စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, June 25, 2012

သတင်း တိုတိုထွာထွာများစုစည်းမှု

ရခိုင်ပြည်နယ် ဒုက္ခသည်များကို ကူညီရန် ကြွချီလာသော ဆရာတော်ဘုရားများ





ရခိုင်ပြည်နယ်ဒုက္ခသည်များကို ကူညီကယ်ဆယ်ရန် ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် မြန်မာ့လေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာသော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ မကြီးကျွန်းရွာဇာတိ တိပိဋကဓရဘွဲ့ရဆရာတော် ဦးအိန္ဒပါလ

(ရခိုင်ပြည်နယ်တွင် သွားရောက်သတင်းရယူနေသော CJMyanmar ၏ CJ တစ်ဦးက သတင်းပေးပို့သည်)

CJMyanmar



++++++++++++++++++++++++++++++++++++++++++++++++++

ရခိုင်မှာ ကပ်ပိုဆိုက်မည်ဟု ကုလသမဂ္ဂ သတိပေး


ဘင်္ဂလားဒေ့ရှ်သို့ ခိုလှုံရန် နယ်ခြား နတ်ဖ်မြစ်ကို ဖြတ်ကူးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေ (ဓာတ်ပုံ – Reuters)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေးနှင့် ဘာသာရေး မငြိမ်သက်မှုများကြောင့် ပိုမိုဒုက္ခရောက်နေကြပြီ ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က ပြောကြားသည်။

“ကလေးတွေ၊ မိန်းမတွေ၊ လူအိုတွေနဲ့ လူအတော်များများ လမ်းမတွေပေါ် အိပ်နေကြရတယ်။ တာပေါ်လင်စတွေ၊ ခြင်ထောင်တွေ၊ စောင်တွေ အကြီးအကျယ် လိုနေတာ စစ်တွေမှာ ရှိတဲ့ နှစ်ဘက်စလုံးရဲ့ ဒုက္ခသည်စခန်းတွေကို သွားခဲ့တဲ့ ကျနော်တို့ရုံး ဝန်ထမ်း တွေ က တွေ့ခဲ့ပါတယ်”ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ အန်ဒရီယန် အက်ဝဒ်က ပြီးခဲ့သည့်အပတ် ဂျနီဗာမြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့သွားရသူများ၊ ကြောက်လန့်ပြီး အိုးအိမ်စွန့်ပြေးရသူများ အပါအဝင် ဒုက္ခရောက်ရသူပေါင်း ၉ သောင်းရှိသည်ဟု UNHCR က ခန့်မှန်းတွက်ချက်ထားပြီး ယာယီစခန်းများနှင့် ဘုန်းကြီးကျောင်းများ အပါအ၀င် နေရာပေါင်း ၇၀ တွင် ခိုလှုံနေကြရသည်ဟုလည်း ဆိုသည်။

အကြမ်းဖက်မှုနှင့် တင်းမာမှုများကို လျှော့ချထိန်းချုပ်ရေးအတွက် မြန်မာ လုံခြုံရေးတပ်ဖွဲ့များက အမြန်ဆုံး ကြိုးစားဆောင်ရွက်ပေး ရန်လည်း ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ဇွန်လ ၁၃ ရက်နေ့တွင် ပြောဆိုခဲ့သေးသည်။

“လုံခြုံရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာလည်း ဘက်မလိုက်ဖို့၊ လူ့ အခွင့်အရေးဆိုင်ရာ အဆင့်အတန်းမီဖို့၊ တရားဥပဒေဘောင် ထဲက ကိုင်တွယ်ဖို့၊ နှစ်ဘက် အညီအမျှ ဖြစ်စေဖို့ ၊ မျက်နှာမရွေးဖို့ လိုပါတယ်”ဟု ကင်တာနာ က ဆိုသည်။

နှစ်ဘက် အပြန်အလှန် အကြမ်းဖက်မှုများ ပျံ့ပွားလာပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ၎င်းနောက်တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့(UN) က ရခိုင်ပြည်နယ်အတွင်းရှိ ၎င်း၏ ၀န်ထမ်းများကို လုံခြုံရေး စိတ်ချရာသို့ ထွက်ခွာခိုင်းခဲ့သည်။

ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ကလ္လကတ္တား မြို့ရှိ မြန်မာ ကောင်စစ်ဝန် ရုံးရှေ့တွင် အိန္ဒိယ အစ္စလမ် ကျောင်းသားများ အဖွဲ့နှင့် မွတ် စလင် အခြေပြု နိုင်ငံရေးအဖွဲ့များက ရိုဟင်ဂျာများ အရေး ဆန္ဒပြ ကန့်ကွက်ခဲ့ရာ မွတ်စလင် ရိုဟင်ဂျာများသည် မြန်မာ နိုင်ငံ သားများဖြစ်ပြီး ယခု ဒုက္ခအကြီးအကျယ် ရောက်နေကြောင်း ပြောဆိုကြသည်။

အကြမ်းဖက်မှုများမှ ဝေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခိုလှုံရန် ကြိုးစားသူများကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ဝင်ခွင့် မပေးဘဲ နယ်စပ်ကို ပိတ်ထားသဖြင့် ဒုက္ခရောက်ရကြောင်း ၎င်းတို့က ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရကမူ ခိုလှုံလာသူများသည် မြန်မာနိုင်ငံသားများသာဖြစ်၍ နေရင်းရပ်ရွာများတွင် ငြိမ်းချမ်းစွာ ပြန်လည် နေ ထိုင်ရန်ကို အလိုရှိကြောင်း ပြောဆိုသည်။

“သူတို့ဟာ မြန်မာနိုင်ငံသားတွေပါ။ သူတို့ရဲ့မွေးရာပါ အခွင့်အရေးတွေကို အသိအမှတ်မပြုတာမျိုး နိုင်ငံတကာ မိသားစု အနေနဲ့ မပြောဆိုသင့်ဘူး”ဟု ဘင်္ဂလားဒေ့ရှ် ဥပဒေရေးရာ ဝန်ကြီး ရှာဖစ် အာမဒ် က ပြောကြောင်း Gulf Time သတင်းစာက ဆိုသည်။

ဒုက္ခသည်များ ဝင်ရောက်လာနိုင်ရေးအတွက် နယ်စပ် ဖွင့်ပေးရန် ဘင်္ဂလားဒေ့ရှ် အား တောင်းဆိုနေခြင်းထက် မြန်မာ နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်နေမှုများ ရပ်ဆိုင်းသွားရေးကို နိုင်ငံတကာက ပိုအာရုံပြုသင့်ကြောင်း ယခင်အပတ်ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရ က ပြောဆိုခဲ့သည်။

UNHCR နှင့် အမေရိကန် ပြည်ထောင်စုက ဒုက္ခသည်များ ဝင်ရောက်ခွင့်ပြုရေး နယ်စပ်ကိုဖွင့်ပေးရန် ဘဂ်လားဒေ့ရှ်အစိုးရအား မကြာ သေးခင်က တောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက လက်ရှိ ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည် ၄ သိန်း လက်ခံ ထားရသည့် အတွက် ထပ်မံ လက်မခံ လိုတော့ကြောင်း ပြောဆိုသည်။

မလေးရှားအခြေစိုက် အင်တာနက် သတင်းဌာန ဖြစ်သည့် မလေးရှားကီနီ သတင်းတပုဒ်၏ ဖော်ပြချက်အရလည်း မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်န၀ါ အီဗရာဟင်က မွတ်စလင် ရိုဟင်ဂျာများအပေါ် မည်သို့ ပြုမူ ဆက်ဆံသည် ဆိုသည်မှာ မြန်မာ တို့၏ ယဉ်ကျေးမှု အဆင့်အတန်း ပြယုဂ် ဖြစ်လိမ့်မည်ဟု ပြောဆိုကြောင်း သိရှိရသည်။

“ပါလက်စတိုင်းတွေ ဒုက္ခခံနေရသလို ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး မြန်မာပြည်က ထွက်ပြေးနေရတယ်”ဟု အန်န၀ါ အီဗရာဟင်က ပြောဆိုသည်။

++++++++++++++++++++++++++++++++++++++++++++

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ဟာ ဇွန်လ (၂၂)ရက် နေ့က ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဌ ( ငုယန်-ရှင်ဟွမ် ) Nguyen Sinh Hung ကို တွေ့ဆုံပြိး လွှတ်တော် ရေးရာကိစ္စတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့

ဗီယက်နမ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့တဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ဟာ ဇွန်လ (၂၂)ရက် နေ့က ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဌ ( ငုယန်-ရှင်ဟွမ် ) Nguyen Sinh Hung ကို တွေ့ဆုံပြိး လွှတ်တော် ရေးရာကိစ္စတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် နှစ်နိုင်ငံစလုံးမှာ လွှတ်တော်မိတ်ဆွေအဖွဲ့တွေ ဖွဲ့စည်းဖို့၊ အရေးပါတဲ့ ထိပ်တန်းအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး အမြင်သဘောထားဖလှယ်ဖို့ စတဲ့ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုရေးနဲ့ ယဉ်ကျေးမှုကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဇွန်လ ၂၀-ရက်ကနေ ၂၄-ရက်နေ့ထိ ငါးရက် ကြာခရီးစဉ်အတွင်း ဦးခင်အောင်မြင့်ဟာ ဗီယက်နမ်သမ္မတနဲ့ ကွန်မြူတစ်ပါတီခေါင်းဆောင်တွေကိုလည်း တွေ့ဆုံခဲ့ ကြောင်း ဗီယက်နမ်ကလာတဲ့ အေဂျင်စီသတင်းတွေမှာ ရေးသားထားပါတယ်။

+++++++++++++++++++++++++++++++++++++++++++

ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်း ရေးကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံကို ရောက်ရှိ

ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်း ရေးကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအတိုက်အခံအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဦးအောင်မင်းနဲ့အဖွဲ့ဟာ ဇွန်လ ၂၅-ရက်နေ့မနက်ပိုင်းက ထိုင်းနိုင်ငံကို ရောက်ရှိလာပြီး မွန်းလွဲ-၂ နာရီလောက်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေနဲ့ ဘန်ကောက်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုအတွင်း လူဘောင်သစ်ပါတီကို မတရားအသင်းသတ်မှတ်ထားတာကို ပယ်ဖျက်ရေး၊ ပါတီဝင်တွေအားလုံး မြန်မာနိုင်ငံကို ပြန်သွားနိုင်ရေးအပါအ၀င် အကြောင်းအရာ အတော်များများကို ဆွေးနွေးခဲ့ တယ်လို့ လူ့ဘောင်သစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

+++++++++++++++++++++++++++++++++++++++

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေ၊ တကိုယ်ရေသန့်ရှင်းမှုနဲ့ မိလ္လာစနစ်တွေဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံးက အစီရင်ခံစာ ထုတ်ပြန်

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေ၊ တကိုယ်ရေသန့်ရှင်းမှုနဲ့ မိလ္လာစနစ်တွေဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီစခန်းတွေမှာ ဆေးကြောလျော်ဖွတ်စရာ ရေအလုံ အလောက်မရှိဘဲ သန့်ရှင်းရေးအတွက် စိုးရိမ်ရတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။ ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်း ၆၆ ခုမှာ ဒုက္ခသည် ၅ သောင်း ၂-ထောင်ကျော် ခိုလှုံနေတယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန် ထားပါတယ်။ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ချို့ကတော့ စုစုပေါင်း ဒုက္ခသည် ၈ သောင်းကနေ ၉ သောင်းအထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

++++++++++++++++++++++++++++++++++++++++

ဇွန်လ ၂၆ ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်

ဇွန်လ ၂၆ ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီက ဖမ်းဆီးရမိတဲ့ ဘတ်ငွေသန်း ၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးမယ်လို့ ပြောကြား လိုက်ပါတယ်။ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်က ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ ထိန်းချုပ်နယ်မြေတစ်နေရာမှာ ဇွန်လ ၂၆ ရက်နေ့ ပြုလုပ်မှာဖြစ်ပါတယ်။ မီးရှို့ ဖျက်ဆီးမဲ့အထဲမှာ ဘိန်းဖြူ၊ ဘိန်းစိမ်း၊ ဓာတုဆေးရည်တွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ကိရိယာတွေ ပါဝင်မဲ့အကြောင်း ရှမ်းပြည်တပ်မတော်တောင်ပိုင်း တာဝန်ရှိသူတွေက ပြောပြခဲ့ပါတယ်။

+++++++++++++++++++++++++++++++++++++++



အယ်ကိုင်ဒါးအဖွဲ့နှင့်ဆက်သွယ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေခဲ့ပြီး ဂူတောင်ရွာအရေးအခင်းတွင် တစ်ဖက်နိုင်ငံမှ အကူအညီပေးသူများနှင့် ချိတ်ဆက်ပေးခဲ့သော ဘင်္ဂလီ(၂)ဦးအား ဓည၀တီ(၃)၊ မောင်တော-စစ်တွေသွား သင်္ဘောပေါ်တွင် ဖမ်းဆီးလာခိုက် တွေ့ရစဉ်..



ရသေ့တောင်..ကူတောင်ကျေးရွာမှ..ရခိုင်သား ၁၀ဦးအသတ်ခံရမှူတွင် အဓိက ကြိုးကိုင်ခဲ့သူ ၂ ဦး ဘူးသီးတောင်မြို.နယ် ညောင်ချောင်းကျေးရွာအနီးမှ ဖမ်းဆီးရမိခဲ့သည်...

++++++++++++++++++++++++++++++++++++++++++++

ကိုကိုကြီး (ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားခေါင်းဆောင်)





ရိုဟင်ဂျာ ကိစ္စမှာ ကွန်တော်တိုနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှ သည်းခံဆောင်ရွက်နေတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့် အခုရိုဟင်ဂျာ ကိစ္စ ကို အခု အပြတ်ပြောပါမယ်။ရိုဟင်ဂျာဆိုတာ ကွန်တော်တို့ မြန်မာနိုင်ငံ တိုင်ရင်သားလုံးဝမဟုတ်ပါဘူး.။ အခုဖြစ်နေတဲ့ ဘူးသီးတောင် မောင်းတောကိစ္စတွေမှာ နိုင်ငံတကာ နိုင်ငံကြီးတွေက မြန်မာနိုင်ငံ ကိစ္စကို အပြည် အစုံ နားမလည်ဘဲ ၀င်ရောက်ပတ်သတ် စွက်ဖက်နေတာကို လုံးဝ လက်မခံပါဘူး.။ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်ခြာကို ထိပါးတယ်လို ကျွန်တော်တို သတ်မှတ်ပါတယ်။ နိုင်ငံ တကာနှင့် မျက်နာမပျက်အောင် ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမူ ကိုယ်ခြင်းစာနာမူ လိုက်လျောမူကို နိုင်ငံကြီးတွေက ဖိအားပေးလာရင် ကျွန်တော်တိုလက်ခံမှာမဟုတ်ဘူ။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော်နှင့် လက်တွဲဖြေရှင်းသွားမယ်..။

+++++++++++++++++++++++++++++++++++

ဇွန်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် ဂွမြို့ကနေ ၇ မိုင်လောက်ဝေးတဲ့ ဂွကျွန်းမှာ စက်လှေပျက်ပြီး သောင်တင် နေတဲ့ ဘင်္ဂလီ ၈၈ ယောက်ကို ဂွမြို့အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဖမ်းဆီး


ဇွန်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် ဂွမြို့ကနေ ၇ မိုင်လောက်ဝေးတဲ့ ဂွကျွန်းမှာ စက်လှေပျက်ပြီး သောင်တင် နေတဲ့ ဘင်္ဂလီ ၈၈ ယောက်ကို ဂွမြို့အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဖမ်းဆီးပြီး သံတွဲကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူတို့ဟာ ဇွန်လ ၁၉ ရက်နေ့ကတည်းက ဂွကျွန်းမှာ သောင်တင်နေတာဖြစ်ပြီး စက်လှေပြင်ဖို့ စက်ပစ္စည်းလာရှာသူ ဘင်္ဂလီ (၄) ဦးကို ခြေရာခံမိရာကနေ ကျန်သူအားလုံးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဘင်္ဂလီ ၈၀ ကျော် မွန်ပြည်နယ် ရေးမြို့နယ် အံဝင်ကျေးရွာမှာ စက်လှေဝမ်းဗိုက်ကွဲပြီး သောင်တင်ခဲ့ပါတယ်။ သူတို့ကိုတော့ ရေးမြို့နယ် တရားရုံးကနေ လ၀ကမှုနဲ့ ထောင်ဒါဏ် ၁နှစ်စီချပြီး မော်လမြိုင်ထောင် ကိုပို့လိုက်တယ်လို့ ဒေသခံတွေက ပြောပြခဲ့ပါတယ်။

0 comments: