စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 30, 2012

တစ်နှစ်ပြည့် ကချင်စစ်ပွဲနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး



ရေးသားသူ-ရဲမိုး

'စစ်ပွဲတွေကို ကျွန်ုပ်တို့ အဆုံးမသတ်ရင် စစ်ပွဲတွေက ကျွန်ုပ်တို့ကို အဆုံးသတ်သွားလိမ့်မယ်'

အိပ်ခ်ျဂျီဝဲလ်စ်

'ဂျိန်း'ခနဲပေါက်ကွဲသည့် အသံက အနီးကပ်မိုးကြိုးပစ်သံထက်ပင် ပိုကျယ်သည်။ ခြေဖ၀ါး အောက်
က မြေကြီးတုန်လှုပ်သွားပြီး မတ်တတ်ရပ်နေသူတစ်စု၏ ခန္ဓာကိုယ်များယိမ်းထိုးသွားသည်။
အစိမ်းပုပ်ရောင် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)ယူနီဖောင်းကို ၀တ်ထား
သည့် ဗိုလ်မှူးက မှတ်ချက်ချသည်။ 'ဒါ ၁၀၅မမ ဟောင်ဝစ်ဇာအမြောက်သံပေါ့၊ ဒီကျည်ဆန်တစ်လုံး
က သိန်းလေးဆယ်နီးနီးတန်တယ်'
ပြီးခဲ့သည့်နှစ် ဇွန်လ ၉ရက် နေ့က စတင်ခဲ့သည့် ကချင်ပြည် နယ်တွင်းစစ်ပွဲ ရက်ပေါင်း ၃၄၉ ရက်

မြောက်နေ့ဖြစ်ပါသည်။ တစ် နှစ်ပြည့်ဖို့ ၁၈ ရက်အလို မေလ ၂၂ ရက်တွင် တပ်မတော်ဘက်မှ

ပစ်လိုက်သော၁၀၅မမ အမြောက်ဆန်က 'မင်္ဂလာပါ' ဟု နှုတ်ခွန်း ဆက်ထားသော လိုင်ဇာမြို့အ၀င် မုခ်ဦးနှင့်

တစ်ဖာလုံခန့် အကွာမှာ ကျရောက်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့က အနည်းဆုံး အမြောက်ဆန်သုံးလုံး

ထိုနေရာတစ်ဝိုက်တွင် ကျရောက်ခဲ့သည်။
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာ က ကောင်းချီးပေးနေချိန်၊ နေ ပြည်တော်နှင့်

ဝါရှင်တန်ဒီစီအပါ အ၀င် နိုင်ငံတကာမြို့တော်ကြီး များအကြား ဆက်ဆံရေးလမ်းကြောင်းများ

ချောမွေ့အရှိန်ရလာ စဉ်မှာ မြန်မာပြည်မြောက်ပိုင်းက စစ်ပွဲက စိုးရိမ်စရာအကောင်းဆုံး အခြေအနေကို

ရောက်ရှိလာခဲ့ပါပြီ။
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၏ လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ကေအိုင်အေ၏

စာရင်းဇယားများအရ ၁၁ လအ တွင်း ယခုနှစ်မေလ ၂၁ ရက်နေ့ အထိ တိုက်ပွဲပေါင်း ၁ç၄၀၈ ခုဖြစ်
ပွားခဲ့ပြီး နေ့စဉ် ပျှမ်းမျှ တိုက်ပွဲလေးပွဲဖြစ်ပွားနေသည်။ ဧပြီလကုန်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ

ဘန်ကီမွန်း မြန်မာနိုင် ငံကိုလာရောက်စဉ်က ကချင်ပြည် နယ် ငြိမ်းချမ်းရေးအတွက် ပြော ဆိုခဲ့ပြီးနောက်ပိုင်း

အနည်းဆုံး တိုက်ပွဲ၁၄၀ခန့် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်ဟု စာရင်းများကဆိုသည်။
အရှေ့တောင်အာရှ၏ နောက်ဆုံးကျန်ရှိသော စစ်ပွဲဖြစ် သည့် ကချင်ပြည်နယ်တွင်း လက်

နက်ကိုင်ပဋိပက္ခသည် မြန်မာ့ ပြည်တွင်းစစ်သမိုင်းတွင် အသေ အပျောက်အများဆုံးနှင့် ကုန်

ကျစရိတ်အများဆုံး စစ်ပွဲတစ်ခု ဖြစ်ဖို့ တစ်လှမ်းချင်း နီးစပ်လာနေ ခဲ့ပါပြီ။
'အချိန်မီ မရပ်နိုင်ရင် နောက်ပြန်လှည့်လို့ရမှာ မဟုတ် တော့ဘူး။ လူမျိုးရေးမုန်းတီးမှုကို

ဘယ်တော့မှ ရပ်လို့ရမှာ မဟုတ် တော့ဘူး"ဟု မြစ်ကြီးနားမြို့ရှိ ဒေသခံ အင်န်ဂျီအို တစ်ခုမှာ အလုပ်
လုပ်နေသည့် ကချင်လူငယ် အမျိုးသားတစ်ဦးက မှတ်ချက်ချသည်။
၁၉၆၁ ခုနှစ်က စတင်၍ လက်နက်ကိုင်တော်လှန်ခဲ့သော ကေအိုင်အေတပ်ဖွဲ့များသည် ၁၉၉၄ တွင်

နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူခဲ့ သည်။ ငြိမ်းချမ်းရေးရယူပြီး ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ်

ဇွန်လ အတွင်းက တရုတ်-မြန်မာ နယ် စပ်အနီးရှိ တရုတ်နိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုတစ်ခုဖြစ်သည့် တာပိန် ရေအား

လျှပ်စစ်စီမံကိန်းအနီး ရှိသည့် ကေအိုင်အေတပ်များကို တပ်မတော်က တိုက်ခိုက်ရာက စတင်ပြီး တိုက်ပွဲများ

ဆက်တိုက် မြှင့်တက်လာခဲ့သည်။
ပဋိပက္ခ၏ သားကောင်များ
'ချမ်းသာတဲ့လူတွေက စစ်တိုက်တဲ့အခါ ဆင်းရဲသားတွေက အသက်ပေးကြရပါတယ်"
-ယန်းပေါဆာ့ထ်
မြစ်ကြီးနားမှာရှိသည့် မိသားစုဆီကို ဦးနော်ဂျာ (၃၉ နှစ်) မပြန်နိုင်တာ တစ်နှစ်နီးနီးရှိပြီ။ ၂၀၀၅

ခုနှစ်မှာ ရေဆင်းတက္က သိုလ်က စိုက်ပျိုးရေးအဓိကနဲ့ ဘွဲ့ ရထားတဲ့ ဦးနော်ဂျာတစ်ယောက် တပ်မတော်က

ဝိုင်းဝန်းပိတ်ဆို့ ထားသည့် ကေအိုင်အေအခြေ စိုက်ရာ လိုင်ဇာမြို့ပြင်က ဂျေ ယမ်းစစ်ဘေးဒုက္ခသည်စခန်းမှာ

တာဝန်ခံတစ်ဦးအဖြစ် တာဝန်ယူနေသည်။
၂၀၁၁ ဇွန်လကုန်မှာ ဂျေ ယမ်းစခန်းစတင်ဖွင့်လှစ်ကတည်း က မိသားစုကို မြစ်ကြီးနားမှာ ထားခဲ့ပြီး

စခန်းတာဝန်ခံတစ်ဦး အဖြစ် စေတနာ့ဝန်ထမ်းလုပ်နေ ခဲ့သည်။ မေလ ၂၂ရက်နေ့အထိ ဂျေယမ်းစခန်းမှာ

ဒုက္ခသည် ပေါင်း ၆၂၀၄ဦး ရှိနေပါသည်။
"'စစ်ဆိုရင် ဘယ်အရပ် ဘယ်ဒေသမှာမဆို ပိုခံစားရတာက ကျေးရွာသူ ရွာသားတွေပါပဲ။ နစ်
နာဆုံးရှုံးမှု အများဆုံးက ပြည် သူလူထုပဲ"ဟု ဦးနော်ဂျာက ဆိုသည်။
စတုရန်းမိုင်ပေါင်း ၃၄၃၀၀ ကျော်ကျယ်ဝန်းသည့် ကချင်ပြည် နယ်အနှံ့အပြားမှာ ဒုက္ခသည်

စခန်းပေါင်း ၅၀ ခန့်ရှိပြီး စစ်ပြေး ဒုက္ခသည်ပေါင်း ၈၀၀၀၀ ၀န်း ကျင်ရှိနေပြီဟု လိုင်ဇာမြို့အခြေ စိုက်

ကချင်ပြည်နယ်စစ်ဘေး ဒုက္ခသည်စောင့်ရှောက်ရေးကော် မတီ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကေအိုင် အိုဗဟိုကော်မတီဝင်တစ်ဦးလည်း ဖြစ်သူ ဦးဒွဲပီဆက ပြောသည်။
ပိုမိုပြင်းထန်လာသည့် တိုက် ပွဲအရှိန်နှင့် ကျယ်ပြန်လာသည့် စစ်မျက်နှာများကြောင့် ဒုက္ခသည်
အရေအတွက် တိုးပွားလာသည် နှင့်အမျှ အခက်အခဲများလည်း ရင်
ဆိုင်လာကြရသည်။
'အဓိကကတော့ စားရေး သောက်ရေး ပြဿနာပဲ' ဟု ဦးဒွဲ ပီဆကပြောသည်။
အခြားပြဿနာများက တော့ မိခင်နှင့် ကလေးများ၏ ကျန်းမာရေးပြဿနာ၊ မိုးကျလာသည့်အ
တွက် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ၊ ကျောင်းနေအရွယ် ကလေးများ၏ ပညာရေးနှင့်အခြား
အထွေထွေစိန်ခေါ်မှုများဖြစ်သည်ဟု စခန်းတာဝန်ခံများက ပြောပြသည်။
ခန့်မှန်းခြေ ဒုက္ခသည် စုစု ပေါင်း ၈၀ç၀၀၀ ၀န်းကျင်အနက် ၅၂ç၀၀၀ ခန့်က ကေအိုင်အို ထိန်းချုပ်ထားသည့် ဒေသများမှာရှိပြီး ကျန်ရှိသည့်သူများမှာ ၀ိုင်းမော်၊မြစ်ကြီးနားတစ်ဝိုက်မှာဟု ဦးဒွဲပီ
ဆက ခန့်မှန်းသည်။
မြစ်ကြီးနားမြို့နှင့် ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ ၀ိုင်းမော် မြို့၊ ၀ိုင်းမော်ဇုန်နယ် နှစ်ခြင်းအ သင်းတော်စခန်းတွင် ပြီးခဲ့သည့် ဧပြီလအထိ ဒုက္ခသည် ၄၀၀ ကျော်သာရှိရာက မေလအတွင်း ၈၀၀ ကျော်အထိ
မြင့်တက်လာခဲ့သည်။
စစ်ပြေးဒုက္ခသည် အရေအ တွက် များပြားလာသည်နှင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှု အသစ်မှာ လူကုန်ကူးမှုပြဿနာဖြစ်သည်။
ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆက ၎င်းင်းတို့ထံ တိုင် ကြားမှု ငါးမှုခန့်ရှိခဲ့ပြီဟု ပြောဆို သည်။
ယခုနှစ် ဧပြီလအထိ ဒုက္ခ သည်များအတွက်ကေအိုင်အိုကကျပ်ငွေသိန်းပေါင်း ၄၆၀၀ ကျော်
နှင့် တရုတ်ယွမ်ငွေ ၅၂ သိန်း သုံးစွဲခဲ့ပြီးဖြစ်သည်ဟု ကယ်ဆယ်ရေး ကော်မတီ၏ စာရင်းများကဆို သည်။
'စစ်အသုံးစရိတ်ထက် အ များကြီး ပိုပါတယ်' ဟု ဦးဒွဲပီဆက ပြောသည်။
တစ်ဖက်တွင်လည်း နိုင်ငံ တော်အစိုးရ၏ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ အတွင်းရေးမှူး နယ်စပ်ရေးရာ ၀န်ကြီးဌာန၏ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက သက်ဆိုင်ရာ အစိုးရဌာန များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ ဖြစ်သည့်
UNOCHA, WFP, UNICEF, UNHCR, UNDP , ICRC အပါအ၀င် အခြားအဖွဲ့များ နှင့် စစ်ပြေးဒုက္ခသည်များအတွက်အကူအညီပေးရေးကို ပူးတွဲလုပ် ဆောင်နေသည်ဟု နိုင်ငံတော်ပိုင် နေ့စဉ်သတင်းစာများကဖော်ပြ သည်။
ရန်ကုန်မှ ပေးပို့သော အကူ အညီများနှင့် ကုလသမဂ္ဂ၏ အကူအညီများမှာ လိုင်ဇာဒေသရှိ စခန်း
များကို မရောက်သလောက်ပင် ဖြစ်သည်ဟုလည်း ဦးဒွဲပီဆက ပြောသည်။
ဒုက္ခသည် စခန်းများအတွင်း စစ်တိမ်းရှောင်စဉ်မှာ မွေးဖွားခဲ့ သည့် ကလေးအရေအတွက်ပင် စုစုပေါင်း ၁၀၀၄ ဦး ပြည့်ခဲ့ပြီဟု သူက ထပ်လောင်းပြောဆိုသည်။
စကားဝိုင်းဆွေးနွေးပွဲ
'စစ်ပွဲအားလုံးဟာ သံတမန် နည်းလမ်းရဲ့ ကျဆုံးမှုကို ကိုယ်စား ပြုတယ်'
-တိုနီဘန်း
ရှေးမြန်မာဘုရင်များ လက် ထက်က မြန်မာတပ်များနှင့် ကချင်တပ်များ ပုခုံးချင်းယှဉ်ပြီး ပူးတွဲစစ်ချီခဲ့သည့်အချိန်များအကြောင်းကို ဦးလဆီးဘောက်နော် (၆၃နှစ်)ကပြောပြသည်။
'ကချင်နဲ့ မြန်မာဘုရင်တွေ ကြားမှာ ပြဿနာမရှိခဲ့ဘူး}} ဟု ၁၉၉၄ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုနောက်ကွယ်မှာ ပါဝင်ခဲ့ပြီး ယခု ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးလှုပ်ရှားမှုများ ကို ဦးဆောင်နေသည့် ဦးလဆီး ဘောက်နော်ကဆိုသည်။
'(လွပ်လပ်ရေးရပြီးခါစ) ရန်ကုန်အစိုးရလို့ ခေါ်တဲ့အချိန်၊ အင်းစိန်တိုက်ပွဲမှာ ကချင်တွေလာချတာပေါ့'ဟု သူက ထပ်လောင်း ပြောသည်။
နိုင်ငံတော်အစိုးရနှင့် ကေ အိုင်အိုအကြား တွေ့ဆုံဆွေးနွေး ရေးသိသာထင်ရှားစွာ မအောင်မြင်ရခြင်း အကြောင်းရင်းမှာ ဦးတည်ချက် မတူညီခြင်းကြောင့်ဟုကေအိုင်အို၏ တွဲဖက် အတွင်း ရေးမှူးဖြစ်ပြီး ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ်သည့် ဦးလနန်းကပြော ပါသည်။
နိုင်ငံတော် အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေးကို ဦးတည်ပြီး ကေအိုင်အိုအနေဖြင့် နိုင်ငံရေး ပြဿနာကြောင့်ဖြစ်လာသော စစ်ပွဲဖြစ်သောကြောင့် နိုင်ငံရေးကို အရင်ဖြေရှင်းရမည်ဟု ခံယူထား ကြောင်း ဦးလနန်းကရှင်းပြသည်။
၁၉၉၄ ခုနှစ်က စတင်ပြီး နိုင်ငံတော်အစိုးရနှင့် အပစ်အ ခတ်ရပ်စဲရေး ရယူထားခဲ့ပြီး အမျိုး သားညီလာခံကို တက်ရောက်ခဲ့ သည့် ကေအိုင်အိုဘက်က ၁၇နှစ် ကြာမြင့်သော ငြိမ်းချမ်းရေးကာလ ကို
အပစ်အခတ်ရပ်စဲထားသည့် တိုင်အောင်အဓိကနိုင်ငံရေးပြဿ နာကို မဖြေရှင်းနိုင်သည့်ကာလဟု သုံးသပ်သည်။ ရေရှည် ငြိမ်းချမ်း ရေးအတွက် ပြည်တွင်းစစ်၏ အဓိကကျသော အခြေခံနိုင်ငံရေး ပြဿနာများကို အရင်ဖြေရှင်း သင့်သည်ဟု ၎င်းင်းတို့ကဆိုသည်။
'စစ်ပွဲဆိုတာ နိုင်ငံရေးပြဿ နာကြောင့် ဖြစ်လာရတဲ့ အကျိုး ဆက်ပဲ။ ပြဿနာရဲ့ မူလအရင်း အမြစ်ဖြစ်တဲ့ နိုင်ငံရေးကို ဖြေရှင်း မှရမယ်'ဟု ဦးလနန်းကပြောသည်။
ကေအိုင်အိုအနေဖြင့် အမျိုး သားညီလာခံကို တက်ခဲ့သည့်တိုင် အောင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းလဲရေးကို လက်ခံနိုင်ခြင်း မရှိခဲ့ပေ။ ၂၀၀၉ ခုနှစ် ဧပြီလအ တွင်း နိုင်ငံတော်အစိုးရက နယ် ခြားစောင့်တပ်သို့ အသွင်ပြောင်း လဲရန် ဖိအားပေးခြင်းအပေါ် ငြင်း ဆန်ခဲ့သည့်နောက်ပိုင်း အခြေ အနေ ပိုမိုတင်းမာလာခဲ့သည်ဟု သူက ဆက်ရှင်းပြပါသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များက သိသာထင်ရှားသည့် ရလဒ်များ မရခဲ့သည့်နောက်ပိုင်း ပြည်ထောင်စုအစိုးရအဖွဲ့က ငြိမ်း ချမ်းရေးဖော်ဆောင်ရေးအဖွဲ့အ သစ်ကို မေလ ၃ရက်မှာ ပြန်လည်
ဖွဲ့စည်းခဲ့သည်။ အသစ်ပြန်လည်ဖွဲ့စည်းသည့်အဖွဲ့ကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
ဗဟိုကော်မတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဟု နှစ်ဖွဲ့ ဖွဲ့ထားသည်။
ဗဟိုကော်မတီတွင် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ ၀င်များထဲတွင် ဒုသမ္မတနှစ်ဦးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်း
အောင်လှိုင်တို့လည်းပါဝင်သည်။ လုပ်ငန်းကော်မတီတွင်မူ ဥက္ကဋ္ဌ အဖြစ် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တာဝန်ယူပြီး ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်
ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ဒုတိယဥက္ကဋ္ဌများ အဖြစ်ပါဝင်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်း စိန် ကိုယ်တိုင်လည်း မေလ ၁၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဦး စားပေး ပြောကြားသွားခဲ့သည်။
ကချင်ပြည်နယ် စစ်ပွဲကို မရပ်တန့်နိုင်သည့်တိုင်အောင် နိုင် ငံတော်ကိုယ်စားပြု ငြိမ်းချမ်းရေး ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၁ သြဂုတ်လမှ စတင်ပြီး တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
ငြိမ်းချမ်းရေးဖော်ဆောင် ရေးကော်မတီတွင် နိုင်ငံတော် သမ္မတကိုယ်တိုင် ဦးဆောင်ပါဝင် လာသည့်အတွက် မျှော်လင့်ချက် ပိုမိုအားကောင်းလာသည်ဟု သုံးသပ်သူများရှိနေသည်။
သို့တိုင်အောင် အသစ်ပြန် လည်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့်ပတ် သက်၍ လူပြောင်းဖို့ထက် မူ ပြောင်းဖို့က ပိုအရေးကြီးကြောင်း ဦးလနန်းကသုံးသပ်သည်။
'ဒီပုံစံအတိုင်း သွားမယ်ဆိုရင်တော့ နိုင်ငံတကာရှေ့မှာ ကေအိုင်အေနဲ့ ဘယ်နှကြိမ်တွေ့ပါတယ်ဆိုတာပဲ များသွားမယ်။ အဖြေရလဒ်တော့ ရလာမယ် မထင်ဘူး'ဟု သူကဆိုပါသည်။
သို့သော် ငြိမ်းချမ်းရေးအဖွဲ့ သစ်နှင့်ပတ်သက်၍ သူ့မှာ အပြုသဘောဆောင်သည့်အမြင်လည်း ရှိပါသည်။
'(အဖွဲ့သစ်မှာ) ကာကွယ် ရေးဦးစီးချုပ်ကိုယ်တိုင် ပါလာ တော့ အတိုင်းအတာတစ်ခုထိ တော့ ပိုမှာပေါ့'စစ်ပွဲ၏ အကျအဆုံးနှင့်အနာဂတ်
'မျိုးချစ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဟာ တိုင်းပြည်အတွက် သူတို့ အသေခံမယ့် အကြောင်းပဲပြော တယ်၊ တိုင်းပြည်အတွက် သူတို့ ဘယ်လောက်သတ်တယ်ဆိုတာ ကိုတော့ ဘယ်တော့မှ မပြောကြဘူး'
-ဘာထရန်ရပ်ဆဲလ်
၁၂ လနီးပါး ကြာမြင့်ခဲ့သည့် စစ်ပွဲအတွင်းကျဆုံးခဲ့မှု အရေအ တွက်ကို နိုင်ငံတော်အစိုးရနှင့် ကေအိုင်အို နှစ်ဖက်လုံးက တရား ၀င်ကြေညာမှု မရှိခဲ့ပါ။ ကိန်း ဂဏန်းအတိအကျ မသိရသည့်တိုင် နှစ်ဖက် အကျအဆုံးများမှာ မနည်းလှဟု စောင့်ကြည့်သူများ ခန့်မှန်းကြပါသည်။ တပ်မတော်ဘက်မှာ ထောင် ဂဏန်းခန့် ကျဆုံးခဲ့ပြီဟု ကေအိုင် အေ သတင်းအရင်းအမြစ်အချို့ က ဒေသတွင်း မီဒီယာအချို့မှာ တော့ ပြောဆိုခဲ့သည်။
'ကျွန်တော်တို့ဘက်က တော့ အကျရှိတယ်။ ဒါ ၀န်ခံတယ်။ ဒါပေမဲ့ အစိုးရစစ်တပ်မှာတော့ အကျအဆုံး ပိုများတယ်။ အဆနဲ့ ပိုများတယ်'ဟု ကေအိုင်အေ ပြောရေးဆိုခွင့်ရ ဦးလနန်းကပြော သည်။
နှစ်ဖက်အကျအဆုံး အဆ မတန် များလာရင် နှစ်ဖက်စလုံး နောက်ပြန်ဆုတ်ရမည်ကို အခက် တွေ့လာနိုင်ကြောင်း စိုးရိမ်သူများ ရှိသလို တပ်မတော်ဘက်မှ အင် အားနှင့် ဆက်တိုက်ဖိလာလျှင် ကချင်နှင့် ဗမာများအကြား လူမျိုး ရေးမုန်းတီးမှု ကြီးထွားလာနိုင်သည်ဟု စိုးရိမ်သူများလည်းရှိနေ သည်။
'အခြေအနေကို မထိန်း သိမ်းနိုင်ရင် အကြမ်းဖက်တိုက် ခိုက်မှုတွေ ဖြစ်လာနိုင်တယ်'ဟု မြစ်ကြီးနားအခြေစိုက် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။
မြစ်ကြီးနားမြို့ YMCA ၏ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ လုပ်လာခဲ့သော ဦးလဆီးဘောက် နော်ကတော့ 'ကျွန်တော်က Racial issue (လူမျိုးရေးပြဿနာ) ဖြစ်လာမှာကို ကြောက်တယ်'ဟု သုံးသပ်သည်။
မိုင်ဂျာယန်က စစ်ဘေးဒုက္ခ သည်စခန်းကို ဗမာအလှူရှင်တစ် ဦးလာလှူရာမှာ စခန်းထဲမှာ ဗမာ လို့မပြောပါနဲ့ဟု စခန်းတာဝန်ခံ က ကြိုမှာထားခဲ့ကြောင်း စခန်း နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုကပြောသည်။
ရွေ့လျားနေသော နာရီ လက်တံများနှင့်အတူ ကချင်စစ်ပွဲ သည်လည်း ရှေ့ကို တိုး၍သွား နေသည်။
လိုင်ဇာမြို့ ဂျေယမ်းဒုက္ခ သည်စခန်းမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်နေပြီး မြစ်ကြီးနားမှာ ရှိသည့် မိသားစုဆီကို မပြန်နိုင် သေးသည့် ဦးနော်ဂျာကတော့
'အခုလို ဆက်ဖြစ်နေမယ်ဆိုရင် လူမျိုးရေးဘက်ကို ဦးတည်နေတဲ့ သဘောရှိတယ်'ဟုဆိုသည်။
ပြီးတော့ သူက တိုးတိုးထပ် ပြောသည်။
'ကျွန်တော်တို့လည်း ကျွန်တော်တို့ ခံနိုင်တဲ့ အတိုင်းအတာပေါ့'

7Day News Journal 

0 comments: