စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 25, 2012

စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှ မြန်မာများရဲ့ ဒုက္ခ


ဧပြီ ၂၄ ရက် မနေ့က့လည်း စကာင်္ပူနိုင်ငံက မြန်မာသံရုံးမှာ လူတစ်ထောင်ကျော် တန်းဆီမြဲပါတဲ့။ မနေ့ကလည်း ညအိပ်ပြီးစောင့်ရတဲ့ သူတွေအလှည့် ဒီမနက် ၆ နာရီကျော်မှ ရပါတယ်။ အသုံးမကျတဲ့ E-System ကြီးကို ဘာဖြစ်လို့များ သုံးနေလဲ မသိပါ။ သံရုံးဝန်ထမ်းတွေလို မြန်မာနိုင်ငံရဲ့ရုံးပိတ်ရက် မှန်သမျှလည်း ပိတ်၊ စကာင်္ပူနိုင်ငံရဲ့ ရုံးပိတ်ရက်မှန်သမျှလည်း ပိတ်နေတာမျိုး မဟုတ်ပါ။ စကာင်္ပူနိုင်ငံက ၀န်ထမ်းတွေ ခွင့်တရက်ရဖို့ မလွယ်ဘူးဆိုတာ နားလည်စေချင်ပါတယ်။ ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးတွေအတွက် ဒီနည်းလမ်းနဲ့ အဆင်မပြေရင် တခြားအဆင်ပြေမယ့် နည်းလမ်းကို တာဝန်ရှိသူများ လုပ်ပေးစေလိုပါတယ်။

ဒီလောက် ဆက်ဆံရေး ညံ့ဖျင်းပြီး အော်ဟောက်နေတဲ့ နေရာကို မည်သူကမှ အပျော် မလာချင်ပါ။ တတ်နိုင်သူများ၊ ခွင့်ယူ၍ မရသူများ ပွဲစားဖြင့် လုပ်ကြပါသည်။ တန်ရာ တန်ကြေးရော မတန်ရာ မတန်ကြေးနဲ့ရော ပေးနေကြရတာပါ။ ကိုယ်ချင်းစာ တရားထားပြီး ငဲ့ညှာပါ။

စကာင်္ပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေဟာ သံရုံးကို ၀န်ငွေခွန် လာဆောင်ခြင်းပါ။ မြန်မာနိုင်ငံရှိ အခွန်ဦးစီးရုံးတွင် တရားဝင် ၀င်ငွေခွန် ထမ်းဆောင်ပြီး သူများကိုပင် "ခြားနားခွန်" ဟု အမည်တပ်ခါ မည်သည့် ဥပဒေတွင်မှ မပါရှိသော ဥပဒေဖြင့် မတရားသဖြင့်လည်း အခွန် ကောက်ခံလျှက် ရှိပါသည်။

အခု ကလျာ ရေးတဲ့ စတေးတပ်နဲ့ ဓါတ်ပုံကို တာဝန်ရှိသူများ မြင်စေလိုပါတယ်။

ခင္ကလ်ာစိုး (စကာၤပူ)

0 comments: