စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 24, 2012

အိမ်မှာပဲ ဖယောင်းတိုင်ထွန်းပြီး မီးတွေမှိတ်ထားလိုက်ရင် ပြသနာတွေ ပြေလည်သွားနှိုင်လိမ့်မယ်လို့ သမတ အကြံပေး တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်က ပြော ( အသံဖိုင် )



အိမ်မှာပဲ ဖယောင်းတိုင်ထွန်းပြီး မီးတွေမှိတ်ထားလိုက်ရင် ပြသနာတွေ ပြေလည်သွားနှိုင်လိမ့်မယ်လို့ သမတ အကြံပေး တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်က ပြောပါတယ်။ သမတအကြံပေးရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ခုလိုပြောဆိုတာပါ။ ဂျပန်နိုင်ငံက ညူကလီယားဓါတ်အားပေးစက်ရုံပိတ်ရတဲ့အခါ နိုင်ငံသားတွေ ၀ိုင်းဝန်းချွေတာ ဖြေရှင်းပြီး မီးမပြတ်ခဲ့တာတွေနဲ့ အင်္ဂလန်နိုင်ငံမှာ လူထုကပါ ၀ိုင်းဝန်းချွေတာခဲ့ကြတာတွေကို ဥပမာပေးပြီး ပြည်သူလူထုလဲ ၀ိုင်းဝန်းချိုးခြံချွေတာဖို့ တိုက်တွန်းပြောဆိုပါတယ်။
ဒါ့အပြင် ဆန္ဒပြပွဲတွေဟာလဲ ဥပဒေနဲ့ အညီဖြစ်ဖို့လိုတဲ့အကြောင်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ လိုတဲ့အကြောင်း ပြောပါတယ်။ ဆန္ဒမပြပဲ သက်ဆိုင်တဲ့အဖွဲ့အစည်းနဲ့ ညှိုနှိုင်းပြေလည်သွားနှိုင်ရင်တော့ အကောင်းဆုံးပဲလို့ ဝေဖန်ပြောဆိုပါတယ်။

"ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး Nuclear Plant တွေအကုန်ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခုပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။"ဟု နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့(မေလ ၂၄ ရက်နေ့) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ဦးကိုကိုလှိုင်ကို သိစေချင်တာက ဂျပန်မှာ Nuclear Facility aတွ ပြတ်တာဟာ စူနာမီကြောင့်ပါ..။ ပုံမှန်မဟုတ်တဲ့ အရေးပေါ်အခြေအနေတစ်ခုမှာ တစ်နိုင်ငံလုံး မှောင်မဲသွားဦး... ပြည်သူတွေနားလည်ပါတယ်..။ နာဂစ်တုန်းက မီးရက်ပေါင်းများစွာပျက်တာတောင် ဘယ်သူမှ တစ်ချက် မညည်းခဲ့ပါဘူး..။
အခုလို ပုံမှန်အခြေအနေတစ်ခုမှာ.. တာဝန်ရှိသူတွေ စီမံခန့်ခွဲမှုညံ့ဖျင်းလို့၊ ရေရှည်မစဉ်းစားပဲ စွမ်းအင်/လောင်စာတွေ ရောင်းစားပြုန်းတီးမှုဖြစ်နေတာတွေအတွက် ပြည်သူတွေက သည်းခံခိုင်းပြီး ဖယောင်းတိုင်ထွန်း ချွေတာနေကြရင်....မီးအရမ်းပျက်တဲ့ စစ်အာဏာရှင်ခေတ်ကို ပြန်လည်တွန်းပို့ ကျောင်းထားတဲ့ စကားလို့ ယူဆပါတယ်..။
သမ္မတ အကြံပေးမင်းကြီး ... အရေးပေါ်အခြေအနေနဲ့ ပုံမှန်အခြေအနေကို ခွဲခြားနိုင်ပါစေ..။

1 comments:

သူ့ပြောပုံအရဆိုရင် အခုအုပ်ချုပ်နေတဲ့ စစ်ဘောင်းဘီဝတ် ဘောင်းဘီချွတ်ကောင်တွေဟာ ဆူနာမီထက် တိုင်းပြည်ဖျက်စွမ်းအားပိုတဲ့ကောင်တွေပဲဖြစ်တယ်ဆိုတာ သေချာတယ်။ ဂျပန်တွေအိမ်သာမှာ ဖင်ကိုအပူမပေးဘဲ ထိုင်တာနဲ့ မြန်မာပြည်မှာ မီးမရလို့ သောက်သုံးရေငတ်နေရတာကို သွားနှိုင်းပြီး ဖယောင်းတိုင်ပဲထွန်းနေလိုက်ရင် အားလုံးအဆင်ပြေသွားမယ်ဆိုတော့ ဒီစကားပြောတဲ့သူကို ရေသောက်ခွင့် တစ်ပတ်လောက်မပေးဘဲထားလိုက်ဖို့ကောင်းတယ်။