စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 30, 2012

"တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံ အလုပ်သမား အချို့ စက်ရုံလုံခြုံရေး ရိုက်နှက်ခြင်းခံရ"

လှိုင်သာယာ စက်မှုဇုန် အမှတ် (၁) ရှိ တော်ဝင်မြန်မာ ဇာထိုးပန်းထိုး စက်ရုံ လုပ်ခလစာ တိုးမြှင့်ရေး ဆန္ဒ ဖော်ထုတ်လျက် ရှိသည့် အလုပ်သမား အချို့ မေလ ၂၉ ရက်နံနက် က စက်ရုံ လုံခြုံရေး၏ ရိုက်နှက်မှု ခံခဲ့ရကြောင်း သိရ သည်။
''သမီးတို့ အတွက် အရမ်း အရေးကြီးတဲ့ ဇာထုပ်ကို မနက်က စက်ရုံ အပြင်ကို ထုတ်လာလို့ အဲဒါ ကို တားတာကို သမီးကို တားရမလား ဆိုပြီး ရိုက်တာ'' ဟု စက်ရုံ လုံခြုံရေး အစောင့်၏ ရိုက်နှက်ခြင်း ခံခဲ့ရသော အသက် ၂၃ နှစ် အရွယ် အလုပ်သမ မသဲစုမာက ပြော သည်။

အဆိုပါ ကိစ္စရပ်အတွက် စက်ရုံ အလုပ်သမ သုံးဦးနှင့် အလုပ်သမား တစ်ဦး ရိုက်နှက်ခံ ရကြောင်း အဆိုပါ အလုပ်သမား တစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ ရိုက်နှက်ခံရမှု အတွက် စက်ရုံ လုံခြုံရေးအား တရားစွဲဆိုရန် စီစဉ်သွားမည် ဖြစ်ကြောင်း အဆိုပါ စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် မထိုက်က ပြောသည်။

တရားစွဲဆိုရန် ကိစ္စအား လက် ရှိတွင် အလုပ်သမား ကိုယ်စားလှယ် အချို့နှင့် ညှိနှိုင်းလျက် ရှိပြီး အားလုံး သဘောတူညီချက် ရရှိပါက လုပ်ဆောင်စရာ ရှိသည်များအား ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ စက်ရုံအလုပ်သမား များအရေး လိုက်လံကူညီပေး နေသည့် ၈၈ မျိုး ဆက်ကျောင်းသူ တစ်ဦး ဖြစ်သူ မနိုဘယ်အေး က ပြောသည်။
စက်ရုံရှိ ချည်ထုပ်များအား မူ လနိုင်ငံ တရုတ်ပြည်သို့ ပြန်ပို့ရန် ထုတ်ပိုး သယ်ယူမှုအား တားမြစ်မှု ကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အဆိုပါ စက်ရုံသည် တရုတ်နိုင် ငံသားပိုင် စက်ရုံ ဖြစ်ပြီး ချည်ဇာထိုး ပန်းထိုး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသော စက်ရုံဖြစ်သည်။ စက်ရုံ အလုပ်သမား ၂ဝဝဝ နီးပါး ရှိပြီး ၁၉ဝဝ ကျော်သည် လုပ်ခလစာ တိုးမြှင့် ရလိုမှုဖြင့် မေလ ၂၆ ရက် မှစတင်ပြီး ဆန္ဒဖော်ထုတ် တောင်း ဆိုလျက် ရှိသည်။

''အရင်က လစာ ၃ဝဝဝဝ ရ တယ်။ အဲဒါကို အခု နောက်ထပ် ၃ဝဝဝဝ ထပ်တိုးပေးဖို့ တောင်းဆို တာပါ။ စုစုပေါင်း ၆ဝဝဝဝ ပေါ့။ အခုထိတော့ အလုပ်ရှင်တွေက မပေးနိုင်ဘူးလို့ ပြောနေတယ်။ ကျွန်မတို့ ကတော့ ကျွန်မတို့ တောင်းဆိုတာ မရမချင်း ဆန္ဒဖော် ထုတ်သွားမှာပါ'' ဟု အဆိုပါ စက်ရုံ အလုပ်သမား ကိုယ်စားလှယ် တစ်ဦး က ပြောသည်။

ဥာဏ်လင်းအောင်

0 comments: