စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 28, 2013

နိုင်ငံတော်ပိုင်ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်မှုဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ထမ်းရှစ်ဦးအား အမှုဖွင့် အရေးယူ

နိုင်ငံတော်ပိုင် ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်မှုဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ထမ်းရှစ်ဦးအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ အမှုဖွင့် အရေးယူခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မြန်မာနိုင်ငံအတွင်း မိုးဘိုင်းဆက်သွယ်ရေး စီမံကိန်း လုပ်ငန်းအတွက် လိုအပ်သော စက်ပစ္စည်းနှင့် အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံရာတွင် ပိုမိုတွက်ချက်တင်ပြ၍ ထုတ်ယူခြင်း၊ စက်ကိရိယာ ပစ္စည်းများ ၀ယ်ယူရာတွင်လည်း ဈေးလျော့ဝယ်ယူခြင်းဖြင့် နိုင်ငံပိုင်ငွေများကို ကိုယ်ကျိုးအလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ နိုင်ငံပိုင်ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသိန်းဦးနှင့် ဦးမြင့်ဦး၊ ဦးစိုးအောင်၊ ဦးခင်မောင်တင်၊ ဦးဝင်းနိုင်၊ ဦးမျိုးညွန့်အောင်၊ ဦးစိုးမိုးနိုင်၊ ဦးဌေးဝင်း တို့အား အမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ ဖြင့် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းရဲစခန်းမှ အမှုဖွင့်အရေးယူ တိုင်ကြားထားကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ မိုဘိုင်းဆက်သွယ်ရေး စီမံကိန်းလုပ်ငန်း စက်ပစ္စည်းနှင့် အဆောက်အဦစရိတ် ဘဏ္ဍာငွေ ပိုမိုတွက်ချက် တင်ပြထုတ်ယူခြင်း၊ စက်ကိရိယာပစ္စည်းများ ဈေးလျော့ဝယ်ယူခြင်းဖြင့် နိုင်ငံပိုင်ငွေများကို ကိုယ်ကျိုးအလွဲသုံးစား ပြုလုပ်ခြင်းဖြင့် အမှုဖွင့် အရေးယူထားသော ရှစ်ဦးထဲမှ တစ်ဦးသည် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုမှာ မဟုတ်မမှန်ကြောင်း ၎င်းရဲစခန်းမှ စုံစမ်းသိရှိရ ပါသည်။ Eleven Media Group

0 comments: