စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, June 30, 2012

ယနေ့ အကြိုက်ဆုံး FACEBOOK မှ ကွန်မင့်...။

ဗမာ၊မြန်မာကိစ္စကို...အစ ဆွဲထုတ်တာကိုလက်ခံပါတယ်.

ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပါပဲ..အမေစုက ၁၉၉၀ မတိုင်ခင်ကတည်းက ဒီနိုင်ငံမှာရှိတယ်..၊အဲဒီတုန်းကတည်းက စကားတွေပြောနေတာပဲ..အခုမှမဟုတ်ဘူးနော်..
၊မြန်မာစကားရော..အင်္ဂံလိပ်စကားရောပြောခဲ့တာ...အဲဒီတုန်းကတည်းက နိုင်ငံရဲ့အမည်ကို အင်္ဂံလိပ်လိုပြောရင် burma လို့ပဲပြောတယ်...ဒါလဲ အင်္ဂံလိပ်အခေါ်အဝေါ်မို့နားကလောတာပေါ့ဗျာ..၊ဒါလဲမှန်ပါတယ်...ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အခုမှ..

ဘာလို့သတိပေးနေရတာလဲ(အစိုးက)..နှစ် ၂၀ လောက်အတွင်းမှာ BURMA လို့သုံးခဲ့တာမနည်းဘူး...၊ဒါပေမဲ့အဲဒီခေတ်ကတည်းက...စစ်အစိုးရ(ပိုတင်းကြပ်တဲ့ခေတ်)မှာတောင်
အဲဒီအကြောင်းကိုသိသိသာသာထောက်ပြမှုမရှိခဲ့ဘူး....အဲဒီတုန်းကလဲအမေစုကိုချုပ်ထားလို့...

.ထောက်ပြဖို့မလိုဘူးဆိုတာ..ပြောလို့မရဘူး...လူကိုမုန်းမှမူကိုသုံးလို့မရဘူးလေ.၊ဦးအောင်ကြည်နဲ့ဆွေးနွေး
တိုင်းသတင်းထောက်တွေနဲ့တွေ့တယ်.အဲဒီမှာလဲ BURMA လို့သုံးခဲ့တာပဲ.၊
အဲတုန်းကလဲမသိချင်ယောင်ဆောင်နေတယ်...အဲဒီတော့တကယ့်လိုရင်းက..အခုမှဘာလို့ ဒီလိုသတိပေးတာလဲဆိုတဲ့ အကြောင်းအရင်းမှန်ကိုသုံးသပ်ရမဲ့ကိစ္စ ပါ၊..ဘာ့ကြောင့်ဒီလိုပြောတာလဲ..၊ဒါပဲလိုအပ်တာ..၊

သူတို့ကြေငြာတဲ့ topic...အသုံးအနှုန်းနောက်ကိုမျောပါသွားပြီးသမိုင်းနဲ့ချီပြီး...စစ်ဆေးနေဖို့မလိုအပ်ဖူးထင်တယ်...၊
ကျွန်တော်သာအစိုးရဘက်ကလူကြီးတွေဆိုရင်...
အမေစုသွားတဲ့နိုင်ငံရဲ့အနေအထားနဲ့အမေစုရဲ့လွမ်းမိုးထားနိုင်မှုနဲ
့ထောက်ခံမှုအပေါ်အဲဒီနိုင်ငံတွေရဲ့ရလာနိုင်မဲ့ အကူအညီတွေအပေါ်မူတည်ပြီး(အမေစုကသူ့ဘာသူနေပြီးဒီအစိုးရကြီးပဲသတ်သတ်လုပ်မယ်ဆိုရင်ခုလို
အခြေအနေကို..ဘယ်နှစ်နှစ်လောက်မှဖြစ်မယ်ထင်လဲ......
တိုင်းပြည်အတွက်တကယ်ကောင်းတာမို့..ကိုယ်မလုပ်နိုင်ပေမဲ့.မုဒိတာတွေပွားရမှာ...)

၊နိုင်ငံတော်အတွက်ပြင်ဆင်သင့်တာတွေပြင်ဖို့....၀မ်းသာလုံးတွေဆို့ပြီးခေါင်းချင်းတောင်ရိုက်နေကြမှာ
ညှိနှိုင်းမှုတွေတောက်လျောက်လုပ်နေကြသင့်တာ ...သုသေတနတွေ plan တွေဆွဲနေရမှာ..အခုအဲဒီလိုမလုပ်တဲ့အပြင်ဗျာ...ပြောကိုမပြောချင်ဘူး....၊၊
ဒီလိုမျိုးဥပဒေအတိုင်းသာလုပ်မယ်ဆိုရင်..အစိုးရအဖွဲ့ဝင်တွေမှာလဲ အချီကြီးတွေတောင်ရှိဦးမှာ...၊
အဲဒါကြောင့်အမေစုရှေ့တန်းမှာတစ်ယောက်ထဲဂိုးသွင်းနေတာကိုမမြင်ပဲနဲ့...
အကျီကျယ်သီးမတပ်တာ..ခြေအိပ်မစွပ်တာ..ခေါင်းမဖြီးတာတွေကိုထောက်ပြနေသလိုပါပဲနော်..

Pa Yit

ရခိုင်နှင့် အစိုးရတပ်ဖွဲ့ သတ်ဖြတ်၍ ရိုဟင်ဂျာ ၆၅၀ သေဆုံးကြောင်း ဦးထွန်းခင်မှ စွပ်စွဲ

June 29, 2012 at 10:19 am

ခိုင်မောင်ဦး (မလေး)


လန်ဒန် အခြေစိုက် The Burmese Rohingya Organisation UK (BROUK)

အဖွဲ့ဥက္ကဌ ဦးထွန်းခင်မှ ရခိုင်လူမျိုးတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေက

ပူးပေါင်း သတ်ဖြတ်တဲ့ အတွက် ရခိုင်ပြည်နယ် အကြမ်းဖက် ဆူပူမူ အတွင်း

ရိုဟင်ဂျာ ၆၅၀ သေဆုံးကြောင်း ဗြိတိန်နိုင်ငံ ပါလီမန် မြန်မာ ဒီမိုကရေစီ

ရရှိရေးဆိုင်ရာ ပါတီ ပေါင်းစုံ အဖွဲ့ ရှေ့မှောက်မှာ လိမ်လည်

ပြောဆိုသွားခဲ့ပါတယ်။


Ethnic

Rakhine Buddhists pass time in a Buddhist monastery used as a

collective shelter for those displaced by recent violence in Sittwe.

Photo: REUTERS

ဇွန်လ ၂၇ ရက်နေ့ ဗြိတိန်နိုင်ငံ ပါလီမန်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ

ရရှိရေးဆိုင်ရာ ပါတီ ပေါင်းစုံ ဥက္ကဌ Baroness Kinnock ရှေ့မှောက်မှာ ခုလို

ဦးထွန်းခင်က ပြောဆိုသွားခဲ့ပါတယ်။



ဒါ့အပြင် ရွာပေါင်း ၂၂ ရွာမီးရှို့ ခံရပြီး လူပေါင်း ၁၂၀၀ ပျောက်ဆုံးကာ

ရိုဟင်ဂျာ ဘင်္ဂလီ လူပေါင်း ၈၀၀၀၀ ထိ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့

လိမ်လည် တင်ပြသွားခဲ့ပါတယ်။ ဒါ့ပြင် ဦးထွန်းခင်က ဒီပြဿနာကို ဖြစ်ပွားအောင်

အစိုးရတွင်းက တင်းမာသူတွေနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက

အကွက်ချ စီစဉ်ခဲ့တယ်လို့ စွပ်စွဲ ပြောဆိုသွားပါတယ်။



ဒီလို ဗြိတိန် ပါလီမန်မှာ ဦးထွန်းခင် လိမ်လည် ထွက်ဆိုနိုင်အောင် စီစဉ် ပေးသူကတော့ များမကြာမီက A friend’s appeal to Burma (မြန်မာနိုင်ငံသို့ မိတ်ဆွေတဦး၏ မေတ္တာရပ်ခံချက်) ကို ရေးသားသူ

CSW မှ Benedict Rogers ဘဲ ဖြစ်ပါတယ်။ တခြား နောက်ထပ် ကူညီ ပေးသူတွေကတော့

ရခိုင်စီမံကိန်း ( Arakan Project) က Chris Lewa ဆိုတဲ့ အမျိုးသမီးနဲ့

Burma Campaign UK တို့ဘဲ ဖြစ်ပါတယ်။



ရခိုင် ဆူပူ အကြမ်းဖက်မူမှာ အစိုးရ စာရင်းအရ သေဆုံးသူ ၈၀ ကျော်ဖြစ်ပြီး

ဒဏ်ရာ ရတဲ့သူက ၅၀ ကျော် ရှိတယ်လို့ တရားဝင် ထုတ်ပြန်ကျေညာထားပါတယ်။

သေဆုံးသူတွေထဲမှာလည်း ရခိုင်ဦးရေက တ၀က်ထက် ပိုများပါတယ်။ ဒီအရေအတွက်ကို

နိုင်ငံတကာ အန်ဂျီအိုတွေကလည်း လက်ခံထားပါတယ်။



အခုလို လူပေါင်း ၆၅၀ ထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတယ်လို့ ဗြိတိန်

ပါလီမန်ထိ တက်ရောက်ပြီး လိမ်လည်တာဟာ ရခိုင်ပြည်နယ် တည်ငြိမ်ရေးကို

ပျက်ပြားအောင်၊ ဆူပူ အကြမ်းဖက်မူကို ထပ်ဖြစ်အောင် နိုင်ငံခြားကနေပြီး

သွေးထိုးလုံဆော်နေတာနဲ့ တူတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ

အတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။ ခုလို အခြေအမြစ် မရှိတဲ့

ကိန်းဂဏန်းတွေနဲ့ တင်ပြတာကို ဗြိတိန် ပါလီမန်က လက်ခံတာဟာလည်း အထူး

ဝမ်းနည်းစရာ ကောင်းတယ်လို့ သူက ဆိုပါတယ်။



အခုအရေးအခင်းမှာ ဘင်္ဂလီ ရိုဟင်ဂျာဆိုသူတွေဘဲ သေသေ၊

ရခိုင်တိုင်းရင်းသားတွေဘဲ သေသေ အကုန်လုံးဟာ လူသားတွေ ဖြစ်ကြတဲ့ အတွက်

ဒီလို သေကြေ ပျက်စီးမူကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက

မလိုလားဘူးလို့ ဘီဘီစီ (မြန်မာပိုင်း)နဲ့ အင်တာဗျူးမှာ ဦးဦးလှစောက

ပြောပါတယ်။



အခု ဖြစ်တဲ့ ရခိုင်ပြည်နယ် အကြမ်းဖက် ဆူပူမူမှာ ရိုဟင်ဂျာ ဘင်္ဂလီ လူမျိုး

တစ်ခုတည်းသာ သေဆုံး ဒုက္ခရောက်ကြတာ မဟုတ်ဘဲ ရခိုင်တိုင်းရင်းသားတွေလည်း

သေဆုံး ဒုက္ခရောက်ခဲ့ကြပါတယ်။ ဒီလို ရခိုင် တိုင်းရင်းသားတွေ သေဆုံး

ဒုက္ခရောက်ခဲ့ကြတာကို တခွန်းတပါဒမှ မပြောဘဲ ဗြိတိန်ပါလီမန်မှာ တဖက်သတ်

လိမ်လည် ပြောဆိုတာကတော့ ကိုယ်ချင်းစာမဲ့ရာ ရောက်ပြီး အထူး ၀မ်းနည်း စရာဘဲ

ဖြစ်ပါတယ်။



အခုလို ဦးထွန်းခင်နဲ့ အပေါင်းအပါ တစ်စုရဲ့ လိမ်လည်တာကို ကမ္ဘာက သိအောင်

ထပ်ဆင့် ဖြန့်ဝေ ပေးတာကတော့ Burma Campaign UK ဖြစ်ပါတယ်။ သူတို့

ဖြန့်ဝေတဲ့ စာကို အောက်မှာ ပူးတွဲ ဖေါ်ပြအပ်ပါတယ်။







BROUK ADDRESSES BRITISH PARLIAMENT ON ARAKAN CRISIS



The President of the Burmese Rohingya Organisation UK (BROUK), Tun

Khin together with Benedict Rogers (East Asia Team Leader, Christian

Solidarity Worldwide) and Chris Lewa (Co-co-ordinator for Arakan

Project) presented evidence of the persecution of Rohingyas in Arakan

State at a meeting in the British Parliament today. The meeting was

chaired by Baroness Kinnock, Chair of the All Party Parliamentary Group

for Democracy in Burma, and focused on the current crisis in Arakan

State, Burma.



Tun Khin told the parliamentary meeting that the current crisis was

well planned and organized by hardliners within the regime, who do not

want to see reforms in Burma, and the Rakhine National Development Party

(RNDP). In recent months, there have been an increasing number of

anti-Rohingya activities, including seminars in Rangoon and in Arakan

State organized by RNDP, and anti-Rohingya demonstrations.



According to Tun Khin, at least 650 Rohingyas have been killed by

Rakhine and government forces, and at least 1200 are missing. More than

80,000 Rohingyas are displaced, 22 villages have been burned down and 14

mosques destroyed. Bangladesh has refused entry to Rohingyas trying to

flee the violence, and has pushed back at least 16 boats from Sittwe.

The curfew imposed by President Thein Sein has only been applied to

Rohingyas and not Rakhine..During curfew time Rohingyas stayed in their

homes, while Rakhine and government authorities burned down Rohingya

villages and looted Rohingya shops in Sittwe and Maungdaw.



Tun Khin said: “We really need UN observers in Arakan State. Even

though the riot was stopped some Rohingya houses are still being burned

down by Rakhines, and in the last few days Rakhine police officers and

Paramilitary Forces joined together and have been arresting Rohingya

men, looting and raping Rohingya girls. We urge the British government

to put effective pressure on the Burmese regime to stop the killings and

violence against the Muslim Rohingyas in Arakan and to restore peace

and security in the region, to allow the international community and

NGOs to provide immediate humanitarian assistance to all the victims

regardless of race or religion. We call for pressure on the regime to

ensure that displaced Rohingya people can return to their original

villages safely and freely. We call on the international community to

urge the Bangladesh government to keep its border open to Rohingyas

fleeing persecution and violence in Arakan. We also urge the Burmese

government to restore our citizenship and ethnic rights, to stop

anti-Muslim activities and racism in burma. There should be laws on

racism if the regime want to see durable peace in Burma. There is a

solution if the regime is willing to negotiate between the two

communities.”



For more information, please contact Tun Khin Tel; +447888714866

http://www.narinjara.com/burmese/?p=998



တနေ့ကတောင် အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Ms Nuland က Rohingya State လို့သုံးနူန်းတာတွေ့လိုက်တယ်။ သူတို့လုပ်ရပ်တွေက ထိရောက်မူ့ရှိတယ်ဗျ။ ပိုက်ဆံတွေလိုသလောက်သုံးစွဲနိုင်ခဲ့လို့ဘဲ ဒီလိုအောင်မြင်မူ့တွေရတာပေါ့။ ဒီဗွီဘီ၊ဘီဘီစီ ဧရာဝတီတို့လို မြန်မာနိုင်ငံသားပုံရိပ်ရှိတဲ့အတိုက်အခံမီဒီယာတွေ စစ်အာဏာရှင်စံနစ်ဆန့်ကျင်ရေးတစိတ်တပိုင်းအဖြစ် ရိုဟင်ဂျာတွေကို စစ်အစိုးရကိုတိုက်ခိုက်ဖို့အတွက်အသုံးချခဲ့ရာကနေ အမေရိကန်၊ အီးယူ၊ ယူအန်အပါအဝင် နိုင်ငံတကာ အန်ဂျီအိုတွေ၊ အလူုရှင်တွေကပါ သနားကရုဏာသက်သွားလို့ ခုအခြေအနေအထိဖြစ်သွားရတာပါ။ ငွေပေးလို့ရနိုင်တဲ့ဟာတွေရှိသလို တပြားမှမကုန်ဘဲနဲ့ အလကားကြော်ငြာပေးခဲ့ကြလို့ ရိုဟင်ဂျာတွေအမြတ်ထွက်သွားကြတယ်။

သိပ်မကြာခင်မှာ မြန်မာအစိုးရက ဒီဖြစ်ရပ်တွေကိုဖွင့်ချတော့မယ်လို့မျှော်လင့်ရပါတယ်။ ကေ့စ်တခုတည်ဆောက်ဖို့အတွက် အချိန်လိုပါတယ်။ လောလောဆယ်တော့ အဖမ်းအဆီးတွေရှိနေတယ်။ အဓိကဇတ်လိုက်တွေဖြစ်နိုင်တဲ့ UNHCR တာဝန်ခံတွေ၊ အဲဒီဝန်ထမ်းတွေNGO အဖွဲ့တွေရဲ့ခေါ်တောဝန်ထမ်းတွေ၊ UNO, RSO,အယ်လကိုင်းဒါးနဲ့ဆက်စပ်မူ့တွေ၊ လက်နက်သိမ်းဆည်းမူ့တွေအပါအဝင် ဘူးသီးတောင်၊ မောင်တောဒေသကို မူဆလင်ပိုင်နက်နယ်မြေ့ပုလုပ်ချင်တဲ့ရည်ရွယ်ချက်တွေလဲပါနိုင်ပါတယ်။မိုးရွာတာကိုကျေးဇူးတင်ရမယ်၊ ခုပြသနာအေးသွားတာ မိုးရွာတာကပိုအဓိကကျပါတယ်။ တနေ့ကတောင် မောင်တောမှာ ရဲတယောက် သေနတ်အလုခံရသေးတယ်။ ဘယ်လောက်အတင့်ရဲသလဲ။ မြေပုံမှာလဲ သောက်သုံးရေကန်ကိုအဆိပ်ခပ်တယ်လို့ အလဲဗန်းသတင်းတက်လာတယ်။လောလောဆယ် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတင်ပြထားတဲ့ တတိယနိုင်ငံအစီအစဉ်ကိုစိတ်ဝင်စားပါတယ်။ သူတို့ကို အမေရိကန်ကလက်ခံမလား၊ အော်ဇီလား၊ မလေးရှားမှာရှိတဲ့ ရိုဟင်ဂျာနာမည်ခံဘင်္ဂလီတွေကိုတော အမေရိကန်က လက်ခံနေတယ်လို့ကြားရတယ်။ ရခိုင်ဘက်က ဘကုန်းတွေကိုလဲ အမေရိကကိုပို့လိုက်ပါ။ အဲဒီချိန်ကျမှ အမေရိကမှာRohingya State ပေးလိုက်ကြပေါ့။

Myanamar cupid mamber



The main ploblem is they are looking for own state ,own land..to

separate new state from rakhine state .there are one million bingali

porpulation in there.other step they asking for ethnics (native)group

not even citizen. There are a lot of muslim live in other parts of

burma.We don't have any ploblem with religious.If they come to your

country ,will you give them own land?

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပငါးနိုင်ငံခရီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လေဆိပ်အထွက်မှစ၍ ပြည်လမ်းတစ်လျောက် ပြည်သူများနှင့် ထောက်ခံသူများက NLD အလံများ ကိုင်ဆောင်ကြိုဆို

ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်

ဥရောပခရီးစဉ်အဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇွန်လ ၁၃ ရက်နေ့မှ စတင်သွားရောက်ခဲ့သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ထိုင်းလေကြောင်းလိုင်း TG 303 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော လေယာဉ် TG 303 သည် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မည်ဟု ကြေညာခဲ့သော်လည်း လေယာဉ် delay အချိန်ရွှေ့ဆိုင်းလိုက်၍ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်၌သာ ဆိုက်ရောက်လာခဲ့သည်။

ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နံနက် ၆ နာရီ အချိန်ဝန်းကျင်ကတည်းကပင် လေဆိပ်အတွင်း၊ အပြင်တွင် ကြိုဆိုရန် စောင့်ဆိုင်းသူများ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စတင်တွေ့ရှိရချိန်မှစ၍ လာရောက်ကြိုဆိုသော ပြည်သူများအပြင် လေဆိပ်အတွင်းရှိသူများပါ လက်ခုပ်တီး၍ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။

ထို့အပြင် လေဆိပ်အထွက်မှစ၍ ပြည်လမ်းတစ်လျှောက် ပြည်သူများနှင့် ထောက်ခံသူများက NLD အလံများ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

''ကိုယ်ကျိုးအတွက် မဟုတ်ဘဲ နိုင်ငံအတွက် ဝေဖန်သံတွေ၊ ကန့်ကွက်သံတွေကြားက ဥရောပခရီးကို သွားခဲ့တာလို့ ယုံကြည်မိပါတယ်။ အဲဒီနိုင်ငံတွေမှာလည်း သူ့အကျိုးစီးပွားအတွက် ဘာမှမလုပ်ခဲ့ဘူး။ ဈေးကွက်သဘောအရပြောရင် မြန်မာနိုင်ငံအတွက် သူ ပရိုမိုးရှင်းဆင်းတာပဲ။ သူ့ကြောင့် ကမ္ဘာမှာ မြန်မာဆိုတာ ၀င့်ကြွားနိုင်ခဲ့ရပါပြီ။ ဒါကြောင့် မနက် ၇ နာရီလောက်ကတည်းက လာစောင့်ကြိုဆိုတာပါ''ဟု မြောက်ဒဂုံမြို့နယ်မှ အသက် ၂၅ နှစ်အရွယ် ကိုကျော်ဝင်းက ပြောပါသည်။ ထို့အတူ အသက် ၁၆ နှစ်အရွယ် မဖြူသီက ''အခုလိုလာကြိုတဲ့ သူတွေအများကြီးတွေ့ရတာ ပျော်ပါတယ်။ သမီးတို့က အမေစုကိုချစ်လို့ လာကြိုတာပါ''ဟု ပြောပါသည်။

''အမေစုကို အရင်ကတည်းက တကယ်ကို သဘောကျခဲ့တာပါ။ စိတ်ရင်းစိတ်ထားက ပြည်သူလူထုအတွက် အရမ်းကို ကောင်းအောင် လုပ်ပေးလိုတဲ့စိတ် ရှိတယ်။ အခုလာ ကြိုတာ။ အမေတစ်ယောက်ကို လာကြိုရသလိုပဲ ခံစားရတယ်။ တကယ်ကို ၀မ်းသာနေပါတယ်''ဟု မင်္ဂလာဒုံ မြို့နယ်တွင်နေထိုင်သူ ချင်းတိုင်းရင်းသူ ဒေါ်လွန်းက ပြောပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင်လည်း စောင့်ဆိုင်းကြိုဆိုသူများနှင့် လေဆိပ်မှ လိုက်ပါလာသောသူများကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဥရောပငါးနိုင်ငံ ခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) ညီလာခံတွင် မိန့်ခွန်းပြောကြားခြင်း၊ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိခြင်းအတွက် နိုဗယ်လ်မိန့်ခွန်းပြောကြားခြင်း၊ အိုင်ယာလန်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) မှ ချီးမြှင့်သော Ambassador of Conscience ကို လက်ခံယူခြင်း၊ ဇွန်လ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဗြိတိန်တွင် နေထိုင်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသား ချားလ်တို့နှင့် သီးခြားစီတွေ့ဆုံခြင်း၊ နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်းရှိ ဗြိတိသျှပါလီမန်မှ Westminster ခန်းမတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ငါးဦးမြောက် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် မိန့်ခွန်းပြောကြားခြင်း၊ တိဗက်ခေါင်းဆောင် ဒလိုင်းလားမားနှင့် လန်ဒန်မြို့တွင် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အရှေ့ဘက်တွင် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်

ထို့အတူ ဇွန်လ ၂၀ ရက်နေ့တွင် အောက်စဖိုဒ်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်။

ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ခဲ့ပြီး ပြင်သစ်နိုင်ငံ၌ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်၊ နိုင်ငံခြားရေးဝန်ကြီး LaurentFabius၊ ပါရီမြို့တော်ဝန် Bertrand Delanoe၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံမှ ဇွန်လ ၂၉ ရက်နေ့မှ ထွက်ခွာလာခဲ့ရာ ဇွန်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

တောင်ကြီးမြို့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ အား ပြည်နယ်အစိုးရအဖွဲ့ က ပိတ်ပင်




ယနေ့  ဇွန်လ (၃၀) ရက်နေ့ တွင် ပြုလုပ်ရန် စီစဉ်ထားသည့် တောင်ကြီးမြို့  ရေအေးကွင်းရပ်ကွက် ကမ္ဘောဇလမ်းရှိ ဟုတ်ကြန့်  ဘုံကျောင်းတွင် ပြုလုပ်မည့် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ က ကျင်းပခွင့် မပြုဘဲ ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ခွင့်မပြုကြောင်းကို တောင်ကြီးမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်မှတစ်ဆင့် ရေအေးကွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဘာသာပေါင်းစုံအဖွဲ့  ခေါင်းဆောင်များကို အကြောင်းကြားရန် အဆင့်ဆင်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခွင့်မပြုကြောင်း ရုံးတွင်း စာမထွက်ခင်ကတည်းက တောင်ကြီးမြို့ နယ် ရဲတပ်ဖွဲ့ က ခွင့်မပြုကြောင်းခေါ်ယူပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပနိုင်ရန် ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လူငယ်) နှင့် ၈၈ မျိုးဆက်ကျောင်းသား (ရှမ်းပြည်နယ်) အဖွဲ့ က ဦးဆောင်ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုလ ၁၇ ရက်တွင် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ မှူးရုံး အစည်းအဝေးခန်းမတွင် အခမ်းအနားကျင်းပရန် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ၂၀ ရက်တွင် အခမ်းအနား ပြုလုပ်ရန် သတ်မှတ်ခဲ့သော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးက ပြည်နယ်ဝန်ကြီးချုပ် နေပြည်တော် သွားရောက်နေသဖြင့် တာဝန်ယူ ကျင်းပခွင့် မပေးခဲ့သောကြောင့် ၃၀ ရက်နေ့ ကို ရက်ရွှေ့ ဆိုင်း ခဲ့ရသည်ဟု သိရသည်။ ကျင်းပရန် တစ်ရက်အလိုတွင် ယခုကဲ့သို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ က ခွင့်ပြုခြင်း မရှိဘဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ တွင် ဘာသာပေါင်းစုံ ခေါင်းဆောင်များမှ နိုင်ငံတွင်း အေးချမ်းသာယာရေး ဘာသာပေါင်းစုံ ညီညွှတ်ရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးတို့ အတွက် ဆုတောင်းပွဲအခမ်းအနား ကျင်းပရန်သာ ရည်ရွယ် ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ ယင်းအခမ်းအနားတွင် အလှူငွေပေးအပ်ပွဲပါ ပူးတွဲကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။



ညီညွှတ်ရေးနဲ့  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ အတွက် ကောင်းမွန်စွာ ရည်ရွယ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနား ပိတ်ပင်တာ မသင့်တော်ပါဖူး။ 



ဥရောပနိုင်ငံများသို့၁၇ ရက်ကြာသွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ပြည်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အားပြည်သူလူထုကြီးမှ တခဲနက်ကြိုဆို


နံနက် ၁၀ နာရီ ၄၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန် လည်ရောက်ရှိခဲ့ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှာ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုသူများကို အခုလိုတွေ့မြင် ရပါတယ်။


ဗဟိုကော်မတီဝင် ဦးဝင်းတင် လည်းလာရောက်ကြိုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လာရောက်ကြိုဆိုသည့် အနုပညာရှင်အချို့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသွားလမ်းတလျောက် ကြိုဆိုရန် စောင့်ဆိုင်းနေကြသူများ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ယနေ့ ဇွန်လ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အသွားလမ်းတလျောက် ပြည်သူအများက ကြိုဆိုရန် စောင့်ဆိုင်းနေခဲ့ကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဥရောပခရီးစဉ်မှ ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိ
လာစဉ်


ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါက်တာဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် စောင့်ဆိုင်းနေကြသူ
များ။

ဓာတ်ပုံ- ဥက္ကာကိုကို


ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်း စုကြည် -ဓါတ်ပုံ ဂျေမောင်မောင် ( အမရပူရ )


ရန်ကုန် လေဆိပ် သို့  ဆိုက် ရောက်လာစဉ် ကြို ဆိုသူ များ နှင့် အတူ တွေ့ 
ရသည့် ဒေါ်အောင်ဆန်းစုကြည်။


ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပ ခရီးစဉ် ဓာတ်ပုံ များ ကို ကြို ဆို နေသူ များ က ဗီနိုင်း ၊ ပိုစတာ များ ထုတ် ပြီး ကြို ဆို ကြသည် ဟု သိရသည်။

Photo credit to : The Voice Weekly.


ရန်ကုန် နိုင်ငံ တကာ လေဆိပ် တွင် ဒေါ်အောင်ဆန်းစုကြည် ကို ကြို ဆို ရန်စောင့် ဆိုင်း နေသူ များ Photo credit to : Messenger Journal .






ဥရောပနိုင်ငံများသို့ ၁၇ ရက်ကြာသွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ပြည်လည်ရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ယနေ့ ဇွန်လ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်သူအများက ကြိုဆိုရန် စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော လေယာဉ်မှာ မြန်မာစံတော်ချိန် ကိုးနာရီခွဲခန့်တွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှထွက်ခွာလာပြီဖြစ်ကြောင်းသိရပါတယ်။


ဓာတ်ပုံများ- The Messenger's facebook

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၇ ရက်ကြာ ဥရောပ ခရီးစဉ် သွားရောက်ခဲ့ပြီး အပြန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နေအိမ် အထိ လမ်းတလျှောက် မြန်မာနိုင်ငံသူ နိုင်ငံ သားများ က သောင်းသောင်းဖျဖျ ကြိုဆိုရေး မြင်ကွင်း တချို့ပါ။


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  မြန်မာကို ကမ္ဘာက သိအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတဦး ပီပီ အထူးသဖြင့် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး တယောက်ပီပီ ကမ္ဘာမှာ ပြိုင်စံရှားလောက်အောင် နိုင်ငံရေး သဘောတရားအမြင်တွေနဲ့  အတွေးအခေါ် ဒဿနာပိုင်းဆိုင်ရာတွေကို ချပြနိုင်ခဲ့တာတွေဟာ နိုင်ငံ တကာ ခေါင်းဆောင်တွေ လက်ဖျားခါရ လောက်အောင် စံတင်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း နိုင်ငံတကာ ခေါင်းဆောင်တွေက လက်ခုပ်လက်ဝါးတီးကာ အသိအမှတ်ပြု ဂုဏ်ပြုခဲ့ကြတာပါ။

တိုင်းပြည်ရဲ့ တကယ့် သံကောင်း တမန်ကောင်း အဖြစ် ကမ္ဘာ့အလယ် တင့်တယ်စေခဲ့ပြီး မြန်မာ့ဂုဏ်ကို မြင့်မြင့် မားမား ဆောင်နိုင် ခဲ့တာကြောင့် အိမ်အပြန်လမ်း စောင့်ကြိုသူများက အနီရောင် ၀တ်စုံဝတ်သူက ၀တ်၊ အရောင် အသွေး စုံစုံလင်လင်နဲ့ NLD အလံတွေကတော့ လှုပ်ရမ်းပြီး စည်ကားနွေးထွေးစွာ ကြိုဆိုနေကြ တာပါ။

Friday, June 29, 2012

အမေစုနဲ့  ပြင်သစ်ကို ရောက်နေတဲ့ မြန်မာပြည်သားတွေ တွေ့ ဆုံ




အမေစုနဲ့  ပြင်သစ်ကို ရောက်နေတဲ့ မြန်မာပြည်သားတွေ တွေ့ ဆုံကြတယ် ။ဥရောပခရီးစဉ်မှာ အမေစု စိတ်ကြည်လင်မှု အရှိဆုံးလို့ သုံးသပ်တယ် ။ လာတဲ့ မြန်မာပြည်သားတွေအားလုံးလည်း စိတ်ချမ်းသာစွာနဲ့  အနာဂါတ်မြန်မာပြည်အတွက် ဝိုင်းဝန်းစဉ်းစားကြတယ် ။ မြန်မာသံရုံးက အနက်ဝတ်စုံနဲ့  လူ ၂ ယောက်လည်း လာပြီး ဂုဏ်ပြုတာလား။ သတင်းယူတာလားမသိဖူး ။ သတင်းမှားတွေ မတင်ပြနိုင်အောင် ဗီဒီယို နဲ့  အားလုံးကို မှတ်တမ်းတင်ထားတယ် ။

maykhalar

မြန်မာပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ် Sorbonne ကောလိပ်မှာ ၂၈.၆.၂၀၁၂ကပြုလုပ်ခဲ့တဲ့(conference)သတင်းစာရှင်းလင်းပွဲ(ရုပ်/သံ)




La cité de la réussite a eu la chance de recevoir Madame Aung San Suu Kyi, députée birmane, Prix Nobel de la paix, lors de sa tournée européenne pour une rencontre exceptionnelle.
www.citedelareussite.com

Burma လော? မြန်မာ လော?


Burma လော? မြန်မာ လော?

အခုတလော ဒေါ်စု ဆန့်ကျင်ရေး အုပ်စုတွေက ဒေါ်စု နိုင်ငံတကာ အင်္ဂလိပ်စကားပြောမိန့်ခွန်း တွေမှာ ထည့်သုံးတဲ့ Burma ဆိုတဲ့ အခေါ်အဝေါ် ကို ရေးကြီးခွင်ကျယ်လုပ်ပြီး ကြံဖန်အပြစ် တင်နေကြပါတယ်။

တချို့ကလဲ ဂဒါဖီလေသံနဲ့တမျိုး၊ ကင်မ်ဂျူံ အီး လေသံနဲ့ တဖုံ၊ မျိုးချစ်ဝါဒတွေ ဖေါဖေါသီသီ သုံးလို့ ဟစ်ကြွေးနေတာ သတိထားမိပါတယ်။


မြန်မာ ပဲမှန်တယ်ပေါ့... ဘားမား က နယ်ချဲ့အခေါ်အဝေါ် ပါတဲ့။ မှန်ပါတယ်... သို့သော်....

မရမ္မာ ဆိုပြီးသုံးလာတဲ့ ပုဂံခေတ်ကနေ မြန်မာ ဖြစ်လာတဲ့ ခေတ်ကာလထိ ဗမာပြည်ကို ကျူးကျော်တဲ့ နယ်ချဲ့ သမားများဆိုတာ ဗြိတိသျှ အစိုးရ ပဲ မဟုတ်ပါ။ မွန်ဂို၊ တရုတ်၊ Dutch, ဗြိတိန်၊ ဂျပန်၊ ဆိုတာတွေပါ။

ဒီတော့ သူတို့သုံးခဲ့တဲ့ အခေါ်အဝေါ်လေးတွေ ကြည့်ရအောင်ပါ။

ပုဂံကို သိမ်းခဲ့တဲ့ မွန်ဂို လူမျိုးတွေက မဲာန် လို့ခေါ်တာတဲ့၊ ကချင်တွေခေါ်တဲ့ လေသံနဲ့ ခတ်ဆင်ဆင်ပါ။ တရုတ် က တော့ တရုတ်စကားနဲ့ မိန်ဒဲန် (Mian dian, 緬甸) လို့သုံးပါတယ်။ အခုထိလဲ တရုတ်အစိုးရ သတင်းမီဒီယာတွေမှာ ဒီအခေါ်အဝေါ်သုံးပါတယ်။ ဒီတော့ ဒေါ်စုလဲ တရုတ်စကားတတ်လို့ တရုတ်လိုပြောရင် တော့ ဒီအခေါ်အဝေါ်ပဲ သုံးဖို့ များပါတယ်။

Dutch တွေဝင်လာတော့ Birma လို့သုံးပြန်ပါတယ်။ အခုထိလဲ မပြောင်းသေးပါဘူး။ သူတို့ရဲ့ တရားဝင်မှတ်တမ်း တွေမှာလဲ ဒီအခေါ်အဝေါ်ပါ။

ဗြိတိန်ဝင်တော့ Burma ဆိုပြီး၊ အားလုံးအသုံးများတဲ့ အခေါ်ရလာတယ်။ Burma ဆိုတာ အင်္ဂလိပ်စကားပါ။ နောက်တော့ လွတ်လပ်ရေး မရခင် ၁၉၄၇ အခြေခံဥပဒေမှာ အင်္ဂလိပ်လို Burma, ဗမာလို မြန်မာ ဖြစ်လာတယ်။ ၁၉၇၄ အခြေခံ ဥပဒေမှာလဲ ဒီလိုပဲ သုံးထားပါတယ်။ တကယ်လို့ အခြေခံ ဥပဒေ ကို တရုတ်လိုပါ ဘာသာပြန်ထားရင်တော့ မေဲန်ဒဲန် လို့ပဲ တရုတ်စာနဲ့ ပြန်ဖြစ်မှာပါ။

ဂျပန် တွေဝင်လာတယ်၊ ဂျပန်တွေက သူတို့စကားနဲ့ ဘီရူမာ ビルマ ဆိုပြီးခေါ်ပြန်တယ်။ ဂျပန်စကားပြော သတင်း မီဒီယာတွေမှာ မြန်မာပြည်နဲ့ ဆိုင်တဲ့ သတင်းတွေမှာ အခုထိ ဒီအခေါ်ပဲ သုံးပါတယ်။ အဲ အင်္ဂလိပ် စကားပြောတဲ့ ဂျပန် မီဒီယာ တွေမှာ တော့ Burma (Myanmar) ဆိုပြီးသုံးလာတယ်။

ထိုင်းတွေက ဖမား လို့ခေါ်တယ်။ သူတို့ရဲ့ တရားဝင်အသုံးအနုန်း တွေပါ။

ကချင်လူမျိုးတွေမှာလဲ ကိုယ့်အခေါ်အဝေါ်နဲ့ ကိုယ်ရှိကြတယ်။ ကချင်လူမျိုးတွေက ကိုယ့်ကိုကိုယ် ကချင်လို့ ဘယ်သူမှ မပြောဘူး၊ ဗမာလိုပြောမှ ကျနော်က ကချင်ပါ၊ လို့ပြောတတ်ကြပါတယ်။ ကချင်လူမျိုးတွေကြတော့ မြန်မာပြည်ကို Myen Mung လို့ခေါ်တယ်။ ကချင်တစ်ယောက်က ကချင်စကားပြောရင် Myen Mung လို့ပြောတတ်ပေမယ့်၊ ဗမာ စကားပြောရင်တော့ မြန်မာပြည် ပြန်ဖြစ်သွားတယ်။ ထို့နည်းလည်းကောင်း၊ ကချင် စကားပြော ဗမာ လူမျိုး တစ်ယောက်လဲ ကချင်လိုပြောရင် Myen Mung လို့ပဲ ထွက်မှာပါ။

ဒီလိုကွဲပြားတဲ့ အချက်ကို တချို့က ဗမာ ကို အထင်သေးလို့ခေါ်တယ်ဆိုပြီး ကြံဖန်တွေးတတ်ကြပါတယ်။

ဗမာ စကားမှာလဲ France ကို ပြင်သစ်၊ ထိုင်းကို ယိုးဒယား၊ China ကို တရုတ်၊ Arakan ကို ရခိုင်၊ Siam ကို ရှမ်း လို့သုံးခြင်းသည်၊ အဲဒီလူမျိုးကို အထင်သေးလို့မဟုတ်၊ ကိုယ့်အခေါ်အဝေါ်နဲ့ ကိုယ်သာ ဖြစ်တယ်။ တရုတ်တွေက သူတို့ကိုယ်သူတို့ ကျူံးဂေါ့ လို့ပဲခေါ်လို့ ဗမာသတင်းစာတွေမှာ ကျူံးဂေါ့ လို့ပဲရေးရမယ် ဆိုတာ မရှိသလို။ ဂျပန်တွေက သူတို့ကိုယ် သူတို့ နီဟောန်း (Nihon) လို့သုံးခြင်းကြောင့် အင်္ဂလိပ် သတင်းစာတွေမှာ Japan လို့သုံးတာကို အတွန့်မတက်ပါ။ ဂျပန်လူမျိုးလဲ အင်္ဂလိပ် စကားပြောရင် Japan လို့ပဲသုံးပေမဲ့လို့ ဂျပန်စကားပြောရင်တော့ Nihon ဖြစ်သွားတယ်။

ဒီလိုပါပဲ... ဒေါ်စုက အင်္ဂလိပ်လိုပြောတဲ့အခါမှာ သူတို့ရဲ့ ဘာသာစကားအရ သုံးရမဲ့ Burma အသုံးအနုန်း ကိုသုံးခြင်းသာ ဖြစ်ပါတယ်။ ဥပဒေ ကြောင်း အရလဲ မှန်နေပါသေးတယ်။ ၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ-၄၄၆ မှာ ရှိပြီးသား တည်ဆဲ ဥပဒေ များသည် ပြည်ထောင်စုလွတ်တော် က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ကာလထိ အတည်ဖြစ်သည်။ လို့ အသိအလင်း ဖေါ်ပြထားလေတော့ အခုထိ လွတ်တော်မှာ ဒီအကြာင်း ဆွေးနွေးတာ မရှိသေးပါ။ ထို့ကြောင့် အင်္ဂလိပ် ဘာသာစကား သုံးတဲ့ နယ်ပယ်မှာ Burma ဆိုတဲ့ ဝေါဟာရကို တရားဝင် ဟောကြားခြင်း၊ ရေးသားခြင်း၊ ပြောဆိုခြင်း ပြုနိုင်သေး၏ လို့မြင်ပါတယ်။ ဒေါ်စု ထိုင်းကိုသွားတုန်းက ထိုင်းစကားများတတ်ရင်တော့ဖြင့် ဖမား လို့ပဲပြောဖြစ်မှာ သေချာပါတယ်။ ဒါပေမယ့်၊ ဗမာစကားပြောတဲ့ မိန့်ခွန်းတွေမှာ ဘားမားနိုင်ငံ ဆိုတာတော့ မကြားဖူးပါ။ မြန်မာနိုင်ငံ၊ မြန်မာ ပြည်သူများ ဆိုတာပဲ ကြားဖူးပါကြောင်းပါ ခင်ဗျား။

ဒီတော့ Burma လော? မြန်မာ လော? ဆိုတဲ့ နေရာမှာ လူမျိုးခြားဘာသာစကား အရ ကွဲပြီးပြောဆိုတယ် ဆိုရင် မှားတဲ့ အခေါ်အဝေါ်တော့ မဟုတ်ပါ။

မြန်မာပြည်နဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်မှာ ကချင်လူမျိုးတွေရဲ့ အမြင်မှာတော့ ဗမာပြည်လို့ပဲ ပြောပြော၊ မြန်မာပြည်လို့ပဲ ပြောပြော၊ ဒီလူမျိုး.. ဒီဘာသာစကား... ဒီယဉ်ကျေးမှု.... ဒီစာပေ သာ အဓိကကျတဲ့ အတွက် အတူတူလို့ပဲ မြင်ကြပါတယ်။ ဗမာပြည်ဆိုတဲ့ ပြည်နယ် တခု သတ်သတ် မှတ်မှတ် ရှိလာရင်တော့ အမြင်တမျိုးရှိကောင်း ရှိလာနိုင်စရာ ရှိပါတယ်။ အားလုံးငြိမ်းချမ်းကြပါစေ။


အားလုံးကိုလေးစားလျှက်

by Duwa Kachin _ facebook မှ

ပြည်သူ့ဂုဏ်ရည် ဆန်ခါတင် ၅ ဦးကို ရန်ကုန်မှာ ဂုဏ်ပြု






၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ဆုရွေးချယ်ခံခဲ့ရသူ ၅ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနားတရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။




၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ဆုရွေးချယ်ခံခဲ့ရသူ အလုပ်သမားနဲ့ လယ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ကိုဖိုးဖြူကို ကိုမင်းကိုနိုင်က ဆုလက်မှတ် ပေးအပ်နေစဉ်။

အခမ်းအနားမှူး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ပြည်သူ့ဂုဏ်ရည်အဖွဲ့ကိုယ်စား သ၀ဏ်လွှာဖတ်ကြားပြီး ဒီနှစ်အတွက် ရွေးချယ်ခဲ့တဲ့ ဆန်ခါတင် ၅ ဦးရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ မှတ်တမ်း ဗီဒီယိုတွေကို ပြသပြီး ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။

အခမ်းအနားမှာ ဆန်ကာတင်ဆုရခဲ့တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို နိုင်ငံရေး လူမှုရေးနဲ့ စာပေနယ်က လူပုဂ္ဂိုလ်တွေက အဖွဲ့ကိုယ်စား ဆုလက်မှတ် ပေးအပ်ခဲ့ပါတယ်။

NLD လူမှုအထောက်အကူပြု အဖွဲ့ကိုယ်စား ဦးဝင်းထိန်ကို စာရေးဆရာ မောင်မိုးသူက ဆုချီးမြင့်ခဲ့သလို သုခရိပ်မြုံ လူငယ် ပရဟိတဂေဟာ ကိုယ်စား စာရေးဆရာမ စုထားကို ဦးဝင်းတင်က ဆုပေးအပ်ခဲ့ပါတယ်။

သုခဆေးခန်းက ဒေါ်သန်းမြင့်အောင်ကို ရွှေအမြုတေ အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၊ အလုပ်သမားနဲ့ လယ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ကိုဖိုးဖြူကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်၊ ကချင်လူမှုရေးလုပ်ဆောင်သူ လဖိုင်နော်မိန်း ကိုယ်စား ကိုဧရာမောင်မောင်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့က ဆုလက်မှတ်တွေ ပေးအပ်ခဲ့ကြပါတယ်။

ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ရရှိခဲ့တဲ့ ကချင်တိုင်းရင်းသား လဖိုင်နော်မိန်းဟာ လူမှုရေးလုပ်ငန်းတွေအပြင် Kachin land News သတင်းဌာနရဲ့ သတင်းထောက်ချုပ် အဖြစ်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို သွားရောက် သတင်းယူနေခဲ့စဉ်မှာ သေနတ်ကျည်ဆံ ထိမှန်တဲ့ဒဏ်ရာကြောင့် ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ရှားနိုင်တော့ဘဲ ဒုက္ခိတဘ၀ ရောက်ခဲ့ရသူ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်ဖြစ်တဲ့ လဖိုင်နော်မိန်းဟာ ၂ဝ၁၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ စိန်လုံဒေသ ကောင်းဝဲတိုက်ပွဲအတွင်း ကိုယ်တိုင်သွားရောက် သတင်းယူနေချိန်မှာ မြန်မာအစိုးရစစ်တပ်ရဲ့ ပစ်ခတမှုကြောင့် သေနတ်ကျည်ဆံထိမှန်ပြီး လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ်တခုလုံး မလှုပ်ရှားနိုင်ဖြစ်နေတာကြောင့် ရရှိတဲ့ဆုကို ရန်ကုန်နာရေးကူညီမှုအသင်း အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်က ကိုယ်စားယူပေးခဲ့တယ်လို့သိရှိရပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံထဲမှာ လူမှုရေးလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေကို ဂုဏ်ပြုကူညီဖို့အတွက် ၂၀၀၉ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေက ပြည်သူ့ဂုဏ်ရည် အသင်းကို စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ်ပေးအပ်နေတာ ဖြစ်ပါတယ်။


BurmaVJMedia

၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ကဗျာဆရာတွေရဲ့ ငါတို့အိပ်မက်ကဗျာတွေ စာအုပ်ထွက်


၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ကဗျာဆရာတွေရဲ့ ငါတို့အိပ်မက်ကဗျာတွေ စာအုပ်ထွက်



ရန်ကုန်မြို့တွင် အဆိုပါစာအုပ်ထွက်ပြီဟု ဆိုသည်။ ဖေ့စ်ဘွတ်ပေါ်တွင် အဆိုပါစာအုပ်၏ ကော်ပီဓာတ်ပုံများကို လက်ဆင့်ကမ်း မျှဝေထားသည်ကို တွေ့ရသည်။

၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများ၊ ကဗျာဆရာများ၊ မျိုးဆက်သစ် နိုးကြားသူများ စုစုပေါင်း ကဗျာဆရာ ၂၅ ဦး၏ ကဗျာများ ဖြစ်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရေးအတွက် ပြည်သူလူထုအား ဖိတ်ခေါ်ခြင်း။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရေးအတွက် ပြည်သူလူထုအား ဖိတ်ခေါ်ခြင်း။

မြန်မာ့သမိုင်းတွင် မော်ကွန်းထိုးရမည့်ဖြစ်စဉ်ကြီးများ ယနေ့ မြန်မာ့ပြည်တွင် ဖြစ်ပေါ်လျှက် ရှိပါသည်။

မိမိတို့ နိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြင့်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုအား နိုင်ငံ့ဂုဏ်၊ မြန်မာတမျိုးသားလုံးကိုယ်စား ဆောင်ယူမြင့်တင်ကာ လက်ခံရယူအပြီး အလွန်ကြီးမြတ်လှသော တိုင်း ကမ္ဘာသိ မွန်မြတ်လှသော ငြိမ်းချမ်းမှု ဆုတံဆိပ်များ၊ ကမ္ဘာ့ခေါင်းဆောင်များဧ။် မြန်မာ့နိုင်ငံရေးအပေါ် ကောင်းကျိုးသက်ရောက်စေမည့် ထောက်ခံအားပေးမှုများ
ကို ဆောင်ယူပြီး နိုင်ငံ အနာဂတ်ရောင်ခြည်အလင်းများ တပွေ့တပိုက်ဖြင့် အမိမြေဆီသို့ ယခုရက်ပိုင်းအတွင်း ဆိုက်ရောက်တော့မည် ဖြစ်ပါသည်။ မနက်ဖြန် ဇွန်လ (၃၀) ရက်နေ့ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် (၈) နာရီ အချိန်ခန့် တွင် ရောက်ရှိလာမည့် လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြရန် ဖြစ်ပါသည်။

သမိုင်းတခေတ်တွင် တကြိမ်တခါမျှသာ ကြုံဆုံခွင့် ရနိုင်သော ယခုကဲ့သို့ ထူးခြား အံ့ဘနန်း အဟုန်အရှိန်ပြင်းစွာ ဂုဏ်ယူလေးစားဖွယ် အောင်ပွဲခံအပြန်ခရီးကို မြန်မာပြည်ကို ချစ်သော မြန်မာ့ အနာဂတ်အရေးကို စိတ်ဝင်စားသော ပြည်သူပြည်သား မြန်မာနိုင်ငံသားများအနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းခရီးတလျောက် စောင့်ဆိုင်းကြိုဆို ဂုဏ်ပြုခြင်းဖြင့် မြန်မာဟူသည် ဒီလိုဟု ဇာတိဂုဏ်ပြသကြပါရန် လှုံ့ဆော်တိုက်တွန်းပါသည်။

မြန်မာ့ဂုဏ်ဆောင် မြန်မာ့လူထုခေါင်းဆောင်၏ အောင်ပွဲခံအပြန်ခရီးအား လေဆိပ်မှ နေအိမ်ထိ အပြန်ခရီးတလျောက် ရန်ကုန်မြို့နှင့် အမေစုကို မြတ်နိုးသူများ စုဝေးရောက်ရှိ စနစ်တကျ စီတန်း ကြိုဆိုကြမည်ဆိုပါလျှင် လေဆိပ်မှ တက္ကသိုလ်ရိပ်သာလမ်းတလျောက် စနစ်တကျ စီတန်း စောင့်ဆိုင်း ကြိုဆို နှုတ်ဆက်ကြမည် ဆိုပါလျှင် လူဦးရေ သန်းနှင့် ချီပြီး ကြိုဆိုနိုင်မည်ဖြစ်သည် ။

ညီညွတ်စည်းကမ်းရှိစွာ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် ကမ္ဘာတွင် ထင်ရှားသော လူထုကြိုဆိုပွဲကြီး တခုဖြစ်လာမည်သာမက မြန်မာ့အနာဂတ်နိုင်ငံရေးတွင် လက်ရှိ သမတကြီး ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အတူတကွ ဦးဆောင်ပြီး နိုင်ငံသားတိုင်း မျှော်လင့်တောင့်တနေသည့် အသွင်ပြောင်း ဖြစ်စဉ်များကို အပြုသဘောဖြင့် ၀ိုင်းဝန်းကူညီထောက်ခံပေးရာလည်း ရောက်မည် ဖြစ်သည်။

ကျနော်တို့ ပြည်တွင်းက လူငယ်များအတွက် မဟာလှုပ်ရှားမှုတခုလည်း ဖြစ်မည့် ယခု ကမ်ပိန်းအား အဖွဲ့အသီးသီး၊ နယ်ပယ် အသီးသီးမှ မြန်မာ့ အနာဂတ်ကို ၀ိုင်းဝန်းတည်ဆောက်ကြမည့် မျိုးချစ်သူတိုင်း ငြိမ်းချမ်းစွာ ပါဝင်ဆင်နွဲနိုင်ပါသည်။

(ဒေါ်အောင်ဆန်းစုကြည်ကို လူတစ်သန်းကြိုဆိုရေး campaign ) အမည်ဖြင့် လူထုခေါင်းဆောင် ပြည်ပခရီးမှအပြန် လေဆိပ်ဆိုက်ရောက်ချိန်မှ နေအိမ်သို့ အပြန်လမ်းခရီးတလျောက်တွင် ရန်ကုန်တိုင်းဒေသတခွင်မှ ပြည်သူလူထု သန်းနဲ့ချီပြီး စောင့်ဆိုင်းကြိုဆိုစေလိုသော ကမ်ပိန်း ဖြစ်မြောက်ရေး တပိုင်တနိုင် မိမိတို့နိုင်ရာမှ အားလုံး ပါဝင်လုပ်ဆောင်နိုင်ပါရန် တိုက်တွန်းနိုးဆော်ပါသည်။

ကိုနေမျိုးဇင် - ဖုန်းနံပတ် 0949328559 ၊

 လူငယ်ကျောင်းသားခေါင်းဆောင်

ကိုဝေလု - ဖုန်းနံပတ် 09450037685 

တို့ကိုခေါ်ဆိုပြီး သိရှိလိုသည်များကို မေးမြန်းနိုင်ပါသည်။

တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား




သူ့အနေနဲ့ တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင် လုပ်ကိုင်သွားမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ မနေ့က သတင်းထောက်တွေရဲ့ အမေးကို ဖြေကြား ရာမှာ ပြောသွားခဲ့ပါတယ်။

တိုင်းပြည်ကို ဦးဆောင်လုပ်ကိုင်သွားဖို့ အဆင်သင့် ပြင်ထားပါသ လားလို့ အေအက်ဖ်ပီိ သတင်းထောက်က မေးမြန်းတာကို ဒေါ်အောင် ဆန်းစုကြည်က အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီကို ယုံကြည်တဲ့ ဘယ်နိုင်ငံရေးပါတီ ခေါင်းဆောင်မဆို ကိုယ့်ကိုယ်ကို တိုင်းပြည်ကို ဦးဆောင်သွားနိုင် ဖို့ ပြင်ဆင်ထားရမှာ ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုခဲ့ပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ ဒီကိစ္စကိုပဲ အမြဲစဉ်စားပြီး လုပ်နေတာတော့ မဟုတ်ပါဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ပစ္စုပ္ပန်မှာ လုပ်စရာရှိတဲ့ အကြောင်းကိစ္စတွေကိုပဲ အဓိက အာရုံထား လုပ်ကိုင်နေကြာင်း၊ ဒါပေမယ့်လည်း ဒီပစ္စုပ္ပန်ဟာ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်နေမှာပဲ ဖြစ်တယ်လို့ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ် ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ မြန်မာပြည်ကို ပြန်တော့မှာ ဖြစ်ပါတယ်။

မြန်မာဘာသာဖြင့် ရေးထားသည့် အခြေခံဥပဒေတွင် Myanmar ဟု သုံးရန် ပြဋ္ဌာန်းထားခြင်း မရှိ ( အခြေခံဥပဒေနဲ့ ကိုင်ပေါက်ခြင်း )



ဇာနည်ဝင်း| June 29, 2012

တရားဥပဒေစိုးမိုးရေး ဆိုတဲ့ စကားလုံးကို အခုတလော ဓာတ်ကျ နေသူတွေထဲမှာ ရွေးကောက်ပွဲ ကော်မရှင်လည်း ပါဝင်လာတာ ဒီကနေ့ တွေ့လိုက်ရပါတယ်။

ကော်မရှင်က ဒီကနေ့ သတင်းတပုဒ် ထုတ်ပြန်ရာမှာ နိုင်ငံအမည်ကို Myanmar လို့ ခေါ်ဖို့ လိုအပ်တယ်၊ ဒါမှ တရားဥပဒေ စိုးမိုးမယ်လို့ ဆိုထားပါတယ်။ ဒီလ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်မိန့်ခွန်းတွေမှာ Burma လို့ပဲ ပြောပြော သွားတာဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် အလုပ် အရမ်းကြိုးစားပါလားလို့ ချီးကျူးခံရနိုင်သလို၊ Burma လို့ ဒေါ်အောင်ဆန်းစုကြည် ပြောနေတာ ကြာလှပြီဆိုတာ မသိဘူးလား၊ ဘယ်မှာသွား အိပ်ပျော်နေတာလဲ၊ ဘာကြောင့် အခုမှ ကန့်ကွက်ရတာလဲလို့ မေးခွန်းထုတ်ခံရဖွယ် ရှိပါတယ်။

Myanmar လို့ ခေါ်ဖို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတယ် လို့ ကော်မရှင်က ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးတွေကလည်း သူတို့ စိမ်ပြေနပြေ စိတ်ကြိုက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဆိုတာကြီးနဲ့ ကိုင်ကိုင်ပေါက် ရတာကို အင်မတန် အရသာတွေ့ဟန် တူပါရဲ့။

အခြေခံဥပဒေ ဖတ်ဖူးသူတချို့ကလည်း “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်” လို့ပဲ ပြဋ္ဌာန်းထားတာ မှန်တယ်၊ The Republic of the Union of Myanmar လို့ အင်္ဂလိပ် ဘာသာပြန်စာအုပ်မှာ ပြဋ္ဌာန်းထားတာလည်း မှန်တယ်၊ ဒါပေမယ့် အခန်း ၁၅ ဆိုတဲ့ နေရာမှာတော့ စကားလုံး တလုံးချင်းရဲ့အဓိပ္ပာယ်ကို “မြန်မာစာဖြင့် ရေးသား ထားချက်များ အပေါ်တွင်သာ အခြေပြုရမည်” လို့ ဆိုနေကြတယ်။

ဒီအတိုင်းဆိုရင်တော့ လွှတ်တော် အစည်းအဝေးတွေ မကြာခင် ပြန်အစပြုတဲ့အခါ အခြေခံဥပဒေထဲက အဲဒီအပိုဒ်ကို တိတိကျကျ ပြင်ဆင် ရေးသားဖို့ ဗိုလ်ချုပ်ကြီးတွေ ပြောဆိုကြတော့မယ့် ပုံပဲ။

နိုင်ငံအမည်ပြောင်းတာဟာ လူထု (သို့မဟုတ် လူထုကိုယ်စားလှယ်တွေ) နဲ့ တိုင်ပင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လက်ကိုင်ပြုထားတာ အစိုးရမင်းများလည်း သိမှာပါ။

၁၉၈၉ ခုနှစ်ကစပြီး နိုင်ငံအမည်ကို Myanmar လို့ ပြောင်းလဲခဲ့သူတွေဟာ နေရာတကာ ၀င်ပါပြီး လူတတ်ကြီးလုပ်လေ့ရှိတဲ့ စစ်ဗိုလ်ကြီးတွေပါပဲ။ မြန်မာ နဲ့ ဗမာ၊ Myanmar နဲ့ Burma ဆိုတဲ့ ဝေါဟာရတွေကို မြန်မာပြည်မှာ လွတ်လွတ်လပ်လပ် ဆွေးနွေးငြင်းခုံတာမျိုး မရှိခဲ့ဘဲ စစ်ဗိုလ်ကြီးတွေ သတ်မှတ်ပေးသလိုပဲ ပြောဆိုသုံးနှုန်းခဲ့ရတာ ကြာပါပြီ။

သူတို့ ပြောင်းထားတဲ့ နာမည်၊ သူတို့ သေနတ်နဲ့ချိန်ပြီးဆွဲခဲ့တဲ့ အခြေခံဥပဒေ ဆိုတော့ ဒီလို ကာကွယ်ပြောဆို ရေးသားနေတာဟာ သဘာဝ ခပ်ကျကျပါပဲ။

ဟိုတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားပြောဆိုမှုတွေကို ကဏ္ဍကောစ လုပ်တာဟာ အစိုးရသတင်းစာတွေရဲ့ ဂျူတီပေါ့၊ အခု ဒီသတင်းစာများက ဒေါ်အောင်ဆန်းစုကြည်ကို မဝေဖန်တော့ဘူး ဆိုတော့ ဒီတာဝန်ကို ရွေးကောက်ပွဲ ကော်မရှင်ကပဲ ယူတော့မယ့် သဘောများလား၊ ဒီလိုလည်း မဟုတ်လောက်ပါဘူးလို့ ထင်ရတာပါပဲ။

ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို ဖတ်ပြီး စဉ်းစားမိတာတွေ ရေးလိုက်တာပါ။ အလုပ်မရှိ အဝှာ သန်းရှာတယ်ပဲ ဆိုဆို ပေါ့လေ။ ဝေါဟာရ ပိုင်းဆိုင်ရာ ငြင်းခုန်လိုပေမယ့် ဒီလိုငြင်းခုန်ခွင့် ရှိမရှိ အခြေခံဥပဒေကို ဖင်ပြန်ခေါင်းပြန်၊ အထပ်ထပ်အခါခါ မွှေနှောက်ပြီး ပြန်လည်ဖတ်ရှု လိုက်ပါဦးမယ်။


ဧရာဝတီ

++++++++++++++++++++++++++++++++++

မိုးမခတွင် ယနေ့ ဖော်ပြခဲ့သည့် “တရားဥပဒေ စိုးမိုးရေး” အတွက် Burma ဟု သုံးနှုန်းခြင်း မပြုရန် ဒေါ်စုကို အာဏာပိုင်တို့ ပြောပြီ ဟူသော သတင်းနှင့် ပတ်သက်ပြီး မိုးမခ စာဖတ်သူတစ်ဦးက Facebook တွင် အောက်ပါအတိုင်းေ ထာက်ပြထားသည်။

ဖွဲ.စည်းပုံ အခြေခံဥပဒေ ၁၉၄၇၁၉၇၄၂၀၀၈  တို့မှာ-အဓိပ္ပါယ်၊ သဘော အယူ အဆများ ဖွင့်ဆိုရာတွင် မြန်မာစာဖြင့် ရေးသားထားချက်များ အပေါ်တွင်သာ အခြေပြုရမည်။- ဟုရေးသားထားပါတယ်။

(ဒေါ်)အောင်ဆန်းစုကြည်ကမြန်မာလို မပြောခဲ့သလို သူရည်ညွန်း ပြောဆိုတာကလည်း မြန်မာနိုင်ငံဖြစ်ပါတယ်။…

BURMA လို့ရေးသားထားတဲ့ ငွေစက္ကူများဟာလည်း လက်ရှိအချိန်တွင် တရားဝင်သုံးစွဲခွင့်ရှိပါတယ်။
ဂျပန်ဆိုရင်သူတို့နိုင်ငံကို နိပွန်NIPPON လို့သာခေါ်ဆိုပြီးဂျာမနီ ဆိုရင်လည်းဒွိုက်ချလန်လို့သာခေါ်ဆိုပါတယ်။

သံခင်းတမန်ခင်း လုပ်တဲ့အခါမှာProtocol အစီစဉ်အလိုက် အလည့်ကျ လုပ်ဆောင်ရတာဖြစ်ပြီး သူ့ထက်ငါ ဦးအောင် ကြိုးစားလေ့ရှိကြပါတယ်။

B ဟာ Mထက်ပိုရှေ့ကျလို့ Burma လို့ပြောင်းလဲ သုံးစွဲရင် ပိုမို သင်.လျော်မှာဖြစ်ပါကြောင်း။

မိုးမခ စာဖတ်သူ ထောက်ပြထားသည့်အတိုင်း အခြေခံဥပဒေတွင် ယင်းသို့ ဖော်ပြထားသည်ကို တွေ့ရသည်။



LONDON, ENGLAND - JUNE 21: Myanmar opposition leader Aung San Suu Kyi addresses both Houses of Parliament inside Westminster Hall on June 21, 2012 in London, England. The Burmese opposition leader is on a four-day visit to the UK.
ဇွန်လ ၂၁ ရက်နေ့က ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Getty Images)

မိုးမခအထောက်တော် အမှတ် ၀၀၇

လူတစ်သန်းကြိုဆိုရေး (သီချင်း)

လေဘာပါတီ ရုံးချုပ်သစ် ဖွင့်ပွဲကို ဇွန် ၂၆ က လန်ဒန်မြို့မှာ ကျင်းပခဲ့ရာ တက်ရောက် ဖွင့်လှစ်ပေးတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို လေဘာပါတီ ခေါင်းဆောင် Ed Miliband က ကြိုဆို နှုတ်ဆက် (BBC)
မြန်မာ့သမိုင်းတွင် မော်ကွန်းထိုးရမည့်ဖြစ်စဉ်ကြီးများ ယနေ့ မြန်မာ့ပြည်တွင် ဖြစ်ပေါ်လျှက် ရှိပါသည်။




မိမိတို့ နိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ချီးမြင့်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ် ဆု အား နိုင်ငံ့ ဂုဏ်၊ မြန်မာ တမျိုးသားလုံး ကိုယ်စား ဆောင်ယူမြင့်တင်ကာ လက်ခံရယူအပြီး အလွန်ကြီးမြတ်လှသော တိုင်း ကမ္ဘာသိမွန်မြတ်လှသော ငြိမ်းချမ်းမှု ဆုတံဆိပ်များ၊ ကမ္ဘာ့ခေါင်းဆောင်များဧ။် မြန်မာ့နိုင်ငံရေးအပေါ် ကောင်းကျိုးသက်ရောက်စေမည့် ထောက်ခံအားပေးမှုများ
ကို ဆောင်ယူပြီး နိုင်ငံ အနာဂတ် ရောင်ခြည်အလင်းများ တပွေ့တပိုက်ဖြင့် အမိမြေဆီသို့ ယခုရက်ပိုင်း အတွင်း ဆိုက်ရောက်တော့မည်ဖြစ်ပါသည်။ လာမည့် 30 ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ လူထုခေါင်းဆောင်ကြီး ရောက်ရှိ ခြေချတော့မည်ဖြစ်ပါသည်။

သမိုင်းတခေတ်တွင် တကြိမ်တခါမျှသာ ကြုံဆုံခွင့် ရနိုင်သော ယခု ကဲ့သို့ ထူးခြား အံ့ဘနန်း အဟုန် အရှိန်ပြင်းစွာ ဂုဏ်ယူလေးစားဖွယ် အောင်ပွဲခံ အပြန်ခရီးကို မြန်မာပြည်ကိုချစ်သော မြန်မာ့ အနာဂတ် အရေးကို စိတ်ဝင်စားသော ပြည်သူပြည်သား မြန်မာနိုင်ငံသားများ အနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းခရီးတလျောက် စောင့်ဆိုင်းကြိုဆို ဂုဏ်ပြုခြင်းဖြင့် မြန်မာဟူသည် ဒီလို ဟု ဇာတိဂုဏ်ပြသကြပါရန် လှုံ့ဆော်တိုက်တွန်းပါသည်။

by myherosukyi

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံရိပ်များ

The audience at the Women's Forum special dinner in France in honour of Aung San Suu Kyi on Friday, June 29, 2012. Photo: Women's Forum for the Economy and Society
Mizzima - News in Burmese


Aung San Suu Kyi speaks to an audience at Sorbonne University in France. Photo: La Sorbonne

A Sorbonne University student asks Aung San Suu Kyi a question on Thursday, June 28, 2012. Photo: La Sorbonne


An overview of the audience at Sorbonne University. Photo: La Sorbonne

An official at Sorbonne University presents Aung San Suu Kyi an award on Thursday, June 28, 2012. She spoke to students at the university as she winded up her tour of France and prepared to return to Burma. Photo: La Sorbonne

Marianne Mathieu shows Aung San Suu Kyi a painting at the Women's Forum dinner in France on Friday, June 29, 2012. Photo: Women's Forum for the Economy and Society

ဓာတ်ပုံ Reuters ပြင်သစ်နိုင်ငံ Orsay ပြတိုက်ကို သွားရောက်လေ့လာခဲ့တဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..


ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Orsay အနုပညာပြတိုင်တွင်ပြသထားသော ဗင်းဆင့်ဗန်ဂိုး ၁၈၈၈ ခုနှစ်တွင်ရေးဆွဲခဲ့သည့် " Les roulottes, campement de bohemiens aux environs d'Arles" အမည်ရှိ ပန်းချီကားကို ဇွန်(၂၈)ရက်နေ့က လေ့လာကြည့်ရှုနေသော ဒေါ်အောင်ဆန်းစုကြည်(Photo-AFP)

အစိုးရနှင့် KIO တိုက်ပွဲ ပြင်းထန်နေစဉ် KIO နှင့် UKA ပူးပေါင်း

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ခြောက်မိုင်အကွာရှိ
ဒေါ့ဖုန်းယန် မြို့နယ်ခွဲတွင် အစိုးရတပ်နှင့် KIO တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာနှင့် နားလုံကျေးရွာ အကြားတွင် အစိုးရ၏ တပ်အင်အား ၁၀၀ ကျော်ခန့် တက်လာရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KIO မှ ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

“မနေ့က နားလုံဘက်မှာ မနက်ကနေ ည ၈ နာရီထိ တိုက်နေတယ်။ ဗန်းမော် ဘက်ကရော၊ မြစ်ကြီးနားဘက်က (အစိုးရတပ်များ) တက်လာလို့ တိုက်ပွဲဖြစ်တယ်။ ဒီမနက်ပိုင်းလည်း ဆက်ဖြစ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

နှစ်ရက်ကြာ တိုက်ပွဲအတွင်း နှစ်ဖက်လုံးမှ ကျဆုံး ဒဏ်ရာရမှုများ ရှိသည်ဟု KIO ၏ ရှေ့တန်းမှ အရာရှိတဦးက ပြော သည်။

“ကျနော်တို့ဘက်က ဒီမနက် ၈ နာရီ ၁၁ မိနစ်မှာ ဗိုလ်တဦး ကျသွားပြီ။ အစိုးရဘက်ကလည်း တော်တော် ကျတယ်။ တချို့က ဒေါ့ဖုန်းဘက်ကနေ လာတယ်။ တချို့က ရှထန်ပါ ဘက်ကနေ တက်လာတယ်။ မနေ့က တိုက်ပွဲမှာက တဦးကျ၊ တဦး ဒဏ်ရာရတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ထိုသို့ အစိုးရတပ်နှင့် KIO တပ်အကြား တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေစဉ် KIO နှင့် ပြည်ပ အခြေစိုက် ကချင် အမျိုးသားအစည်းအရုံး KNO တို့ ပူးတွဲ လုပ်ဆောင်သွားရန် လိုင်ဇာဌာနချုပ်တွင် နှစ်ရပ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် KNO ၏ United Kachinland Army - UKA တပ်ဖွဲ့ကို ရုတ်သိမ်းလိုက်ပြီး KIA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

“KIO နှင့် KNO သည် ကချင်အမျိုးသားရေးတွင် အတူလက်တွဲပြီးကာ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပြီး လုပ်ကိုင်ရ မယ့် လုပ်ငန်းစဉ်တွေကို စုပေါင်းညှိနှိုင်းပြီ လုပ်ဆောင်သွားမည်။ သဘောတူညီချက်အတိုင်း KNO ကနေ ဖွဲ့စည်းထား တဲ့ UKA ကို ရုပ်သိမ်းလိုက်ပြီး KIA နဲ့အတူ ပူးပေါင်းသွားမည်” ဟု ကချင်ဘာသာဖြင့် ဖော်ပြပါရှိသည်။

အင်အား ရာဂဏန်းရှိ UKA တပ်ဖွဲ့များသည် အများအားဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားနေသည်ဟု သိရသည်။

ထိုသို့ ပူးပေါင်းလိုက်ခြင်းနှင့် ပတ်သက်၍ “အမျိုးသားရေးအတွက် ပေါင်းလိုက်တာ။ တခုပဲ ဖြစ်အောင် ပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော်တို့က အဖွဲ့တွေ အများကြီး အားလုံး စုစည်းသင့်နေပြီဆိုတာ ကချင်တိုင်းက သိသင့်နေပြီ” ဟု ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်ရန် KNO ကို ၁၉၉၉ ခုနှစ်က ထူထောင်ခဲ့ပြီးသော်လည်း
နောက်ပိုင်းတွင် KIO နှင့် KNO အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာခဲ့ရာမှ ၂ဝ၁၁ ခုနှစ် ဇန်နဝါနရီလက သဘောထား ပြန်လည် ညှိနှိုင်းခဲ့ကြသည်။

KNO ကို ကချင်ကျောက်စိမ်းလုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း
ဖြစ်ပြီး အဖွဲ့ဝင်များမှာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေ၊ ဆွီဒင်၊ တရုတ်နှင့် ထိုင်း စသည့် နိုင်ငံများတွင် ရှိသည်။

မဇ္စျိမ

လမ်းပြကြယ် ၇၀,၀၀၀ ကျော် NDF ဝင်ကြမည်ဟုဆို


စံခလပူရီ (မဇ္ဈိမ) ။ ။ ဦးအေးမြင့် ဦးဆောင်သည့် လမ်းပြကြယ် အဖွဲ့ဝင် ၇၂,၀၀၀ သည် မကြာမီ ရက်ပိုင်းအတွင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီသို့ ဝင်ရောက်ကြမည် ဖြစ်ပြီး တရားဝင် ပါတီဝင် လျှောက်လွှာပေးအပ်ပွဲ ကို ရန်ကုန်မြို့ရှိ City Star ဟိုတယ်၌ ဇွန်လ ၂၉ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောသည်။

“လမ်းပြကြယ်က ဦးအေးမြင့် ကိုယ်တိုင် ၁၆ ရက်နေ့တုန်းက လုပ်တဲ့ ကျနော်တို့ပါတီ ဗဟိုဦးစီး အစည်းအဝေးမှာ ကိုယ်တိုင် လာပြောသွားပါတယ်။ သူနဲ့အတူ အဖွဲ့ဝင်အင်အား ၇၀,၀၀၀ ကျော် NDF ပါတီကို ဝင်မယ်လို့ ကတိပေးသွား ပါတယ်။ ကျနော်တို့ပါတီကို သူအနေနဲ့ အပြင်ကနေ ဝန်းရံနေတာ နှစ်နှစ် ဝန်းကျင် ရှိပါပြီ။ အခုအခါမှာတော့ အထဲက ဝင်ပြီး ဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ သူကိုယ်တိုင် ပြောသွားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုလမ်းပြကြယ် အင်အားစု ခုနှစ်သောင်း ကျော်မှာ ပဲခူးတိုင်း လေးမြို့နယ်နှင့် ဧရာဝတီတိုင်း၊ မွန်ပြည်နယ်မှ အင်အားစု များ ဖြစ်ကြပြီး လက်ရှိ၌မူ NDF ပါတီသည် အဖွဲ့ဝင်အင်အား တသောင်းကျော်သာ ရှိသည်ဟု ဦးခင်မောင်ဆွေ က ပြောသည်။

ထိုသို့ လူအင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာသည့် လမ်းပြကြယ်အဖွဲ့ တည်ထောင်ခဲ့သူ ဦးအေးမြင့်အား NDF မှ ဗဟိုဦးစီး တာဝန် ပေးအပ်ရန် ရှိကြောင်း သိရသည်။

“ဒီ ၇၂,ဝဝဝ က စိတ်ပါလက်ပါ ဝင်ရောက်မယ့် တိုင်းနဲ့ ပြည်နယ် သုံးခုက အဖွဲ့ဝင် အင်းအားပဲ ဖြစ်ပါတယ်။ လမ်းပြကြယ်ရဲ့ အဖွဲ့ဝင် အားလုံး မဟုတ်သေးဘူး ခင်ဗျ။ ကျနော်နဲ့အတူ NDF ကို ဝင်ချင်တဲ့ လူတွေကိုလည်း စိတ်ပါမှ ဝင်ဖို့ ကျနော် ပြောပါတယ်။ ကျနော်ကိုယ်တိုင်လည်း NDF ပါတီရဲ့ လုပ်ငန်းစဉ်ကို သဘောကျတယ်။ ပြည်သူ အားကိုးထိုက်တဲ့ ပါတီတခု ဖြစ်အောင်၊ အင်အားတောင့်တဲ့ ပါတီတခု ဖြစ်အောင် ကျနော် အားပေးတာပါ။ NDF ပါတီ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု အရည်အချင်းကို လေးစားတာလည်း ပါပါတယ်” ဟု လမ်းပြကြယ် အဖွဲ့၏
ခေါင်းဆောင် ဖြစ်သူ ဦးအေးမြင့် က မဇ္ဈိမကို ပြောသည်။

မြေယာ အသိမ်းခံရသည့် လယ်သမားများ၏ အရေး၊ ကလေးစစ်သားအရေး၊ လူ့အခွင့် အရေးနှင့် အောက်ခြေ လူတန်းစားများ၏ အရေးကို လိုက်လံ ဆောင်ရွက်ပေးရန် လမ်းပြကြယ် အဖွဲ့ကို၂ဝဝ၆ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ ပြီးနောက် ပြည်နယ်နှင့် တိုင်း အားလုံး၌ အဖွဲ့ဝင်အင်အား စုစုပေါင်း ၅ သိန်းကျော်ခန့် ရှိသည်ဟု ဦးအေးမြင့်က ဆိုသည်။

NDF သည် ၂ဝ၁ဝ ကြားဖြတ် ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦး အနိုင်ရရှိခဲ့သည်။ ထိုထဲတွင် လွှတ်တော် ကိုယ်စားလှယ် တဦးကွယ်လွန်ခဲ့၍ ၁၅ ဦးသာ ကျန်ရှိစဉ်တွင် သင်္ကန်းကျွန်းကိုယ်စားလှယ် ဦးသိန်းညွန့်
ခေါင်းဆောင်၍ ကိုယ်စားလှယ် ၄ ဦး နုတ်ထွက်ကာ ပါတီသစ် ထောင်သွားကြသည်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင်လည်း ဒေါက်တာ မြတ်ဥာဏစိုး၊ ဒေါက်တာ သန်းဝင်း နှင့် ဦးခင်မောင်ဝင်း တို့ ကိုယ်စားလှယ် သုံးဦးက NLD ပါတီသို့ ထပ်မံ ကူးပြောင်း သွားခဲ့သည်။ ထို့ကြောင့် လက်ရှိ၌ NDF ပါတီတွင် လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦးသာ ကျန်ရှိကြောင်း သိရှိရသည်။

NDF ပါတီမှ အခြား နိုင်ငံရေး ပါတီသို့ ကူးပြောင်းသွားသည့် ပါတီဝင်များမှာ ရာဂဏန်းခန့် ရှိပြီး အများစုမှာ ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြောင်း ဦးခင်မောင်ဆွေ ပြောပြချက်အရ သိရှိရသည်။

မဇ္ဈိမ

အာဏာရှင် စစ်အုပ်စုက ၂၀၁၅ ခုနှစ်အတွက် ယခုကတည်းက စတင် ပြင်ဆင်လှုပ်ရှားနေပါပြီ။


၂၀၁၅ ခုနှစ်မှာ ကျင်းပရမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့ ဘက်တော်သားတွေ အနိုင်မရစေဖို့ အတွက် ယခုကတည်းက အာဏာရှင်စစ်အုပ်စုက အပျော့နည်း (ချော့တဲ့နည်း) နဲ့ ရော၊ အကြမ်းနည်း (ခြောက်တဲ့နည်း) နဲ့  ရော၊ ကောက်ကျစ်တဲ့နည်းနဲ့ ရော နည်းပေါင်းစုံသုံးပြီး လက်တွေ့  စတင် ကျင့်သုံးနေပါပြီ။

- ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရောက်ရှိလာကြတဲ့သူတွေနဲ့  ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားလူမျိုးတွေကို ပဋိပက္ခဖြစ်အောင် ပြန်လည်ဖန်တီးပေးပြီး၊ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  ဒီမိုကရေစီအင်အားစုတွေအပေါ် တိုင်းရင်းသားလူမျိုးစုတွေက အမြင်လွဲ နားလည်မှု လွဲပြီး ထောက်ခံပံ့ပိုးမှု လျော့နည်းကျအောင် ဆောင်ရွက်ပါပြီ။ (အခြားသော အရေးကိစ္စများ ဖြစ်သည့် ဧရာဝတီမြစ်ဆုံအရေးနှင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် သွေးစုပ်အမြတ်ထုတ်မှုများ အာရုံပျောက်သွားရန်၊ မြန်မာပြည်ရဲ့  တိုင်ရင်းသားလူမျိုးများဖြစ်ကြတဲ့ ကချင်ပြည်နယ်ဒေသမှာ မတရားတိုက်ခိုက်နေမှုကိစ္စတွေကို မှေးမှိန်သွားစေရန်) တို့ အတွက် တစ်ချက်ခုတ် အချက်ပေါင်းများစွာ ပြတ်စေသော ယုတ်မာလှည့်ဖြားသည့်နည်းကို အာဏာရှင်စစ်အုပ်စုမှ လုပ်ဆောင်နေပါပြီ။

- မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက်တိုက်ခိုက်မှုကို စစ်အာဏာရှင်အုပ်စုက တစ်ဘက်လှည့်နဲ့  အောင်ဆန်းဦးလို သွေးရင်းသားရင်းဖြစ်ပေမယ့် လူ့ အသိစိတ် ညံ့ဖြင်းလှတဲ့သူတွေနဲ့  အချိန်ကိုက် ပြန်လည်တိုက်ခိုက်မှုကို ပြုလုပ်ပါပြီ။

- အာဏာရှင်စစ်အုပ်စုရဲ့  ၂၀၀၈ ခုနှစ် တစ်ဘက်သတ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို အသုံးချပြီး၊ နိုင်ငံတော်အမည်ကို “Burma” လို့  မခေါ်ရဖူး၊ မြန်မာပြည်သူလူထုရဲ့  ဆန္ဒသဘောထားကို အပြည့်အ၀ မကောက်ခံရဲတဲ့ အမည်သစ် ဖြစ်တဲ့ “Myanmar” လို့  ခေါ်ရမယ်ဆိုပြီး စတင်စိန်ခေါ် ခြိမ်းခြောက်ပါပြီ။

- မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင်များနှင့် ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ၈၈မျိုးဆက်ကျောင်းသားများအပါအ၀င် ကျောင်းသားလူငယ်အင်အားစုများအားလုံးအကြား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လုပ်ကြံဖန်တီး အပုပ်ချမှုတွေနဲ့  ဇာတ်လမ်းဆင်ကာ ဖေ့စ်ဘွတ် အင်တာနက်စာမျက်နှာများ comment များမှတစ်ဆင့် ထိုးနှက်တိုက်ခိုက် ဖြန့် ဝေရေးသားမှုများ ဆောင်ရွက်ပါပြီ။

- တိုင်းပြည်နဲ့  လူမျိုးအပေါ် ပြည်သူတွေသာမက သံဃာတော်တွေအပေါ်ပါ နှစ်ပေါင်းမြောက်မြားစွာ ရိုင်းရိုင်းစိုင်းစိုင်း ရိုက်ပုတ်သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ရဲ့  သမိုင်းဆိုးကို မရိုးသားသော မမှန်ကန်သောနည်းဖြင့် အဖတ်ပြန်ဆယ်ရန်၊ စစ်တပ်၏ အခန်းကဏ္ဍ အရေးပါရန်၊ စစ်တပ်အား တိုင်းရင်းသားပြည်သူလူထုမှ အားကိုးသမှုပြုစေရန်၊ လွှတ်တော်အတွင်း စစ်တပ် လေးပုံတစ်ပုံ နေရာယူထားမှု မပျောက်ပျက်စေရန်အတွက် အဓိကဖန်တီးဆောင်ရွက်မှုများအနေနဲ့  တိုင်းပြည်အတွင်း မတည်ငြိမ်မှု ဖြစ်စေရုံသာမက၊ ပြည်ပရန် အန္တရာယ်ရှိနေရန် ပြဿနာမီးမွေးကာ ရခိုင်ပြည်နယ် အရေးကိစ္စကို ဖန်တီးပါတယ်။ ယခုဆိုရင် အီဂျစ်နိုင်ငံက စပြီး အခြားသော အစ္စလမ်ဘာသာဝင်နိုင်ငံများနဲ့  မြန်မာပြည် ပဋိပက္ခဖြစ်အောင် ဖန်တီးပါပြီ။

ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ အဖွဲ့ ဝင်များ ရွေးကောက်ခံရကာ နေရာရရှိရေးအား ဖြစ်မြောက်အောင် ဖန်တီးပေးမှုသည် အာဏာရှင်စစ်အုပ်စုတို့ ၏ ရှေ့ တိုးမည့် ခြေလှမ်းများအတွက် နောက်တစ်လှမ်း ဆုတ်ပြသည်ဟု သုံးသပ်ပါသည်။

ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ အဖွဲ့ ဝင်များအား လွှတ်တော်ထဲ နေရာပေးဝင်ခြင်းသည် အာဏာရှင်စစ်အုပ်စုတို့  အင်မတန်လိုလားနေသော “တရားဝင်” မှုအား ရယူလိုခြင်း၊ ပြည်သူ့ အစိုးရအဖြစ် အရေခြုံအသွင်ပြောင်းကာ စစ်အာဏာရှင်မှ အရပ်သားအာဏာရှင်အဖြစ် ဖန်တီးလိုခြင်း၊ အရှေ့ တောင်အာရှနိုင်ငံများအတွင်းသာမက နိုင်ငံတကာ၏ အသိအမှတ်ပြု လက်ခံမှုနှင့် အကူအညီများ ရယူလိုမှုတို့ အတွက် စေတနာအရင်းမမှန်သော “နည်းနည်းပေး များများယူ” လိုသည့် “ပြည်ပကို ညာ၊ ပြည်တွင်းကို ဖိနှိပ်သည့် အလိမ္မာနည်း” ကို ပါးနပ်စွာ အာဏာရှင် စစ်အုပ်စုမှ လက်တွေ့ ကျကျ အကောင်အထည်ဖေါ် ကျင့်ကြံနေသည်ဟု မြင်တွေ့ ရပါသည်။

အာဏာရှင် စစ်အုပ်စုတို့ ၏ သိမ်မွေ့ ကောက်ကျစ်သော လှည့်ကွက်များ အကွက်ဆင်မှုများကို မျက်တောင်တစ်ဆုံးမျှသာ မကြည်ဘဲ၊ အာဏာရှင်စစ်အုပ်စုတို့ ၏ ခေတ်အဆက်ဆက် အချိန်ကာလတောက်လျှောက် လုပ်ဆောင်မှုအဆင့်ဆင့် ဖြစ်ပျက်မှုအရှေ့ အနောက် ဆက်စပ်ကြည့်မှသာ အနေအထားတစ်ခုလုံး အစအဆုံး ပြည့်ပြည့်၀၀ မြင်တွေ့  နိုင်မည် ဖြစ်ပါသည်။

အာဏာရှင်စစ်အုပ်စုတို့ ၏ “ဘယ်သူသေသေ ငတေမာရင် ပြီးရော” ကျင့်သုံးမှုနှင့် “စိတ်ဓါတ်စစ်ဆင်ရေး” နည်းဗျူဟာများအား ၁၉၆၂ ခုနှစ် အာဏာရှင်ကြီး နေ၀င်းလက်ထက်မှ စ၍ ယခု ၂၀၁၂ ခုနှစ်တိုင်အောင် နှစ်ပေါင်း (၅၀) တိုင်အောင် အမည်အမျိုးမျိုးပြောင်း အသွင်အမျိုးမျိုးပြောင်း ကောက်ကျစ်မှုနည်းပုံစံ အမျိုးမျိုးပြောင်းကာ ချော့တစ်လှည့် ခြောက်တစ်လှည့်နည်းထက် ပိုပြီး ပါးနပ်လာသောနည်းဖြစ်သည့် “အယုံသွင်း” နည်းဖြင့် ကျင့်သုံးလာမှုအား တိုင်းရင်းသားပြည်သူလူထုမှ သုံးသပ်လေ့လာ ဆက်စပ်စဉ်းစား အမှန်ရှူမြင်ကြမှသာလျှင် အာဏာရှင် စစ်အုပ်စု၏ ခေတ်သစ် အာဏာရှင်တည်ဆောက်မှုကို အချိန်မနှောင်းမီ သိရှိနိုင်မည်ဖြစ်ကြောင်း ရဟန်းရှင်လူ ပြည်သူလူထုအကျိုးအတွက် သတိပေး ပြောကြားအပ်ပါတယ်။

ယခုနှစ် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ၂၀၁၅ ခုနှစ် မရောက်ခင် အချိန်ကာလကတည်းမှ ရဟန်းရှင်လူပြည်သူလူထုအနေဖြင့် ပြည်သူ့ ဘက်တော်သားများအတွက် အချိန်နာရီ မဖြုန်းတီး မပေါ့ဆဘဲ၊ ၂၀၁၅ ခုနှစ်တွင် ပြည်သူ့ ဘက်တော်သားများ ပြည်သူအတွက် လုပ်ဆောင်နိုင်ခွင့် အပြည့်အ၀ရရှိရေးအတွက် တတ်နိုင်သည့် ဆောင်ရွက်မှုများဖြင့် တစ်ဦးချင်းစီ မိမိတို့  စွမ်းဆောင်နိုင်ရည် လုပ်ဆောင်မှုများဖြင့် “မတရားမှုများကို တွန်းလှန်၊ အမှန်တရားကို ဖေါ်ထုတ်၊ လက်တွေ့ ကျကျ ပူးပေါင်းလက်တွဲ” ပြီး၊ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုအပေါ် မေ၀၀ါး မတွေဝေ အမြင်မလွဲကြဘဲ တိုင်းပြည်အကျိုး အဓိကရှေ့ ရှူပြီး မြန်မာပြည်ရဲ့  တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အာဏာရှင် စစ်အုပ်စုလက်အောက်မှ အလျဉ်းကင်းဝေးစေရေးအတွက် လက်တွဲဆောင်ရွက်ကြပါစို့ လို့  အလေးအနက် တိုက်တွန်းအပ်ပါတယ်။

အာဏာရှင် စစ်အုပ်စုက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူ့ ဘက်တော်သားတွေ အပြည့်အ၀ အနိုင်မရရှိရေးအတွက် နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ကြံဖန်တီးမှုတွေ၊ တိုက်ခိုက်မှုတွေ၊ လှည့်ဖြားမှုတွေ၊ သွေးခွဲရန်တိုက်မှုတွေ၊ ပြည်တွင်းပြည်ပ ပဋိပက္ခဖန်တီးမှုတွေနဲ့  စတင်လုပ်ဆောင်နေပါပြီ။

ကျွန်တော်တို့ ရဲ့  ရဟန်းရှင်လူပြည်သူလူထုအပေါင်းမှလည်း သတိတရား အသိတရား လုံ့ လ၀ီရိယဖြင့် အချိန်မနှောင်းခင် အာဏာရှင် စစ်အုပ်စုရဲ့  ၂၀၁၅ ခုနှစ်အတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင်နေမှုများအပေါ် ၀ိုင်းဝန်းလက်တွဲ၍ ပြန်လည်တိုက်ဖျက်ကြပါစို့ ဟု တိုက်တွန်းအပ်ပါတယ်။

၂၀၁၅ ခုနှစ် အချိန်ကို စောင့်ဆိုင်းနေဖို့ ထက် လုပ်သင့်လုပ်ထိုက်တာများကို ယခုကတည်းက ၀ိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ က ရဟန်းရှင်လူ ပြည်သူလူထုရဲ့  အမျိုးသားရေးတာဝန်ပါ။