စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, April 27, 2012

ရိုဟင်ဂျာဝင်သောလမ်းကို ခြေရာခံခြင်း [သွန်းနေစိုး]

ရိုဟင်ဂျာအကြောင်း ကျနော်တို့အားလုံး မပြောပဲ ထားနေခဲ့တာ ကြာပါပြီ။
ိကိုယ့်ပြည်တွင်းမှာ ပြဿနာတွေက ရှုပ်။ အားလုံး လုပ်စရာ တပုံတပင်နဲ့မို့ မသိချင်ယောင် ဆောင်ထားခဲ့တာပါ။ တစ်ချိန် ကိုယ့်အတွင်းပူ ငြိမ်းမှ ပြောမယ်ပေါ့။ ဒါပေမဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး လာမယ့်အချိန်နဲ့ VOA က အချိန်ကိုက် ဖွလာတဲ့အခါ မပြောလို့ မဖြစ်တာ ကို တွေ့ရလို့ ပြောပါတယ်။

ဒီတစ်ခါ ကျနော်တင်မှာ ဆောင်းပါးမဟုတ်ပါဘူး။ သတင်းပေးစာလို့ တစ်စိတ်တစ်ပိုင်းပြောလို့ ရမယ် ထင်ပါရဲ့။ ဒါပေမဲ့ အစကတော့ အများကို ချမပြသေးပဲ ပိုပြည့်စုံအောင် လိုက်မလို့ပါပဲ။ ဒါပေမဲ့ ဒီိလို အချိန်မှာ ပြောသင့်ပြီထင်လို့ရယ်။ နောက်တခြားသူတွေကိုပါ ဖိတ်ခေါ်လိုလို့ရယ် ဒီသတင်းကို ချပြရတာ ဖြစ်ပါတယ်။

ကျနော်အရင်က စာပေဆိုင်ရာ သင်တန်းလေးတွေ ဖွင့်ခဲ့ဘူးပါတယ်။ နောက်ဆုံးတစ်ခေါက်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းပေါ်မှာ ဖွင့်ခဲ့တာပါ။ အဲဒီသင်တန်းတွေက ကျနော့်သင်တန်းသားတွေကို စုစည်းပြီး News Force Group ဆိုတာလေး လုပ်ထားတယ်။ သတင်းလိုက် ကြဖို့ပေါ့။ နောက်ပိုင်းမှာ ရိုဟင်ဂျာအကြောင်း ကျနော်တို့ လိုက်စုံစမ်းဖြစ်ခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေ ၀င်တာကတော့ ဘင်္ဂလားဒေ့ရှ်ကနေ ဘူးသီးတောင် မောင်းတောကိုဖြတ် အဲဒီကတစ်ဆင့် မြန်မာနိုင်ငံအနှံ့အပြားထိ ၀င်ရောက်လာတယ်လို့ သိရပါတယ်။ အခု ကျနော်တို့ စုံစမ်းဆဲအခြေအနေက ရန်ကုန်ကို ရိုဟင်ဂျာတွေနဲ့ သူတို့ရဲ့ အဆက်နွယ်တွေ ဘယ်လို ၀င်ရောက်လဲဆိုတဲ့အကြောင်းလေးတွေရယ် မြစ်ဝကျွန်းပေါ်ဘက်ကို ဘယ်လို ၀င်သလဲဆိုတဲ့ အကြောင်းတွေပါ။ အထူးသဖြင့် အခု ဒီနေရာမှာ ကျနော်တင်ပြမှာက မြစ်ဝကျွန်းပေါ်ဘက်ကို ၀င်ရောက်ပုံအကြောင်း ဖြစ်ပါတယ်။

ကျနော့်မိတ်ဆွေများအနေနဲ့ ဟိုတစ်လောက ကျနော် မြစ်ဝကျွန်းပေါ်တလွှားကို ခရီးသွားခဲ့တာ ဒီ Facebook မှာပဲ အသိပေးခဲ့လို့ မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲဒါတစ်စိတ်တစ်ပိုင်းအနေနဲ့ မြစ်ဝကျွန်းပေါ်ဘက်ကို ရိုဟင်ဂျာတွေ ၀င်ရောက်မှုရှိနေတယ်လို့ သတင်းကြားရလို့ သွားတာလည်းပါပါတယ်။

သူတို့ ၀င်တဲ့နေရာက ချောင်းသာအလွန် (ရွှေသောင်ယံမြို့နယ် အစွန်) ကနေ ၀င်ရောက်တယ်လို့ သိရပါတယ်။ ဟိုးဘက် ရွာစွန်တွေနားကနေ စက်လှေတွေနဲ့ ၀င်ရောက်ကြတယ်တဲ့။ အဲဒီဝင်ရောက်တဲ့နေရာတွေကို ကျနော့်မှာ ဓာတ်ပုံမှတ်တမ်းတွေ စတင်စုဆောင်းနေပါပြီ။ အဲဒီနေရာတွေမှာ သူတို့ကို ဒီမြန်မာပြည်ထဲ ခိုးသွင်းပေးမယ့် အဆက်သွယ်တွေ ရှိတယ်လို့ သိရတယ်။ ဒီဘက်က သွားစောင့်ပြီး ခိုးသွင်းတာကို ပြောတာပါ။

သူတို့တွေ ရောက်လာပြီးတဲ့အခါ အနယ်နယ်အရပ်ရပ်ကို ဖြန့်ပို့ပေးကြတယ်။ လွန်ခဲ့တဲ့ ၃နှစ်လောက်ကတော့ သူတို့အဲဒီလို ၀င်ရောက်လာစဉ်မှာ စက်လှေတစ်စင်း ပျက်ပြီးမျောလာလို့ တပ်မတော်က ဖမ်းမိခဲ့တယ်။ အဲဒီအခါမှာ ဒီပြည်တွင်း သူဌေးအချို့ (နာမည်မဖော်ပြလိုပါ) က သွားရောက် ကျွေးမွေးကြတယ်။ ဒီလို ရောက်လာသူအများစု ဟာ မြန်မာစကား လုံးဝကို မပြောတတ်ဘူးလို့ သိရပါတယ်။ အရင်ကတော့ သူတို့ဘာသာ တိတ်တိတ်ခိုးဝင် မြန်မာပြည်အနှံ့ကို တိတ်တိတ်ခိုးဖြန့်မို့ ဒေသခံတွေအနေနဲ့ သိပ်တိတိပပ မသိကြပေမဲ့ အခုလို စက်လှေပျက်တာမျိုးမှ ထိတွေ့ တွေ့ကြုံရတာပါ။

နောက် ရန်ကုန်မှာဆိုရင် သူတို့ရောက်လာတဲ့အခါ အများဆုံး တည်းတတ်တဲ့ မြို့နယ်တစ်ချို့ရှိတာကို တွေ့ရပါတယ်။ အဲဒီနေရာတွေမှာ ဧည့်စာရင်းနဲ့ သူတို့ နေကြတယ်။ သူတို့မှာ မှတ်ပုံတင်မပါပဲ ခရီးသွားထောက်ခံစာသာ ပါကြောင်းသိရပါတယ်။ နောက်ပိုင်းမှ နိုင်ငံသားဖြစ်ခွင့်ကို နည်းလမ်းအသီးသီးနဲ့ ဆောင်ရွက်တယ်လို့ သိရပါတယ်။

ကျနော်အခု အရိပ်အမြွက်လောက်ပဲ တင်ပြထားပါသေးတယ်။ ကျနော်တို့ ဒီကိစ္စကြီးတစ်ခုလုံးကို ခရေစေ့တွင်းကျသိရအောင် ဆက်လိုက်နေပါတယ်။ အခု ကျနော်ဒီမှာ တင်ပြလိုက်တာက သူငယ်ချင်းများကို အကူညီတောင်းချင်လို့ ဖြစ်ပါတယ်။ ကျနော်တို့လောက် လူစုလေးနဲ့ ဒီလောက်ကြီးကျယ်တဲ့ကိစ္စကြီးကို ရေဆုံးရေဖျား ခြေရာခံဖို့ မလွယ်ပါ။ ပြီးတော့ သူတို့ (ရိုဟင်ဂျာတွေ) နောက်မှာ အင်မတန်ငွေအားတောင့်တဲ့ ခရိုနီတွေရှိနေပါတယ်။ ဒီတော့ သူငယ်ချင်းများအနေနဲ့ ကိုယ်သိသလောက် သတင်းတွေ ကျနော့်ဆီပို့ပေးကြပါ။ ဒေသအသီးသီးက သူငယ်ချင်းတွေအနေနဲ့လဲ မျက်စိကိုဖွင့် နားကိုစွင့်ပြီး စနည်းနာပေးကြပါ။ လူတစ်ယောက်ဟာ ကျနော်တို့ တိုင်းရင်းသားဟုတ်ရဲ့လား? ခိုးဝင်လာတဲ့ သူလား? ဆိုတာ ကြည့်တာနဲ့ ရိပ်မိလောက်တယ်လို့ ထင်ပါတယ်ခင်ဗျာ။

လေးစားစွာဖြင့်
 
သွန်းနေစိုး Thorn Nay Soe

0 comments: