စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, July 21, 2012

မရမ်းကုန်းမြို့ နယ်(၅)ရပ်ကွက်ရှိကျူးကျော်အိမ်များဖျက်သိမ်းခံရ


မရမ်းကုန်းမြို့ နယ်၊ (၅)ရပ်ကွက် ၊ရန်ကြီးအောင်ပတ်လမ်းရှိ ကျူးကျော်အိမ် (၉၄)လုံးအား ဇူလိုင်လ(၂၀)ရက် နေ့  နံနက်ပိုင်းမှစတင်၍ လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှဝန်ထမ်းများက ၀င်ရောက်ဖျက်သိမ်းခဲ့ကြောင်း အဆိုပါရပ်ကွက်တွင်နေထိုင် သူများထံမှသိရသည်။ အဆိုပါမြေသည် လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင်ဖြစ်ပြီး ၄င်းနေရာ၌ နေထိုင်သူများအား ယခုနှစ် ဖေဖော်ဝါရီလမှစ၍ အမြန်ဆုံးပြောင်းရွှေ့ ဖယ်ရှားပေးရန် သုံးကြိမ်တိုင်အကြောင်းကြားပြီးဖြစ်သော်လည်း ပြောင်းရွှေ့ ခြင်းမပြုသည့်အတွက် ကျူးကျော်အိမ်များအား ၀င်ရောက်ရှင်းလင်းရခြင်းဖြစ်သည်ဟု လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။




“DCA က ဇူလိုင်လ(၂၀)ရက်နေ့  မနက်၅နာရီခွဲမှာ ရောက်လာပြီး အိမ်တွေကိုချက်ချင်းပြောင်းပေးဖို့ ပြောတယ်။ကျွန်မတို့ က မိုးရွာနေတဲ့အတွက် မိုးတိတ်မှပြောင်းပေးပါ့မယ်လို့ ပြောတာကို မရပဲ အိမ်တိုင်ကို ရဲတင်းနဲ့ ခုတ်၊ လွှနဲ့ဖြတ်ပြီး အိမ်ကိုဖြိုချပစ်တယ်။ဖြိုပြီးလို့ ကျန်တဲ့ ပစ္စည်းတွေကို ပြန်သယ်သွားရင်သွား၊ မသွားရင် ကားနဲ့ တက်ကြိတ်မယ်လို့ ပြောတဲ့ အပြင် ဒီမြေမှာလာနေတာနဲ့ ဖမ်းဆီးထောင်ချမယ်ပြောလို့  ကျွန်မတို့ မှာကလေးတွေနဲ့ အတူ တစ်ညလုံးမိုးရေထဲမှာနေရတဲ့အပြင် ထမင်းလည်းမစားခဲ့ရဘူး”အိမ်အဖျက်ခံခဲ့ရသူ အမျိုးသမီးတစ်ဦးကပြောသည်။

ဖျက်ဆီးခံရသော အိမ်များတွင် မိသားစု ၁၀၀ခန့် နေထိုင်ကြပြီး လူဦးရေ(၁၅၀)ခန့် ရှိကာ ၄င်းတို့ အနက် ကျောင်းသားကျောင်းသူ(၄၀)ခန့် ပါဝင်ကြောင်း၊ လက်ရှိ၌ ဖျက်ဆီးခံရသော ကျူးကျော်တဲများ၌ နေထိုင်သူများမှာ နေစရာနေရာမရှိသည့်အတွက် ၊ရန်ကြီးအောင်ပတ်လမ်း နှင့် အဆိုပါရပ်ကွက်ရှိ အောင်သစ္စာဓမ္မာရုံတွင်နေထိုင်လျက်ရှိကြောင်းသိရသည်။




“ဒီကိစ္စနဲ့ ပတ်သက်ပြီးကျွန်တော်တို့ သိတာက လေယာဉ်ကွင်းတိုးချဲ့ တည်ဆောက်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးစရာရှိတယ်။လာခဲ့ပါဆိုပြီး DCA ကခေါ်တဲ့အတွက် သွားတာ။အိမ်တွေဖြို ဖျက်တဲ့ကိစ္စက ကျွန်တော်တို့ နဲ့ မပတ်သက်ပါဘူး။ဒါက ဌာနဆိုင်ရာကဆောင်ရွက်တဲ့ကိစ္စပါ။ ဒီနေရာမှာနေတဲ့သူတွေကို ရပ်ကွက်က ၂၀၁၀ ရွေးကောက်ပွဲတုန်းက ယာယီသန်းခေါင် စာရင်းထုတ်ပေးထားပေမယ့် ကျူးကျော်တွေဖြစ်တဲ့အတွက်ကြောင့် ဧည့်စာရင်းမပေးပါဘူး။ ဒီဖြစ်ရပ်အပေါ် ရပ်ကွကါအနေနဲ့ သနားပေမဲ့ ဘယ်လိုမှမကူညီနိုင်တဲ့အတွက် ၀ဋ်ကြွေးကြောင့်ဖြစ်တာလို့ ပဲ သဘောထားရတော့မယ်” ဟု မရမ်းကုန်းမြို့ နယ်(၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဖြစ်သူက ဆိုသည်။

ထိုသို့ ဖျက်ဆီးရွှေ့ ပြောင်းခံရမှုနှင့်ပတ်သက်၍့ ပြောင်းရွှေ့ ခံရများက ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ သို့  သွားရောက်အကူအညီတောင်းခံကာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ အသနားခံစာပေးပို့ သွားမည်ဖြစ်ကြောင်းပြောသည်။ ကျွန်တော်တို့ ဖက်က လုပ်နိုင်တာက နိုင်ငံတော်အစိုးရက ဥပဒေပိုင်းအရ ကျူးကျော်မို့ လို့ ဖျက်တာမှန်ပေ မယ့် နိုင်ငံတော်အစိုးရမှာ နိုင်ငံသားတိုင်းကို အကာအကွယ်ပေး ရမယ့်တာဝန်ရှိတယ် လို့ ခံယူတယ်။

ဒါကြောင့် နိုင်ငံတော်ရဲ့ သက်ဆိုင်ရာအဆင့်ဆင့်နဲ့  ရန်ကုန်တိုင်းဒေ သကြီးအစိုးရကို ရော ဒီလူတွေရဲ့ဒုက္ခတွေကို ယာယီဖြစ်ဖြစ်၊ အခြားသတ်မှတ်ချက်တစ်ခုခုဖြစ်ဖြစ် ငဲ့ညာသနားသောအားဖြင့် ကိုင်တွယ်ဖြေရှင်းပေးဖို့  ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ အနေနဲ့ သက်ဆိုင်ရာအဆင့်ဆင့် မေတ္တာရပ်ခံစာတွေပေးပို့ သွားမှာဖြစ်တယ်ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးကပြောသည်။

သူရထွန်း

Popular Myanmar News Journal



"မနေ့က ဆိုလို့ ရှိရင် လူပေါင်း ၂၀၀ လောက်ရှိတယ်။ ရဲ၊ စစ်တပ်လည်း ပါတယ်။ ... မနက် ၅ နာရီလောက် ကားနဲ့ ၀င်လာပြီးတော့ ...အိမ်တွေ ရွှေ့ပေးပါပြောတယ်။ ရွှေ့ပေးပါမယ် ပြောတာတောင် မရဘူး။ အခုချက်ခြင်း လူဆင်း၊ အကုန်လုံး ချိတ်တွေနဲ့ ဆွဲချ၊ ရဲဒင်းနဲ့ခုတ်၊
ပေါက်ဆိန်နဲ့ ပေါက်၊ အကုန် ဆွဲချ ဖျက်ချသွားတယ်။ အခုညဆက်နေမယ် ဆိုလည်း ကျနော်တို့ကို ဖမ်းမယ်။ သူတို့က ပြောတယ်။ ..."

(နေအိမ် ဖျက်ခံရတဲ့ ကာယကံရှင်တစ်ဦးရဲ့ အသံ)



RFA Burmese

0 comments: