စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, May 29, 2012

တတိယအကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆုနဲ့  ဂုဏ်ထူးရှင်ဆုကို ကချင်လူမျိုး လဖိုင်နော်ဖိန်း ရရှိသွား


တတိယအကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆုကို အမေရိကပြည်ထောင်စု နယူးယောက်မြို့  မှာ မေလ-၂၇-၂၀၁၂ ရက်နေ့  ကျင်းပပါတယ်။ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ( ပထမအကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆုရှင် ) က လူဆိုတာ ဗြဗ္မာစိုးရ် တရားရှိမှ ဆိုတာကို တိုတိုရှင်းရှင်း ပြောသွားပါတယ် ။ ကဗျာဆရာကြီးမောင်စွမ်းရည်က ငရဲလားချင်ရင် စစ်တပ်ထဲဝင် ၊ ကုသိုလ်ယူချင်ရင် ကျော်သူနဲ့ တိုင်ပင် ၊ ကြောက်မွှေးပါရင် ဇါဂနာနဲ့  နုတ် ဆိုတဲ့  ကဗျာ တိုတိုလေးကို ရွတ်ပြယင်း ပြည်သူ့ ဂုဏ်ရည်ဆုပေးပွဲကို ဂုဏ်ပြုကဗျာ ဆိုပြသွားတာပါ ။ ဒီနှစ်မှာ ပြည်သူ့ ဂုဏ်ရည်ဆုရှင်တွေကို ပထမ ဆုရှင် ( ၂၀ ) ရွေးချယ်ခဲ့ ပြီး ဒုတိယအကြိမ်မှာ ဆန်ကာတင် ( ၅ ) ဦးကို ရွေးချယ်ထားတာပါ ။ ဒီနေ့ မှာတော့ ဆန်ကာတင် ( ၅ ) ဦးထဲက ပြည်သူ့ ဂုဏ်ရည်ဆုရင် တဦးကို ရွေးချယ်ခဲ့ တာဖြစ်ပါတယ် ။ ဒီလိုရွေးချယ်ရာမှာ ဆန်ကာတင်( ၅ ) ဦးနဲ့  ဂုဏ်ထူးရှင် တဦးဖြစ်တဲ့  ကချင်မိန်းခလေး ဆုမိုင်အကြောင်းကို ဗွီဒီိယို ရိုက်ထားတာ ပြသပေးပါတယ် ။

ဒီနှစ် ပြည်သူ့ ဂုဏ်ရည်ဆုရှင်ကတော့ ကချင်စစ်မြေပြင်အတွင်းမှာ သတင်းများရယူနေရင်း ကျည်ဆံထိမှန်လို့  ဒဏ်ရာရနေတဲ့  ကချင်လူမျိုး လဖိုင်နော်ဖိန်း ရရှိသွားတာပါဘဲ ၊ ပြည်သူ့ ဂုဏ်ရည်ဆုရင် လဖိုင်နော်ဖိန်းဟာ အမေရိကန် ဒေါ်လာငွေ ( ၁၀၀၀၀ ) ကို ရရှိဆွတ်ခူးသွားသူဖြစ်ပါတယ် ။ ထူးခြားနေတာကတော့ ပြည်သူ့ ဂုဏ်ရည်ဆု ရရှိသွားသူနှစ်ယောက် စလုံးဟာ ကချင်ပြည်နယ်ဖက်မှာ လူမှုရေးလုပ်ငန်းကို လုပ်ကိုင်ကြတဲ့  အတွက် ရရှိသွားသူများဘဲ ဖြစ်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )


၂၀၁၂ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် Kachinland News သတင်းဌာနရဲ့ သတင်းထောက်ချုပ်လည်းဖြစ် လူမှုရေးနဲ့ဖွံဖြိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်နေသူ ကချင်လူမျိုး လဖိုင်နော်မိန်း ရွေးချယ်ခံခဲ့ရပါတယ်။ ဒါဟာ တိုင်းရင်းသားအရေး ငြိမ်းချမ်းရေးကို ပြည်သူအများ လိုလားနေကြောင်းပြသလိုက်တာဖြစ်တယ်လို့ ဆုရှင်လဖိုင်နော်မိန်းက RFA ကိုပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကတင်ပြထားပါတယ်။

0 comments: