စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, July 26, 2012

လယ်သမားတွေ နစ်နာမှုတွေကို တရားမျှတစွာဖြေရှင်းဆောင်ရွက်ပေးဖို့ ဆုံးဖြတ်


လယ်သမားတွေ နစ်နာမှုတွေကို တရားမျှတစွာဖြေရှင်းဆောင်ရွက်ပေးဖို့
ကော်မရှင်တစ်ရပ်ကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

ဇလွန် မဲဆန္ဒနယ်မှ ဦးတင်ထွဋ် တင်သွင်းတဲ့ "လယ်ယာမြေ သိမ်းဆည်း
ခံရခြင်းအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများအား
နစ်နာမှု မရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန်" အဆိုကို
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၀င်ရောက်ဆွေးနွေးပြီးနောက်
ကော်မရှင်ဖွဲ့ရေးကို အတည်ပြုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီကော်မရှင်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ အစိုးရအဖွဲ့ဝင်တွေ နဲ့ ပညာရှင်တွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီကော်မရှင်က ဥပဒေပညာရှင်တွေ နဲ့ တိုင်ပင်ပြီး လယ်သမားတွေ
အရေးကို ဆွေးနွေးဖြေရှင်းမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးတင်ထွဋ် တင်သွင်းတဲ့ ဒီအဆိုကို ၀င်ရောက်ဆွေးနွေးသူ ကိုယ်စားလှယ်ပေါင်း ၄၆ ဦးရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦးလည်း ပါဝင်ဆွေးနွေးကြောင်း သိရပါတယ်။

RFA

0 comments: