စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, June 29, 2012

အာဏာရှင် စစ်အုပ်စုက ၂၀၁၅ ခုနှစ်အတွက် ယခုကတည်းက စတင် ပြင်ဆင်လှုပ်ရှားနေပါပြီ။


၂၀၁၅ ခုနှစ်မှာ ကျင်းပရမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့ ဘက်တော်သားတွေ အနိုင်မရစေဖို့ အတွက် ယခုကတည်းက အာဏာရှင်စစ်အုပ်စုက အပျော့နည်း (ချော့တဲ့နည်း) နဲ့ ရော၊ အကြမ်းနည်း (ခြောက်တဲ့နည်း) နဲ့  ရော၊ ကောက်ကျစ်တဲ့နည်းနဲ့ ရော နည်းပေါင်းစုံသုံးပြီး လက်တွေ့  စတင် ကျင့်သုံးနေပါပြီ။

- ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရောက်ရှိလာကြတဲ့သူတွေနဲ့  ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားလူမျိုးတွေကို ပဋိပက္ခဖြစ်အောင် ပြန်လည်ဖန်တီးပေးပြီး၊ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  ဒီမိုကရေစီအင်အားစုတွေအပေါ် တိုင်းရင်းသားလူမျိုးစုတွေက အမြင်လွဲ နားလည်မှု လွဲပြီး ထောက်ခံပံ့ပိုးမှု လျော့နည်းကျအောင် ဆောင်ရွက်ပါပြီ။ (အခြားသော အရေးကိစ္စများ ဖြစ်သည့် ဧရာဝတီမြစ်ဆုံအရေးနှင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် သွေးစုပ်အမြတ်ထုတ်မှုများ အာရုံပျောက်သွားရန်၊ မြန်မာပြည်ရဲ့  တိုင်ရင်းသားလူမျိုးများဖြစ်ကြတဲ့ ကချင်ပြည်နယ်ဒေသမှာ မတရားတိုက်ခိုက်နေမှုကိစ္စတွေကို မှေးမှိန်သွားစေရန်) တို့ အတွက် တစ်ချက်ခုတ် အချက်ပေါင်းများစွာ ပြတ်စေသော ယုတ်မာလှည့်ဖြားသည့်နည်းကို အာဏာရှင်စစ်အုပ်စုမှ လုပ်ဆောင်နေပါပြီ။

- မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက်တိုက်ခိုက်မှုကို စစ်အာဏာရှင်အုပ်စုက တစ်ဘက်လှည့်နဲ့  အောင်ဆန်းဦးလို သွေးရင်းသားရင်းဖြစ်ပေမယ့် လူ့ အသိစိတ် ညံ့ဖြင်းလှတဲ့သူတွေနဲ့  အချိန်ကိုက် ပြန်လည်တိုက်ခိုက်မှုကို ပြုလုပ်ပါပြီ။

- အာဏာရှင်စစ်အုပ်စုရဲ့  ၂၀၀၈ ခုနှစ် တစ်ဘက်သတ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို အသုံးချပြီး၊ နိုင်ငံတော်အမည်ကို “Burma” လို့  မခေါ်ရဖူး၊ မြန်မာပြည်သူလူထုရဲ့  ဆန္ဒသဘောထားကို အပြည့်အ၀ မကောက်ခံရဲတဲ့ အမည်သစ် ဖြစ်တဲ့ “Myanmar” လို့  ခေါ်ရမယ်ဆိုပြီး စတင်စိန်ခေါ် ခြိမ်းခြောက်ပါပြီ။

- မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင်များနှင့် ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ၈၈မျိုးဆက်ကျောင်းသားများအပါအ၀င် ကျောင်းသားလူငယ်အင်အားစုများအားလုံးအကြား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လုပ်ကြံဖန်တီး အပုပ်ချမှုတွေနဲ့  ဇာတ်လမ်းဆင်ကာ ဖေ့စ်ဘွတ် အင်တာနက်စာမျက်နှာများ comment များမှတစ်ဆင့် ထိုးနှက်တိုက်ခိုက် ဖြန့် ဝေရေးသားမှုများ ဆောင်ရွက်ပါပြီ။

- တိုင်းပြည်နဲ့  လူမျိုးအပေါ် ပြည်သူတွေသာမက သံဃာတော်တွေအပေါ်ပါ နှစ်ပေါင်းမြောက်မြားစွာ ရိုင်းရိုင်းစိုင်းစိုင်း ရိုက်ပုတ်သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ရဲ့  သမိုင်းဆိုးကို မရိုးသားသော မမှန်ကန်သောနည်းဖြင့် အဖတ်ပြန်ဆယ်ရန်၊ စစ်တပ်၏ အခန်းကဏ္ဍ အရေးပါရန်၊ စစ်တပ်အား တိုင်းရင်းသားပြည်သူလူထုမှ အားကိုးသမှုပြုစေရန်၊ လွှတ်တော်အတွင်း စစ်တပ် လေးပုံတစ်ပုံ နေရာယူထားမှု မပျောက်ပျက်စေရန်အတွက် အဓိကဖန်တီးဆောင်ရွက်မှုများအနေနဲ့  တိုင်းပြည်အတွင်း မတည်ငြိမ်မှု ဖြစ်စေရုံသာမက၊ ပြည်ပရန် အန္တရာယ်ရှိနေရန် ပြဿနာမီးမွေးကာ ရခိုင်ပြည်နယ် အရေးကိစ္စကို ဖန်တီးပါတယ်။ ယခုဆိုရင် အီဂျစ်နိုင်ငံက စပြီး အခြားသော အစ္စလမ်ဘာသာဝင်နိုင်ငံများနဲ့  မြန်မာပြည် ပဋိပက္ခဖြစ်အောင် ဖန်တီးပါပြီ။

ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ အဖွဲ့ ဝင်များ ရွေးကောက်ခံရကာ နေရာရရှိရေးအား ဖြစ်မြောက်အောင် ဖန်တီးပေးမှုသည် အာဏာရှင်စစ်အုပ်စုတို့ ၏ ရှေ့ တိုးမည့် ခြေလှမ်းများအတွက် နောက်တစ်လှမ်း ဆုတ်ပြသည်ဟု သုံးသပ်ပါသည်။

ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ အဖွဲ့ ဝင်များအား လွှတ်တော်ထဲ နေရာပေးဝင်ခြင်းသည် အာဏာရှင်စစ်အုပ်စုတို့  အင်မတန်လိုလားနေသော “တရားဝင်” မှုအား ရယူလိုခြင်း၊ ပြည်သူ့ အစိုးရအဖြစ် အရေခြုံအသွင်ပြောင်းကာ စစ်အာဏာရှင်မှ အရပ်သားအာဏာရှင်အဖြစ် ဖန်တီးလိုခြင်း၊ အရှေ့ တောင်အာရှနိုင်ငံများအတွင်းသာမက နိုင်ငံတကာ၏ အသိအမှတ်ပြု လက်ခံမှုနှင့် အကူအညီများ ရယူလိုမှုတို့ အတွက် စေတနာအရင်းမမှန်သော “နည်းနည်းပေး များများယူ” လိုသည့် “ပြည်ပကို ညာ၊ ပြည်တွင်းကို ဖိနှိပ်သည့် အလိမ္မာနည်း” ကို ပါးနပ်စွာ အာဏာရှင် စစ်အုပ်စုမှ လက်တွေ့ ကျကျ အကောင်အထည်ဖေါ် ကျင့်ကြံနေသည်ဟု မြင်တွေ့ ရပါသည်။

အာဏာရှင် စစ်အုပ်စုတို့ ၏ သိမ်မွေ့ ကောက်ကျစ်သော လှည့်ကွက်များ အကွက်ဆင်မှုများကို မျက်တောင်တစ်ဆုံးမျှသာ မကြည်ဘဲ၊ အာဏာရှင်စစ်အုပ်စုတို့ ၏ ခေတ်အဆက်ဆက် အချိန်ကာလတောက်လျှောက် လုပ်ဆောင်မှုအဆင့်ဆင့် ဖြစ်ပျက်မှုအရှေ့ အနောက် ဆက်စပ်ကြည့်မှသာ အနေအထားတစ်ခုလုံး အစအဆုံး ပြည့်ပြည့်၀၀ မြင်တွေ့  နိုင်မည် ဖြစ်ပါသည်။

အာဏာရှင်စစ်အုပ်စုတို့ ၏ “ဘယ်သူသေသေ ငတေမာရင် ပြီးရော” ကျင့်သုံးမှုနှင့် “စိတ်ဓါတ်စစ်ဆင်ရေး” နည်းဗျူဟာများအား ၁၉၆၂ ခုနှစ် အာဏာရှင်ကြီး နေ၀င်းလက်ထက်မှ စ၍ ယခု ၂၀၁၂ ခုနှစ်တိုင်အောင် နှစ်ပေါင်း (၅၀) တိုင်အောင် အမည်အမျိုးမျိုးပြောင်း အသွင်အမျိုးမျိုးပြောင်း ကောက်ကျစ်မှုနည်းပုံစံ အမျိုးမျိုးပြောင်းကာ ချော့တစ်လှည့် ခြောက်တစ်လှည့်နည်းထက် ပိုပြီး ပါးနပ်လာသောနည်းဖြစ်သည့် “အယုံသွင်း” နည်းဖြင့် ကျင့်သုံးလာမှုအား တိုင်းရင်းသားပြည်သူလူထုမှ သုံးသပ်လေ့လာ ဆက်စပ်စဉ်းစား အမှန်ရှူမြင်ကြမှသာလျှင် အာဏာရှင် စစ်အုပ်စု၏ ခေတ်သစ် အာဏာရှင်တည်ဆောက်မှုကို အချိန်မနှောင်းမီ သိရှိနိုင်မည်ဖြစ်ကြောင်း ရဟန်းရှင်လူ ပြည်သူလူထုအကျိုးအတွက် သတိပေး ပြောကြားအပ်ပါတယ်။

ယခုနှစ် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ၂၀၁၅ ခုနှစ် မရောက်ခင် အချိန်ကာလကတည်းမှ ရဟန်းရှင်လူပြည်သူလူထုအနေဖြင့် ပြည်သူ့ ဘက်တော်သားများအတွက် အချိန်နာရီ မဖြုန်းတီး မပေါ့ဆဘဲ၊ ၂၀၁၅ ခုနှစ်တွင် ပြည်သူ့ ဘက်တော်သားများ ပြည်သူအတွက် လုပ်ဆောင်နိုင်ခွင့် အပြည့်အ၀ရရှိရေးအတွက် တတ်နိုင်သည့် ဆောင်ရွက်မှုများဖြင့် တစ်ဦးချင်းစီ မိမိတို့  စွမ်းဆောင်နိုင်ရည် လုပ်ဆောင်မှုများဖြင့် “မတရားမှုများကို တွန်းလှန်၊ အမှန်တရားကို ဖေါ်ထုတ်၊ လက်တွေ့ ကျကျ ပူးပေါင်းလက်တွဲ” ပြီး၊ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုအပေါ် မေ၀၀ါး မတွေဝေ အမြင်မလွဲကြဘဲ တိုင်းပြည်အကျိုး အဓိကရှေ့ ရှူပြီး မြန်မာပြည်ရဲ့  တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အာဏာရှင် စစ်အုပ်စုလက်အောက်မှ အလျဉ်းကင်းဝေးစေရေးအတွက် လက်တွဲဆောင်ရွက်ကြပါစို့ လို့  အလေးအနက် တိုက်တွန်းအပ်ပါတယ်။

အာဏာရှင် စစ်အုပ်စုက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူ့ ဘက်တော်သားတွေ အပြည့်အ၀ အနိုင်မရရှိရေးအတွက် နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ကြံဖန်တီးမှုတွေ၊ တိုက်ခိုက်မှုတွေ၊ လှည့်ဖြားမှုတွေ၊ သွေးခွဲရန်တိုက်မှုတွေ၊ ပြည်တွင်းပြည်ပ ပဋိပက္ခဖန်တီးမှုတွေနဲ့  စတင်လုပ်ဆောင်နေပါပြီ။

ကျွန်တော်တို့ ရဲ့  ရဟန်းရှင်လူပြည်သူလူထုအပေါင်းမှလည်း သတိတရား အသိတရား လုံ့ လ၀ီရိယဖြင့် အချိန်မနှောင်းခင် အာဏာရှင် စစ်အုပ်စုရဲ့  ၂၀၁၅ ခုနှစ်အတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင်နေမှုများအပေါ် ၀ိုင်းဝန်းလက်တွဲ၍ ပြန်လည်တိုက်ဖျက်ကြပါစို့ ဟု တိုက်တွန်းအပ်ပါတယ်။

၂၀၁၅ ခုနှစ် အချိန်ကို စောင့်ဆိုင်းနေဖို့ ထက် လုပ်သင့်လုပ်ထိုက်တာများကို ယခုကတည်းက ၀ိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ က ရဟန်းရှင်လူ ပြည်သူလူထုရဲ့  အမျိုးသားရေးတာဝန်ပါ။


0 comments: