စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, April 30, 2012

သေဒဏ်ကျ မွန်ခေါင်းဆောင် ပြန်လွှတ်




အင်းစိန်ထောင်အတွင်းမှာ သေဒဏ်အပြစ်ပေးခံထားရတဲ့ မွန်ပြည်သစ် ပါတီခေါင်းဆောင် တဦးဖြစ်တဲ့နိုင်ယက္ခ(ခေါ်) မင်းနေဝင်းနဲ့
နိုင်ချိန်းဂကောင်း (ခေါ်) မင်းမျိုးသွေးတို့ကို မော်လမြိုင်မြို့ ကမ်းနားလမ်း
ဟော်တယ်မှာ ဒီကနေ့ နေ့လည်က တရားဝင် လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်ခဲ့ပါတယ်။

မြန်မာအစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုံးမြင့် အပါအဝင် ကိုယ်စားလှယ် (၁၀) ဦးကျော် တက်ရောက်ကြပြီး မွန်ပြည်သစ်ပါတီက ဥက္ကဋ္ဌနိုင်ထောမွန်၊ ဗဟို အလုပ်အမှုဆောင် နိုင်တလညီ အပါအဝင် ကိုယ်စားလှယ်(၉)ဦး တက်ရောက်ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် နိုင်စိုးမြင့်က အခုလိုပြောပါတယ်။

“ဒီကနေ့အစည်းအဝေးက မွန်ပြည်သစ်ပါတီက အကျဉ်းကျနေတဲ့ ရဲဘော်(၂)ယောက်ကို ပြန်လည်လွှဲအပ်ပေးတဲ့ အစည်းအဝေးပါ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသားခွင့် ပေးချက်အရပေါ့၊ ပြည်နယ်ဝန်ကြီးချုပ်က လွှဲအပ်ပေးတာ အတိုင်းထက်အလွန် ဝမ်းသာပါတယ်။ ကျနော်တို့ ရဲဘော်ရဲဘက်တွေ ပြန်လွတ်လာတာလေ နိုင်ငံတော် သမ္မတနဲ့တကွ
နိုင်ငံတော် အစိုးရကို ကျေးဇူးတင်တယ်ပေါ့ဗျာ၊ နောက်ပြီးတော့ ဒီလိုလွတ်မြောက်ခြင်းအားဖြင့် မွန်ပြည်သစ်ပါတီကလည်း ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေး ထာဝရတည်ဆောက်တဲ့နေရာမှာ အများကြီးပို အကျိုးရှိမယ်လို့လည်း ယုံပါတယ်”

နှစ်ပေါင်းများစွာ စစ်အစိုးရရဲ့ သေဒဏ်အမိန့်နဲ့ ထောင်သွင်းအကျဉ်းကျ ခံခဲ့ရတဲ့ နိုင်ယက္ခကတော့ သူ့အနေနဲ့ အင်းစိန်ထောင်ထဲမှာ နိုင်ငံရေး
အကျဉ်းသားတွေ ကျန်ရှိနေသေးတဲ့အတွက် အပြည့်အဝ ဝမ်းမသာနိုင်ဘူး
လို့ပြောပါတယ်။

“ဝမ်းတော့ဝမ်းသာတာပေါ့ဗျာ။ ဒါပေမယ့်အများကြီးတော့ ဝမ်းမသာပါဘူးဗျာ။ ကိုယ့်ရဲဘော်ရဲဘက်တွေ တော်တော်များများ ကျန်နေတော့က အဲဒါဘယ်သူကတော့ အပြည့်အစုံ ဝမ်းသာနိုင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေပေါ့ဗျာ။ ကျနော်တို့အင်းစိန်မှာတင်ပဲ အယောက်(၃၀)လောက်တော့ရှိမှာ။ လွှတ်မယ်လို့တော့ ပြောတာပဲဗျာ။ ဒါပေမယ့်က ဘယ်အချိန်လာမလဲတော့ ဘယ်သိမလဲဗျ”

နိုင်ယက္ခနဲ့ မင်းမျိုးသွေးတို့နှစ်ဦးကို စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ် ဇူလိုင်(၁၇)ရက်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ သေဒဏ်အပြစ် ပေးခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
 

0 comments: