မှ ကျပ်သိန်း ၁၀၀၀၀ အထိ ဈေးနှုန်းရှိနေပြီး အငှားဈေးကွက်တွင် ကျပ်သုံးသိန်းမှ ကျပ်သိန်း ၅၀ အထိ ဈေးနှုန်းရှိနေသည်ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများမှ စုံစမ်းသိရပြီး အဆိုပါ နှုန်းထားများမှာ နိုင်ငံတကာ အဆင့်မီ စံချိန်စံညွှန်းနှင့် မကိုက်ညီဘဲ မြေပိုင်ခွင့်၊ ပေါင်နှံခွင့်၊ မရသည့်အပြင် တိုက်ခန်းအတွင်း ၀န်ဆောင်မှု မှာလည်း အားနည်းချက်များရှိနေသဖြင့် ဈေးနှုန်းကြီးမြင့်သည်ဟု သုံးသပ်နိုင်ကြောင်း သိရှိရပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရေးဆွဲနေသော စုပေါင်းပိုင် အဆောက်အအုံ ဥပဒေမူကြမ်းတွင် ကွန်ဒိုဝယ်ယူသူများ၏ ပိုင်ဆိုင်မှု၊ လွဲပြောင်းမှုများနှင့် စပ်လျဉ်းသည့် အခွင့်အရေး ပေးထားသော ပြဋ္ဌာန်းချက်များအပြင် ယင်းတို့နှင့် ဆက်စပ် အငြင်းပွားမှုများ မဖြစ်ပွားရန် တရားဝင် ခိုင်မာ သည့်အချက်များ ပါဝင်ရေးဆွဲနေပြီး၊ အဆိုပါဥပဒေ ပြဋ္ဌာန်းပြီးပါက ကွန်ဒိုဝယ်ယူသူများအနေဖြင့် ခိုင်မာသော ပိုင်ဆိုင်မှုနှင့် အာမခံချက် ရယူနိုင်ခြင်း၊ မြေနေရာ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်နိုင်ခြင်း၊ ဘဏ်တွင် အပေါင်ထား၍ ငွေချေးယူနိုင်ခြင်းစသည့် နည်း ဥပဒေများ ပါဝင်လာမည်ဖြစ်ကြောင်း အောက်တိုဘာလအတွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်။

၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှ စတင်၍ ကွန်ဒိုအမည်တပ် ရောင်းချလာသည့် မြန်မာနိုင်ငံရှိ ကွန်ဒိုအများစုမှာ မြေနေရာ အနေအထား၊ အခန်း ကျယ်ဝန်းမှု၊ ဓာတ်လှေကား ပါဝင်မှု၊ အခန်းအလှဆင်မှုတွင် သာမန်ပြင်ဆင်မှု များဖြင့်သာ ကွန်ဒိုအမည်ခံ ရောင်းဝယ်ခဲ့ခြင်းဖြစ်၍ ကွန် ဒိုမီနီယံဥပဒေ အတည်ပြုနိုင်ပြီး သတ်မှတ်စံချိန်စံညွှန်းများဖြင့် ဆောက်လုပ်ရောင်းဝယ်မည်ဆိုပါက မြန်မာနိုင်ငံရှိ အဆင့်မမီကွန်ဒိုများ၏ ဈေးနှုန်းများ ကျဆင်းသွားနိုင်ကြောင်း သိရှိရပါသည်။

''နိုင်ငံတကာမှာ ကွန်ဒိုတိုက်ခန်းတွေကို ဟိုတယ်တွေလိုပဲ ကြယ်ပွင့်အဆင့် သတ်မှတ်ပြီး အကောင်းဆုံး ဇိမ်ခံနိုင်အောင်၊ ဈေးနှုန်းမြှင့် ရောင်းနိုင်အောင် ဆောက်ကြတယ်။ မြေပိုင်ခွင့်ရတယ်၊ ဘဏ်မှာ ပေါင်ခွင့်ရှိတယ်၊ မြန်မာနိုင်ငံမှာ အဆိုးဆုံး ကွန်ဒိုက ကွန် ဒိုအမည်တပ်ပြီး ဟောလ်တိုပ်(က်) ဖြစ်နေတာပါပဲ၊ ကွန်ဒိုဆိုတာနဲ့ အခန်းဖွဲ့ပြီး အဆင့်မြင့် ပြင်ပြီးဖြစ်ရပါမယ်''ဟု ရေသန့်နှင့် အဆောက်အအုံပညာရှင် ဦးနိုင်ထွန်းက ပြောသည်။ မြန်မာနိုင်ငံတွင် စုပေါင်းပိုင် အဆောက်အအုံ ဥပဒေ အတည်ပြုနိုင်ရေးအတွက် ဥပဒေမူကြမ်းအား ၂၀၁၁ခုနှစ် အောက်တိုဘာလအတွင်း ပြည်သူလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး စုပေါင်းပိုင် အဆောက်အအုံ ဥပဒေအား ယခုနှစ်အတွင်း အတည်ပြု ပြဋ္ဌာန်းနိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား နေပြည်တော်တွင် ၂၀၁၂ခုနှစ် ဧပြီလလအတွင်း ထပ်မံကျင်းပခဲ့ကြောင်း သိရှိရပါသည်။

Eleven Media Group

ယနေ့ နံနက် ၁၀ နာရီတွင် ထိုင်းနိုင်ငံ မဟာချိုင်၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား (ရုပ်သံ)






ထိုင်းနိုင်ငံကို မေလ၂၉ရက်ညပိုင်းက ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ၃၀ရက်မနက်ပိုင်းမှာ မဟာချိုင်ဒေသက အလုပ်သမားတွေကို အားပေးစကားပြောကြားပြီးတဲ့နောက် မဟာချိုင်မှာရှိတဲ့ မြန်မာ အလုပ်သမားကိုယ်စားလှယ်အယောက်၃၀နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာအလုပ်သမားတွေအနေနဲ့ အလုပ်သမား ရ ပိုင် ခွင့်တွေ သိရှိအောင် ပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ မေလ၃၀ရက် မွန်းလွဲပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တည်းခိုနေတဲ့ ဘန်ကောက်မြို့က ရှန်ဂရီလာ ဟို တယ်မှာ ထိုင်းဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဘီဆစ်နဲ့တွေ့ဆုံဆွေးနွေးဖို့ရှိပြီး ညနေပိုင်းမှာတော့ ကမ္ဘာ့ စီး ပွားရေးဖို၇မ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။

တစ်နှစ်ပြည့် ကချင်စစ်ပွဲနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး



ရေးသားသူ-ရဲမိုး

'စစ်ပွဲတွေကို ကျွန်ုပ်တို့ အဆုံးမသတ်ရင် စစ်ပွဲတွေက ကျွန်ုပ်တို့ကို အဆုံးသတ်သွားလိမ့်မယ်'

အိပ်ခ်ျဂျီဝဲလ်စ်

'ဂျိန်း'ခနဲပေါက်ကွဲသည့် အသံက အနီးကပ်မိုးကြိုးပစ်သံထက်ပင် ပိုကျယ်သည်။ ခြေဖ၀ါး အောက်
က မြေကြီးတုန်လှုပ်သွားပြီး မတ်တတ်ရပ်နေသူတစ်စု၏ ခန္ဓာကိုယ်များယိမ်းထိုးသွားသည်။
အစိမ်းပုပ်ရောင် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)ယူနီဖောင်းကို ၀တ်ထား
သည့် ဗိုလ်မှူးက မှတ်ချက်ချသည်။ 'ဒါ ၁၀၅မမ ဟောင်ဝစ်ဇာအမြောက်သံပေါ့၊ ဒီကျည်ဆန်တစ်လုံး
က သိန်းလေးဆယ်နီးနီးတန်တယ်'
ပြီးခဲ့သည့်နှစ် ဇွန်လ ၉ရက် နေ့က စတင်ခဲ့သည့် ကချင်ပြည် နယ်တွင်းစစ်ပွဲ ရက်ပေါင်း ၃၄၉ ရက်

မြောက်နေ့ဖြစ်ပါသည်။ တစ် နှစ်ပြည့်ဖို့ ၁၈ ရက်အလို မေလ ၂၂ ရက်တွင် တပ်မတော်ဘက်မှ

ပစ်လိုက်သော၁၀၅မမ အမြောက်ဆန်က 'မင်္ဂလာပါ' ဟု နှုတ်ခွန်း ဆက်ထားသော လိုင်ဇာမြို့အ၀င် မုခ်ဦးနှင့်

တစ်ဖာလုံခန့် အကွာမှာ ကျရောက်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့က အနည်းဆုံး အမြောက်ဆန်သုံးလုံး

ထိုနေရာတစ်ဝိုက်တွင် ကျရောက်ခဲ့သည်။
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာ က ကောင်းချီးပေးနေချိန်၊ နေ ပြည်တော်နှင့်

ဝါရှင်တန်ဒီစီအပါ အ၀င် နိုင်ငံတကာမြို့တော်ကြီး များအကြား ဆက်ဆံရေးလမ်းကြောင်းများ

ချောမွေ့အရှိန်ရလာ စဉ်မှာ မြန်မာပြည်မြောက်ပိုင်းက စစ်ပွဲက စိုးရိမ်စရာအကောင်းဆုံး အခြေအနေကို

ရောက်ရှိလာခဲ့ပါပြီ။
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၏ လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ကေအိုင်အေ၏

စာရင်းဇယားများအရ ၁၁ လအ တွင်း ယခုနှစ်မေလ ၂၁ ရက်နေ့ အထိ တိုက်ပွဲပေါင်း ၁ç၄၀၈ ခုဖြစ်
ပွားခဲ့ပြီး နေ့စဉ် ပျှမ်းမျှ တိုက်ပွဲလေးပွဲဖြစ်ပွားနေသည်။ ဧပြီလကုန်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ

ဘန်ကီမွန်း မြန်မာနိုင် ငံကိုလာရောက်စဉ်က ကချင်ပြည် နယ် ငြိမ်းချမ်းရေးအတွက် ပြော ဆိုခဲ့ပြီးနောက်ပိုင်း

အနည်းဆုံး တိုက်ပွဲ၁၄၀ခန့် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်ဟု စာရင်းများကဆိုသည်။
အရှေ့တောင်အာရှ၏ နောက်ဆုံးကျန်ရှိသော စစ်ပွဲဖြစ် သည့် ကချင်ပြည်နယ်တွင်း လက်

နက်ကိုင်ပဋိပက္ခသည် မြန်မာ့ ပြည်တွင်းစစ်သမိုင်းတွင် အသေ အပျောက်အများဆုံးနှင့် ကုန်

ကျစရိတ်အများဆုံး စစ်ပွဲတစ်ခု ဖြစ်ဖို့ တစ်လှမ်းချင်း နီးစပ်လာနေ ခဲ့ပါပြီ။
'အချိန်မီ မရပ်နိုင်ရင် နောက်ပြန်လှည့်လို့ရမှာ မဟုတ် တော့ဘူး။ လူမျိုးရေးမုန်းတီးမှုကို

ဘယ်တော့မှ ရပ်လို့ရမှာ မဟုတ် တော့ဘူး"ဟု မြစ်ကြီးနားမြို့ရှိ ဒေသခံ အင်န်ဂျီအို တစ်ခုမှာ အလုပ်
လုပ်နေသည့် ကချင်လူငယ် အမျိုးသားတစ်ဦးက မှတ်ချက်ချသည်။
၁၉၆၁ ခုနှစ်က စတင်၍ လက်နက်ကိုင်တော်လှန်ခဲ့သော ကေအိုင်အေတပ်ဖွဲ့များသည် ၁၉၉၄ တွင်

နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူခဲ့ သည်။ ငြိမ်းချမ်းရေးရယူပြီး ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ်

ဇွန်လ အတွင်းက တရုတ်-မြန်မာ နယ် စပ်အနီးရှိ တရုတ်နိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုတစ်ခုဖြစ်သည့် တာပိန် ရေအား

လျှပ်စစ်စီမံကိန်းအနီး ရှိသည့် ကေအိုင်အေတပ်များကို တပ်မတော်က တိုက်ခိုက်ရာက စတင်ပြီး တိုက်ပွဲများ

ဆက်တိုက် မြှင့်တက်လာခဲ့သည်။
ပဋိပက္ခ၏ သားကောင်များ
'ချမ်းသာတဲ့လူတွေက စစ်တိုက်တဲ့အခါ ဆင်းရဲသားတွေက အသက်ပေးကြရပါတယ်"
-ယန်းပေါဆာ့ထ်
မြစ်ကြီးနားမှာရှိသည့် မိသားစုဆီကို ဦးနော်ဂျာ (၃၉ နှစ်) မပြန်နိုင်တာ တစ်နှစ်နီးနီးရှိပြီ။ ၂၀၀၅

ခုနှစ်မှာ ရေဆင်းတက္က သိုလ်က စိုက်ပျိုးရေးအဓိကနဲ့ ဘွဲ့ ရထားတဲ့ ဦးနော်ဂျာတစ်ယောက် တပ်မတော်က

ဝိုင်းဝန်းပိတ်ဆို့ ထားသည့် ကေအိုင်အေအခြေ စိုက်ရာ လိုင်ဇာမြို့ပြင်က ဂျေ ယမ်းစစ်ဘေးဒုက္ခသည်စခန်းမှာ

တာဝန်ခံတစ်ဦးအဖြစ် တာဝန်ယူနေသည်။
၂၀၁၁ ဇွန်လကုန်မှာ ဂျေ ယမ်းစခန်းစတင်ဖွင့်လှစ်ကတည်း က မိသားစုကို မြစ်ကြီးနားမှာ ထားခဲ့ပြီး

စခန်းတာဝန်ခံတစ်ဦး အဖြစ် စေတနာ့ဝန်ထမ်းလုပ်နေ ခဲ့သည်။ မေလ ၂၂ရက်နေ့အထိ ဂျေယမ်းစခန်းမှာ

ဒုက္ခသည် ပေါင်း ၆၂၀၄ဦး ရှိနေပါသည်။
"'စစ်ဆိုရင် ဘယ်အရပ် ဘယ်ဒေသမှာမဆို ပိုခံစားရတာက ကျေးရွာသူ ရွာသားတွေပါပဲ။ နစ်
နာဆုံးရှုံးမှု အများဆုံးက ပြည် သူလူထုပဲ"ဟု ဦးနော်ဂျာက ဆိုသည်။
စတုရန်းမိုင်ပေါင်း ၃၄၃၀၀ ကျော်ကျယ်ဝန်းသည့် ကချင်ပြည် နယ်အနှံ့အပြားမှာ ဒုက္ခသည်

စခန်းပေါင်း ၅၀ ခန့်ရှိပြီး စစ်ပြေး ဒုက္ခသည်ပေါင်း ၈၀၀၀၀ ၀န်း ကျင်ရှိနေပြီဟု လိုင်ဇာမြို့အခြေ စိုက်

ကချင်ပြည်နယ်စစ်ဘေး ဒုက္ခသည်စောင့်ရှောက်ရေးကော် မတီ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကေအိုင် အိုဗဟိုကော်မတီဝင်တစ်ဦးလည်း ဖြစ်သူ ဦးဒွဲပီဆက ပြောသည်။
ပိုမိုပြင်းထန်လာသည့် တိုက် ပွဲအရှိန်နှင့် ကျယ်ပြန်လာသည့် စစ်မျက်နှာများကြောင့် ဒုက္ခသည်
အရေအတွက် တိုးပွားလာသည် နှင့်အမျှ အခက်အခဲများလည်း ရင်
ဆိုင်လာကြရသည်။
'အဓိကကတော့ စားရေး သောက်ရေး ပြဿနာပဲ' ဟု ဦးဒွဲ ပီဆကပြောသည်။
အခြားပြဿနာများက တော့ မိခင်နှင့် ကလေးများ၏ ကျန်းမာရေးပြဿနာ၊ မိုးကျလာသည့်အ
တွက် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ၊ ကျောင်းနေအရွယ် ကလေးများ၏ ပညာရေးနှင့်အခြား
အထွေထွေစိန်ခေါ်မှုများဖြစ်သည်ဟု စခန်းတာဝန်ခံများက ပြောပြသည်။
ခန့်မှန်းခြေ ဒုက္ခသည် စုစု ပေါင်း ၈၀ç၀၀၀ ၀န်းကျင်အနက် ၅၂ç၀၀၀ ခန့်က ကေအိုင်အို ထိန်းချုပ်ထားသည့် ဒေသများမှာရှိပြီး ကျန်ရှိသည့်သူများမှာ ၀ိုင်းမော်၊မြစ်ကြီးနားတစ်ဝိုက်မှာဟု ဦးဒွဲပီ
ဆက ခန့်မှန်းသည်။
မြစ်ကြီးနားမြို့နှင့် ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ ၀ိုင်းမော် မြို့၊ ၀ိုင်းမော်ဇုန်နယ် နှစ်ခြင်းအ သင်းတော်စခန်းတွင် ပြီးခဲ့သည့် ဧပြီလအထိ ဒုက္ခသည် ၄၀၀ ကျော်သာရှိရာက မေလအတွင်း ၈၀၀ ကျော်အထိ
မြင့်တက်လာခဲ့သည်။
စစ်ပြေးဒုက္ခသည် အရေအ တွက် များပြားလာသည်နှင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှု အသစ်မှာ လူကုန်ကူးမှုပြဿနာဖြစ်သည်။
ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆက ၎င်းင်းတို့ထံ တိုင် ကြားမှု ငါးမှုခန့်ရှိခဲ့ပြီဟု ပြောဆို သည်။
ယခုနှစ် ဧပြီလအထိ ဒုက္ခ သည်များအတွက်ကေအိုင်အိုကကျပ်ငွေသိန်းပေါင်း ၄၆၀၀ ကျော်
နှင့် တရုတ်ယွမ်ငွေ ၅၂ သိန်း သုံးစွဲခဲ့ပြီးဖြစ်သည်ဟု ကယ်ဆယ်ရေး ကော်မတီ၏ စာရင်းများကဆို သည်။
'စစ်အသုံးစရိတ်ထက် အ များကြီး ပိုပါတယ်' ဟု ဦးဒွဲပီဆက ပြောသည်။
တစ်ဖက်တွင်လည်း နိုင်ငံ တော်အစိုးရ၏ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ အတွင်းရေးမှူး နယ်စပ်ရေးရာ ၀န်ကြီးဌာန၏ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက သက်ဆိုင်ရာ အစိုးရဌာန များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ ဖြစ်သည့်
UNOCHA, WFP, UNICEF, UNHCR, UNDP , ICRC အပါအ၀င် အခြားအဖွဲ့များ နှင့် စစ်ပြေးဒုက္ခသည်များအတွက်အကူအညီပေးရေးကို ပူးတွဲလုပ် ဆောင်နေသည်ဟု နိုင်ငံတော်ပိုင် နေ့စဉ်သတင်းစာများကဖော်ပြ သည်။
ရန်ကုန်မှ ပေးပို့သော အကူ အညီများနှင့် ကုလသမဂ္ဂ၏ အကူအညီများမှာ လိုင်ဇာဒေသရှိ စခန်း
များကို မရောက်သလောက်ပင် ဖြစ်သည်ဟုလည်း ဦးဒွဲပီဆက ပြောသည်။
ဒုက္ခသည် စခန်းများအတွင်း စစ်တိမ်းရှောင်စဉ်မှာ မွေးဖွားခဲ့ သည့် ကလေးအရေအတွက်ပင် စုစုပေါင်း ၁၀၀၄ ဦး ပြည့်ခဲ့ပြီဟု သူက ထပ်လောင်းပြောဆိုသည်။
စကားဝိုင်းဆွေးနွေးပွဲ
'စစ်ပွဲအားလုံးဟာ သံတမန် နည်းလမ်းရဲ့ ကျဆုံးမှုကို ကိုယ်စား ပြုတယ်'
-တိုနီဘန်း
ရှေးမြန်မာဘုရင်များ လက် ထက်က မြန်မာတပ်များနှင့် ကချင်တပ်များ ပုခုံးချင်းယှဉ်ပြီး ပူးတွဲစစ်ချီခဲ့သည့်အချိန်များအကြောင်းကို ဦးလဆီးဘောက်နော် (၆၃နှစ်)ကပြောပြသည်။
'ကချင်နဲ့ မြန်မာဘုရင်တွေ ကြားမှာ ပြဿနာမရှိခဲ့ဘူး}} ဟု ၁၉၉၄ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုနောက်ကွယ်မှာ ပါဝင်ခဲ့ပြီး ယခု ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးလှုပ်ရှားမှုများ ကို ဦးဆောင်နေသည့် ဦးလဆီး ဘောက်နော်ကဆိုသည်။
'(လွပ်လပ်ရေးရပြီးခါစ) ရန်ကုန်အစိုးရလို့ ခေါ်တဲ့အချိန်၊ အင်းစိန်တိုက်ပွဲမှာ ကချင်တွေလာချတာပေါ့'ဟု သူက ထပ်လောင်း ပြောသည်။
နိုင်ငံတော်အစိုးရနှင့် ကေ အိုင်အိုအကြား တွေ့ဆုံဆွေးနွေး ရေးသိသာထင်ရှားစွာ မအောင်မြင်ရခြင်း အကြောင်းရင်းမှာ ဦးတည်ချက် မတူညီခြင်းကြောင့်ဟုကေအိုင်အို၏ တွဲဖက် အတွင်း ရေးမှူးဖြစ်ပြီး ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ်သည့် ဦးလနန်းကပြော ပါသည်။
နိုင်ငံတော် အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေးကို ဦးတည်ပြီး ကေအိုင်အိုအနေဖြင့် နိုင်ငံရေး ပြဿနာကြောင့်ဖြစ်လာသော စစ်ပွဲဖြစ်သောကြောင့် နိုင်ငံရေးကို အရင်ဖြေရှင်းရမည်ဟု ခံယူထား ကြောင်း ဦးလနန်းကရှင်းပြသည်။
၁၉၉၄ ခုနှစ်က စတင်ပြီး နိုင်ငံတော်အစိုးရနှင့် အပစ်အ ခတ်ရပ်စဲရေး ရယူထားခဲ့ပြီး အမျိုး သားညီလာခံကို တက်ရောက်ခဲ့ သည့် ကေအိုင်အိုဘက်က ၁၇နှစ် ကြာမြင့်သော ငြိမ်းချမ်းရေးကာလ ကို
အပစ်အခတ်ရပ်စဲထားသည့် တိုင်အောင်အဓိကနိုင်ငံရေးပြဿ နာကို မဖြေရှင်းနိုင်သည့်ကာလဟု သုံးသပ်သည်။ ရေရှည် ငြိမ်းချမ်း ရေးအတွက် ပြည်တွင်းစစ်၏ အဓိကကျသော အခြေခံနိုင်ငံရေး ပြဿနာများကို အရင်ဖြေရှင်း သင့်သည်ဟု ၎င်းင်းတို့ကဆိုသည်။
'စစ်ပွဲဆိုတာ နိုင်ငံရေးပြဿ နာကြောင့် ဖြစ်လာရတဲ့ အကျိုး ဆက်ပဲ။ ပြဿနာရဲ့ မူလအရင်း အမြစ်ဖြစ်တဲ့ နိုင်ငံရေးကို ဖြေရှင်း မှရမယ်'ဟု ဦးလနန်းကပြောသည်။
ကေအိုင်အိုအနေဖြင့် အမျိုး သားညီလာခံကို တက်ခဲ့သည့်တိုင် အောင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းလဲရေးကို လက်ခံနိုင်ခြင်း မရှိခဲ့ပေ။ ၂၀၀၉ ခုနှစ် ဧပြီလအ တွင်း နိုင်ငံတော်အစိုးရက နယ် ခြားစောင့်တပ်သို့ အသွင်ပြောင်း လဲရန် ဖိအားပေးခြင်းအပေါ် ငြင်း ဆန်ခဲ့သည့်နောက်ပိုင်း အခြေ အနေ ပိုမိုတင်းမာလာခဲ့သည်ဟု သူက ဆက်ရှင်းပြပါသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များက သိသာထင်ရှားသည့် ရလဒ်များ မရခဲ့သည့်နောက်ပိုင်း ပြည်ထောင်စုအစိုးရအဖွဲ့က ငြိမ်း ချမ်းရေးဖော်ဆောင်ရေးအဖွဲ့အ သစ်ကို မေလ ၃ရက်မှာ ပြန်လည်
ဖွဲ့စည်းခဲ့သည်။ အသစ်ပြန်လည်ဖွဲ့စည်းသည့်အဖွဲ့ကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
ဗဟိုကော်မတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဟု နှစ်ဖွဲ့ ဖွဲ့ထားသည်။
ဗဟိုကော်မတီတွင် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ ၀င်များထဲတွင် ဒုသမ္မတနှစ်ဦးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်း
အောင်လှိုင်တို့လည်းပါဝင်သည်။ လုပ်ငန်းကော်မတီတွင်မူ ဥက္ကဋ္ဌ အဖြစ် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တာဝန်ယူပြီး ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်
ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ဒုတိယဥက္ကဋ္ဌများ အဖြစ်ပါဝင်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်း စိန် ကိုယ်တိုင်လည်း မေလ ၁၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဦး စားပေး ပြောကြားသွားခဲ့သည်။
ကချင်ပြည်နယ် စစ်ပွဲကို မရပ်တန့်နိုင်သည့်တိုင်အောင် နိုင် ငံတော်ကိုယ်စားပြု ငြိမ်းချမ်းရေး ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၁ သြဂုတ်လမှ စတင်ပြီး တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
ငြိမ်းချမ်းရေးဖော်ဆောင် ရေးကော်မတီတွင် နိုင်ငံတော် သမ္မတကိုယ်တိုင် ဦးဆောင်ပါဝင် လာသည့်အတွက် မျှော်လင့်ချက် ပိုမိုအားကောင်းလာသည်ဟု သုံးသပ်သူများရှိနေသည်။
သို့တိုင်အောင် အသစ်ပြန် လည်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့်ပတ် သက်၍ လူပြောင်းဖို့ထက် မူ ပြောင်းဖို့က ပိုအရေးကြီးကြောင်း ဦးလနန်းကသုံးသပ်သည်။
'ဒီပုံစံအတိုင်း သွားမယ်ဆိုရင်တော့ နိုင်ငံတကာရှေ့မှာ ကေအိုင်အေနဲ့ ဘယ်နှကြိမ်တွေ့ပါတယ်ဆိုတာပဲ များသွားမယ်။ အဖြေရလဒ်တော့ ရလာမယ် မထင်ဘူး'ဟု သူကဆိုပါသည်။
သို့သော် ငြိမ်းချမ်းရေးအဖွဲ့ သစ်နှင့်ပတ်သက်၍ သူ့မှာ အပြုသဘောဆောင်သည့်အမြင်လည်း ရှိပါသည်။
'(အဖွဲ့သစ်မှာ) ကာကွယ် ရေးဦးစီးချုပ်ကိုယ်တိုင် ပါလာ တော့ အတိုင်းအတာတစ်ခုထိ တော့ ပိုမှာပေါ့'စစ်ပွဲ၏ အကျအဆုံးနှင့်အနာဂတ်
'မျိုးချစ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဟာ တိုင်းပြည်အတွက် သူတို့ အသေခံမယ့် အကြောင်းပဲပြော တယ်၊ တိုင်းပြည်အတွက် သူတို့ ဘယ်လောက်သတ်တယ်ဆိုတာ ကိုတော့ ဘယ်တော့မှ မပြောကြဘူး'
-ဘာထရန်ရပ်ဆဲလ်
၁၂ လနီးပါး ကြာမြင့်ခဲ့သည့် စစ်ပွဲအတွင်းကျဆုံးခဲ့မှု အရေအ တွက်ကို နိုင်ငံတော်အစိုးရနှင့် ကေအိုင်အို နှစ်ဖက်လုံးက တရား ၀င်ကြေညာမှု မရှိခဲ့ပါ။ ကိန်း ဂဏန်းအတိအကျ မသိရသည့်တိုင် နှစ်ဖက် အကျအဆုံးများမှာ မနည်းလှဟု စောင့်ကြည့်သူများ ခန့်မှန်းကြပါသည်။ တပ်မတော်ဘက်မှာ ထောင် ဂဏန်းခန့် ကျဆုံးခဲ့ပြီဟု ကေအိုင် အေ သတင်းအရင်းအမြစ်အချို့ က ဒေသတွင်း မီဒီယာအချို့မှာ တော့ ပြောဆိုခဲ့သည်။
'ကျွန်တော်တို့ဘက်က တော့ အကျရှိတယ်။ ဒါ ၀န်ခံတယ်။ ဒါပေမဲ့ အစိုးရစစ်တပ်မှာတော့ အကျအဆုံး ပိုများတယ်။ အဆနဲ့ ပိုများတယ်'ဟု ကေအိုင်အေ ပြောရေးဆိုခွင့်ရ ဦးလနန်းကပြော သည်။
နှစ်ဖက်အကျအဆုံး အဆ မတန် များလာရင် နှစ်ဖက်စလုံး နောက်ပြန်ဆုတ်ရမည်ကို အခက် တွေ့လာနိုင်ကြောင်း စိုးရိမ်သူများ ရှိသလို တပ်မတော်ဘက်မှ အင် အားနှင့် ဆက်တိုက်ဖိလာလျှင် ကချင်နှင့် ဗမာများအကြား လူမျိုး ရေးမုန်းတီးမှု ကြီးထွားလာနိုင်သည်ဟု စိုးရိမ်သူများလည်းရှိနေ သည်။
'အခြေအနေကို မထိန်း သိမ်းနိုင်ရင် အကြမ်းဖက်တိုက် ခိုက်မှုတွေ ဖြစ်လာနိုင်တယ်'ဟု မြစ်ကြီးနားအခြေစိုက် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။
မြစ်ကြီးနားမြို့ YMCA ၏ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ လုပ်လာခဲ့သော ဦးလဆီးဘောက် နော်ကတော့ 'ကျွန်တော်က Racial issue (လူမျိုးရေးပြဿနာ) ဖြစ်လာမှာကို ကြောက်တယ်'ဟု သုံးသပ်သည်။
မိုင်ဂျာယန်က စစ်ဘေးဒုက္ခ သည်စခန်းကို ဗမာအလှူရှင်တစ် ဦးလာလှူရာမှာ စခန်းထဲမှာ ဗမာ လို့မပြောပါနဲ့ဟု စခန်းတာဝန်ခံ က ကြိုမှာထားခဲ့ကြောင်း စခန်း နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုကပြောသည်။
ရွေ့လျားနေသော နာရီ လက်တံများနှင့်အတူ ကချင်စစ်ပွဲ သည်လည်း ရှေ့ကို တိုး၍သွား နေသည်။
လိုင်ဇာမြို့ ဂျေယမ်းဒုက္ခ သည်စခန်းမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်နေပြီး မြစ်ကြီးနားမှာ ရှိသည့် မိသားစုဆီကို မပြန်နိုင် သေးသည့် ဦးနော်ဂျာကတော့
'အခုလို ဆက်ဖြစ်နေမယ်ဆိုရင် လူမျိုးရေးဘက်ကို ဦးတည်နေတဲ့ သဘောရှိတယ်'ဟုဆိုသည်။
ပြီးတော့ သူက တိုးတိုးထပ် ပြောသည်။
'ကျွန်တော်တို့လည်း ကျွန်တော်တို့ ခံနိုင်တဲ့ အတိုင်းအတာပေါ့'

7Day News Journal 

ကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားပြီးသော နိုင်ငံခြားဘဏ်များ မြန်မာဘဏ်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သောကြောင့် ညှိနှိုင်းမှုများ စတင်ပြုလုပ်နေ

ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်လုပ်ဆောင်နေသည့် ဂျပန်နိုင်ငံရှိ Sumitomo Mitsui Bank ရုံးချုပ်ကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ကိုယ်စားလှယ် ရုံးဖွင့်လှစ်ထားပြီးသော နိုင်ငံခြားဘဏ်များသည် မြန်မာဘဏ်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သောကြောင့် နှစ်ဖက်ဘဏ်များအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ပုဂ္ဂ လိက ဘဏ်အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိထားသော ပုဂ္ဂလိကဘဏ် ၁၁ဘဏ်နှင့် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသော မြန်မာဘဏ်များသည် Joint Venture အဖြစ် အကျိုးတူပူးပေါင်းဆောင် ရွက်ခွင့်ပြုမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မေလ ၂၇ ရက်နေ့က ထုတ်ပြန်ပြောကြားခဲ့ပါသည်။

''မြန်မာဘဏ်တွေရဲ့အနေအထားအရ နိုင်ငံခြားဘဏ်တွေနဲ့ ဖက်စပ်လုပ်ခွင့်ပေးတာ ကောင်းပါတယ်။ အရင်းအနှီးနဲ့ နည်းပညာရော HR ပိုင်းပါ ကွာဟချက် အရမ်းများနေတယ်။ ပြင်ပနိုင်ငံကဘဏ်တွေနဲ့ယှဉ်ဖို့ တော်တော်ကြိုးစား ရဦးမယ်။ အနှစ်နှစ်အလလ နောက်ကျခဲ့တာကိုး။ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ နိုင်ငံတကာစံနှုန်းလုပ်နိုင်အောင် ကြိုးစားသင့်သလို မူဝါဒချမှတ်သူကလည်း ဘဏ်လုပ်ငန်းခြေလှမ်းတွေ တုံ့နှေးအောင် မလုပ်မိဖို့ လိုပါတယ်''ဟု ကမ္ဘောဇဘဏ်လီမိတက် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားပါသည်။

အဆိုပါ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားပြီးသော နိုင်ငံခြားဘဏ်များနှင့် မြန်မာဘဏ်များ အကျိုးတူ ဖက်စပ်ပြုလုပ်နိုင်မည့် လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာမှ မကြာမီ ထုတ်ပြန်ပေး မည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်ရသည့် ဘဏ်များ၊ အစုရှယ်ယာ ခွဲဝေမှုပမာဏနှင့် ဘဏ်လုပ်ငန်းအမျိုးအစားများ စသည်တို့ကို မကြာမီ ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ဘဏ်ရှိပြီး အဆိုပါဘဏ်များထဲ မှ ၁၁ ဘဏ်မှာ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးဖြစ်ကာ ထို ၁၁ ဘဏ်အနက်မှ လေးဘဏ်မှာ နိုင်ငံခြားငွေလွှဲ အ၀င်လက်ခံခြင်း လုပ်ငန်းကိုပါ လုပ်ကိုင်လျက်ရှိ ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ပြီးသော နိုင်ငံခြားဘဏ်အရေအတွက်မှာ ဗဟိုဘဏ်မှ တရားဝင် ထုတ်ပြန်ထားချက်များအရ ၁၇ ဘဏ်ရှိပြီး လာရောက်လျှောက်ထားလျက်ရှိသော နိုင်ငံခြားဘဏ်အရေအတွက် ၂၀ ၀န်းကျင်ရှိကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရပါသည်။ ထို့ပြင် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်လိုသောကြောင့် ယခင်က လိုင်စင်မလျှောက်ထားခဲ့သော ပုဂ္ဂလိကဘဏ်အချို့လည်းလုပ်ကိုင် ခွင့်လျှောက်ထားမှုများ ပြုလုပ်နေပြီး သတ်မှတ်ချက်များ ကိုက်ညီပါက ဗဟိုဘဏ်က ခွင့်ပြုသွားမည်ဟု အကြောင်းပြန်ကြားသည်ဟု သတင်းရရှိပါသည်။

မြန်မာအစိုးရအဖွဲ့၏ မူဝါဒအရ မြန်မာဘဏ်များ၏ နိုင်ငံခြား ဘဏ်လုပ်ငန်းများ နိုင်ငံတကာ အဆင့်မီမှသာ နိုင်ငံခြားဘဏ်များ မြန်မာနိုင်ငံအတွင်း ဘဏ်ခွဲဖွင့်လှစ်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်မှတရားဝင်ထုတ်ပြန်ထားသော ကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များစာရင်း



1.United Overseas Bank Ltd.

2. Oversea-Chinese Banking Corporation Ltd.

3. Malayan Banking Berhad (MAYBANK), Malaysia

4. Bangkok Bank Public Company Ltd.

5. National Bank Ltd.

6. Brunei Investment Bank (BIB)

7. First Overseas Bank Ltd.

8. First Commercial Bank, Singapore Branch

9. CIMB Bank Berhad

10. Sumitomo Mitsui Banking Corporation

11. DBS Bank Ltd.

12. The Bank of Tokyo-Mitsubishi UFJ,Ltd

13. Bank for Investment and Development of Vietnam

14. AB Bank limited

15. Industrial and Commercial Bank of China Ltd

16. Mizuho Corporate Bank Ltd

17. Siam Commercial Bank Public Company Ltd

Eleven Media Group

အဆိုတော် မျိုးကျော့မြိုင် အိမ်ကူ လုပ်သားအား နှိပ်စက် ညှဉ်းပန်းမှုဖြင့် အမှုဖွင့်ခံနေရ

ကင်ဂျုံအီးလ် ဝတ်စုံနဲ့ မျိုးကျော့မြိုင် (ဓာတ်ပုံ - ဧရာဝတီ)၊ မျိုးကျော့မြိုင်ရဲ့ ထိုးနှက်ချက်ကို ခံခဲ့ရတဲ့ မောင်ဟိန်းမင်းသူ (ဓာတ်ပုံ - RFA)


သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ တထောင်တန် ပါးရိုက်မှု ငြိမ်သွားချိန်မှာ အခုတခါ အဆိုတော် မျိုးကျော့မြိုင်ရဲ့ လက်ရောက် ကျူးလွန်မှု ဆိုပြီး facebook စာမျက်နှာတွေပေါ် တက်လာပြန်ပါပြီ။



မျိုးကျော့မြိုင်ရဲ့ ဒီအမှုက ဘယ်လောက်တန် မှန်းတော့မသိရ သေးပါဘူး။ မောင်ဟိန်းမင်းသူလို့ အမည်ရတဲ့ ၁၅ နှစ်အရွယ် အိမ်အကူ အလုပ်သမား ယောက်ျားလေးတဦးကို မျိုးကျော့မြိုင်က ပိုက်ဆံခိုးတယ်လို့ စွပ်စွဲပြီး ထိုးကြိတ်ခဲ့တယ်လို့ သိရပါတယ်။

မောင်ဟိန်းမင်းသူကို RFA သတင်းဌာနက မေးမြန်းထားတဲ့ မေးမြန်းချက်နဲ့ ထိုးကြိတ်ခံထားရလို့ ဒဏ်ရာရထားတဲ့ ဒီလူငယ်လေးရဲ့ ဓာတ်ပုံဟာ ဖေ့ဘုတ် စာမျက်နှာထက်မှာ ပျံ့နှံ့နေတာပါ။

ထိုးကြိတ်ခံရတဲ့ အလုပ်သမား ဘက်က မရမ်းကုန်းမြို့နယ်တရားရုံးမှာ တရားစွဲဆို အမှုဖွင့်ထားတယ် လို့လည်း သိရပါတယ်။

မျိုးကျော့မြိုင်က RFA သတင်းဌာနကို ဒီကိစ္စ မမှန်ကန်ကြောင်း ပြန်လည်ငြင်းဆန် ဖြေဆိုထားပါတယ်။ ဧရာဝတီသတင်းဌာနက မျိုးကျော့မြိုင်ကို ဆက်သွယ်ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

အဆိုတော် မျိုးကျော့မြိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က လက်ထပ်ခဲ့တဲ့ ဒေါက်တာ သွင်ပပအောင်ကိုလည်း ဂရန်း မီးရထား ဟိုတယ် ရှေ့မှာ ပါးရိုက်ခဲ့တဲ့အတွက် လမ်းမတော် တရားရုံးမှာ တရားစွဲဆိုခံထားရသူပါ။

လက်သံပြောင်တဲ့ မျိုးကျော့မြိုင်ဟာ ၁၉၉၆ ၀န်းကျင် လောက်က မင်းသမီးတယောက်နဲ့ ပြောဆိုထားတဲ့ စကားသံတွေ ပြန့်နှံ့ခဲ့ဖူးသလို လွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်ကလည်း အဆိုတော်မျိုးကျော့မြိုင်ရဲ့ မဖွယ်မရာပြုလုပ်ထားတဲ့ ဗီဒီယို ဖိုင်တွေ အင်တာနက်ပေါ်မှာ ပြန့်နှံ့ပြီး နာမည်ကြီးခဲ့ ပါသေးတယ်။

Rap တေးသီချင်းများကို မြန်မာပြည်နဲ့ ပထမဆုံး စတင် မိတ်ဆက်ပေးခဲ့သူလည်းဖြစ်တဲ့ အဆိုတော် မျိုးကျော့မြိုင်ဟာ အောင်မြင်တဲ့ တေးသီချင်းများကို ဖန်တီး သီဆိုခဲ့သူလည်းဖြစ်ပါတယ်။

အနုပညာရှင်များနဲ့ အမှုတွေအကြောင်း ပြောရရင်တော့ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ နာမည်ကျော် တထောင်တန် လက်ရောက်မှု နိဂုံးချုပ်သွားပြီ ဖြစ်သလို မကြာသေးခင်က အမှုတွေ တသီတတန်းကြီးနဲ့ နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် မင်းအုပ်စိုးရဲ့ နောက်ဆက်တွဲ သတင်းတွေလည်း ငြိမ်သက်သွားပြီလို့ ဆိုရမှာပါ။

အခုတခါ အလှည့်ကျရောက်သူ မျိုးကျော့မြိုင်ကကော သူ့အမှုတွေကို ဘယ်လိုများ အဆုံးသတ်မလဲ ဆိုတာ စောင့်ကြည့်ရမယ် ထင်ပါတယ်။

မောင်ဟိန်းမင်းသူ နဲ့ အဆိုတော်မျိုးကျော့မြိုင်တို့နဲ့ မေးမြန်းချက် အသံဖိုင်ပါ




ရန်ကုန်၊ မေ ၂၈

အဆိုတော်မျိုးကျော့မြိုင်က ၄င်း၏အိမ်အကူလုပ်သားအသက် ၁၇နှစ် အရွယ်ရှိ မောင်ဟိန်းမင်းသူအပေါ် ငွေကြေးခိုးယူသည်ဟု စွပ်စွဲကာ ညှဉ်းပန်းနှိပ်စက်ခဲ့ မှုနှင့်ပတ်သက်၍ မရမ်းကုန်းရဲစခန်း၌ ကာယကံရှင်ဖြစ်သူ၏မိခင်မှ တရားစွဲအမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

နှိပ်စက်ညှဉ်းပန်းခံရသူ မောင် ဟိန်းမင်းသူ၏ မိခင် ဒေါ်ခင်လေး နိုင်၏ ပြောကြားချက်အရ မေလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မရမ်းကုန်းမြို့နယ်၊ (၆) ရပ် ကွက်၊ ပြည်သူ့လမ်း၊ အမှတ်-၄၂/စီရှိ အဆိုတော်မျိုးကျော့မြိုင်၏ နေ အိမ်တွင်အိမ်အကူအဖြစ် လုပ်ကိုင် နေသည့်သားဖြစ်သူမောင်ဟိန်းမင်း သူသည်၎င်း၏နေအိမ် သို့ ရောက် ရှိလာပြီး မျိုးကျော့မြိုင်မှ ဈေးဝယ် ခိုင်းသော ငွေကျပ် ၆၅ဝဝဝ မှာ ရန်ကုန်စာတိုက်ကြီးသို့သွားစဉ် ခါးပိုက်နှိုက်ခံရ၍ ပျောက်ဆုံးသွား ခဲ့ကြောင်းနှင့် ထိုငွေ အားပြန်ပေး နိုင်ရေးအတွက် မိခင်ဖြစ်သူထံမှ လာရောက်တောင်း ခြင်းဖြစ် သည်ဟု သိရသည်။

”ကျွန်မက အိမ်မှာ စက်ချုပ် နေတုန်း သားဖြစ်တဲ့သူ ရောက်လာ ပြီး မျိုးကျော့မြိုင် ဈေးဝယ်ခိုင်းတဲ့ ငွေပျောက်သွားလို့လာတောင်းတော့ ကျွန်မလည်းစုဆောင်းထားတဲ့ငွေ ငါးသောင်းကိုယူပြီးသားနဲ့အတူ မျိုး ကျော့မြိုင်ရဲ့ အိမ်ကို လိုက်သွားပြီး အကျိုးအကြောင်းရှင်းပြခဲ့တယ်။ သူက ကလေးကိုဘာမှ စိတ်မပူပါနဲ့။ ဒီမှာပဲထားခဲ့ပါပြောလို့ ကျွန်မလည်း အိမ်ပြန်လာတာ” ဟု ဒေါ်ခင်လေး နိုင်က ဆိုသည်။ထို့နောက် အဆိုပါ နေ့ ညနေ ၅ နာရီတွင် မျိုးကျော့မြိုင်မှ ဒေါ် ခင်လေးနိုင်အား ဖုန်းဆက်၍ ၄င်း၏ သားဖြစ်သူက ဒေါ်လာ ၁ဝဝ ခိုးယူ သည်ဟုပြောဆိုကာေ ငွကျပ်နှစ်သိန်း ခွဲအလျော်တောင်းသည့်အတွက် ၄င်းထံတွင်ရှိသောငွေကျပ် ခုနစ် သောင်းအားယူကာမျိုးကျော့မြိုင်၏ နေအိမ်သို့လိုက်သွားခဲ့ကြောင်း၊ မျိုး ကျော့မြိုင်၏ အိမ်သို့ရောက်စဉ် ၄င်း အိမ်၌ အလုပ်လုပ်ကိုင်သူ မရွှေစင် ဖြိုးကငွေခုနစ်သောင်းယူ၍မောင်ဟိန်း မင်းသူအားဒေါ်ခင်လေးနိုင်နှင့်ပြန် ထည့် ပေးလိုက်ကြောင်း ၄င်း ကပြောသည်။

”သားဖြစ်တဲ့သူကို တွေ့တဲ့ အချိန်မှာ မျက်နှာမှာညိုမည်းနေတာ ကိုတွေ့တဲ့အတွက် ဘာဖြစ်တာလဲ လို့မေးတော့ မျိုးကျော့မြိုင်က သူ့ကို ပိုက်ဆံခိုး တယ်ဆိုပြီး လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန်တယ်လို့ ပြော တယ်။ ဒါနဲ့သားကို မ/ဥက္ကလာ ဆေး ရုံကိုပို့ပြီး မရမ်းကုန်းရဲစခန်းမှာ အမှုသွားဖွင့်ခဲ့တာ”ဟု ၄င်းက ထပ် မံပြောသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ မျိုးကျော့မြိုင်အား ဆက်သွယ်မေး မြန်းခဲ့ရာ ¤င်းအား တရားစွဲဆိုထား ခြင်းနှင့် ပတ်သက်၍ မသိရှိရသလို ၄င်းအနေဖြင့် လည်း မောင်ဟိန်းမင်း သူအပေါ် ထိခိုက်နာကျင်အောင် မပြုလုပ်ခဲ့ကြောင်း သို့သော် အမှန် တရား ပေါ်ပေါက်ရေးအတွက် ထို အမှုအား ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

မောင်ဟိန်းမင်းသူမှာ မျိုး ကျော့မြိုင်၏ နေအိမ်၌ အိမ်အကူ အဖြစ်လုပ်ကိုင်နေသည်မှာခြောက် လခန့်ရှိပြီဖြစ်ပြီးတစ်လလျှင် လစာ ငွေအဖြစ်ကျပ်နှစ်သောင်းရရှိကြောင်း နှင့် အမှုနှင့်ပတ်သက်၍ မရမ်းကုန်း ရဲစခန်းမှ(ပ)၂၈၇/၁၂(ပုဒ်မ) ၂၉၄/ ၃၂၅/ ၅ဝ၆ ဖြင့် အမှုဖွင့်ကာစုံစမ်း စစ်ဆေးလျက် ရှိကြောင်းသိရသည်။ထို့အပြင်အဆိုတော်မျိုးကျော့ မြိုင်မှလည်းမောင်ဟိန်းမင်းသူအား မရမ်းကုန်းရဲစခန်းတွင်(ပ)၂၉၃/ ၁၂၊ပုဒ်မ၃၈၁ဖြင့် ပြန်လည် တရား စွဲဆို ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

 Popular Myanmar News JournalPopular Myanmar News

ဒေါ်စု ထိုင်းခရီးစဉ် စီမံခန့် ခွဲ မှု လို ဟု နယူးယောက်တိုင်းသတင်းစာမှာဖေါ်ပြထား...




ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးနိင်ငံခြားကိုထွက်လည်တဲ့ခရီးကတော့သံတမန် တွေ အတွက်
စိတ်ကသိကအောင် ဖြစ်နေကြပြီလို့ သိရပါတယ်။ နယူးယောက်တိုင်းသတင်းစာခေါင်းစဉ်းမှာတော့ ပြင်ဆင်မှုညံတယ် ( Amid Disorganization, Aung San Suu Kyi Visits Thailand ) လို့ ဖေါ်ပြထားတာတော့အတော့ကို ရှက်စရာကောင်းလှပါတယ်။

အထူးသဖြင့်ဒေါ်စု ပါတီက လူတွေက
အဆင့်မြင့်သံတမန်ရေးလုပ်ငန်းတွေအတွက် အတော့ကိုလေ့ကျင့်ဖို့ လိုဦးမယ်။ဒေါ်စုကတော့
နှစ်ပေါင်းများစွာအိမ်မှာအကျယ်ချုပ်ခံထားရတော့ ထားပါတော့လေ။ အခုသူခရီးစဉ်ကို
တာဝန်ခံ သူက ခွန်သာမြင့် လို့ သိရတယ်။ သူမှာ နိင်ငံရေးနဲ့ သံတမန်ရေး ဘာမှ အတွေ့ အကြုဲံမရှိ
ဘူး။ သူက ဒေါ်စုအိမ်ကို ပဲ ပြင်တတ်သူတဦးသာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လို့ နိင်ငံတကာ ခေါင်းဆောင် ကြီး ထိုင်းနိင်ငံထဲကို ၀င်လာတာက
အတော့ကို ရုပ်ဆိုးလှတယ်။ ထိုင်းနိင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်ခြင်းလုံးဝမရှိဘူးလို့ 
ထိုင်းနိင်ငံခြားရေးဝန်ကြီး သနီ( Thani ) ဆိုတဲ့အကြောင်းကို နယူးယောက်တိုင်းသတင်းစာမှာဖေါ်ပြထားပါတယ်။

ဒုကသည်စခန်းတွေကို သွားမယ်လို့ သိရတယ်။ ဒီစခန်းတွေက နှစ်နိင်ငံကြားမှာ ပြသနာတရပ်ဖြစ်နေတဲ့စခန်းတွေ ဒီစခန်းတွေကိုသွားရင်ထိုင်းနိင်ငံရဲ့  ခွင့်ပြုချက်ကိုရယူဖို့ လိုပါတယ်။ ဒီလိုသွားရောက်လည်ပတ်ဖို့ အတွက်လည်း ဒေါ်စု ရဲ့ အဖွဲ့ က ထိုင်းအာဏာပိုင်တွေကို တရားဝင်အကြောင်းကြားမှုမရှိဘူးလို့  ဆိုပါတယ်။ အလားတူပဲထိုင်းနိင်ငံအခြေစို က်
ဒုကသည်တွေကို ကူညီပေးနေတဲ့ လူမှုရေးအဖွဲ့  BBC တာဝန်ရှိသူတွေကိုလည်းဆက်သွယ်ခြင်းမရှိဘူး။
ခွန်သာမြင့်ကိုဖုံးခေါ်ကြသော်လည်း ပြန်လည်ဆက်သွယ်ခြင်းမရှိဘူးလို့ သိရပါါတယ်။
တပ်ခရိုင်ဝန်လည်း ဦးဏှောက်ခြောက်နေပါတယ်။
သူလာမယ်ဆိုတာကို မီဒီယာကပဲကြားရတယ်။ ကျနော်တို့  ကိုသူမရဲ့  အဖွဲ့ ကဆက်သွယ်ခြင်းလုံးဝမရှိသေးဘူးလို့ ဆိုပါတယ်။
ဦးညဏ်ဝင်း ကိုဖုံးခေါ်သော်လည်း မရဘူးလို့ သိရတယ်။ ဒေါက်တာစင်သီယာဆေးခန်းကိုသွားရောက်ဖို့  ရှိသော်လည်း
ဒေါက်တာစင်သီယာ မောင်ကိုလည်းဒေါ်စုနဲ့တွေ့ မဲ့ အစီအစဉ်မှာထည့်သွင်းမဆွဲထားဘူးလို့ သိရတယ်။
နယူးယောက်တိုင်းသတင်းစာမှာဖေါ်ပြထားချက်တွေအရ ဒေါ်စုခရီးစဉ်တာဝန်ယူထားတဲ့
အဖွဲ့ ဟာ တော်တော်လေးကို ဖယိုဖရဲ ဖြစ်နေတာကိုတွေ့ ရပါတယ်။

ဒီကြားထဲ မီဒီယာနဲ့တွေရင် အတော်ကို စကားသွက်လှတဲ့ဒေါ်စုက သူကို မျော်လင့်တကြီးစောင့်စားနေတဲ့ မီဒီယာသမားတွေကို ဘာတခွန်းမှာ မပြောသွားဘူးလို့ 
ဆိုပြန်တယ်။

ဒီပုံနဲ့ဆိုရင်တော့ ဒီချုပ်တွေ စီမံခန့် ခွဲ ပုံတွေကြောင့် ဒီမိုကရေစီအရေး အတွက်ရင်လေးမိပါကြောင်း။

ဒေါ်စုခရီးစဉ် စီမံခန့် ခွဲ မှုလို ဟု နယူးယောက်တိုင်းသတင်းစာ က ထောက်ပြ

Amid Disorganization, Aung San Suu Kyi Visits Thailand

Christophe Archambault/Agence France-Presse — Getty Images

Daw Aung San Suu Kyi left the airport terminal after arriving in Bangkok on Tuesday.

By THOMAS FULLER


BANGKOK — “We’ll have to play it by ear, I guess,” said Thani Thongphakdi, a spokesman for the Thai Foreign Ministry.
World Twitter Logo.
Connect With Us on Twitter
Follow @nytimesworld for international breaking news and headlines.
Twitter List: Reporters and Editors
He was referring to the visit of Daw Aung San Suu Kyi, the leader of Myanmar’s democracy movement and a newly elected member of Parliament who arrived in Thailand on Tuesday. Ignoring a row of photographers awaiting her, she left the airport quickly without commenting.
A trip outside Myanmar is a personal milestone for Ms. Aung San Suu Kyi — her first journey abroad in 24 years. But planning it appears to have been an afterthought. For example, no one from her office contacted the Thai Foreign Ministry, which normally coordinates such high-profile visits. “As far as I know, we have not been approached by her team,” Mr. Thani said a few hours before she was to land.
News reports said Ms. Aung San Suu Kyi would visit a Thai refugee camp in Tak Province that is home to ethnic minorities from Myanmar who fled during decades of fighting. But travel to the area is restricted by the Thai government, and the officials who are responsible for granting permission for such visits said they were in the dark.
“We are only learning about her arrival from the media, not from her team,” Suriya Prasatbuntitya, the governor of Tak, said in a telephone interview on Tuesday. “I guess we’ll have to get details of her schedule on our own — and be prepared.”
Ms. Aung San Suu Kyi may meet with Abhisit Vejjajiva, the former Thai prime minister. She may also visit an area outside Bangkok that is home to thousands of migrant workers from Myanmar. Or not.
No one was available to confirm her schedule. The cellphone of U Nyan Win, the spokesman for Ms. Aung San Suu Kyi, was “power off” on Tuesday, according to an automated message.
It is not uncommon for dignitaries to withhold information about their travel schedules from the public for security reasons. It is unusual, however, for a visiting dignitary not to contact the government of the country he or she is visiting.
Ms. Aung San Suu Kyi’s trip to Thailand appears to have been organized by U Khin Tha Myint, who is described as her head of security. He spent the past four days setting up meetings and events, according to Andy Hall, a researcher who helped organize the meeting with migrant workers. Mr. Khin Tha Myint could not be reached by telephone on Tuesday.
Ms. Aung San Suu Kyi’s style might be described as spontaneous.
In the year and a half since her release from house arrest, those who have had dealings with her have generally been forgiving of the quirks of her operation: her staff is hard to reach and e-mails often go unanswered.
Less forgiving was U Thein Sein, the president of Myanmar. He was scheduled to visit Thailand this week, but he canceled the trip soon after news reports appeared saying that Ms. Aung San Suu Kyi would go.
Mr. Thein Sein, who has led the changes in Myanmar since coming to power last year, had been confirmed to speak this week at a conference sponsored by the World Economic Forum, the same group that puts on the annual meeting in Davos, Switzerland. Organizers of the forum announced last week that Ms. Aung San Suu Kyi would also attend, and released a schedule giving her top billing, including a question-and-answer session titled “One-on-One Conversation With a Leader.”
Fon Mathuros, a spokeswoman for the World Economic Forum, said Mr. Thein Sein canceled his appearance with “no further explanation.”
U Nay Zin Latt, an adviser to Mr. Thein Sein, said the president could not make time to go.
“He is extremely busy with his work, and taking great care of transitioning and transformation,” Mr. Nay Zin Latt said in an e-mail. Thai officials said the president’s visit had been rescheduled for next week.
A meeting in August between Mr. Thein Sein and Ms. Aung San Suu Kyi helped start the reforms now under way in Myanmar. In the months after that meeting, Ms. Aung San Suu Kyi announced that she and her political party, the National League for Democracy, would rejoin the political system. In April, Ms. Aung San Suu Kyi won a seat in Parliament.
Among the crowd waiting at the Bangkok airport to catch a glimpse of her on Tuesday was a 24-year-old factory worker from Myanmar, Zin Oo Maung, who stitches jeans for 300 baht ($10) a day at a factory on the outskirts of the city. He turned down some overtime work so that he could greet Ms. Aung San Suu Kyi.
“She is hope,” he said. “We hope our country’s economy gets better and we’ll be able to return.”
Though she spent much of the time since 1988 under house arrest, Ms. Aung San Suu Kyi could have left Myanmar, but probably would not have been able to return. She stayed, believing that her absence would have made it easier for the military to crush the democracy movement. Her willingness to travel abroad now is a vote of confidence in Myanmar’s moves toward democracy.
Next month, she is scheduled to visit four European nations: Britain, where she will address the two houses of Parliament; Norway, where she will belatedly accept her 1991 Nobel Peace Prize; Switzerland, where she will deliver a speech to the International Labor Organization; and Ireland, where she will meet one of her keenest supporters, Bono, the lead singer of the rock band U2.
Poypiti Amatatham contributed reporting.

"ကျောင်းပြန်တက်ခွင့် မရသည့် ကျောင်းသားသမဂ္ဂ ကျောင်းသား နှစ်ဦး ကျောင်းပြန်တက်ခွင့်ရ ပြီ"



ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကျောင်းသားများဖြစ်ကြသည့် ကိုဒီငြိမ်းလင်းနှင့် ကိုရဲမြတ်ဟိန်းတို့ နှစ်ဦးအား နေ့ကျောင်းပြန်တက်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။၎င်းတို့နှစ်ဦးအားနေ့ကျောင်းပြန်တက်ခွင့်ပြုကြောင်းကို အနောက် ပိုင်းတက္ကသိုလ် မော်ကွန်းထိန်းမှ ၄င်းတို့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါခွင့်ပြုချက်အား သမ္မတကြီးမှ ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

““ ဒီနေ့ နေ့လယ် ၁ နာရီ ကျောင်းမှာလာတွေ့ဖို့ ပြောထားပါတယ်။ ကိုရဲမြတ်ဟိန်းကတော့ ခရီးသွားနေလို့ ကျွန်တော်တစ်ယောက်ပဲ သွားဖြစ် မယ်”” ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ ကိုဒီငြိမ်းလင်းကပြောသည်။

ကိုဒီငြိမ်းလင်းနှင့် ကိုရဲမြတ်ဟိန်း တို့သည် ၂၀၀၇ သံဃာအရေးအခင်းကြောင့် ယခင်စစ်အစိုးရဟောင်း၏ ဖမ်းဆီးထိမ်းသိန်းခြင်းခံခဲ့ရပြီး အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံခဲ့ရပြီး ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက် ကနိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာအမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာ ခဲ့ခြင်းဖြစ်သည်။ ကိုဒီငြိမ်းလင်းသည် အနောက်ပိုင်းတက္ကသိုလ် ဘူမိဗေဒ နောက်ဆုံးနှစ် ကျောင်းသားဖြစ်ပြီး ကိုရဲမြတ်ဟိန်းသည် အနောက်ပိုင်း တက္ကသိုလ် သင်္ချာအထူးပြု ပထမနှစ်ကျောင်းသားဖြစ်သည်။

Popular Myanmar News Journal

အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီတွင် နယ်ပယ်စုံမှပညာရှင်များနှင့် လုပ်ငန်းရှင်အချို့ ပါဝင်မည်

နိုင်ငံတော်သမ္မတအား လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးအစရှိသော လူမှုစီးပွားရေးဆိုင်ရာများအား အကြံပြုတင်ပြမည့် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ ဖွဲ့စည်းရန် ပြင်ဆင်နေပြီး လျာထားစာရင်းအရ နယ်ပယ်စုံမှပညာရှင်များနှင့် လုပ်ငန်းရှင်အချို့ ပါဝင်လာနိုင်ကြောင်း သတင်းရရှိပါသည်။

''အစည်းအဝေးခေါ်ရင်တော့ သွားတက်ဖြစ်တယ်။ ဘယ်တော့ ဖွဲ့မယ်ဆိုတာနဲ့ ဘယ်သူတွေ ဘာတာဝန်ယူမယ်ဆိုတာ မသိပါဘူး။ အဖွဲ့ဝင်တွေထဲမှာလည်း အပြောင်းအလဲ ဖြစ်နိုင်သေးတယ်လို့ သိရတယ်''ဟု လျာထား စာရင်းတွင် ပါဝင်နေသည့် ဦးသန်းလွင် (ဒုဥက္ကဋ္ဌ၊ ကမ္ဘောဇ ဘဏ်လီမိတက်)က ပြောကြားခဲ့ပါသည်။

အကြံပေးအဖွဲ့ လျာထားစာရင်းတွင် ပါဝင်သူများမှာ ပါမောက္ခဦးမော်သန်း(ပါမောက္ခချုပ်(ငြိမ်း) ရန်ကုန်စီးပွားရေးတက္ကသိုလ်)၊ ဦးတင်ထွဋ်ဦး(CEO- ARDC)၊ ပါမောက္ခဒေါ်ခင်စန်းရီ(တာဝန်ခံပါမောက္ခချုပ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်)၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ဦး ဆက်အောင်(နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးပညာရှင်)၊ ဦးသန်းလွင်(ဒုဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်လီမိတက်)၊ ဒေါက်တာကျော်ရင်လှိုင် (ဟောင်ကောင် တက္ကသိုလ်)၊ ဦးတင်မောင်သန်း(Myanmar Egrass)၊ ဦးဝင်းအောင်(ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်)၊ ဦးလှမောင်ရွှေ(ဒုဥက္ကဋ္ဌ -ကုန်သည်။စက်မှုအသင်းချုပ်)၊ ဦး သောင်းတင်(ဒုဥက္ကဋ္ဌ-ကုန်သည်။စက်မှုအသင်းချုပ်)၊ ဒေါက်တာဇော် ဦး(ဗဟုဖွံ့ဖြိုးရေးအဖွဲ့)၊ ဦးကိုကို ကြီး(ဒိုင်းမွန်းစတားကုမ္ပဏီ)၊ ဦးသီဟန်မျိုးညွန့်(ဥပဒေပညာရှင်)၊ ဦးမိုး ကျော်(MMRD)၊ ဦးခင်မောင်အေး (ဥက္ကဋ္ဌ၊ သမ၀ါယမဘဏ်လီမိတက်) တို့ ပါဝင်ကြောင်း အကြံပေးအဖွဲ့ဝင် အချို့ထံမှ သိရပါသည်။

အဆိုပါ အကြံပေးအဖွဲ့ကို လွန်ခဲ့သော နှစ်လခန့်မှ စတင်ဖွဲ့စည်းရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ပညာရှင်များကို ဖိတ်ကြားကာ အစည်းအဝေး နှစ်ကြိမ် ပြုလုပ်ပြီးဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း အကြံပေးအဖွဲ့တွင် ပါဝင်လာနိုင် သည့် လျာထားစာရင်း ထွက်ပေါ်လာသော်လည်း အပြောင်း အလဲရှိနိုင်ကြောင်းနှင့် မည်သည့်အချိန်တွင် တရားဝင်ဖွဲ့စည်းမည်ကိုလည်း မသိရှိရသေးကြောင်း လျာထားစာရင်းတွင် ပါဝင်သူအချို့ထံမှ သိရပါသည်။ လက်ရှိ၌ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ သုံးဖွဲ့ရှိပြီး ၎င်းတို့မှာ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေအဖွဲ့များ ဖြစ်ကြကြောင်း သိရသည်။

Eleven Media Group

နိုင်ငံတကာခရီးသွားများ ဟိုတယ်အခန်းရရှိရန် ခက်ခဲခြင်း၊ ဈေးနှုန်းမြှင့်တင်ခြင်းကြောင့် အခက်အခဲတွေ့




မြန်မာနိုင်ငံသည် လက်ရှိတွင် နိုင်ငံတကာခရီးသွားများ ၀င်ရောက်မှု များပြားလာသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ဟိုတယ်အခန်းရရှိရန် ခက်ခဲမှု၊ ဟိုတယ်အခန်းငှားရမ်းခ နှုန်းထားများ မြှင့်တင်မှုတို့ ဖြစ်ပေါ်လာ၍ အခက်အခဲများ ကြုံတွေ့လာကြောင်း သတင်းရရှိသည်။

ဟိုတယ်အခန်းခ နှုန်းထားများ ပြောင်းလဲမြင့်တက်မှုကြောင့် Pack age Tour စီစဉ်သည့် ခရီးသွားကုမ္ပဏီများအနေဖြင့် ခရီးသွားဝန်ဆောင်မှုပေးရာတွင် အခက်အခဲများဖြစ်ပေါ်လာသည့်အတွက် ဟိုတယ်၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအကြား ညှိနှိုင်းမှုများကို မေလအတွင်းက ပြု လုပ်ခဲ့သည်။

''ညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် ထူးမခြားနား ဖြစ်နေပါသေးတယ်''ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဟိုတယ်အခန်းခ ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ရန်ကုန်မြို့တွင် အဓိက ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ရန်ကုန်မြို့သည် ခရီးသွားအများစု စတင်ရောက်ရှိ နေထိုင်ရာဖြစ်ခြင်း၊ နေပြည်တော်သို့ လာရောက်သော နိုင်ငံတကာ ခရီးသွားများကလည်း ရန်ကုန်မြို့မှတစ်ဆင့် ခရီး ဆက်လေ့ရှိကြခြင်းတို့ကြောင့် ဟိုတယ်အခန်းရရှိရန် ခက်ခဲမှုများ အခြားဒေသများထက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု သိရှိရသည်။

''အခန်းခဈေးနှုန်းမြင့်တက်တဲ့ ပြဿနာက၊ ပြဿနာတော့ မဟုတ်ဘူးပေါ့လေ။ ဒီကိစ္စက အဓိကက အခန်းမလောက်လို့ ဖြစ်လာတာပဲ။ အခု မြန်မာနိုင်ငံက တစ်ကမ္ဘာလုံးက စိတ်ဝင်စားလာကြတယ်။ အလည်အပတ် ခရီးသွားတွေ အများကြီး ရောက်လာသလို စီးပွားရေး ခရီး သွားတွေလည်း အများကြီးပဲ လာချင်နေကြတယ်။ နေ့ချင်းညချင်း နှစ်ဆတက်လာတယ်။ ဟိုတယ်တွေက တကယ်တမ်းကျတော့ ခရီးသွား တည်းခိုမယ့် အဆင့်မီဟိုတယ်ဆိုတာကလည်း နည်းတော့ ရှိတဲ့နေရာ ပြုံတိုးကြတဲ့အခါ ဒီလိုတွေဖြစ်လာတာပါ။ booking တော့ ယူပေးပါတယ်။ ဒါပေမယ့် ကိုယ်ရှိတာက ၁၀၀၊ လာချင်တာက ၄၀၀ ဆိုရင်တော့ မယူနိုင်ဘူးပေါ့''ဟု ရန်ကုန်မြို့၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ်ကြီးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ဟိုတယ်အခန်းခ နှုန်းထားများ ပြောင်းလဲမြင့်တက်မှုကြောင့် Pack age Tour စီစဉ်သည့် ခရီးသွားကုမ္ပဏီများအနေဖြင့် ခရီးသွား ၀န်ဆောင်မှုပေးရာတွင် အခက်အခဲများ ဖြစ်ပေါ်လာသည့်အတွက် ဟိုတယ်၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအကြား ညှိနှိုင်းမှုများကို မေလအတွင်းက ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံသို့ စီးပွားရေးအရ လာရောက်သော ခရီးသွားများ၊ အလည်အပတ် လာရောက်သော ခရီးသွားများ စသည့် ခရီးသွား အမျိုးအစားနှစ်ခုသည် ဆတူနီးပါး တိုးတက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ဟိုတယ်အခန်းခ နှုန်းထားများမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသော ဟိုတယ်အချို့တွင် အမေရိကန် ဒေါ်လာ ၂၅၀ မှ ၃၀၀ အကြား၊ အချို့တွင် အမေရိကန်ဒေါ်လာ ၂၀၀ အောက် ရှိနေကြောင်း သိရှိရသည်။

''တချို့ခရီးစဉ်တွေက cancel ဖြစ်လာပြီ။ စပိန်ခရီးသွားတွေဆို cancel ဖြစ်တာရှိတယ်။ အရင်အလုပ် ၁၀ ခုလောက်ရမှာ တစ်ခုပဲရတော့ မယ့် အခြေအနေဖြစ်လာပါတယ်။ နောက်ဆို ဧည့်သည်ကို ရန်ကုန်မှာ မထားဘဲ မန္တလေး၊ ပုဂံကို တိုက်ရိုက် ခေါ်သွားရမယ့်အခြေအနေမှာ ရောက် လာပါတယ်။ တကယ်တော့ ရေရှည်ကို မကြည့်ဘူးပေါ့။ ခရီးတစ်ခုက cancel ဖြစ်ရင် အကျိုးသက်ရောက်မှုက နယ်အထိ ရောက်မှာပါ။ ပြည်တွင်းဟိုတယ်တွေထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ဖွင့်တဲ့ ဟိုတယ်တွေမှာ ကြုံရတယ်။ တချို့ဟိုတယ်ကြီးမှာ ကျတော့ စာချုပ်ကို လေးစားတယ်။ ဈေးမပြောင်းဘူး''ဟု မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်းမှ တာ ၀န်ရှိသူက ပြောပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ခရီးသွားဝင်ရောက်မှု တိုးတက်မှုရှိထားသော အိမ်နီးချင်းနိုင်ငံများ၏ အာရုံစိုက်မှု၊ သတိပြုမှုကိုလည်း ရရှိနေကာ လုပ်ငန်းပိုင်းဆိုင်ရာ ယှဉ်ပြိုင်ရမှုများ လာမည့်သုံးနှစ်အတွင်း ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ခန့်မှန်းမှုများ ရှိနေသည်။ ခရီးစဉ်စရိတ်မြင့် တက်လာခြင်းသည် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်ရန် လိုအပ်လာသော အချိန်တွင် နှောင့်နှေးမှုတစ်ရပ်ဖြစ် လာနိုင်ကြောင်းလည်း သိရသည်။

''မြန်မာနိုင်ငံက လက်ရှိမှာ ခရီးစဉ်စရိတ်တွေ ဈေးမြင့်လာတော့ သတိထားပြီး ရောင်းလာရတဲ့ အနေအထားဖြစ်လာပါတယ်''ဟု Myanmar Polestar ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းထင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ အချက်အလက်များအရ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းပေါင်း ၇၃၁ ခုရှိပြီး အခန်းအရေအတွက် ၂၅၀၀၂ ခန်း ရှိနေသည်။ ရန်ကုန်မြို့တွင် ဟိုတယ်အခန်းပေါင်း ၄၀၀၀ ၀န်းကျင်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည်။

Eleven Media Group