စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 25, 2012

မြန်မာအစိုးရကိုအာဆီယံအတွင်းရေးမှုးချုပ်သတိပေး


လူထုတောင်းဆိုမှု ကို အကြမ်းမဖက်ဖို့ အာဆီယံ အကြီးအကဲ သတိပေး

မြန်မာနိုင်ငံမှာလတ်တလောပေါ်ပေါက်နေတဲ့ လျှပ်စစ်စွမ်းအင်ရရှိရေး ဆန္ဒထုတ်ဖေါ်မှုတွေကို အကြမ်းမဖက်ဘဲ အေးဆေးညင်သာဖြေရှင်းပြီး၊ ဒါတွေဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ် ဆီ ကူးပြောင်းရာမှာ
ဖြစ်မြဲ ဓမ္မတာ ကိစ္စတွေအဖြစ် ရှုမြင်ဖို့လိုအပ်ကြောင်း အာဆီယံ
အတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ် က မြန်မာ အစိုးရ ကို ကြာသပတေးနေ့က တိုက်တွန်း သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိသွားနေတဲ့လမ်းကြောင်းကနေ သွေဖည်မသွားဖို့၊ အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေ မလုပ်မိဖို့ အရေးကြီးကြောင်းလည်း
ပြောဆိုပါတယ်။

နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ပွင့်လင်းတဲ့ ဒီမိုကရေစီ
လူ့ဘောင်ဖြစ်လိုတယ်ဆိုရင် လူထု လှုပ်ရှား မှု တွေ၊ ဖိအားတွေ၊
တောင်းဆိုချက်တွေ၊ ပဋိပက္ခတွေ၊ တင်းမာမှုတွေ၊ ကို ပြန်လည် အကြမ်းမဖက်ဘဲ ညှိနှိုင်းဖြေရှင်းဖို့ အသင့်ပြင်ထားရပါမယ် လို့ ဆူရင်ပစ်ဆူဝမ် က ရိုက်တာသတင်းဌာန က တွေ့ဆုံ မေးမြန်း ရာမှာ ပြောဆိုခဲ့ပါတယ်။

အာဆီယံအနေနဲ့ မိမိတို့ အတွေ့အကြုံတွေကို အသုံးပြုပြီး
မြန်မာနိုင်ငံရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းဖို့ အသင့်ရှိကြောင်း၊ လူထုတောင်းဆိုမှုတွေကို စီမံဖြေရှင်းရာမှာ ဘယ်လိုအကြမ်းဖက်တာမျိုးကိုမှ မမြင်တွေ့ လို ကြောင်း လည်း ပြောဆိုပါတယ်။

By: RFA Burmese

0 comments: