စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, May 29, 2012

ညစဉ်ဆန္ဒထုတ်ဖော်သူတွေထဲက လူငယ်ခေါင်းဆောင် ၁၁ ဦးကို မနေ့က မွန်းလွဲ တစ်နာရီမှာ ခရိုင်ရဲမှူးကြီးအပါအ၀င် မြို့နယ်အာဏာပိုင်တွေက ပုသိမ်ဝန်ကြီးရုံးကို ခေါ်ယူခဲ့ပြီး ၃ နာရီကြာ မေးမြန်း




ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ပုသိမ်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ လျှပ်စစ်မီးအချိန်ပြည့် ရရှိရေးအတွက် ညစဉ်ဆန္ဒထုတ်ဖော်သူတွေထဲက လူငယ်ခေါင်းဆောင် ၁၁ ဦးကို မနေ့က မွန်းလွဲ တစ်နာရီမှာ ခရိုင်ရဲမှူးကြီးအပါအ၀င် မြို့နယ်အာဏာပိုင်တွေက ပုသိမ်ဝန်ကြီးရုံးကို ခေါ်ယူခဲ့ပြီး ၃ နာရီကြာ မေးမြန်းခဲ့တာဖြစ်တယ်လို့ မိသားစုဝင် တစ်ဦးက အာအက်ဖ်အေ ကို ပြောပါတယ်။

"၁၁ ယောက်ကို ခေါ်တာကကြတော့ သူတို့မှာ တကယ်ကို မရှိလို့ မပေးရတာပါပေါ့ နောက် တခြားကိစ္စတွေလည်း ဆွေးနွေးတယ်၊ ခင်ဗျားတို့ပေါ့ ဒီလို ဆန္ဒဖော်ထုတ်နေပြီဆိုလို့ရှိရင် ကျနော်တို့က ဘယ်လိုပံ့ပိုးပေးရမလဲ ဘယ်လိုလုပ်ပေးရမလဲ၊ သူတို့ကို တစ်ယောက်ချင်းခေါ်ပြီးတော့ ဘာကြောင့် ဒီလိုမျိုးလုပ်ရတာလဲ၊ သူများမြို့လုပ်လို့လုပ်တာလား၊ခင်ဗျားတို့ဆန္ဒတကယ်ပါလို့လုပ်တာလား၊ ဘယ်လိုဖြစ်လို့လုပ်တာလည်းဆိုတာကို ခရိုင်ရဲမင်းကြီးရယ်၊ လျှပ်စစ်ရုံးက အရာရှိတွေရယ်၊ နောက်တခါကြတော့ စီအိုဘီ ရယ် ဒန ရယ်၊ အရာရှိတွေပဲ ပါတာ။ ဘာကြောင့် အခုလိုမျိုး ဆန္ဒပြတာလည်း၊ ဘယ်သူက ပြခိုင်းလို့ပြတာလဲဆိုတော့ဆန္ဒပြတာမဟုတ်ဘူးတဲ့ ပြည်သူရဲ့ဆန္ဒကို ဖော်ထုတ်တာပါတဲ့၊ ကျနော်တို့ကနေဆိုပြီးတော့ အဲ့ဒီ ၈၈ ကျောင်းသားခေါင်းဆောင် တစ်ယောက်ကနေ ထပြောတယ်။"

မေးမြန်းခံခဲ့ရသူ ၁၁ ဦး ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အဖွဲ့ဝင် ကိုချစ်အေး ကိုဇော်မိုး ကိုဝင်းနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုကျော်စွာ တိုပါဝင်ခဲ့ ပြီးမီးအချိန်ပြည့်ရရှိဖို့ရက်သတ္တနှစ်ပတ်စောင့်ဖို့ ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။

ညပိုင်းမှာတော့ ခေါ်ယူမေးမြန်းခံခဲ့ရတဲ့လူငယ်ခေါင်းဆောင်တွေနဲ့ ဒေသခံပြည်သူတွေဟာ နေ့စဉ်ပုံမှန်
ဆန္ဒထုတ်ဖော်နေကြအတိုင်းပုသိမ်မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးရှေ့မှာ လျှပ်စစ်မီးအချိန်ပြည့်ရရှိရေး ဆက်လက်ဆန္ဒထုတ်ဖော်ဖို့ ထပ်မံသွားရောက်ချိန်မှာတော့ အရာရှိတစ်ဦးထွက်လာပြီး တောင်းပန်ခဲ့သလို နှစ်ပတ်အတွင်း မီးလင်းရေးဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့လို့ လူစုခွဲလိုက်တဲ့အကြောင်း ခုနက အမျိုးသမီးကပဲ ဆက်ပြောပါတယ်။

"မနေ့က ညနေ ၆ နာရီခွဲလောက်တော့ရှိပြီပေါ့ သူတို့အုပ်စုတွေ အဲ့ဒီ EPC ရုံးရှေ့ကို ထွက်ပြီးတော့ ဆန္ဒပြဖို့လုပ်တယ်၊ လုပ်တဲ့အခါကြတော့ အဲ့ဒီအရာရှိကထွက်လာပြီးဆက်ပြီးတော့ဆန္ဒမပြနဲ့အုံးပေါ့၊ နှစ်ပတ်အတွင်းကို သူတို့ရအောင်လုပ်ပေးမယ် အဲ့ဒီလိုကတိပေးလိုက်တာ၊ အရာရှိတစ်ယောက်က ထွက်လာပြီးတော့ ပြောတာ။"

ပုသိမ်မြို့နယ်မှာ မေ၂၅ရက်နေ့ညကစပြီးလျှပ်စစ်မီးအချိန်ပြည့်ရရှိရေးအတွက် ဒေသခံပြည်သူ၅၀ခန့်
ကစတင်ပြီးညစဉ်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
 

0 comments: