စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, July 26, 2012

မြို့လယ်ရှိ စက်သုံးဆီဆိုင် မြို့ပြင်ထုတ်ရေး သာစည်တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်ခွင့်ရပြီ




သာစည်မြို့လယ်ခေါင်ရှိ စက်သုံးဆီ အရောင်းဆိုင်အား
မြို့ပြင်ထုတ်ရေး ငြိမ်းချမ်းစွာစီတန်းလှည့်လည်
ခွင့်ကို သက်ဆိုင်ရာမှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

သာစည်မြို့ အမှတ် (၄)ရပ်ကွက်ရှိ ကောင်းဇော်ဟိန်း စက်သုံးဆီအရောင်းဆိုင်အား မြို့တွင်းမီးဘေး
အန္တရာယ်ကြောင့် မြို့ပြင်သို့ ထုတ်ပေးပါရန်အတွက် ဒေသခံများမှ ဆန္ဒထုတ်ဖော်ပြသမည်ဖြစ်ပြီး အဆိုပါ
ဆန္ဒပြုခြင်းကို ယခင် မိတ္ထီလာ NLD ပါတီဝင်ဟောင်း ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ်ရွေး
ချယ်ခံခဲ့ရသော ဒေါ်မြင့်မြင့်အေးနှင့် သာစည်မြို့နေ ဒေါ်နွဲ့ယဉ်တို့မှ ဦးဆောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ဆန္ဒဖော်ထုတ်မှုကိုဇူလိုင်လ ၃၀ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။

ကောင်းဇော်ဟိန်းစက်သုံးဆီဆိုင်သည် ၂၀၁၀ခုနှစ်တွင် အစိုးရမှ
ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသော
စက်သုံးဆီဆိုင်အဟောင်းဖြစ်ပြီး အစိုးရလက်ထက်တွင် ထားရှိသော မြေအောက်သိုလှောင်ခန်း၊ ဓါတ်ဆီဂါလံ
၂၀၀၀ ဆန့် တစ်လုံး၊ ဒီဇယ်ဆီ ဂါလန် ၁၀၀၀ ဆန့် တစ်လုံးအပြင် ပုဂ္ဂလိကလက်ထက်တွင် မြေအောက်
သိုလှောင်ကန် ဂါလန် ၄၀၀၀ ဆန့် နှစ်လုံး ထပ်မံတိုးချဲ့ ဆောက်လုပ်လိုက်ခြင်းကြောင့် ဒေသခံပြည်သူများမှ
မီးဘေးအန္တရာယ် စိုးရိမ်၍ မြို့ပြင်ထုတ်ရေး ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

ကောင်းဇော်ဟိန်းကုမ္ပဏီအနေဖြင့် မီးဘေးကိစ္စရပ်များအတွက် မြေအောက် ရေသိုလှောင်ကန်
ဂါလန် ၁၀၀၀၀ ဆန့်အပါအ၀င် မြေပေါ်ကန်လေးကန် ထားရှိပြီး မီးသတ်ဆေးဘူးများ ၊ စက်သုံးဆီမီးငြှိမ်းသည့်
ဆေးရည်များကို မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များအတိုင်း ထားရှိထားကြောင်း ကုမ္ပဏီတာဝန်ရှိသူများထံမှသိရသည်။

Popular Myanmar News Journal
 

0 comments: