စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 25, 2012

မကွေးတိုင်းဒေသကြီးအတွင်းက ကိုယ်ပိုင်သင်တန်းကျောင်း ကျူရှင်ဆရာတွေကို နိုင်ငံရေးကင်းရှင်းရမယ်ဆိုပြီး တိုင်းပညာရေးမှူးက အမိန့်ထုတ်


မကွေးတိုင်းဒေသကြီးအတွင်းက ကိုယ်ပိုင်သင်တန်းကျောင်း ကျူရှင်ဆရာတွေကို နိုင်ငံရေးကင်းရှင်းရမယ်ဆိုပြီး တိုင်းပညာရေးမှူးက အမိန့်ထုတ်ကြောင်း သိရပါတယ်။

ဒီညွှန်ကြားစာကို ဧပြီလ(၃၀)ရက်နေ့မှာ စာအမှတ်(၁၀၃၁၆/၁- ဦး-၁)နဲ့ တိုင်းပညာရေးမှူးရုံးက ထုတ်ပြန်ခဲ့တာဖြစ်ပြီး မကွေးတိုင်း မြို့နယ်
အသီးသီးက ပညာရေးမှူးတွေကတဆင့် ထပ်ဆင့် ညွှန်ကြားတဲ့စာကို
မေလ(၁၆)ရက်နေ့ လက်ခံရရှိတဲ့ တောင်တွင်းကြီးမြို့နယ်က ကျူရှင်ဆရာဦးဝင်းသိန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ကျူရှင်ဆရာလို့ခေါ်တဲ့ ကျူရှင်ကျောင်းတွေပေါ့။ တည်ထောင်ဖွင့်လှစ်သူများ၊ သင်တန်းဆရာများဟာတဲ့ ၂၀၁၂၊ ၂၀၁၃ ပညာသင်နှစ် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများ ဖွင့်လှစ်ရန်အတွက် လှောက်ထားရပါမယ်တဲ့။ လျှောက်ထားရာမှာ ပါတီနိုင်ငံရေး ကင်းရှင်းမှုရှိသည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ထောက်ခံချက်(၄)စုံတဲ့ ရဲစခန်းထောက်ခံစာတဲ့ ဆိုပြီးတော့ ကျနော်တို့ကို မြို့နယ် ပညာရေးမှူးက မကွေးတိုင်းပညာရေးမှူးရုံးရဲ့ စာကို ရည်ညွှန်းပြီးတော့ ညွှန်ကြားလာပါတယ်”

အခုလိုညွန်ကြားချက် ထုတ်တာဟာ ပြည်ထောင်စုအဆင့်ကလား မကွေးတိုင်းအဆင့်ကလားဆိုတာ သူတို့အနေနဲ့ ဝေခွဲမရဖြစ်နေကြောင်း သူက အခုလို ဆက်ပြောပါတယ်။

“ကိုယ်ပိုင်သင်တန်းကျောင်းဆိုက ကျူရှင်လေးတွေပဲဗျာ။ နိုင်ငံတော်
သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ ကိုယ်ပိုင်ကျောင်း private school ဥပဒေမှာကြတော့ ပါတီနိုင်ငံရေး ကင်းရမယ်လို့ လုံးဝမပါပါဘူး၊ ကိုယ်ပိုင်ကျောင်းနဲ့ ကိုယ်ပိုင်သင်တန်းကျောင်းနဲ့ မတူပါဘူး၊ ကိုယ်ပိုင်ကျောင်းဆိုတာက ဘာသာစုံသင်ပြီးတော့ ဒါကိုယ်ပိုင်ကျောင်းကြီး ယူတာ အဲဒီကိုယ်ပိုင်ကျောင်းကြီး ဥပဒေမှာတောင်မှ ကျနော်တို့ ဆရာတွေက ပါတီနိုင်ငံရေး ကင်းရမယ်လို့ မပါပါဘူး ကျနော်တို့ အဲဒါသေချာလေ့လာပြီးသားပါ”

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က မကွေးတိုင်းပညာရေးမှူးရုံးကို ဖုန်းဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ ၀န်ထမ်းတဦးက ပညာရေးမှူးရုံး ဟုတ်ကြောင်းပြောဆိုပြီး ဖြေပိုင်ခွင့်မရှိတဲ့အတွက် တိုင်းပညာကိုသာ
မေးပါလို့ ပြောပါတယ်။

နိုင်ငံဝန်ထမ်းမဟုတ်ဘဲ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ အခုလိုအမိန့်ထုတ်တာဟာ ပါတီစုံခေတ်မှာ လူ့အခွင့်အရေးကို ပိတ်ပင်သလိုဖြစ်နေပြီး လွှတ်တော်ထဲအထိ ဝင်ရောက်ပြီး နိုင်ငံကောင်းကျိုး လုပ်ချင်တဲ့ ကျူရှင်ဆရာတွေ အကုန်လုံးကို ကန့်သတ်ရာ
ရောက်တယ်လို့လည်း ဦးဝင်းသိန်းက ပြောဆိုပါတယ်။


RFA Burmese

0 comments: