စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, April 19, 2012

ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါး (Yoshihiko Noda) က ကြွေးမြီ လျှော်မယ့်ကိစ္စ တရားဝင် ကြေညာမှာ ဖြစ်ကြောင်း ဂျပန်နိုင်ငံထုတ် Asahi Shimbun သတင်းစာက ရေးသား


မြန်မာအစိုးရ အဆက်ဆက် ဂျပန် နိုင်ငံကနေ ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန် ယန်းငွေ ဘီလီယံ ၃ ရာ၊ အမေရိကန် ဒေါ်လာနဲ့ဆိုရင် သန်း ၃ ထောင့် ၇ ရာကို ဂျပန်အစိုးရက လျှော်ပစ်တော့မယ်လို့ သိရပါတယ်။

ဧပြီလ ၂ဝ ရက်ကနေ ၂၄ ရက်နေ့အတွင်း ဂျပန်နိုင်ငံကို သမ္မတဦးသိန်းစိန် ရောက်ရှိချိန်မှာ ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါး (Yoshihiko Noda) က ကြွေးမြီ လျှော်မယ့်ကိစ္စ တရားဝင် ကြေညာမှာ
ဖြစ်ကြောင်း ဂျပန်နိုင်ငံထုတ် Asahi Shimbun သတင်းစာက
ရေးသားပါတယ်။

ဂျပန်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုချက် မပေးပါဘူး။ ဒါပေမယ့် နှစ်နိုင်ငံ
ခေါင်းဆောင်တွေဟာ မြန်မာ့ ကြွေးမြီကိစ္စ ဘယ်လို ဖြေရှင်းမလဲဆိုတာ
ဆွေးနွေးနေဆဲ ဖြစ်သလို ဂျပန်အစိုးရရဲ့ နိုင်ငံရပ်ခြား အကူအညီ ODA ပြန်ပေးနိုင်ဖို့ အတွက် ပြင်ဆင်နေပြီလို့ ပြောပါတယ်။

တကယ်လို့ အဲဒီလို သတင်းထွက်နေတဲ့အတိုင်း ကြွေးမြီ လျှော်လိုက်ပြီ
ဆိုရင် မြန်မာအစိုးရ အနေနဲ့ ဂျပန် နိုင်ငံထံက နှစ်ပေါင်း ၂၅ နှစ် အကြာမှာ ပထမဆုံးအကြိမ် အဖြစ် ထပ်မံ ချေးယူနိုင်တော့မှာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာအစိုးရ အဖွဲ့ဝင် ဝန်ကြီးတချို့ဟာ မနက်ဖြန် ဧပြီလ ၂ဝ ရက်နေ့မှာ ဂျပန်နိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

0 comments: