စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 25, 2012

ဒီမိုကရေစီမြတ်နိုးသူများအား မန်း NLD ဂုဏ်ပြု

မန္တလေးတိုင်း NLD က ဒီမိုကရေစီမြတ်နိုးသူ မိဘပြည်သူများကို မနေ့က ဂုဏ်ပြုပွဲ ပြုလုပ်ပါတယ်။

(ဓာတ်ပုံများ - ရဲဘော်သူရိန်)

မန္တလေးတိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်အားလုံးမှာ NLD က ၀င်အရွေးခံတာ နေရာတိုင်းမှာ နိုင်ခဲ့ပါတယ်။

ဒေါ်ခင်သန္တာ - တံတားဦး
ဒေါက်တာဇော်မြင့်မောင် - ကျောက်ပန်းတောင်း
ဦးပေါခင် - နွားထိုးကြီး
ဦးအုန်းကြိုင် - မဟာအောင်မြေ (မန္တလေး)
ဦးဝင်းထိန် - မိတ္ထီလာ
ဦးကျော်သီဟ - မေမြို့

ဒေါ်စန္ဒာမင်း - နေပြည်တော်
ဦးနိုင်ငံလင်း - နေပြည်တော်
ဦးဖြိုးဇေယျာသော် - နေပြည်တော်
ဦးမင်းသူ - နေပြည်တော်

(အစိုးရမင်းအုပ်ချုပ်ပုံမှာ နေပြည်တော်အထူးဒေသက မန္တလေးတိုင်းအောက်မှာ မဟုတ်ပါဘူး။

NLD ရဲ့ မန္တလေးတိုင်း လှုပ်ရှားမှုခွင်ထဲမှာတော့ နေပြည်တော်အထူးဒေသ ပါဝင်နေတယ်လို့ ယူဆရပါတယ်။ ဤကား စကားချပ်)

မန္တလေးတိုင်း NLD ဥက္ကဌ ဦးသိန်းတန်

(၁၅ နှစ်လောက် အကျဉ်းချခံခဲ့ရတဲ့ မန္တလေးတိုင်း NLD ခေါင်းဆောင်)

ကျောက်ပန်းတောင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်

(ဒေါက်တာဇော်မြင့်မောင်က ၁၉၉၀ ရွေးကောက်ပွဲမှာလည်း အရွေးခံရပြီးပါပြီ။ အရွေးခံရပြီးလပိုင်းအတွင်းမှာပဲ ဗိုလ်ချုပ်ကြီးအေးချမ်းသာယာရေးတို့က သူ့ကို ထောင်ထဲ ထည့်ထားလိုက်တာ စုစုပေါင်း ၁၈ နှစ်ကျော် ကြာပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ထပ်ပြီး အရွေးခံရသူပါ။)

ပန်းချီဆရာ ကျော်သီဟ ပန်းချီကားလှူဒါန်း

ဖျော်ဖြေရေးအစီအစဉ်

အကပညာရှင် ဒေါ်ခင်ဝင်းနွယ်(မန္တလေး) ကို ဂုဏ်ပြုလက်ဆောင်ပေးအပ်စဉ်

ပန်တျာ ဌေးဌေးမြင့် နဲ့ မြို့မအဆိုတော်များ

ဧရာဝတီ

0 comments: