စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, April 21, 2012

"နိုင်ငံရေးဆောင်ရွက်နေသည့် ကျောင်းသားဟောင်းများအားဂုဏ်ပြုပွဲပြုလုပ်"








အ-ထ-က(၆) ဗိုလ်တထောင်(စိန့်ပေါလ်) ကျောင်းသားဟောင်းများမှ နိုင်ငံရေးဆောင်ရွက်နေသည့် ကျောင်းသားဟောင်း
များအားချီးကျူးဂုဏ်ပြုပွဲကို ရွှေဂုံတိုင်ရှိတော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ယနေ့ နံနက် ၁၀နာရီကပြုလုပ်ခဲ့သည်။

အဆိုပါဂုဏ်ပြုပွဲတွင် ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေး၊ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ သည့် ကိုဇေယျာသော်အပါအ၀င် ကျောင်းသားဟောင်း ၉ ဦးအား ဂုဏ်ပြုခဲ့သည်။

““ ကျွန်တော်တို့လုပ်ခဲ့တာတွေ ဘာမှမရှိသေးပါဘူး။ ဒီအတွက်ကြောင့် ဒီလောက်ချီးကျူးဂုဏ်ပြုခံရ မယ့်အခြေအနေ မရှိသေးပါဘူး”” ဟု ဂုဏ်ပြုခံကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးကပြောသည်။

ယခုပွဲမှ အစပြု၍ မိမိတို့ကျောင်းသားဟောင်းများနှင့် နောင်လာမည့်ကျောင်းသားများပူးတွဲလုပ်ဆောင် သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ဂုဏ်ပြုခံကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ကိုနေဘုန်းလတ်ကပြောသည်။

ယနေ့ပြုလုပ်သည့် နိုင်ငံရေး ဆောင်ရွက်နေသည့် ကျောင်းသားဟောင်းများအား ချီးကျူးဂုဏ်ပြုပွဲသည် အစိုးရသစ်တက်ပြီးနောက်ပိုင်းပထမဆုံးပြုလုပ်သည့် ပွဲတစ်ပွဲဖြစ်သည်။

0 comments: