စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 25, 2012

မလေးရှားနိုင်ငံမှ အင်ဒိုနီးရှား အိမ်ဖော်နှင့် မလေးရှားဥပဒေ


မလေးရှား ကဘိနက် (Cabinet) ၀န်ကြီးတစ်ဦးက သူ့အိမ်ဖော်ကို မုဒိန်းကျင့်သည့် လူမဆန်သည့်လုပ်ရပ် အတွက် မည့်သို့သော တရားစီရင် မှုမှပေါ်ထွက်မလာဘဲ ၀န်ကြီးအဖွဲ့မှ ဖုံးဖိကာကွယ်ပေးခြင်း၊ သတင်းမထွက်ပေါ်စေခြင်း၊ သတင်းထွက်ပေါ်အောင် ဘလော့များမှ တစ်ဆင့်တင်ပြသူများကိုဖမ်းဆီးခဲ့ခြင်း စသောလုပ်ရပ်များကြောင့် မလေးရှားသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးနှင့်တရားမျှတမှု အဆင့်နိမ့်ကျသော နိုင်ငံတစ်ခုအဖြစ် ရောက်ခဲ့သည်။

လွန်ခဲ့သောရက်သတ္တတစ်ပတ်က မလေးရှားဘလော့ဂါများသည် သူတို့ဘလော့များတွင်၊ မလေးရှား၏ လက်ရှိတာဝန် ထမ်းဆောင်နေသောဝန်ကြီး တစ်ဦးက သူ၏အိမ်ဖော်ကိုမုဒိန်းကျင့်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ (ယခင်ဝန်ကြီးချုပ် Tun Abdulla Ahmad Badawi လက်ထက် -၂၀၀၇- ခုနှစ်)။ (ထိုအချိန်က Najib Abdul Razak သည် ဒုတိယ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်နေ ခဲ့သည်)။

ဝန်ကြီးချုပ် Badawi သည် ဤမတရားမှုကိုဖုံးဖိပေးခဲ့ပြီး၊ ထိုဝန်ကြီးအား တာဝန်ရာထူးကို ဆက်လက်ထမ်းဆောင်စေခဲ့သည်။ ကဘိနက် (Cabinet) အဖွဲ့ တွင်လည်းမည်သို့သော ဝေဖန်မှုမှမရှိဘဲ၊ သတင်းမထွက်ပေါ်အောင်၊ အားလုံးသေချာစွာ ဆောင်ရွက်ခဲ့ကြသည်။ မတရားမှုခံခဲ့ရသော မိန်းခလေးကို အင်ဒိုနီးရှားသို့ ချက်ချင်းပြန်လည်ပို့ဆောင်ခဲ့သောကြောင့်၊ သူမအမှုမှာ မလေးရှားတရားဥပဒေ ၀န်းကျင်တွင်လုံးဝဖော်ပြခွင့် မရခဲ့ရှာပါ။

သူမ အင်ဒိုနီးရှားနိုင်ငံသို့ပြန်ရောက်ပြီး၊ ရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေး (အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့) မှကြိုးပမ်းဖော်ထုတ်သောအခါတွင်မှ၊ ထိုအဖွဲ့သို့တင်ပြ၍ အစီအရင်ခံစာထွက်ပေါ်ခဲ့သည်။

ထိုဖြစ်ရပ် မှန်၊မမှန်ကို မည်သူမှ ဝေဖန်ခြင်းမပြုမီ မလေးရှားဘလော့ဂါတစ်ချို့မှ ၀န်ကြီးနာမည်ကိုဖော်ထုတ်ခဲ့ကြသည်။ ၀န်ကြီးအဖွဲ့မှမည်သို့သော ပြောဆိုမှု၊ ထုတ်ပြန်မှုတို့နှင့်မှ မတုံ့ပြန်ခဲ့ပါ။

သူသည် သူ့အကြောင်းရေးသားသောဘလော့ဂါကို ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ သို့သော် ရဲများက စစ်ဆေးမှုများပြုလုပ် သည့်အခါ၊ ရေးသားထားသော အချက်အလက်များမှာ NGO အစီအရင်ခံစာများနှင့် Wikileaks တို့မှကိုးကားထားသည်ကိုတွေ့ရ၍ ဘလော့ဂါကို တိုးတိုး တိတ်တိတ် ပြန်လွှတ်ပေး ခဲ့သည်။ ထို့နောက် Rais သည်သူ့အားကာကွယ်ပေးသော ၀န်ကြီးအဖွဲ့ကိုသာ၊ အားကိုးရတော့ သည်။

အစိုးရလက်ကိုင် မလေးရှားရဲများကလည်း ဤအမှု သတင်းပေါ်ထွက်ခဲ့သောကြောင့် များစွာခုခံပြောဆိုခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များက ဖြေရှင်းချက်များရှင်းလင်းချက်များ ထုတ်ပေးရန်တောင်းဆိုခဲ့သော်လည်း၊ ဒုတိယ၀န်ကြီးချုပ် နာဂျစ် (ယခုဝန်ကြီးချုပ် နာဂျစ်) သည်အဖက်ဖက်မှ ခုခံ ကာကွယ် ဖုံးဖိခဲ့သဖြင့်၊ တရားမျှတမှုနှင့် တရားစီရင်မှုများ မရှိခဲ့ပါ။

မလေးရှားအစိုးရသည် အံ့သြစရာကောင်းလောက်အောင် ဥပဒေကိုမထီမဲ့မြင်၊ ပြုခဲ့သည်။ Wikileaks မှဤအမှုကိုဖွင့်ချခဲ့သည့်အချိန်၌ မလေးရှားအစိုးရအဖွဲ့သည် သူတို့အတိုက်ခံပါတီခေါင်းဆောင် Anwar Ibrahim ကိုမဟုတ် မတရားစွပ်စွဲပြီး၊ အများပြည်သူများ သို့လောသို့လောထင်မြင်အောင် အာရုံလွှဲခဲ့ကြသည်။ Wikileaks ၏ဖော်ထုတ်မှုကြောင့် အင်တာနက်စာမျက်နှာများ သို့ပြန့်နှံ့ခဲ့သည်။
Wikileaks ဖွင့်ချမှုအရ၊ ယခင်မလေးရှားဝန်ကြီးချုပ် Abdullah Ahmad Badawi တာဝန်ထမ်းဆောင်နေစဉ်၊ ဤအမှုဖြစ်ပွားခဲ့သည်။

ဝန်ကြီးချုပ်က အင်ဒိုနီးရှားနိုင်ငံနှင့် နိုင်ငံရေးရာ ပြဿနာများ ရှိလာနိုင်သည့်အတွက် မျက်ကွယ်ပြုကာကွယ်ပေးခြင်း၊ ဖုံးဖိပေးခြင်းများ ပြုလုပ်ခဲ့သည် ဆိုပါသည်။ ထိုစဉ်က ယခုလက်ရှိ ၀န်ကြီးချုပ်နာဂျစ်သည် ကဘိနက်တာဝန်ရှိသူ ဖြစ်ခဲ့သည်။ နာဂျစ် ၀န်ကြီးချုပ်ဖြစ်လာသည့် ယခုအချိန်ထိလည်း အမှုကို ဖုံးဖိထားဆဲ ဖြစ်ပါသည်။

Tenaganita လူ့အခွင့်အရေးအဖွဲ့မှ Robengah အိမ်ဖော်အမှုကို Rais ကျူးလွန်ခြင်းဆိုသည်မှာ မှန်သည်၊ မှားသည်ကို အမြန်ဆုံးထုတ်ပြန်ကြေငြာ ပါရန် ပန်ကြားခဲ့သည်။ ယခု နာဂျစ်တာဝန်ယူသည့် ကာလထိ မည်သို့သော ထုတ်ပြန်ကြေငြာချက်၊ စစ်ဆေးချက်မှ ထွက်ပေါ်မလာခဲ့။

Harakahdaily မှသတင်းတစ်ပုဒ်… (အင်္ဂါနေ့ ၂၈ - ဒီဇင်ဘာ၊ ၂၀၁၀)

ဘန်နီးဘရူးနှင့် ၀ီကီလိ(ခ)ကြောင့်လူအများ Yatim Rais အမှုကို စိတ်ဝင်စားလာကြပါပြီ။ လွန်ခဲ့သော ၃-နှစ်ကအမှုယခုထိတရားစီရင်မှု မရှိသည်မှာ မလေးရှား၏ ဥပဒေဖြစ်သလော။ ဤသတင်းကို ပထမဆုံးထုတ်ဖော်ခဲ့သူ ဘန်နီးဘရူး ခေါ် ရော့ကီဘရူး (နာမည်ရင်း - Ahirudin Attan) သည် မလေးမေးလ် သတင်းစာအယ်ဒီတာချုပ်ဖြစ်သည့်အပြင်၊ ဘလော့ဂါတစ်ဦးလည်း ဖြစ်ပါသည်။
Migrant Care (Indonesia) မှ ဤအမှုနှင့် ပတ်သက်၍ အစီအရင်ခံစာ တစ်စောင် ထွက်ပေါ်လာခဲ့သည်။ ထို အစီရင်ခံစာကိုပြုစုသူများမှာ -

1. Wahayu Sushlo (Policy Analyst; Ph: 08129307964)
2. Anis Hidayah (Executive Director; Ph: 081578722874)
3. Alex Ong (Country Director; Ph: +60163121201)

တို့ကသြဂုတ်လ ၁-ရက်နေ့၊၂၀၀၇(ဂျကာတာ၊ အင်ဒိုနီးရှားနိုင်ငံ) တွင် ထုတ်ပြန်ခဲ့သည်။ အိမ်ဖော်အမည်ကိုလည်း Robengah ဟုအတိအကျတင်ပြ ခဲ့သည်။

Migrant CARE
Perhimpunan Indonesia untuk Buruh Migran Berdaulat
(Member of Migrant Forum in Asia and International NGO Platform on Migrant Workers' Convention)
Jl. Pulo Asem I C No 15 RT 015 RW 001 Jati, Jakarta Timur 13220 Indonesia. Telp/Fax: +62 21 4752803
E-mail: alexmigrantcare@gmail.com

(အစီရင်ခံစာမှ ရရှိသောဒေတာများဖြစ်ပါသည်။) နှစ်နိုင်ငံလုံးမှ လူများသည် ဤအမှုကိုစိတ်ဝင်းစားခဲ့သည်။

အကယ်၍ နိုင်ငံခြားအိမ်ဖော်လေးတစ်ဦးသည် အိမ်ရှင်ယောက်ျား၏ မုဒိန်းကျင့်ခံနေစဉ်၊ အိမ်ရှင်မိန်းမကလည်း အားပေးအားမြှောက် ပြုနေသည်ဆိုလျှင် ထိုမိန်းခလေးသည် မည်သူ့ကို အားကိုးရမည်နည်း။ ထိုသို့သော ဖြစ်ရပ်များစွာ မလေးရှားနိုင်ငံတွင် ဖြစ်နေခဲ့သည်။

ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျမတို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ယခုလက်ရှိ ၀န်ကြီးချုပ် နာဂျစ်ကို မြန်မာမိန်းခလေးများ အိမ်ဖော်အရေးနှင့် ပတ်သက်၍ ယုံကြည်စိတ်ချ နိုင်မည်လား ဆိုသည်ကို စဉ်းစားကြပါ။ အိမ်ဖော်တွေကို မုဒိမ်းကျင့်၊ အနိုင်ကျင့် ညှင်းပမ်းနှိပ်စက် နေသူတွေထဲမှာ မလေးရှား အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင် ပါဝင်နေပြီး အစိုးရကိုယ်တိုင်က ဖုံးဖိ ကာကွယ်ပေးနေတဲ့ သက်သေ အထောက်အထားတွေ ထွက်ပေါ်လာနေပါပြီ။

ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရ အနေနဲ့ ဒီလိုမျိုးတွေ ဖြစ်လာခဲ့ရင် ကိုယ့်လူမျိုးတွေကို အကာအကွယ် ပေးနိုင်မလား။ သက်ဆိုင်ရာ မြန်မာသံရုံးကနေရော ဘယ်လောက်အထိ တာဝန်ယူလုပ်ပေးနိုင်မလဲ ဆိုတာ အရင်ဆုံးပြန်လည် သုံးသပ်စေချင်ပါတယ်။

ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျမတို့ရဲ့ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေးအတွက် Friend Ever ရေးသားထားသော ဆောာင်းပါးထဲကနေ သိစေ မြင်စေချင်တဲ့ အကြောင်းအရာတွေကို ပြန်လည်ကောက်နှုတ် ပေးခြင်းဖြစ်ပါသည်။
ဤအကြောင်းအရာနှင့် ဆောင်းပါးကို လွတ်လပ်စွာ ကူးယူမျှဝေနိုင်ပါသည်။

လိုအပ်တဲ့အချက်အလက်နဲ့ ဓါတ်ပုံတွေကို ကူးယူခွင့် ပေးသော Friend Ever ကိုလည်း အထူးကျေးဇူးတင်ပါတယ်။

Ref: http://www.malaysia-today.net/mtcolumns/newscommentaries/

ခင္ကလ်ာစိုး (စကာၤပူ)

0 comments: