စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, January 29, 2013

ဒေါ်အောင်ဆန်းစုကြည် နဲ့ မိတ်ဆွေတု မိတ်ဆွေယောင်...

ကိုညို(အော်စလို) ~

  ကျနော်တို့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒဿမမြောက် ပြည်ပနိုင်ငံခရီးစဉ်အဖြစ် တောင်ကိုးရီးယားနိုင်ငံကို တနလာင်္နေ့ကပဲ ဆိုက်ရောက်သွားပါပြီ။ ဒီခရီးစဉ်မတိုင်မီ ဟာဝိုင်ယီကျွန်း အလည်ပတ်ခရီးစဉ်ကတော့ မွန်းကြပ်ရှုတ်ထွေးပြီး၊ ဝေဖန်မှုတွေ အငြင်းပွားစရာတွေပြည့်နှက်နေတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးလောကရဲ့ ဘ၀အမောတွေကို ယာယီအခိုက်အတန့်အားဖြင့် မေ့ပျောက်စေမှာပါ။

 ဟာဝိုင်ယီကျွန်းရဲ့ သဘာဝအလှတွေ၊ ကျွန်းသူကျွန်းသားတွေရဲ့ ပျူငှာနွေးထွေးပြီး ချစ်စရာကောင်းတဲ့ ကြိုဆိုဧည့်ခံမှု၊ ထူးခြားတဲ့ယဉ်ကျေးမှု၊ အစားအသောက်တွေက.. ဒေါ်အောင်ဆန်းစုကြည်အတွက်၊ သတိတရ စာတိုပေစရေးစရာလေးတွေ ဖြစ်လာနိုင်သလို၊ တသက်တာအတွက် လှပတဲ့အိပ်မက်တွေလို သူ့စိတ်အာရုံမှာ မမေ့မပျောက် ရှိနေနိုင်ပါတယ်။ ကျနော်တို့တတွေက တိုက်ပွဲထဲကနေရထားတဲ့ ရှားရှားပါးပါး လူထုခေါင်းဆောင်ကို အဲဒီလို အေးအေးချမ်းချမ်းနဲ့ အပူအပင်ကင်းကင်း ရှိနေတာ မြင်ချင်တာပေါ့။ ဒါပေမဲ့ လက်တွေ့မှာတော့ကျနော်တို့ခေါင်းဆောင်ဟာ တိုင်းပြည်အတွင်းမှာသာမက၊ တိုင်းပြည်ပြင်ပမှာပါ အလိမ်အညာတွေ၊ ကိုယ်ကျိုးရှာတွေ၊ ကျင့်ဝတ်ပျက်နေတဲ့.. နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေနဲ့ ဆုံဆည်းနေရတော့ ကျနော်တို့ရင်ထဲ မကောင်းလှဘူး။

 အဲလို ကျင့်ဝတ်ပျက်အတ္တ၀ါဒီတွေဆိုတာ..တိုင်းပြည် အတွင်းအပြင်က မြန်မာလူမျိုးတွေသာမက ပြည်ပနိုင်ငံတွေက နိုင်ငံရေးသမားတွေ၊ အစိုးရတွေပါ ကျနော်တို့ခေါင်းဆောင်ကို ၀န်းရံပြီး ကျနော်တို့နိုင်ငံနဲ့ပြည်သူတွေကို ပါးပါးလှီးနေလို့ဖြစ်တယ်။ အဲဒါတွေ ကျနော်တို့မြင်နေရလို့လည်း..ဒီလိုစာမျိုး ရေးဖြစ်သွားတာ။

အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုးရီးယားခရီးစဉ်အနေအထားတွေကိုပဲ ဖွင့်ချပြောပြချင်တယ်။ လက်ရှိ သမတ အီမြောင်ဘတ် ရန်ကုန်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံ၊ ဓာတ်ပုံရိုက်ခဲ့တာကြောင့်၊ ကိုရီးယား သတင်းစာတွေက.. နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့ အာဏာရှင်အတွေးအခေါ်သမား မတူမတန် ဓာတ်ပုံတွဲရိုက်သင့်သလား လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အခုလည်း သမတနဲ့ သမတလောင်းကို သူတို့ဆီက သတင်းစာတွေ ဝေဖန်သရော်နေပါပြီ။

..အာဏာရှင်သမီးနဲ့ လွတ်လပ်ရေးဖခင်တယောက်ရဲ့သမီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နဲ့ ယှဉ်တွဲ ဓာတ်ပုံမရိုက်ပါနဲ့ ဆိုပြီး ရေးသားခဲ့တာတွေ ရှိပါတယ်။ ဒေါ်စုကိုဖိတ်ခေါ်တဲ့ အာဏာရ Saenuri Party က လက်ရှိ သမတအီမြောင်ဘတ်၊ ရွေးကောက်ပွဲအနိုင်ရပါတီ(Saenuri Party)ရဲ့ အမျိုးသမီး သမတလောင်း ဘတ်ဂွန်ဟှဲတို့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလက မိမိတို့နဲ့ လားလားမှမသက်ဆိုင်သလို နေခဲ့ပြီး မြန်မာ့အရေးအတွက် စိတ်ဝင်စားမှုလည်းမပြခဲ့ဘူး။

 ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုရီးယားနိုင်ငံကမြန်မာ့ဒီမိုကရေစီ အင်အားစုတွေ၊ ပါတီပေါင်းစုံ လက်မှတ်ထိုး တောင်းခံမှုမှာလည်း ခေါင်းရှောင်ခဲ့သလို၊ အဲဒီကာလတွေက စစ်အစိုးရနဲ့ စီးပွားရေး ပူးတွဲလုပ်ခဲ့တယ်။ သမတလောင်းဘတ်ဂွန်ဟှဲကိုယ်တိုင် အတိုက်အခံအမတ်ဘ၀က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုးဖို့ငြင်းဆန်ခဲ့ရုံမက.. ဒီလို လက်မှတ်ထိုးလိုက်ရင် မိမိတို့နဲ့ မြန်မာအစိုးရ(စစ်အစိုးရ)တို့ စီးပွားရေး အကျိုးတူဆောင်ရွက်နေတာကို ပျက်ပြားနိုင်တယ်လို့ ပြောင်ပြောင်တင်းတင်း ပြောခဲ့ဖူးသူပါ။

အခုသမတလောင်း ဘတ်ဂွန်ဟှဲ.ဆိုတဲ့ အမျိုးသမီးကလည်း အာဏာရှင်သမတ ပတ်ချုံဟီးရဲ့သမီး ဖြစ်တယ်။ (ကျနော်တို့ငယ်ငယ်ကပတ်ချုံဟီးဖလားဘော်လုံးပွဲ ဟာနာမည်ကြီးတယ်။ အာဏာရှင်ဦးနေ၀င်းက မြန်မာအားကစားသမားတွေကို စေလွှတ်ခဲ့တယ်) ပတ်ချုံဟီးက ဦးနေ၀င်းထက်တနှစ်စောပြီး ၁၉၆၁ မှာ စစ်အာဏာသိမ်းပြီး တက်လာသူဖြစ်တယ်။ ၁၉၇၉ ကျတော့ သူ့ရဲ့ထောက်လှမ်းရေး အကြီးအကဲကပဲ လုပ်ကြံခဲ့တယ်။ အဲဒီနောက်ပိုင်း တောင်ကိုးရီးယားရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ အာဏာရှင်ပတ်ချုံဟီးခေတ်ထက် ပိုမိုပွင့်လင်းခဲ့တယ်။ ပတ်ချုံဟီးလက်ထက်က စီးပွားရေးကိုပဲ လုပ်ခဲ့ပြီး၊ ဒီမိုကရက်တစ်စံချိန်စံညွှန်းတွေ မျက်ကွယ်ပြုခဲ့တယ်။ ဒီမိုကရေစီယဉ်ကျေးမှုထက် စီးပွားရေးဖံွ့ဖြိုးမှုကို အသားပေးခဲ့သူဖြစ်တယ်။ ဒီနေ့စစ်အစိုးရအမွေကို ဆက်ခံတဲ့ ကြံ့ဖွတ်အစိုးရရဲ့အတွေးအခေါ်နဲ့ တထပ်တည်းပဲ။

ကျနော်တို့ခေါင်းဆောင် နေအိမ်အကျယ်ချုပ်ကျနေတုံးက တကယ်တမ်း လူအား၊ ငွေအား၊ စိတ်ဓာတ်အားတွေနဲ့ ကူညီအားပေးပြီး လွတ်မြောက်ရေးအတွက် ရှေ့တမ်းက ဆောင်ရွက်ပေးခဲ့တာက ဒီမိုကရက်တစ်ညီညွတ်ရေးပါတီ(DUP)က အခုတော့ အတိုက်အခံပါတီ ဖြစ်နေတယ်။ အဲဒီပါတီရဲ့ခေါင်းဆောင်၊ ယခင်နိုဘယ်ဆုရှင် သမတကင်ဒေးဂျုံပါတီက.. ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ရှိနေတုန်း အားတက်သရောထောက်ခံခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ ကိုယ်တိုင် သံရုံးသွားပြီး၊ ဗီဇာလျှောက်ခဲ့ပေမဲ့ မြန်မာအာဏာပိုင်တွေ လက်မခံလို့ မတွေ့နိုင်ခဲ့ဘူး။ သူဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ၊ လှုံ့ဆော်မှုတွေ တက်တက်ကြွကြွ လုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဆုရရှိဖို့ ဆုံးဖြတ် ဆောင်ရွက်ပေးခဲ့သူဖြစ်တယ်။ ဒီမိုကရက်တစ်၊ ပါတီဝင်တွေကိုယ်တိုင် ဟိုတုံးက စစ်အစိုးရကို ကန့်ကွက်ရှုံ့ချတာ၊ အရေးယူတာ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲဖော်ဆောင်တာတွေကအစ တက်တက်ကြွကြွ ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်။ မြန်မာအတိုက်အခံ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ကူညီအားပေး ထောက်ခံခဲ့တယ်။

 ဒီနေ့အာဏာရပါတီဟာ တချိန်က မြန်မာ့ဒီမိုကရေစီရေး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ ကင်းကင်းကွာကွာ နေခဲ့သူတွေဖြစ်တယ်။ အခုဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာခေါင်းဆောင်တန်း ၀င်ပြီး၊ အာရှ၊ ဥရောပ၊ အမေရိကားနိုင်ငံတွေကို အလည်အပတ်တွေသွား၊ စီးပွားရေးလုပ်ငန်းတွေ ညှိနှိုင်း ၀င်လုပ်နေတာတွေ့တော့မှာ တချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာရင် နောက်ကောက်ကျမှာ စိုးရိမ်ပြီး အလောတကြီး ဆက်ဆံလာဟန်တူတယ်။ အခုဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်ကိုးရီးယားခရီး အစီအစဉ်အသေးစိတ်ကို ဖတ်ကြည့်တော့ တချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အင်အားစုတွေ မိုးထဲလေထဲ ရောက်နေချိန် စာနာ အားပေး ကူညီခဲ့ကြတဲ့ သမတဟောင်း ကင်ဒေးဂျုံပါတီက လူတွေကို ဘေးဖယ်ထားတာတွေ့ရတယ်။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ဘက်ရေတခွက် အတူသောက်ခွင့်တောင် ပေးမထားဘူး။ ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုတွေအတွက်တောင် မျက်နှာပူစရာအဖြစ်။ မြန်မာ့ဒီမိုကရေစီရေးအတွက်၊ တစိုက်မတ်မတ် စေတနာထား ဆောင်ရွက်ပေးနေတဲ့ အင်ချွန်းမြို့တော်ဝင် ဆုံရောင်ဂီးနဲ့တောင်.. ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုတွေ “အတိုက်အခံအဖွဲ့ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတောင် ဒီပုဂ္ဂိုလ်နဲ့တော့တွေ့ဖြစ်အောင် တွေ့ခွင့်ပေးပါ” လို့ မေတ္တာရပ်ခံလို့ ဖေဖော်ဝါရီ ၁ ရက် မနက်ကျမှ မိနစ်၂၀ လောက် တွေ့ခွင့်ရခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ ကိစ္စမှန်သမျှ ထောက်ပံ့ကူညီပေးနေတဲ့ ဘုန်းတော်ကြီးတပါးနဲ့လည်း တွေ့ခွင့်မရဘူး။

“ဘုန်းတော်ကြီးအင်မ်ရောင်တန်” ဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် လွတ်လွတ်ချင်း ရန်ကုန် အင်းယားကန်နဘေးက အိမ်အမှတ် ၅၄ ကို အပြေးအလွှားသွားခဲ့သူပါ။ ပြီးတော့ဘုန်းတော်ကြီး ဦးဆောင်တဲ့ Dongguk University ဟာ မြန်မာ့အရေးကို အားပေးရုံမက၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ NLD လူငယ်တွေရဲ့ ပညာရေးထောက်ပံ့မှု အစီအစဉ်တွေ၊ စာသင်ကျောင်းတွေအပြင်၊ နာဂစ်ဒုက္ခသည်၊ မိဘမဲ့များ၊ ရွှေဝါရောင်သံဃာတော်များ ထောက်ပံ့ရေး၊ ထိုင်းမြန်မာနယ်စပ်၊ ရွှေ့ပြောင်းကျောင်း၊ ဒုက္ခသည်စခန်း.. အစရှိတာတွေကို မပျက်မကွက် ထောက်ပံ့ အားပေးနေတာဖြစ်တယ်။ ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတွေတွေ့ဆုံမဲ့အစီအစဉ်ကို Seoul University နဲ့ Yonsei University မှာပဲ လုပ်ရမယ်လို့စီစဉ်လိုက်တော့ ကိုးရီးယားက မြန်မာတွေ မျက်နှာပူစရာ အနေအထားတွေဖြစ်နေရော..။

ဒီထက်ဆိုးတာက..ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အတွက်..လေယာဉ်လက်မှတ်ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ယူဖိတ်ကြားတဲ့ ဖျောင်ချမ်းအိုလံပစ်ကော်မတီက.. ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လိုက်ပါမယ့်လူ ၄ ယောက်အတွက်၊ အလာလက်မှတ်ပဲ တာဝန်ယူပြီး၊ အပြန်လက်မှတ် ဝယ်မပေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးရုံးက မြန်မာ့ဒီမိုကရေစီအဖွဲ့တွေကို အပြန်လက်မှတ်အတွက် တာဝန်ယူခိုင်းပါတယ်။ ဒီသတင်းက ဟုတ်မှဟုတ်ရဲ့လား၊ တခုခုတော့လွဲနေပြီလို့ထင်ပြီး မယုံနိုင်ဘူး။ ဒါနဲ့ တောင်ကိုးရီးယားကမိတ်ဆွေတွေကို မေးမြန်းစုံစမ်းကြည့်တော့..အဟုတ်ပဲ။ သတင်းက မှန်တယ်။ နောက်ဆုံးတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရတဲ့.. ဘုန်းတော်ကြီးအင်မ်ရောင်တန်ကပဲ.. သူလေးစားချစ်ခင်တဲ့မိတ်ဆွေအတွက် အပြန်လက်မှတ် ၀ယ်ပေးလိုက်တယ် တဲ့..။ ဘယ်လောက်များဝမ်းနည်းစရာကောင်းလဲ..။ ပြီးတော့ရှိသေးတယ်..

အရင်စစ်အစိုးရလက်ထက်က.. စီးပွားရေးတွေ တွဲပြီး အကြီးအကျယ်လုပ်ခဲ့ကြတဲ့ (အခုလည်းလုပ်တုံး) ကိုရီးယားခရိုနီတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခမ်းနားတဲ့ညစာစားပွဲတွေ၊ တွေ့ဆုံ ညှိနှိုင်းပွဲတွေလည်း (၅)ရက်ကြာ ကိုရီးယားခရီးစဉ်မှာ ပါတယ်။ အဲဒီ ကိုရီးယားခရိုနီတွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရန်ကုန်တက္ကသိုလ် ဘက်စုံမွန်းမံရေးနဲ့ ပညာရေးအစီအစဉ်အတွက် ဒေါ်လာ သိန်းနဲ့ချီလှုဒါန်းမယ့် သတင်းတွေကလည်း ကြိုထွက်နေတယ်။ ကဲ….ဇာတ်လမ်းကတော့ မသန်းပဲ..။ ဆင်သွားရင် လမ်းတော့ဖြစ်ပါရဲ့..တိုးတိုက်ထိခိုက်မိလို့ ကျိုးကြေ၊ နင်းမွခံလိုက်ရတွေတော့ အများကြီး။ မြန်မာနိုင်ငံအဖို့ ဒီလိုကာလမှာ ဘက်ပေါင်းစုံက အကူအညီတွေလိုတာတော့အမှန်ပဲ။ ငွေကြေးနဲ့နည်းပညာ အထောက်အပံ့တွေက ထိတ်တန်းက လိုတာပေါ့။ ဒီထက်ပိုပြီးလိုအပ်တာက“မိတ်ဆွေကောင်း”တွေပါ။

အလည်အပတ်သွားခဲ့တဲ့နိုင်ငံတိုင်းမှာ ဒေါ်စုက..မိတ်ဆွေကောင်းတွေအကြောင်း၊ ကျင့်ဝတ်တရားတွေနဲ့မေတ္တာ၊ စေတနာတွေလွမ်းခြုံတဲ့ ဗုဒ္ဓအတွေးအခေါ်ဒဿနတွေကို အမြဲဆွေးနွေး ဝေငှလေ့ရှိတာ သတိထားမိပါတယ်။ ဒါပေမဲ့ဒေါ်စုယုံကြည်တဲ့၊ လိုလားတဲ့..ကျင့်ဝတ်သီလနဲ့ မိတ်ဆွေစစ် အမျိုးအစားတွေ အမှန်တကယ်ရှာဖွေတွေ့ရှိ၊ မရှိတော့ကျနော်တို့ မသိဘူး။ ဒါပေမဲ့ကျနော်တို့ကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် မိတ်ဆွေကောင်းတွေ တွေ့ခဲ့ပါတယ်။ သူတို့ဟာ ရိုးရှင်းတယ်။ အပေးပဲ ရှိတယ်၊ အယူမရှိဖူး။ ကျနော်တို့လိုအင်ရင် အမြဲပြုံးပြီးပေးတတ်တယ်။ သူတို့ဆီက အများဆုံးရတတ်တာက.. မေတ္တာ၊ စေတနာနဲ့စာနာယိုင်းပင်းမှုတွေ ဖြစ်တယ်။ အဲဒါတွေနဲ့ပဲ အနှစ်(၂၀)ကျော် ကျနော်တို့ မတ်မတ်ရပ်နိုင်ခဲ့တယ်။ ကျနော်တို့ပြန်ပေးနိုင်တာကလည်း အသိအမှတ်ပြုမှုနဲ့၊ အပြန်အလှန်မေတ္တာလေးပါပဲ။ ကျနော်တို့မှာ..ငွေမရှိဘူး၊ အာဏာမရှိဘူး၊ လုပ်ပိုင်ခွင့်လည်းမရှိဖူး။ ဒါပေမဲ့ကျနော်တို့အပေါ် အမြဲခွင့်လွှတ် နားလည်ချစ်ခင်နေတဲ့.. အမိလိုအဖလို ညီလိုအကိုလို…မိတ်ဆွေကောင်းတွေတော့ ရှိပါတယ်။ အာဏာတွေ၊ ငွေတွေထက် သစ္စာတရားနဲ့လူ့ကျင့်ဝတ်တရားတွေပဲ ကျနော်တို့မက်မောတယ်။ လူကိုလူလိုပဲ အသိအမှတ်ပြုချင်တယ်။

သူခိုးကိုသူခိုးလို့ပဲ သဘောပေါက်ထားချင်တယ်။ လူသတ်သမားကို လူသတ်သမားလို့ပဲ နားလည်ထားချင်ပါတယ်။ မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်နဲ့ပတ်သက်ပြီး သတိရတာတခုပြောပြချင်တယ်။ ၂၀၀၄ ခုနှစ်က နယူးဒေလီမှာ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအဖွဲ့တခုရဲ့ နှီးနှောဖလှယ်ပွဲ သွားတက်ခဲ့တယ်။ သိတဲ့အတိုင်း အိန္ဒိယက တရုတ်နဲ့မြန်မာ နီးနီးကပ်ကပ်ရှိတာကို တချိန်လုံးဝေဖန်နေတာ..။ အဲဒီ အခမ်းအနားကိုမြန်မာ သံအမတ်ကြီးဦးကျော်သူ (နောက်ပိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး) တက်စကားပြောတယ်။ သူပြောတာက A friend in need is a friend indeed. တဲ့.. လိုအပ်တဲ့အချိန်မှာ..ကူညီသူဟာ မိတ်ဆွေစစ်တဲ့။ ၈၈ တုန်းက စစ်တပ်က ဒုက္ခရောက်တော့ အိန္ဒိယက ဘာအကူအညီပေးလို့လဲ..တဲ့၊ တရုတ်က ကျနော်တို့ကို အကူအညီပေးခဲ့တယ် တဲ့။

ရှင်းရှင်းပဲပြောသွားတယ်။ လက်ပံတောင်းမှာ ဦးအောင်မင်း တရုတ်ကျေးဇူး ဖော်ထုတ်သွားတာ နောက်မှ..၊ သမတဟောင်း ဒေါက်တာမောင်မောင်ရဲ့သား သံအမတ်ဦးကျော်သူက နယူးဒေလီမှာ အပြတ်ပြောပြီးပြီ။ နားထောင်နေတဲ့ အိန္ဒိယနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ ဘာတခုမှ မပြောနိုင်ဘူး၊ ပါးစပ်ဟောင်းလောင်းနဲ့။

 ၈၈ က စလို့ ကျနော်တို့ဒီမိုကရေစီအင်အားစုတွေ မိုးထဲလေထဲ ဒုက္ခရောက်တုန်း ဘယ်သူတွေ ကူညီခဲ့လဲ? 
ဘယ်သူတွေဝင်ရှုတ်ခဲ့လဲ? 
ခရိုနီတွေလား? 
စီအိုင်အေလား? 
NGOတွေလား? ..
စစ်ဗိုလ်ချုပ်တွေလား? 

ကျနော်တို့တတွေ..မိတ်ဆွေစစ်ဆိုတာ ဘာမှန်းမသိရသေးရင်တောင်… မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေ အကြောင်းတော့ သေသေချာချာသိသင့်တယ်..ထင်တာပဲ။ ။

န၀တရဲ့ ၂/ ၈၈ အမိန့်ကို ဖျက်သိမ်းလိုက်ပြီ

ရှစ်လေးလုံး အရေးတော်ပုံ ကာလ ရန်ကုန်မြို့ မြင်ကွင်း 

 တချိန်က စစ်အစိုးရရဲ့ လက်စွဲ အမိန့်အမှတ် ၂/၈၈ ကို သမ္မတ ဦးသိန်းစိန်က လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပါ ဥပဒေ ပုဒ်မ ၄၄၇ နဲ့ ဆန့်ကျင်နေတဲ့အတွက် ဇန်န၀ါရီလ ၂၈ ရက်နေ့ နေ့စွဲနဲ့ သမ္မတရဲ့ အမိန့်အမှတ် ၃/ ၂၀၁၃ နဲ့ ဖျက်သိမ်းလိုက်ပါပြီ။

ဒီအမိန့်ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၄ နှစ်ကျော်ကြာပြီးနောက် အခုလို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။


မြန်မာ့အလင်းသတင်းစာ

 မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဆိုတဲ့ စစ်ကောင်စီ အစိုးရက အမိန့်တွေ ဆက်တိုက်ထုတ်ခဲ့ပါတယ်။

 အဲဒီအထဲမှာ ဒုတိယမြောက် အမိန့်ဖြစ်တဲ့ ၂ / ၈၈ ဆိုတဲ့ လူ ၅ ဦးထက် ပို မစုရ၊ ဆန္ဒမပြရဆိုတဲ့ အမိန့်ဟာ ထိုစဉ် က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေသာမက၊ အခြားသော နိုင်ငံသားတွေအတွက်ပါ ထိရောက်စွာ အရေးယူခဲ့တဲ့ အမိန့်ပုဒ်မလည်းဖြစ်ပါတယ်။

 ဒီအမိန့်နဲ့ လူစုခွဲ၊ ပစ်မိန့်ပေးနိုင်တဲ့ အတွက် ၂/၈၈ အမိန့်ဟာ ယခင် စစ်အစိုးရများ တလျှောက်လုံး ကျင့်သုံး ခဲ့တာလည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုရီယား အထူးအိုလံပစ် ဖွင့်ပွဲမှာ မိန့်ခွန်းပြော ( ရုပ်/သံ)

ကိုရီယားနိုင်ငံမှာ ယနေ့ ကျင်းပတဲ့ ပြုံးချမ်း အထူး အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားမှာ အထူး ဧည့်သည် တော် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားနေတာပါ။ ပြန် လည် ဖော်ပြပေးလိုက်ပါတယ်။



 ဆက်စပ်သတင်း



Monday, January 28, 2013

တနေ့ လုပ်မှ တစ်လစားလေးပါ ....

MPT မှာ အကြာဆုံးနေ ၊ အများဆုံး ၀ါးပြီး ဌာနပြောင်း သွားတဲ့ 
 သက်တော်ရှည် ရုံး အဖွဲ့မှူး မပါသေး .. 


(white media-photo)

နိုင်ငံတော်ပိုင်ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်မှုဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ထမ်းရှစ်ဦးအား အမှုဖွင့် အရေးယူ

နိုင်ငံတော်ပိုင် ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်မှုဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ထမ်းရှစ်ဦးအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ အမှုဖွင့် အရေးယူခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မြန်မာနိုင်ငံအတွင်း မိုးဘိုင်းဆက်သွယ်ရေး စီမံကိန်း လုပ်ငန်းအတွက် လိုအပ်သော စက်ပစ္စည်းနှင့် အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံရာတွင် ပိုမိုတွက်ချက်တင်ပြ၍ ထုတ်ယူခြင်း၊ စက်ကိရိယာ ပစ္စည်းများ ၀ယ်ယူရာတွင်လည်း ဈေးလျော့ဝယ်ယူခြင်းဖြင့် နိုင်ငံပိုင်ငွေများကို ကိုယ်ကျိုးအလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ နိုင်ငံပိုင်ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသိန်းဦးနှင့် ဦးမြင့်ဦး၊ ဦးစိုးအောင်၊ ဦးခင်မောင်တင်၊ ဦးဝင်းနိုင်၊ ဦးမျိုးညွန့်အောင်၊ ဦးစိုးမိုးနိုင်၊ ဦးဌေးဝင်း တို့အား အမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ ဖြင့် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းရဲစခန်းမှ အမှုဖွင့်အရေးယူ တိုင်ကြားထားကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ မိုဘိုင်းဆက်သွယ်ရေး စီမံကိန်းလုပ်ငန်း စက်ပစ္စည်းနှင့် အဆောက်အဦစရိတ် ဘဏ္ဍာငွေ ပိုမိုတွက်ချက် တင်ပြထုတ်ယူခြင်း၊ စက်ကိရိယာပစ္စည်းများ ဈေးလျော့ဝယ်ယူခြင်းဖြင့် နိုင်ငံပိုင်ငွေများကို ကိုယ်ကျိုးအလွဲသုံးစား ပြုလုပ်ခြင်းဖြင့် အမှုဖွင့် အရေးယူထားသော ရှစ်ဦးထဲမှ တစ်ဦးသည် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုမှာ မဟုတ်မမှန်ကြောင်း ၎င်းရဲစခန်းမှ စုံစမ်းသိရှိရ ပါသည်။ Eleven Media Group

ငြိမ်းချမ်းရေး ခ၇ီးအဖြစ် ခရီးရှည် လမ်းလျောက်ချီတက်သူများ သည် ယနေ့ညတွင် ကျွဲပွဲ မြို့တွင် အနားယူတည်းခိုနေ

ငြိမ်းချမ်းရေး ခ၇ီးအဖြစ် ခရီးရှည် လမ်းလျောက်ချီတက်သူများ သည် ယနေ့ညတွင် ကျွဲပွဲ မြို့တွင် အနားယူတည်းခိုနေပါသည်။ ယနေ့ ထူးခြားသည့် ဖြစ်စဉ် တခုအဖြစ် တောင်ငူမြို့တွင်း ရပ်ကွက်နေရာ အနှံ့အပြားတွင် အုပ်ချုပ်ရေး အဖွဲ့များက အသံချဲ့စက်များဖြင့် လှည့်လည်ကာ စီတန်းလမ်းလျောက်မှု မပြုလုပ်ရန်နှင့် ၊ ကြိုဆိုခြင်း ဧည့်ခံခြင်း များ မပြုလုပ်ရန်။ ည မထွက်ရန် သဘောမျိုးပါသည့် တားမြစ်ချုပ်ချယ် အမိန့်များကို အော်ဟစ် ဖတ်ကြားနေကြောင်း သိရှိရပါသည်။ မနက်ဖြန် မနက်တွင် အသေးစိတ် သိရှိမည်ဖြစ်ပြီး တောင်ငူမြို့ကို မနက်ဖြန်တွင် ဖြတ်သန်းမည်ဖြစ်ပါသည်။ အုပ်ချုပ်ရေး အဖွဲ့ များက ငြိမ်းချမ်းရေးတောင်းဆိုသည့် ငြိမ်းချမ်းစွာ လမ်းလျောက်သူများကို နှောက်ယှက် ဟန့်တားမှုများ ပြုလုပ်လာမည်ဆိုပါက မြို့ခံ များနှင့် အုပ်ချုပ်ရေး အဖွဲ့များ အကြား မလိုလားအပ်သော ပြသနာများ ဖြစ်ပွားလာနိုင်သည်ကို မိမိတို့ ငြိမ်းချမ်းရေး အဖွဲ့များက စိုးရိမ်မိပါသည်။ ထို့ကြောင့် သက်ဆိုင်သော ဒေသ အုပ်ချုပ်ရေး အဖွဲ့များ အနေဖြင့် ငြိမ်းချမ်းစွာ လမ်းလျောက်နေသော လူငယ်ထုကို မည်သည့် နှောက်ယှက် ဟန့်တားမှုမှ မပြုလုပ်ပါရန် မိမိတို့က ပန်ကြားလိုက်ပါကြောင်း။ ငြိမ်းချမ်းစွာ ဆူပူမှု မဖြစ်ပေါ်စေပဲ၊ စနစ်ကျသော လမ်းလျောက်ချီတက်မှုဖြင့် ရည်မှန်းချက်ဖြစ်သော ကချင်ဒေသဆီ သွားရောက်မည့ မိမိတို့ ကိုယ့်အသိစိတ်ဓါတ်ဖြင့် ကိုယ် တာဝန်ယူ ဖြတ်သန်းနေချိန်တွင် အုပ်ချုပ်ရေး အဖွဲ့မှ မလိုလားအပ်သော ကန့်သတ် ပိတ်ဆို့ တားမြစ်မှုများဖြစ်ပေါ်လာပါက ငြိမ်းချမ်းရေးကို ဖျက်ဆီးသူများ အဖြစ်သာ သမိုင်း တွင် ကျန်ရစ်မည်ဖြစ်ပါကြောင်း။ Nay Myo Zin

အကောက်ခွန် ဦးစီးဌာန၏ သတင်း မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

အကောက်ခွန် ဦးစီးဌာန၏ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပ ဌာန၏ လုပ်ကိုင်မှုအားလုံး မှန်ကန်သည်ဟု မယူဆကြောင်း၊ အများပြည်သူထံမှ ကောက်ယူထားသည့် ဒဏ်ကြေးငွေ ကျပ်သိန်းပေါင်း များစွာထဲမှ ၁၀ ရာခိုင်နှုန်းကို ညွှန်ကြားရေးမှူးချုပ်နှင့် အကောက်ခွန် တာဝန်ရှိသူများက ဆုကြေးအဖြစ် နှစ်စဉ်ခွဲဝေယူကြောင်း ပြောကြား
 
မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားပေးနေသည့် ညွှန်ကြားရေးမှူး ဦးသိန်းဆွေနှင့် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများ Bi Weekly Eleven News ဂျာနယ် အပါအ၀င် ပြည်တွင်းသတင်း ဂျာနယ်များမှ အကောက်ခွန် ဦးစီးဌာန၏ လုပ်ဆောင်ချက်များအပေါ် ရေးသားခဲ့သည်များနှင့် ပက်သက်၍ အကောက်ခွန် ဦးစီးဌာနမှ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ဇန်န၀ါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ အကောက်ခွန် ဦးစီးဌာန၊ ဇေယျာသီဟခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်တွင်းမီဒီယာများမှ ၇၀ ဦးနှင့် အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ငါးဦး အပါအ၀င် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူအချို့ တက်ရောက်ခဲ့သည်။ အဆိုပါ ရှင်းလင်းပွဲတွင် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများမှ အကောက်ခွန်ဌာန၏ လုပ်ဆောင်မှုအားလုံး မှန်ကန်သည်ဟု မယူဆကြောင်း၊ အများပြည်သူထံမှ ဒဏ်ကြေးတပ်ရိုက် ကောက်ယူထားသည့် ဒဏ်ကြေးငွေ ကျပ်သိန်းပေါင်း များစွာထဲမှ ၁၀ ရာခိုင်နှုန်းအား ညွှန်ကြားရေးမှူးချုပ် အပါအ၀င် အကောက်ခွန်ဌာန တာဝန်ရှိသူများက ဆုကြေးအဖြစ် ခွဲဝေယူလျက် ရှိကြောင်း စသည်ဖြင့် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်း ပြောကြားခဲ့ကြသည်။

ထုတ်ကုန် သွင်းကုန် ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းဆွေက “မီဒီယာတွေကို ပြောချင်တာက ကျွန်တော်တို့ လုပ်တာကိုင်တာ အားလုံး မှန်တယ်လို့ မယူဆပါဘူး။ အားနည်းချက်တွေလည်း ရှိပါတယ်။ အမှားကြီးတွေ လုပ်နေတာတော့ မဟုတ်ပါဘူး။ လုပ်ရင်း လုပ်ရင်း ကိုင်ရင်းနဲ့ အချို့နေရာမှာ အားနည်းချက် ချို့ယွင်းချက်တွေ ရှိသွားတာပါ” ဟု အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ၊ ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ထုံးလုပ်နည်းများ အကြောင်း ရှင်းလင်းရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 ရှင်းလင်းပွဲတွင် ထုတ်ကုန် သွင်းကုန်ပိုင်းနှင့် ပတ်သက်၍ ထုတ်ကုန် သွင်းကုန်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းဆွေမှ လည်းကောင်း၊ ဒဏ်ကြေးငွေများ ခွဲဝေမှုနှင့် ပတ်သက်၍ စီမံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် ကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းတို့မှ အဓိက ဖြေကြားမှု ပြုလုပ်ခဲ့သည်။ ထို့ပြင် ရှင်းလင်းပွဲတွင် အကောက်ခွန် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက Biweekly Eleven News ဂျာနယ်တွင် ရေးသားထားသည့် သတင်းပါ ပုံနှိပ်စက် တင်သွင်းခြင်း ကိစ္စနှင့် ပတ်သက်၍ သီးခြား ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။

 တက်ရောက်လာသည့် သတင်း မီဒီယာများမှ အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း များကြောင့် သွင်းကုန် လုပ်ငန်းရှင်များ ကြန့်ကြာ နစ်နာရသည့်အပေါ် (အထူးသဖြင့် ကားတင်သွင်းမှု) ထိုသို့ မဖြစ်စေရန် မည်သို့ လုပ်ဆောင်မည်နည်းဟု မေးမြန်းခဲ့ရာ ထုတ်ကုန်သွင်းကုန် ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ကြန့်ကြာမှု မဖြစ်စေရန် Value သတ်မှတ်ခြင်းမှ စ၍ ကုန်ပစ္စည်း စိစစ်မှုများကို ပြုပြင်ရန် စီစဉ်ထားကြောင်း၊ သို့သော် မည်သည့်အချိန်တွင် အဆိုပါ အစီအစဉ်သစ် စတင်နိုင်မည်ကို မပြောကြားနိုင် သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ရှင်းလင်းပွဲကျင်းပနေသည့် ညနေ ၅ နာရီဝန်းကျင်ခန့် မြင်ကွင်း 

 Farmer Auto Car Showroom ၏ CEO ဒေါက်တာစိုးထွန်းကလည်း “တကယ်တမ်းကျတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ လုပ်ငန်းရှင်ဆိုတာ ၀န်ထမ်းတွေ အနေနဲ့ စဉ်းစားရမှာတော့ နိုင်ငံတော်ကို အခွန်ပေးဆောင် နေသူတွေပါ။ Export/Import ကတော့ အခွန်ငွေပြေးလို့ မလွတ်ပါဘူး။ ကျန်တဲ့ လုပ်ငန်းတွေက အခွန်မဆောင်လို့ ရတယ်။ သေချာတာကတော့ ကျွန်တော်တို့က အခွန်မဆောင်လို့ မရဘူး။ အကောက်ခွန်ကျရင် အကောက်ခွန် ဆောင်ရမယ်။ ၀င်ငွေခွန် ဆောင်ရမယ်။ Commercial Tax ဆောင်ရမယ်။

ဒါကတော့ သေချာပါတယ်။ အကောက်ခွန်ထမ်း ၀န်ထမ်းတွေ အနေနဲ့ စဉ်းစားပေးရမှာက လုပ်ငန်းရှင်တွေ သွင်းတဲ့ ပစ္စည်းတွေ စဉ်းစားတဲ့အခါမှာ အပြုသဘော ဆောင်တဲ့ဟာမျိုး စဉ်းစားစေချင်ပါတယ်။ Value ကိစ္စမျိုးမှာလည်း ညွှန်ကြားရေမှူး တစ်ယောက် တင်ပြသွားတာ တွေ့ပါတယ်။ တကယ်လို့ အစထဲက ကိုယ်က ဒီ Value သတ်မှတ်တာ ကြိုပြီးသိမယ်ဆိုရင် ပိုအကျိုး ရှိနိုင်ပါတယ်။ ဒီ OSS မှာဆိုလည်း အကောက်ခွန်ပါတယ်။ ဌာနပေါင်းစုံ ပါတယ်။ OSS သတ်မှတ်တဲ့ဟာကို ပြန်သတ်မှတ်ဖို့ လိုမလား။

ကျွန်တော်တို့ ဌာနဆိုင်ရာ အချင်းချင်းကော Cooperation ပြန်လုပ်ဖို့လိုမလား။ Value စောင့်နေတဲ့ အတွက်ကြောင့် အချိန်ကြန့်ကြာ နေတာပါ။ ကျွန်တော် ပြောတာ မဟုတ်ပါဘူး။ စီးပွားကူးသန်း ၀န်ကြီး ဦးဝင်းမြင့် မူဆယ်သွားတဲ့ အချိန်မှာ ကားသွင်းခဲ့တဲ့ အမျိုးသမီးက သူကို့ဖက်ပြီး ငိုပါတယ်တဲ့။ ကားငါးစီး သွင်းပါတယ်။ ပြီးရင် Value စောင့်တာ သုံးလကြာပါတယ်တဲ့။ ကားတစ်စီး သိန်းနှစ်ရာ ရှုံးသွားတဲ့အတွက် သူဘ၀ ပျက်ရပါတယ်တဲ့။ ဒါဥပမာလေး တစ်ခု။ ဒါလေးကိုပြင်ရင် ကျွန်တော်ထင်တယ် ခုနက ပြဿနာတွေ ဖြစ်မလာဘူးလို့။ ကျွန်တော်တို့ သိချင်တာက လက်ရှိ Custom ရော ကျွန်တော်တို့ Value ကို ကြိုပြီး ညှိနှိုင်းပေးနိုင်တဲ့ ဌာန ရှိ၊ မရှိ ဆိုတာပါ” ဟု မေးမြန်းခဲ့သည်။

“ပြည်ပက ရောက်လာတဲ့ပစ္စည်း ဆိပ်ကမ်းကို ရောက်မယ်။ ဆိပ်ကမ်း ရောက်တဲ့ အခါကျမှ ကျွန်တော်တို့ အကောက်ခွန်က စစ်ဆေးမယ်။ အဲဒီကျမှ ကျွန်တော်တို့ တန်ဖိုးဖြတ်မယ်။ ဒီစနစ် ဖြစ်ဖို့အတွက်တော့ ကြိုးစား နေပါတယ်။ ဒါကို ကုန်သွယ်ရေးကလည်း ကြိုးစားနေပါတယ်။ ဒါပေမယ့် ဘယ်တော့ဖြစ်မယ်ဆိုတာ မသိဘူး။ ဒီကြားကာလထဲမှာတော့ တန်ဖိုးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ခုနက ရှင်းလင်းသွားသလို အဆင်ပြေဆုံး နည်းလမ်းကို ကျင့်သုံးနေရတဲ့ သဘောပါ။ ခုနက ဒေါက်တာစိုးထွန်း ပြောသွားသလိုပဲ နည်းလမ်းတစ်ခု၊ နောက်ထပ် အစီအစဉ်တစ်ခု ရှိပါတယ်။ အဲဒါကတော့ အခု တန်ဖိုးဖြတ်တာတွေ အားလုံး စီးပွားကူးသန်း၊ ကုန်သွယ်ရေးနဲ့ ကျွန်တော်တို့ တစ်ပြေးညီ ဖြစ်အောင်လုပ်ဖို့ အစီအစဉ်လေး ရှိပါတယ်။

ဒီအစီအစဉ် ဘယ်တော့ဖြစ်မယ်ဆိုတာ အတိအကျတော့ မပြောနိုင်ပါဘူး။ လူကြီးတွေတော့ စီမံနေပါတယ်။ ပြီးခဲ့တဲ့ တစ်လကျော် လောက်ကလည်း စီးပွားကူးသန်း ၀န်ကြီးနဲ့ ကျွန်တော်တို့ ၀န်ကြီး ညှိနှိုင်း အစည်းအဝေးလေး လုပ်ပြီး အဓိက တင်ပြမှု၊ ကွာခြားမှုကိစ္စ လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့အတွက် ဒီတန်ဖိုးတွေနဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ ကွာဟမှု မရှိအောင် ပေါင်းစပ် ညှိုနှိုင်းမှု ဆိုတာလေးလည်း ပြောထားပြီး ဖြစ်တဲ့အတွက် မကြာခင်တော့ ဒါဟာဖြစ်လာမှာပါ။

ဒါကတော့ တန်ဖိုးကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းခြင်း ဖြစ်ပါတယ်” ဟု ထုတ်ကုန်၊ သွင်းကုန်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ဖြေကြားခဲ့သည်။ ရှင်းလင်းပွဲတွင် Suzuki Carry Truck နှင့် ပတ်သက်၍ သတင်းမီဒီယာများမှ ဖော်ပြချက်မှာ မှန်ကန်ကြောင်းနှင့် အကောက်ခွန်ဌာနတွင် ကြန့်ကြာသွားမှုများ အတွက် သက်ဆိုင်သူများအား တောင်းပန်သည့် အပေါ် “နောက်တစ်ခုက Suzuki Carry နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဂျာနယ်တွေ ဖော်ပြတာ မှန်ပါတယ်။ ကျွန်တော်တို့ဘက်က ဝေခွဲမရတဲ့ အတွက် ချက်ခြင်းဆုံးဖြတ် မပေးနိုင်တဲ့အတွက် ကျန့်ကြာသွားတာ ဖြစ်တဲ့အတွက် ဒါလည်း ဒီမှာ တစ်လက်စတည်း တောင်းပန်ပါတယ်။ ဒီလိုမျိုး ထောက်ပြ ဖော်ပြပေးတဲ့ Suzuki Carry Truck ဂျာနယ်ပဲဖြစ်ဖြစ် အော်တိုမိုဘိုင်း ဂျာနယ်နဲ့ အခြားဂျာနယ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ဖြေကြားခဲ့သည်။

Suzuki Carry ကားများ ကိစ္စမှာ ရှင်းရင်းရှင်းရင်းဖြင့် ရက်ပေါင်း ၆၀ ကျော် ကြာသွားသည့်အတွက် လေလံစာရင်း ၀င်သွားပါကြောင်း၊ ယခုအခါ အကောက်ခွန် ဦးစီးဌာနမှ ထုတ်ခွင့် ပြုလိုက်သဖြင့် ငါးစီးသာ ကျန်သည်မှာ မှန်ပါကြောင်း၊ ကျန်ကား များမှာလည်း လေလံစာရင်း ၀င်နေသဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တွင် လေလံ ပယ်၊ ဖျက် ပြုလုပ်နေရပြီး ခုနစ်စီးသာ ဆိပ်ကမ်းအပြင်သို့ ထုတ်ယူနိုင်ပါသေးကြောင်း၊ အဆိုပါ ကားများအား ဆိပ်ကမ်း၌ ရက်ပေါင်း ၆၀ ကျော်ကြာ ထိန်းသိမ်းခ တစ်စီးလျှင် ကျပ်ခုနစ်သိန်းကျော်ကို မည်သူမျှ တာဝန်ယူ မပေးဆောင်သည့် အတွက် ယာဉ်ပိုင်ရှင်များမှသာ ပေးဆောင်လိုက်ရပါကြောင်း၊ နောက်နောင် ယခုကဲ့သို့ ကြန့်ကြာမှုများ မဖြစ်စေရန် အကောက်ခွန် ဦးစီးဌာန အနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပေးပါရန် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းရှင်များ အသင်းမှ အမှုဆောင် ဦးအောင်နိုင်ထွန်းက အကြံပြု ပြောကြားခဲ့သည်။

 မိမိတို့အနေဖြင့် ကြန့်ကြာသည့် အပိုင်းများကို တတ်နိုင်သမျှ မြန်အောင် ကြိုးစားပေးမည် ဖြစ်ပါကြောင်း၊ အချို့ ကိစ္စများသည် ဆုံးဖြတ်လို့ မရ၍ အဆင့်ဆင့် တင်ပြပြီး အစည်းအဝေးများဖြင့် အချိန်ကြာသွားခြင်း ဖြစ်ပါကြောင်း၊ မော်တော်ယာဉ်များ ဒဏ်ကြေး ဆောင်လိုက်ရသည့် ကိစ္စနှင့် ပတ်သက်၍ မည်သူမှာ တာဝန်ရှိသည်ကို ပြော၍ မသင့်ပါကြောင်း၊ မော်တော်ယာဉ်များအား ဘယ်သူက သွင်းသလဲ ဆိုသည်ကသာ မည်သူ့မှာ တာဝန်ရှိသည်ကို ပေါ်လွင်လိမ့်မည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းခဲ့သည်။ အကောက်ခွန် ဦးစီးဌာန၏ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို မွန်းလွဲ ၂ နာရီခန့်မှစ၍ ညနေ ၅ နာရီကျော် အထိ ကျင်းပခဲ့သည်။

မေး ။ သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက အကောက်ခွန် ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေ တော်တော် များများကို ရှင်းပြပေးတာ၊ အချို့ပိုင်းတွေမှာ အားနည်းချက်၊ ချို့ယွင်းချက်တွေကို ၀န်ခံသွားတာ ကျွန်တော်တို့ မီဒီယာတွေ အပါအ၀င် အများပြည်သူရဲ့ အကြံပြုချက်တွေကို လက်ခံမယ်လို့ ကြိုဆိုသွားတဲ့ အချက်တွေကို တွေရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ Eleven Media Group ရဲ့ ညီနောင်ကုမ္ပဏီခွဲ တစ်ခုဖြစ်တဲ Eleven Trading နဲ့ ပက်သက်တဲ့ ကိစ္စတစ်ခုကို ရှင်းပြသွားတာ ကြားလိုက်ရတဲ့အတွက် နည်းနည်း ရှင်းပြချင်ပါတယ်။ အဲ့ဒီကုမ္ပဏီနဲ့ ကျွန်တော်တို့က အလုံးစုံ အကုန်တူနေတာတော့ မဟုတ်ပါဘူး။ သတင်းရေးသားခြင်းနဲ့ ပတ်သက်လို့ ကျွန်တော်က အဲဒီဂျာနယ်မှာ အယ်ဒီတာချုပ် တစ်ယောက်ဖြစ်လို့ တာဝန်ရှိတဲ့အတွက် သတင်းရေးသားမှုနဲ့ ပတ်သက်လို့ နည်းနည်း ပြောပြချင်ပါတယ်။ ကျွန်တော်တို့ အဓိက ရည်ရွယ်တာကတော့ အကောက်ခွန် ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်း အချို့၊ ဥပမာ-ပုံနှိပ်စက်နဲ့ ပတ်သက်လို့ ပြောမယ်ဆိုရင် ကျွန်တော်တို့ အခုတင်သွင်းတဲ့ ပုံနှိပ်စက်မျိုး မရှိဘူးလို့ပြောတာ တကယ်တော့ အဲဒါမဟုတ်ပါဘူး။ အစိုးရဌာန အပါအ၀င် ဒီပုံနှိပ်စက် အမျိုးအစားတွေ တင်သွင်းထား ပြီးသားတွေ ရှိပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တင်သွင်းဖူးပါတယ်။ ဒီပစ္စည်းနဲ့ ပတ်သက်ပြီး ဈေးနှုန်းအမှန်နဲ့ တင်သွင်းတာ ဖြစ်ပြီးတော့ နိုင်ငံတကာမှာလည်း စုံစမ်းလို့ရပါတယ်။ နောက် ဒီပစ္စည်းတွေက ပုံနှိပ်စက်မှာ Web Machine နဲ့ Sheet-fed တို့က အမျိုးအစား မတူပါဘူး။ ဒီသတင်း ရေးသားချိန်မှာ သတင်းရေးသားမှုအတွက် လိုအပ်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ Trading က တာဝန်ရှိသူတွေနဲ့ မေးမြန်းပြီးတော့မှ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့က လုပ်တာဖြစ်ပါတယ်။ အဲဒီမှာ ဂျပန်ကသွင်းတဲ့ စက်ပစ္စည်း အမျိုးအစားနဲ့ ကျွန်တော်တို့ဟာကို ဈေးသက်မှတ်တယ်လို့ သိရပါတယ်။ တကယ်တော့ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ပုံနှိပ်စက်တွေနဲ့ ပတ်သက်ရင် ဘယ်လိုတင်သွင်းပြီး ဘယ်လို အခြေအနေတွေ ရှိတယ်ဆိုတာကို ကျွမ်းကျင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒီမှာ ပုံနှိပ်လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးအောင်ကျော်ဦးလည်း ရှိပါတယ်။ သူ့ကိုမေးကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့ တင်သွင်းတဲ့စက်က အိန္ဒိယကလာတဲ့ အမျိုးအစားပါ။ အဲဒီတော Web Machine မှာပဲဖြစ်ဖြစ်၊ Mono Unit တွေမှာပဲ ဖြစ်ဖြစ်၊ Branded နဲ့ အိန္ဒိယကလာတဲ့ အမျိုးအစားက တန်ဖိုးကွာခြားပါတယ်။ အမေရိကန်က သွင်းတဲ Ronald စက်နဲ့ စက်ရဲ့ မူလတန်ဖိုးကတင် ဒေါ်လာသန်းချီ ရှိပါတယ်။ ဒါပေမယ့် အဲဒီအမျိုးအစား ပုံစံမျိုး အိန္ဒိယမှာ ပြန်ပြီး တင်သွင်းမယ်ဆိုရင် ဈေးနှုန်း သက်သာပါတယ်။ အချို့အကြောင်း အရာတွေကတော့ ရှင်းလင်းပွဲ ဖြစ်စဉ်အတွက် အပြန်အလှန် အငြင်းပွားစရာ မလိုပါဘူး။ ကာယကံရှင် တာဝန်ရှိသူတွေက ရှင်းပြပြီး ဖြစ်တဲ့အတွက် အငြင်းပွားစရာ မလိုတော့ပါဘူး။ အကြမ်းဖျင်း ရှင်းပြခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မီဒီယာတစ်ခု အနေနဲ့ ထောက်ပြရေးသားခြင်းကတော့ ဒီဌာနနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းပိုင်းတွေမှာ မကျွမ်းကျင်မှုတွေ၊ အချို့အပိုင်းတွေမှာ လစ်ဟာမှုတွေနဲ့ ပြည်သူတွေ ထိခိုက် နစ်နာမှုတွေ ရှိတာကို ထောက်ပြချင်တဲ့အတွက် ရေးသားခြင်း ဖြစ်ပါတယ်။ အခြားရည်ရွယ်ချက် မရှိပါဘူး။ နောက်တစ်ခုက ဒီဌာနနဲ့ ပတ်သက်လို့ အများပြည်သူထဲမှာရော ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းသိရှိရတဲ့ အကြောင်းအရာတွေ ရှိရပါတယ်။ လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်တဲ့ ကိစ္စတွေပါ။ ဒါပေမယ့် သာမန်ဝန်ထမ်းတွေ ထိခိုက်နစ်နာမှာ စိုးတဲ့အတွက် ဒါတွေကိုလည်း အကျယ်တ၀ံ့ ပြောဆိုလိုခြင်း မရှိပါဘူး။ မေးခွန်းပိုင်း ဆက်မေးဖို့ပဲ ဆန္ဒရှိပါတယ်။ ဒါပေမယ့် ဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းမှာ လိုအပ်ချက်တွေ ရှိ၊မရှိ ဆိုတာကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အသိဆုံးပဲ ဖြစ်မှာပါ။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့မှာ ဌာနဆိုင်ရာတွေ အများကြီး ရှိတဲ့အတွက် တစ်ခါတလေကျရင် စီးပွားကူးသန်းနဲ့ အကောက်ခွန် ဦးစီးဌာနကြားမှာ လုပ်ရတာ ဘယ်လောက်ရှိတယ်ဆိုတာ သက်ဆိုင်တဲ့ ကာယကံရှင်တွေ ဒီမှာအများကြီး ရှိတဲ့အတွက် အသေးစိတ် မပြောတော့ပါဘူး။ အဓိက ရည်ရွယ်တာကတော့ အပြောင်းအလဲ ကာလမှာ ကောင်းမွန်မှန်ကန်တဲ့ စနစ်တွေနဲ့ အားလုံး အဆင်ပြေ ချောမွေ့ဖို့ပဲ ဆန္ဒရှိပါတယ်။ ထောက်ပြပြောဆိုခြင်းဟာ ကျွန်တော်တို့ တာဝန်ပဲ ဖြစ်တဲ့အတွက် ပြောဆိုခြင်းသာ ဖြစ်ပါတယ်။ ခုနကပြောတဲ့ အသေးစိတ် အချက်အလက်ကတော့ အငြင်းပွားစရာ မရှိပါဘူး။ အငြင်းလည်း မပွားလိုပါဘူး။ နောက် လာဘ်ပေးလာဘ်ယူကိစ္စ အပါအ၀င် တချို့ကိစ္စတွေဟာ အများကြီး ပြောစရာလိုမယ် မထင်ပါဘူး။ ဘာလို့ဆိုတော့ နိုင်ငံတော်အစိုးရက တရားဝင် ချီးမြှင့်ထားတဲ့ တရားဝင်လစာငွေနဲ့ လက်ရှိ တာဝန်ရှိသူတွေရဲ့ ပိုင်ဆိုင်မှုကို ချိန်ထိုးကြည့်ရင် အဖြေသိနိုင်ပါတယ်။ ပြီးတော့ မေးခွန်းတစ်ခုလည်း မေးလိုပါတယ်။ ကားတင်သွင်းမှုနဲ့ ပတ်သက်လို့ ကားစီးရေ တစ်သိန်း တင်သွင်းထားပြီး ချိန်မှာ Recondition မကိုက်ညီတဲ့အတွက် တစ်စီးကို တစ်သိန်းဝန်းကျင် ဒဏ်ကြေး ကောက်ခံနေတယ်လို့ သိရပါတယ်။ အဲဒီထဲက ၁၀ ရာခိုင်နှုန်း၊ ပျမ်းမျှအားဖြင့် ကျပ်သိန်း တစ်သောင်းခန့်ကို ၀န်ထမ်းတွေကို ဆုကြေးအဖြစ် ခွဲဝေပေးတယ်လို့ ကြားရပါတယ်။ ကားတစ်ခုထဲတင် မကဘဲ တစ်ခြားကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး တစ်နှစ်တာ ကာလအတွင်း ဒဏ်ကြေးတွေကိုပါ အဲဒီလိုမျိုး လုပ်ဆောင်တယ်လို့ သိရပါတယ်။ အဲဒါဟာ အမှန်တကယ် ဟုတ်၊ မဟုတ်၊ ဒါမှမဟုတ် အဲဒီလို ခွဲဝေပေးမှုဟာ အောက်ခြေ ၀န်ထမ်းအထိ ရရှိခြင်း ရှိ၊မရှိ။ ဘယ်ဝန်ထမ်းအဆင့်တွေပဲ ရတာလဲ၊ အများဆုံးက ဘယ်သူက ရတာလဲ၊ သိရှိလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ နှစ်ခုလုပ်ပါတယ်။ မီဒီယာတာဝန် အနေနဲ့ ထောက်ပြဖို့ လိုသလို တစ်ဖက်ကတော့ အများပြည်သူ နစ်နာမယ်ဆိုရင် ဥက္ကဋ္ဌ ဒေါက်တာစိုင်းမောက်ခမ်း တာဝန်ယူနေတဲ့ လာဘ်ပေးလာဘ်ယူ ကော်မရှင်ကို တိုင်ကြားဖို့ အစီအစဉ် ရှိပါတယ်။ အခုလည်း တိုင်ကြားဖို့ ပြင်ဆင်ထားပြီး ဖြစ်တဲ့အတွက် ဒီရှင်းလင်းပွဲမှာ ကျွန်တော်တို့ တိုင်ကြားမယ့်စာ မိတ္တူတွေကို အားလုံးထံကို ဝေပေးသွားမှာ ဖြစ်သလို ကျွန်တော်တို့ရဲ့ မေးခွန်းတွေကိုလည်း ဝေပေးသွားမှာ ဖြစ်ပါတယ်။ ကြားသိရတဲ့ သတင်းတွေအရ တာဝန်အရှိဆုံး ညွှန်ချုပ်ဟာ တစ်နှစ်ကို ကျပ်သိန်း ခုနှစ်ထောင်ခန့် ရရှိတယ်လို့ အပြင်သတင်းတွေ ကြားသိရပါတယ်။ ဒီကိစ္စနဲ့ ပက်သက်လို့ မှန်၊ မမှန်၊ ဟုတ်၊ မဟုတ် သိရှိလို၍ မေးမြန်းခြင်း ဖြစ်ပါတယ်။ 

Weekly Eleven 

 ဖြေ ။ Weekly ကမေးသွားတဲ့ ဆုကြေးငွေနဲ့ ပတ်သက်တဲ့ ကိစ္စမှာ နိုင်ငံတော်ကနေ ကျွန်တော်တို့ကို တရားဝင် ချီးမြင့်ပေးတာ ရှိပါတယ်။ အဲဒီလို တရားဝင် ချီးမြှင့်ပေးတာ ရှိသလို အမိန့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြီးတော့လည်း ချီးမြှင့်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆုကြေးငွေ အနေနဲ့ ဘယ်အပေါ်မှာ ခံစားရသလဲဆိုရင် နံပါတ်တစ် အချက်အနေနဲ့ ဆိုရင် ရွေးယူဒဏ်ငွေပေါ်မှာ ဆုကြေးငွေ ခံစားခွင့်ရှိပါတယ်။ နောက်တစ်ခုက ပြည်သူ့ဘဏ္ဍာ သိမ်းပြီးတော့မှ လေလံတင် ရောင်းချတာက ရရှိတဲ့ငွေ အပေါ်မှာလည်း ဆုကြေးငွေ ကျွန်တော်တို့ ခံစားခွင့် ရှိပါတယ်။ ခုနက မေးသွားတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ရွေးယူဒဏ်ငွေထဲမှာ ပါတဲ့အတွက်ကြောင့် ဆုကြေးငွေ ပေးတဲ့အခါမှာ ဒါကိုထည့်သွင်း တွက်ချက်ပါတယ်။ အဲဒီတော့ တိုက်ရိုက်ကပဲ ဖြစ်ဖြစ် လေလံတင်လိုက်လို့ သိန်းတစ်ထောင်ပဲ ဖြစ်ဖြစ် ရရှိတဲ့ငွေ အားလုံးကို အကောက်ခွန် ဦးစီးနဲ့ နိုင်ငံတော် ဘဏ္ဍာထဲကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ ၀င်သွားပြီးမှ ကျွန်တော်တို့ရဲ့ အကောက်ခွန် ငွေစာရင်း 01, 02 မှာ ဆုငွေ ချီးမြှင့်ရေးအတွက် ဆိုပြီး အပေါ်က ပြန်ချပေးတာ ရှိပါတယ်။ အဲဒီတော့ သာမန်ငွေ အသုံးစရိတ်မှာ ပါလာပါတယ်။ အဲဒီအထဲမှာမှ နှစ်အလိုက်၊ နှစ်အလိုက် ကြာခဲ့တဲ့ဟာတွေပေါ် မူတည်ပြီးတော့မှ ပေးတာဖြစ်ပါတယ်။ နောက်တစ်ခုက ဆုငွေနဲ့ ပတ်သက်ပြီးတော့မှ အကောက်ခွန် တစ်ခုတည်းက ၀န်ထမ်းတွေပဲ ခံစားခွင့်ရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အကောက်ခွန်နဲ့ သီးသန့်ထားတဲ့ ဟာပဲ ဖြစ်ဖြစ်၊ အကောက်ခွန်နဲ့ ပူးပေါင်းပြီးမှ ဖမ်းတဲ့ ရဲတို့၊ သစ်တော၊ သတ္ထုတွင်း၊ နောက်ဒေသ အာဏာပိုင် အဖွဲ့အစည်းတွေ အားလုံးပေါ့။ မီးသတ် အကုန်လုံး ပါလာလို့ ဖမ်းဆီးမှုထဲမှာ ပါလာတယ်ဆိုရင် အဲဒီ Case တစ်ခုတည်းမှာ ပါလာရင် ဖမ်းပြီး လေလံတင်တာပဲ ဖြစ်ဖြစ်၊ ရွှေးယူဒဏ်ငွေ ရတာပဲဖြစ်ဖြစ်၊ ငွေချက်ချင်း မရသေးပေမယ့် အဲဒီလူတွေကို ကူညီသူ အနေနဲ့ လည်းကောင်း၊ ဖမ်းဆီးသူ အနေနဲ့ လည်းကောင်း ရစေပါတယ်။ ဒါ့အပြင် သတင်းပေး အနေနဲ့လည်း ကျွန်တော်တို့ကိုပဲ တိုက်ရိုက် သတင်းပေးမယ်။ ဒါမှမဟုတ်ရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုသတင်းပေးပြီးတော့ ပူးပေါင်း ဖမ်းတယ်ဆိုရင် ကျွန်တော်တို့က အဲဒီသတင်းပေးသူကို ကျွန်တော်တို့က လျှို့ဝှက်ပေးထားတယ်။ သူ့အတွက် ၁၀ ရာခိုင်နှုန်းကို ပေးတာဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်မှာ ရရှိတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ၅၀ ရာခိုင်နှုန်းကို တိုင်းနဲ့ပြည်နယ်ကို ပေးရပါတယ်။ ၃၀ ရာခိုင်နှုန်းကို ဗဟိုရန်ပုံငွေထဲကို ထည့်ပါတယ်။ ၁၀ ရာခိုင်နှုန်းကို သတင်းပေးရှိခဲ့ရင် ပေးပါတယ်။ မရှိခဲ့ဘူးဆို လို့ရှိရင် ဗဟိုရံပုံငွေထဲကို ပြန်သွားပါတယ်။ နောက်တစ်ခုက ပြည်ထောင်စု ဆုငွေနဲ့ပတ်သက်လို့ကတော့ ၈၀ ရာခိုင်နှုန်းကို ပြည်ထောင်စု အစိုးရထဲကို ၀င်ပါတယ်။ သတင်းပေး ၁၀၊ ဆုကြေးငွေ ၁၀ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျပ်သိန်း ခုနှစ်ထောင်ကျော် ရခဲ့ဖူးတဲ့ အခြေအနေ မရှိပါဘူး။ ၂၀၁၂-၁၃ ဘတ်ဂျက်ကို ပြန်တွက်တဲ့ အမှုပေါင်း ၃၄၁၃ ခုကိုတွက်တာ ဌာနဆိုင်ရာတွေ မိတ်ဖက် အဖွဲ့အစည်းတွေလည်း ပါတယ်။ အားလုံးကို ပြန်အချိုး ချလိုက်တယ်။ သက်ဆိုင်ရာ ဌာနတွေကို ပေးစရာ ရှိတာပေးပြီး ကျပ်သိန်းပေါင်း ၁၅၀၀ ထဲမှာ ပြန်တွက်လိုက်တဲ့ အချိန်မှာ ကျွန်တော် ညွှန်ကြားရေးမှူး အမြင့်ဆုံးရတာမှ ကျပ်နှစ်သိန်းပဲ ရပါတယ်။ ၀န်ထမ်းတွေကို ပေးဖို့ရှိပါတယ်။ အနည်းဆုံး ၀န်ထမ်းအနေနဲ့ကတော့ ဓာတ်လှေကား မောင်းတဲ့သူက ကျပ်ငါးသောင်းကျော်ရမယ်။ ကျပ်သိန်းပေါင်း ခုနှစ်ထောင်ကျော် ရခဲ့သလားဆိုတာကတော့ မရခဲ့ပါဘူး။ နောက်တစ်ခုက ရရှိခံစားတဲ့ အချိန်မှာ အကောက်ခွန် ဦးစီးဌာန တစ်ခုတည်း သက်ဆိုင်ရာ ၀န်ထမ်းတွေလည်း ပါဝင်လာတယ်။ လေလံတင်တာပဲ ဖြစ်ဖြစ်၊ ရွေးယူတာပဲ ဖြစ်ဖြစ်၊ တိုက်ရိုက်ပေးတာပဲ ဖြစ်ဖြစ် အဲဒီအားလုံးထဲကမှ ၁၀ ရာခိုင်နှုန်းပေါ်မှာ အပုံ ၁၀၀ ပုံပြီးတော့မှ ခွဲဝေပေးတာ ဖြစ်ပါတယ်။ စည်းနဲ့ကမ်းနဲ့ စနစ်တကျ နိုင်ငံတော် ပြန်တမ်းအနေနဲ့ တရားဝင်ပေးတာ ဖြစ်ပါတယ်။

 အကောက်ခွန် ဦးစီးဌာန၊ စီမံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်း 

 မေး ။ ၂၀၁၂ ခုနှစ်မှာ အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး အမှုဘယ်နှစ်ခုမှာ အရာထမ်းတွေကို စစ်ဆေးခဲ့တာ ရှိသလဲ။ ဘယ်လိုပုံစံနဲ့ အရေးယူခဲ့သလဲ၊ ဘယ်လို အဂတိမျိုးတွေကို လိုက်စားခဲ့သလဲ။

 News Watchဂျာနယ်

 ဖြေ ။ ၂၀၁၂-၂၀၁၃ ခုနှစ်ထဲမှာ ကျွန်တော်တို့ လာဘ်ပေးလာဘ်ယူ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ညွှန်ကြားရေးမှူး နှစ်ဦးကို ဖြုတ်ပစ်တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့တယ်။ နောက်ထပ် ၃၃ ဦးကို တစ်ဆင့်နိမ့် ရာထူးနဲ့ ငွေရေးကြေးရေးနဲ့ မပတ်သက်တဲ့ ၀န်ကြီးဌာနတွေကို ပြောင်းရွှေ့တဲ့ ပြစ်ဒဏ်တွေကို ချမှတ်ခဲ့ပါတယ်။

အကောက်ခွန် ဦးစီးဌာန၊ စီမံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်း 

 မေး ။ ၂၀၁၂ ခုနှစ်ထဲမှာ အဂတိ လိုက်စားမှုတွေ ရှိတယ်လို့ ပြောပါတယ်။ ဘယ်နှစ်မှုလောက် ရှိပါသလဲ။ နိုင်ငံ့ဘဏ္ဍာထဲက အဂတိ လိုက်စားမှုကြောင့် ဘယ်လောက်ပါသွားပါသလဲ။ ဒီနှစ်ထဲမှာ အဂတိ လိုက်စားမှုတွေ မဖြစ်အောင် ဘယ်လိုလုပ်ဆောင် ထားပါသလဲ။

 မဇ္ဈိမ 

 ဖြေ ။ တစ်မှုသာရှိကြောင်း ဖြေကြားခဲ့ပြီး နစ်နာသွားသည့် နိုင်ငံ့ဘဏ္ဍာ ပမာဏကိုမူ ဖြေကြားမှု မပြုခဲ့ပါ။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၅ ခုနှစ် မတိုင်ခင် ဖြစ်လာနိုင်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား



အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၅ ခုနှစ် မတိုင်ခင် ဖြစ်လာလိမ့်မည်ဟု မျှော်မှန်းလို့ရကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီလ ၂၇ ရက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ “အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်ပါတယ်။ သမ္မတကြီး အနေနဲ့ ထူးထူးခြားခြား ဒီမိုကရေစီ စနစ်မှာ ပထမဆုံးတက်လာတဲ့ သမ္မတကြီးဖြစ်တယ်။ နိုင်ငံတကာကလည်း ထောက်ခံတယ် အများအတွက် တကယ်လိုအပ်တဲ့ အလုပ်တွေကိုလည်း လုပ်နေတာ။

ဒီထဲမှာ စဉ်းစားတဲ့ အထဲမှာ ပါတာပေါ့။ တစ်နေ့တော့ ဖြစ်လာမယ်။၂၀၁၅ မတိုင်ခင် ဖြစ်လာလိမ့်မယ်လို့ မှန်းလို့ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။ ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အရပ်ဘက် အဖွဲ့အစည်း ၄၆ ဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံစဉ် နိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ်မှ ဦးစိုးမိုးထွန်းက နိုင်ငံရေး အကျဉ်းသားများအား အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်တောင်းဆိုသည့် အပေါ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က “ပြည်ထောင်စုဝန်ကြီးရဲ့ ပြောစကားကို အကိုတို့အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်တာကို လိုလားပါတယ်။ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေချိန်မှာ ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ လုံးဝ မရှိသင့်တော့ပါဘူး။ အထွေထွေ လွတ်ငြိမ်းချမ်းသာကို အချိန်ဆွဲရင် ဆွဲသလို တိုင်းပြည်အတွက် အများကြီး နစ်နာစေတယ်” ဟု ပြောကြားခဲ့ပါသည်။

 “အခုဆိုရင် ICRC လည်း ထောင်တွေကို ၀င်ရောက်စစ်ဆေးခွင့် ရသွားပြီ။ ပြီးတော့ ပြစ်မှုနဲ့ ပြစ်ဒဏ် စိစစ်မယ်လို့ ပြောတယ်။ ပြည်ထဲရေး အနေနဲ့ လုပ်တာထက်စာရင် ပြည်တွင်းမှာ နိုင်ငံရေး အကျဉ်းသားကိစ္စ တွေကို စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေပါ ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်တာသည် ပိုပြီးတော့ အရွေ့တစ်ခုကို ရွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက် ချင်တယ်” ဟု ကိုထွန်းကြည်က ဆက်လက် ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတ အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ခြောက်ကြိမ်ပေးခဲ့ပြီး လေးကြိမ်တွင် ယခင်စစ်အစိုးရ လက်ထက်က အကြောင်းအမျိုးမျိုးဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ကိုမင်းကိုနိုင် အပါအ၀င် ထင်ရှားသော နိုင်ငံရေး အကျဉ်းသား အများအပြား ပြန်လည်လွတ်မြောက် လာခဲ့သည်။ ယင်းကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း အကြီးမားဆုံး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု ဖြစ်ခဲ့သည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် ပေးသော လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်ကာ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် ပြည်တွင်းရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြသည်။ လက်ရှိအချိန်တွင် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စာရင်းပြုစုထားရာတွင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့စာရင်း၊ NLD စာရင်း၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ စာရင်း၊ AAPP စာရင်း စသည်ဖြင့် အမျိုးမျိုး ကွဲပြားနေပြီး အစိုးရဘက်မှမူ နိုင်ငံရေး အကျဉ်းသားများ မရှိဟု ငြင်းဆန်ထားသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP စာရင်းများအရ အကျဉ်းထောင်များထဲတွင် သေဆုံးသွားသော နိုင်ငံရေး အကျဉ်းသား ၁၅၀ ကျော် ရှိကြောင်း၊ ယင်းတို့ကိုလည်း သမိုင်းတစ်ခုအဖြစ် ရေးထိုးသွားကာ ၎င်းတို့ မိသားစုဝင်များနှင့် ကူးလူးဆက်ဆံမှုတွေ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယခုနောက်ဆုံး မိုးထိမိုးမိ ရွှေလုပ်သားများ ကိစ္စတွင် အဖမ်းခံရသူ လေးဦးကိုပါ ထည့်သွင်းထားပါက ၎င်းတို့စာရင်းတွင် လက်ကျန်နိုင်ငံရေး အကျဉ်းသား ၂၂၂ ဦးရှိကြောင်း AAPP မှ ကိုဘိုကြည်က ပြောကြားခဲ့သည်။

 အလားတူ အမည်ပျက်စာရင်း (Black List) စာရင်း သွင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦး အပါအ၀င် အမည်ပျက် စာရင်းဝင် ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို နိုင်ငံတော် သမ္မတရုံးက ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှစ၍ အမည်ပျက်စာရင်း မှပယ်ဖျက်ပေး ခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့တွင်လည်း ကုမ္ပဏီ ၂၀၄ ခုနှင့် လူပုဂ္ဂိုလ် ၅၈၇ ဦးတို့အား အမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

 Eleven Media Group 

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီယားကို ရောက်ပြီ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယား နိုင်ငံသို့ ယနေ့ ဇန်န၀ါရီ လ ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၁ မိနစ်က ချောမောစွာ ရောက်ရှိကြောင်း သတင်း ရရှိ ပါတယ်။

 လေဆိပ်နှင့် တည်းခိုမည့် ဟိုတယ်ရှေ့တို့တွင်လည်း တောင်ကိုရီယားရောက် မြန်မာနိုင်ငံသားများက လာရောက်ကြိုဆိုကြပြီး သတင်းဌာန များစွာတို့မှ သတင်းသမားများလည်း စုဝေး ရောက်ရှိလာကြကာ တိုက်ရိုက် ရုပ်/သံ လွှင့်ထုတ်မှုများကို လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။



ဂျိုဆောန်ဟိုတယ်သို့ ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား သောင်းသောင်းဖျဖျ ကြိုဆိုနေစဉ်


ဒေါ်အောင်ဆန်းစုကြည် တည်းခိုမည့်ဟိုတယ် ၎င်း၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် အပါအ၀င် မကြာသေးခင် က ရွေးကောက်ပွဲ၌ အနိုင်ရထားသော တောင်ကိုရီးယား၏ ပထမဆုံး အမျိုးသမီး သမ္မတဆလာင်း Park Geun-hye နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ထိပ်သီး စည်းဝေးပွဲ၌ မိန့်ခွန်း ပြောကြား ရန်ရှိကြောင်း တောင်ကိုရီယားအခြေစိုက် ဒေါ်အောင်ဆန်းစုကြည် ကိုရီယားခရီးစဉ် ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ က ဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေသည့် မြင်ကွင်းများ 

 ဒေါ်အောင်ဆန်းစုကြည် သည် ဇန်န၀ါရီ ၂၄ ရက်က အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ကျွန်း ဟိုနိုလူလူတွင် ကျင်းပသည့် Rotary Global Peace Forum သို့ တက်ရောက်ခဲ့ပြီး နောက် တောင်ကိုရီးယားသို့ ရောက်ရှိ လာခြင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၏ တောင်ကိုရီယားခရီးစဉ်အတွင်း အစီအစဉ်များကို ဤနေရာ မှ တဆင့် သွားရောက် ကြည့်ရှု့နိုင်ပါတယ်။

Saturday, January 26, 2013

US သံရုံး ကြေညာချက် မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန ကန့်ကွက်

ကချင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာပြင်တွင် မြေမြှုပ်မိုင်းတလုံးအား ဤသို့တွေ့ရစဉ်၊ ဓာတ်ပုံ-စနေလင်း/ဧရာဝတီ 

 အမေရိကန်ပြည်ထောင်စု၏ ကချင်စစ်ပွဲများဆက်ဖြစ်နေမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်မှု အား မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဌာနက ပြန်လည်ကာ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာချက် ထွက်ပေါ်လာပါ တယ်။

ကချင်ပြည်နယ် စစ်မြေပြင် မြင်ကွင်းတချို့

အမေရိကန် နိုင်ငံက ကချင်ပြည်နယ်တွင်းက စစ်ပွဲများ ဖြစ်ပွားသည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်သည့် ရန်ကုန် အမေရိကန်သံရုံး ကြေညာချက်ထုတ်ပြန်သည့်အပေါ် သမ္မတ ပြောခွင့်ရ ပြန်ကြားရေ ဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ ချေပတုံ့ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း ယနေ့ နိုင်ငံပိုင် သတင်းစာများ မှာ ပြည်ထောင် စု မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြန်လည် တုံ့ပြန်သည့် ကြေညာချက် တရားဝင်ထွက် ပေါ်လာခဲ့ပါတယ်။



အဆိုပါ ကြေညာချက်မှာ Myanmar ကို Burma ဟု သုံးစွဲမှုကိုလည်း ကန့်ကွက်ထားပါတယ်။ အပြည့်အစုံကို အောက်မှာပြန်လည် ဖော်ပြပေးလိုက်ပါတယ်။


သတင်းစာဖြတ်ပိုင်းပေါ် ကလစ်နှိပ်၍ အကျယ်ချဲ့ကြည့်နိုင်ပါတယ်။

ဧရာဝတီ 

Wednesday, January 23, 2013

ဒေါက်တာဆိတ်ဖွားမှ လွှတ်တော်သို့တောင်းပန်ခြင်း။

ကျွန်ုပ်အား ပြည်ထောင်စု လွှတ်တော်က ကော်မရှင် ဖွဲ့စည်းပြီး စုံစမ်းအရေးယူပေးပါရန် အရေးကြီးအဆိုတင်သွင်းနေသော ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့ကိုယ်စားလှယ်တော်ကြီး ဒေါက်တာဦးစိုးရင် ( ဓါတ်ပုံ - ပြည်သူ့လွှတ်တော် )

 ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက်စာမျက်နှားများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော်ပင်ပြန့်နှံ့နေခဲ့ပါသည် ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ ဝေဖန်ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို ကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည် ။

 သို့အတွက်ကြောင့်ဒေါက်တာဆိတ်ဖွားဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုဒေါက်တာဆိတ်ဖွားဆိုသူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း အများစိတ်ဝင်စားသော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည် ။ ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို " အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ ကျွန်ုပ်၏ အမှားဖြစ်ကြောင်းဝန်ခံပါသည် ၊ အမှားကိုအမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော်နှင့်ညီသော ကိစ္စတစ်ရပ်သာဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် " အပေါင်းပါ " ဟုခေါ်ထိုက်သူများမဟုတ်ပဲ ၊ အများပြည်သူလက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိ တရား ကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည့် နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်းပြင်ဆင် ဖေါ်ပြအပ်ပါသည် ။ 


===================================
 ဒေါက်တာဆိတ်ဖွား၏ အွန်လိုင်းဆောင်းပါးနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းခြင်းကိုဝေဖန်မှုများရှိနေ __________________________________________________

 ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်းသွင်ခဲ့သည့် ဒေါက်တာဆိတ်ဖွား၏ အင်တာနက် ဝက်ဆိုက်ဒ်ကိစ္စနှင့် ပတ်သက်၍ ပြည်သူအချို့ကလွှတ်တော်ကို ပြစ်တင်ဝေဖန်မှုများရှိနေကြကြောင်းသိရသည်။

ဘလောဂါ တစ်ဦးဖြစ်သည့် ဒေါက်တာဆိတ်ဖွားမှ ၄င်း၏ ဝက် ဆိုက်ဒ်၌ ဥပဒေအထက်တွင် လွှတ် တော်ရှိနေသလား။ ခေါင်းစဉ်ဖြင့် လွှတ်တော်ကိုဝေဖန်ရေးသားခဲ့ခြင်းကြောင့် လက်ရှိကျင်းပနေသောပထမအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်ကဒေါက်တာဆိတ်ဖွားကိုစုံစမ်းဖော်ထုတ်ရန် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အမှတ်ပြည့်ရနေတဲ့ အစိုးရကလက်ပံတောင်းတောင် အရေးမှာအမှတ်တစ်ဝက်လောက် လျော့သွားတယ်။ ဒီလိုပဲ ပြည်သူတွေ ယုံကြည် မှုရလာတဲ့ လွှတ်တော်ကအခုလုပ် ရပ်ကြောင့် အမှတ်တွေ လျော့သွားတယ်။ ဘယ်လိုမှ နားလည်လို့ မရဘူး။

လွှတ်တော်က ပြည်ထောင်စုလွှတ်တော်တင်တာအရေးကြီးအဆိုဘာကို ပြသလဲဆိုရင် ခေတ်နောက် ကျကျန်ခဲ့တာကိုပြတာပဲ''ဟုဆဲဗင်းဒေးသတင်းဂျာနယ် သတင်းထောက် ချုပ် ကိုအောင်သူကပြောသည်။ အဆိုပါ အဆိုကိုလွှတ်တော် သို့ တင်သွင်း၍ မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒပေးပိုင်ခွင့်ရှိသူ ၅၈၈ ဦးရှိသည့် အနက် ထောက်ခံသူ ၃၄၇ ဦး၊ ကန့် ကွက်သူ ၁၅၇ ဦးနှင့် ကြားနေသူ ၄၂ ဦးရှိပြီးထောက်ခံအတည်ပြု ခဲ့ကြောင်းသိရသည်။ ''ဘလော့ဆိုတာအင်တာနက် ပေါ်မှာအခမဲ့ လွတ်လပ်စွာရေးသားပြောဆိုခွင့် ရှိသောနေရာ ဖြစ် ပါတယ်။ အသက် ၁၈ နှစ် အောက် မကြည့်ရဆိုတာမျိုးတောင် သူ့စည်းကမ်းကိုလိုက်နာရင် ရေးတင်လို့ ရတဲ့ နေရာမျိုးပါ။

 ဒီလိုလွတ်လပ် စွာရေးခွင့် ပြောခွင့်ရှိတဲ့နေရာမျိုးမှာ မြန်မာဘလော့ဂါ တစ်ယောက်ကရေးသားတဲ့ ဝေဖန်ချက်မျိုးကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေကိုကိုယ် စားပြုပါတယ်ဆိုတဲ့ လွှတ်တော်ကြီး က အချိန်ကုန်ခံအဆိုတင်၊ မဲခွဲတာတော့ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါ ဘူး။ တကယ်လို့ ရေးသူကိုသိလို့ မကျေနပ်ရင်တောင် အခြားနည်းနဲ့ ဖြေရှင်းသင့်တယ်။ လွှတ်တော်အနေနဲ့ အခြားအရေးကြီးကိစ္စတွေ လုပ် စရာတွေ အများကြီးပါ'' ဟုသတင်းဌာနတစ်ခု၏ အွန်လိုင်းဂလော့ဂါတစ် ဦးဖြစ်သူကိုသင်ကာကပြောသည်။

အချို့သော ပြည်သူများကလည်းလွှတ်တော်တွင် ယခင်အစိုးရလက်ထက်မှ အစိုးရအဖွဲ့ဝင်ဟောင်းများပါရှိနေသောကြောင့် မည်သူရေးသညိကုသိနိုင်သူများရှိနိုင် ကြောင်းသုံးသပ်မှုများလည်းရှိနေသည်။ လူမှုကွန်ရက်တစ်ခုဖြစ်သည့် ဖေ့ဘုတ်စ် အင်တာနက် စာမျက်နှာ များတွင်လည်းယခုကဲ့သို့လွှတ်တော် ၏ ဆောင်ရွက်ချက်နှင့် ပတ်သက်၍ ကန့်ကွက်ပြောဆိုမှုများရှိနေသည်။

လွှတ်တော်အနေဖြင့်လည်းယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဝေဖန်မှုများဆက်လက်ပြုလုပ်နေမည်ကိုစိုးရိမ်
 သောကြောင့် ကြိုတင်၍ တားမြစ် ခြင်းလည်း ဖြစ်နိုင်ကြောင်းဘီဘီစီ မြန်မာပိုင်းလန်ဒန်မှ ကိုမျိုးသာထက် က ပြောကြားသည်။ ''မဖြစ်စလောက်ကိစ္စလေးကိုဘာလို့ အခုလိုအကျယ်ချဲ့ရတာလို့ လည်းအဖြေထုတ်မိတယ်။ ရေရေရာရာတော့ မထိမိနိုင်ဘူး။

လွှတ် တော်အမတ်တစ်ယောက်ကခုလိုအဆိုတင်သွင်းလာရတယ်ဆိုတော့ ဘယ်လောက်ထိရှရှ ထိထိတိုင်း ပြည်အကျိုးယုတ်စေမယ့် နောက် ကြောင်းတွေကိုသိထားသလဲလို့ လည်းတွေးရပြန်ပါတယ်။ မပိုင်ပဲပြောနေတော့ မဟုတ်လောက်ဘူး။ နိုင်ငံတကာမှာတော့ အခုလိုကိစ္စလေးသေးသေးလေးတွေလိုသတ်မှတ်ရတာတွေရဲ့ နောက်ကွယ်မှာ လျှို့ဝှက် ချက်တွေ ရှိနေတက်တာမို့ အပြတ်တော့ မပြောချင်ဘူး။

ဘယ်သူဘယ်ဝါကဘာကြောင့် ဒီလိုဝေဖန်ရသလဲဆိုတာကိုလွှတ်တော်ကဆက်လက်ထုတ် ဖော်နိုင်ရင်တော့ ကောင်းပါလိမ့်မယ်။ မဟုတ်ရင်တော့ အချိန်တွေ ဖြုန်းငွေတွေဖြုန်းတဲ့ အလုပ်မဟုတ်တာကိုအလုပ်လုပ်တာလို့ပဲမှတ်ယူရပါ လိမ့်မယ်''ဟုကိုမျိုးသာထက်ကထပ်မံပြောကြားသည်။


Messenger News Journal
 
 
============================================

 ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား 



ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းဝေးတွေမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကိစ္စ ဆွေးနွေးကြတယ် အခြေခံဥပဒေ ပုဒ်မ ၃၂၁ မှာ မူလပြဌာန်းထားတာက -
“နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖြစ် ပါဝင်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်ကိုသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည် " လို့ဖြစ်တယ် ။

 ဒါကိုလွှတ်တော်က အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံတော် သမ္မတက ညှိနှိုင်းရွေးချယ်ပြီးတော့မှသာ နာမည်စာရင်း တင်ရမယ်လို့ ပြင်ထားတာ။

 ဒါကိုသမ္မတက ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာနဲ့ ဆန့်ကျင်တာကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီပြင်ပါ လို့ မှတ်ချက်ပြုထားတာ ။ဒါကိုလုပ်ထုံးလုပ်နည်းနဲ့အညီမလုပ်ပဲနဲ့ လွှတ်တော်မှာမဲခွဲပြီးပြင်တာ ။

အလားတူပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာလည်း နိုင်ငံတော်သမ္မတရဲ့သဘောထား မှတ်ချက် ကိုမဲခွဲဆုံးဖြတ်ပြီး ပယ်ပစ်လိုက်ကြပါတယ် ။

ဒီလုပ်ရပ်တွေဟာ ဥပဒေစကားနဲ့ပြောရရင် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ထားသူများက အခြေခံဥပဒေနှင့် မညီမှန်းသိလျှက်နှင့်တမင် အခြေခံဥပဒေကိုဖေါက်ဖျက်ကျူးလွန်လိုက်ကြတာပါ ...။ 

ခုလိုလုပ်နေရတာရှုပ်ပါတယ် ... အခြေခံဥပဒေထဲမှာ " အခြေခံဥပဒေကမည်သို့ပင်ဆိုစေ၊ မည်သို့ပင်ပြဌာန်းထားစေကာမူ လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါများက လွှတ်တော်တော်တွင်းမဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည် " ဆိုတာလေးပါ တခါတည်း ထည့်ပြင်လိုက်ကြပါလားဗျာ....


၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းနေရာ ပြောင်းမယ်

၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရုံးခန်းကို ဖေဖော်ဝါရီလမှ စတင်ပြီး ပြောင်းရွှေ့ ဖွင့်လှစ်ပါတော့မယ်လို့ သိရပါတယ်။ ယခု ဝေဇယန္တာလမ်းက ရုံးခန်းကနေ ပြောင်းရွှေ့မှာဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ ဆက်သွယ်ရန် လိပ်စာအသစ်မှာ ရန်ကုန်မြို၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၁၀၃၉/၁၀၄၀) ၊ သုမင်္ဂလလမ်း ၊ ၁၆/၁ ရပ်ကွက် ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာ ၈၈ အဖွဲ့ဟာ ငြိမ်းချမ်းရေး၊ ပွင့်လင်းလူ့အဖွဲအစည်း ဖော်ဆောင်ရေးတို့ကို ဆောင်ရွက်နေပါတယ်။

Sunday, January 20, 2013

ကချင်ပြည်နယ် ပဋိပက္ခ ဒုက္ခသည်များအတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်ချက်

ကချင်ပြည်နယ် ပဋိပက္ခ ဒုက္ခသည်များအတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်ချက်

 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ် ပဋိပက္ခ ဒုက္ခသည်များ အတွက် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေးနှင့် ပတ်သက်သော ထုတ်ပြန်ချက် အမှတ် (၁/၂ဝ၁၃)ကို ဇန်နဝါရီ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

ကချင်ပြည်နယ် ပဋိပက္ခဒုက္ခသည်များအတွက် 

 လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်သော

 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက် ထုတ်ပြန်ချက်

အမှတ် (၁/၂ဝ၁၃)


၁။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ အဖွဲ့ဝင်(၄)ဦးပါ အဖွဲ့တစ်ဖွဲ့သည် လက်နက်ကိုင် တိုက်ပွဲများကြောင့် မိမိ နေထိုင်ရာဒေသမှ စွန့်ခွာ တိမ်းရှောင်နေကြရသည့် အရပ်သားများ၏ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျလေ့လာနိုင်ရန် ကချင်ပြည်နယ်သို့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်နေ့အထိ ပထမဆုံးအကြိမ် စတင် သွားရောက်ခဲ့ပါသည်။ ထိုခရီးစဉ်အတွင်း ကော်မရှင်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် လူမှုရေး အသင်းအဖွဲ့များမှ လိုင်ဇာမြို့တွင်းနှင့် ပတ်ဝန်းကျင်ရှိ ရပ်ရွာ စွန့်ခွာ တိမ်းရှောင်နေသူများသို့ ပေးအပ်သည့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးပို့နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ် ညှိနှိုင်းနိုင်ခဲ့ပါသည်။

၂။ ကချင်ပြည်နယ် အတွင်းရှိ ရပ်ရွာ စွန့်ခွာ တိမ်းရှောင်နေသူများထံသို့ အကူအညီ တိုးမြှင့်ပေးနိုင်ရေး အတွက် ကြိုးပမ်း အားထုတ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဟူ၍လည်း ကော်မရှင်က ဖော်ပြခဲ့ပါသည်။

၃။ ဤခရီးစဉ်ပြီးသည့်နောက် ကော်မရှင်သည် ဖြစ်ပွားနေသော ပဋိပက္ခ၏ အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်လာသော လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကချင်ပြည်နယ် အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို အသိအမှတ်ပြုပြီး အခြား တိုက်တွန်းမှုများအပြင် ဤကြိုးပမ်း အားထုတ်မှုများကို စီးပွားရေး လုပ်ငန်းများကလည်း ကူညီပံ့ပိုးရန် တိုက်တွန်းခဲ့သကဲ့သို့ ငြိမ်းချမ်းရေး ညှိနှိုင်း ဆွေးနွေးမှုများကို အောင်မြင်မှု ရသည်အထိ ဆက်လက် ဆောင်ရွက်သွားရန်လည်း အလေးအနက် တိုက်တွန်းခဲ့ပါသည်။

၎။ ဤညှိနှိုင်း ဆွေးနွေးမှုများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကော်မရှင်က ကောင်းစွာ သိရှိသကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သည် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အကြားမှ ညှိနှိုင်းဆွေးနွေးမှုများကို မဆုတ်မနစ် ဆက်လက် ပြုလုပ်နေသည့် အတွက် ကော်မရှင်အနေဖြင့် အားတက်မိပါသည်။ တစ်ချိန်တည်းမှာပင် ပဋိပက္ခများကြောင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး အခြေအနေသည် ပိုမို ဆိုးရွားနေသည်ကို လည်းကောင်း၊ ကချင်ပြည်နယ် အတွင်းနှင့် နယ်စပ် တစ်လျှောက်ရှိ ပဋိပက္ခ ဒုက္ခသည်များထံသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ရောက်ရှိရေးမှာ အခက်အခဲ ဖြစ်နေသည်ကို လည်းကောင်း၊ ကော်မရှင်က များစွာ စိုးရိမ်လျက် ရှိပါသည်။ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ရောက်ရှိရေး ပြဿနာကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူ အားလုံးက အရေးတကြီး ဆောင်ရွက်ခြင်းများ မပြုလုပ်ပါက ပဋိပက္ခ ပြင်းထန်လာမှုကြောင့် ကလေးများ၊ အမျိုးသမီးများနှင့် အသက်အရွယ် ကြီးရင့်သူများကဲ့သို့ ထိခိုက် လွယ်သူများကို အထူး သက်ရောက်မှု ရှိသော လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးအခြေအနေမှာ ပိုမို ဆိုးရွားလာဖွယ်ရာ ရှိသည်ဟု ကော်မရှင်က ထင်မြင် ယူဆပါသည်။

၅။ သို့ဖြစ်၍ ပဋိပက္ခ ဒုက္ခသည်များထံသို့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ရောက်ရှိရေးနှင့် လုံခြုံချောမွေ့စွာ ပို့ဆောင်ရေးကို မည်သို့တာဝန် ယူနိုင်မည်ဆိုသည့် ပြဿနာကို နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အရေးကြီးသော ကိစ္စတစ်ရပ် အဖြစ် ကိုင်တွယ် ဖြေရှင်းကြရန် ကော်မရှင်က အလေးအနက် တိုက်တွန်းအပ်ပါသည်။ ကမ္ဘာ့အလှူရှင် အသိုက်အဝန်းကလည်း အကူအညီ ပေးရေးတွင် အရေးပါသည့် အခန်းကဏ္ဍဍမှ ပါဝင်နိုင်ကြမည် ဖြစ်ပါသည်။

၆။ ကချင်ပြည်နယ် ပဋိပက္ခသည် လူတို့၏ အသက်အိုးအိမ် စည်းစိမ်အပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်း အားထုတ်မှုများ အပေါ်တွင် လည်းကောင်း ထိခိုက်မှု ရှိနေသည်ကို ထောက်ရှုလျက် ပဋိပက္ခနှင့် ပတ်သက်သည့် နှစ်ဖက် လက်ခံနိုင်သော ဖြေရှင်းချက်တစ်ရပ် အမြန်ဆုံးရရှိရေး အတွက် အရှိန်မြှင့် ကြိုးပမ်း အားထုတ် သွားကြပါရန် ကော်မရှင်က တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်

ကချင်ပြည်နယ်မှ စစ်ပွဲများရပ်ဆိုင်းရေး မုံရွာမြို့တွင် ဆန္ဒဖော်ထုတ်

ကချင်ပြည်နယ်အတွင်းမှ စစ်ပွဲများရပ်ဆိုင်းရေး ဆန္ဒဖော်ထုတ်မှုကို ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂နာရီဝန်းကျင်က မုံရွာမြို့တွင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Eleven Media Group 

နှုတ်ထွက်ခဲ့ရသော ဆက်သွယ်ရေးဝန်ကြီးဦးသိန်းထွန်းအား အဂတိလိုက်စားမှုဖြင့် စစ်ဆေးနေ(လက်ဆင့်ကမ်းShare ပေးရန်)

ယခင်ရက်ပိုင်းအတွင်းက နှုတ်ထွက်ခဲ့ရသော ပြည်ထောင်စုဝန်ကြီး ၂ ဦးအနက် ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းထွန်းအား အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးနေကြောင်း နေပြည်တော်မှာ လာသော ခိုင်လုံသည့် သတင်းရပ်ကွက်အဆိုအရ သိရှိရသည်။

ယခုကဲ့သို့ စစ်ဆေးခြင်းသည် သမ္မတဦးသိန်းစိန်လက်ထက်တွင် ပထမဆုံးသော နိုင်ငံရေးရာထူးရှိသူအား စစ်ဆေးမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အမှုအကြောင်းအရာ အကျဉ်းဖျဉ်းမှာ သမ္မတကြီးက လက်ကိုင်တယ်လီဖုန်းများအား အတတ်နိုင်ဆုံးဈေးနှုန်းလျှော့ချရောင်းနိုင်ရန် လမ်းညွှန်မှုပြုခဲ့ကြောင်း၊

သမ္မတကြီးကိုယ်တိုင် ကျွမ်းကျင်သူများ၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို တွက်ချက်ပြီး ဖုန်းတစ်လုံးကို ၅၀၀၀၀ ကျပ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားမှုပြုခဲ့ကြောင်း၊ ထိုညွှန်ကြားချက်ကို ၀န်ကြီးဖြစ်သူဦးသိန်းထွန်းက ရတနာပုံတယ်လီပို့ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့နှင့် အစည်းအဝေးပြုလုပ်ပြီးမှသာ ဈေးနှုန်းအတည်ပြုလိုသဖြင့် အချိန်အနည်းငယ်ဆိုင်းခဲ့ကြောင်း၊ သို့သော် ရတနာပုံတယ်လီပို့ အုပ်ချုပ်မှုဒါရိုက်တာအစည်းအဝေးတွင် ရှယ်ယာဝင်အများစုက သမ္မတသတ်မှတ်ပေးသော ဈေးနှုန်းအတိုင်းမရောင်းချနိုင်ကြောင်း အဘယ့်ကြောင့်ဆိုသော် မူရင်းဈေးနှုန်း+အမြတ်ငွေမှာ ၅၀၀၀၀ခန့် မှန်သော်လည်း အခြားသော လက်ဆောင် ပဏ္ဍာစရိတ်များကိုလည်း ထည့်သွင်းတွက်ချက်ရသဖြင့် ၁၀၀၀၀၀/ ၁၂၀၀၀၀ ခန့်ဖြင့်သာ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊

အကယ်၍သမ္မတက ဖုန်းတစ်လုံးကို ၅၀၀၀၀ ကျပ်ဖြင့်ရောင်းချမည်ဆိုပါက အဆိုပါတယ်လီဖုန်းဈေးနှုန်းကိစ္စကို လွှတ်တော်သို့တင်သွင်းကာ မဲအဆုံးအဖြတ်ဖြင့် အတည်ပြုရန် ကြိုးစားမည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ကြောင်း၊ ဦးသိန်းထွန်းမှ အစည်းအဝေးဆုံးဖြတ်ချက်အား သမ္မတထံတင်ပြရာ သမ္မတက လက်ဆောင်ပဏ္ဍာစရိတ်ဆိုသည်မှာ အဂတိလိုက်စားမှုပင်ဖြစ်ကြောင်း ထိုသို့ ပြည်သူလူထုအား မထောက်ထားမညှာတာ လာဘ်စားမှုပြုလုပ်သော ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီးအပါအ၀င် ဆက်သွယ်ရေးလုပ်ငန်းအောက်မှ ဦးဆောင်ညွှန်ကြားရေးမှူး ၈ ဦးအား အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ကြီးကြပ်ပြီး အဂတိလိုက်စားမှုဖော်ထုတ်ရာတွင် နာမည်ကြီးသည့် အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန (စ.စ.စ) အား ညွှန်ကြားထားကြောင်းသတင်းရရှိသည်။

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း အများစုကို ရတနာပုံတယ်လီပို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းများတွင် မိုဘိုင်းဖုန်းလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းနှင့် နိုင်ငံတကာဆက်သွယ်ရေး လမ်းကြောင်းများချိန်ဆက်ရေး စသည့်လုပ်ငန်းများဖြစ်ပြီး ပြည်တွင်းရှိ နာမည်ကျော် ဦးတေဇ၏ ထူးထရေးဒင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ သားဖြစ်သူ လွှတ်တော်ဆိုင်ရာ ကျွမ်းကျင်သူများကော်မတီဝင် ဦးတိုးနိုင်မန်းပိုင်ဆိုင်သည့် RedLink WiMax Company၊ ယခင်အစိုးရအဖွဲ့ခေါင်းဆောင် ဦးသန်းရွှေ၏ မြေး ဖိုးလပြည့် စသူတို့က အစုရှယ်ယာ အများအပြားပါဝင်ထားကြောင်းသိရသည်။

 ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ရေးဆွဲရာတွင် သမ္မတကြီး ဆက်သွယ်ရေးလုပ်ငန်းများတွင် ပြည်သူတိုင်းပါဝင်လာနိုင်စေရန် အများပြည် သူပိုင်ဆက်သွယ်ရေးလုပ်ငန်းများနှင့် ဆက်စပ်သည့်အချက်များ ထည့်သွင်းသွားရန် ညွှန်ကြားခဲ့သော်လည်း ဆက်သွယ်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသူများကြောင့် အဆိုပါဥပဒေမှာ ထွက်ရှိလာရန် နှောင့်နှေးခဲ့ရ ကြောင်းသိရသည်။

ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးတစ်ဦးကို တာဝန်မှ ရပ်စဲကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်း သည် အုပ်ချုပ်ရေးအဖွဲ့ကို တပ်လှန့်ပေးခြင်းဖြစ်နိုင်ပြီး လွှတ်တော်၏ လွှမ်းမိုးမှုကို တန်ပြန်သည့်သဘောမျိုးဖြစ်နိုင်ကြောင်း နေပြည်တော်ရှိ တော်ဝင်ရပ်ကွက်များမှ အကြီးအကဲများက ထင်မြင်လျက်ရှိသည် ။

People Development For Knowledge

“NLD ရန်ပုံငွေအတွက် ခရိုနီများမှ ငွေကြေးထောက်ပံ့မှုများ မရှိဖူးကြောင်း၊ ထောက်ပံ့လျှင်လည်း တရားမ၀င်ငွေ မဟုတ်သဖြင့် လက်မခံနိုင်စရာ အကြောင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား”

Saturday, 19 January 2013 15:52 NLD

ရန်ပုံငွေအတွက် ခရိုနီများမှ ငွေကြေးထောက်ပံ့မှုများ မရှိဖူးကြောင်း၊ ထောက်ပံ့လျှင်လည်း တရားမ၀င်ငွေ မဟုတ်သဖြင့် လက်မခံနိုင်စရာ အကြောင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၁၈ ရက်တွင် သတင်းထောက် များအား ပြောကြားခဲ့သည်။

 သတင်းထောက် တစ်ဦးက “အခု အပြင်မှာ ခရိုနီထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး misunderstanding တွေ ဖြစ်နေပါတယ်။ ပညာရေး ရန်ပုံငွေနဲ့ NLD ရန်ပုံငွေကို မကွဲပြားတဲ့ ပုံစံဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများ ထပ်ပြောစရာ ရှိပါသလဲ” ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “လှူတဲ့ငွေက အကောင်းအတွက် လှူရင် လှူပါစေပေါ့။ အရင် ၈၈ တို့ ပညာရေး ရန်ပုံငွေ တုန်းကလည်း ဒီလိုပဲ လေလံပစ်ပြီး လုပ်ကြတာပဲ မဟုတ်လား။ NLD ရန်ပုံငွေက NLD ရန်ပုံငွေပဲ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

 ထို့နောက် သတင်းထောက် တစ်ဦးက “အဲဒါဆို NLD ရန်ပုံငွေ အတွက်ဆိုရင် ဒီခရိုနီ ပိုက်ဆံတွေကို လက်မခံဘူးဆိုတဲ့ သဘောလား” ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “NLD ရန်ပုံငွေ အတွက်ဆိုရင် ခရိုနီပိုက်ဆံကို လက်ခံမှာမဟုတ်ဘူး လို့လည်း အန်တီမပြောပါဘူး။ ပေးလည်း မပေးဖူးပါဘူး။ ဘာဖြစ်လို့ လက်မခံရမှာလဲ။ အန်တီ သိပ်နားမလည်ဘူး။ ဒီငွေက တရားမ၀င်ငွေဆို အန်တီလက်မခံဘူး။ တရားဝင် ငွေဆိုရင် ကောင်းတဲ့ ကိစ္စအတွက် ပေးတာပဲ” ဟု ဆက်လက် ဖြေကြားခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် အစည်းအဝေးများ စတင်သည့် ဇန်န၀ါရီလ ၉ ရက် တွင် သတင်းထောက်များ၏ မေးမြန်းချက်အရ ခရိုနီကိစ္စများကို ဖြေကြားခဲ့ဖူးသည်။ ထိုသို့ ဖြေကြားပေးရာတွင် ခရိုနီများနှင့် ပတ်သက်၍ “ခရိုနီလို့ အခေါ်ခံရတဲ့ သူတွေက NLD နဲ့ တခြား လူမှုရေး လုပ်နေတဲ့ လုပ်ငန်းတွေကို ပံ့ပိုးတယ်ဆိုရင် ပံ့ပိုးပါစေပေါ့။ ဒီပိုက်ဆံတွေကို တခြားနေရာမှာ အလဟဿဖြစ်အောင် ဖြုန်းမယ့်အစား ပံ့ပိုးသင့်တဲ့ နေရာကို ပံ့ပိုးဖို့အတွက် သုံးတယ်ဆိုရင် ကောင်းတဲ့ကိစ္စပါပဲ။ NLD ကို ချဉ်းကပ်လာတာလား ဆိုတာ မစဉ်းစားဘူး။ NLD ကို ချဉ်းကပ်တာလား။ ဘယ်အဖွဲ့ကို ချဉ်းကပ်တာလဲ ဆိုတာကို မကြည့်ဘူး။

လုပ်တာက ဘာအတွက် လုပ်တာလဲ။ ဘာကို ထောက်ပံ့တာလဲ။ ဘယ်နေရာကို အကျိုးပြုသလဲ။ ပြည်သူ့ကို အကျိုးပြုမယ်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို အကျိုးပြုမယ်။ လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေကို အကျိုးပြုမယ် ဆိုရင် ဒါဟာ ကြိုဆိုရမယ့် ကိစ္စပါပဲ။ နိုင်ငံရေး လုပ်သည့်နေရာမှာ အာဃာတကို အခြေခံပြီး လုပ်တာမျိုးကို မကြိုက်ဘူး။ ခရိုနီဆိုတာလည်း ခရိုနီ အမျိုးမျိုး ရှိပါတယ်။ ခရိုနီလို့ ဘာလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖ ခေတ်မှာတုန်းက ချမ်းသာလာခဲ့ကြလို့ပေါ့။ သူတို့ ချမ်းသာပုံ ချမ်းသာလာကြ နည်းကလည်း တစ်ယောက်နဲ့ တစ်ယောက်မှ မတူကြတာပဲ။

 ချမ်းသာလာတဲ့ နေရာမှာ မတရားမှုတွေ ပါသလား၊ မပါသလား ဆိုတာကို ကြည့်ရမယ်။ ကျွန်မအမြဲ ပြောနေကျ စကားကိုပဲ ပြောရပါမယ်။ ပြစ်မှု မထင်ရှားသရွေ့ အပြစ်မဲ့တယ်လို့ပဲ သတ်မှတ်ရပါမယ်” ဟု ဖြေကြား ပေးခဲ့ခြင်းဖြစ်သည်။

 ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်များက ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေရှာ ဂီတပွဲတော်အတွက် Sky Net, Air Bagan နှင့် AGD ဘဏ်တို့မှ အဓိက အလှူရှင်များအဖြစ် ကျပ်သိန်း ၂၀၀၀ ကို လှူဒါန်းခဲ့သည်။

 Eleven

ရန်ကုန် မှ လိုင်ဇာ သို. လမ်းလျှောက်ကြမယ်. လူငယ်အဖွဲ.

ရန်ကုန် မှ လိုင်ဇာ သို. လမ်းလျှောက်ကြမယ်. လူငယ်အဖွဲ.ဟာ ယနေ. နံနက်၁၀း၀၀ နာ၇ီမှာ ရွှေတိဂုံဘုရားမှာ အောင်မြေနင်းပြီး အဓိဌာန်ပြု ကြပါတယ်။

 ဇန်န၀ါရီ၂၁ရက်နေ. နံနက် ၇း၀၀ နာရီ မြို.တော်ခန်းမေ၇ှ.မှစတင်ထွက်ခွာမှာပါ။

လမ်းလျှောက်မယ် အဖွဲ.မှာ အမာခံ ၁၀ ယောက်ပါမှာဖြစ်ပြီး တစ်နေ.ကို ၁၄နာ၇ီ နီးပါးနဲ. အချိန် တစ်လခွဲ ကျော်ယူပြီးလျှောက်ကြမှာလို. ငြိမ်းချမ်းရေးလိုလားသူလူငယ်များအဖွဲ.ခေါင်းဆောင်

ကိုရန်နိုင်ထွန်းကပြောပါတယ်။

၄၈ နာရီအတွင်း စုံစမ်းရေး ကော်မရှင်က ကြားဖြတ် အစီရင်ခံစာတင်မယ်

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ တာဝန်ယူထားတဲ့ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်က ယမန်နေ့ ဇန်န၀ါရီလ ၁၉ ရက်နေ့နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အခု သတင်းထုတ်ပြန်မှုဟာ ဒုတိယ အကြိမ် သတင်းထုတ်ပြန်မှုလည်း ဖြစ်ပါတယ်။

 လက်ပံတောင်း သပိတ်စခန်း ဖြိုးခွင်းခံရစဉ်၊ ဓာတ်ပုံ- ဧရာဝတီ

 စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ ကို ၄၈ နာရီအတွင်း တင်ပြသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ လက်ပံတောင်းတောင်၊ စပယ်တောင်၊ ကြေးစင်တောင်တို့မှာ ကြေးနီစီမိံကိန်းနဲ့ပတ်သက်တဲ့ သတ္တုတွင်း ၀န်ကြီးဌာန အပါအ၀င် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လူမှု စီးပွားရေးဘ၀တွေနဲ့ပတ်သက်တဲ့ တွေ့ရှိချက်တွေ၊ သာသနိက အဆောက်အအုံနဲ့ပတ်သက်လို့ ဆရာတော်သံဃာတော်များထံ လျှောက်ထား ချက်များနှင့် သြ၀ါဒတွေ၊ ဦးပိုင်၊ ၀မ်ပေါင်ကုမ္ပဏီနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကိစ္စတွေ၊ ထိခိုက်ဒဏ်ရာရ သံဃာတော်တွေကို ဆးကုသမှု အခြေအနေ ၊ သပိတ်စခန်းကို ဖြိုခွင်းမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့၊ ထွေ/အုပ် စတဲ့ အဖွဲ့တွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေကို ကြားဖြတ် အစီအရင်ခံစာအဖြစ် ၄၈ နာရီအတွင်း သမ္မတဆီကို တင်ပြသွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ကြေးမုံ သတင်းစာ 

ဧရာဝတီ

Mozilla Firefox browser သုံးရတာ ကြိုက်တယ်၊ သို့ပေမယ့် သုံးရတာ နှေးနေလို့ Speed မြှင့်တင်ချင်တယ်ဆိုရင်...

Mozilla Firefox browser သုံးရတာ ကြိုက်တယ်၊ သို့ပေမယ့် သုံးရတာ နှေးနေလို့ Speed မြှင့်တင်ချင်တယ်ဆိုရင် 


Firefox browser ကို သုံးတာ ကြာလာရင် လေးလာတတ်ပါတယ်။ Browser ကို ဖွင့်လိုက်ပေမယ့် အချိန်တော်တော် မပွင့်ပဲနဲ့ ရှိနေတတ်ပါတယ်။ အဲဒီလို လေးနေလို့ မြန်ချင်တယ်ဆိုရင် ပြုလုပ်ပုံနည်းလေး ပြောပြပေးပါမယ်။

 1. Start >> Run box ထဲမှာ gpedit.msc လို့ ရိုက်ပြီး Local Group Policy ထဲကို သွားပါ။

 2. Computer Configuration အောက်က Administrative Tamplate ထဲကို သွားပါ။

 3. Network Folder ကို ဝင်ပါ။

4. အဲဒီထဲမှာ “QOS Packet Scheduler” ကို ရှာပြီး Double Click နှိပ်ပြီး ဖွင့်ပေးပါ။

 5. “Limit Reservable Bandwidth” ဆိုတာကို Double Click နှိပ်ပြီး ဖွင့်ပါ။

6. ပြီးရင် Enable Check box ကို on ပေးပါ။ Bandwidth Limit % နေရာမှာ 0 ထားပြီး Apply >> Ok နှိပ်လိုက်ပါ။ ဒါဆိုရင် Browser ရဲ့ Bandwidth Speed က 20% တိုးလာပါလိမ့်မယ်။

 နောက်ထပ်တစ်နည်း ဒါကတော့ Browser ပြင်ပေးရမှာ ဖြစ်ပါတယ်။ 

 1. အရင်ဆုံး Browser ကို ဖွင့်လိုက်ပါ။ ပြီးရင် Address bar မှာ about:config ဆိုတာကို ရိုက်ပြီး Enter နှိပ်လိုက်ပါ။

2. ကျတဲ့ List ထဲမှာ browser.tabs.showSingleWindowModePrefs စာကြောင်း ရှာပြီး Double Click နှိပ်လိုက်ပါ False ကနေ True ပြောင်းသွားရင် ရပါပြီ။

3. နောက်ထပ် network.http.pipelining ကို ရှာပြီး Double Click နှိပ် True ပြောင်းပေးပါ။

4. နောက်ဆုံး တစ်ခုကတော့ network.http.pipelining.maxrequests ဆိုတဲ့ စာကြောင်းပါ သူကို ရှာပြီး Double Click နှိပ်ပါ။ ပေါ်လာတဲ့ box ထဲက Number ကို 60 ပြောင်းပြီး Ok နှိပ်လိုက်ပါ။ အားလုံး ပြီးပြီးဆိုရင် Browser ကို ဖွင့်ကြည့်လိုက် ခါတိုင်းထက် သိသိသာသာ မြန်ဆန်လာပါလိမ့်မယ်။

 နည်းပညာ အခက်အခဲများကို ကျော်လွှားနိုင်ပါစေလို့...

 Myanmar1

Tuesday, January 15, 2013

ဥက္ကဋ္ဌတွေ မှိုလို ပေါတဲ့ လောကကြီး.....

ဥက္ကဋ္ဌတွေ မှိုလို ပေါတဲ့ လောကကြီး.....

 ကာတွန်း-ကူမိုးကြိုး 


Thursday, January 10, 2013

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူးသ၀ဏ်လွှာ ပေးပို

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း နောင်လာမည့်နှစ်များတွင် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုမျိုး ဖြစ်ပေါ်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် ၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးသ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးသ၀ဏ်လွှာကို နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပသည့် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာတွင် ''လူမှုရေး ဆောင်ရွက်ချက်များအနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် ထိုက်သင့်သော ပင်စင်လစာနှုန်းသစ်များ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထို့ပြင် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သဖြင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ပါသည်။ လွှတ်တော်အတွင်း၌ ရသုံးမှန်းခြေငွေစာရင်း ဆွေးနွေးသည့်ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်'' ဟု ဖော်ပြထားသည်။

 ဆက်လက်၍ ''နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွင်း၌ အဆင်မပြေမှုများနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါသည်။ လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြမှုများ၊ မြေယာပြဿနာများ၊ ရခိုင်ပြည်နယ် ကိစ္စရပ်များနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများမှ အတွေ့အကြုံများအား သင်ခန်းစာများအဖြစ်ရယူ၍ နောင်လာမည့် နှစ်များတွင် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုမျိုး ဖြစ်ပေါ်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။ယနေ့ မိမိတို့ဆောင်ရွက်နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများတွင် လွှတ်တော်များနှင့် အစဉ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အထူးသဖြင့် ယခင်တစ်နှစ်ကျော် ကာလက ရရှိခဲ့သည့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများကို အခြေခံ၍ သင်ခန်းစာများ ဖော်ထုတ်ပြီး ပိုမိုထိရောက်အောင် ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။

ယခုအချိန်အခါကဲ့သို့ နိုင်ငံတကာ အသိုက်အ၀န်းနှင့် ပြည်တွင်းနိုင်ငံရေး အင်အားစုများအကြား မြန်မာနိုင်ငံ၏ နိုင်ငံရေး ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သော၊ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နိုင်သောကာလတွင် လွှတ်တော်များ၏ အခန်းကဏ္ဍမှာ များစွာအရေးပါသည်ကို မိမိအနေဖြင့် အစဉ်ဂရုပြုပြီး အစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိပါသည်။ ခေတ်မီသော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းသို့ ချီတက်ကြရာတွင် ခက်ခဲကြမ်းတမ်းသော လှေခါးထစ်များကို ကျော်ဖြတ်ရလေ့ ရှိပါသည်။

 မိမိတို့ အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ အစိုးရယန္တရား၏ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ရမည်ကိုလည်း သိရှိထားပါသည်။ ပြည်ထောင်စုလွှတ်တော်အနေဖြင့်လည်း ပြည်သူများ၏ လက်တွေ့အကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားကို အလေးအနက်ထားသည့် ပြည်သူ့ဗဟိုပြု ဥပဒေများ ဆက်လက်ပြဋ္ဌာန်းပေးသွားခြင်းဖြင့် ပြည်သူများအား ဒီမိုကရေစီ ယဉ်ကျေးမှု၊ ဒီမိုကရေစီ အလေ့အကျင့်များနှင့် ယဉ်ပါးရင်းနှီးလာအောင် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း သ၀ဏ်လွှာပေးပို့အပ်ပါသည်'' ဟု သ၀ဏ်လွှာပေးပို့ခဲ့သည်။

လာမည့် ဘဏ္ဍရေးနှစ်သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဝန်ထမ်းများ လစာတိုးမြှင့်ပေးရန် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်း အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုနှင့်ပတ်သက်၍ ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင်သာ ဆောင်ရွက်သင့်ကြောင်း လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။ ထို့နောက် ၂၀၁၃ ခုနှစ်၊နှစ်သစ်ကူးသ၀ဏ်လွှာအား ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်။

Eleven Media Group

Wednesday, January 2, 2013

နိုင်ငံတကာနှင့် မိုဘိုင်းဖုန်းများ အပြန်အလှန် သယ်ဆောင်အသုံးပြုခွင့် (Roaming) စနစ်အတွက် ဖိတ်ခေါ်ချက်အား အာရှနိုင်ငံများအပြင် ဥရောပမှလည်း လာရောက်ကမ်းလှမ်း

နိုင်ငံတကာနှင့် မိုဘိုင်းဖုန်းများ အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်မည့် (Roaming) စနစ် ဆောင်ရွက်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် နိုင်ငံတကာမှ ချိတ်ဆက်ဆောင်ရွက်လိုသည့် ပြည်ပဂျီအက်စ်အမ်မိုဘိုင်း အော်ပရေတာများအား ဖိတ်ခေါ်ခဲ့ရာ အာရှနိုင်ငံများ အပါအ၀င် ဥရောပနိုင်ငံ အချို့မှလည်း လာရောက်ကမ်းလှမ်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ Roaming စနစ် ချိတ်ဆက်ဆောင်ရွက်ရန်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ၂၀၁၂ ဒီဇင်ဘာလအတွင်း နိုင်ငံပိုင် သတင်းစာများမှတဆင့် နိုင်ငံတကာမှ Roaming စနစ်အတွက် ပူးပေါင်းဆောင်ရွက်လိုသည့် ဂျီအက်စ်အမ်မိုဘိုင်း အော်ပရေတာများအား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “Roaming အတွက် နိုင်ငံတကာက ဂျီအက်စ်အမ်မိုဘိုင်း အော်ပရေတာတွေကို ဖိတ်ခေါ်တဲ့အခါမှာ ဥရောပက နှစ်နိုင်ငံမှာ အီတလီနိုင်ငံပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံက AIS၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဟောင်ကောင်နဲ့ သြစတြေးလျနိုင်ငံကလည်း လာကြတယ်။ သူတို့က အီးမေးလ်နဲ့ပို့ပြီး ကမ်းလှမ်းထားတယ်။ အခုလောလောဆယ်တော့ သူတို့က ရှေ့လထဲမှာလာပြီး Cost တွေကို ဆွေးနွေးမယ်ဆိုပြီး အင်ဖော်မေးရှင်းတွေ ပို့ထားပါတယ်” ဟု မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။

လက်ရှိကာလတွင် ပြည်တွင်းရှိ Postpaid ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းများအား ပြည်ပသို့ သယ်ဆောင် အသုံးပြုခွင့် (Outbound) စနစ်အား အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများသို့ ရရှိနေသော်လည်း နည်းပညာပိုင်းဆိုင်ရာတွင် အခက်အခဲ အနည်းငယ် ကျန်ရှိနေသေးသည့်အတွက် အများပြည်သူသို့ အသုံးပြုခွင့် မပေးသေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမီပြည်ပနိုင်ငံပေါင်း ၁၅၀ ကျော်နှင့် Roaming စနစ် ရရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း မိုဘိုင်းအင်ဂျင်နီယာချုပ်ကပင် ပြောကြားသည်။

Eleven Media Group