ပဲခူးမြို့တရားသူကြီးကတော်မှ အိမ်ဖော်မိန်းမကလေးမအေးယုအောင် ပျောက်ဆုံးနေမှုကို သတင်းလိုက်နေသော New Day ဂျာနယ်မှ သတင်းထောက်ကိုရဲပျောက်ဆုံးနေကြောင်းသတင်းရရှိသည်။ လွန်ခဲ့သည့်( ၂)ရက်ဧပြီလ ၁၉ရက်နေ့တွင် ပဲခူးတိုင်းတရားသူကြီးလင်မယားမှ မအေးယုအောင်အား ဖွက်ထားရာနေရာကို သိရပြီဟု သတင်းထောက်ကိုရဲက လုပ်ဖေါ်ကိုင်တချို့ကိုပြောပြီးသတင်းလိုက်ရာမှ ယနေ့ထိအဆက်အသွယ်မရခြင်းဖြစ်သည်။ သထင်းထောက်ကိုရဲ၏မိခင်မှာသတင်းလိုက်သွားသော သားပြန်မလာသောကြောင့်ဖုန်းဆက်သွယ်လို့မရ၊ အိမ်ကိုလည်းဖုန်းပြန်မဆက်သောကြောင့်စိုးရိမ်သောကရောက်နေရကြောင်းသတင်းရရှိသည်။
မအေးယုအောင်ကိုတရားသူကြီးကတော်မီးပူနှင့်ကပ်ပြီးနှိပ်ဆက်မှုသတင်းအင်တာနက်ဝက်ဆိုဒ်များတွင်
စတင်ပါလာကတည်းက သတင်းထောက်ကိုရဲဟာအမှန်တရားအတွက်၊အားနည်းတဲ့ဘက်နေ အဖြစ်မှန်ကို ပြည်သူလူထုသူစေဖို့ သူရဲ့Facebook စာမျက်နှာမှာ အခုလိုရေးသားထားသည်။ " ပဲခူးက မီးပူနဲ့အကပ်ခံရတဲ့ ကလေးမအမှုကို အဆုံးထိလိုက်ဖို့ ရည်ရွယ်ထားပါတယ်..။ သူငယ်ချင်းတစ်ဦးကလည်း လမ်းစရိတ်အဖြစ် ၁၀၀၀၀ ကူညီပေးထားပါတယ်။ သူ့ကိုအရမ်းကျေးဇူးတင်ပါတယ်..။ ကျောက်ကြီးကျေးရွာက သူ့မိခင်ကို ကိုယ်တိုင်သွားတွေ့ပါ့မယ်။ အမှုကို အဆုံးထိလိုက်ပါ့မယ်..။ ကလေးမဟာ.. ဘီလူးမ လက်ထဲမှာရှိနေတာဆိုရင်တော့ သူတို့ကိုတွေ့အောင်ရှာမယ်..ဟေ့..။ အာဏာနဲ့ မီဒီယာနဲ့ ထိပ်တိုက်တွေ့မယ်..ဟေး...ဟေး...။ ပူးပေါင်းပါဝင်ချင်သူများကို ဖိတ်ခေါ်ပါတယ်..။ " ဧပြီလ (၆)ရက်၊ည၈နာရီ ၅၅မိနစ်။
သတင်းထောက်ကိုရဲဟာ ဆက်လက်ပြီး ဧပြီလ၁၀ရက်နေ့တွင် အိမ်ဖေါ်မလေးကိုမီးပူနဲ့ကပ်တဲ့ဒေါ်ဖြူဝင်းသက်ရဲ့အမျိုးသား တရားသူကြီးဦးအောင်ဖုန်းဝင်းကို အင်တာဗျူးနိုင်ရန်အတွက် အချိန်၂နာရီခွဲကြာစောင့်ဆိုင်းပြီး တွေ့ခွင့်ရခဲ့သော်လည်း အိမ်ဖေါ်မလေးအေးယုအောင်ဘယ်ရောက်နေသလည်းဟုမေးမြန်းရာတွင် တရားသူကြီးဦးအောင်ဖုန်းဝင်းမှ လေသံမာမာဖြင့် ကလေးမလေးမိခင်ရှိရာကျောက်ကြီးသွားမေးဟု ပြောဆိုခဲ့ပြီး တရားသူကြီးရဲ့ရုံးခန်းမှသူကိုမောင်းထုတ်ခဲ့ကြောင်း သတင်းထောက်ကိုရဲရဲ့ Facebookစာမျက်နှာမှာဖေါ်ပြထားသည်။
(အနှိပ်စက်ခံရသောမအေးယုအောင်ရဲ့သတင်းကို အင်တာနက်စာမျက်နှာကတဆင့် သတင်းများထွက်ပေါ်လာပြီး ကလေးမလေးရဲ့မိခင်နှင့်အချိန်နည်းငယ်သာတွေ့ခွင့်ပေးပြီး အစဖျောက်ဖို့ကြိုးစားနေသော တရားသူကြီးလင်မယားဟာ သတင်းလိုက်သော သတင်းထောက်ကိုပါ အစဖျောက်လိုက်ပြီလားဆိုတာကို မီဒီယာသမားများအမြန်ဆုံးရှာဖွေဖေါ်ထုတ်ကြဖို့လိုအပ်နေပါပြီ။)
By: Somsak Ranong
0 comments:
Post a Comment