စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, May 20, 2013



                                A Father's Tear (အဖေ့မျက်ရည်)  

လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့ စည်းပြီးဈေးအ၀မှာသွားရောင်းတာနေမွန်းမတည့်ခင်... ပန်းအားလုံးရောင်းလို့ကုန်သွားပြီးငွေငါးဆလောက်အမြတ်ရခဲ့တယ်၊ ဖခင်များနေ့ရောက်တောဲ့ဒီလူကအဲဒီနည်းအတိုင်း ပန်းကလေးတွေရောင်းခဲ့ပြန်တယ်။နေစောင်းတဲ့အထိလေးပုံပုံတစ်ပုံတောင်ရောင်းမထွက်လို့ငွေရှုံးပြီးအိမ်ပြန်ခဲ့ရတယ်။ ဒါကိုကြည့်ရင်သားသမီးတွေကဖခင်ကိုဂုဏ်ပြုဖို့ထက်မိခင်ကိုပဲအလေးထားတယ်ဆိုတာ ထင်ရှားနေပါတယ်။ အဲဒါကိုအဖေများသိရင်ဘယ်လောက်များမျက်ရည်ကျလိုက်မလဲ။ 

စင်္ကာပူနိုင်ငံမှာ PR (PermanentResident)ဖြစ်သွားတဲ့ဇနီးမောင်နှံက သားဦးသမီးဦးလေးတွေမွေးလာတဲ့အခါစင်္ကာပူကလူနေမှုစရိတ်မြင့်မားတဲ့အတွက် ကလေးထိန်းဖို့ရောမီးဖိုချောင်တာဝန်ယူဖို့ရော ကူဖော်လောင်ဖက်လိုအပ်တဲ့အတွက် မြန်မာနိုင်ငံက မိခင်ကြီးတွေကိုစင်္ကာပူနိုင်ငံကိုအလည်လာဖို့ လေယာဉ်လက်မှတ်ဝယ်ပြီးပို့ပေးကြပါတယ်။ ဖခင်အိုကြီးတွေကိုဘာလို့မခေါ်တာလဲလို့မေးကြည့်တော့ အဖေကကလေးလည်းမထိန်းတက်ဘူး၊ ထမင်းဟင်းလည်းကောင်းကောင်း မချက်တက်ဘူးတဲ့။သြော်သူတို့လေးတွေနိုင်ငံခြားမှာပညာသင်နိုင်ဖို့ လျှာမြက်ပေါက်လုမတက်ခြိုးခြံပြီးပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့တဲ့ဖခင်ကို သူတို့တွေကောင်းစားတဲ့နိုင်ငံခြားမှာကြီးပွားချိန်ရောက်တော့အလည်တောင်မခေါ်ဘဲ မြန်မာပြည်မှာချန်ထားရစ်ခဲ့ကြတာအဖေများသိရင်ဘယ်လောက်များမျက်ရည်ကျလိုက်မလဲ။ရပ်ဝေးမှာကျောင်းဆရာမအလုပ်လုပ်နေတဲ့အပျိုကြီးသမီးဖြစ်သူကိုစိတ်မချဘဲ ဖခင်ကရထားဘူတာရုံအထိ လာကြိုတော့တောသားကြီးတို့ထုံးစံအတိုင်းဖိနပ်မပါ၊ကွမ်းတမြုံ့မြုံ့ဝါးပြီး လူကြားထဲမှာသမီး၊သမီးလို့ဝမ်းသာအားရသမီးရဲ့ထမီထုပ်ကိုထမ်းဖို့ အနားကပ်လာတဲ့ဖခင်ဖြစ်သူရဲ့ပုံဆိုးပန်းဆိုးပုံစံကြောင့် သူငယ်ချင်းကျောင်းဆရာမတွေကြားမှာ ရှက်သွားတဲ့မြို့ကျောင်းက ဆရာမလေး သမီးဖြစ်သူက အဖေသမီးကို လူကြားထဲမှာ သမီးလို့ခေါ်ပါနဲ့တဲ့။ သြော်ဒါတွေကို အဖေများသိရင် ဘယ်လောက်များ မျက်ရည်ကျလိုက်မလဲ။ 

နယ်မြို့လေးကနေညကားနဲ့ပြန်လာတဲ့သမီးကိုဒီဇင်ဘာဆောင်းတွင်းကြီး အိမ်တံခါးပိတ်မအိပ်ဘဲထိုင်စောင့်နေတဲ့အဖေဟာ အအေးဒဏ်ကြောင့် ကိုယ်တခြမ်းလေဖြန်းသွားခဲ့ဖူးတယ်ကိုယ်ခန္ဓာပိုင်းဆိုင်ရာမှာအားကြီးပေမဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာမှာအားနည်းတက်တဲ့အဖေတွေဟာစားဝတ်နေရေးအရှုပ်တော်ပုံတွေကြောင့် ဆေးလိပ် အရက်တွေနဲ့စိတ်ထွက်ပေါက်ရှာရင်းယစ်ထုတ်ကြီးဖြစ်သွားခဲ့ကြတယ်။ သားသမီးရဲ့အညုအတုတွေဇနီးမယားရဲ့ စကားနုနုတွေမတွေ့မကြားရတဲ့အဖေတွေဟာ ရေကြည်ရာမြက်နုရာရှာရင်း... အပျော်မိန်းမတွေရဲ့မာယာဂယက်တွင်းသက်ဆင်းခဲ့ကြရင်း အိမ်ထောင်ရဲ့ဗီလိန်လူကြမ်းကြီးတွေဖြစ်သွားကြရတယ်။ အဲဒီလိုအိမ်ထောင်ဦးစီးမဖြစ်ခဲ့တဲ့ဗီလိန်လူကြမ်းကြီးအဖေတွေကိုစိတ်နာလွန်းလို့ အရွယ်ရောက်လာတဲ့သားသမီးတွေရဲ့မင်္ဂလာဆောင်ဖိတ်စာတွေထဲမှာ အဖေကိုသေပြီလို့သဘောမှတ်ပြီးအဖေ့နာမည်ကိုကွင်းကလေးထဲခတ်ပြီး ဖိတ်စာမှာပုံနှိပ်ဖော်ပြခဲ့ကြတယ်။ ဒီထက်ပိုဆိုးတာကသားတစ်ဦးရဲ့မင်္ဂလာဆောင်ဖိတ်စာမှာတာဝန်မကျေတဲ့အဖေကို စိတ်အနာကြီးနာခဲ့တာကြောင့်မိဘအုပ်ထိန်းသူနေရာမှာအဖေရဲ့နာမည်ကိုလုံးဝဖျောက် အမေနာမည်တစ်လုံးတည်း ကို ပုံနှိပ်ဖော်ပြထားတာတွေ့ဖူးလိုက်ရဲ့။ ဒါဆိုဒီကလေးအဖေမပါဘဲမွေးခဲ့တာပေါ့။ 

စာရေးဆရာတစ်ဦးကပြောဖူးတယ်။အဖေ့အကြောင်းရေးထားတဲ့စာအုပ်ကို သူပုံနှိပ်ထုတ်တာရောင်းမထွက်ဘဲရှုံးခဲ့ဖူးသတဲ့။ဟုတ်ကဲ့ကျွန်တော်ရေးတဲ့အဖေ့မျက်ရည်ကိုဖတ်သူမရှိရင်လည်းနေပါစေ အဖေတွေရဲ့ မျက်ရည်ကိုသားသမီးတိုင်းနားလည်ပေးမယ်ဆိုရင် မျက်ရည်ထွက်ရကျိုးနပ်ပါတယ်လေ။ အဲဒီလိုအဖေတွေကိုအဆိုးမြင်နေရင်လဲအဖေဆိုတာဟာမနှိုင်းကောင်းနှိုင်းကောင်း လောကဓံနဲ့ သားသမီးတွေကြားမှာတရားခံဖြစ်ခဲ့တာ ဓါးစာခံဖြစ်ခဲ့တာခြေဖ၀ါးနဲ့မြေသားကြားကရော်ဘာဖိနပ်ပါးပါးလေးလိုပါပဲ။ အဲဒါကြောင့်ရော်ဘာဖိနပ်ပါးပါးလေးတွေကိုမြင်ရင်မိတ်ဆွေတို့ရဲ့အဖေကိုသာ သတိရလိုက် ကြပါလို့……………..။ 

mnl (forever)  
(Facebook မှ ကူးယူဖော်ပြသည်)

Saturday, March 16, 2013

Sunday ဆုတောင်း. ..

မင်္ဂလာ မနက်ခင်းပါ ချစ်ခင်လေးစားရပါသော မြန်မာတို့ရေ

ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂါတ်ကောင်းကင်ဟာ အတိတ်ကမကောင်းခဲ့သူတွေရဲ့ လောဘဒေါသမောဟ မိုးတိမ်တွေနဲ့ ဖုံးကွယ်မဲနက်နေဆဲ မှာ ခုမှ မိုးသောက်ယံ အလင်းရောင်လေး မှေးမှိန်ဖြဖြ သေးသေးကွေးကွေးလေးဘဲ ရှိနေပါသေးတယ်။

မိတ်ဆွေတို့ရဲ့ မျက်မှန်စိမ်း မဲမဲကြီးတွေကို အမှောင်ကြီးထဲမှာ ခဏဖြစ်ဖြစ် ချွတ်ကြည့်လိုက်ပါလားဗျာ

အမြင်အာရုံတွေ နည်းနည်းလေးပိုလင်းလက်လာပြီး ပိုလဲကြည့်လို့ကောင်းလာမှာပါ

အစိုးရ က ကိုယ့်အပေါ်ကောင်းစေချင်ရင် ကိုယ်ကလဲ အစိုးရအပေါ်မှာ စ ကောင်းပြရမှာပေါ့ ...

တစ်ကယ်ဆို ကျွန်တော်တို့ဟာ မေတ္တာတရားကြီးမားတဲ့ လူမျိုးတွေပါ

ရှင်းသန့် ကောင်းမွန်တဲ့ မေတ္တာတရား ဆိုတာ ကိုယ်က စ ထားပြလိုက်ရလို့အောက်ကျတယ်ဆိုတာ မရှိပါဘူး ...

ရင်ထဲက အမုန်း တွေ မာန တွေ ဒေါသ တွေ အတ္တ တွေ နည်းနည်းလေးဘဲဖြစ်ဖြစ် စလျှော့ပြီး နေကြည့်လိုက်ပါလားဟင် ...

ဒါဆို လောကကြီးက မိတ်ဆွေတို့ ထင်ထားတာထက် အများကြီး ပို လင်းလက် လှပ လာမှာသေချာပါတယ်။

အားလုံး သာယာလှပတဲ့ Weekend လေး ပိုင်ဆိုင်နိုင်ကြပါစေ ...

အထင်အမြင် လွဲမှားခြင်း ကင်းရှင်းကြပါစေ ...

လူသားအချင်းချင်း စာနာချစ်ခင်စိတ်လေး ထားနိုင်ကြပါစေ ..... ။

ထာဝရမေတ္တာဖြင့်

မျိုးချစ်မြန်မာ

Monday, February 25, 2013

ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာလမ်းကြား) ကို တစ်လမ်းမောင်း သတ်မှတ်အပြီး ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးဝါးလာသည့်အပေါ် သုံးသပ်ကာ သက်ဆိုင်ရာသို့ ပြန်လည်တင်ပြမည်

ရွှေဂုံတိုင်မီးပွိုင့်အနီး ယာဉ်ကြောများ ကြပ်နေသည်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၁နာရီ မြင်ကွင်း 

စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာလမ်းကြား) ကို တစ်လမ်းမောင်းအဖြစ် ၂၀၁၃ ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ပြောင်းလဲ သတ်မှတ်ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု ယခင်ထက် ပိုမို ဆိုးဝါးလာကြောင်း သိရသည်။ ထိုရက်မှစ၍ အဆိုပါ လမ်းကြောင်းတစ်လျှောက် ခရီးသွားလာမှုမှာ ယခင်ထက် အချိန်အားဖြင့် ပိုမိုကြာမြင့်ခဲ့ရကြောင်း ခရီးသွား ပြည်သူများက တစ်ညီတစ်ညွတ်တည်း ပြောကြသည်။

အုတ်လမ်းမှတ်တိုင်အနီး ယာဉ်ကြောများ ကြပ်နေသည်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ မြင်ကွင်း 

“ကျွန်တော်က ဒီနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) နံနက် ၁၁ နာရီခွဲလောက်က ရွှေဂုံတိုင်မှတ်တိုင်ကနေ မြေနီကုန်းကို ဘတ်စ်ကားစီးသွားတာ ၁၂ နာရီခွဲလောက်မှ မြေနီကုန်းမှတ်တိုင် ရောက်တယ်။ ကားမှတ်တိုင် သုံးမှတ်တိုင်လောက် စီးရတဲ့ ဒီခရီးကို တစ်နာရီလောက် စီးခဲ့ရတယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။ ထိုသို့ ရွှေဂုံတိုင်မှ မြေနီကုန်းအထိ ယာဉ်ကြော ပိုမိုကျပ်တည်းနေသဖြင့် အဆိုပါ လမ်းကြောင်းများတွင် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်နှင့် အခြားအငှားယာဉ်များ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

တစ်လမ်းမောင်းစနစ် ပြုလုပ်ခဲ့သည့် ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာလမ်းကြား) မီးပွိုင့်အနီး ယာဉ်ကြောများ ကြပ်နေသည်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ မြင်ကွင်း

 ယခုလို ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာလမ်းကြား) ကို တစ်လမ်းမောင်းစနစ် သတ်မှတ်ပြီးနောက် ယာဉ်ကြောပိုမို ရှုပ်ထွေးလာမှုအပေါ် သုံးသပ်ကာ ပြန်လည်ပြင်ဆင် ဆောင်ရွက်ရန် သက်ဆိုင်ရာသို့ တင်ပြမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုတိယရဲတပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးက ပြောသည်။


ဗဟန်းမြို့နယ်အတွင်း ယာဉ်ကြောများကြပ်နေသည်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲ မြင်ကွင်း 

၎င်းကပင် “အဲဒီ ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာ လမ်းကြား) က လမ်းလေးခု ဆုံတဲ့နေရာဖြစ်လို့ ကားတွေ ခေါင်းချင်းဆိုင်ပြီး အရမ်းကြပ်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက တစ်လမ်းမောင်း စနစ်အနေနဲ့ လုပ်ခဲ့တယ်။ ဒီစနစ်ကို ပြင်လိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က ယာဉ်ကြော ရှင်းလင်းဖို့အတွက် လုပ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ယာဉ်ကြောတွေက ပိုပြီးရှုပ်ထွေး နေတဲ့အတွက် ပြန်လည်သုံးသပ်ပြီး သက်ဆိုင်ရာကို ပြန်လည်တင်ပြ သွားပါ့မယ်” ဟု ပြောသည်။ အလားတူ ရန်ကုန်မြို့နေ ခရီးသွားပြည်သူများနှင့် သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဦးလှအောင်ကလည်း ရန်ကုန်မြို့၏ အဓိက ခြောက်လမ်းသွားများဖြစ်သည့် ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်းနှင့် ဘုရင့်နောင် လမ်းမကြီးများပေါ် ခုံးကျော်တံတားများ တည်ဆောက်နေခြင်းသည် ယာဉ်ကြောပိတ်ဆို့မှုများ၏ အဓိက အကြောင်းရင်းများ ဖြစ်နေကြောင်း ဝေဖန်ထောက်ပြသည်။



ဓမ္မစေတီလမ်း (ပြည်လမ်းနှင့် ဗားကရာလမ်းကြား) မီးပွိုင့်အနီး ယာဉ်ကြောများ ကြပ်နေသည်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၄ နာရီခွဲ မြင်ကွင်း 

(၃၈) ယာဉ်လိုင်းမှ ယာဉ် နောက်လိုက်တစ်ဦးက “အရင်ရက်တွေဆိုရင် မွန်းတည့် ၁၂ နာရီ ရောက်ရင် ပုံမှန်ခြောက်ခေါက်လောက် ပြေးဆွဲပြီးပြီ။ ခုဆိုလေးခေါက်ပဲ ပြေးဆွဲရသေးတယ်။ မြေနီကုန်းကနေ ရွှေဂုံတိုင် မှတ်တိုင်အထိ ယာဉ်ကြောတွေ ရှုပ်ထွေးနေပါတယ်။ ယာဉ်ပေါ်မှာ အကြာကြီး မစောင့်နိုင်တဲ့ ခရီးသည်တွေဆိုရင် လမ်းဆင်းလျှောက်တာတွေ နေ့တိုင်း တွေ့နေရတယ်” ဟု ပြောသည်။ ရန်ကုန်မြို့တွင် ၇၂ ပေ ရှိ အဓိက ခြောက်လမ်းသွား လမ်းမကြီးများအဖြစ် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ရန်ကုန်-အင်းစိန်လမ်း၊ ဗားကရာလမ်း၊ ကမ်းနားလမ်းတို့ ရှိပြီး ယင်းတို့အနက် ပြည်လမ်းမပေါ်တွင် လှည်းတန်းခုံးကျော်တံတား၊ ကမ္ဘာအေးစေတီ လမ်းပေါ်တွင် ရွှေဂုံတိုင် ခုံးကျော်တံတားနှင့် ဘုရင့်နောင် လမ်းပေါ်တွင် ဘုရင့်နောင် ခုံးကျော်တံတားတို့ကို တည်ဆောက်နေခြင်း တို့ကြောင့် လက်ရှိတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားနေရသည်။

Eleven Media Group

သစ်ခိုးထုတ်မှုများ “ ကျွန်းပွဲတော်” ဟုခေါ်ရလောက် အောင်ရှိနေ


ထွန်းထွန်း ဓာတ်ပုံ(momeikfoum.blogspot.com) မဘိမ်း၊ ဖေဖော်ဝါရီ၊ ၂၅။

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် KIAကချင် လက်နက်ကိုင် အဖွဲ့နှင့် တရုတ်သစ်ကုန်သည်များ ပူးပေါင်း ကာ တရားမဝင် ကျွန်းသစ်များနှင့် အခြားသစ်မာသစ်များကို တရုတ်ပြည်သို့ ခိုးထုတ် နေကြသည်ဟု မိုးမိတ်မြို့မှ ဒေသခံ တစ်ဦးက ပြောကြားသည်။ မဘိမ်းမြို့နှင့် မိုင်နှစ်ဆယ်ကျော် ကွာဝေးသော ပင်ကြိမ်၊ တုံကွာ၊ စီပိန်း၊ နမ့်ဟွန်၊ နမ့်ဟန်၊ မိုင်းတုံရွာစဉ်များ တလျှောက် ရှိ တောထဲမှ သစ်များကို ၎င်းအဖွဲ့များက သစ်များခိုးထုတ် သယ်ယူနေကြောင်း၊ နှစ်စဉ် ဒီဇင်ဘာလမှစ၍ ဖေဖော်ဝါရီလ အတွင်း သစ်များ ခိုးထုတ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ တရား မ၀င်သစ်များသည် ဗန်းမော်မှောင်ခို တောလမ်းမှတဆင့် တရုတ်ပြည် နယ်စပ်သို့ ပို့နေခြင်းဖြစ်ကြောင်း၊ တစ်ရက်လျှင် သစ်ခိုးထုတ် ကားအစီး ရေ(၂၀၀)ကျော်ထိ ရှိကြောင်း ထိုသစ်လုပ်ငန်းတွင် ဈေးရောင်းချနေသူများက ပြောကြသည်။

ယင်းသို့ သစ်ခိုးထုတ်မှုများကြောင့် ရွာနီးစပ်မှ ဒေသခံ ရွာသူ ရွာသားများသည် ၎င်းနေရာ၌ အလုပ်ဝင်လုပ်ကာ ဝင်ငွေ ကောင်းနေကြောင်း၊ တစ်ရက်လျှင် သစ်ခုတ်သားတစ်ဦး၏ အနည်းဆုံးဝင်ငွေသည် နှစ်သောင်းမှ လေးသောင်းထိ ပုံမှန်ရှိပြီး မိမိလုပ်ကိုင်နိုင်သလေက် တစ်ရက်လျှင် ခုနှစ်သောင်းအထိ ဝင်ငွေရှိနေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သော ဒေသခံများ ပြောကြသည်။ ၎င်းသစ်ခိုးထုတ်တောထဲ၌ ဈေးရောင်းဈေးဝယ် လုပ်နေသူ ကိုသိန်းဇော်က “ဆောင်းအကုန် နွေအကူး အစပ်ရောက် တိုင်း KIAလက်နက်ကိုင်တွေကတရုတ်သစ်ကုန်သည်တွေနဲ့ နှစ်တိုင်း လိုလို တောတန်းတလျှောက် တရားမ၀င် သစ်တွေ ခုတ်လှဲ၊ သယ်ထုတ် နေကြတာပါ။

ဘယ်သူမှလည်း မပြောရဲရှာဘူး။ လက်နက်ကိုင်အဖွဲ့နဲ့ တရုတ် သစ်ကုန်သည်တွေဟာ နီးစပ်ရာ ရွာက ဒေသခံတွေကို ပိုက်ဆံများများပေးတယ်။ ဒေသခံတွေ ၀င်ငွေကောင်းတယ်။ နောက်ဆုံးသူတို့ ယာခင်းကိုတောင်ပစ်ပြီး သစ်ခုတ်၊ သစ်သယ် အလုပ် ၀င်လုပ်ကြတယ်။ ၀န်းကျင်မြို့တွေ က ဒေသခံတွေလည်း လာကြတော့ သစ်ခိုးထုတ်နေတဲ့ တောထဲမှာ ပွဲတော်တစ်ခုလို ဖြစ်နေရတာမို့ 'ကျွန်းပွဲတော်' ဆိုပြီးဖြစ်သွားတာပါ ” ဟုပြောကြားသည်။

မိုးမိတ်၊ မဘိမ်းမြို့မှ သစ်တင်ကားများ သာမက မြန်မာပြည် အောက်ပိုင်းမှ သစ်တင်ကားများပင် ယင်းသစ်ခိုးထုတ် ရာ၌ လာရောက် လုပ်ကိုင်လျက်ရှိကြောင်း ဒေသခံများက ပြောကြသည်။ အစိုးရဌာနဆိုင်ရာ မည်သည့် အဖွဲ့အစည်းမျှ လာရောက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခြင်းမျိုး ယနေ့ထိ မရှိသေးကြောင်း၊ သစ် များလည်း ကုန်သလောက်ဖြစ်နေ၍ စခန်းသိမ်းချိန်ပင် ရောက်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သတ်၍ မဘိမ်းသစ်တော ဦးစီးဌာနအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့သော်လည်း ဖုန်းမကိုင်သောကြောင့် မဘိမ်းမြို့နယ် ရဲစခန်းမှူး ဦးနော်ခမ်းသို့ ဆက်သွယ်မေးမြန်းရာ ၎င်းက “ဒီကိစ္စကိုကျွန်တော်တို့လည်း ကြားပါတယ်။

ဒါပေမယ့် တရားဝင် သတင်းလို့ အတည်ပြု ပေးလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေး အခက် အခဲရှိနေလို့ ကျွန်တော်တို့ကိုယ်တိုင် မသွားရဲ၊ မလာရဲ ဖြစ် နေတာ မို့ သတင်းအမှန်ပါလို့ ပြောခွင့်မရှိတာပါဗျာ” ဟု ပြောကြားသည်။ ယင်းကြောင့် မြန်မာ့ရေမြေအရင်းအမြစ်များသည် နိုင်ငံအတွက် ၊ပြည်သူေ တွအတွက်မခံစား၊ မစံစားရဘဲ တဖက်နိုင်ငံက ကိုလို နီစီးပွားရေးသမားတွေ လက်ထဲသို့သာ“၀”ကွက် အပ်လိုက်သလို ဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ ဘယ်လိုအကြောင်းတရားတွေ ရှိနေတာလဲ

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ ဘယ်လိုအကြောင်းတရားတွေ ရှိနေတာလဲ သိရှိနိုင်ရန် ပေးပို့ အပ်ပါသည်။

 ပေးပို့သူ = ရဲရင့်

 နေပြည်တော်။ ဖေဖော်ဝါရီ ၂၂။

 ဖေဖော်ဝါရီလ နွေဦးရောက်ပြီဆိုတော့ မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်မြို့တော်ကြီးရဲ့ အပူချိန်ကတော့ ရေနွေးအိုးမတည်ရဘဲ လက်ဖက်ခြောက်ခပ်သောက်လို့ရမယ့် အနေအထားပါပဲ.။ ဒီနေ့ ရုံးပိတ်ရက်ဆိုတော့ ကျွန်တော်လည်း အိမ်ရှေ့က မန်ကျည်းပင်ရိပ်အောက်မှာ အေးအေးလူလူ ဂျာနယ်တစ်စောင်ဖတ်နေတုန်း ဆက်သွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့ တူတော်မောင်အရာရှိ ရောက်လာပြီး . “ဘကြီး နေကောင်းလား . ဘာတွေဖတ်နေတာတုန်း” လို့ မေးရာ “အေး. အတော်ပဲကွာ. ဘကြီးလည်း တူမောင်ကို မေးချင်. သိချင်တာလေးတွေ ရှိနေတာနဲ့ အတော်ပဲ” ဟု ပြန်ပြောလိုက်ပါတယ်. “ဘာတွေ သိချင်နေတာလဲ ဘကြီးရ” ဟု တူမောင်က ပြောရာ ကျွန်တော်လည်း . “ဟို တလောကကွာ ဂျာနယ်တစ်စောင်မှာ ဘကြီးဖတ်လိုက်ရတယ်။

တူမောင်တို့ ဝန်ကြီးဌာနက ဝန်ကြီး ဦးသိန်းထွန်းနဲ့ အထွေထွေမန်နေဂျာ/အင်ဂျင်နီယာချုပ်စတဲ့ အရာရှိကြီး(၈)ဦးကို မိုဘိုင်း ဆက်သွယ်ရေး စီမံကိန်းလုပ်ငန်းအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံရာမှာ ပိုမိုတွက်ချက်တင်ပြပြီး ထုတ်ယူတာကြောင့်ရယ်၊ စက်ကိရိယာ ပစ္စည်းတွေ ၀ယ်ယူရာမှာလည်း ဈေးလျော့ဝယ်ယူတာတွေ လုပ်ခဲ့တဲ့အတွက် နိုင်ငံပိုင်ငွေတွေကို ထုတ်ယူအလွဲသုံးစားပြုလုပ်ရာတွင် ပါဝင်မှု ပအမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ နဲ့ ဥတ္တရသီရိမြို့နယ်က ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်အရေးယူတော့မယ်လို့ ဘကြီးဖတ်လိုက်ရတယ်ကွ၊ ဒါပေမယ့် အခုချိန်ထိ အဲဒီအကြောင်း ဘာမှထပ်မကြားတော့လို့ ပြီးများသွားပြီလား၊ ဘာတွေဖြစ်ကုန်ပြီလဲလို့ သိချင်နေတာ ကွ တူမောင်ရ” ဟု ပြောလိုက်ရာ

ကျွန်တော့တူတော်မောင်က ပြုံးပြုံးလေးနဲ့ ကျွန်တော့်ကိုကြည့်ပြီး ဒါက ဒီလိုရှိတယ် ဘကြီးရဟုဆိုကာ သူတို့ဝန်ကြီးဌာနက သတင်းတွေအားလုံးကို ပြောပြပါတော့တယ်. “ဘကြီးပြောတဲ့ ပထမသတင်းက မှန်တယ်ဘကြီးရ. အမှုလည်းဖွင့်ပြီး နောက်နေ့မှာပဲ ကျွန်တော်တို့ ဝန်ကြီးဌာနကို စသုံးလုံးကလူတွေရောက်လာပြီး လူကြီးပိုင်းတွေကို စပြီးစစ်တော့တာပဲ. သူတို့ရုံးခန်း တွေထဲက ကွန်ပျူတာတွေ၊ ဖိုင်တွေ၊ ဖုန်းတွေ အားလုံးကို သိမ်းဆည်းလိုက်ပြီး အကုန်စစ်တော့တာပဲ ဘကြီးရ.” ဟု ဆိုကာ ဆက်ပြောပါတယ်. “နောက်ပြီး စစ်နေတဲ့အချိန်မှာပဲ ဝန်ကြီးဆီကို ဦးသိန်းဝင်းက ငွေလွှဲပေးတဲ့ပြေစာတွေ အင်တာနက် ပေါ်ရောက်လာတော့ ပိုဆိုးတော့တာပေါ့ ဘကြီးရာ. စစ်စစ်ချင်း အစောပိုင်းမှာတင် စာရင်းကွာတာ တွေ၊ ငွေကွာတာတွေ၊ ပစ္စည်းဈေးနှုန်းကွာတာတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေတင်သွင်းဝယ်ယူတဲ့ နေရာမှာ နိုင်ငံတော်ကိုတန်ဖိုးများများစာရင်းပြ ကုမ္ပဏီနဲ့ညှိပြီး အရည်အသွေးနိမ့်တဲ့စက်ပစ္စည်းတွေ သွင်းတာတွေ တွေ့တာပေါ့ဘကြီးရာ.


ကျွန်တော်တို့လည်း ဒီတစ်ခါတော့ နိုင်ငံတော်သမ္မတကြီး တကယ်အရေးယူပြီလို့ ထင်တာပေါ့ဘကြီးရာ. အခုကြတော့ အဲဒီလို မဟုတ်တော့ပြန်ဘူး ဘကြီးရ.” ဟု ပြောတော့ ကျွန်တော်လည်း အတော်စိတ်ဝင်စားသွားပြီး “ဟေ ဟုတ်လား ဘကြီးသိချင်နေတာ အဲဒါကွ. ဆက်ပြောပါအုံး” ဟု ပြောလိုက်ပါရာ “စစချင်းတော့ သူတို့ပဲပေါ. နောက်တော့မှ ဘကြီးရေ- စစ်လိုက်တာ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလိုပေါ့. အခုလိုအလွဲသုံးစားလုပ်မှုတွေက အခုဒီဝန်ကြီးလက်ထက်ကြမှ ရှိတာ မဟုတ်ဘူး၊ အရင် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်လက်ထက်ကတည်းက ဖြစ်နေတာ ဘကြီးရ၊ ဇာတ်လမ်းက အရှုပ်ကြီးရယ်၊ စာရင်းဇယားတွေ အကုန်လုံးကို စစ်တာဆိုတော့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ဆက်စပ်ပြီး အလုပ်လုပ်တဲ့ အပြင်ကကုမ္ပဏီတွေလည်း ပါတာပေါ့ ဘကြီးရာ၊ အဲဒီထဲမှာ ဆက်သွယ်ရေးရဲ့ Project တွေ အများဆုံးရတဲ့ ကုမ္ပဏီက RedLink ကုမ္ပဏီလေ.” “RedLink ကုမ္ပဏီကို ဘကြီးသိလား” လို့ တူတော်မောင်က စကားဖြတ်ပြီးမေးလိုက်ရာ

”အင်း မြင်တော့ မြင်ဘူးတယ်. ကြေငြာတွေထဲမှာ တွေ့တာလေ” ဟု ပြန်ပြောလိုက်ပါတယ်. ဒါနဲ့ တူတော်မောင်က . “အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား တိုးနိုင်မန်းပိုင်တာ ဘကြီးရ၊ ဒါကြောင့်မို့ ဆက်သွယ်ရေးရဲ့ Project တွေ အများကြီးကို သူတို့ရတာပေါ့. အခုဒီမှာ ပြဿနာလည်းဖြစ်ရော ဟို.စသုံးလုံးအဖွဲ့တွေက သူတို့ကိုပါခေါ်ပြီးစစ်တာပေါ့. အဲဒါ ဆက်သွယ်ရေးနဲ့ RedLink နဲ့ပေါင်းပြီး စာရင်းလိမ်ပြထားတာတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ၊ အခွန်ရှောင်ထားတဲ့ ကိစ္စတွေ အများကြီး အများကြီး ပေါ်လာတာပေါ့ဘကြီးရာ. ဇာတ်လမ်းက အဲဒီမှာ စတာ ဘကြီးရ. ဝန်ကြီးနဲ့ အစစ်ဆေးခံနေရတဲ့ လူကြီးတွေကလည်း သူတို့ကို ဖော်ထုတ်ရင်. သူတို့ကလည်း အရင် ဝန်ကြီးဟောင်းတွေ၊ လက်ရှိဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ လာဘ်စားထားတဲ့အကြောင်း တွေ၊ သူတို့ကို ခွဲဝေပေးရတဲ့အကြောင်းတွေ၊ သူတို့ရဲ့ ဆွေမျိုးသားသမီး.တွေကို လုပ်ကိုင်ခွင့် Project တွေ ပေးရတဲ့အကြောင်းတွေကို ဖော်ကောင်လုပ်မှာလို့ ပြောလိုက်တယ်. အခုကျွန်တော် နောက်ဆုံး သိရတာကတော့ သူတို့ကိုသာ အရေးယူမယ်ဆိုရင် သူတို့ဖော်ကောင်လုပ်မယ့် အချက်အလက်တွေကို ပြုစုပြီးပြီလို့ သိရတယ်ဘကြီးရ. အဓိကကတော့ RedLink ကုမ္ပဏီနဲ့ ပေါင်းပြီး နိုင်ငံတော်ကို ညာထားတဲ့အချက်တွေပေါ့ ဘကြီးရာ. အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား ပိုင်တဲ့ကုမ္ပဏီဖြစ်နေတော့ သူပါ သိက္ခာကျ၊ အရှက်ကွဲရမယ့် အခြေအနေလေ. ဒါကြောင့်မို့ အခုတော့ ဝန်ကြီး ဦးသိန်းထွန်းနဲ့ အဖွဲ့ အရေးယူမခံရဘဲ ရှိနေတာကို လွှတ်တော်ကလည်း ဘာမှမပြောရဲ၊ မလုပ်ရဲ မကိုင်ရဲဖြစ်နေတာပေါ့ ဘကြီးရ”လို့ ပြောလိုက်တော့မှ ကျွန်တော်လည်းသဘောပေါက်ပါတော့တယ်။

Ye Yint Nge
 
 

“နောက်ဆုံးပေါ်ကားတွေ ၀ယ်ယူဖို့အတွက် အပြင်းအထန် ကန့်ကွက်”



လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ အစိုးရအဖွဲ့အနေနဲ့ မာစီဒီး ကျည်ကာကားတွေ အပါအ၀င် တိုယိုတာ ကင်မရီ၊ မာစီဒီး ဆီဒင်နဲ့ အော်ဒီ အေစစ် စတဲ့ နောက်ဆုံးပေါ်ကားတွေ ၀ယ်ယူဖို့အတွက် ကျပ်ငွေ ၁၈ ဘီလီယံဖိုး သုံးမယ့်အပေါ် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းဆွေက အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

 ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကလည်း နောက်ဆုံးပေါ်ကားသစ်တွေ ၀ယ်ဖို့အတွက် ကျပ် ၁၀ ဘီလီယံနဲ့ ဒေါ်လာ ၁၀ သန်းကျော် သုံးခဲ့ပြီးဖြစ်ကြောင်း၊ သူတို့ လွှတ်တော်အမတ်တွေကတော့ တနေ့ ကျပ် ၅၀၀ ပေးပြီး ဘတ်စ်ကားနဲ့ လွှတ်တော် တက်နေရကြောင်း၊ သူတို့လွှတ်တော်အမတ် ၆၆၀ ကျော်ကို သိန်း ၁၀၀ တန်ကား ၀ယ်ပေးမယ် ဆိုရင်တောင် ကျပ် သန်း ၆ ထောင်ကျော်ပဲ ကုန်မှာဖြစ်ကြောင်း နှိုင်းယှဉ် ပြောဆိုပါတယ်။

ဒီအတွက် အစိုးရ ကားဝယ်မယ့် ဘတ်ဂျက်ကို တ၀က်လောက် ဖြတ်တောက်သင့်တယ်ဆိုပြီး သူက မှတ်ချက်ပေးခဲ့ပါတယ်။

DVB
အကောင်း ကန့် ကွက်တာလားလို့ .. သူတို့ အတွက် ပါ သိန်း 100 တန် ကားဝယ်ပေးဖို့ တောင်းဆိုနေတာကိုး။ လွှတ်တော်အမတ် တွေ ဘယ်လောက် ပြည်သူ့ အတွက် အလုပ်လုပ်နေကြလို့ အခုလို တောင်းဆိုနေကြတာပါလဲ ??? လွှတ်တော်အမတ်တွေ ဦးသိန်းညွန့် လောက်သာ အသုံးကျရင် လွှတ်တော်ကြီး ပြောင်လက်နေတာကြာပြီပေါ့။

နိုင်ငံရေးသမားဆိုပြီး ရင်ကော့ထွက်လာမည့် မျိုးဆက်သစ်လူငယ်များကို မျှော်လင့်လျက်ရှိ



 နိုင်ငံရဲ့ အနာဂတ်အတွက် မိမိကိုယ်ကို နိုင်ငံရေးသမား ဟုဆိုကာ ရင်ကော့ထွက်လာမည့် မျိုးဆက်သစ် လူငယ် များကို မျှော်လင့်လျက်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီးက ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီ၌ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကျင်းပ ပြုလုပ်သော စာပေဟောပြောပွဲတွင် ပြောကြားသည်။ “နိုင်ငံရေးသမားဆိုတဲ့ နိုင်ငံရေးကျွမ်းကျင်သူတွေ လေးလေး နက်နက် စဉ်းစားဖို့ လိုပါတယ်။ အထူးသဖြင့် တာဝန်အကြီးကြီး တွေ ယူထားရတဲ့ နိုင်ငံရေးသမားတစ်ယောက် မှားရင် သန်း ၆၀ လုံးရဲ့ ဘဝတွေ ဒုက္ခရောက်သွားနိုင်တယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

 မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပြဿနာမှာ မိမိကိုယ်ကို နိုင်ငံရေး သမားဟု ရဲရဲဝံ့ဝံ့ မပြောရဲခြင်းပင် ဖြစ်ကြောင်း။ ပါတီစုံဒီမိုကရေစီ၊ ဈေးကွက်စီးပွားရေး လမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုသော် လည်း ယင်းတို့မှာ အစစ်အမှန် မဟုတ်သေးကြောင်း။ မြန်မာပြည်၏ ဆင်းရဲချမ်းသာ ကွာဟမှုသည် သာမန်ပြဿနာ မဟုတ်ဘဲ ကြီးထွား သည်ထက် ကြီးထွားလာနေပြီဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ “ကျွန်တော်တို့ ဘဝတွေဟာ မရေမရာနဲ့ပါ။ ဒါပေမယ့် နား၊ မျက်စိတွေကို ဖွင့်ထားဖို့လိုတယ်။ ဒါကြောင့်လည်း အစိုးရထားခဲ့တဲ့ ပုံစံခွက်တွေသာ ပြောင်းချင် ပြောင်းသွားမယ်။ ကျောင်းသားတွေရဲ့ ပုံစံခွက်ဟာ ဘယ်တော့မှ မပြောင်းလဲဘူး။ ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်ပဲ ဖြစ်တယ်။ ကျောင်းသားရှိရင် ကျောင်း သားလွှတ်တော်ဟာ ရှိကို ရှိရမယ်” ဟု ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားသည်။


တိုင်းပြည်ကို ခေါင်းဆောင်မည့် လူငယ်များအနေဖြင့် အတွေ့ အကြုံများကို မျှဝေပြီး ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချစေချင်ကြောင်း၊ ကွဲပြားတက်သည့် ပတ်ဝန်းကျင်ကို မြင်အောင်ကြည့်၍ လူငယ် အားလုံး ပူးပေါင်းလုပ်ဆောင်နိုင်မည့် ဝန်းကျင်တစ်ခုကို ဖန်တီးရန် လိုအပ်ကြောင်း၊ လူကြီးများအနေဖြင့် ငယ်ရွယ်သည့် လူငယ်များကို ဆုံးဖြတ်ခွင့်၊ လုပ်ပိုင်ခွင့်များ အပြည့်အဝ ပေးအပ်ရန် လိုအပ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။ “သန်း ၆၀ လုံးကို ရုန်းထဖို့ သူတို့ရဲ့ ကံကြမ္မာကို ဖန်တီးပေးဖို့ဆိုရင် ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားတွေ ရှိနေဖို့ လိုတယ်။ အလုပ်အကိုင် ဆိုတဲ့ နေရာမှာ နိုင်ငံရေးသမားလို့ ရင်ကော့ပြီး ပြောနိုင်တဲ့ လူငယ်တွေ ပေါ်ထွက်လာဖို့ လိုအပ်တယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

လူငယ်များအတွက် ဖွဲ့စည်းထားသော ကျောင်းသားသမဂ္ဂကို လူငယ်များ ကြားတွင်ပိုမိုပျံ့နှံ့စေလိုကြောင်း၊ ကျောင်းသားသမဂ္ဂဆိုသည်မှာ ကျောင်းသားများ၏ အကျိုးကို ဆောင်ရွက်ပေးသည့် အဖွဲ့အစည်း ဖြစ်ပြီး လူငယ်များ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း၊ လူငယ်များ၏ ယုံကြည်ချက်၊ ရည်မှန်းချက်၊ ခံယူချက်များ အတိုင်း လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်းတက္ကသိုလ်ကျောင်း သားများ သမဂ္ဂကိုယ်စား ရေကြောင်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂမှ ကိုနေမျိုးဆက်လူက ပြောကြားသည်။

ရည်မွန်
The Myanma Age

Sunday, February 10, 2013

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ ပုလိပ်မြို့ရောက်ရှိ

(သတင်းဓါတ်ပုံ- စူပါ) 

ရန်ကုန်မှ လိုင်ဇာအထိ ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက်လာနေတဲ့ ဘုန်းကြီး ၁၅ပါး၊ လူ၄၇ယောက် နဲ့ အမျိုးသမီး၁ ယောက်တို့ပါတဲ့ အဖွဲ့ဟာ ပုလိပ်မြို့ ပုလိပ်ဘုရားဝင်းအတွင်းရှိ မူလငါးဆူ ကျောင်းတိုက်သို့ ရောက်ရှိလာပြီး ဒီနေ့ အခုကျောင်းမှာပဲ ညအိပ်ကြမှာပါ။

 မြင်းခြံကနေလမ်းလျှောက်လာတဲ့ ဘုန်းကြီး ၃ပါးနဲ့ လူ၃ယောက်ဟာလဲ ခုလောလောဆယ် ပုလိပ်မြို့အတွင်း သို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

(သတင်းဓါတ်ပုံ- စူပါ) 
DVB TV News
 

“ရင်သားကင်ဆာ အတွက် ပန်းဂေါ်ဖီစိမ်း”


 “ရင်သားကင်ဆာ အတွက် ပန်းဂေါ်ဖီစိမ်း”

ပန်းဂေါ်ဖီစိမ်း စားသုံးခြင်းအားဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှု့ကို ကာကွယ်မှု့ပေးနိုင်သလို ကင်ဆာအမြစ်များပြန့်ပွားမှု့ကိုလည်း ရပ်တန့်စေတယ်လို့ သိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆေးဖက်ဝင်တဲ့ ပန်းဂေါ်ဖီစိမ်း မှာပါဝင်တဲ့ ဓာတုဒြပ်ပေါင်း တမျိုးဟာ အသားပိုကျူမာဆဲလ်များ ကြီးထွားလာမှု့ကို တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်းမှာ Sulforaphane ဆိုတဲ့ကင်ဆာကာကွယ်ပေးနိုင်တဲ့ဓာတုဒြပ်ပေါင်းဟာမြင့်မားစွာ ပါရှိနေတဲ့အတွက်ကြောင့် ကင်ဆာဆဲလ်များပြန့်ပွားမှု့ကို သတ်ပစ်နိုင်စွမ်းရှိပါတယ်။ အမေရိကန်နိုင်ငံ Michigan Comprehensive Cancer Centre တက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ ကြွက်နှင့် အခြားဆဲလ်များကိုအသုံးပြုပြီး ဓါတ်ခွဲခန်းမှာစမ်းသတ်ခြင်းများပြုလုပ်မှု့မှာ အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ပါမောက္ခ Duxin Sun က ရင်တုန်းက စမ်းသပ်ခဲ့မှု့တွေမှာ Sulforaphane ဟာ ကင်ဆာရောဂါအတွက် ကောင်းတယ်ဆိုတာကိုဘဲသိရှိခဲ့ရပါတယ်။

 အခုစမ်းသပ်မှု့မှာရရှိခဲ့တဲ့ ရလဒ်ကတော့ ရင်သားကင်ဆာရဲ့ Summaryပင်မဆဲလ်များ ပြန့်ပွားမှု့ကို တားဆီးနိုင်တယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ပြောပါတယ်။ ပျှမ်းမျှ နှစ်စဉ်နှစ်တိုင်း အင်္ဂလန်နိုင်ငံရှိ အမျိုးသမီးများမှာ ၄၆ဝဝဝ ခန့် ရင်သားကင်ဆာဖြစ်နေပြီး ၁၂ဝဝဝ လောက်ဟာလဲ ရင်သားကင်ဆာရောဂါကြောင့် သေဆုံးနေကြရပါတယ်။

လက်ရှိ ဓါတုကုထုံးများဟာလဲ ကင်ဆာရဲ့ ပင်မဆလ်များ ပြန့်ပွားမှု့ကို မတားစီးနိုင်သလို ဘာကြောင့် ဒီရောဂါဖြစ်လာရတယ်ဆိုတာလဲ အတိအကျမသိသေးဘူးလို့ သုတေသီများက ပြောပါတယ်။ သူတို့ယုံကြည်ထားတာကတော့ ကင်ဆာဖြစ်တဲ့ ပင်မဆလ်တွေကို ဖယ်ထုတ်ပြီး ပြန့်ပွားတဲ့အမြစ်များကို ထိန်းချူပ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။ လေ့လာချက်များကတော့ ပန်းဂေါ်ဖီစိမ်း အတွင်းမှ Sulforaphane ဓာတုဒြပ်ပေါင်းကိုနုတ်ယူပြီး ကြွက် ထဲသို့ထိုးထဲ့ စမ်းသပ်ခဲ့တာဘဲဖြစ်ပါတယ်။ ရင်သားကင်ဆာမှ ဆဲလ်များကဲ့သို့သော ဆဲလ်များကိုယူပြီး စမ်းသပ်ကြည့်တဲ့အခါမှာလဲ ပြန့်ပွားကြီးထွားတဲ့ ဆလ်အရေအတွက် လျော့ကျသွားတာကိုတွေ့ရတယ်လို့ စမ်းသပ်မှု့များမှ သိရှိခဲ့ကြရပါတယ်။

 sulforaphane ဓါတုဒြပ်ပေါင်းဟာ ကင်ဆာဆဲများ ပြန့်ပွားမှု့အရေအတွက်ကို လျော့ကျစေသလို ဆိုးကြိုးအနေဖြင့်လဲ ပုံမှန် ဆလ်များကို အနည်းငယ် ထိခိုင်မှု့ရှိတယ်လို့ တိုင်းတာသိခဲ့ရပါတယ်။ ရင်သားကင်ဆာ ရောဂါခံစားနေရတဲ့ လူနာများနဲ့တော့ စမ်းသပ်ခြင်းမပြုလုပ်ရသေးပါဘူး။ သို့သော်လည်း ဝေဒနာရှင်များကိုတော့ ပန်းဂေါ်ဖီစိမ်း စားကြဖို့ နဲ့ ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ sulforaphane ဓါတုဒြပ်ပေါင်းဟာ ကင်ဆာဆဲများ ပြန့်ပွားမှု့အရေအတွက်ကို လျှော့ချနိုင်ကြောင်း အကြံဥာဏ်ပေး ပြောထားပါတယ်။

အရသာခါးသော ဟင်းသီးဟင်းရွက်များကို လူတွေကသိပ်မကြိုက်ကြပါဘူး။ အဲ့ဒီအထဲမှာ အမေရိကန်သမ္မဟောင်း George W. Bush လဲပါဝင်ပါတယ်။ သို့သော် အရသာခါးသော ဟင်းသီးဟင်းရွက်များဟာ ကျန်းမာရေးအတွက် များစွာအကျိုးရှိပါတယ်။

အစ်ကိုတို့သိစေဖို့ရာ အိတ်ဖွင့်ပေးစာ

ကိုဇာဂနာနဲ့ ကိုမင်းကိုနိုင်ဆိုတာ ကျွန်မတို့ချစ်ရတဲ့ပုဂ္ဂိလ်နှစ်ဦးပါ။ပုဂ္ဂိုလ် ရေးခင်မင်မှုမရှိပေမဲ့ ၁၉၈၈ ရဲ့ ရန်ကုန် တက္ကသိုလ်ဟောပြောပွဲတွေမှာ ထမင်း ထုပ်တွေဝေရင်း၊ တတ်နိုင်သလောက် လုပ်အားပေးရင်းလက်ခုတ်တီးခဲ့တဲ့ ကျောင်းသူပါ။

ကိုဇာဂနာရဲ့ ၁၉၉၀ လောက်ကပွဲတွေဆိုရင်လည်းလိုက်ပြီး အားပေးခဲ့တာ။ ပဲခူးပွဲဟာဘယ်လောက် အောင်မြင်လိုက်သလဲဆို မြို့လုံးကျွတ် နီးပါးလာပြီးအားပေးလို့ပွဲမိန့်တောင် ပိတ်ခံလိုက်ရတာမှတ်မိနေပါတယ်။

အမှတ်တရဓာတ်ပုံလေးတွေလည်း သိမ်းထားပါတယ်။ အခုချိန်မှာတော့ တရားဝင်ဟောပြောခွင့်တွေရလာလို့ စာပေပရိတ်သတ်အနေနဲ့ အတူတက် လိုက်ပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ အစ်ကိုတို့မသိနိုင်လောက်ဘူးထင် တဲ့ စာပေဟောပြောပွဲနဲ့ ပတ်သတ်ပြီး ပြဿနာလေးတစ်ရပ်ကို အစ်ကို တို့သိအောင်ပြောပြချင်နေမိတာ ထိန်းမ နိုင်သိမ်းမရမို့လို့ Hot News မှတစ်ဆင့် ရေးလိုက်မိတာပါ။ (ဂျာနယ်ဖတ်မှ သူတွေသိရင်လည်း အကျိုးရှိမယ့် ကိစ္စမို့လို့ပါ)

 ပြဿနာရဲ့အကြောင်း ရဲ့ခေါင်းစဉ်ကတော့စာပေဟောပြော ပွဲကိုအကြောင်းပြုပြီး ရပ်ကွက်ထဲ မြို့နယ်ထဲမှာ ထောင်းလမောင်းထအောင် အလှူတွေကောက်ခံနေတဲ့ ကိစ္စပါပဲ။ 

အစ်ကိုတို့(၂)ယောက်နဲ့ ပုဂ္ဂိုလ်ရေးခင်မင် သူတစ်ယောက်ကဦးဆောင်ပါတယ်။ ဒီလူကအရင်ကတော့ ကျမတို့ပါတီအဖွဲ့ အစည်းမှာ မြို့နယ်ဦးဆောင်သူပါ။ (အခု တော့မဟုတ်တော့ပါဘူး) သူက အစ်ကို တို့နှစ်ယောက်ရဲ့ နာမည်ကိုအမြှုပ် ထွက်အောင်သုံးပြီး အလှုခံနေတာပါ။ ခံတာမှရိုးရိုးခံတာမဟုတ်ဘူး။ ကျွန်မ တို့မြို့နယ်ပါတီအမည်ပါတဲ့ ဖြတ်ပိုင်းတွေ နဲ့ခံနေတာပါ။ ကျွန်မတို့ပါတီဟာ လူထု လေးစား ချစ်ခင်မှု အရရှိဆုံးပါတီကြီးပါ။ ကျွန်မက ဒီပါတီရဲ့မြို့နယ်အဆင့် တာဝန် ခံတစ်ယောက်ပါ။ ကျွန်မတို့ မြို့နယ်ပါတီ ရုံးကဘာမှမသိရပါဘဲနဲ့ ကျွန်မတို့ မြို့နယ်ပါတီခေါင်းစည်းပါတီရဲ့ လိုဂို အမှတ်တံဆိပ် ဖြတ်ပိုင်းကိုသုံးပြီး မြို့နယ်ထဲမှာ စာပေဟောပြောပွဲအတွက် အလှူငွေတွေကောက်နေတာ တချို့ဆို သိန်းဂဏန်းထိထည့်ကြပါတယ်။

ဒါဟာ လိမ်လည်မှု(၄၂၀)ပါပဲ။ သက်သေ အထောက်အထားဖြတ်ပိုင်းတွေရှိပါ တယ်။ ဒါပေမဲ့ ပါတီကြီးရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ထောက်ထားပြီးအထက် အဖွဲ့အစည်းအဆင့်ဆင့်ကို ဒီလိုစာပေ ဟောပြောပွဲပြုလုပ်ခြင်း၊ ငွေကောက်ခံ ခြင်းကိစ္စအရပ်ရပ်ကို ကျွန်မတို့မြို့နယ် ပါတီရုံးက ပြုလုပ်ခြင်းမဟုတ်ကြောင်း ဖြစ်လာတဲ့ ပြဿနာအရပ်ရပ်ကိုလည်း တာဝန်မယူပါကြောင်းအကြောင်းကြား စာလောက်ပဲပို့ခဲ့ပါတယ်။ ဟုတ်တယ် လေပြည်သူတွေခမျာ စားဝတ်နေရေး ခက်ခဲရတဲ့ကြားထဲက သူတို့ချစ်တဲ့ပါတီက ဦးဆောင်ပြုလုပ်တယ်ဆိုတော့ သူတို့ချစ် တဲ့ ဆရာတွေဟောပြောမယ်ပွဲမှာမရှိ ရှိတာ လေးတွေတော့ လှူကြတာပေါ့။

 ဒါတွေကို အစ်ကိုနှစ်ယောက် သိမှမဟုတ်လို့ ကျွန်မ တော်တော်လေးစိတ်မကောင်းဖြစ်ရ ပါတယ်။ စာပေဟောပြောပွဲတွေခေတ်စားလာ တာ ကျွန်မတို့အားပေးတယ်။ စာပေဟောပြောပွဲတွေရဲ့ နောက်ကွယ် မှာလည်းလုပ်စားနေတဲ့ လူမျိုးတွေရှိနေ ပါတယ်ဆိုတာ စိတ်ရင်းအမှန်နှင့် အိတ် ဖွင့်စာရေးလိုက်ရပါတယ်။

ဇာခြည်ဝေနှင်း 

ACM Re-post Time: 2013 Feb 10 2:01 

News from: The Hot News

ပြောပြန်ရင်လည်း လွန်တော့မယ် (၂)။

ပြောပြန်ရင်လည်း လွန်တော့မယ် (၂)။

 ကဲ ဘယ်လို လုပ်မလည်း၊ သိန်းစိန်တောင် စိုးသိန်းပေးတာ ရခဲ့သေး၊ ပြည်သူလူထုကို ညာရုံမက သိန်းစိန်တို့ ကိုပါ ညာခဲ့တာ။ စိုးသိန်းတစ်ယောက် စက်မှု (၁/၂) ဝန်ကြီးအနေနဲ့ လုပ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံက ထုတ်တဲ့ Landmark ကားတွေကို စက်မှု (၂) တံဆိပ် ခပ်တည်တည်နဲ့ကပ်ပြီး လူကြီးတွေနဲ့ စစ်တပ်က တပ်ရင်းမှုးတွေအတွက် Grand Tiger တွေပေးခဲ့ပါတယ်။

တရုတ်ကနေ တစ်စစီ ဝယ်လာတဲ့ မော်တော်ကားအပိုပစ္စည်းတွေကို ဒီမှာ အကုန်တပ်ဆင် ပြီးတော့ စက်မှု (၂) တံဆိပ်ကို ခပ်တည်တည်နဲ့ ကပ်လိုက်တဲ့အခါမှာ ကမ္ဘာမှာ ဘယ်မှာမှ မရှိဖူးသေးတဲ့ ဂိုဒေါင်တွေကနေ ကားထုတ်တဲ့ စက်ရုံဖြစ်စေတဲ့ စနစ်ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ မော်တော်ကားတွေ သွင်းလာတာနဲ့ အားမရသေးဘဲ လိမ်တဲ့နေရာမှာ အကြီးကြီး ပီပီပြင်ပြင် လိမ်ဖို့ကြိုးစားတာမှာ မော်တော်ကားမှာ တပ်ဆင်မယ့် စက်ယန္တရားတွေကို မလိုအပ်ဘဲ ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်သလို ဝယ်ယူတပ်ဆင်ပြန်ပါတယ်။ ဒေါ်လာသန်းနဲ့ချီပြီး ပေးချေခဲ့ရတဲ့ ဂီယာထုတ်စက်ကို စက်ရုံအနေနဲ့ပါ တည်ဆောက်ပြီး ပြည်သူ့ဘဏ္ဍာကို ဖောက်ခဲ့ပြန်ပါတယ်။

စက်ရုံကနေ အခုထိ ဘာပစ္စည်းမှ ထုတ်လုပ်ခြင်း မရှိသေးဘူးဆိုတာလည်း စိတ်မကောင်းခြင်းများစွာနဲ့ သိရပါတယ်။ ဒီကြားထဲ ပြုပြင်ထိန်းသိမ်းရေး စရိတ်တွေ၊ လုပ်ငန်းလည်ပတ်စရိတ်တွေ တိုးလာတာပဲ အဖတ်တင်ပါတယ်။ ဒေါ်လာ သန်းဂဏန်း ရင်းနှီးဝယ်ယူထားရတဲ့ ဒီစက်ပစ္စည်းများအတွက် ဘယ်သတင်းစာ ရှင်းလင်းပွဲမှာမှ ထုတ်မပြောခဲ့သလို မသိချင်ယောင်ဆောင်နေသလိုပါ နေခဲ့ပါတယ်။ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ရင်း သူ့အိပ်ထောင်ထဲကို ပွဲခအနေနဲ့ ဒေါ်လာငွေပမာဏများစွာ စီးဝင်နေတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ လူတကာအပေါ်မှာ ညာဝါးတတ်တဲ့ အကျင့်ကို လက်ကိုင်စွဲထားရင်း စစ်တပ်ကိုပါ လိမ်လည်တဲ့ ကိစ္စတွေလည်း အများကြီးရှိပါသေးတယ်။

အဲဒီအထဲက ဗြောင်ကျကျညာဝါးလိုက်တဲ့ကိစ္စကတော့ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်း သိသိနဲ့ခံလိုက်ရတဲ့ကိစ္စပါပဲ။ အိန္ဒိယကနေ သွင်းလာတဲ့ မြေသယ်ကား (၈) စီးကို ခပ်တည်တည်နဲ့ စက်မှု (၂) တံဆိပ်ကောက်ကပ်ပြီး လွှဲပြောင်းပေးလိုက်ပါတယ်။ ထော်လာဂျီစက်တစ်လုံးတောင် မထုတ်လုပ်နိုင်တဲ့ စက်မှု (၂) ရဲ့ နည်းပညာမြင့်မားမှုကို နိုင်ငံနေထိုင်သူ ပြည်သူလူထုလည်း ခန့်မှန်းလို့ရနိုင်သလို စစ်ဘက်အရာရှိကြီးတွေနဲ့ တပ်မတော်အသိုင်းအဝိုင်းများလည်း သိပြီးဖြစ်ပေမယ့်လည်း အထက်အုပ်ချုပ်သူ အရာရှိကြီးများနဲ့ အလွမ်းသင့်တဲ့ ဦးစိုးသိန်းကို ဘယ်သူမှ မလွန်ဆန်ဝံ့ဘူးဖြစ်နေရပါတယ်။ ဘယ်လို ပစ္စည်းကောင်းကို တွေ့သည်ပဲ ဖြစ်ပါစေ စက်မှု (၂) ထုတ်လုပ်သည် ဆိုတဲ့စကားမျိုးကို အရှက်မရှိပြောတဲ့ကိစ္စတွေထဲမှာ ရယ်ပွဲဖွဲ့စရာ အကောင်းဆုံးဖြစ်စေခဲ့တဲ့ ကိစ္စကတော့ သာဂရမှာ ရေအားနဲ့ လျှပ်စစ်ထုတ်လုပ်တဲ့ တာဘိုင်စက်ထောင်တဲ့ ကိစ္စလည်း အပါအဝင်ဖြစ်ပါတယ်။ စက်ရုံကို တာဝန်ရှိ နိုင်ငံတော်အကြီးအကဲတွေ လာရောက်စစ်ဆေးတဲ့အခါ မျက်နှာလိုအားရ ဗြောင်ကျကျညာလိုက်ရမှ ကျေနပ်သူ ဦးစိုးသိန်းဟာ တာဘိုင်စက်ကို လက်ညှိုးထိုးပြီး စက်မှု (၂) က ထုတ်လုပ်ပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။

 ဒါ့အပြင် စိုးမင်းသန့်ဆိုတဲ့သူနဲ့ ပူးပေါင်းလို့ ကိုရီးယားကနေ ချွေလှေ့စက်တွေ ထင်သွင်းပြန်ပါတယ်။ ဒီချွေလှေ့စက်တွေကိုလည်း ထုံးစံအတိုင်း စက်မှု (၂) တံဆိပ်ကပ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖို့ မဖြစ်နိုင်သေးတာတွေကို ထုတ်ပါတယ်ပြောပြီး သမ္မတကို လက်ဆောင် (၂) စီးပေးပြီး စက်မှု (၂) က ထုတ်ပါတယ်လို့ ပြောင်ကျကျ ညာပြောခဲ့ပါတယ်။ ဒီစက်တွေဟာ ကိုရီးယားကနေ သွင်းလာတယ်ဆိုတာ သမ္မတခမျာမယ် မသိတာလား သိသိနဲ့အညာခံရသလားဆိုတာ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။ ကြားထဲမှာ ဖြတ်ပြီးစဉ်းစားမိတာက သူလုပ်ခဲ့တဲ့ ကိစ္စတွေဟာ အလိမ်အညာတွေ အပြည့်ဖြစ်နေတဲ့ အပြင်၊ ဒီလို ထင်ထင်ပေါ်ပေါ်ကြီး ညာနေခဲ့တာတွေဟာ ပြည်သူတွေအတွက်တော့ စိုးရိမ်စရာတွေအပြည့် ဖြစ်နေတယ်ဆိုတာ သိလာရပါတယ်။

လက်ရှိအနေအထားမှာ ဦးစိုးသိန်းဟာ သမ္မတရုံးဝန်ကြီး ဖြစ်ပါတယ်။ သမ္မတရုံးဟာ ကျွန်တော်သိသလောက် နိုင်ငံတော်ရဲ့အမြင့်ဆုံးပါပဲ။ နိုင်ငံတော်အုပ်ချုပ်မှု အမြင့်ဆုံးမှာ ရှိနေတဲ့သူတစ်ယောက်ရဲ့ အနားမှာရှိနေသူဟာ စိတ်ထား မပြည့်ဝတဲ့အပြင် အတွေးအခေါ်ပါ ချွတ်ချော်နေသူ၊ စကားကို လူကြီးတစ်ယောက်မဆန်စွာ ပြီးစလွယ်ပြောပြီး လိမ်လည်သူတစ်ယောက် ဖြစ်နေတယ်ဆိုတာကို နိုင်ငံတော်သမ္မတကြီးအနေနဲ့ စဉ်းစားသုံးသပ်စေချင်တဲ့အပြင် ပြည်သူလူထုအနေနဲ့လည်း သိထားဖို့ လိုအပ်ပါတယ်။

 (အပိုင်း ၃ မှာ ဆက်လက်ရှုစားပါခင်ဗျာ)။ 

 ပေးပို့ သူ - တီအေကေ ။

Nik Nayman

ပြောပြန်ရင်လည်း လွန်တော့မယ် (၁)။

ပြောပြန်ရင်လည်း လွန်တော့မယ် (၁)။

 မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့တဲ့ အခုအခြေအနေဟာ အရင်အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အကောင်းဆုံးလို့ ပြောစမှတ်ပြုရမယ့် အနေအထားပါလို့ တစ်ထစ်ချ ယုံရခက်တယ်ဆိုရင် စာရေးတဲ့ကျွန်တော့်ကို သို့လောသို့လော မေးချင်ပြောချင်ကြမယ်ထင်ပါတယ်။

ကျွန်တော် စစ်သားဟောင်းတစ်ဦးပါ။ တိတိပပပြောရရင်တော့ ကျွန်တော် မြန်မာ့နိုင်ငံရေးသမိုင်းတချို့ကို ထိတွေ့ခွင့်ရသူတစ်ဦးပေါ့လေ။ အခုတော့ သတင်းလေးတွေဖတ်ရင်း စဉ်းစားမိတာလေး မြင်မိတာလေးတွေ ချရေးမိတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ ပြောင်းလဲမှုတွေလုပ်တဲ့အချိန် ကျွန်တော် ရင်တဖိုဖိုနဲ့စောင့်ကြည့်ဖူးပါတယ်။ ဒါပေမယ့် ရင်ဖိုရတာ အမောသားဖြစ်သွားစေတဲ့ အကြောင်းက အရင်ဝန်ကြီး (၆) ဦးကို မဖြုတ်ဘဲ သမ္မတက သူ့အနားကို ခေါ်ထာလိုက်ခြင်းပါပဲ။

တခြားသူတွေ ဘေးချိတ်လို့ အရင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးစိုးသိန်း ပါလာတာကိုက တိုင်းပြည်နေ ပြည်သူလူထုအတွက် ရတက်မအေးစရာပါပဲ။ သူဟာ နေရာတကာ နေရာရလိုတဲ့အတွက် သူ့ကိုယ်သူ lobby လုပ်နေသူ တစ်ဦးလည်းဖြစ်တဲ့အပြင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုတဲ့ ဥက္ကဌထိုင်ခုံမှာ အမြိုင့်သားထိုင်ရင်း တိုင်းပြည်ကို ရောင်းစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဦးစိုးသိန်းဆိုတာက တပ်မတော်ရေတပ်စခန်းမှုး အဆင့်လောက်ကနေ ရေတပ်ဦးစီးချုပ်၊ နောက်တော့ စက်မှုဝန်ကြီးအဆင့်ထိတက်ဖြစ်၊ အခု သမ္မတရုံး ဝန်ကြီးအဆင့်ထိ ရောက်နေတဲ့ ဒုသမ္မတတွေ နေရာပျောက်လောက်အောင်ကို သမ္မတကို အိပ်ထောင်ထဲ ထည့်ထားသူလို့ သူ့ကိုယ်သူကြုံးဝါးတတ်သူ တစ်ဦးဖြစ်ပါတယ်။ ဒါကိုလည်း သူအရင်လုပ်ခဲ့တဲ့ ဌာနတွေထဲမှာ ကြိုက်သလို စုံစမ်းလို့ရပါတယ်။ သူလုပ်ခဲ့တာတွေထဲက တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေ ဖြုန်းတီးပြစ်ခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ စက်မှု (၁/၂) ဝန်ကြီး၊ MIC ဥက္ကဌဘဝမှာတုန်းက ပြည်ပကနေ ပစ္စည်းဝယ်ရင် Board အဖွဲ့ဖွဲ့ပြီး အဲဒီအဖွဲ့ရဲ့ သဘောတူညီချက်၊ မဲခွဲဆုံးဖြတ်ချက်တွေ အမြင်တွေနဲ့ဝယ်ဖို့ သူ့ကို အထက်လူကြီးတွေအနေနဲ့ ညွှန်ကြားထားပါတယ်။

 ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်တည်း သဘောနဲ့ဘဏ္ဍာဖြုန်းတီးမှု မဖြစ်အောင် ဆိုတာကို ဒီစာဖတ်မိတဲ့ ကလေးကအစ နားလည်မယ်ထင်ပါတယ်။ ဒါပေမယ့်ပေါ့လေ။ ဦးစိုးသိန်းဆိုတာ ခေသူမဟုတ်ဘူးပဲ။ Board အဖွဲ့မဖွဲ့ဘဲ ဝန်ကြီးဌာနပိုင်တဲ့ ငွေတွေကို သူ့ခြေသူ့လက် သူ့စိတ်တိုင်းကျကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး သူကိုယ်တိုင်ဝယ်ပါတယ်။ ပြီးတော့ ဝန်ကြီးဌာနအတွင်းမှာ စာရင်းတွေကို လိမ်လည်ပြခိုင်းပါတယ်။

ဝန်ကြီးဘဝတုန်းကတင်မဟုတ်ပါဘူး။ ရေတပ်ဦးစီးချုပ်ဘဝတုန်းက ရေတပ်အတွက် ပစ္စည်းတွေ ဝယ်တာမှာ သူကိုယ်တိုင် ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး ဝယ်ပါတယ်။ စီးပွားရေးလာဘ်မြင်တာ နိုင်ငံအတွက်လား သူ့အတွက်လားတော့ မသိပေမယ့် သေချာတာတော့ ရေတပ်မှာသုံးရတဲ့ 108 m freegate ၂ စီးကတော့ သုံးစားလို့မရဘူးဆိုတာ ရေတပ်အရာရှိတွေအသိပဲဖြစ်ပါတယ်။ လုပ်ချင်သလိုလုပ်တဲ့ ဥပဒေလွတ်လုပ်ရပ်တွေလည်း ရှိပါတယ်။ ကျွန်တော်အထက်မှာ ပြောခဲ့သလို အထက်လူကြီးတွေက သိပ်တော်သိပ်တတ်တယ်လို့ ချီးကျူးခံချင်တဲ့ သူတော်ယောင်စိုးသိန်းဟာ သူ့ကိုယ်သူ လည်း Lobby သိပ်လုပ်ပါတယ်ဆိုတာ တခြားကြောင့်မဟုတ်ပါဘူး။

၂၀၀၉-၂၀၁၀ လောက်တုန်းက မြန်မာ့မော်တော်ယာဉ်နဲ့ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှုလုပ်ငန်းကနေ အမြတ်ငွေကို ၂ ဆကျော်လောက် စာရင်းလိမ်ပြခိုင်းတဲ့ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စမျိုးတွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းပျောက်လုပ်ခဲ့ ပါတယ်။ သူလုပ်ခဲ့တဲ့နည်းလမ်းကတော့ ဘဏ္ဍာရေး ညွှန်ကြားရေးမှုးဖြစ်တဲ့ အမျိုးသမီးကို အငြိမ်းစားပေး လိုက်တာပါပဲ။ သူ့လုပ်ရပ်ကို အဲဒီတုန်းက ဘဏ္ဍာရေးညွှန်ကြားရေးမှုးဖြစ်သူလည်း ကောင်းကောင်း သိပါတယ်။ ပြည်သူ့ဘဏ္ဍာကို ဖောက်ထုတ်ရင်း အိပ်ထောင်ထဲထည့်ဖို့ကြိုးစားတဲ့ လုပ်ရပ်တွေထဲမှာ လုပ်ရပ် တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံက တာတာကုမ္ပဏီကိစ္စလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

တာတာကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ၁၀ ဘီးကားတွေ တစ်နှစ်ကို အစီးရေ (၁၀၀)ထုတ်ဖို့အကြောင်းကို လွန်ခဲ့တဲ့ နှစ်တွေမှာ ဂျာနယ်တွေ မီဒီယာတွေထဲမှာ ပါခဲ့ဖူးတာကို မှတ်မိကောင်း မှတ်မိနိုင်မယ့်သူတွေ ရှိပါတယ်။ မကွေးမှာ စက်ရုံတည်တော့ ကားပစ္စည်းအစိတ်အပိုင်းတွေကို ဆေးစိမ်တဲ့စက်ဝယ်ဖို့ပြင်ပါတယ်။ အဲဒီစက်တန်ဘိုးက အမေရိကန်ဒေါ်လာ (၇)သန်းလောက် တန်ပါတယ်။ ကာလတန်ဘိုးနဲ့သင့်ရင် မြန်မာငွေကျပ်သိန်းပေါင်း ခြောက်သောင်းသုံးထောင်ကျော်ရှိပါတယ်။ ဒီငွေတွေဟာ စက်ရုံနေ့စားအလုပ်သမားပေါင်း ၁၀၀၀ အတွက် (၇)နှစ်စာ ရှိပါတယ်။ သေးသေးလေးမဟုတ်ပါဘူး။ အဲဒီစက်ကို ဒုတိယဝန်ကြီးအပါအဝင် အခြားသောပြောရေးဆိုခွင့် ရှိတဲ့သသူတွေက မလိုအပ်တဲ့ အတွက်မဝယ်ဖို့ ကန့်ကွက်ပေမယ့်လည်း တစ်ဦးတည်းသဘောနဲ့ ရအောင်ဝယ်ခဲ့ပါတယ်။ အဲသလို လုပ်ချင်သလို အာဏာကိုအသုံးချ၊ ပြည့်သူ့ဘဏ္ဍာကို စီရင်ချင်သလို စီရင်လိုက်လို့လည်း အကောင်းဖြစ် လာသလားဆိုတော့လည်း မဖြစ်လာပါဘူး။

 စက်ရုံကြီးတော့ ကုန်ချင်သလောက်ကုန် ဆောက်ချင် သလိုဆောက်၊ ဝယ်ချင်တာတွေ စိတ်တိုင်းကျ ဝယ်လိုက်ပြီးတဲ့နောက်၊ ပွဲစားခတွေ အိပ်ထဲမြိုးမြိုးမြတ်မြတ် ထည့်လို့ အိန္ဒိယကနေ ၁၀ ဘီးကား အစီး (၈၀)လောက် သွင်းပြီး လုပ်ငန်းကိုရုတ်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် စောစောကပြောခဲ့တဲ့ ဆေးစိမ်တဲ့စက်ဆိုတာ သုံးတောင်မသုံးလိုက်ရပါဘူး။ အဲဒီ သုံးမရတဲ့ စက်ကို ဒေါ်လာသန်းပေါင်းများစွာနဲ့ ဝယ်လိုက်ပြီး ဘဏ္ဍာကိုဖြုန်းတီးလိုက်တဲ့အတွက် အလုပ်သမား လူတန်းစားနဲ့ ပြည်သူလူထု နစ်နာခဲ့ပါတယ်။

 (အပိုင်း ၂ မှာဆက်လက်ရှုစားပါခင်ဗျာ။)။ 

 ပေးပို့ သူ - ဇူရီ။

Nik Nayman
 

လက်ပံတောင်း ကော်မရှင် ထပ်မံ သတင်းထုတ်ပြန်

မီးကျည်ဗုံးထိမှန်ပြီး ဘယ်ဘက် မျက်လုံးကွယ်သွားသော သံဃာတစ်ပါး..(ဓါတ်ပုံ - မန်းသားလေး/ ဧရာဝတီ) 

 လက်ပံတောင်း ကော်မရှင်က သတင်းထုတ်ပြန်ချက်တစောင်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲနဲ့ ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။

 ကော်မရှင်အနေနဲ့ ကြားဖြတ် အစီရင်ခံစာသာ ထုတ်ပြန်ပေးခဲ့ပြီး အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်သည့် အခါမှသာလျှင် အသေးစိပ် တွေ့ရှိချက်တွေကို ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် တာဝန်ယူသည့် လက်ပံတောင်း ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်ကို အောက် မှာ ဖော်ပြပေးလိုက်ပါတယ်။

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 စုံစမ်းစစ်ဆေးရေးကော်မရှင် 
သတင်းထုတ်ပြန်ချက်အမှတ် (၃/၂၀၁၃) 
၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် (၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်) 

၁။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပဉ္စမအကြိမ်မြောက် စုံညီ အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ ၁၃:၃၀ ချိန်တွင် လွှတ်တော်ဝင်း (အိုင် ၁၂) အဆောင်တွင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အပြီးသတ်အစီရင်ခံစာ ပြုစုရေးနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
 ထိုသို့ ဆွေးနွေးရာတွင် ကော်မရှင် ဥက္ကက အပြီးသတ် အစီရင်ခံစာ ရေးဆွဲရာတွင် ကျင့်သုံးရမည့် အခြေခံမူ များနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ရာ ထိုအခြေခံမူများပေါ်တွင် အစည်းအဝေး တက်ရောက် လာကြသော ကော်မရှင် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပါသည်။

၂။ အစည်းအဝေးသို့ ကော်မရှင်ဥက္ကဌမှ ကွင်းဆင်းရန်တာဝန်ပေးချက်အရ ကွင်းဆင်းခဲ့ကြသော ကော်မရှင် အဖွဲ့ဝင်တို့က ဇန်နဝါရီလ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်ရှိ သီတဂူအာယုဒါန ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော သံဃာ (၆) ပါး၏ ကျန်းမာရေးအခြေအနေနှင့် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှ နာမကျန်းဖြစ်သဖြင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူခဲ့ပြီး ကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့သော ကလေးသူငယ် (၄) ဦး တို့၏ ကျန်းမာရေး အခြေအနေတို့နှင့် ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များ ကို ကော်မရှင်သို့ တင်ပြခဲ့ပါသည်။

၃။ ထို့ပြင် ကော်မရှင် အဖွဲ့ဝင်တို့သည် ဖေဖော်ဝါရီလ (၆) ရက်နေ့မှ (၇) ရက်နေ့အထိ ထပ်မံ ကွင်းဆင်း လေ့လာပြီး သီတဂူအာယုဒါန ဆေးရုံတွင် ဆေးဝါးကုသနေကြသော သံဃာတော်များ၏ ကျန်းမရေး အခြေအနေကိုလည်းကောင်း မုံရွာခရိုင်၊ မံရွာဆေးရုံတွင် အုတ်ကန်ပြိုကျပြီး ထိခိုက်ဒဏ်ရာ ရရှိ သဖြင့် ဆေးကုသခံနေသူ အမျိုးသမီးကြီး၏ ကျန်းမာရေး အခြေအနေကိုလည်းကောင်း ကော်မရှင်သို့ တင်ပြခဲ့ပါသည်။ သီတဂူအာယုဒါနဆေးရုံတွင် ဆေးကုသခံယူလျက်ရှိသော သံဃာ (၆) ပါးအနက် (၃) ပါး သည် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဆေးရုံဆင်းသွားပြီးဖြစ်ကြောင်း လည်း သိရှိရပါသည်။

၎။ ကော်မရှင်အား နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၁၂) ဖြင့် ဖွဲ့စည်းတာဝန်ပေးခဲ့ ရာ တွင် ကော်မရှင်အနေဖြင့် နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လကုန်တွင် တင်သွင်းရန် သတ်မှတ်ပေးခဲ့ပါသည်။ ထိုတာဝန်ပေးချက်အရ ကော်မရှင်အနေဖြင့် ကြားဖြတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက် နေ့ တွင် နိုင်ငံတော်သမ္မတထံသို့ တင်ပြခဲ့ပြီးဖြစ်ပါသည်။ နေ့စဥထုတ်သတင်းစာများတွင် ဖော်ပြခဲ့သော ကော်မရှင်၏ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက် နေ့တွင် ထုန်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်အမှတ် (၂/၂၀၁၃) တွင်လည်း အဆိုပါ အစီရင်ခံစာသည် ကြားဖြတ် အစီရင်ခံစာသာ ဖြစ်ကြောင်း၊ ထုတ်ပြန်ကြေညာရန် မဟုတ်ကြောင်းဖြင့် ရှင်းလင်းဖော်ပြခဲ့ပါသည်။ ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်သည့်အခါမှသာ အသေးစိတ် အချက်အလက်တို့ကို ထုတ်ပြန် ကြေညာမည်ဖြစ်ပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။

 စုံစမ်းစစ်ဆေးရေးကော်မရှင် 
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်

Saturday, February 9, 2013

“ပြည်ထောင်စုလွှတ်တော်ကနေ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ဥပဒေကို ဒီကနေ့ မဲခွဲ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေသစ် ပြဌာန်းပြီးတဲ့အခါ ဘယ်သူတွေကို အရေးယူသွားမှာတဲ့လဲ။” (အသံ)

အစိုးရ၀န်ထမ်း ၁၇,၀၀၀ ကို ထောင်ဒဏ်အပါအ၀င် ကျူးလွန်ခဲ့တဲ့ စည်းကမ်းဖောက်ဖျက်မှုတွေအလိုက် အရေးယူခဲ့ပါတယ်လို့ အစိုးရက တုန့်ပြန်ရှင်းလင်းပြီး မကြာခင်မှာပဲ ပြည်ထောင်စုလွှတ်တော်ကနေ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ဥပဒေကို ဒီကနေ့ မဲခွဲ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေသစ် ပြဌာန်းပြီးတဲ့အခါ ဘယ်သူတွေကို အရေးယူသွားမှာတဲ့လဲ။ အသေးစိတ်ကို မဲခွဲအတည်မပြုမီမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ပုလဲလွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကို ဒေါ်ရီရီအောင်က မေးကြည့်ထားပါတယ်။

နှင်းဆီခရီးသည်မော်ဒန်အငြိမ့် ပထမည ပရိသတ် သုံးထောင်ဝန်းကျင် လာရောက်ကြည့်ရှု

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 

 နှင်းဆီခရီးသည်မော်ဒန်အငြိမ့်ကို ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီခွဲ အချိန်ခန့်တွင် စတင်ဖျော်ဖြေခဲ့ပြီး ပရိသတ်သုံးထောင်ခန့် လာရောက်အားပေးကြောင်း သတင်းရရှိသည်။ သက်တမ်းခုနစ်နှစ် ရှိပြီဖြစ်သော နှင်းဆီအဖွဲ့သားများ၏ ဖျော်ဖြေပွဲတွင် ယင်းအဖွဲ့၏ ပုံစံအတိုင်း နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စများ၊ ခရီးသွားလုပ်ငန်းနှင့်ဆိုင်သည့်ကိစ္စများ၊ ရန်ကုန်မြို့တွင် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများ စသည်တို့ကို ပရိသတ်များ ကြိုက်နှစ်သက်သည့် ပျက်လုံးများဖြင့် ည ၁၂ နာရီခန့်အထိ ဖျော်ဖြေခဲ့သည်။

အငြိမ့်ပွဲပထမရက်တွင် သရုပ်ဆောင်မေကဗျာ မပါဝင်ခဲ့သည့်အပေါ် လာရောက်ကြည့်ရှုသူများကြား ပြောဆိုမှုများ ရှိနေပြီး အခြားဖျော်ဖြေမှုများ၌ ကျေနပ်မှုရှိကြောင်း ပရိသတ်များကပြောသည်။ ဖျော်ဖြေပွဲလက်မှတ် ဈေးနှုန်းများမှာ ကျပ်သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းနှင့် ခုနစ်ထောင်တို့ဖြစ်ပြီး မည်သည့်ရုပ်သံလိုင်းတွင်မှ ထုတ်လွှင့်ပြသမည်မဟုတ်ဘဲ ဒုတိယညကို ဖေဖော်ဝါရီ ၉ ရက် ညတွင် ဆက်လက်ဖျော်ဖြေမည်ဖြစ်သည်။

 7Day News Journal 

 State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ Google မှ သတိပေးချက်များ ပေးပို့နေ

Google မှ ပေးပို့လာသော သတိပေးစာကို တွေ့ရစဉ်

State-sponsored attackers များက အီးမေးလ် Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail သုံးစွဲသူ ဂျာနယ်လစ်များထံသို့ ယခု ရက်ပိုင်းများ အတွင်း Google မှ သတိပေးချက်များ ပေးပို့နေကြောင်း သိရှိရပါသည်။ ပေးပို့လာခဲ့သော သတိပေးစာတွင် "Warning: We believe state-sponsored attackers may be attempting to compromise your account or computer" ဟု ဖော်ပြထားပြီး ဂျာနယ်လစ်များထံသို့ ကနဦးအနေဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Google မှ ပေးပို့လာသည့် သတိပေးစာကို ပြည်တွင်း ဂျာနယ်လစ်များ၏ အလုပ်နှင့် သက်ဆိုင်သော Gmail Account များထံ ရောက်ရှိခဲ့သည့် အပြင် သတင်းနှင့် ဆက်နွှယ်သော ကွန်ပြူတာ ပညာရှင်အချို့၊ Gmail သုံးစွဲသူ အချို့ထံသို့လည်း ရောက်ရှိခဲ့ကြောင်း သိရပြီး လက်ခံရရှိသူ အများဆုံးမှာ ဂျာနယ်လစ်များ ဖြစ်နေကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် Eleven Media Group ၏ အယ်ဒီတာချုပ် ကိုဝေဖြိုး အပါအ၀င် သတင်းအယ်ဒီတာများ၏ Gmail Account များထံသို့ State-sponsored attackers များက ၀င်ရောက် ကြိုးပမ်းနေသည်ဆိုသော သတိပေးချက်များ ရောက်ရှိခဲ့ပါသည်။

 မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင် ဂျာနယ်လစ် ဘာတေး လစ်တနာက သူ၏ Gmail Account သို့ ၀င်ရောက်ရန် ကြိုးပမ်း နေသူများ ရှိနေကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ဆန်ဖရန်စစ္စကိုရှိ Google ရုံးသို့ အကြောင်း ကြားထားကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့က အီးမေးလ်မှ တစ်ဆင့် ပြောကြားခဲ့သည်။ Gmail ၏ သတိပေးစာသည် The Voice Weekly ဂျာနယ်၏ အယ်ဒီတာ ကိုအောင်စိုး၊ AP သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဒေါ်အေးအေးဝင်းနှင့် ကျိုဒိုသတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ကိုမြတ်သူရ အစရှိသူတို့ထံလည်း ရောက်ရှိခဲ့ကြောင်း သိရပါသည်။

"ဖေဖော်ဝါရီ ၆ ရက်နေ့က ကျွန်မဆီကို သတိပေးစာ ရောက်လာပါတယ်။ State-sponsored attackers လို့ ပြောထားတော့ အရမ်းစိုးရိမ်သွားပြီး Password ကို ချက်ချင်း ပြောင်းလိုက်ရပါတယ်။ ကျွန်မတို့က အဆက်အသွယ် များတဲ့အတွက် Gmail ကို ၀င်ဖို့ ကြိုးစားပုံ ရပါတယ်။ Google ကတော့ ဘယ်အဖွဲ့အစည်းက လုပ်နေသလဲ ဆိုတာကို သိတဲ့အတွက် သတိပေးစာ ပို့ခဲ့တာပါ။ ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်နေတယ်ဆိုတာ မသိပေမဲ့ သူတို့ ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ Gmail Account တွေက ဂျာနယ်လစ်တွေ ဖြစ်နေပါတယ်"ဟု AP သတင်းဌာနမှ ဒေါ်အေးအေးဝင်းက ပြောပါသည်။

 "ဒီလို သတိပေးစာ ရောက်လာတာဟာ မကောင်းဘူးလို့ ခံစားရပါတယ်။ လုံခြုံမှု မရှိဘူးလို့ ခံစားရပါတယ်။ တစ်ချိန် မဟုတ် တစ်ချိန်တော့ ဒီလို လုပ်လာမယ် ဆိုတာတော့ မှန်းထားပြီးသားပါ။ အဓိက ကတော့ သတိပေးစရာကို ကိုယ်တစ်ယောက်တည်းက ရတာဆိုရင် တစ်မျိုးပေါ့။ အခုက ဂျာနယ်လစ်တွေကို ရည်ရွယ်ချက် ရှိရှိ လုပ်သလို ဖြစ်နေတယ်။ The Voice ကို hacked တယ်။ Eleven ကို hacked တယ်။ Gmail က သတိပေးစာတွေ ပို့လာတယ်။ အားလုံးကို လိုက်လုပ်နေတဲ့ သဘောရှိတယ်။ ကျွန်တော့် အီးမေးလ်ကို ၀င်ဖတ်ချင်လို့ လုပ်တယ်ဆိုတာမျိုး မဟုတ်တော့ဘဲ ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက်ပါ တွေ့လာရတော့ ဒါဟာ စိုးရိမ်စရာ ဖြစ်လာတယ်လို့ပဲ ပြောချင်ပါတယ်"ဟု ကျိုဒို သတင်းဌာနမှ ကိုမြတ်သူရ က ပြောပါသည်။

 ထို့အတူ ပြည်တွင်း မီဒီယာတစ်ခု ဖြစ်သော The Voice Weekly ဂျာနယ် ၀က်ဘ်ဆိုက်အတွက် တာဝန်ယူ လုပ်ဆောင် ပေးနေသော Myanmar's Net ၏ မန်းနေးဂျင်း ဒါရိုက်တာ ဖြစ်ပြီး Hacked ပြုလုပ်ခံရသည့် The Voice Weekly Facebook ကို ပြန်လည် ရရှိစေရန် ကြိုးပမ်း ကူညီ လုပ်ဆောင် ပေးနေသူ ဦးဇော်ထွဋ် ထံသို့လည်း Gmail မှ ပေးပို့သည့် သတိပေးစာ ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။ "Gmail က ပို့လာတဲ့ သတိပေးစာကို ဖေဖော်ဝါရီလ ၅ ရက်နေ့ စပြီး တွေ့ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး အသုံးပြုနေတဲ့ Gmail Account ကို ရောက်လာခဲ့တာပါ။ State-sponsored attackers ဆိုပြီး ပို့လာတာကို တစ်ခါမှ မကြုံဖူးပါဘူး။ ပိုပြီး ထူးခြားတာက အလုပ်နဲ့ ပတ်သက်ပြီး သုံးနေတဲ့ Account ကို ရောက်လာတာပါ။ Personal အတွက် သုံးတဲ့ Gmail Account မှာတော့ ဒီလို သတိပေးစာ ရောက်မလာပါဘူး။ စက်တစ်လုံးတည်းမှာ သုံးတာချင်းအတူတူ အလုပ် အတွက် သုံးနေတဲ့ Account ဆီကို ရောက်လာခဲ့တာပါ"ဟု Myanmar's Net မှ ဦးဇော်ထွဋ်က ပြောပါသည်။

Gmail မှ ပေးပို့ခဲ့သော သတိပေးစာတွင် State-sponsored attackers ဟု ဆိုထားသည့်အတွက် အစိုးရမှ ထောက်ပံ့ထားသော အဖွဲ့အစည်းမှ လုပ်ဆောင်ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံမှ အစိုးရ အထောက်အပံ့ခံ အဖွဲ့အစည်းက လုပ်ဆောင်သည် ဆိုသည်ကို Gmail မှ သတင်းထုတ်ပြန်ခြင်း မပြုဘဲ သတိပေးစာ အနေဖြင့်သာ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၂ခုနှစ် ဇွန်လအတွင်းကလည်း ယခုကဲ့သို့ သတိပေးစာများကို Google မှ ထုတ်ပြန်ခဲ့ဖူးကြောင်း အောက်တိုဘာလ အတွင်းက ဖော်ပြခဲ့သော နယူးယောက်တိုင်းမ် သတင်းတွင် ဖော်ပြခဲ့ဖူးသည်။ ထိုစဉ်ကလည်း အဆိုပါ သတိပေးစာကို အမေရိကန် ဂျာနယ်လစ်များ၊ နိုင်ငံခြား မူဝါဒရေးရာ ကျွမ်းကျင်သူနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များစွာက လက်ခံ ရရှိခဲ့ကြောင်း သိရသည်။ ထိုအချိန်က Google ၏ အချက်အလက် လုံခြုံရေး မန်နေဂျာ မိုက်ဝီယာဆက်က ပြောကြားခဲ့ရာတွင် Google သည် အစိုးရ ထောက်ပံ့သော အဖွဲ့အစည်းများ၏ ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ Gmail အသုံးပြုသူများကို သတိပေးခဲ့ကြောင်း၊ ထိုအချိန်မှ စတင်ပြီး တိုက်ခိုက်ပုံ နည်းလမ်းနှင့် ပတ်သက်သည့် အသိပညာ ဆိုင်ရာ အချက်အလက် အသစ်များကို စုဆောင်းခဲ့ကြောင်း၊ Google အနေဖြင့် အစိုးရက ထောက်ပံ့ထားပုံရသည့် အဖွဲ့အစည်းများမှ လုပ်ဆောင်သော ဆိုက်ဘာ တိုက်ခိုက်မှုများကို မျှော်လင့်ထားသည်ထက် ပိုမိုကြုံတွေ့ခဲ့ရကြောင်း နယူးယောက်တိုင်း(မ်) သတင်းစာသို့ ပြောကြားခဲ့သည်။

ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများနှင့် စပ်လျဉ်းပြီး တိုက်ခိုက်မှုအတွက် ပစ်မှတ်ဖြစ်လာနိုင်သော Gmail အသုံးပြုသူများထံသို့ သတိပေးစာများ ပေးပို့ခဲ့ကြောင်း မိုက်ဝီယာဆက်က ပြောကြားခဲ့ပြီး အဆိုပါ သတိပေးစာကို အမေရိကန်ဂျာနယ်လစ်များနှင့် နိုင်ငံခြား မူဝါဒရေးရာ ကျွမ်းကျင်သူများစွာက လက်ခံ ရရှိခဲ့သည်ဟု ၎င်းတို့၏ Twitter စာမျက်နှာများတွင် ရေးသား ခဲ့ပါသည်။ ထိုသို့ တိုက်ခိုက်ရန် ကြိုးပမ်းမှုအား Wired အမျိုးသား လုံခြုံးရေး ဘလော့ဂ်၏ အယ်ဒီတာ နိုအာ ရှအက်မန်က "အန္တရာယ် သတိပေးချက်၊ အစိုးရက ထောက်ပံ့သော အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုကို ခံရနိုင်သည့် သားကောင် ဖြစ်နိုင်ချေ သတိပေးချက်ကို Google ထံမှ ရရှိခဲ့သည်"ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့ပါသည်။

Google ၏ အချက်အလက် လုံခြုံရေး မန်နေဂျာ မိုက်ဝီယာဆက်၏ ပြောကြားချက်အရ အရှေ့အလယ်ပိုင်း ဒေသမှ ဖြစ်နိုင်ချေရှိသော အစိုးရ အထောက်အပံ့ခံ အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုများ ပိုမိုများပြား လာသည်ကို သတိပြုမိကြောင်း ပြောကြားခဲ့သော်လည်း နိုင်ငံများ၏ အမည်ကို အတိအကျ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိကြောင်း သိရသည်။ ပြည်တွင်း သတင်းမီဒီယာများ၏ Website နှင့် Facebook များကို hacked ပြုလုပ် တိုက်ခိုက်ခြင်းများမှ ယခု လပိုင်း အတွင်း ပိုမို ဖြစ်ပွားလျက် ရှိပါသည်။ ဇန်န၀ါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များက Eleven Media Group ၏ ၀က်ဘ်ဆိုက်ကို Red-Army Team ဟု အမည်ပေးထား သော အဖွဲ့မှ တိုက်ခိုက်(hacked) မှုများ ပြုလုပ်ခဲ့ဖြင့် Eleven Media Group ၀က်ဘ်ဆိုက်ကို စာဖတ်ပရိသတ်များ အချိန် လေးနာရီခန့် ၀င်ရောက်ကြည့် ရှုနိုင်ခြင်းမရှိခဲ့ဘဲ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရပါသည်။

ထိုသို့ မတိုက်ခိုက်မီ အချိန်က Eleven Media Group ကို DDoS တိုက်ခိုက်မည်ဟု Myanmar Express ၀က်ဘ်ဆိုက်တွင် သတင်း ဖော်ပြခဲ့ပါသည်။ Myanmar Express ၀က်ဘ်ဆိုက်သည် တပ်မတော် အရာရှိအချို့နှင့် ဌာနအချို့မှ လုပ်ဆောင်နေဟု ယူဆချက်များ ထွက်ပေါ်နေသည့် ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါသည်။ ယင်းဝက်ဘ်ဆိုက်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ နိုင်ငံရေးသမားများ၊ မီဒီယာများ (အထူးသ ဖြင့် Eleven Media Groupနှင့် The Voice Weekly) ကို ပုဂ္ဂိုလ်ရေး အပုပ်ချတိုက်ခိုက်နေသည့် ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါသည်။

 ဖေဖော်ဝါရီလ ၄ ရက်နေ့က The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရပြီး MMCF နှင့် Anonymous Myanmar ဟု အမည်ပေးထားသော အဖွဲ့များက တိုက်ခိုက်(hacked) ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်ရာတွင် တိုက်ခိုက်ခဲ့သူများမှ The Voice Weekly Facebook စာမျက်နှာမှ Admin account အားလုံးကို ဖြုတ်ချလိုက် ပြီး ထိုစာမျက်နှာကို ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံခဲ့ရသော The Voice Weekly ဂျာနယ် Facebook စာမျက်နှာ၌ Myanmar Express ၀က်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြခဲ့သော အကြောင်းအရာများကို ၎င်းတို့ စိတ်ကြိုက် ပြန်လည်ဖော်ပြ ရေးသားခြင်းများ ဆက်တိုက် ပြုလုပ်ခဲ့ ပါသည်။

 ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပရိသတ် တစ်သိန်းကျော် ရရှိထား သည့် The Voice Weekly ၏ Facebook Page စာမျက်နှာမှာ Facebook လူမှုကွန်ယက်၌ ပျက်စီးသွားခဲ့ပါသည်။ ထို့အတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းက Eleven Media Group ၏ Facebook စာမျက်နှာကို နည်းပညာသုံး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကို မိနစ်ပိုင်းအတွင်း Eleven Media Group IT Team မှ အချိန်မီ ပြန်ထိန်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Myanmar Express ၀က်ဘ်ဆိုက်နှင့် ပတ်သက်၍ ဒီမိုကရေစီ ဖော်ဆောင်ရေးကို မလိုလားသော တပ်မတော် အရာရှိ အချို့နှင့် ဌာန အချို့မှ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ယူဆ သံသယ ဖြစ်ဖွယ် အချို့ တွေ့ရှိ နေသဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက တစ်ဆင့် နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အစရှိသည့် အစိုးရ တာဝန်ရှိသူများထံသို့ မေတ္တာရပ်ခံ ညှိနှိုင်းဖြေရှင်းပေးရန် တိုင်ကြားစာကို Eleven Media Group က ပေးပို့ထားကြောင်း သိရှိရပါသည်။

Eleven Media Group 

တမူးခရိုင် နန့်သလက်ချောင်းတံတား ဖောက်ခွဲခံရ

နယူးဒေလီ(မဇ္ဈိမ)။ ။ အမည်မသိသူများ၏ လက်ချက်ဖြင့် တမူးခရိုင် မြို့သစ်မြို့နယ်ခွဲ နန့်သလက် ချောင်းတံတားကို ဖေဖော်ဝါရီ ၇ ရက်နေ့တွင် မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်။ ယခင်က တမူးဒေသတွင် ထိုကဲ့သို့ တံတားမိုင်းထောင် ဖျက်ဆီးခံရခြင်းမျိုး မရှိခဲ့ဘူးကြောင်း တမူးဒေသခံ အမျိုးသမီး တဦးက မဇ္စျိမကို ရှင်းပြသည်။

၎င်းက “နန့်သလက် တံတားကို ခွဲတာ ဟုတ်တယ်။ ဘယ်အဖွဲ့ က ခွဲမှန်းမသိဘူး။ မြို့သစ်ဘက်ကို နီးသွားပြီ၊ မိုင်းကွဲပြီးမှပဲ တပ်တွေသွားတာ သိရတယ်။ အထက်ပိုင်းကို သွားတဲ့ လမ်းမကြီးပဲ မင်းသာ၊ ဟုမ္မလင်း၊ ကက်သာ၊ တုံဟဲဘက်သွားတဲ့ လမ်းမကြီးပဲ၊ ခါတိုင်း တခါမှ မဖြစ်ဘူးတာ” ဟု ဆိုသည်။ ကားများနေ့စဉ် ဖြတ်သန်းသွားလာသည့် တံတားတစင်းဖြစ်ပြီး တမူး - စေတီ ပြည်ထောင်စု လမ်းမကြီးတွင် တည်ရှိကြောင်း နှင့် ချောင်းရေနည်းသဖြင့် ချောင်းကို ဖြတ်ကာ အောက်ဖက် ကွင်းလမ်းမှ သွားလို့ ရသည်ဟု အဆိုပါဒေသခံက ပြောသည်။

ထိုဖောက်ခွဲခံရမှုနှင့် ပါတ်သက်ပြီး ခရိုင် ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက ရုတ်တရက် ဖောက်ခွဲခံရခြင်း ဖြစ်ကြောင်းနှင့် မည်သူ့ လက်ချက်ဖြစ်သည်ကို မသိရှိရသေးကြောင်း ပြောသည်။ ၎င်းက “မနက် ၁ နာရီဆိုတော့ ဘယ်သူမှ ထိခိုက်ခံရတာ မရှိဘူးဗျ။ ဘယ်သူလုပ်တယ်ဆိုတာတော့ မသိဘူးခင်ဗျ” ဟု ဆိုသည်။ ဖောက်ခွဲ ဖျက်ဆီးခံရသည့် တံတားမှာ ၂၄ဝ ပေအရှည် အကျယ် ၁၂ ပေ ရှိ သံဘောင်ဘေလီ၊ နှစ်လွှာတထပ် အမျိုးအစား တံတား တစ်စင်းဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် သောင်းကျန်းသူအဖွဲ့ တချို့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတခုက ဖော်ပြသည်။

တံတား ရေလယ်တိုင် သုံးတိုင်၊ သစ်သားကြမ်းခင်းများ နှင့် သံဘောင်များ ကွေးကောက် ပျက်စီး သွားကြောင်း နှင့် ‘နယ်မြေခံ တပ်မတော် စစ်ကြောင်းက ချက်ချင်း သွားရောက်၍ ရှင်းလင်း ဆောင်ရွက်လျက် ရှိပြီး ၎င်း မိုင်းထောင် ဖောက်ခွဲမှုအား နောက် ကွယ်မှ ကြိုးကိုင် စေခိုင်း လျက်ရှိ သည့် သောင်းကျန်းသူ အဖွဲ့အစည်းအား ဒေသခံ ပြည်သူ များနှင့် ပူးပေါင်း ဖော်ထုတ် စုံစမ်းလျက် ရှိကြောင်း’ မြ၀တီသတင်း က ဖော်ပြသည်။

 တမူးမြို့ကို ဖြတ်သန်းကာ မန္တလေးမြို့မှ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အင်ဖားမြို့တော်အထိ ဘတ်စ်ကားများ ပြေးဆွဲရေး စီမံကိန်းများကို နှစ်ဘက်အစိုးရများက လာမည့်မတ်လမှ စတင်ကာ မိတ်ဆက်ပြေးဆွဲရန် သဘောတူထားကြသည်။

၈၈မျိုးဆက်များ၏ ဇီးကုန်းမြို့နယ် ငြိမ်းချမ်းပွင့်လင်းခရီးစဉ်....

ပဲခူးတိုင်း ပြည်မြို့သို့ရောက်ရှိနေကြသော မင်းကိုနိုင်ခေါင်းဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ဖေဖော်ဝါရီလ၊(၈)ရက် နံနက်(၈း၃၀)နာရီတွင် ပြည်မြို့မှထွက်ခွာလာခဲ့ရာ နံနက်(၁၀း၃၅)နာရီ၌ ဇီးကုန်းမြို့သို့ရောက်ရှိခဲ့ကြပြီး မွန်းတည့်(၁၂း၀၀)နာရီတွင် ဇီးကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် မင်းကြီးလမ်းနှင့်ကန်ကြီးလမ်းထောင့် ကွင်းပြင်၌ကျင်းပသည့် ၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ် ဟောပြောပွဲကိုတက်ရောက်ခဲ့ကြသည်။

 ဟောပြောပွဲတွင် ၈၈မျိုးဆက်ကျောင်းသားများမှ ကိုမာကီက ဒေသခံပြည်သူများအား ခရီးစဉ်တွင်လိုက်ပါလာသော ၈၈မျိုးဆက်ကျောင်းသားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ၄င်းနောက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော မင်းကိုနိုင်နှင့်ကိုကိုကြီးတို့က ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်း ဖော်ဆောင်ရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြပြီး ဒေသခံပြည်သူများ၏သိရှိလိုသည့် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များနှင့် ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲဆိုင်ရာများကို မင်းကိုနိုင်နှင့်ကိုကိုကြီးတို့က ရှင်းလင်းဖြေကြားခဲ့ကြသည်။ ဆက်လက်၍ ၈၈မျိုးဆက်ကျောင်းသားများသည် ကြို့ပင်ကောက်မြို့သို့ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းခရီးစဉ်အဖြစ် ထွက်ခွာခဲ့ကြသည်။

ဂျီဒီပီ တိုးတက်ရုံနဲ့ တနိုင်ငံလုံး တိုးတက်တယ်လို့ ပြောလို့မရဘူး

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးနဲ့ စာရေးဆရာ ကိုတာတို့ဟာ မကြာသေးခင်က ဘူတန်နိုင်ငံသို့ လေ့လာရေး ခရီးအဖြစ် သွားရောက်ခဲ့ကြပါတယ်။ ဘူတုန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ တမျိုးသားလုံး အသားတင်ပျော်ရွှင်မှုဆိုင်ရာတွေ ဘယ်လိုချိတ်ဆက်သင့်သလဲ ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာခဲ့တဲ့ ဦးကိုကိုကြီးကို အဆိုပါ ဆွေးနွေးပွဲ အပါအ၀င် ဘူတန် ခရီးအတွေ့အကြုံကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်းထားပါတယ်။

 မေး။ ။ ဦးကိုကိုကြီးခင်ဗျား၊ မကြာသေးခင်က ဘူတန်နိုင်ငံကို လေ့လာရေး ခရီးသွားဖြစ်ခဲ့တာလေး သိပါရစေ။

 ဖြေ။ ။ ကျနော် ဘူတန်ကို လေ့လာသူအဖြစ်နဲ့ တမျိုးသားလုံး အသားတင်ပျော်ရွှင်မှုတန်ဘိုးနဲ့ ပတ်သက်ပြီး တော့ ဖွံ့ဖြိုးမှု ဆိုင်ရာ ချည်းကပ်ရှု့မြင်ပုံ အသစ်။ နိုင်ငံတကာ ပညာရှင်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို လေ့လာသူအဖြစ်နဲ့ တက်ခဲ့တာပါ။ ဇန်န၀ါရီလ ၂၆ ရက်နေ့ ကနေ ၃၀ ရက်နေ့ထိပါ။

 မေး။ ။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ တမျိုးသားလုံး အသားတင်ပျော်ရွှင်မှုဆိုတာ ဘယ်လိုဆက်နွယ်နေလို့လဲ။

 ဖြေ။ ။ နိုင်ငံတကာ စံနှုန်းတွေအရ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို တမျိုးသားလုံး အသားတင် ထွက်ကုန် တန် ဘိုး GDP နဲ့ တွက်ချက်ကြတာများတယ်။ တကယ့်တကယ်တော့ ဂျီဒီပီတိုးတက်နှုန်းကို ကြည့်ပြီး တော့ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက် တယ်လို့ ဆုံးဖြတ်လို့မရဘူး။ ဘာကြောင့်လည်းဆိုတော့ ဂျီဒီပီ တိုးတက် မှု ဆိုတဲ့ ထုတ်ကုန် အများစုက လက်တဆုပ်စာ လူတစုရဲ့ လက်ထဲမှာဘဲ ရှိနေပြီးတော့ အောက် ခြေ သာမန် ပြည်သူတွေ က လက်လုပ်လက်စား နွမ်း ပါးတဲ့ဘ၀က ရှိနေတဲ့ နိုင်ငံတွေက များတော့ ဂျီဒီပီ တိုးတက်ရုံနဲ့ တနိုင်ငံလုံး တိုးတက်တယ်လို့ ပြောလို့မရဘူး။

 မေး။ ။ ဒီအယူအဆက ဘယ်လိုဖြစ်ပေါ်လာတာလဲ။

 ဖြေ။ ။ ဘူတန်နိုင်ငံလို ဘုရင် အုပ်ချုပ်တဲ့ နိုင်ငံ သေးသေးလေးကနေပြီးတော့ Gross National Happiness အယူ အဆ ကို စတင် ဖော်ထုတ်လာတာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ။ ကုလသမဂ္ဂနိုင်ငံများ အပါ အ၀င် နိုင်ငံပေါင်း ၆၈ နိုင်ငံမှာ ၂၀၁၁ မှာ Happiness (ပျော်ရွှင်မှု) နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲဆိုတာတွေ သူတို့ စတင်လုပ်ဖြစ်ခဲ့တယ်။ ဘူတန်နိုင်ငံကဘဲ ဦးဆောင်ပြီးတော့ တမျိုးသားလုံး အသားတင် ပျော်ရွှင်မှု တန်ဘိုးကို နိုင်ငံရဲ့ ဖွံ့ဖြိုးမှုမှာ ထည့်သွင်း စဉ်းစားသင့်တဲ့ အညွှန်းကိန်းတခုအဖြစ် ဖေါ်ထုတ်ဖို့ ကြိုးစားနေ တာတွေ့ခဲ့ရတယ်။

 မေး။ ။ အဲဒီ အလုပ်ရုံဆွေးနွေးပွဲလေးကို ပုံပေါ်အောင် ရှင်းပြပေးပါလား။

 ဖြေ။ ။ ဘူတန်မှာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များရဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ စိတ်ဝင်စားဖို့ ကောင်းတာ က ပျော်ရွှင်မှုဆိုတာက တကယ်တော့ ဘာသာရေးနဲ့နွယ်တဲ့၊ ဗုဒ္ဓဘာသာကိုအခြေခံတဲ့ အယူအဆနဲ့ စီးပွားရေး စီမံကိန်း တွေ ရေးဆွဲတဲ့အခါမှာ ထည့်သွင်း တွက်ချက်လို့ရအောင် သိပ္ပံနည်းကျ ဘာသာရပ် ဆိုင်ရာ ရှု့ထောင့်ပေါင်းစုံကနေ စဉ်းစားကြတဲ့ အလုပ်ရုံဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ လေ့လာသူအဖြစ် ကျနော်နဲ့ စာရေးဆရာ ကိုတာတို့ သွားရောက် ပြီး လေ့လာသူအဖြစ်နဲ့ တက်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ လူမှု စိတ်ပညာရှင်တွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာစီးပွားရေးပညာရှင်တွေ၊ ဒဿနိက ဗေဒ ပညာရှင်တွေ၊ ပညာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေ စတဲ့ ပညာရှင်တွေ အားလုံးက တမျိုးသားလုံး ပျော်ရွှင်မှု တန်ဘိုးကို ဖွံ့ဖြိုးမှု ညွှန်းကိန်းမှာ ထည့်သွင်း တွက်ချက်ဖို့ စဉ်းစားတဲ့နေရာမှာ အခြေခံ အားဖြင့် ထောက်တိုင် မဏ္ဍိုင်ကြီး ၄ ခုရှိတယ်။

 မေး။ ။ ဟုတ်ကဲ့။ အဲဒီ ထောက်တိုင် ၄ ခုဆိုတာ ဘာတွေလဲ။

 ဖြေ။ ။ လူမှုဗေဒဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နောက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ယဉ်ကျေးမှု မျိုးကွဲ များ ထိန်းသိမ်းမှု နဲ့ ကောင်မွန်တဲ့ အုပ်ချုပ်ရေးဆိုပြီး သူတို့က ထောက်တိုင် ၄ ခု အရေးကြီးတာ ကို ဆွေးနွေးကြတယ်။

 မေး။ ။ အဲဒီ ထောက်တိုင် ၄ ခုနဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးလေ့လာမိသလောက် ရှင်းပြပေးပါ။

 ဖြေ။ ။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို သူတို့က Economic Development တခုတည်းနဲ့ တင်မဟုတ် ဘဲနဲ့ Socio-economic လူမှုရေးနဲ့ဆိုင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဟာတည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက် မှု ဖြစ်ရမယ်။ နောက် တယောက်နဲ့ တယောက် မျှတ ညီမျှတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ရမယ်။ သူတို့က ဒီလို ရှု့မြင်ကြတယ်။ နောက် တချက်က ဘာလဲ ဆိုတော့ Conservation of Natural Enviroment သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို လည်း အခြေခံ ထောက်တိုင်အဖြစ် ထည့်တွက်တယ်။ နောက် Cultural Diversity and Religions ယဉ်ကျေးမှု မျိုးကွဲ အစုံ တွေကို ထိန်းသိမ်းနိုင်မှု။ နိုင်ငံ တနိုင်ငံမှာ လူမျိုးငယ် လေးတွေ ရှိတယ်။ သူတို့ရဲ့ ယဉ်ကျေးမှု အဆောက်အအုံ ငယ် လေးတွေဟာ ဖွံ့ဖြိုးတိုးတက်မှု အတွက် ပေးဆပ်လိုက်ရတာမျိုး ပျောက်ပျက်သွားမယ့် ကိစ္စမျိုး၊ သူတို့မလိုလားဘူး၊ ဒါကို ဖွံ့ဖြိုးတိုးတက်တယ် လို့ ပြောလို့မရဘူး။ ဒါကို တတိယ ထောက်တိုင်အဖြစ်နဲ့ ယဉ်ကျေးမှု မျိုးကွဲတွေ အားလုံးထိန်းသိမ်း ရှင်သန်နိုင်ဖို့ ဆိုတာ အရေးကြီးတယ်လို့ သူတို့ သတ်မှတ်တယ်။ နောက်တခုက Good Governance ကောင်းမွန်တဲ့ အုပ်ချုပ်ရေး တည်ထောင်နိုင်မှု ပေါ့။ သူက ဒီဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ 4 Pillers လို့ ခေါ်တဲ့ ထောက်တိုင် ၄ တိုင်နဲ့ အဖြေထုတ်တယ်။

 မေး။ ။ ဒီထောက်တိုင် ၄ ခုကို ဘယ်လို နယ်ပယ်တွေ ခွဲခြားပြီး ချည်းကပ်ကြတဲ့နေရာမှာ ဘယ်လို တိုင်းတာမှုတွေ လုပ်တာလဲ။

 ဖြေ။ ။ လေ့လာတဲ့ နယ်ပယ် ၉ ခု သတ်မှတ်တယ်။ နိုင်ငံတနိုင်ငံရဲ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး Physical Health, Mental Health ကို တိုင်းတာတယ်။ Psycological Welding လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ သာယာ ၀ပြောမှု ကိုတိုင်းတာ တယ်။ Cultural Diversity, ယဉ်ကျေးမှု မျိုးကွဲများအားလုံး ထိန်းသိမ်းနိုင်မှု၊ Ecological ဂေဟဗေဒဆိုင်ရာ နောက် Time Use ဆိုတာကိုတိုင်းတာတယ်။ လူမျိုးတမျိုးက အိပ်ချိန် ပျမ်းမျှ ဘယ်လောက်ရှိတယ်။ အလုပ်ချိန် ဘယ်လောက် ရှိတယ် ဆိုတာလည်း တိုင်းတယ်။ ဒီလို တိုင်းတာမှုတွေကိုလည်း ထည့်သွင်းတွက်ချက်တယ်။ နောက်လူနေမှု အဆင့် အတန်း Standard of Living ကိုလည်း တိုင်းတယ်။ ပညာရေးအဆင့်အတန်းကို တိုင်းတယ်။ နောက်တခါ လူ့အဖွဲ့အ စည်းရဲ့ အရေးပါမှု၊ ဒါတွေကိုတိုင်းတယ်။

 မေး။ ။ နောက်ထပ် ဘာတွေ သိခဲ့ရသေးလဲ။ ကိုယ့်နိုင်ငံနဲ့ နှိုင်းယှဉ်ပြီး ဘယ်လို စဉ်းစားမိလဲ။

 ဖြေ။ ။ များသောအားဖြင့် နိုင်ငံတော်လို့ ဆိုတဲ့ဟာကို အာဏာရ အသိုင်းအ၀ိုင်းက သူတို့ကိုယ် သူ တို့ နိုင်ငံတော် လို့ ကိုယ်စားပြုပြီး သုံးနှုန်းနေတာဟာ တကယ့်တကယ်က ဖွံ့ဖြိုးတိုးတက်မှုကို စဉ်းစားတဲ့ အခါမှာ Community ရဲ့ အခန်း ကဏ္ဍ အရေးပါမှု မရှိရင် ဒါကို သူတို့က ဖွံ့ဖြိုးတိုးတက်မှုလို့ မသတ်မှတ် ဘူး။ 9 Domains ဆိုပြီး သူတို့က လေ့လာတဲ့ နယ်ပယ် ၉ ခု ရှိတယ်။ အဲဒီကနေ တိုင်းတာတဲ့ အသေးစိပ် အချက်အလက် အားလုံး ၃၃ မျိုး ဆင့်ပွား ခွဲခြား သတ်မှတ်ထားတယ်။ ဒါတွေကို အညွှန်းကိန်းတွေ လုပ်ပြီး မက်ထရစ်စနစ်နဲ့ တွက်ပုံတွက်နည်းတွေနဲ့ တိုင်းတာပြီးတော့မှ ဒီနိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်မှု အလွန်အမင်း လား၊ ပျော်ရွှင်ချမ်းမြေ့မှု အမြင့်ဆုံး အခြေအနေမှာ ရှိသလား၊ အလယ်အလတ်မှာ ရှိသလား၊ ဒါမှ မဟုတ် ရင် သာမန်ထက်နိမ့်တဲ့ ပျော်ရွှင်ချမ်းမြေ့မှုတွေလား၊ လုံးဝ ပျော်ရွှင်ချမ်းမြေ့မှု မရှိတဲ့အခြေအနေမှာ ရှိသ လား၊ အစရှိသဖြင့် အုပ်စုတွေ ခွဲခြားတယ်။ အဲဒါတွေကို ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ရည်မှန်းချက် မှာ ခေတ်သစ် ပါရာဒိုင်းအဖြစ်နဲ့ ထည့်သွင်း စဉ်းစားဖို့ ပေါ်လစီ Recommendation မူဝါဒဆိုင်ရာ အကြံပြု ချက်တွေအဖြစ်နဲ့ ထုတ်ပြန်နိုင်ဖို့ ကာလ သတ်မှတ်ချက်တွေနဲ့တကွ ဆွေး နွေးစဉ်းစားနေကြတာပါ။

 မေး။ ။ မြန်မာနိုင်ငံကလည်း GDP တွေ တက်လာတယ် ဆိုပြီး ကြွေးကြော်နေတာတွေ့ရတယ်။ ဒါကိုဖွံ့ဖြိုးတိုးတက် လာပြီလို့ ပြောလို့ရမလား၊ ဘယ်လိုထင်ပါသလဲ။

 ဖြေ။ ။ ကျနော်တို့ နိုင်ငံမှာ မူဝါဒ ချမှတ်သူတွေအနေနဲ့လည်း GDP ဂဏန်း ၂ လုံး တိုးတက်တယ်ဆိုတာကို ဂုဏ် ယူ ၀ံ့ကြွားပြီး ပြောနေမယ့် အစားတကယ်ဖွံ့ဖြိုးတိုးတက်မှုတွေ ဟုတ်ရဲ့လား ကျနော်တို့ အောက်ခြေ ပြည်သူတွေရဲ့ လူ နေမှု အဆင့်အတန်း၊ စိတ်ခံစားမှု အခြေအနေ၊ သူတို့ရဲ့ လူ့အဖွဲ့အစည်းမှာ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍ စသဖြင့် အဲဒါတွေ ကိုပါ ထည့် သွင်း စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ ဒီ အခြေခံ အယူအဆ လောက်ကို သတိပြုမိတယ်ဆိုရင်တောင်မှ ကျနော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးက အဓိပ္ပါယ်ပြည့်ဝတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေဆီကို ဦးတည်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။

 မေး။ ။ ဘူတန်နိုင်ငံကရော ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ရင် သူတို့က ဘယ်အဆင့်မှာ ဘယ်လို ညွှန်းကိန်း ရှိလဲ။ ဘူတန်နိုင်ငံကို ဘယ်လို မြင်မိလဲ။

 ဖြေ။ ။ ကျနော်တို့က ရက်ပိုင်းဘဲ လေ့လာခဲ့ရတာပါ။ ကျနော်ပြန်လာပြီးနောက်ပိုင်းလည်း နောက်ဆက်တွဲ ညီ လာခံ တွေ ရှိပါသေးတယ်။ အချိန်မရလို့ ပထမပိုင်း ၃ ရက်ဘဲ လေ့လာသူအဖြစ် တက်ခဲ့တာပါ။ အဓိက စိတ်ဝင်စားဖို့ ကောင်းတာက လူဦးရေအားဖြင့် ၆ သိန်းကျော် ၇ သိန်းလောက်ဘဲ ရှိတဲ့ ဘူတန်နိုင်ငံဟာ ရန်ကုန်မြို့ရဲ့ ၁၀ ပုံ ၁ ပုံ လောက်ရှိတဲ့ နိုင်ငံလေးက ပျော်ရွှင်မှုနဲ့ပတ်သက်တဲ့ အယူအဆကို ကမ္ဘာကို တင်ပို့နိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး နမူနာပြ နိုင်တဲ့ နိုင်ငံလေးဖြစ်နေတာပေါ့။ နောက်တခုကလည်း ဘုရင် အုပ်ချုပ်တဲ့ နိုင်ငံလေးကနေ ပြီးတော့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို လူထု အုံကြွမှုနဲ့ပြောင်းတာ မဟုတ်ဘဲနဲ့ အုပ်ချုပ်တဲ့ ဘုရင် ကိုယ်တိုင်က ပြောင်းပေးတာကလည်း ကျနော်တို့အတွက် အတုယူ စရာဖြစ် ပါတယ်။ သူတို့ နောက်ဆုံး ၂၀၀၈ ခုနှစ်မှာ လက်မှတ်ထိုး ပေးလိုက်တဲ့ ဖွဲ့စည်းပုံ အရဆိုရင် လွှတ်တော်ရဲ့ ၃ ပုံ ၂ ပုံ အများစုက အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချနိုင်တဲ့ အခန်း တွေဟာ ကျနော်တို့အတွက် လေ့လာစရာဘဲ။ အဲဒီ ၂၀၀၈ ခုနှစ်ကဘဲ ကျနော်တို့ဆီမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အ တည်ပြုခဲ့တာ။ ဟိုမှာလည်း ပဉ္စမမြောက် ဘူတန်ဘုရင်မင်း ဆက် ကနေပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာ တွေဟာ နှိုင်းယှဉ်ပြီးတော့လေ့လာစရာ သင်ခန်းစာတွေ အဖြစ် တွေ့ရတော့ ကျနော်တို့ နိုင်ငံ အတွက် အကျိုးရှိလိမ့် မယ်လို့ ထင်တယ်။

 မေး။ ။ ဘူတန်နိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး အတော် စည်းစနစ်ကျကျနဲ့ လုပ်ဆောင် ထားတာတွေ ရှိပါတယ်။ ဥပမာ ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုများတာတွေပေါ့။ ဒါတွေနဲ့ ပတ်သက်လို့ရော ဘာတွေလေ့ လာခွင့် ရခဲ့ပါလဲ။

 ဖြေ။ ။ အဲဒါကလည်း သူတို့ ရဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု သဟဇာတဖြစ်အောင် စီမံတဲ့နေရာ မှာ ခရီးသွား လုပ်ငန်းကို သူတို့က Low Volume နည်းနဲ့ လုပ်တယ်။ အများကြီး ၀င်လာတာ ထက်ကို ၀င်လာတဲ့သူ နည်းနည်းလေး ကနေပြီးတော့ သူတို့ဆီမှာ လာရင် အနည်းဆုံး ငွေကြေး ဘယ်လောက် သုံးရမယ်ဆိုတ High Earn ကို သတ်မှတ် ထား ပြီးတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ထိန်းချုပ်ထားတာပေါ့။ ဆိုလိုတာကတော့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကနေ ၀င်ငွေလည်း ရရ မယ်။ နောက်သူ့ရဲ့ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှု အဆောက်အအုံတွေကိုလည်း ကာကွယ်စောင့်ရှောက် ရေးဆိုတဲ့ အယူအဆ၂ ခုကို သူတို့က ထိန်းပြီး လုပ်နေတာတွေ့ရတယ်။ ဘာဘဲ ပြောပြော အားသာချက် တွေ၊ အားနည်းချက်တွေတော့ ရှိနေတာအမှန်ပါဘဲ။ ကျနော်တို့ နိုင်ငံအနေနဲ့လည်း Tourism ဖွံ့ဖြိုးလာဖို့ လုပ်တဲ့နေရာမှာ Cutural Value တွေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေ၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ကို မျှ ပြီး လုပ်သွားရမှာပါ။

 မေး။ ။ ဘူတန်ရဲ့ အခြေခံ အဆောက်အအုံတိုးတက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ Happiness ဆိုတဲ့ ပျော်ရွှင် ချမ်းမြေ့မှု ဆိုင်ရာတွေဟာ ဟန်ချက်ညီတယ်လို့ ထင်ပါသလား။

 ဖြေ။ ။ သူကတော့ နိုင်ငံလည်း သေးတယ်။ လူဦးရေလည်း နည်းတယ်ဆိုတော့ အားလုံးကို ကျနော်တို့နဲ့ ထပ်တူ ပြုလို့ မရပါဘူး။ အချိန်ကလည်း သိပ်မရတော့ အသေးစိပ် လေ့လာချိန် များများ မရခဲ့ဘူး။ သူတို့ဆီမှာ လမ်း။ တံတား တည်ဆောက်ရေးတွေက အိန္ဒိယကနေ အကူအညီပေးတာတွေ များတယ်။ အိန္ဒိယနဲ့ ဆက်ဆံရေးလည်း များတယ်။ အထူးသဖြင့် နိုင်ငံကြီးတွေကြားမှာ တည်ရှိနေတဲ့ ကျနော်တို့ လို နိုင်ငံငယ်လေးတွေဖြစ်တာချင်းတူတယ်။ သူလည်း တရုတ်နဲ့ အိန္ဒိယကြားမှာ တည်ရှိတဲ့နိုင်ငံငယ်လေး တခုပါ။ ဒီလို နိုင်ငံကြီးတွေကြားထဲက နိုင်ငံငယ်လေးတွေ အနေနဲ့ ကိုယ့်ရဲ့ အမျိုးသား အမှတ်သရုပ် ( Identity) ကို ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီးတော့ ဒီထက် ပိုပြီး ကျယ်ပြန့် တဲ့ ဆွေးနွေးပွဲတွေ လူထုပါဝင်တဲ့ ဆွေးနွေးမှုတွေ သက်ဆိုင်ရာ ပညာရှင်တွေကိုယ်တိုင် တက်တက်ကြွ ကြွနဲ့ ပါဝင်ဆွေးနွေးတဲ့ပွဲမျိုးတွေ ကျနော်တို့ အများကြီး လုပ်ဖို့ လိုမယ်လို့ မြင်ပါတယ်။

 မေး။ ။ ဘူတန်နိုင်ငံရဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ရော ဘာတွေ မြင် တွေ့ခဲ့ရလဲ။

 ဖြေ။ ။ ကျနော်တို့ သွားတဲ့ ကာလက တိုတောင်းတော့ အပြည့်အစုံတော့ မလေ့လာနိုင်ခဲ့ဘူး။ ကျနော်တို့ကို ဖိတ်တဲ့ အဖွဲ့ အစည်းကတော့ Center for Bhutan Study ဆိုတာပါ။ သူကတော့ အစိုးရကနေ ကမကထ ပြုပြီးဖွဲ့ထား တာဖြစ်ပေမယ့် သူတို့လည်း တော်တော်လေး လွတ်လွတ်လပ်လပ်လုပ်နိုင်ကိုင်နိုင်ရှိတာတွေ့ ရပါတယ်။

ကိုကိုကြီးရဲ့ ဘူတန်အတွေ့အကြုံ ပြန်လည် ရှင်းလင်းပွဲကို ယနေ့ စနေနေ့မှာ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမှာဖြစ်ပါတယ်။

ဧရာဝတီ

Friday, February 8, 2013

အခြေခံလူတန်းစားများဝမ်းစာရေးအတွက်တစ်ပိုင်တစ်နိုင် အလုပ်လုပ်နိုင်ရေးနည်းပညာသင်တန်းပေးမည်

 
မြန်မာနိုင်ငံအတွင်းရှိအခြေ ခံလူတန်းစားများ ၀မ်းစာအတွက် တပိုင်းတနိုင်အလုပ်လုပ်နိုင်ရေး အတွက် သမ၀ါယမ၀န်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာသင်တန်း အလှကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်း၊စားသောက် ကုန်အမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
““အဆိုပါကဲ့သို့ နည်းပညာ သင်တန်းများပေးရခြင်းမှာ မြန်မာ နိုင်ငံဈေးကွက်အတွင်းသို့ တံဆိပ် အမျိုးနှင့်ဝင်ရောက်လာသော ကုန်ပစ္စည်းများအစား သွင်းကုန် အစားထိုးရန်အတွက် ပြည်သူလူ ထုအတွင်း ယခုနည်းပညာများ ပြန့်ပွားစေကာထုတ်ကုန်များထုတ် လုပ်နိုင်ရန်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။ 
သမ၀ါယမ၀န်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှတာဝန်ရှိတစ်ဦးက ““ဒီ သင်တန်းတွေကို တက်ချင်တယ် ဆိုရင် မြောက်ဥက္ကလာမြို့နယ်၊ သုဓမ္မလမ်းမကြီးမှာရှိတဲ့ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကို စာရင်းပေးသွင်းနိုင်တယ်။ ဒီ ၀၁.၆၆၂၉၅၆ဖုန်းနံပါတ်ကိုလည်း စာရင်းပေးသွင်းနိုင်တယ်။ အသက် အရွယ်ကန့်သတ်ထားတာမရှိဘူး။ ပညာအရည်အချင်းကန့်သတ် ထားတာမရှိဘူး။ဘယ်သူမဆို တက် လို့ရတယ်။ 
ဒီသင်တန်းတွေတက် ပြီးပြီဆိုရင် ထုတ်လုပ်ခွင့်လိုင်စင် နဲ့သင်တန်းဆင်းလက်မှတ်တွေကို ပါပေးမှာပါ သင်တန်းကိုတစ် ယောက်ချင်းလည်းတက်လို့ရတယ်။ အများနဲ့လည်းတက်လို့ရတယ်””။ ဟုပြောကြားခဲ့သည်။
 
ယင်းသင်တန်းမှပြီးစီးပါက လည်း လိုအပ်သည့်အကူအညီများ ကို အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာနမှ ကူညီပေးမည်ဖြစ် ကြောင်းသိရှိရသည်။


The Hot News

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ)ကို ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာ ၀န်ကြီးခန့်အပ်ရန် အဆိုပြု

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ) အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာဌာန ၀န်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအား ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာ ၀န်ကြီး ခန့်အပ်ရန်အတွက် ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော် သမ္မတက သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး အဆင့်ရှိ ကာကွယ်ရေး ဦးစီးချုပ်(လေ)ကို ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်ရန် အဆိုပြုခဲ့ခြင်းမှာ အစိုးရသစ်လက်ထက် ပထမဆုံး အကြိမ်အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

 ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းထွန်းကို ဇန်န၀ါရီလ ၁၆ ရက်နေ့က ရာထူးမှ နုတ်ထွက်ခွင့်ပြုပြီးနောက် လစ်လပ်လျက် ရှိနေသော နေရာကို ဗိုလ်ချုပ်ကြီး မြတ်ဟိန်းဖြင့် အစားထိုးရန် နိုင်ငံတော် သမ္မတက အဆိုပြုခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို စစ်ဘက်ရာထူး ပြန်လည် ထမ်းဆောင်ရန် ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့သော နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာတွင် ထည့်သွင်း ဖော်ပြခဲ့ပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို စစ်ဘက် ရာထူး ပြန်လည် ထမ်းဆောင်စေခြင်းနှင့် အတူ လစ်လပ်သွားသော နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး နေရာအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကို ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတက အဆိုပြုခဲ့ပါသည်။ နိုင်ငံတော် သမ္မတ အနေဖြင့် ပြည်ထောင်စု ၀န်ကြီးများ ခန့်အပ်ရာတွင် ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဌာနများအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော် သားများ၏ အမည် စာရင်းကို ရယူ ရမည် ဖြစ်ကြောင်းနှင့် ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီး ဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများ အပြင် အခြား ၀န်ကြီး ဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုပါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သိရှိရပါသည်။

 ဇန်န၀ါရီလ ၁၆ ရက်နေ့က ဦးသိန်းထွန်းကဲ့သို့ ရားထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည့် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရ ဦးမြင့်မောင်၏ နေရာကို ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်အား တာဝန်ထမ်းဆောင်ရန် နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီလ ၅ ရက်တွင်ခန့်အပ် တာဝန်ပေးအပ်ခဲ့ပါသည်။

 Eleven Media Group

မြန်မာပြည် လာမယ့်သူ တရုတ်အစိုးရ ပေးမထွက်

၂၀၁၀ တုန်းက “ချာတာ ၀၈” တီရှပ်ဝေနေတဲ့ ဝမ်ဇွန်ရှ

ရန်ကုန်လာပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန် ကြိုးပမ်းမည့် တရုတ်လူငယ် တဦးကို တရုတ် အစိုးရက နိုင်ငံ အပြင်ဘက် ပေးမထွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၆ ရက် မနက်တွင် တရုတ်ပြည် တောင်ပိုင်း ဂွမ်ဇူး (ယခင်အခေါ် ကန်တုံ) မြို့ လေဆိပ်တွင် ဝမ်ဇွန်ရှ အမည်ရှိ လူငယ်ကို တရုတ် အရာရှိများက ရန်ကုန်သို့ ထွက်ခွာမည့် လေယာဉ်ပေါ် မတက်မီ တားဆီးခဲ့ပြီး တနာရီခန့် စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ တိုင်းပြည်မှ ထွက်ခွာခွင့် မပြုနိုင်ကြောင်း အဆိုပါ လူငယ်ကို တာဝန်ရှိသူများက ပြောဆိုခဲ့ပြီး လူငယ် နေထိုင်ရာ ဘီဂျင်းရှိ ပြည်သူ့လုံခြုံရေးဌာနသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ မြန်မာနိုင်ငံသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ လုပ်ခဲ့တယ်။ သူ လွှတ်တော် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရ အပြီးမှာတော့ ကျနော်တို့ သွားတွေ့လို့ ဘာ ပြဿနာမှ မရှိတော့ဘူးလို့ ထင်ခဲ့တာပေါ့” ဟု ဝမ်ဇွန်ရှက ဟောင်ကောင်ရှိ ဧရာဝတီ သတင်းထောက်ကို ပြောဆိုသည်။ “ဘီဂျင်းက ပြည်သူ့လုံခြုံရေးဌာနရဲ့ အမိန့်ကြောင့် တိုင်းပြည်က ထွက်ခွာခွင့် မပေးနိုင်ဘူးလို့ ကျနော့်ကို ပြောပါတယ်။ စာရွက်စာတမ်း အထောက်အထားပြဖို့ ပြောတော့ ငြင်းတယ်” ဟုလည်း ဝန်ဇွန်ရှက ဆိုသည်။

အသက် ၂၈ နှစ်အရွယ်ရှီ ဝမ်ဇွန်ရှသည် မြန်မာပြည်တွင် တရုတ်နှစ်သစ်ကူးကာလ ၉ ရက်ကြာ နေထိုင်ရန်ရှိပြီး တရုတ်ပြည်သို့ အပြန် လေယာဉ်လက်မှတ်လည်း ဝယ်ထားပြီး ဖြစ်သည်။
မြန်မာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ အဆိုအရ ယမန်နှစ်က မြန်မာနိုင်ငံသို့ လာသော တရုတ်နိုင်ငံသား ၇၀၈၀၀ ဦးရှိကြောင်း သိရသည်။ အမှန်တကယ် ဝင်ရောက်လာသော တရုတ်နိုင်ငံသားဦးရေ ပိုများနိုင်သည်။ ရွှေလီနယ်ခြားစောင့်တပ်ဖွဲ့က ကြေညာသည်မှာ မနှစ်က နယ်ခြားဖြတ်ကျော်သူ ၁၂ သန်းကို မှတ်တမ်းယူခဲ့သည်ဟု ဆိုသည်။

“ခေါင်းဆောင်မှုသစ်၊ ရာသီသစ်” ဟု မတ်လတွင် ကျင်းပခဲ့သော တရုတ်ပြည်သူ့ကွန်ဂရက်က ချမှတ်ခဲ့သော နိုင်ငံရေးပေါ်လစီနှင့် ရွေးချယ်တင်မြှောက်ခဲ့သော ကွန်မြူနစ်ပါတီခေါင်းဆောင်များကို ရည်ညွှန်းပြီး နာမည်ကျော် အနုပညာရှင်လည်းဖြစ် ဝမ်ဇွန်ရှ၏ မိတ်ဆွေလည်းဖြစ်သူ အိုင်းဝေဝေက အထက်ဖော်ပြပါ အဖြစ်အပျက်အပေါ် ရွဲ့ပြီး သူ၏ တွီတာတွင် ရေးသားမှတ်ချက်ပြုသည်။
လွန်ခဲ့သော ငါးနှစ်က ဝမ်ဇွန်ရှသည် ယခုအခါ အကျဉ်းချခံနေရသော တရုတ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လျှူရှောက်ဘို ဦးစီးရေးသားသော “ချာတာ ၀၈” ကြေညာစာတမ်းတွင် လက်မှတ်ရေးထိုးသူ တဦး ဖြစ်သည်။ ယင်းကြေညာစာတမ်းသည် တရုတ်ပြည်တွင် ဒီမိုကရေစီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးတို့ ထွန်းကားရေးကို တောင်းဆိုထားပြီး တရုတ် ပညာတတ် ရာပေါင်းများစွာ လက်မှတ်ရေးထိုးခဲ့သည်။

စီးပွားရေးပညာဖြင့် ဘွဲ့ရထားသော ဝမ်ဇွန်ရှသည် “ချာတာ ၀၈”ကို ပြန့်ပွားရေး တီရှပ်များ ရိုက်နှိပ်ဖြန့်ချိခဲ့ဖူးပြီး လျှူရှောက်ဘိုကို တရားရုံးတင် စစ်ဆေးသောအချိန်က အကျယ်ချုပ်ခံခဲ့ရသည်။
မြန်မာပြည် မသွားရန် ပိတ်ပင်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး ဝမ်ဇွန်ရှက “တရုတ်တွေ အမေရိကား သွားလို့ရတယ်။ ဒါပေမယ့် ကျနော့်လို တရုတ်ကျ မြန်မာပြည်တောင် သွားမရဘူး။ စိတ်ပျက်စရာပါ” ဟုလည်း ပြောဆိုသွားခဲ့သည်။

ဧရာဝတီ 
 

အောက်တိုဘာလတွင် ရောင်းချတော့မည့် Ubuntu ဖုန်း OS လက်ကိုင်ဖုန်းများ



၂၀၁၂ ခုနှစ် ၊ ဧပြီလက Ubuntu မိုဘိုင်း လည်ပတ်စနစ် အတွက် စီးပွားရေး ဖွံ့ဖြိုးမှု မန်နေဂျာ (Business Development Manager) ရာထူးတစ်နေရာ
ခေါ်ယူသည့် အခါတွင် Ubuntu ဖုန်း OS ကို ပထမဦးဆုံး အကြိမ် ပြန်လည် ထုတ်ဖေါ် ပြသခဲ့သည်။

အဆိုပါ စနစ်အကြောင်း သတင်း မီဒီယာများတွင် လပေါင်းများစွာ အကြိမ်ကြိမ် ဖေါ်ပြခဲ့ကြပြီး၊ ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းက အဓိက ပါဝင်မည့် Ubuntu Phone apps (၁၂) ခုကို ပြုလုပ် ဖန်တီးနိုင်မည့် Developers များကို Canonical မှ ရှာဖွေခဲ့သည်။ ထို့နောက် လာမည့် အောက်တိုဘာ လတွင် Ubuntu ဖုန်း OS လက်ကိုင်ဖုန်းများကို ပထမဦးဆုံး အနေဖြင့် ဈေးကွက်တွင် တွေ့မြင်ရတော့မည် ဖြစ်ကြောင်း Canonical ကုမ္ပဏီကို တည်ထောင်သူ Mark Shuttleworth က ပြောကြားခဲ့သည်။ ပထမဦးဆုံး ဗားရှင်းသည် Ubuntu Desktop apps များကို ဖုန်းလည်ပတ် စနစ်တွင် မောင်းနှင်နိုင်ဦးမည် မဟုတ်ကြောင်းနှင့် နောင်လာမည့် ဗားရှင်းများတွင် ထိုသို့ ဆောင်ရွက်လာနိုင်ရန် ပြုလုပ်မည်ဟု ဆိုသည်။ ၄င်းသည် window စနစ်သုံး apps များကို လည်း sever များနှင့် ချိတ်ဆက် အသုံးပြုနိုင်မည်ဟု Mark Shuttleworth က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း နောက်ကွယ်မှ မပါခဲ့ကြောင်း အစိုးရ ထုတ်ပြန်ပေးရန် MSF တောင်းဆို

 MSF ၏ ညွှန်ကြားရေးမှူး မစ္စတာ Arjan Hehenkamp (ယာ) နှင့် MSF အဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် မစ္စတာ Perer Paul de Groote (ဝဲ) (ဓာတ်ပုံ – ဧရာဝတီ)

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွင် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF/AZG) က မွတ်စလင်များဘက်မှ ပါဝင်ပက်သက်မှု မရှိခဲ့ကြောင်း လူသိရှင်ကြား ထုတ်ပြန်ပေးရန် အစိုးရထံ တောင်းဆိုလိုက်ကြောင်း သိရသည်။

ထိုဖြစ်စဉ်တွင် MSF အနေဖြင့် နောက်ကွယ်မှ ပါဝင်ပက်သက်ခဲ့သည်ဆိုသည့် ကောလာဟလ များကြောင့် ၎င်းတို့ အဖွဲ့အစည်းကို အစိုးရစစ်တပ်မှ လာရောက်ရှာဖွေသော်လည်း ဘာမှမတွေ့ခဲ့သည်ကို အစိုးရ ဌာနဆိုင်ရာများက အသိအမှတ် ပြုပြီးဖြစ်ကြောင်း၊ သို့ရာတွင် ယနေ့အချိန်အထိ လူသိရှင်ကြား ထုတ်ပြန်ပေးမှု မရှိသေးကြောင်း MSF ၏ ညွှန်ကြားရေးမှူး မစ္စတာ Arjan Hehenkamp က ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ကောလာဟလတွေ ပေါ်မှာပဲ မူတည်ပြီးတော့ မဆုံးဖြတ်ပါနဲ့လို့ ပြောချင်ပါတယ်။

အဲဒီ ကောလာဟလပေါ်မှာ မူတည် ဆုံးဖြတ်တဲ့ အတွက်ကြောင့် ရှာဖွေခံရတဲ့ အဆင့်အထိ ရောက်ခဲ့ပါတယ်။ အဲဒါကြောင့် အများကြီး ထိခိုက်နစ်နာပါတယ်” ဟု ၎င်းက ဆိုသည်။
MSF သည် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စကိုသာ ဦးတည်လုပ်ဆောင်ခဲ့ပြီး ကျူးကျော်ဝင်ရောက်ခြင်း ကိစ္စ၊ ဘာသာရေး ကိစ္စ၊ နိုင်ငံရေးကိစ္စ များအပေါ် စိတ်ဝင်စားခြင်းမရှိကြောင်း သူက ဆက်ပြောသည်။

ယခု ဖြစ်ပျက်မှုများတွင် မည်သူမှားသည်၊ မည်သူမှန်သည်ကို မသုံးသပ်လိုကြောင်း၊ ၎င်းတို့သည် မည်သည့်လူမျိုးကိုမဆို ကူညီပေးနေသည် ဆိုသော အမြင်များဖြင့် သုံးသပ်ပေးရန်အတွက် အစိုးရနှင့် ဒေသတွင်း လူထုကို မစ္စတာ Arjan Hehenkamp က တိုက်တွန်း လိုက်သည်။

MSF အဖွဲ့သည် ရခိုင်ဒေသတွင်သာ မကဘဲ တခြားသော ပဋိပက္ခဖြစ်ပျက်နေသော နေရာများတွင်လည်း အလုပ်လုပ်နေသော အဖွဲ့ဖြစ်ပြီး ထိုသို့ ပဋိပက္ခ ဖြစ်စဉ်တွင် အနည်းအကျဉ်းမျှ ပါဝင်ပက်သက်ခဲ့လျှင်လည်း ညွှန်ကြားရေးမှူး တဦးအနေဖြင့် အရင်ဦးဆုံး ကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုလက်ရှိ အချိန်တွင် MSF ကို ရခိုင်လူထုအနေဖြင့် လက်မခံနိုင်ခြင်းမှာ ဖြစ်ပွားခဲ့သော ပဋိပက္ခ၏ သဘောသဘာဝ များကြောင့် ဖြစ်နိုင်ကြောင်း၊ MSF တွင် တာဝန်ထမ်းဆောင် ခဲ့သည့် နှစ် ၂၀ ကာလအတွင်း ယခုကဲ့သို့ လူမျိုးစု ၂ စုအကြား ကြားညပ်ခံရသည့် ဖြစ်ရပ် မတွေ့ကြုံခဲ့ဖူးကြောင်း သူက ဆိုသည်။

“ကျနော်တို့ရဲ့ မြန်မာနိုင်ငံသား ဆရာဝန်တွေဟာ ဆေးကုသမှု လိုအပ်ချက်ပေါ်မှာ မူတည်ပြီးတော့ ကုသပေးနေတာ၊ ကျန်တဲ့အပေါ်မှာ ခွဲခြားဆက်ဆံတယ်လို့ ပြောခဲ့ရင် ငြင်းဆိုမှာပါ။ ဒါပေမယ့် သေချာတာ တခုကတော့ လူမျိုးစု ၂ ခု အတွင်းမှာ လူမျိုးစုတစုကနေ နောက်တစုကို မြင်တဲ့အမြင်ကြောင့် ကျနော်တို့ရဲ့လုပ်ငန်းအပေါ်မှာ လာထိခိုက်မှု ရှိတာတော့ အမှန်ပါပဲ” ဟု ၎င်းက ဆက်ပြောသည်။
လူမျိုးစု ၁ စုကို ကူညီသည့် အတွက်ကြောင့် နောက်လူမျိုးစုက အမြင်မကြည်လင် မှုများသည် ယခုကဲ့သို့ ပြဿနာ မဖြစ်ခင်ကတည်းက ရှိနေပြီးသား ဖြစ်ကြောင်း၊ ထို့အပြင် ယခု ဖြစ်စဉ်၌ ၎င်းတို့အဖွဲ့အစည်းမှ ၀န်ထမ်းတချို့သည် လက်နက်ကိစ္စနှင့် ပတ်သက်၍ ပါဝင်ပက်သက်မှုများ ရှိသည်ဟု စွပ်စွဲမှုများ ရှိနေသည်ကိုလည်း သူက ငြင်းဆန်ကြောင်း Arjan Hehenkamp က ဆိုသည်။

 MSF အဖွဲ့သည် မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင် နေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနှံ့အပြား တွင် ပုံစံမျိုးစုံဖြင့် အလုပ်လုပ်ပေးနေသည့် အဖွဲ့အစည်း တခုဖြစ်ကြောင်း၊ နှစ်ရှည် ကျန်းမာရေး ၀န်ဆောင်မှုပေးသော အဖွဲ့စည်းတခုဖြစ်သကဲ့သို့ အရေးပေါ် ကျန်းမာရေး ၀န်ဆောင်မှုများကိုလည်း လုပ်ပေးနေကြောင်း MSF အဖွဲ့၏ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် မစ္စတာ Perer Paul de Groote က ရှင်းပြသည်။

MSF အဖွဲ့၏ အကြီးမားဆုံး စီမံကိန်းသည် HIV နှင့် တီဘီရောဂါ ဝေဒနာရှင်များကို ၀န်ဆောင်မှု ပေးသော
 လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံတွင် HIV လူနာများမှ လူ ၅ သောင်းမျှ ဆေးဝါးကုသမှု ကုထုံးရရှိနေပြီး MSF အဖွဲ့မှ လူ ၃ သောင်းကို ကုသမှု ပေးထားကြောင်း သိရသည်။ တီဘီ လူနာများအတွက် နှစ်စဉ် လူ ၃ ထောင်ကို ကုသမှုပေးနေကြောင်း၊ အဆိုပါ လူနာ များသည် HIV နှင့် ယှဉ်တွဲကာ ဝေဒနာ ခံစားနေသော လူနာများဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ နောက်ထပ် တိုးချဲ့ကုသပေးနေတာက ဆေးယဉ်ပါးနေတဲ့ တီဘီ လူနာတွေအတွက် ကုထုံးတွေ ထပ်ပေး နေပါတယ်။ မကြာခင်ကမှ အစိုးရကလည်း ကချင်ဒေသမှာ ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် အကူညီပေးလို့ ရတယ်လို့ ပြောတဲ့အတွက် ကျနော်တို့ အဲဒီဒေသခံတွေကို အကူအညီတွေ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု မစ္စတာ Perer ပြောသည်။

ရခိုင်ပြည်နယ်တွင် MSF အဖွဲ့၌ တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ချောမောစွာ ဆောင်ရွက်မရအောင် လူတချို့က ခြိမ်းခြောက်နှောင့်ယှက်မှုများနှင့် တွေ့ကြုံနေရကြောင်း၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်ရန်လိုအပ်သော လူနာများကို ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးရာတွင်လည်း အခက်အခဲများတွေ့ကြုံနေရပြီး အချိန်မီ မရောက်ရှိသောကြောင့် အသက်ဆုံးရှုံးမှုများရှိနေကြောင်း MSF အဖွဲ့က သတင်းထုတ်ပြန် ထားသည်။

 ၎င်းတို့ အဖွဲ့ရောက်ရှိခဲ့သော ဒုက္ခသည်စခန်းများတွင် အာဟာရချို့တဲ့မှု ပြင်းထန်သော ကလေးငယ်များကို တွေ့ရှိခဲ့ရပြီး အရေပြားရောဂါ၊ နာတာရှည် ချောင်းဆိုးရောဂါ၊ သန်ထခြင်း၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့် ၀မ်းပျက် ၀မ်းလျောရောဂါများ ဖြစ်ပွားနေသည်ကိုတွေ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ပါဝင်သည်။

MSF အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရှိဖြင့် မည်သူ့ကိုမဆို ၎င်းတို့နှင့် လာရောက် စကားပြောရန် ကြိုဆိုထားကြောင်း၊ ရခိုင်လူထု အနေဖြင့် ယင်းတို့ကို ပြန်လည်လက်ခံရန်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့၊ ဘာသာရေး ခေါင်းဆောင်များထံတွင် အကြံဉာဏ်များ ရယူခဲ့ကြောင်း Arjan Hehenkamp ကပြောသည်။

“ဒီကိစ္စနဲ့ ပက်သက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့လည်း စကားပြောဖြစ်ပါတယ်။ ရဟန်းပျိုအဖွဲ့ တွေနဲ့လည်း စကား ပြောဖြစ်ပါတယ်။ သူတို့က ဘယ်လိုအကြံဉာဏ်ရလဲ ဆိုရင် အရင်ဦးဆုံး စပြီးတော့ ညင်ညင်သာသာနဲ့ အလုပ်လုပ်ပါ၊ တစ်ခုခုမလုပ်ခင် တိုင်ပင်ပါ၊ သူတို့ကိုမေးမြန်းပါ၊ ပြဿနာ ဖြစ်နိုင်တဲ့ အဖွဲ့အစည်းတချို့၊ လူတချို့နဲ့ စကားပြောနိုင်တဲ့ ပုံစံမျိုး လုပ်ပါလို့ အကြံပေးပါတယ်” ဟု ၎င်းက ဆိုသည်။

"ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား" ဆိုတဲ့ ဒေါက်တာဆိတ်ဖွားဆိုသူရဲ့ အွန်လိုင်းရေးသားချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းမည်

"ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား" ဆိုတဲ့ ဒေါက်တာဆိတ်ဖွားဆိုသူရဲ့ အွန်လိုင်းရေးသားချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းမည်။

ဥက္ကဌ - ဦးမြငြိမ်း(ပြည်ထောင်လွှတ်တော် ဒု-နာယက)
ဒု - ဥက္ကဌ - ဦးနန္ဒကျော်စွာ(ပြည်သူ့လွှတ်တော် ဒု-ဥက္ကဌ)

အဖွဲ့ဝင်များ-

ဒေါက်တာ စိုးရင်
ဒေါက်တာ မြတ်ဥာဏစိုး
ဦးဖုန်းမြင့်အောင်
ဦးအောင်ဆန်း
ဦးအောင်ငြိမ်း
ဦးခိုင်မောင်ရည်
ဦးကံညွန့်
ဦးသိန်းညွန့်
ဦးစိုင်းကျော်ဇောသန်း
ဦးအုန်းကြိုင်
ဦလှဆွေ
ဦးသိန်းဦး
ဦးစန်းလွင်
ဒေါ်ကြင်စန်း
ဦးမင်းဆွေ