စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, July 23, 2012

မုံရွာအ.ထ.က(၂) ကျောင်းဆောင်အပေါ်ထပ်ကော်ရီတာပြိုကျမှုမြင်ကွင်းများ




မုံရွာ အ.ထ.က(၂) ကျောင်းဆောင် အပေါ်ထပ် ကော်ရီတာပြိုကျ ကျောင်းသား/သူ ၂၉ ဦး ဒဏ်ရာရ ကိုသစ္စာ(မုံရွာ)-------------- မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၂)တွင် ပင်မဆောင် အပေါ်ထပ် ကော်ရီဒါသည် ဇူလိုင်လ(၂၃)ရက် နေ့လည် ၂း၃၀ မိနစ်အချိန်ခန့်က ပြိုကျခဲ့ပြီး ကျောင်းသား/သူ(၂၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။




“ကျောင်းအုပ်ကြီး သက်ပြည့် ပင်စင်ယူလို့ ကန်တော့ပွဲလုပ်ဖို့(၃) ယောက်တစ်တွဲ ကျောင်းရဲ့ခန်းမကိုသွားတုန်းမှာ ပြိုကျတာပါ။ မနက်ပိုင်း ကျောင်းတက်ချိန်ကတည်းက(၅)တန်းကနေ (၈)တန်းအထိ ကန်တော့ပြီးပါပြီ (၉) တန်းတွေအလှည့်အရောက်မှာ ပြိုကျတာပါ။ တဖြည်းဖြည်းနဲ့ ပြိုကျလို့တော်သေးတာပေါ့ နို့မို့ဆိုအောက်က အုတ်ခင်းနဲ့ ရိုက်မိပြီး ပိုဆိုးမှာ အောက်ဆုံးက ကျတဲ့ကျောင်းသူလေးတော့ အုတ်စောင်းနဲ့ ရိုက်မိပြီး သတိလစ်သွားတယ် ၊ ဒီကျောင်းဆောင်ပြိုကျမယ့် အန္တရာယ်ရှိတဲ့ စာရင်းထဲမှာ မပါဘူး ၊ ကျောင်းက(၅)တန်း (၆)တန်း(၇)တန်း အဆောင်(၃)ဆောင်ကမှ အန္တာရယ်ရှိလို့ အပေါ်ထပ်မှာတောင် စာမသင်ဘဲ အောက်ထပ်မှာပဲ သင်နေရတာ” ဟု အဆိုပါကျောင်းမှ သတ္တမတန်းတွင် သင်ကြားပေးနေသည့် ဆရာမတစ်ဦးကပြောသည်။




အဆိုပါကျောင်းဆောင်မှာ ၁၉၅၃ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ပြီး သက်တမ်းမှာ (၅၉) နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျောင်းပင်မဆောင် အပေါ်ထပ် အနောက်ဖက်ထောင့်ချိုးရှိ ကော်ရီဒါပြိုကျခဲ့မှုကြောင့် န၀မတန်း(G) အခန်းမှ ကျောင်းသူများ ထိခိုက်မှုများခဲ့ပြီး ယနေ့ညနေ ၅ နာရီ အချိန်အထိ ခွဲစိတ်ဆောင်တွင် ကျောင်းသူ(၈) ဦး အရိုးဆောင်တွင် (၁၁) ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်ကြောင့် သေဆုံးသူမရှိကြောင်း လည်း သိရသည်။



“အ.ထ.က(၂) ပြိုကျတယ် ကြားကြားချင်း လင်မယားနှစ်ယောက်လုံး တန်းပြေးလာတာ ကိုယ့်ကလေးကလည်း အဲဒီကျောင်းမှာ တက်နေတယ် ဟိုမှာကျတော့ အပေါက်ကပိတ်ထားတယ် ဆေးရုံကို ပို့နေပါတယ် မ၀င်ပါနဲ့ လို့တားတယ် ယောကျာ်းက သားဇောနဲ့ဆိုတော့ ပြန်အော်တယ် ဟိုက ဖမ်းလားဆီးလား လုပ်မယ်ဆိုတော့ ကျောင်းဆရာ တစ်ယောက်ကနေပြီး ကလေးမိဘနေမှာပါ ကလေးနာမည် ပြောပါ ဆိုပြီး မေးတယ် ကိုယ့်ကလေး မပါတော့မှ သက်ပြင်းချနိုင်တယ် ။ ကျောင်းဆောင်ကောင်းတွေ ပြုပြင်ဖို့လိုအပ်နေပါပြီ ” ဟု မြ၀တီရပ်မှ ကျောင်းသားမိခင် တစ်ဦးကပြောသည်။



“ဒီအဆောင်တွေက ရှေးရိုးပုံစံတွေပဲ ယက်မအောက်က ဖားအုပ်ပဲပါတယ် တကယ်ဆို ယက်မအောက်က မိကျောင်းလျှောက်ပါမှ ကြံ့ခိုင်မှာ အခုဟာက ယက်မကကျိုးတော့ ကျွံသလိုဖြစ်ပြီး လျောချလိုက်သလိုဖြစ်သွာတာ”ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။ အဆိုပါ အ.ထ.က(၂)ကျောင်းသည် ၁၉၉၆၊၉၇၊၉၈ သုံးနှစ်ဆက် ဘက်စုံထူးချွန်ဆုရ ကျောင်းတစ်ကျောင်းလည်း ဖြစ်ခဲ့ သည်။

0 comments: