စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

Monday, February 25, 2013

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ ဘယ်လိုအကြောင်းတရားတွေ ရှိနေတာလဲ

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ ဘယ်လိုအကြောင်းတရားတွေ ရှိနေတာလဲ သိရှိနိုင်ရန် ပေးပို့ အပ်ပါသည်။

 ပေးပို့သူ = ရဲရင့်

 နေပြည်တော်။ ဖေဖော်ဝါရီ ၂၂။

 ဖေဖော်ဝါရီလ နွေဦးရောက်ပြီဆိုတော့ မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်မြို့တော်ကြီးရဲ့ အပူချိန်ကတော့ ရေနွေးအိုးမတည်ရဘဲ လက်ဖက်ခြောက်ခပ်သောက်လို့ရမယ့် အနေအထားပါပဲ.။ ဒီနေ့ ရုံးပိတ်ရက်ဆိုတော့ ကျွန်တော်လည်း အိမ်ရှေ့က မန်ကျည်းပင်ရိပ်အောက်မှာ အေးအေးလူလူ ဂျာနယ်တစ်စောင်ဖတ်နေတုန်း ဆက်သွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့ တူတော်မောင်အရာရှိ ရောက်လာပြီး . “ဘကြီး နေကောင်းလား . ဘာတွေဖတ်နေတာတုန်း” လို့ မေးရာ “အေး. အတော်ပဲကွာ. ဘကြီးလည်း တူမောင်ကို မေးချင်. သိချင်တာလေးတွေ ရှိနေတာနဲ့ အတော်ပဲ” ဟု ပြန်ပြောလိုက်ပါတယ်. “ဘာတွေ သိချင်နေတာလဲ ဘကြီးရ” ဟု တူမောင်က ပြောရာ ကျွန်တော်လည်း . “ဟို တလောကကွာ ဂျာနယ်တစ်စောင်မှာ ဘကြီးဖတ်လိုက်ရတယ်။

တူမောင်တို့ ဝန်ကြီးဌာနက ဝန်ကြီး ဦးသိန်းထွန်းနဲ့ အထွေထွေမန်နေဂျာ/အင်ဂျင်နီယာချုပ်စတဲ့ အရာရှိကြီး(၈)ဦးကို မိုဘိုင်း ဆက်သွယ်ရေး စီမံကိန်းလုပ်ငန်းအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံရာမှာ ပိုမိုတွက်ချက်တင်ပြပြီး ထုတ်ယူတာကြောင့်ရယ်၊ စက်ကိရိယာ ပစ္စည်းတွေ ၀ယ်ယူရာမှာလည်း ဈေးလျော့ဝယ်ယူတာတွေ လုပ်ခဲ့တဲ့အတွက် နိုင်ငံပိုင်ငွေတွေကို ထုတ်ယူအလွဲသုံးစားပြုလုပ်ရာတွင် ပါဝင်မှု ပအမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ နဲ့ ဥတ္တရသီရိမြို့နယ်က ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်အရေးယူတော့မယ်လို့ ဘကြီးဖတ်လိုက်ရတယ်ကွ၊ ဒါပေမယ့် အခုချိန်ထိ အဲဒီအကြောင်း ဘာမှထပ်မကြားတော့လို့ ပြီးများသွားပြီလား၊ ဘာတွေဖြစ်ကုန်ပြီလဲလို့ သိချင်နေတာ ကွ တူမောင်ရ” ဟု ပြောလိုက်ရာ

ကျွန်တော့တူတော်မောင်က ပြုံးပြုံးလေးနဲ့ ကျွန်တော့်ကိုကြည့်ပြီး ဒါက ဒီလိုရှိတယ် ဘကြီးရဟုဆိုကာ သူတို့ဝန်ကြီးဌာနက သတင်းတွေအားလုံးကို ပြောပြပါတော့တယ်. “ဘကြီးပြောတဲ့ ပထမသတင်းက မှန်တယ်ဘကြီးရ. အမှုလည်းဖွင့်ပြီး နောက်နေ့မှာပဲ ကျွန်တော်တို့ ဝန်ကြီးဌာနကို စသုံးလုံးကလူတွေရောက်လာပြီး လူကြီးပိုင်းတွေကို စပြီးစစ်တော့တာပဲ. သူတို့ရုံးခန်း တွေထဲက ကွန်ပျူတာတွေ၊ ဖိုင်တွေ၊ ဖုန်းတွေ အားလုံးကို သိမ်းဆည်းလိုက်ပြီး အကုန်စစ်တော့တာပဲ ဘကြီးရ.” ဟု ဆိုကာ ဆက်ပြောပါတယ်. “နောက်ပြီး စစ်နေတဲ့အချိန်မှာပဲ ဝန်ကြီးဆီကို ဦးသိန်းဝင်းက ငွေလွှဲပေးတဲ့ပြေစာတွေ အင်တာနက် ပေါ်ရောက်လာတော့ ပိုဆိုးတော့တာပေါ့ ဘကြီးရာ. စစ်စစ်ချင်း အစောပိုင်းမှာတင် စာရင်းကွာတာ တွေ၊ ငွေကွာတာတွေ၊ ပစ္စည်းဈေးနှုန်းကွာတာတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေတင်သွင်းဝယ်ယူတဲ့ နေရာမှာ နိုင်ငံတော်ကိုတန်ဖိုးများများစာရင်းပြ ကုမ္ပဏီနဲ့ညှိပြီး အရည်အသွေးနိမ့်တဲ့စက်ပစ္စည်းတွေ သွင်းတာတွေ တွေ့တာပေါ့ဘကြီးရာ.


ကျွန်တော်တို့လည်း ဒီတစ်ခါတော့ နိုင်ငံတော်သမ္မတကြီး တကယ်အရေးယူပြီလို့ ထင်တာပေါ့ဘကြီးရာ. အခုကြတော့ အဲဒီလို မဟုတ်တော့ပြန်ဘူး ဘကြီးရ.” ဟု ပြောတော့ ကျွန်တော်လည်း အတော်စိတ်ဝင်စားသွားပြီး “ဟေ ဟုတ်လား ဘကြီးသိချင်နေတာ အဲဒါကွ. ဆက်ပြောပါအုံး” ဟု ပြောလိုက်ပါရာ “စစချင်းတော့ သူတို့ပဲပေါ. နောက်တော့မှ ဘကြီးရေ- စစ်လိုက်တာ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလိုပေါ့. အခုလိုအလွဲသုံးစားလုပ်မှုတွေက အခုဒီဝန်ကြီးလက်ထက်ကြမှ ရှိတာ မဟုတ်ဘူး၊ အရင် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်လက်ထက်ကတည်းက ဖြစ်နေတာ ဘကြီးရ၊ ဇာတ်လမ်းက အရှုပ်ကြီးရယ်၊ စာရင်းဇယားတွေ အကုန်လုံးကို စစ်တာဆိုတော့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ဆက်စပ်ပြီး အလုပ်လုပ်တဲ့ အပြင်ကကုမ္ပဏီတွေလည်း ပါတာပေါ့ ဘကြီးရာ၊ အဲဒီထဲမှာ ဆက်သွယ်ရေးရဲ့ Project တွေ အများဆုံးရတဲ့ ကုမ္ပဏီက RedLink ကုမ္ပဏီလေ.” “RedLink ကုမ္ပဏီကို ဘကြီးသိလား” လို့ တူတော်မောင်က စကားဖြတ်ပြီးမေးလိုက်ရာ

”အင်း မြင်တော့ မြင်ဘူးတယ်. ကြေငြာတွေထဲမှာ တွေ့တာလေ” ဟု ပြန်ပြောလိုက်ပါတယ်. ဒါနဲ့ တူတော်မောင်က . “အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား တိုးနိုင်မန်းပိုင်တာ ဘကြီးရ၊ ဒါကြောင့်မို့ ဆက်သွယ်ရေးရဲ့ Project တွေ အများကြီးကို သူတို့ရတာပေါ့. အခုဒီမှာ ပြဿနာလည်းဖြစ်ရော ဟို.စသုံးလုံးအဖွဲ့တွေက သူတို့ကိုပါခေါ်ပြီးစစ်တာပေါ့. အဲဒါ ဆက်သွယ်ရေးနဲ့ RedLink နဲ့ပေါင်းပြီး စာရင်းလိမ်ပြထားတာတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ၊ အခွန်ရှောင်ထားတဲ့ ကိစ္စတွေ အများကြီး အများကြီး ပေါ်လာတာပေါ့ဘကြီးရာ. ဇာတ်လမ်းက အဲဒီမှာ စတာ ဘကြီးရ. ဝန်ကြီးနဲ့ အစစ်ဆေးခံနေရတဲ့ လူကြီးတွေကလည်း သူတို့ကို ဖော်ထုတ်ရင်. သူတို့ကလည်း အရင် ဝန်ကြီးဟောင်းတွေ၊ လက်ရှိဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ လာဘ်စားထားတဲ့အကြောင်း တွေ၊ သူတို့ကို ခွဲဝေပေးရတဲ့အကြောင်းတွေ၊ သူတို့ရဲ့ ဆွေမျိုးသားသမီး.တွေကို လုပ်ကိုင်ခွင့် Project တွေ ပေးရတဲ့အကြောင်းတွေကို ဖော်ကောင်လုပ်မှာလို့ ပြောလိုက်တယ်. အခုကျွန်တော် နောက်ဆုံး သိရတာကတော့ သူတို့ကိုသာ အရေးယူမယ်ဆိုရင် သူတို့ဖော်ကောင်လုပ်မယ့် အချက်အလက်တွေကို ပြုစုပြီးပြီလို့ သိရတယ်ဘကြီးရ. အဓိကကတော့ RedLink ကုမ္ပဏီနဲ့ ပေါင်းပြီး နိုင်ငံတော်ကို ညာထားတဲ့အချက်တွေပေါ့ ဘကြီးရာ. အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား ပိုင်တဲ့ကုမ္ပဏီဖြစ်နေတော့ သူပါ သိက္ခာကျ၊ အရှက်ကွဲရမယ့် အခြေအနေလေ. ဒါကြောင့်မို့ အခုတော့ ဝန်ကြီး ဦးသိန်းထွန်းနဲ့ အဖွဲ့ အရေးယူမခံရဘဲ ရှိနေတာကို လွှတ်တော်ကလည်း ဘာမှမပြောရဲ၊ မလုပ်ရဲ မကိုင်ရဲဖြစ်နေတာပေါ့ ဘကြီးရ”လို့ ပြောလိုက်တော့မှ ကျွန်တော်လည်းသဘောပေါက်ပါတော့တယ်။

Ye Yint Nge
 
 

Sunday, February 10, 2013

အစ်ကိုတို့သိစေဖို့ရာ အိတ်ဖွင့်ပေးစာ

ကိုဇာဂနာနဲ့ ကိုမင်းကိုနိုင်ဆိုတာ ကျွန်မတို့ချစ်ရတဲ့ပုဂ္ဂိလ်နှစ်ဦးပါ။ပုဂ္ဂိုလ် ရေးခင်မင်မှုမရှိပေမဲ့ ၁၉၈၈ ရဲ့ ရန်ကုန် တက္ကသိုလ်ဟောပြောပွဲတွေမှာ ထမင်း ထုပ်တွေဝေရင်း၊ တတ်နိုင်သလောက် လုပ်အားပေးရင်းလက်ခုတ်တီးခဲ့တဲ့ ကျောင်းသူပါ။

ကိုဇာဂနာရဲ့ ၁၉၉၀ လောက်ကပွဲတွေဆိုရင်လည်းလိုက်ပြီး အားပေးခဲ့တာ။ ပဲခူးပွဲဟာဘယ်လောက် အောင်မြင်လိုက်သလဲဆို မြို့လုံးကျွတ် နီးပါးလာပြီးအားပေးလို့ပွဲမိန့်တောင် ပိတ်ခံလိုက်ရတာမှတ်မိနေပါတယ်။

အမှတ်တရဓာတ်ပုံလေးတွေလည်း သိမ်းထားပါတယ်။ အခုချိန်မှာတော့ တရားဝင်ဟောပြောခွင့်တွေရလာလို့ စာပေပရိတ်သတ်အနေနဲ့ အတူတက် လိုက်ပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ အစ်ကိုတို့မသိနိုင်လောက်ဘူးထင် တဲ့ စာပေဟောပြောပွဲနဲ့ ပတ်သတ်ပြီး ပြဿနာလေးတစ်ရပ်ကို အစ်ကို တို့သိအောင်ပြောပြချင်နေမိတာ ထိန်းမ နိုင်သိမ်းမရမို့လို့ Hot News မှတစ်ဆင့် ရေးလိုက်မိတာပါ။ (ဂျာနယ်ဖတ်မှ သူတွေသိရင်လည်း အကျိုးရှိမယ့် ကိစ္စမို့လို့ပါ)

 ပြဿနာရဲ့အကြောင်း ရဲ့ခေါင်းစဉ်ကတော့စာပေဟောပြော ပွဲကိုအကြောင်းပြုပြီး ရပ်ကွက်ထဲ မြို့နယ်ထဲမှာ ထောင်းလမောင်းထအောင် အလှူတွေကောက်ခံနေတဲ့ ကိစ္စပါပဲ။ 

အစ်ကိုတို့(၂)ယောက်နဲ့ ပုဂ္ဂိုလ်ရေးခင်မင် သူတစ်ယောက်ကဦးဆောင်ပါတယ်။ ဒီလူကအရင်ကတော့ ကျမတို့ပါတီအဖွဲ့ အစည်းမှာ မြို့နယ်ဦးဆောင်သူပါ။ (အခု တော့မဟုတ်တော့ပါဘူး) သူက အစ်ကို တို့နှစ်ယောက်ရဲ့ နာမည်ကိုအမြှုပ် ထွက်အောင်သုံးပြီး အလှုခံနေတာပါ။ ခံတာမှရိုးရိုးခံတာမဟုတ်ဘူး။ ကျွန်မ တို့မြို့နယ်ပါတီအမည်ပါတဲ့ ဖြတ်ပိုင်းတွေ နဲ့ခံနေတာပါ။ ကျွန်မတို့ပါတီဟာ လူထု လေးစား ချစ်ခင်မှု အရရှိဆုံးပါတီကြီးပါ။ ကျွန်မက ဒီပါတီရဲ့မြို့နယ်အဆင့် တာဝန် ခံတစ်ယောက်ပါ။ ကျွန်မတို့ မြို့နယ်ပါတီ ရုံးကဘာမှမသိရပါဘဲနဲ့ ကျွန်မတို့ မြို့နယ်ပါတီခေါင်းစည်းပါတီရဲ့ လိုဂို အမှတ်တံဆိပ် ဖြတ်ပိုင်းကိုသုံးပြီး မြို့နယ်ထဲမှာ စာပေဟောပြောပွဲအတွက် အလှူငွေတွေကောက်နေတာ တချို့ဆို သိန်းဂဏန်းထိထည့်ကြပါတယ်။

ဒါဟာ လိမ်လည်မှု(၄၂၀)ပါပဲ။ သက်သေ အထောက်အထားဖြတ်ပိုင်းတွေရှိပါ တယ်။ ဒါပေမဲ့ ပါတီကြီးရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ထောက်ထားပြီးအထက် အဖွဲ့အစည်းအဆင့်ဆင့်ကို ဒီလိုစာပေ ဟောပြောပွဲပြုလုပ်ခြင်း၊ ငွေကောက်ခံ ခြင်းကိစ္စအရပ်ရပ်ကို ကျွန်မတို့မြို့နယ် ပါတီရုံးက ပြုလုပ်ခြင်းမဟုတ်ကြောင်း ဖြစ်လာတဲ့ ပြဿနာအရပ်ရပ်ကိုလည်း တာဝန်မယူပါကြောင်းအကြောင်းကြား စာလောက်ပဲပို့ခဲ့ပါတယ်။ ဟုတ်တယ် လေပြည်သူတွေခမျာ စားဝတ်နေရေး ခက်ခဲရတဲ့ကြားထဲက သူတို့ချစ်တဲ့ပါတီက ဦးဆောင်ပြုလုပ်တယ်ဆိုတော့ သူတို့ချစ် တဲ့ ဆရာတွေဟောပြောမယ်ပွဲမှာမရှိ ရှိတာ လေးတွေတော့ လှူကြတာပေါ့။

 ဒါတွေကို အစ်ကိုနှစ်ယောက် သိမှမဟုတ်လို့ ကျွန်မ တော်တော်လေးစိတ်မကောင်းဖြစ်ရ ပါတယ်။ စာပေဟောပြောပွဲတွေခေတ်စားလာ တာ ကျွန်မတို့အားပေးတယ်။ စာပေဟောပြောပွဲတွေရဲ့ နောက်ကွယ် မှာလည်းလုပ်စားနေတဲ့ လူမျိုးတွေရှိနေ ပါတယ်ဆိုတာ စိတ်ရင်းအမှန်နှင့် အိတ် ဖွင့်စာရေးလိုက်ရပါတယ်။

ဇာခြည်ဝေနှင်း 

ACM Re-post Time: 2013 Feb 10 2:01 

News from: The Hot News

Monday, September 24, 2012

လက်တုံ့ပြန်မှု မဟုတ်သည့် အိတ်ဖွင့်ပေးစာ ဦးသန်းရွှေနှင့် ဦးခင်ညွှန့်ထံပေးပို့

လက်တုံ့ပြန်မှု မဟုတ်သော်လည်း သဘောထားကြီးစွာ ပြန်လည် တောင်းပန်ရန် ယခင် နိုင်ငံတော် အကြီးအကဲ နှစ်ဦးထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးအောင်ထွန်းက စက်တင်ဘာ ၂ဝ ရက်က ပေးပို့ခဲ့သည်။

ယခင်အစိုးရ လက်ထက်တွင် နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူ ခဲ့ကြသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဥက္ကဋ္ဌ (ငြိမ်း) နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး တည်ဆောက်မှု အဖွဲ့၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၊ ဝန်ကြီးချုပ်(ငြိမ်း)တို့ နှစ်ဦးကို အကျဉ်းထောင်တွင်း ညှဉ်းပန်း နှိပ်စက်မှုများနှင့် ပတ်သက်၍ အသနားခံစာ(သို့) တောင်းပန်စာ ပေးပို့ပေးရန် ၂ဝ.၉.၂ဝ၁၂ နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

 အိတ်ဖွင့်ပေးစာ ပေးပို့သည့် ဦးအောင်ထွန်းမှာ ၁၉၉ဝ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်အထိ လည်းကောင်း၊ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂ဝဝ၉ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်အထိလည်း ကောင်း၊ အင်းစိန်အကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်၊ M17၊ ဗထလ စစ်ကြောရေးစခန်းများတွင် ၁၅ နှစ်ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ခံရစဉ် ညှဉ်းပန်း နှိပ်စက်မှုများစွာကို ခံခဲ့ရသူ ဖြစ်သည်။ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းနှင့် ပတ်သက်၍ ဦးအောင်ထွန်းက ပြောကြားရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နေစဉ် ကာလအတွင်း နောက်ကြောင်းပြန် အရေးယူမှု မရှိစေရဟု ပါရှိသော်လည်း ICC (နိုင်ငံတကာ ရာဇဝတ်မှုတရား ရုံး)နှင့် ICJ(နိုင်ငံတကာ တရားမျှ တမှုခုံရုံး)တို့တွင် တရားစွဲဆိုနိုင်ခွင့် မရှိစေရဟု မပါရှိသောကြောင့် ယခင် နိုင်ငံတော် အကြီးအကဲဟောင်း နှစ်ဦးကို မိမိထံသို့ တရားဝင် အသနားခံစာ (သို့) တောင်းပန် စာ ပေးပို့ရန် ယင်းတို့နှစ်ဦးထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း၊ သတ်မှတ် ထားသည့် အချိန် အကန့်အသတ် ကို ကျော်လွန်ပါက အဆင့်ဆင့် လုပ်ဆောင်မှုများဖြင့် တရားစွဲဆိုရန် အဆင့်ထိ စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

 နိုင်ငံရေး အကျဉ်းသား အများအပြား ရှိနေသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ယခင်အကြီးအကဲများထံ အိတ်ဖွင့်ပေး စာ ပေးပို့ခြင်း နှင့် ပတ်သက်၍ ယင်းကပြောကြားရာတွင် မိမိကဲ့သို့ မည်သူမဆို လွတ်လပ်စွာ လုပ်ဆောင်ပိုင်ခွင့် ရှိကြောင်းနှင့် အကျဉ်းထောင်အတွင်း ညှင်းပန်း နှိပ်စက်မှုများမှာ ယခင်အကြီးအကဲ များတွင် တာဝန်ရှိကြောင်း ပြောကြား ခဲ့သည်။

 ဦးအောင်ထွန်းသည် ၁၉၉ဝ ခုနှစ် ဗကသ အတွင်းရေးမှူး တာဝန် ထမ်းဆောင်စဉ် အထိန်းသိမ်းခံခဲ့ရပြီး မြန်မာနိုင် ငံ ကျောင်းသားများ လှုပ်ရှားမှု သမိုင်းစာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ လက်ရှိကာလတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။

 မြန်မာအင်ဒီပဲဒန့်ဂျာနယ်

Saturday, September 22, 2012

ပေးစာ၊ တိုင်ကြားစာ ၄ စောင်



ပေးစာ၊ တိုင်ကြားစာ ၄ စောင်

 (ပေးပို့သည့် မူရင်းသတ်ပုံများအတိုင်း PDF ဖိုင် ပြုလုပ်၍ တင်ဆက်ခြင်းဖြစ်ပါသည်။)


Letters to the Blogger

Friday, September 7, 2012

၈၈ ကိုကိုကြီးသို့ ပေးစာ


ကိုကိုကြီး

၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်သို့ ပေးစာ



ဦးလှဝင်း (မင်းညိုငယ်-သံတွဲ)

B.A(Hist), H.G.P., R.L.I, C.B.D.S

တွဲဖက်အထွေထွေ အတွင်းရေးမှူးဟောင်း အမျိုးသားညီညွတ်ရေး ကွန်ဂရက် (၁၉၉၀)



သို့

တူတော်မောင်ကိုကိုကြီး

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်

ဦးအနေနဲ့ ဒီစာကို ရေးရကောင်းနိုး၊ မရေးရကောင်းနိုး ချီတုံချတုံ စဉ်းစားခဲ့ပြီးမှ လူအုပ်စုတစ်စု၊ ရွာတစ်ရွာကို ရပ်တည်ရာမဲ့အောင် သေဒဏ်ပေးသလို အခြေအနေမျိုး ဆိုက်သွား နိုင်တာမို့ ၀င်ရှင်းမပြရင် တာဝန် မကျေ သလို ခံစားရလို့ ဒီစာကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ငါ့တူအနေနဲ့ အကျဉ်းထောင်က လွတ်လာခါစက မီဒီယာတွေနဲ့ တွေ့တဲ့အခါ လက်လွတ် စပယ် မဖြေသေး ဘဲ ပြင်ပနဲ့ကင်းကွာနေတာကြာပြီဖြစ်လို့ လေ့လာစရာတွေ လေ့လာရဦးမယ်လို့ ချင့်ချင့်ချိန်ချိန်ပြောခဲ့ တာကြောင့် ငါ့တူတွေ ရင့်ကျက်လာပြီဆိုပြီး လေးစားချီးကျူးမိခဲ့ပါတယ်။

နိုင်ငံရေးသမားလုပ်မဲ့ လူတစ်ယောက်အနေနဲ့ သမိုင်း၊ ပထ၀ီ၊ ဒဿနိက၊ စီးပွားရေး၊ နိုင်ငံ တကာရဲ့ မျက်မှောက် အခြေအနေ စတာတွေကို မသိဘဲ မလေ့လာဘဲ ရှေ့ဆက်လို့မရနိုင်ဘူး ဆိုတာ အမှန်ပဲ မဟုတ်လား။

ဒီနောက်ပိုင်းမှာ ငါ့တူတို့ ၈၈-လူငယ်တွေ တစ်ပြည်လုံးအနှံ့သွားပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအခြေခံနဲ့ လွတ်လပ်လူ့အဖွဲ့အစည်းပေါ်ပေါက်ရေးဆိုပြီး ရဲရဲဝံ့ဝံ့ အလုပ်လုပ် နေကြတာကိုလည်း အားတက် ဂုဏ်ယူမိ သလို ငါ့တူတို့ ခလုတ်မထိ ဆူးမငြိစေဖို့၊ အသက်ရှည်ရာ အနာမဲ့ကြောင်း ဆုတောင်းမပျက်ခဲ့တာ အမှန်ပါ။ လူထုကို ပန်းတိုင်မပျောက်အောင် လမ်းပြ ထိန်းသိမ်းတည့်မတ်ပေးနေတာတွေကိုကြည့်ပြီး ဒီမိုကရေစီ ဘက်တော် သား ပြည်သူတစ်ယောက် အနေနဲ့ ကျေးဇူးကမ္ဘာပါ။

၈၈-ဆိုတာ ဦးကိုယ်တိုင် ယုံကြည်အားကိုးတဲ့ နိုင်ငံရေးအရိယာလေးတွေ၊ ဖြူစင်တယ်၊ ပြတ်သားတယ်၊ ဘက် မလိုက်ဘဲ အမှန်တရားအတွက် တည့်တည့်ပြောတတ်သူတွေလို့ နှလုံးသားမှာ သစ္စာဆိုထားခဲ့တာပါ။ ၈၈ ဆို တာကို စကတည်းက ယုံကြည်လို့လဲ ဦးရဲ့ တစ်ဦးတည်း သော သားကို ခွပ်ဒေါင်းသစ္စာနဲ့ တူမောင်တို့ လက်ထဲကို ၀ကွက်အပ်နှံခဲ့တယ်။

မိုးဒဏ်၊ လေဒဏ် ကြံ့ကြံ့ခံရင်း သားပျောက်၊ သမီးပျောက်နဲ့ ၀ရုန်းသုန်းကား မိသားစုဘ၀ ပြိုကွဲ ပြီး ကျောက်ကပ် ရောဂါသည် ဇနီးဖြစ်သူကို အနီးကပ်ပြုစုနေရလို့ အဝေးရောက် သားသမီးတွေအတွက် အလွမ်းပြေအောင် တူတော်မောင်တို့ လူသိုက်ကိုကြည့်ရင်း အားမွေးနေရသူပါ။

ဦးကိုယ်တိုင်က အညတရ နိုင်ငံရေး ခရီးသည်ဘ၀အစ ၁၉၆၂-ခုနှစ်၊ သတ္တမတန်း ကျောင်းသားဘ၀မှာ ပုသိမ်
ဥပစာကောလိပ်က ကျောင်းသားခေါင်းဆောင် ကိုနေ၀င်းစံ၊ မမိမိစံ၊ ကိုလှိုင်ဘွားနဲ့ အလွတ် ပညာသင်ကျောင်း သိန်းကောလိပ်က ခေါင်းဆောင် ကိုဖြူတို့နောက်က ကလေးပီပီ ထုံးပုံးနဲ့ တံမြက်စည်းတံကိုကိုင်ပြီး၊

““ကျောင်း တိုင်းဖွင့်ရမည်၊ ပန်းတိုင်းပွင့်ရမည်””
““ဒို့ကျောင်းသားသွေးနဲ့ ရေးတဲ့ဥပဒေ ဒို့အလိုမရှိ”” ဆိုတဲ့ ကြွေးကြော်သံတွေကို ကတ္တရာလမ်း မှာရေးရင်း ပါဝင်ခဲ့ဖူးသူပါ။

ဦးရဲ့သားကလေးဟာလည်း ဒီလိုဆယ်ကျော်သက်အရွယ်မှာပဲ မင်းတို့လက်ထဲကို ရောက်လာခဲ့တာ မဟုတ် လား။ ဒါတွေကို ရေးပြနေရတာက ဦးရှေ့ဆက်ပြောမဲ့ အကြောင်းတရားတွေဟာ မလိမ်၊ မညာ၊ မကွယ်၊ မ၀ှက်ဘဲ ရိုးဖြောင့်တဲ့ခွပ်ဒေါင်းသစ္စာနဲ့ ပြောနေကြောင်း ငါ့တူသိစေချင်လို့ပါ။

၁၉၆၉ ကျွန်းဆွယ်အရေးအခင်းမှာ အဖမ်းခံရပြီး ကျောင်းပါအထုတ်ခံရတယ်။ ဒါပေမဲ့ ၁၉၇၄ အလုပ်သမား အရေးအခင်းနဲ့ ဦးသန့်အရေးအခင်းကာလတွေမှာ ကလေး(၃)ယောက်အဖေ ဖြစ်နေပေမဲ့ မာန်မလျှော့စတမ်း ၀င်ကခဲ့ပါတယ်။ ကျောင်းထဲက သမဂ္ဂနေရာဟောင်းမှာ ဦးသန့်ရဲ့ဂူဗိမာန်ကို ဆောက်ကြတဲ့အထဲ ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဒီလို မြန်မာ့နိုင်ငံရေး ဒီရေလှိုင်းတံပိုးတက်တိုင်း အညတရဘ၀နဲ့ ၀င်ကခဲ့ဖူးသူ တစ်ယောက်ပါ။

၈၈-အရေးအခင်းရယ်လို့ စစချင်း ဘုန်းမော်ကိစ္စအလွန် မတ်လမှာ ဦးအဖမ်းခံရတယ်။ ဇွန်လမှာ တစ်ကျော့
ပြန်ဖြစ်ပြီး တောင်းဆိုကြလို့ ဇူလိုင်လမှာ ဦးတို့ပြန်လွတ်လာခဲ့တယ်။ ထောင်ထဲက ပါလာတဲ့ဒဏ်ရာ တွေ ကို ဆေးကုနေတဲ့ကြားက ၈ လေးလုံးဆိုပြီး ရက်ချိန်းပေး လိုက်တော့ ““မြန်မာမွတ်စလင် သပိတ်ကော် မတီ””ကို ၀မ်းအိုဝမ်း ဦးကျော်ဝင်းမောင်၊ ဦးထွန်းကြည်(ကွယ်လွန်)၊ ကိုဌေးလှိုင်(ကွယ်လွန်)တို့နဲ့ အတူ ဦးဆောင် ဖွဲ့စည်းပြီး S.C.S မှာ ပူးပေါင်းပါဝင်ရင်း ရန်ကုန်ဆေးရုံကြီး သပိတ်စခန်း မှာ နေ့ရော ညပါ တောက်
လျှောက်ပါဝင်ခဲ့ သူပါ။ ဒါလည်း အညတရဘ၀နဲ့ပါပဲ။

အကသ ကျောင်းသားလေးတွေဖြစ်တဲ့ မင်းဇင်၊ သက်ဝင်းအောင်၊ ရဲတေဇာ၊ဗထူးအောင်၊ မောင်ဆန်း၊ ဇေယျကြီး (အင်းစိန်)၊ စိုးမိုး၊ ကျော်သူရ စတဲ့ကလေးတွေဟာ ဦးရဲ့သား ဇေယျာဝင်း ကို အကြောင်းပြုပြီး ဦးရဲ့အိမ်ကို စားအိမ်၊ သောက်အိမ်၊ ဆုံရပ်အဖြစ် သုံးခဲ့ကြတယ်။ ၈-လေးလုံးကို ဖြိုခွင်းပြီးစစ်အာဏာသိမ်းလိုက် တဲ့ အခါ ကျောင်းသားတွေ တပ်ဖျောက်ခဲ့ကြပေမဲ့ ဒီကလေးတွေကတော့ ဦးတို့ မိသားစုနဲ့ တစ်သားတည်းရှိနေ ဆဲပါ။

နောက်ပိုင်းမှာ ဦးရဲ့သား ဇေယျာဝင်းလည်း ထောင်ထဲကို ၀င်လိုက်ထွက်လိုက်နဲ့ နောက်ဆုံး အကြိမ် မှာ တော့ တော်တော် နှစ်ကြာသွားခဲ့တယ်။ ဒီအတောအတွင်း ငါ့တူလည်း ထောင်ထဲရောက်နေတုန်း အပြင်မှာ အဖေ ဆုံးသွားတာကအစ ဦးသိနေခဲ့ပါတယ်။ ဒါပေမဲ့ ၈၈ ရဲ့ရဲမာန်နဲ့သတ္တိဟာ ဓားတောင်ကိုကျော်ပြီး မီး ပင်လယ်ကိုပင်ဖြတ်ရဲတယ်ဆိုတာကို ဦးအသေအချာ ယုံကြည်နေတဲ့အတွက် ငါ့တူတို့ ဘာကိုပဲလုပ် လုပ် ထောက်ခံပြီးသားပါ။ ဦးရဲ့ဒီသဘောထားကို ငါ့တူတို့အထဲက ကိုဂျင်မီနဲ့ မနီလာသိန်းတို့ ဇနီးမောင်နှံ အသိဆုံးပါ။ ဒီနေ့ထိလည်း ၈၈ ကို စိတ်နဲ့တောင်မပြစ်မှားသေးပါဘူး။

ဒါပေမဲ့ ငါ့တူရယ်- ငါ့တူရဲ့ရခိုင်ခရီးစဉ်က အပြန် သြဂုတ်လ (၅)ရက်နေ့သတင်းစာ ရှင်းလင်းပွဲ မှာ ကျောက်နီမော် နဲ့ ပတ်သက်ပြီး ငါ့တူရဲ့ရိုက်ချက်ကတော့ ပြင်းလွန်းလှတယ်။ ငါ့တူအပေါ် အမျိုးသားရေး ဆိုတဲ့ မျက်မှန်စိမ်းကိုတပ်ပြီး၊ မျက်ရည်ခံထိုးရင်း အိပ်မွေ့ချ၊ နဖားကြိုး ထိုးသွားတဲ့ မြန်မာပြည်ရဲ့ နာဇီလက်သစ် ၀ါဒီတွေရဲ့ အငိုကောင်းကောင်းနဲ့ သရုပ်ဆောင်မှုတွေကြားမှာ ငါ့တူရဲ့ ဖြူစင်တဲ့နှလုံးသားဟာ ညစ်နွမ်းခဲ့ရပြီ။

ငါ့တူတို့ ရခိုင်ကိုမသွားခင် ရခိုင်သမိုင်းကို လေ့လာသင့်တယ်။ ရခိုင်မှာ ရှိခဲ့တဲ့ ဓည၀တီ ခေတ်၊ ဝေသာလီ
ခေတ် နိုင်ငံတော်တွေဟာ ပုဂံထက်တောင်ရှေးကျတယ်။ ဒီခေတ်က ရခိုင် ပြည်သားတွေဟာ အင်ဒိုအာရိယန် ဆိုတဲ့ အိန်္ဒိယနွယ်ဖွားတွေ၊ မွန်ဂိုလွိုက် ဒါမှမဟုတ် တိဘက် တိုဘာမင်လို့ခေါ်တဲ့ ဗမာနဲ့အနွယ်တူသူတွေ က အေဒီ ၉ရာစု၊ ၁၀ ရာစုကမှ ရခိုင်ကိုဝင်လာပြီး လေးမြို့ခေတ်၊ မြောက်ဦးခေတ်တွေမှာ မင်းဆက်တွေ ထူထောင်ခဲ့ကြတာ။

ငါ့တူရောက်ခဲ့တဲ့ ကျောက်နီမော်၊ ကျောက်ထရံရွာတွေက လူတွေဟာ ဝေသာလီလား၊ ဘင်္ဂါလီလား ခွဲခွဲခြားခြား နားလည်ဖို့တော့လိုလိမ့်မယ်။ ငါ့တူနဲ့ အတူပါတဲ့ သမိုင်းပညာရှင်ဆိုတဲ့လူက လာတုန်းက နည်းနည်းလေး အခု များလာတော့ ပင်လယ်ဝင်ပေါက် ထွက်ပေါက်ကို လုံခြုံအောင်ပိတ်ပေါ့၊ ငါးဖမ်းလှေထဲမှာ လူပိုတွေ ပါလားမပါ လား ဘယ်သူသိမှာလဲဆိုတဲ့ မေးခွန်းတွေကို ကြားရတော့ ဦး ရယ်ချင်မိတယ်။

ကဲ-ပြောစရာရှိလာပြီဆိုတော့ ဦးပြောရတော့မယ်။ ကျောက်ထရံ၊ ကျောက်နီမော်စတဲ့ ရွာတွေဟာ အေဒီ ၇ ရာစု
လောက်ကတည်းက ရှိနေတဲ့ရွာတွေဆိုတာ အထောက်အထား အခိုင်အမာရှိတယ်။ မူလက ဝေသာလီ ဟိန္ဒူတွေ၊ ဇာတ်မျိုးရိုးအရ ငါးဖမ်းတဲ့လူမျိုးတွေ ဖြစ်တယ်။

၇ ရာစု ၈ ရာစုတွေမှာ သင်္ဘောပျက် အာရဗ်တွေနဲ့ အိမ်ထောင်ပြုတာရော၊ အိမ်ထောင်မပြုဘဲ ယုံကြည်မှု ကူးပြောင်းတာ တွေကြောင့်ရော အစ္စလာမ်ဘာသာဝင်တွေဖြစ်လာကြတယ်။ တဖြည်း ဖြည်း လူဦးရေ တိုးပွားလာကြတယ်။

ငါ့တူတို့ရောက်ခဲ့တဲ့ ကျောက်ထရံရွာမှာ လွန်ခဲ့တဲ့ နှစ် ၈၀၀ လောက်က ဆောက်ခဲ့တဲ့ ပလီချေ(ပလီအသေး) နဲ့ နှစ် ၇၀၀ လောက်က ဆောက်ခဲ့တဲ့ ဗလီကြီးဆိုတာ အထင်အရှားရှိတယ်။ ငါ့တူတို့ မရောက်ခဲ့ဘူး ထင် တယ်။

ကျောက်နီမော်ဆိုတာ မူလ ကျောက်ထရံရွာသားတွေ လာပြီး ပိုက်စခန်းချရာကနောက်ပိုင်းမှာ ရွာ အတည် တကျ ဖြစ်လာတာ။ အဲဒီမှာလည်း လွန်ခဲ့တဲ့ နှစ် ၄၀၀ လောက်က ဆောက်ခဲ့တဲ့ မကျီးတောဗလီဆိုတာ ရှိတယ်။ သူတို့ပြောတဲ့စကားမှာ အာရဗီ၊ ဟင်ဒီ၊ အူရဒူ၊ ရခိုင်၊ ဘင်္ဂါလီ၊ အင်္ဂလိပ် စတဲ့ဘာသာ စကား တော်တော် များများရောနေတာ တွေ့ရမယ်။ ဒါက ဘာသာဗေဒဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေ သုတေသနလုပ်ပြီးမှ အဖြေထုတ်နိုင်မဲ့ ကိစ္စပါ။ ကိုယ်နားမလည်တဲ့ ဘာသာစကား တစ်ခုကို ပြောတိုင်း ဘင်္ဂါလီစကားပါလို့ လိုရာဆွဲပြောလို့မရဘူး။

လာတုန်းက နည်းနည်းလေး အခုအများကြီးဖြစ်နေတယ်လို့ ကောက်ချက်ချတာ ဟာ တော်တော် ဉာဏ်ပညာ မရှိတဲ့ ကောက်ချက်မျိုးလို့ ပြောချင်တယ်။ နှစ်ပေါင်းထောင်ကျော် သက်တမ်းရှိတဲ့ လူတစ်စုမပြောနဲ့ လူတစ်ယောက်ကတောင် သားစဉ်မြေးဆက်ထူထောင်ရင် ရွာတစ်ရွာဖြစ်နိုင်တယ်ဆိုတာ သာမန်ဉာဏ် နဲ့တွေးကြည့်ရင်တောင် သိနိုင်တဲ့ကိစ္စပါ။

နောက်ပြီး ငါးဖမ်းလှေထဲမှာ လူပိုတွေ ပါလားမပါလား ဘယ်သူသိနိုင်မှာလဲဆိုတဲ့စကားက အခြေအနေမှန် ကို မသိဘူးဆိုတာ ၀န်ခံရာရောက်နေပါတယ်။ ကျောက်နီမော်က ပင်လယ်ကို ငါးဖမ်းထွက်မဲ့ စက်လှေတစ်စီးမှာ ပါတဲ့ လူအားလုံး (၁) ဓာတ်ပုံကိုကပ်ပြီး ပုံစံဖြည့်ရတယ် ပြီးတော့ (၂) ရယက (၃) လ-၀-က (ပိတ်ဆို့ရေး) (၄) စ-ရ-ဖ (၅) ရဲစခန်း (၆) ရေလုပ်ငန်းဦးစီး ဆိုတဲ့ ထောက်ခံချက် အဆင့်ဆင့်ကို စရိတ်အကုန်ခံရယူပြီးမှ စက်လှေ ကိုပါ စစ်ဆေးပြီး ပင်လယ်ကို ထွက်ခွင့်ရတယ်။

ပြန်ရောက်ရင်လည်း ကမ်းကိုမကပ်ခင်မှာ သက်ဆိုင်ရာပိတ်ဆို့ရေးအဖွဲ့တွေ က လှေပေါ်အရောက် စစ်ဆေးပြီးမှ ကမ်းကပ်ခွင့်ရတာပါ။ ဒါတွေလုပ်လို့ ဘယ်လိုစရိတ်တွေ ကုန်နိုင်တယ်ဆိုတာ ငါ့တူ ခန့်မှန်းကြည့်ပေါ့။

ဒီလိုချုပ်ကိုင်မှုတွေကြားမှာ အသက်မွေးဝမ်းကျောင်း နေတဲ့ တံငါသည်တွေက ဘာအကြောင်းကြောင့် လူပိုတွေကို ခေါ်လာမှာလဲ။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်ကလူတွေကရော ဒီလိုတံငါရွာကို ဘာမျှော်လင့်ချက်ရှိလို့ လာကြမှာလဲ။ ငါတူ စေ့စေ့တွေးကြည့်ပါ။ မ-ဆ-လ ခေတ်နဲ့ ဒီဘက်ပိုင်းမှာ ဖွတ်ကျောပြာစုနေတဲ့ ရခိုင်ပြည်နယ် ကို ဘယ်ဘင်္ဂါလီမှမလာဘူး။ ချမ်းသာတဲ့ အာဆီယံနိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေ ဆီကိုသာ သွားကြ မှာပေါ့။ ဒါကိုသိတဲ့ သမ္မတကြီးဦးသိန်းစိန်ကတောင် နောက်ပိုင်းမှာ ၀င်လာတဲ့သူ မရှိသလောက်ပါ လို့ ပြောနေပြီလေ။

ဦးရဲ့စကားကို ပြန်ကောက်ရရင် ဒီကျောက်ထရံ၊ ကျောက်နီမော်သားတွေဟာ အစ္စလာမ် ဘာသာဝင်တွေဖြစ် လာကြပေမဲ့ သူတို့ရဲ့မူလဇစ်မြစ်ဖြစ်တဲ့ ဟိန္ဒူယဉ်ကျေးမှုတချို့ဟာ အခုထိ ကျန်နေပါသေးတယ်။ ဒီယဉ်ကျေးမှု ဓလေ့စရိုက်တွေ ပပျောက်ဖို့နဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ မြန်မာ့ယဉ်ကျေးမှုတွေထွန်းကားဖို့ အစ္စလာမ် သာသနာ့ဘောင်အတွင်းက တိုင်းရင်းသား ပီသအောင် နေထိုင်ဖို့ တိုက်တွန်းနှိုးဆော်သူတွေဟာ ဒီရွာ မှာ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဦးအနေနဲ့ ဒီစာကို ရေးရတဲ့အကြောင်းရင်းဟာ ဒီကိစ္စကြောင့်ပဲ။

ငါ့တူရောက်ခဲ့တဲ့ ကျောက်နီမော်ရွာက မင်္ဂလာတောင်ပေါ်မှာ အုတ်ဂူဗိမာန်တစ်ခုရှိတယ်။ ဒီအုတ်ဂူဟာ ဦးရဲ့ ဥပဇ္ဈာယ်ဆရာဖြစ်သူ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးသမား သခင်ဇွာ ခေါ် ဆရာကြီး ဦးနဇွာမွဒ္ဒင်ရဲ့အုတ်ဂူပါပဲ။

သူ့ကို အစ္စလာမ်ဘာသာရဲ့ သူတော်စင် တစ်ဦးလို့ ယုံကြည်ကြပါတယ်။ သူဟာ အင်္ဂလိပ်နယ်ချဲ့နဲ့ ဂျပန်ခေတ်တွေမှာ ရွှေဘို၊ ကန့်ဘဘူ၊ ဘုံးအိုးစတဲ့ဒေသတွေမှာ ပညာသင်ရင်းနဲ့ အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့နဲ့ဖက်ဆစ် ဆန့်ကျင်ရေးတွေကို ဆရာချယ်(နိုင်ငံ့ဂုဏ်ရည်ပထမဆင့်) (၁၉၉၀ ပါတီစုံ ဒီမို ကရေစီ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်အဖွဲ့ဝင်)၊ အခု အသက် ၉၈ နှစ်ရှိပြီဖြစ်တဲ့ သခင်မင်းညို (ဗန်းမော်)၊ အာဇာနည် ဆရာကြီးဦးရာဇတ် စတဲ့ပုဂ်္ဂိုလ်ကြီးတွေနဲ့အတူ ဆောင်ရွက်ခဲ့သူဖြစ်တယ်။

ဂျပန်ခေတ် ဘုံးအိုးရွာသားတွေနဲ့ B.I.A တပ်ကြားမှာ သဘောထားကွဲလွဲတဲ့ကိစ္စကို ဆရာကြီး ဦးရာဇတ်နဲ့အတူ ညှိနှိုင်းဖြေရှင်းပေးခဲ့သူပါ။ (သခင်တင်မြရဲ့ ဘုံဘ၀မှာဖြင့်ကိုကြည့်) ဒီဆရာကြီးဟာ လွတ်လပ်ရေးရအပြီးမှာ ရခိုင်ကိုပြန်လာပြီး ကျောက်နီမော်ရွာမှာ ““ဟေမာယတွလ် အစ္စလာမ်”” ခေါ်တဲ့ အစ္စလာမ့်အကျိုးဆောင် အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းပြီး တိုင်းတစ်ပါးသြဇာကင်းရေး၊ ဘာသာရေးအယူသီးမှုတွေ ပပျောက်ရေး၊ ဆင်းရဲသား များ ကောင်းစားရေး၊ အမျိုးသမီးများ ဘ၀မြှင့်တင်ရေး၊ အစ္စလာမ်ဘာသာရေးနဲ့အတူ ခေတ်ပညာကိုပါ သင်ယူရေး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရေးစတာတွေကို အမြော်အမြင်ကြီးစွာနဲ့ လှုံ့ဆော် တိုက်တွန်း သင်ကြား ပေးခဲ့တယ်။ ကျောက်နီမော်ရွာသား လူငယ်တချို့ကို သူအခြေစိုက်ရာ သံတွဲ ကိုခေါ်သွားပြီး ဘာသာရေးရော ခေတ်ပညာကျောင်းမှာပါ ပညာသင်ကြားပေးခဲ့ပါတယ်။


နောက်ပိုင်းမှာ ဒီလူငယ် တွေထဲက တက္ကသိုလ်ဘွဲ့ရ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ရှေ့နေ စတဲ့ နိုင်ငံ့ဝန်ထမ်း ရော ၀န်ထမ်းမဟုတ်သူတွေပါ အမြောက်အမြား ပေါ်ပေါက်ခဲ့တယ်။ ဒီဆရာကြီးရဲ့ တပည့်တွေ ဟာ ခုချိန်ထိ အနယ်နယ်အရပ်ရပ်သာမက တစ်ကမ္ဘာလုံး နိုင်ငံအတော်များများကို ရောက်ရှိ ပြီး ပညာသင်ကြားနေကြတယ်။

ဦးကိုယ်တိုင်က တောင်ငူ၊ ပုသိမ်၊ သံတွဲ အဆက်ဆိုပေမဲ့ ဒီဆရာကြီးနဲ့ ဆုံစည်းခွင့်ရခဲ့လို့ သူ့အကြောင်း၊ သူ့ရွာ ကျောက်နီမော်အကြောင်းကို ၁၉၆၇ လောက်ကစပြီး ခုချိန်အထိ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ရခိုင်နယ်က အစ္စလာမ်ဘာသာရေး အယူသီးသမား ရှေးရိုးစွဲဝါဒီတချို့ကတော့ ဒီဆရာကြီး ရဲ့သွန်သင်ချက်တွေကို မိစ္ဆာအယူ အဆတွေဆိုပြီး လက်မခံကြဘူး။

ဒါကြောင့်လည်း ခုနောက်ပိုင်းမှာ သမ္မတကြီးဦးသိန်းစိန်က ဒီအစ္စလာမ်ဘာသာဝင်တွေဟာ ခေတ်ပညာမတတ်၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးမရှိတဲ့အတွက် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် မနေတတ်ဘူး လို့ ကောက်ချက် ချပြီး ပညာမျက်စိဖွင့် ပေးရမယ်လို့ ပြောတာကို ကျောက်နီမော်ရွာက ဒီဆရာကြီး ရဲ့တပည့်တွေအနေနဲ့ လှိုက်လှိုက် လှဲလှဲ ကြိုဆိုကြပါတယ်။ ဒါဟာ အနှစ်နှစ်အလလက သူတို့မျှော်လင့်နေတဲ့ ပညာရေးပန်းတိုင် ဖြစ်နေလို့ပါပဲ။

ငါ့တူတို့ထူထောင်ချင်တဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာကိုလည်း ကြိုဆိုပါတယ်။ ဒါကြောင့် ဦးအနေနဲ့လည်း ပွင့်ပွင့်လင်းလင်းပဲပြောချင်ပါတယ်။ ကျောက်နီမော်ကလူတွေဟာ ဘင်္ဂါလီ တွေမဟုတ် ဘူး။ ဝေသာလီ အဆက်တွေလို့ ပြောခဲ့ပြီးပြီ။ ငါ့တူပြောသလို သူတို့ကို ဘာကြောင့် ကမန်ထဲမှာ ထည့်ရတယ်ဆိုတာ အခုပြောမယ်။

အမှန်က ဒီလူတွေဟာ ကမန်တွေ ရဲ့ဘိုးအေ တွေလို့ ပြောလို့ရတယ်။ ကမန်ဆိုတာ AD (၁၆)နဲ့ (၁၇) ရာစုကျမှ ရခိုင်ကိုရောက်တာ သူတို့က (၇)ရာစုကတည်းက ရှိနေခဲ့တာ။ ၁၉၄၉ ခုနှစ် နိုင်ငံသားမှတ်ပုံတင်ဥပဒေအရ ၁၉၅၇ ခုနှစ်မှာ မှတ်ပုံတင်ကတ်ပြားတွေထုတ်ပေးစဉ်က ကျောက်နီမော် ရွာသားတွေကို ရခိုင်လူမျိုး၊ အစ္စလာမ် ဘာသာဝင်တွေအဖြစ် မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေမှာ ဖော်ပြခဲ့ကြတယ်။

ဒါပေမဲ့ ၁၉၈၂ ခုနှစ် ဦးနေ၀င်းရဲ့ မြန်မာနိုင်ငံသားဥပဒေ ထွက်လာပြီးနောက်ပိုင်းမှာ ရခိုင်မှန်ရင် ဗုဒ္ဓဘာသာ ပဲရှိတယ်၊ ရခိုင်လူမျိုး၊ အစ္စလာမ်ဘာသာဆိုတာမရှိဘူးဆိုပြီး ကမ္ဘာမှာမရှိတဲ့ပြဋ္ဌာန်းချက်ကို ရခိုင်ခေါင်းဆောင်
တွေက ပြောလာကြတယ်။

ဒါကြောင့် အဲဒီဥပဒေမှာ သတ်မှတ်ထားတဲ့ ၁၈၂၄ ခုနှစ်မတိုင်မီ ရခိုင်ပြည်ကိုရောက်နေတဲ့ အာရဗ်အနွယ်၊ ပါရှန်းအနွယ်တွေဟာ ကမန်တိုင်းရင်းသား တွေသာဖြစ်တယ်လို့ လ-၀-က ကသတ်မှတ်ပြီး၊ နောက်ပိုင်း ထုတ်ပေးတဲ့ နိုင်ငံသားစိစစ်ရေး ကတ်တွေမှာ ကျောက်နီမော်ရွာသားတွေဟာ ကမန်တွေ အဖြစ် ဖော်ပြခြင်း ခံရတယ်။

ဒါဟာ တကယ်တော့ လ-၀-က ရဲ့အမှားလို့လည်း မဆိုနိုင်ဘူး။ ““ရခိုင်အစ္စလာမ်ဆိုတာ မရှိဘူး”” လို့ ဇွတ်ငြင်းနေတဲ့လူတွေမှာသာ တာဝန်ရှိတာပါ။

ဧရာဝတီ ဘလောက်

Friday, August 17, 2012

အကျင့်ပျက် အောက်ခြေဝန်ထမ်းများကြောင့် ဒုက္ခရောက်နေကြရတဲ့ မြန်အောင်မြို့နယ် တယ်ကုန်းကျေးရွာအုပ်စုမှ တောင်သူလယ်သမားများ၏ ရင်ဖွင့်တိုင်ကြားစာ..


ကျွန်တော်များ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် တယ်ကုန်း ကျေးရွာအုပ်စုမှ တောင်သူလယ်သမားများသည် ၂၀၁၁ - ၂၀၁၂ မိုးရာသီစိုက်ပျိုး စားရိတ်ချေးငွေများနှင့် တောင်သူများ၏ စုဆောင်းချွေတာငွေတို့ ထုတ်ယူ မရရှိသေးပါ။ ကျေးရွာတောင်သူများမှ မြို့နယ်စိုက်ပျိုးရေးဘဏ်သို့ သွားရောက် စုံစမ်းသောအခါ မန်နေဂျာမှ ကျေးရွာအုပ်စု၏ ငွေပြန်လည် ပေးဆပ်မှု နောက်ကျခြင်းကြောင့် ငွေထုတ်ပေးရန် ရက်ချိန်းပင် မပေးနိုင်ကြောင်း ပြောပါသည်။

ကျေးရွာအုပ်စုများတွင် ချေးငွေပေးဆပ်မှု နောက်ကျခြင်းမှာ ရယကစာရေးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အချို့တို့၏ ကြန့်ကြာခြင်းသာ ဖြစ်ပါသည်။ ၎င်းတို့သည် လယ်ပိုင်ဆိုင်မှု မရှိဘဲ ရှိသည်ဟု စာရင်းပြပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရယကစာရေး၊ မြေတိုင်းစာရေး၊ စိုက်ဘဏ် စသည်တို့ ပူးပေါင်းထုတ်ယူ သုံးစွဲနေကြပါသည်။

အချိန်တန်လို့ အထက်ပါပုဂ္ဂိုလ်တို့ ပြန်မဆပ်နိုင်သောအခါ လယ်သမားများမှာ ချေးငွေပြေကြေပါလျက် ထိခိုက်နစ်နာရ ပြန်ပါသည်။ ကျွန်တော်တို့ တောင်သူလယ်သမားများမှာ စိုက်ပျိုးစရိတ်၊ မိုးမကောင်းလျှင် ရေတင်ခ၊ ဓါတ်မြေသြဇာဝယ်ယူရေး၊ ပေါင်းမြက် ရှင်းခ စသည်များကို ပြင်ပမှ ငွေ၁၀၀လျှင် ၁၀ကျပ်အတိုးနှုန်း ဖြင့်၎င်း ရရာအတိုးနှင့် ချေးငှားလုပ်ကိုင် ဖြေရှင်းနေရပါသည်။ လယ်ယာမြေများ ရေသွင်းချိန်၊ ဓါတ်မြေသြဇာ ထည့်ကျွေးချိန်စသည့် အချိန်ကိုက် လုပ်ရမည့်အလုပ်များတွင် ငွေမရှိလို့ မ၀ယ်နိုင် မလုပ်နိုင်ပါက ကောက်ပင်များ စံချိန်မီ မကြီးထွား ထွက်နှုန်းများ လျော့ကျလာပြီး နိုင်ငံတော်အတွက် များစွာ ထိခိုက်နိုင်ပါသည်။`

ဤဖြစ်ရပ်များမှာ ကျွန်တော်တို့ တယ်ကုန်းကျေးရွာအုပ်စုတွင်သာမက ဆန်နီချောင်၊ ဆည်ရွာ စသည်ကျေးရွာ အုပ်စုများတွင်လည်း ဖြစ်ပျက်နေကြောင်း ကြားသိရပါသည်။ ကျေးရွာတစ်အုပ်စု၊ တစ်မြို့နယ်၊ တစ်နိုင်ငံလုံးသာဆိုလျှင် ဆန်စပါးစိုက်ပျိုးရေးကို အဓိကထားနေရသော နိုင်ငံတော်၏ စီးပွားရေးမှာ အထူးပင် စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရမှ မေတ္တာစေတနာဖြင့် တောင်သူလယ်သမားများ အားလုံးအား သက်သာချောင်ချိစေရန် အဖက်ဖက်မှ အထူးပြုလုပ်ပေးနေ ပါသော်လည်း အောက်ခြေ၀န်ထမ်း အချို့များ၏ အကျင့်ပျက် ခြစားမှုများကြောင့် နိုင်ငံတော်အစိုးရ၏ မေတ္တာစေတနာတို့သည် အရာမထင်ဖြစ်နေရပါသည်။

သို့ဖြစ်ပါ၍ ကျွန်တော်တို့လို အောက်ခြေပြည်သူများ၊ တောင်သူလယ်သမားများ၏ အခက်အခဲ အကြပ်အတည်းများကို လိုအပ်သလို စီစစ်ဆောင်ရွက် နိုင်ပါရန် ဒီမိုဝေယံ မှတဆင့် ရင်ဖွင့်တင်ပြအပ်ပါသည်။

တောင်သူလယ်သမားများ
တယ်ကုန်းကျေးရွာအုပ်စု
မြန်အောင်


Saturday, August 4, 2012

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးသို့ အိတ်ဖွင့်ပေးစာနှင့်ပက်သက်၍တုန့် ပြန်ဖြေရှင်းချက်


သို့ 

၇၄မျိုးဆက်ကျောင်းသားခေါင်းဆောင်ဆလိုင်းကိုတင်မောင်ဦး၏ညီမ အမကြီးမလှမြိုင်

အကြောင်းအရာ

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးသို့ အိတ်ဖွင့်ပေးစာနှင့်ပက်သက်၍တုန့် ပြန်ဖြေရှင်းချက်

၁။8888peoplepowergroupmailမှာကိုကိုကြီးသို့ အိတ်ဖွင့်ပေးစာဆိုပြီး ရောက်ရှိလာပါသည်။ကိုကိုကြီးဆီကို
လည်းအိတ်ဖွင့်ပေးသည့်စာကို ပေးပို့ ထားပြီးဖြစ်ပါသည်။ကျနော်အနေဖြင့်အိတ်ဖွင့်ပေးစာတွင်ရေးသား
ထားချက်များအား မတူညီသောအမြင်ကိုအခြေခံပြီး ပွင့်လင်းစွာဆွေးနွေးတုန့် ပြန်လိုက်ပါသည်။

၂။ရခိုင်ပြည်မတည်ငြိမ်ဖြစ်ပျက်မှုနှင့်ကျူးကျော်စော်ကားဖျက်ဆီးနေသောကိစ္စရပ်နှင့်ပက်သက်၍
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့်ကိုကိုကြီးပြောဆိုခဲ့သောအောက်ပါစကားရပ်များ
" ရိုဟင်ဂျာ ကိစ္စမှာ ကွန်တော်တို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှသည်းခံဆောင်ရွက်နေတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ကိစ္စ ကို အခု အပြတ်ပြောပါမယ်။ ရိုဟင်ဂျာဆိုတာကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားလုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင် မောင်းတောကိစ္စတွေမှာနိုင်ငံတကာ နိုင်ငံကြီးတွေက မြန်မာနိုင်ငံ ကိစ္စကို အပြည် အစုံနားမလည်ဘဲ ၀င်ရောက်ပတ်သတ် စွက်ဖက်နေတာကို လုံးဝလက်မခံပါဘူး.။ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်ခြာကို ထိပါးတယ်လို့ ကျွန်တော်တို့သတ်မှတ်ပါတယ်။ နိုင်ငံ တကာ နဲ့
မျက်နာမပျက်အောင် ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမှု ကိုယ်ခြင်းစာနာမှု နဲ့ လိုက်လျောမှုကို နိုင်ငံကြီး
တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီ
အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော် နဲ့ လက်တွဲဖြေရှင်းသွားမယ်..။”
မတူညီသောရှုထောင့်အမြင်များဖြင့်ရေးသားထားသည်ကိုတွေ့ ရပါသည်။

၃။ကိုကိုကြီး၏အမျိုးသားရေးအမြင်ဖြင့်ပြောဆိုသောစကားကိုအခြေပြု၍နိုင်ငံရေးအရတံဆိပ်ကပ်၊
စွပ်စွဲတိုက်ခိုက်မှုများမဖြစ်ပေါ်လာအောင်ကာကွယ်ပြင်ဆင်သောအနေဖြင့်ရိုးသားစွာတုန့် 
ပြန်ဖြေရှင်းခြင်းဖြစ်ပါသည်။

၎။မြန်မာနိုင်ငံသည်အင်အားကြီးနိုင်ငံများ၊လူဦးရေကြီးမားသောနိုင်ငံများနှင့်အနီးအနားတွင်တည်ရှိနေ
သည့်နိုင်ငံတနိုင်ငံဖြစ်ပါသည်။ပထ၀ီအနေအထားအရလည်းအရေးပါသည့်တောင်အာရှ၊
အရှေ့ တောင်အာရှနှင့်အိန္ဒိယသမုဒ္ဒရာကြားတွင်ရှိနေသောနိုင်ငံဖြစ်ပါသည်။ထို့  ကြောင့်အမျိုးသားရေး
စိတ်ဓါတ်သည် ခေတ်တိုင်း၊စံနစ်တိုင်းတွင်ခိုင်မာနေဖို့  အထူးလိုအပ်ပါသည်။

၅။ကျနော်အနေနှင့်ဘင်္ဂါလီ(ခ)အတုအယောင်ရိုဟင်ဂျာတိုင်းရင်းသားလိမ်လုပ်ဇာတ်အား မြန်မာနိုင်ငံ၏
လူတန်းစားရေးပြဿနာ၊အမျိုးသားရေးရာကိစ္စရပ်အဖြစ်အသိအမှတ်မပြုသဖြင့်အထူးတလည်ဦးစားပေး
ရမည့်ကဏ္ဍမဟုတ်လို့ ယူဆပါသည်။

၆။ယနေ့ ရခိုင်ပြည်အရေးသည် နိုင်ငံရေးအမြင်၊သမိုင်းရေးအမြင်ဖြင့်တိုင်းပြည်နှင့်လူမျိုးအနာဂတ်ကိုအမျှော်
အမြင်ရှိစွာမထည့်တွက်ပဲလုပ်ကိုင်ကြသူများ၏ဘေးထွက်ဆိုးကျိုးတရပ်ဖြစ်ပါသည်။တိုင်းပြည်ကိုရောင်းစား
လိုသူတချို့ ၊တဘို့ တည်းသောစိတ်ဓါတ်ရှိသည့်ကိုယ်ကျိုးရှာဖောက်ပြန်သူများ၏ လုပ်ရပ်လည်းဖြစ်ပါသည်။

၇။ထိုအခြေအနေများကိုကာယကံမြောက်ပါဝင်ပက်သက်မှုပြုခဲ့သူများတုံဏိဘာဝေရှိနေသည်။ထို့ အတူ
ဒီမိုကရေစီအပေါ်ထပ်အဆောက်အအုံမှသူများလည်းနှာစေးလိုနေကြသည်။ထိုကဲ့သို့  သောအကြောင်းအရာ
များဖြစ်ပေါ်နေလို့  ထောင်ထဲနှစ်ရှည်လများနေထိုင်ခဲ့ရသူကိုကိုကြီးမှအမုန်းခံပြီးအမှန်တရားနှင့်
အမျိုးသားရေးအတွက်ထွက်ပြောဆိုရခြင်းသာဖြစ်ပါသည်။ကိုကိုကြီးပြောဆိုခြင်းအပေါ်ထောက်ခံကြောင်းကို
လည်းဖော်ပြပါနေရာတွင် http://www.youtube.com/watch?v=E9qF90QxORcကြည့်နိုင်ပါသည်။

၈။ကိုကိုကြီး၏ပြောဆိုချက်သည်စစ်တပ်ကိုဖါးယားကာတိုင်းပြည်ကိုစစ်ဖိနပ်အောက်ရောက်အောင်
လုပ်ကိုင်ပြောဆိုချက်မဟုတ်လို့ ယူဆမိပါသည်။တိုင်းပြည်ကျူးကျော်မှုနှင့်တမျိုးသားလုံးအန္တာရယ်
အပေါ်မှာကာကွယ်သွားရေးအတွက်စစ်တပ်နှင့်လက်တွဲဖြေရှင်းမည်လို့  ပြောဆိုခြင်းဖြစ်ပါသည်။
ထိုပြောဆိုမှုသည်မူရှိသော၊ဘက်ရှိသောစကားဖြစ်တာကြောင့် စစ်တပ်ကိုဒူးထောက်အညံခံရေးလုံးဝမပါရှိသည်ကိုတွေ့ နိုင်ပါသည်။

၉။သမတဦးသိန်းစိန်ကိုယုံကြည်ပါသည်ဟုတိုင်းသိ၊ပြည်သိ၊ကမ္ဘာသိထုတ်ဖော်ပြောဆိုခဲ့သည့်
 ဒေါ်အောင်ဆန်းစုကြည်ပင်၂၀၀၈ခုနှစ်ဖွဲ့ စည်းအုပ်ချုပ်ပုံကိုကာကွယ်စောင့်ရှောက်ပါမည်ဟု
ကျမ်းသစ္စာကျိန်ဆိုထား၍လွှတ်တော်အတွင်းရောက်နေပါသည်။ဒီမိုကရေစီအင်အားစုအားလုံးအပေါ်
ကိုယ်စားပြုခြင်း၊မပြုခြင်းကို အနီးစပ်ဆုံးသာဓကအဖြစ်ဖော်ပြခြင်းဖြစ်ပါသည်။

၁၀။တိုင်းပြည်အားကျူးကျော်မှုအရေးတွင်ရန်၊ငါစည်းအမြင်နှင့်ရပ်တည်လို့ မရပဲအမျိုးသားအကျိုးစီးပွား
အပေါ်အခြေခံပြီးရပ်ခံသောလမ်းစဉ်ကိုရှေ့ ရှုသင့်ပါသည်။သမိုင်းသာဓကများအနေဖြင့်လည်းတရုတ်ပြည်ကို
ဂျပန်ကျူးကျော်ချိန်မှာချန်ကေရှိတ်(နေရှင်နယ်လစ်)နှင့်မော်စီတုန်း၊ချူတေး(ကွန်မြူနစ်)တို့ လက်တွဲတိုက်ပွဲ
ဝင်ခဲ့ပါသည်။ဗမာပြည်မှာလည်းလွတ်လပ်ရေးတိုက်ပွဲမှာဒို့ ဗမာအစည်းအရုံးသခင်များနှင့် ဒေါက်တာဘမော်
တို့ ပေါင်းကာ(ဒို့  ဗမာဆင်းရဲသား အစည်း အရုံး၊ဗမာ့ထွက်ရပ်ဂိုဏ်း)တို့ ဖြင့်လက်တွဲတိုက်ပွဲဝင်ခဲ့ပါသည်။

၁၁။ကိုကိုကြီးပြောဆိုမှုမှာလည်းစစ်တပ်နှင့်လက်တွဲသင့်ရင်လက်တွဲကာကွယ်သွားမည်ဆိုသောစကားသည် တိုင်းပြည်ရန်ကာကွယ်ရေးအပေါ်မှာညွန်းပြခြင်းလို့ ထင်မြင်ပါသည်။စစ်တပ်အလုပ်သည်တိုင်းပြည်
ကာကွယ်သောအလုပ်ဖြစ်၍ဒူးနေရာဒူး၊တော်နေရာတော်ထားပြီးပြောဆိုခြင်းဖြစ်လို့ နိုင်ငံရေးပရာဇိကကျ
မည့်စကားမဟုတ်လို့ ယူဆပါသည်။

၁၂။ထို့ အပြင်အိတ်ဖွင့်ပေးစာမှာရေးသားထားသောစစ်တပ်ကိုစိတ်နှင့်တောင်မပြစ်မှားပါနဲ့ လို့ ပြောသူ
ဗိုလ်ချုပ်အောင်ကြီးနှင့်စစ်တပ်နှင့်လက်တွဲဖြေရှင်းသွားမည်ပြောသော၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုကိုကြီးအားနှိုင်းယှဉ်ချက်မှာ စေတနာဒီဂရီခြင်းမတူသည့်အပေါ် ကောက်ကြောင်းဆွဲခြင်းဖြစ်နေပါသည်။
သမဂ္ဂဖြိုခွဲသူဗိုလ်ချုပ်အောင်ကြီးနှင့်ကျောင်းသားလှုပ်ရှားမှုမှပေါ်ထွက်လာသူကိုကိုကြီးတို့ ၏သမိုင်းတန်ဖိုး
လည်းကွာခြားနေပါသည်။

၁၃။အင်္ဂလိပ်-မြန်မာပထမစစ်ပွဲမှာစစ်သူကြီးမဟာဗန္ဓုလမှရဲမက်များအားပြောဆိုရာမှာငါတို့ သည်
သူများမြေကိုတလက်မမျှမကျူးကျော်ဘူး၊ငါတို့  မြေကိုကျူးကျော်လာရင်လည်း သည်းမခံဘူး၊ဓါးစွဲတိုက်မယ်ဆိုပြီးပြောဆိုခဲ့ပါသည်။အမျိုးသားရေးအစဉ်အလာများအပေါ်အခြေခံ၍ပြောဆို
လိုက်သောကိုကိုကြီး၏စကားသည်လူမျိုးရေးခွဲခြားမှုများလုံးဝမပါဟုယူဆပါသည်။
 ပေဖြစ်လျှင်ခံ၊တူဖြစ်လျှင်နှံဆိုသောအယူအဆကိုတောင်ကိုကိုကြီးမှဆန့် ကျင်ပြီး ပေဖြစ်လျှင်ခံ၊တူဖြစ်လျှင်
မှန် ရမည်ဆိုသောအကျင့်စိတ်ဓါတ်ရှိသူလည်းဖြစ်ပါသည်။

၁၄။ကျနော်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက်များသည်လည်း ရှေ့ မှ၆၂၊၇၄နောင်တော်၊အမတော်မျိုးဆက်များ၏
သန္ဓေမှပေါက်ဖွားလာခြင်းဖြစ်ပါသည်။ထို့ အတူကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦးဆိုသည်မှာလည်းကျောင်းသားသမိုင်းမှာအစဉ်အဆက်တောက်ပနေမည့်
ကြယ်တပွင့်လို့ ခံယူပါသည်။အမကြီးမလှမြိုင်လိုစွန့် လွှတ်ပေးဆပ်မှုများကိုလည်း အစဉ်ထာဝရလေးစားနေမှာဖြစ်ပါသည်။ ။

လေးစားစွာဖြင့်

စစ်အောင်


ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး

အားလုံးကိုမေတ္တာရပ်ခံပါတယ်: ဆလိုင်းတင်မောင်ဦးဟာ ဦးသန့်အရေးအခင်း(၁၉၇၄)ကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ပါ။ နေဝင်းအစိုးရရဲ့ ပထမဆုံးကြိုးပေးခံခဲ့ရပြီး ကြိုးစင်တက်တဲ့အထိ "စစ်အစိုးရကို ဒူးမထောက်အညံ့မခံဘူး"လို့ ကြွေးကြော်ခဲ့သူပါ
ပြည်သူအားလုံး လေးစားသင့်တဲ့ အာဇာနည် ဆလိုင်းတင်မောင်ဦး အကြောင်းကို http://nge-naing.blogspot.de/2009/12/blog-post_7830.html ပို့စ်မှာ ရော၊ ပို့စ် အောက်က ကွန်မန့်တွေမှာပါ နည်းနည်းလောက် ဖတ်ကြည့်ကြပါဦးဗျ

Arakan Review

စစ်အာဏာရှင် ထိပ်သီး ဗိုလ်နေ၀င်း၏ တိုက်ရိုက်အမိန့်ဖြင့် ကြိုးပေး အသတ်ခံခဲ့ရသည့် သူရဲကောင်း တဦးကိုပြပါဆိုလျှင် ကိုတင်မောင်ဦး ကိုလက်ညိုးထိုးပြရပါမည်။

မဆလခေတ် နိုင်ငံတော်ကောင်စီ အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ နိုင်ငံတော် ကောင်စီဝင် ဦးလှထွန်းဖြူမှ - သမိုင်းတွင်ကြိုးပေးခံရသည့် ကျောင်းသားမရှိသေး၍ တင်မောင်ဦးအား မသတ်ရန် ထပြောသောအခါ၊ ဗိုလ်နေ၀င်းက ထိုင်ရာမှဝုန်းဒိုင်းထကာ “အဖိုးကြီး ပါးစပ် ပိတ်ထားစမ်း၊ အဲဒီအကောင်ကျနော့်ကို သတ်ဖို့လာတာ” ဟု လက်ညိုးငေါက်ငေါက်ထိုးကာ ရန်တွေ့ခဲ့ကြောင်းကိုသိရပါသည်။ ဦးလှထွန်းဖြူမှာလည်း ထိုနေ့မှစ၍ နိုင်ငံတော်ကောင်စီသို့ မသွားတော့ကြောင်းသိရပါသည်။ ဗိုလ်နေ၀င်း သေဖို့ ဒီလောက်တောင် ကြောက်ခဲ့ရသည့် သူကိုမှ ကျနော်တို့လူငယ်များက သူရဲကောင်းအဖြစ် အသိအမှတ်မပြုလျှင် ဘယ်သူ့ကို ပြုရပါ မည်နည်း။ အာဇာနည်မျိုး သေရိုးမရှိပါ။

ထောင်ထဲနေစဉ် ကျနော့်အသဲနှလုံးကို မျှားသုံးစင်းအပစ်ခံရ၏။ ကိုတင်မောင်ဦးကို ကြိုး ပေးသတ်လိုက်သည့်နေ့။ ဘ၀မှတ်တမ်းဖြစ်သည်။ နောက်တစင်း မိဘထက်ပင်ချစ်သည့် အဖွား ဒေါ်မစော ဆုံးသည့်နေ့။ နောက်ဆုံးတစင်း အစ်ကိုကြီး ကိုသန်းရွှေ (သြဂုတ်သွေး) အင်းစိန်ထောင်တွင်းမှာပင် ရန်သူသတ်လို့သေသွားကြောင်း သိလိုက်ရသည့်နံနက်ခင်း။ ဆောင်းတွင်း။ မျက်ရည်ပူတွေ စီးဆင်းနေ၏။ အပြင်ကမျက်ရည်နှင့် ထောင်ထဲကမျက်ရည် သိပ်သည်းဆခြင်း ဘယ်တူပါ့မလဲ ဟု ကိုတင်မောင်ဦးနှင့်ပတ်သက်၍ ကျနော့်ခံစားချက်ကို အရေးတော်ပုံ (၄) စောင်တွဲတွင် မှတ်တမ်းပြုခဲ့ပါသည်။ ထို့အတူ ကောင်းညို၏ ရဲရင့်ကြယ် တင်မောင်ဦး ဟု မှတ်တမ်းပြုခဲ့သည်ကိုတွေ့ရပါသည်။ အုန်းဖြန်ဒုက္ခသည် စခန်း တွင်လည်း ဆလိုင်းတင်မောင်ဦး အတွက် (၃၂) နှစ်မြောက် အောက်မေ့ဖွယ် အခန်းအနားကို မနှစ်က ကျင်းပသွားခဲ့ကြောင်းသိရပါသည်။ အမြင့်ပျံ ခွပ်ဒေါင်း (သို့မဟုတ်) ဆလိုင်းတင်မောင်ဦး ခေါင်းစဉ်ဖြင့် ဆလိုင်းကစ်ပ် (ချင်းပြည်) က (၁၉၈၂-၈၃) ခုနှစ်ထုတ် တက္ကသိုလ်များ ရန်ကုန် (ချင်းမဂ္ဂဇင်း) တွင်ဖော်ပြထားသည်ကို ဖတ်ရပါသည်။ သူရဲကောင်းစိတ်ဓါတ်တွင် အရောင် မပါပါ။ ရန်သူကို အနိုင်တိုက်ပြီး ပြည်သူကို အလုပ်အကျွေးပြုလိုသည့် သံဓိဌာန်ဖြင့် အသက်စွန့်လွတ်သွားသူများသာ ဖြစ်ကြပါသည်။

“ရဲဘော်တို့ လူသူမသိအောင် ငါ့ကို သတ်ဖို့ သူတို့လုပ်နေကြတယ်။ မင်းတို့ရဲ့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်သောအခါမှ ဒူးမထောက်ဘူး” လို့ပြောကြား သွားသည့် သူရဲကောင်း၏ အနိုင်ယူသွားသည့် သံဓိဌာန်ကို နားထဲစွဲနေမိသည်။ အချိန်ကား (၁၉၇၆) ခုနှစ်။ ဂျွန်လ (၂၆) ရက်နေ့ နံနက် (၄)နာရီ။ ကြိုးတိုက်ထဲက အထွက် ကြိုးစင်ကိုအသွား သူနေခဲ့ သည့် ကြိုးတိုက် အတွင်းနံရံပေါ်မှာက “ညီမလေး မိုင်ပိုပို အတွက် အစ်ကိုကြီး ဂုဏ်ယူပါတယ်” လို့ရေးသွားခဲ့သေးသည်။

ကြိုးတိုက်အတွင်း ကျန်ရစ်နေခဲ့သည့် ကြိုးသမားများထဲမှ ရခိုင်အစ်ကိုကြီး ကိုတင်အောင်က ကျနော်တို့ကိုပြောပြပါသည်။ ထိုစဉ်က ကျနော်တို့ရဲဘော်တွေမှာ တတိုက် တတန်းလျားထဲနေခဲ့ကြဖူးပါသည်။ အာဇာနည်၏ နံနက်ခင်းရှုခင်း၊ ရှုကွက်ကို ကျန်ရစ်သူ ရဲဘော်များ အဆောင်တွေထက်မှလည်း မြင်သိခဲ့ကြပါသည်။ ဘယ်သောအခါမှ မေ့ပျောက်နိုင်ပါအံ့နည်း။ အာဇာနည်မျိုး သေရိုးမရှိ။

မောင်လူပျို (မိသားစုဝိုင်း)
၁၅ - ၁၂ - ၂၀၀၉

မိုးသီဟအောင် blog မှ ကူးယူဖော်ပြပါသည်

ဆက်စပ်ဖတ်ရှုရန်-

- ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် ( ကိုကိုကြီး ) သို့အိတ်ဖွင့်ပေးစာ။

ထူးဆန်းထွေလာ ဟင်္သာတမြို့မှ ဆက်သွယ်ရေးဋ္ဌာန အကြောင်း (တိုင်ကြားစာ)


ဟင်္သာတမြို့  မှာ GSM နှင့် CDMA ဖုန်းများ စကားပြောလျှင် ပြုတ်ကျသွားပြီး အိမ်တွင်း ပြန်ခေါ်တာတောင် ဆက်သွယ်မှု ပြင်ပရောက်နေကြောင်း ဖြေကြားနေခြင်းကိစ္စတွေကို ဟင်္သာတဆက်သွယ်ရေးက မဖြေရှင်းနိုင် ဖြစ်နေပါတယ်..။

ဟင်္သာတမြို့မှ ရဲတွေကိစ္စ၊ သစ်ကိစ္စ၊ ဖဲဝိုင်းကိစ္စ စသည့်တိုင်းတန်းချက်များ အင်တာနက်ပေါ်ပါလာပြီး နောက်နေ့များတွင် ဟင်္သာတမြို့ ပေါ်ရှိ GSMနှင့် CDMA ဖုန်းလိုင်းများမှာ တုံးအပြည့် မိနေပါလျှက်နှင့် စကားပြောနေရင်းနဲ့ လိုင်းကျကျသွားတဲ့ အဖြစ်များ ကြုံတွေ့နေရပါတယ်..။ ကျွန်တော်တို့လို ဝန်ထမ်းတွေ အနေနဲ့ (မသိရင် အထက်လူကြီးနဲ့ ပြောတဲ့ ၀န်ထမ်းအချို့ အတွက် ရင်လေးစရာပါ) မပြောချင်လို့ ချတယ်ထင်မှီရင် မလွယ်လှပါ..။

တာဝါတိုင်မှာက လိုင်းကောင်းတယ်လေ တာဝါတိုင်ကို ဟင်္သာတမအူပင်လမ်း စရဖ ၀န်းထဲမှာ တစ်တိုင်၊ လယ်တော်ဝန်း ထဲမှာ တစ်တိုင် ခလရ (၁၈)မှာ တစ်တိုင်အသီးသီး ထောင်ထားသော်လည်း စကား တစ်ခါပြောဖို့ အတွက် သုံးခါလေးခါလောက် ပြန်ပြန်ခေါ်ရပါတယ်။ ဟင်္သာတ ဆက်သွယ်ရေး ကြိုးဖုန်းတွေကလည်း တစ်ခါပျက်ပြင်လျှင် ၁၅၀၀နှင့်၂၀၀၀ ကြားပေးရပြီး တစ်လကို ပုံမှန်တစ်ခါတော့ အချိန်မှန်ရင် ပြတ်သွားပါတယ်။ လိုင်းမင်းတွေကလည်း တိုင်းဆက်သွယ်ရေးဌာနက ဗိုလ်မှူးတွေကိုခန့် ထားပါတယ်။ (ဗိုလ်မှူးဆိုတာ စစ်တပ်က ၀န်ထမ်းမဟုတ်ပါဘူး) မနက်မိုးလင်း လိုင်းလိုက်ကတည်းက စမူးနေလို့ပါ ၀န်းထမ်းတွေကို အရက်သောက်ခွင့် ပေးတဲ့ဌာနက ဟင်္သာတ ဆက်သွယ်ရေးဌာန တစ်ခုသာရှိပါတယ်) တစ်ချို့ဖုန်းတွေဆိုရင် အိမ်မှာ တနေ့လုံးလည်း ရှိမနေဘဲ တစ်လနှစ်လတာ ခရိးထွက်နေပါလျှက်နဲ့ အဲဒီ့ခရီးထွက်တဲ့ ကာလအတွက် ဖုန်းဘေထွက်လာရင် လူမရှိပဲ ၄သောင်း လောက် ကျနေတတ်ပါတယ်..။

ဖုန်းရုံးကို သွားပြောရင်လည်း ဖုန်းဘေတော့ အခုဆောင်လိုက်ပါ.. AE ကိုပြောပေးမယ် အ၀င်ပိတ်မလား။ အထွက်ပိတ်မလား ပိတ်ရင်အနည်းဆုံး (၆)လပိတ်ရမယ် ဖုန်းဝယ်ထားပြီး ဖုန်းပိတ်ရမယ့် အဖြစ်မျိုးနဲ့ ကြုံနေပါတယ်။ ကွန်ပလိန်းတက်ရင်လည်း စာရွက်ထွက်လာပါတယ်။ အိမ်တခါးတောင် ပိတ်ပြီး ခရီးထွက်နေပါတယ်ဆိုမှ တစ်မိနစ်ခြား၊ နှစ်မိနစ်ခြား ခေါ်ထားတဲ့ နံပါတ်တွေနဲ့ ဖုန်းဘေနဲ့ ကွက်တိကျအောင် ထွက်လာပါတယ်။

ဖုန်းဘေတွက်တဲ့ ကွန်ပျူတာဘဲ ပျက်နေသလား ဘေကိုင်တဲ့ ဌာနကဘဲ လုပ်စားနေသလား ဘယ်လိုဘဲပြောပြော ကွန်ပြူတာ စက်ဘဲထိုးချမှုများ ဟသာင်္တမှာ ဖြစ်ပေါ်နေမှု များဟာ ဧကန်မလွဲ ကြိမ်းသေပါတဲ့ ဆိုတဲ့ အကြောင်းကို ဆက်သွယ်ရေးဝန်ကြီး သိစေရန် ဒီမိုဝေယံမှတဆင့် တင်ပြအပ်ပါတယ်။

ဟင်္သာတနှင်းမောင်... 

ဒီမိုဝေယံ မှ ကူးယူဖော်ပြပါသည်
 

Thursday, August 2, 2012

ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင် ( ကိုကိုကြီး ) သို့အိတ်ဖွင့်ပေးစာ။


ကိုကိုကြီးရှင့်

အိပ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်ပါတယ်။ ကျမကတော့ ကျောင်းသားလှုပ်ရှားမှု၊ လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ရင်း စစ်အစိုးရရဲ့ကြိုးပေးကွပ်မျက်မှုခံလိုက်ရလို့ ကျဆုံးသွားတဲ့ (၁၉၇၄- ၁၉၇၆ မျိုးဆက်) ကျောင်းသား ခေါင်းဆောင် ဆလိုင်း ကိုတင်မောင်ဦးရဲ့ ညီမ မလှမြိုင် (ခေါ်) မိုင်ပိုပိုတင် ဖြစ်ပါတယ်။

ကျမတို့ မိသားစု အကြောင်းကို ကိုကိုကြီး ကြားဘူးကောင်း ကြားဘူးနိုင်ပါတယ်။ အနည်းငယ် ပြန်ပြီး မိတ်ဆက်ပါရ စေ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့တဲ့ အတွက် အကိုကြီးက သေဒဏ်၊ ကျမက ထောင်ဒဏ် (၉) နှစ်၊ ကျမ မောင် ကိုလှရွှေက ထောင်ဒဏ် (ရ) နှစ် ဘာမှ အပြစ်မရှိတဲ့ မိဘနှစ်ပါးက ထောင်ဒဏ် (၅) နှစ်စီ၊ မောင် အငယ် ဆုံး ကလေး မောင်သန့်ဇင်က နှိပ်စက်ညှင်း ပမ်းခံခဲ့ရ စသဖြင့် မိသားစု တစုလုံးဘ၀ပျက်ခဲ့ရတာ မြန်မာနိုင်ငံတနိုင်ငံ လုံးမှာ ကျမတို့ မိသားစု တစုဘဲ ရှိမယ် ထင် ပါတယ်။ ဒီလို ဘ၀ပေး အသိရရှိခဲ့တာကြောင့် စစ်အာဏာရှင်စနစ်ကို စက် ဆုပ်ရွံ မုန်းပြီး၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ ရဲရင့် သတ္တိရှိတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ကို စား ချစ်ခင်တဲ့  နေရာမှာ ကျမတို့ ထက်သာသူ မရှိ ဘူးလို့ တောင် ပြောနိုင်ပါတယ် ရှင။်

ကျမတို့  မိသားစုဟာ ရှစ်လေးလုံးမှာ တတပ်တအား ဆက်လက်ပါဝင်ဆင်နွှဲပြီး ပြည်တွင်းမှာ နေလို့ မရတော့လောက် အောင်ကို အခြေအနေ ဆိုက်ရောက်လာတဲ့အတွက် ရှစ်လေးလုံးပြီးကထဲက ထွက်လာကြပြီး အခုတော့ ကနေဒါနိုင်ငံ မှာ အခြေချ နေထိုင်လျှက်ရှိပါတယ်။

ကျမရဲ့ အကိုကြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ကျဆုံးတဲ့ နှစ်ပတ်လည်နေ့ ကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ တုံးက ရန်ကုန်မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာမှာ ဦးဆောင်သူတွေ ဖြစ်တဲ့ (အသက်ကြီးလှပြီဖြစ် ပေမယ့် သတ္တိရှိစွာ လှုပ်ရှားဆဲဖြစ်တဲ့) သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ၁၉၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အခြားခေါင်းဆောင်များအားလုံးကို ကျေးဇူးတင် ကြောင်း ပထမ ပြော ခြင်ပါတယ်။ အဲသည်ပွဲမှာ ဦးဆောင်ကျင်းပသူတွေ ဒါမှမဟုတ် တက်ရောက်သူတွေ ထဲမှာ ကိုကိုကြီးလဲ ပါရင် ကျေးဇူး တင်ပါရစေရှင်။

ရှစ်လေးလုံးအတွင်းမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ဆင်နွှဲခဲ့ကြတာတွေ၊ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုကြီး မတိုင်ခင် လူထုလှုပ်ရှားမှုကို စတင် ဦးဆောင်ခဲ့ကြတာတွေ၊ နှစ်ရှည်ထောင်ဒဏ် တွေကျခံရင်း ထောင်ထဲမှာ ကောင်းမွန်စွာရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတာတွေ စတာတွေကို ကျမတို့မိသားစု တစုလုံးက လေးစား အသိ အမှတ်ပြု လျှက်ရှိဆဲပါ ရှင်။

အခုလူတွေ အတော်များများပြောနေကြတဲ့ အပြောင်းအလဲဆိုတာကို ကျမတို့ မိသားစုတစုလုံး မျက်ခြေ မပြတ်ကြည့် ပါတယ်။ ကျမတို့ ကတော့ လုံးဝ မယုံဘူး။ ဘာကြောင့်လဲဆိုတော့ အသွင်သဏ္ဍာန် အရသာ အရေခွံဟောင်းကို ခွာ၊ အေ၇ခွံအသစ်ကို ထပ်တင်လိုက်တာကလွဲလို့  အနှစ်သာရ အရ ဘာမှ မပြောင်းဘူး။ ၁၉၆၂ ခုနှစ်တုံးက ကျောင်းသား သမဂ္ဂကို ဖြို၊ သားသမီးတွေလို သဘောထားရမယ့် ကျောင်းသားတွေကို သတ်ပြီး ဗိုလ်ချုပ် နေ၀င်းက ဓါးဓါးခြင်း လှံလှံ ခြင်း စိမ်ခေါ်ခဲ့တာ ကိုကိုကြီးမေ့သွားပြီလား။ ကိုကိုကြီး အမွှမ်း တင်ဘို့ အစချီလာတဲ့ တပ်မတော် ဆိုတာဟာ သည် အတွေး အခေါ်နဲ့ သည်အနှစ်သာရကို ဆက်လက်ကိုင် စွဲထားတာကို သတိမပြုမိဘူး လားရှင့်။ အခု ခဏကလေး ဖုံးထားတဲ့ အချိန်မှာတောင် မအောင့်နိုင်ဘဲ ပြီးခဲ့တဲ့ ဆဲဗင်း ဇူလိုင် နှစ်ငါးဆယ်ပြည့်နေ့မှာ ကျောင်းသားတွေကို ကြက် ကလေး ငှက်ကလေးဖမ်းသလို ဖမ်းသွားခဲ့ တယ် မဟုတ်လား။ ဒါက စစ်အာဏာရှင်စနစ်ရဲ့ အစွယ်ကို တချက်လောက် ဘဲ လှစ်ပြလိုက်တာ မဟုတ်ပါလားရှင်။

အပေါ်ယံ အပြောင်းအလဲတွေ၊ လိုက်လျောမှုတွေ လုပ်ပြနေပေမယ့် စစ်အာဏာရှင်စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်တက်နင်းရပ်ပြီး အခုအချိန်မှာ ခိုင်ခိုင်မာမာဆက် တည်ရှိနေတယ် ဆိုတာ ကိုကိုကြီး သိမှာ မလွဲပါဘူး။

အဲဒါသာမကဘဲ စစ်ဗိုလ်ချုပ်ဟောင်းတွေ နဲ့ စစ်ဗိုလ်ချုပ်သစ်တွေကဘဲ တိုင်းပြည်အာဏာကို ဆက်လက်ချုပ်ကိုင်ထား တာကြောင့် လူသစ်တွေလဲ နေရာရသင့်တယ်ရယ်လို့ ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင်တောင် ပြောဆိုသွားခဲ့တာ ကိုကိုကြီးကြားမှာပါ။

ဒီလို နောက်ခံအခြေအနေအောက်မှာ ရိုဟင်ဂျာ ကိစ္စကြီး ဖြစ်ပေါ်လာတယ်။ အဲသည် အပေါ်မှာ ကိုကိုကြီး တိုင်းသိ ပြည်သိ ပြောကြားလိုက်တဲ့ အောက်ပါ စကားတွေကို ကြားလိုက်ရတော့ ကျမတို့ အံသြတုန် လှုပ်သွားခဲ့တယ် ရှင့်။ ဒါကြောင့်လဲ ဒီ အိပ်ဖွင့်ပေးစာကို ရေးလိုက်တာပါဘဲ။

" ရိုဟင်ဂျာ ကိစ္စမှာ ကွန်တော်တို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှသည်းခံ ဆောင်ရွက်နေတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ကိစ္စ ကို အခု အပြတ်ပြောပါမယ်။ ရိုဟင်ဂျာဆိုတာ

ကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားလုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့  ဘူးသီးတောင် မောင်းတော ကိစ္စတွေမှာနိုင်ငံ တကာ နိုင်ငံကြီးတွေက မြန်မာနိုင်ငံ ကိစ္စကို အပြည် အစုံနားမလည်ဘဲ ၀င်ရောက်ပတ် သတ် စွက်ဖက်နေတာကို လုံးဝ လက်မခံပါဘူး.။ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်ခြာကို ထိပါး တယ်လို့ ကျွန်တော်တို့သတ်မှတ်ပါတယ်။ နိုင်ငံ တကာ နဲ့ မျက်နာမပျက်အောင် ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမှု ကိုယ်ခြင်းစာနာမှု နဲ့ လိုက်လျောမှုကို နိုင်ငံကြီး တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော် နဲ့ လက်တွဲဖြေရှင်းသွားမယ်..။”

အထူးသဖြင့် ကိုကိုကြီးရဲ့အောက်ပါ စကားလုံးတွေ ဟာ ကျမတို့ မိသားစုကို အံ့သြတုန်လှုပ်သွားစေပါတယ်။
"နိုင်ငံကြီး တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော် နဲ့ လက်တွဲဖြေရှင်းသွားမယ်..။”

ကိုကိုကြီးရဲ့ အဲသည်စကားကို နားထောင်ပြီးတဲ့အခါမှာ ကိုကိုကြီးဟာ စစ်အာဏာရှင်စနစ်ကို တကယ်ပြတ်ပြတ်သား သား ဆန့်ကျင်တိုက်ပွဲဝင်သွားမယ့် ကျောင်းသား ခေါင်းဆောင်တဦးမှ ဟုတ်ပါရဲ့လား ရယ်လို့ ကျမတို့ သံသယ ၀င် သွားခဲ့တယ် ရှင့်။ ကိုကိုကြီးလေမျိုးကို ကျန်တဲ့ကျောင်း သားတွေ အတုယူလာရင် စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ ကျောင်းသားတွေ ဖြစ်မလာဘဲ စစ်အာဏာရှင်စနစ်ကို အကျိုးပြုတဲ့ ကျောင်းသားတွေ ဖြစ်သွားမှာ စိုးရိမ်မိတယ်။

ရှစ်လေးလုံးကာလ အတွင်းမှာ ဒီမိုကရေစီ ဖခင်ကြီး ဦးအောင်ကြီး သက်တော်ရာကျော် ရှည်ပါစေလို့ လူထုက တန်ဘိုး ထား ကြွေးကြော်ခဲ့ရာကနေ ဦးအောင်ကြီးက "တပ်မတော်ကို စိတ်နဲ့တောင် မပစ်မှားနဲ့  ” လို့ပြောခဲ့တဲ့ အတွက် လူထု က နိုင်ငံရေး မြောင်းထဲကို ပြန်ဆွဲချလိုက်တာ ကိုကိုကြီး သတိရစေခြင် ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီ အသွင်ကူး ပြောင်းသယောင်နဲ့ စစ်အာဏာရှင်စနစ်ကို သာ ခိုင်မာအောင် လုပ်နေကြတာ မျက်မြင်ပါဘဲ။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲတွေကို ပုံသဏ္ဍာန် မျိုးစုံနဲ့ဆက်ပြီး ဆင်နွှဲသွားအောင် ရှင်းလင်းတဲ့ အမြင် တွေတင်ပေး၇မယ့် အစား စစ်အာဏာရှင်စနစ်ကို ဒူးထောက်တဲ့ လမ်းကြောင်းကို ဦးတည်မယ့် စကားလုံးတွေကို ကျောင်းသားခေါင်း ဆောင်တဦး အနေနဲ့  မသုံးသင့်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါရစေရှင်။

၁၉၆၇ ခုနှစ် အာဏာရှင် ဗိုလ်ချုပ်နေ၀င်း ဖန်တည်းခဲ့တဲ့ တရုတ်မြန်မာ အရေးအခင်းတုံးက ကျမတို့ မိဘတွေရော ကျမ အကိုကြီး ဆလိုင်း ကိုတင်မောင် ဦးပါ ကြုံခဲ့ပြီးပြီ။ ဆန်ပြသနာဖြစ်ပြီး စစ်တွေမှာ ဆန် လုပွဲတွေပေါ်တော့ ရခိုင်လူ ထုတွေကို စစ်တပ်က ရက်ရက်စက်စက် သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့တာ ကိုကိုကြီးမေ့ သွားပြီလား။ သို့ မဟုတ် ငယ် သေးလို့ များ မသိတာလား။ ဆန်ပြသနာ အရေးအခင်းကို အာရုံလွှဲခြင်တော့ တရုတ် ဗမာ အဓိကရုဏ်းဖြစ်အောင်နေဝင်းက ဖန်တည်းခဲ့တယ်။ တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေထုတ်၊ သူ့ လုံခြုံရေး အဖွဲ့ လက်ပါးစေတွေ ကို အရပ်ဝတ်လဲ၊ အခြေမဲ့အနေမဲ့  လူရမ်းကားတွေကို မြှောက်ပေး၊ တရုတ်အိမ် တွေကို ၀င် ရောက် မီးရှို့ဖျက်ဆီး (တချို့ သတ်ဖြတ် တာတွေ ပါ) လုပ်ကြတော့ မီးသတ်ကားနဲ့ စစ်တပ်က လူအုပ်ကြီး နောက်က လိုက်ပေးတယ်။ ဘာမှ မတား ဆီးဘူး။ အရေးမယူဘူး။ အခြားအိမ်တွေ မလောင် အောင်သာ မီးငြိမ်းပေးတယ်။ တရုတ်မိသားစုတွေကို သတ်ဖြတ်၊ နှိပ်စက်၊ တရုတ်အိမ်တွေ မီးရှို့တဲ့ လူရမ်းကားတွေ အပေါ် ဘာမှ ထိထိ ရောက် ရောက် အရေးမယူခဲ့ဘူး။

ကျမ အကိုကြီး ဆလိုင်းကိုတင်မောင်ဦး ဆိုရင် အဲသည်တုံးက သူ့ အသက် (၁၆) နှစ်ဘဲရှိသေးတာပေါ့။ အသက်ဘေး ကနေ လက်လွတ်ထွက်ပြေးကြရတဲ့ တရုတ်မိသားစု တစုကို ဘုန်းကြီးကျောင်းထဲမှာ ၀ှက်ပြီး ကယ်ခဲ့သေးတယ်။

တရုတ်တွေ အပေါ် လူမျိုး မတူတာ အပထား၊ လူသားချင်း စာနာစိတ်နဲ့ (ဘာပြစ်မှုမှ မကျူးလွန်တဲ့ လူတွေရဲ့) လူ့ အသက်တွေကိုတော့ကယ်တင်သင့်တယ် ဆိုတဲ့ ခံယူချက်နဲ့ ကိုတင်မောင်ဦး သည်လို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်ရှင့်။

စစ်အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်းတွေဖြစ်၊ တိုင်းပြည်မတည်မငြိမ်အောင် သူတို့ ဘဲဖန်တည်းပြီး လက်နက် အားကိုးနဲ့အုပ်ချုပ်ခွင့်၇အောင် အဲသည်လို လုပ်ခဲ့ကြတာပါ။ ကိုကိုကြီးပြန်စဉ်းစားကြည့်ပါ။ ရခိုင်ပြည်နယ်မှာ သည်လို မျိုးဖြစ် မှာ ကျမတို့ သိတ်ကို စိုးရိမ်တယ်။ ဖြစ်သွားခဲ့ပြီ လို့ လဲ ယူဆတယ်။

ကျမတို့ က ရိုဟင်ဂျာတွေ ဘက်က သတ်ဖြတ်ကျူးလွန်မှုတွေ မရှိဘူးလို့ ဘက်လိုက်ပြီး ခုခံကာ ကွယ်ပြောဆိုနေတာ မဟုတ်ဘူးရှင့်။ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံရတာတွေ ရှိသလို ဗလီတွေ ဖျက်ဆီး ခံရတာတွေ ရှိကြောင်းကြားရတယ်။
ပြစ်မှုကျူးလွန်တဲ့ နှစ်ဘက်လုံးကို ထိထိရောက်ရောက် အရေးယူပေါ့။ အဲသလို မဟုတ်ဘဲနဲ့ အမျိုးသားရေး ကိစ္စဆိုပြီး ရိုဟင်ဂျာတွေကိုသာကွက်ပြီး သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ လူမဆန်တဲ့ အပြုအမူတွေ ပြုကျင့် မယ်ဆိုရင်တော့ ကျမတို့ လက်မခံနိုင်ဘူး ရှင့်။ ကိုကိုကြီး သုံးနှူံးသွားတဲ့ စကားလုံးအသုံး အနုန်းတွေ ဟာ သည် လို မတရားတာတွေ ပြုကျင့်စေဘို့  အားပေးရာ ရောက်တာမျိုး မဖြစ်သင့်ဘူးလို့  ပြောပါရစေ။

ကိုကိုကြီး အပါအ၀င် ပြည်တွင်းကလူထုတွေ တကယ့်အများစုကြီးဟာ ဆယ်စုနှစ်တချို့လောက် ပြင်ပကမ္ဘာနဲ့အဆက် အသွယ်ဖြတ်ခံထားခဲ့ရတယ်။ မြန်မာနိုင်ငံလိုဘဲ စစ်အာဏာရှင် လွှမ်းမိုးကြီးစိုးခဲ့တဲ့  အင်ဒိုနီးရှားနိုင်ငံကိုထွက်ပြီးလေ့လာ ကြည့်ပါ။ မြန်မာနိုင်ငံမှာ အခု လူထုတွေ အများစုကြီးက အပြောင်းအလဲလို့  ယူဆနေကြတဲ့ အနေအထားတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ် လောက်က (၁၉၉၇ ခုနှစ်အထိ) အင်ဒိုနီးရှားနိုင်ငံမှာ အာဏာရှင် ဆူဟာတိုက ကျင့်သုံးခဲ့တဲ့ Guided Democracy လို့ ခေါ်တဲ့ လမ်းညွှန် ဒီမိုကရေစီ အောက်က ရခဲ့တဲ့ ဒီမိုကရေစီ အခွင့်အရေးကို တောင်မမှီသေးဘူးရှင့်။

အခုမြန်မာနိုင်ငံမှာ အာဇာနည်နေ့မှာ ဆန္ဒပြခွင့်ကလေးတွေ ရလာတာကို လူထုတွေက ကျေးဇူးတင်နေကြရတဲ့အဆင့် ဘဲရှိသေးတယ်။ သည့်ထက်သာတဲ့ အခွင့် အရေးမျိုးတွေကို အင်ဒိုနီးရှားမှာ အာဏာရှင် ဆူဟာတို ရှိစဉ်ကထဲက ရခဲ့ တာပါ။ တကယ်တော့ အနှစ်သာရအရ ဘာမှ မပြောင်း လဲသေးဘူးဆိုတာရှင်းနေပါတယ်။

ဘာဘဲဖြစ်ဖြစ် ရသမျှ အခွင့်အရေးကလေးတွေကို ယူပြီး စစ်အာဏာရှင်စနစ်ကို တောက်လျှောက်ဆန့် ကျင်တိုက်ပွဲဝင် ခဲ့ တဲ့ အတွေ့အကြုံရှိတဲ့ မြေပေါ်တော်လှန်ရေးသမားကြီးတွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းကြီးတွေ၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်း ဆောင်ဟောင်းကြီးတွေက အချင်းချင်း အပြန်အလှန် စုစည်း စည်းရုံးနေကြတာတွေ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ခေါင်း ဆောင်တဲ့ ရှစ်လေးလုံးမျိုး ဆက်ကျောင်းသားတွေက တပြည်လုံး ထွက်၊ စည်းရုံးလှုပ်ရှားနေကြ တာတွေ၊ ကိုကျော်ကိုကို ခေါင်းဆောင် တဲ့ ဗကသ ကျောင်းသားတွေက တပြည်လုံးမှာ ဗကသ တွေ ပြန်လည် ဖွဲ့စည်း ဘို့ လုပ်နေကြတာတွေ၊ ဒါတွေ အားလုံးကို ကျမတို့ လုံးဝ တန်ဘိုး ထား အသိအမှတ်ပြုပါတယ်။ အခက်အခဲတွေ အကြားကနေ လုပ်နေကြရတဲ့အခြေအနေကိုလဲ သဘောပေါက်ပါရဲ့ရှင်။

ဒါပေမယ့် တချိန်ထဲ မှာ လူထုတွေကျောင်းသား တွေကို အခြေအနေမှန်ကို အမှန်အတိုင်း အသိပေးဘို့ ၊ မြှော်လင့်ချက် အမှားတွေ ရှိမလာ စေဘို့ ၊ နိုင်ငံရေး အရ လမ်း ကြောင်းချော်သွားစေမယ့် အပြောအဆို မျိုးတွေ မပြောမိစေဘို့  ရိုးရိုး သားသား အကြံပေး ခြင်တာကြောင့် သည်စာကို ရေးလိုက် တာပါဘဲရှင်။

"ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော်နှင့် လက်တွဲဖြေရှင်းသွားမယ်..”လို့ ကိုကိုကြီး ပြောသွားခဲ့တယ်။ "ဒီမိုကရေစီ အင်အား စုတွေ အား လုံးကလို့” ကိုကိုကြီး ဘာကြောင့်သုံးသွားတာလဲ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သဘောဆန္ဒလဲ တိတိကျကျ ထုတ်ဖေါ်တာ ဘာမှ မကြားရသေးဘူး။ ဒေါ်အောင်ဆန်းစု ကြည် ဖွင့်ပြောတာလဲ နားထောင်ခွင့်မရသေးဘူး။ ရိုဟင်ဂျာတွေက ရခိုင်လူထုအပေါ် သတ်ဖြတ်တာ၊ နှိပ်စက်ညှင်း ပမ်းတာ၊ ရွာတွေ မီးရှို့တာ၊ ရှိရင် အဲဒါတွေ အားလုံးကို ကျမတို့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။ ထိထိရောက်ရောက် အရေးယူဘို့လဲတောင်းဆိုတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရော ဒေါ်အောင်ဆန်းစုကြည်က ပါ ရိုဟင်ဂျာနဲ့ ရခိုင်လူထုတွေ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အသွင် ဆောင်တဲ့ ပြသနာမှာ အမျိုးသားရေးလို့ သတ်မှတ်တယ် ဆိုပြီး ဘက်တဘက်ထဲကဘဲရပ်၊ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်ခြင်သလိုသတ်ဖြတ်၊ ရက်စက်ခြင်သလို ရက်စက်၊ လူသားချင်းစာနာထောက် ထားတဲ့အခြေခံကနေ အသက်ရှင်ရပ်တည်လို့တောင် မရအောင် ခံစားနေကြရတဲ့ အခြေ အနေမျိုးဖြစ်စေ မယ် ဆိုရင် တော့ ဒါကို လျှစ်လျှရှုထား၊ မသိခြင်ယောင်ထားပြီး ထောက်ခံတဲ့ သဘောနဲ့ နေလိမ့်မယ် လို့  ကျမတို့ တော့မထင်ဘူးရှင့်။
ပြီးတော့ဒီမိုကရေစီ အင်အားစုတွေ အားလုံးက လို့ ကိုကိုကြီး သုံးသွားတာ ကျမတို့ လို မလွှဲသာလို့ တိုင်းပြည် ပြင်ပ ရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ဒီမိုကရေစီ ရေးလှုပ်ရှားတက်ကြွတဲ့ အဖွဲ့ အစည်းအသီးသီးတွေ ကို ထည့်မတွက်တော့ဘူးလား ရှင့်။ ဒီမိုကရေစီ အင်အားစုတွေ အားလုံးကို ကိုယ်စားပြု ပြီး ပြောခြင်ဆိုခြင်တယ် ဆိုရင် သူတို့ သဘောထားဆန္ဒကို ကြိုတင်မေးဘို့ မလိုဘူးလား။ ဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း အားလုံးဟာ ကိုကိုကြီးတို့ ထောင်ထဲမှာ ရှိနေတုံးက နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးဘို့ ကမ္ဘာပတ်ပြီး တောင်း ဆို၊ စစ်အစိုးရကို ဖိအားပေးခဲ့ကြသူတွေပါ။ သူတို့ သဘောဆန္ဒကိုရော အလေးမထားသင့်ဘူးလား။ သူတို့ သဘော ဆန္ဒကိုလဲ မယူဘဲနဲ့ ကိုကိုကြီးနဲ့ နီးစပ်သူ တချို့လောက်ရဲ့ သဘောထားနဲ့ဘဲ ဘာကြောင့် အမျိုးသားရေး ကိစ္စဆိုပြီး သတ်မှတ် လိုက်တာ လဲရှင့်။

ဒီမိုကရေစီအင်အားစုတွေအားလုံးက သတ်မှတ်တယ် ဆိုရင်ရော ဒါဟာအမျိုးသားရေးကိစ္စဖြစ်သွားပြီလား။ စစ်အာဏာ ရှင်စနစ်ကို ဆန့် ကျင်တိုက်ပွဲဝင်နေတဲ့  တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ ရဲ့ သဘော ဆနက္ဒို မယူ သင့်ဘူးလား။ သူတို့ သဘောမပါဘဲနဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရသစ်နဲ့ သဘောထားခြင်းတူရုံနဲ့ အမျိုးသား ရေးကိစ္စလို့သတ်မှတ် လို့ရပါ့ မလားရှင့်။

အခု ရိုဟင်ဂျာ ရခိုင်အရေးအခင်းမှာ တာဝန်အရှိဆုံးက ဘယ်သူလဲ။ ကိုကိုကြီး စဉ်းစားကြည့်ပါ။ လက်ရှိ တက်နေ တဲ့ သမတ ဦးသိန်းစိန် နဲ့ သူ့အောက်က ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေဘဲ။ တိုင်းပြည် အုပ် ချုပ်နေရင်ကိုယ့်လူထု အကြောင်းကို ကိုယ်သိရ မှာပေါ့။ ရိုးရိုးသားသား ဖြစ်ဦးတော့ ရခိုင်ပြည်နယ်မှာ ဒါမျိုးဖြစ်လာရင် လူမျိုးရေးပဋိပက္ခ ဖြစ်သွားနိုင်တယ် ဆိုတာ ကလေး က အစသိတယ်။ ဖြစ်ဖြစ်ခြင်း ဘယ်ဘက်ကဘဲ ကျူးလွန်ပါစေ၊ ပြစ်မှုကျူးလွန်သူ နှစ်ဖက်လုံးကို ချက်ခြင်း အရေးယူ၊ လုံခြုံရေးတပ်ဖွဲ့တွေ ချက်ခြင်းချ၊ လူထုအတွင်း ရှင်းလင်းမှုတွေ ချက်ခြင်းလုပ်။ အဓိကရုဏ်း မဖြစ်အောင် တားဆီးနိုင်ရမှာပေါ့။ သည်လို ဘာကြောင့် မလုပ်ခဲ့သလဲ။ သမိုင်းအတွေ့အကြုံတွေအရ စဖြစ်ကထဲက ကျမတို့ မှာ သံသယရှိ ခဲ့ တာ။ အခု နိုင်ငံတကာလူ့ အခွင့်အရေးအဖွဲ့အစည်းကြီးဖြစ်တဲ့  Human Rights Watch ရော အခြား လူ့ အခွင့် အရေး အဖွဲ့ အစည်းတွေ အတော်များများကပါ က ဦးသိန်းစိန် အစိုးရရဲ့ ပါဝင်ပတ် သက်မှုကို အ တိ အ ကျ စွပ်စွဲလာတဲ့ အခါကျ တော့မှ ကျမတို့ ပိုပြီး သေချာသွားတယ်။

တကယ်တော့ သံလျှက်တော်ယူတဲ့ သူခိုးက ဆိုတဲ့ ဇာတ်ထဲကလို ဘုရင်ကိုယ်တိုင်က သူခိုးဖြစ် နေတာဘဲ မဟုတ် လား။ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အာဏာရှင်လက်သစ်တွေက တရားခံဖြစ်နေတာ မဟုတ် ဘူးလား။ အားနည်းသူ ရိုဟင်ဂျာတွေကို ဖိနှိပ်ရက်စက်၊ ရခိုင်အမျိုးသားတွေကို ကာကွယ်သယောင်ပြပြီး စစ်တပ်ကို လူစွမ်းကောင်းနေရာ မှာရောက်အောင်တွန်းတင်တဲ့ အကြံနဲ့ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းကြံ စည်တဲ့အထဲမှာ ကိုကိုကြီးက ဘာကြောင့် ပါခြင်ရတာလဲ။

ရိုဟင်ဂျာတွေ ၀င်လာတာဟာ အမျိုးသားရေးကို ထိပါးတယ်၊ အမျိုးသား လုံခြုံရေးပြသနာဖြစ်တယ် ဆိုရင် တရုတ်တွေ ကိုတော့ ဘာကြောင့်အရေးမယူသလဲ။ မန္တေလေး တမြို့လုံးလောက်နီးနီး တရုပ်တွေ သိမ်းထားသလို ဖြစ်တာဘယ်လို ရှင်းမလဲ။ လူဝင်မှုကြီးကြပ်ရေးကို အကြီးအကျယ်လာဘ်ထိုးပြီး နိုင်ငံသားလက်မှတ် အမျိုးမျိုး ကိုင်နေကြတာတွေကို ဘယ်လို ရှင်းမလဲရှင့်။

နိုင်ငံခြားသားတွေ ဆယ်စုနှစ်တချို့အတွင်း သန်းတချို့ချီပြီး ၀င်လာတဲ့ ကိစ္စမှာ အဓိက တာဝန်ရှိသူတွေဟာ ၁၉၆၂ ခုနှစ်ကစပြီး တိုင်းပြည်ကို အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေ မဟုတ်ဘူးလား။ တရုတ်ပြည်ကအခု အချိန်မှာ အင်အားတောင့်တင်းနေတော့ စစ်အာဏာရှင်တွေက ကြောက်တာကြောင့် တရုတ်ကိုတော့ ဘာမှ သွားပြီး ပြဿနာ မရှာရဲ၊ အားနည်းတဲ့ ရိုဟင်ဂျာတွေကို ဖိထောင်းပြတာမျိုးဟာ တရားရဲ့လား။ သည်လိုတရားမဲ့ လုပ်တဲ့အတွက် မကောင်းတဲ့ အကျိုးဆက်အနေနဲ့ ရခိုင်အမျိုး သား လူထုတွေ အတွင်းမှာ မတည် မငြိမ် တောက်လျှောက် ဖြစ်၊ ကိုယ့် လုံခြုံရေးတောင် ကိုယ်စိတ် မချရဘူး ဆိုရင် စီးပွားရေးလဲ စိတ်အေးလက်အေးလုပ်ခွင့်မရ၊ ဒီ လိုအခြေအနေဟာ ရခိုင် လူထုအတွက် အမျိုးသား အကျိုးစီးပွားလို့ ပြောနိုင်ပါ့မလားရှင့်။

ကျမတို့ မိသားစုအနေနဲ့ကတော့ ရိုဟင်ဂျာလူထုအပေါ်ဖြစ်ဖြစ်၊ ရခိုင်လူထု အပေါ်ဖြစ်ဖြစ် လူ့အခွင့် အရေးချိုးဖေါက်တာ၊ Genocide လို့ ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှာ မျိုးကိုတော့ ဘယ်လိုနည်းနဲ့ ဘယ်အကြောင်းပြချက်နဲ့မှ လက်မခံနိုင်ဘူး ဆိုတဲ့အကြောင်း ကိုကိုကြီးကို အသိပေးလိုက်ပါရဲ့ ရှင်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး စိတ်ဓါတ်ကို ကျမတို့ မိသားစုဟာ အသက်နဲ့ရင်း ဘ၀နဲ့ရင်းပြီးထူထောင် ခဲ့ရတာပါ။ တချိန်ကျရင် စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ ပြုတ်ပြုတ်ပြုန်းသွားလိမ့်မယ် လို့  လုံးဝယုံ ကြည်တယ်။တော်လှန် ရေးဟာ မပြီးသေးဘူးလို့ ကျမတို့ ခံယူတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲဟာ နည်းလမ်းပေါင်းစုံနဲ့အရှိန် အဟုန်ပြင်းပြင်းလာဦးမယ်လို့ ကျမတို့ တွက်တယ်။ အရေးကြီး တာ က စိတ်ဓါတ်ဘဲ။ ကျောင်းသားခေါင်းဆောင်ဆလိုင်း ကိုတင်မောင်ဦးဟာ သူ့ အသက်ကို ပေးပြီး စစ်အာ ဏာရှင် စနစ် ဆန့်ကျင်ရေးစိတ်ဓါတ်ကို အမြင့်ဆုံးတင်သွားခဲ့တယ်။

ကိုကိုကြီး ပြောလိုက်တဲ့ စကား တလုံး၊ နောင်သည်လိုမျိုး ဆက်ပြောနိုင်တဲ့ စကားလုံးတွေ ကြောင့် ကျောင်းသားတွေ၊ လူထုတွေ စိတ်ဓါတ် ဦးကျိုးသွားမှာကို စိုးရိမ်တယ်။

စစ်အာဏာရှင်စနစ်ကို အသက်သွင်းတဲ့ စစ်ခေါင်းဆောင်အဆက် ဆက် အောက်မှာ ကိုကိုကြီးပြောတဲ့ တပ်မတော် ဆို တာ ဟာ လူထုကို ကာကွယ်တဲ့ အနှစ်သာရပျက်ယွင်းနေတဲ့ အဖွဲ့အစည်းဖြစ်တာ ကြာနေပြီ။ ဗိုလ်ချုပ်အောင်ဆန်း စတင်တည် ထောင်ခါစက လူထုချစ်တဲ့တပ်မတော် ဆိုတာ သမိုင်းထဲမှာဘဲ ကျန်သွားပြီ။ တိုင်းရင်းသား ပေါင်းစုံ လူထု တွေကိုသာမက သံဃာတော်တွေ ကိုပါ ပစ်သတ်တဲ့ "သတ်မတော်” ဖြစ်သွားပြီ။ စစ်အာဏာရှင်စနစ် အောက်မှာ စစ်ခေါင်း ဆောင်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ရက်စက်မှုတွေ ကြောင့် အမျိုးသား စည်းလုံး ညီညွတ် ရေးပြို ကွဲခဲ့ တာ ဘဲရှင့်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာကို စစ်အာဏာရှင် စနစ်ရှိနေသမျှ ကိုကိုကြီး စိတ်ကူး မယဉ် စေခြင်ဘူး။ ရဲရင့်တဲ့ ကျောင်းသားခေါင်းဆောင် တဦး အနေနဲ့ ခင်ဗျားတို့ စစ်ခေါင်းဆောင်တွေ စစ်အာဏာ ရှင်စနစ်ကို အရင်ဖြုတ်ပါလို့ ဘာကြောင့် မပြောသလဲ ရှင့်။

ရိုဟင်ဂျာကို လက်ညှိုးထိုးပြီး အဲဒီ စစ်တပ်ကို သူရဲကောင်းလို လူထုတွေက ထင်ယောင်ထင်မှား ဖြစ်လာစေမယ့် စကားမျိုးတွေကို ကျောင်းသားခေါင်းဆောင်တဦးနေရာကနေ မသုံးဘို့  မေတ္တာ ရပ်ခံ ပါ ရစေ ရှင်။

မတရားမှုကို ဆန့်ကျင်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့ ကျောင်းသားတို့ ရဲ့ခွပ်ဒေါင်း စိတ်ဓါတ်ကို ပြန်လည် တည်ဆောက်ရင်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့် ကျင့်တိုက်ပွဲဝင်သွားမယ့် ကျောင်းသားခေါင်း ဆောင် တဦးအဖြစ် ကိုကိုကြီး ကို မြင်တွေ့ လိုပါကြောင်း ပြောရင်း သည်စာကို နိဂုံးချုပ်လိုက်ပါတယ်။

မလှမြိုင် (ခေါ်) မိုင်ပိုပို
ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ၏ မိသားစု တစုလုံးကိုယ်စား
ဇူလိုင်လ (၃၀) ရက် ၂၀၁၂ ခုနှစ်


Contact Information
Email: salaitinmaungoofamily@yahoo.ca
Telephone: 1 + (604) 379-3104

rohingyablogger.com.http://www.rohingyablogger.com/2012/08/blog-post_4851.html?fb_comment_id=fbc_10151059319733374_23185181_10151060706783374#f5c4ade1bad77

မှ ကုးယူဖော်ပြပါသည်။

---------------------------------------------------------------------------------------
comment များ...

Yan Aung · Rangoon, Yangon, Burma

ပွင့်ပွင့်လင်းလင်းသုံးသပ်ရရင် ဒါ နိုင်ငံရေးခြေထိုးမှုတစ်ခု၊ ၈၈ တွေကြားမှာ အကြီးအကျယ်သွေးခွဲမှုလို့ ယူဆပါတယ်..။ ဘာ့ကြောင့်လဲဆိုတော့ ဂေါက်ရိုက်သလိုပါပဲ ဒီမြေအနေအထားကို ဒီဂေါက်တံနဲ့ ရိုက်ရသလို ဟိုမြေအနေအထားကိုလည်း ဟိုဂေါက်တံနဲ့ ရိုက်ရပါ့မယ်..။ ထောင်ကလွတ်လာပြီးတဲ့နောက်ပိုင်းမှာ ကိုကိုကြီးအပါအ၀င် ၈၈ တွေဟာ တိုင်းပြည်အတွက် တစ်ဖက်တလမ်းက တကယ်အလုပ်လုပ်ခဲ့ကြပါတယ်.။ လယ်သမားကိစ္စ၊ အလုပ်သမားကိစ္စ၊ မြစ်ဆုံ၊ ရေဘေး၊ လေဘေး၊ အဖက်ဖက်က ဒုက္ခရောက်နေသူ ပြည်သူ ကို ကူညီခဲ့ကြပါတယ်..။ ပါးစပ်ပြောမဟုတ်ပါ..။ လက်ရှိအခြေအနေကို မျက်မြင်သုံးသပ်ခြင်းဖြစ်ပါတယ်..။.

ရိုဟင်ဂျာကိုအကြောင်းပြုပြီး တူသူချင်းသွေးကွဲစရာမလိုပါ.။ ဒီဘလော့ ဒီပို့စ် တွင်ပဲ လွန်ခဲ့သော တစ်နှစ်ခန့်က ဒေါ်အောင်ဆန်းစုကြည်ကို တိုင်စာပို့ပြီး အသက် ၈၀ ကျော် NLD ဦးတင်ဦးအား အရေးယူပေးရန်၊ စစ်ရာဇ၀တ်ကောင်အဖြစ် တရားစွဲရန် ရေးခဲ့သည်များကို မလှမြိုင် သိပါလေစ..။.

စစ်တပ်ကိုလည်း ခွဲခြားမြင်တတ်ဖို့လိုပါတယ်.။ ဥပမာ ရခု
ိင်မှာ မီးရှို့နေတယ်..။ လူသတ်နေတယ်.။ အဲဒီအချိန်မှာ ရောက်သွားသော လုံခြုံရေးတာဝန်ယူသော စစ်တပ်နှင့် ၈၈ တုန်းက ပြည်သူကို သတ်ဖြတ်နေသော စစ်တပ်ကို မျက်မြင်ဒိဌ ကြုံတွေ့နေရသော ပြည်သူများ အနေဖြင့် ဘယ်လိုအမြင်ရှိပါသလဲ.....။ အဲဒီအခြေအနေနှစ်ခုက တပ်မတော်အပေါ် ပြည်သူမြင်တဲ့အမြင်ကို ယှဉ်ကြည့်ပါ။.

ကျွန်တော်တို့ ပြည်သူရဲ့အမြင်ကို အလေးအနက်ထားဖို့လိုပါတယ်..။ အခြေအနေနဲ့ အချိန်အခါအရ ကျောင်းသားနဲ့ နိုင်ငံရေးသမားဆိုတာ ပြည်သူ့မျက်နှာတစ်ခုတည်းကိုပဲကြည့်ရပါမယ်..။.
နိုင်ငံရေး ကို ခံစားချက်နှင့်လုပ်လျှင် ဘယ်တော့မှ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန် ထိန်းကြောင်းမှု ဘယ်တော့မှမရသလို အမျိုးသားပြန်လည်သင့်မြတ်ရေး ဘယ်တော့မှ ရမည်မဟုတ်ပါ။.

အဲဒီလိုပြောကြေးဆိုရင် အခု ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ဆွဲနှုတ်ဆက်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြား နိုင်ငံေ၇းပါတီအားလုံးကို စော်ကားရာရောက်ပါတယ်.။.
စစ်အာဏာရှင်ကို လုံးဝမမေ့ပါ..။ သမိုင်းတွေကိုလုံဝ မမေ့ပါ...။ သို့သော် တိုင်းပြည်အတွက် စစ်တပ်ဆိုတာမရှိရင် မဖြစ်နိုင်ပါ..။ ၈၈ တုန်းက စစ်တပ်က မရှိသင့်တဲ့စစ်တပ်ဖြစ်ပေမယ့် ရခိုင်မှာ လက်ရှိ လုံခြုံရေးယူထားတဲ့ စစ်တပ်မရှိရင်.. မိမိတို့ တိုင်းရင်းသားတွေ ဘာဖြစ်သွားမလဲ....။ ယခု ပစ္စုပ္ပန်ကို လေ့လာကြည့်ပါ..။.

ရခိုင်ကို မရောက်ဖူးပဲနဲ့ နိုင်ငံရပ်ခြားမှာနေပြီး လက်လွတ်စပယ်မပြောသင့်ဘူးလို့ ထင်ပါတယ်.။ ဒါဟာ တိုင်းရင်းသားတွေအတွက် အကြီးမားဆုံးဒုက္ခကြီးပါ..။ အမျိုးသားရေးပါ..။ တကယ်လို့ တိုင်းရင်းသားအစစ်တစ်ယောက်ဖြစ်တဲ့ ဆလိုင်းတင်မောင်ဦး မိသားစုဝင်အနေနဲ့ တခြားတိုင်းရင်းသားတွေအပေါ် ကိုယ်ချင်းစာစိတ်မရှိတဲ့... မျှဝေခံစားမှု လုံးဝမပါတဲ့၊ ထည့်မစဉ်းစားထားတဲ့ ရိုဟင်ဂျာဘက်က ပါသယောင်ယောင်ရေးထားတဲ့ အရေးအသားတွေရေးခဲ့တဲ့အတွက်.... ၀မ်းနည်းမိကြောင်းပါ..။

ဆလိုင်းတင်မောင်ဦးမိသားစုကိုယ်စား မလှမြိုင် (ခေါ်) မိုင်ပိုပို ဖြေပေးပါ။...ကျွန်တော်မေးခွန်းတစ်ခုမေးပါ့မယ်..။.
ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေအရ ဘင်္ဂလီကို ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် လက်ခံနိုင်ပါသလား...။ ဘင်္ဂလီများရဲ့ အကြမ်းဖက်မှုကို လက်ခံပါသလား....။ အဲဒါကို ခံစားချက်မပါပဲ ဖြေပေးပါ။.


-------------------------------------------------------------------

Oakar Phyo · Mandalay Technological University

8888 နဲ့ ခုလက်ရှိ ရခိုင်.. ဒီနှစ်ခုဟာ compare လုပ်လို့ မရပါဘူး.. 8888 က ပြည်တွင်းကိစ်စ ဖြစ်ပြီး တတိုင်းပြည်လုံး ပြည်သူအားလုံး တသဘောတည်း ထားခဲ့တာပါ.. ရိုဟင်ဂျာ ဆိုတာမှာလဲ ပြည်သူတွေ အကုန်လုံး တသဘောတည်း ရပ်တည်နေတာပါ ဘယ်သူတွေမှ ဒီရိုဟင်ဂျာကို လက်မခံပါဘူး ၈၈ ကတပ်မတော် နဲ့ အခု တပ်မတော် နဲ့ မတူပါဘူး ခွဲခြား ပြီး မြင်ပါ..ရိုဟင်ဂျာဆိုတာက အကြောင်း အမျိုးမျိုးကြောင့် (အာဏာရှင်တို့ ဆိုးမွေ) ဘင်းဂလားဒေ့ရှ် မှခိုးဝင်လာ သူတွေဖြစ်ပါတယ် ဒါကြောင့် ပြည်သူနဲ့ တပ်မတော် သဘောထားခြင်း အတုတူပါပဲ..ခင်ဗျား ဒီ post ကတော့ ပြည်သူတွေကို စော်ကားတယ် ၈၈က အစ်ကိုတွေကို စော်ကားတယ်လို့ ပြောရမှာပဲ မလှမြိုင်.....
ကိုရန်အောင် ပြောသလိုပဲ နိုင်ငံရေးသမား လုပ်ချင်ရင် ကိုယ့် ခံစားချက်ကို မကြည့်ပါနဲ့ ပြည်သူ့ မျက်နှာကိုသာ ကြည့်ပါ..

Thursday, July 26, 2012

အမတ်များသို့ အိတ်ဖွင့်ပေးစာ

ဓါတ်ပုံကို ဟာသကမ္ဘာမှကူးယူသည်..


အမတ်များသို့ အိတ်ဖွင့်ပေးစာ

ကျမ ပြည့် တန်ဆာမပါ...ပြည့်တန်ဆာဘ၀နဲ့ အသက်မွေးဝမ်းကြောင်းပြုပါတယ် ပြည့်တန်ဆာပေါတဲ့ ခေတ် ပြည့်တန်ဆာပေါတဲ့ စနစ်မှာ ပြည့်တန်ဆာမတယောက်ဖြစ်ရတာ ဈေးကောင်းမရလှပါ ပြည့်တန်ဆာမ ကျမဟာ ကုတင်ပေါ်က ငရဲကို ခါးဆီးရင်း အသက်ဆက်တယ်....

 ပြည့်တန်ဆာမဘ၀ဟာတခါနာမှ တခါထမင်းစားရတဲ့ ဘ၀ပါ မတထောင်သားတို့ ရဲ့ ကြင်နာမှုကရတဲ့ နာကျင်မှုတွေနဲ့  လူသားချင်းစာနာပုံတွေကို ပြည့်တန်ဆာမ ခါးစည်းပြီး ဖောက်သည်မပျက် မိတ်မပျက်အောင် ပြည့်တန်ဆာမ အပြုအစုအယုအယနဲ့  တာဝန်ကျေရပါတယ်လေ....

 ပြည့်တန်ဆာမဘ၀က ပြည့်တန်ဆာမအသိကိုပြဌာန်းတာက အလဲအထပ်ဆိုတဲ့ စကားလုံးတခုနဲ့  ပြည့်တန်ဆာမ တာဝန်ကျေကျေ ကာမအိနြေ္ဒကို ပေးခဲ့ပါတယ်လေ....

(လူဆိုတာ တာဝန်ကျေရမယ်မဟုတ်လား) ဒါ့အပြင် ပြည့်တန်ဆာမ မျိုးရိုးဗီဇ ကောင်းမကောင်းတော့မသိ လူပေါင်းသောင်းခြောက်ထောင် ဘယ်သူနဲ့ ရမှန်းမသိတဲ့  ကလေး၂ယောက်ရှိပါတယ် ပြည့်တန်ဆာမ ဘယ်လိုခန္ဒာညစ်ညစ် နို့ ရည်လေးကို မေတ္တာစစ်စစ်နဲ့ တိုက်ကျွေးလျှက်ပါ ဒီရင်သွေးတွေကြီးလာရင်လဲ ဗီဇဘယ်လိုညစ်ညစ် လူကောင်းအဖြစ်တော့ မြင်ချင်ပါတယ်လေ...။

အခုပြည့်တန်ဆာမတို့ စနစ်ပြောင်းမယ်ဆိုလို့  ပြည့်တန်ဆာမသေချာတော့မသိ ဒါပေမယ့် ကောင်းတယ်ဆိုတာတော့သိတယ်...။

 ပြည့်တန်ဆာမရဲ့ အသွေးအသားနဲ့ မှရတဲ့ လုပ်အားခကိုမှီခိုနေတဲ့  ပြည့်တန်ဆာမရဲ့ မိဘတွေကိုလဲ လူပီပီသသစနစ်အောက်မှ သေသွားစေချင်တယ်...

ဒီလိုပဲ ကလေးတွေကိုလဲ လူပီပီသသစနစ်အောက်မှာ ရှင်သန်စေချင်တယ် ပြည့်တန်ဆာမလို ပြည့်တန်ဆာမစနစ်ကြီးမှာ ပြည့်တန်ဆာမလိုအဖြစ်မျိုး မဖြစ်ခံနိုင်တာ မိဘတိုင်းရဲ့ စေတနာနဲ့  သားသမီးတိုင်းရဲ့ ဂရုနာပါပေါ့လေ...။

ဒီလိုနဲ့ အပြောင်းလဲ ကောင်းတယ်ဆိုလို့  ပြည့်တန်ဆာမနဲ့ သူငယ်ချင်းတစု မဲပေးကြတယ် ပျော်ပျော်ရွှင်ရွှင်နဲ့  မနက်ဖြန်တိုင်းမှာ ပြည့်တန်ဆာဘ၀ကလွတ်တော့မယ်ဆိုတဲ့  မျှော်လင့်ချက်တွေ သွင်းပေးတဲ့ သူတွေကိုပေါ့....။

ဒါပေမယ့်  ပြည့်တန်ဆာမ ကြားရတဲ့ သတင်းတွေကမလှပါဘူးလေ ပြည့်တန်ဆာမ ဘ၀ကလွတ်နိုးနိုးနဲ့ မျှော်လိုက်တာ သူတို့ တွေလွှတ်တော်ထဲမှာ အိပ်နေတယ်ဆိုတဲ့ သတင်းကို ကြားလိုက်တော့ ပြည့်တန်ဆာမ ယူကြုံးမရဖြစ်ရပါတယ်..။

 ပြည့်တန်ဆာမရဲ့  ကလေးတွေပညာရေးနဲ့ မိဘတွေဆေးဖိုးကို -ာခံပြီးရှာရဦးမှာပေါ့လေ....ဒိတ်မအောက်သရွေ့  အေမကိုက်သရွှေ့ ပါပဲ....။ ပြည့်တန်ဆာမရဲ့ အသက်နဲ့ ရင်းပြီးလုပ်ကိုင်စားတဲ့ ဘ၀မှာ လူဆိုတာဟာ ကောက်ရိုးတမျှင်တောင် အသက်အတွက်အားယူတယ်ဆိုတာ ပြည့်တန်ဆာမအဖို့ တော့ ကောက်ရိုးမီးဖြစ်သွားပါပြီ....။ ပြည့်တန်ဆာမကတော့ -ာခံမြဲခံလျှက်ပါပဲ...။ အမတ်မင်းတို့ ကျန်းမာပါစေ...။

ခေတ်သစ်မီးမောင်း

Tuesday, July 24, 2012

ဗိုလ်ကြီး ကိုကိုပိုင်ရဲ့ ဘင်္ဂါလီကုလားများအပေါ် ကိုယ်ပိုင်အမြင်

ကိုကိုပိုင်ရဲ့ ဘင်္ဂါလီကုလားများအပေါ် ကိုယ်ပိုင်အမြင် ကို ကိုယ်တိုင်းတာဝန်ယူပြီးတော့ ဖွင့်လှစ်ပြခဲ့တဲ့ ဘင်္ဂါလီအကြောင်းပါ။ သူကိုယ်တိုင်း တာဝန်ယူရေးတယ်လို့ အာမခံလာတဲ့ တင်ပြချက်ပါ။


ကျေးဇူးပြု၍ နားဆင်ပါ ... ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တည်ငြိမ်သွားလိမ့်မယ်လို့ ထင်ထားတဲ့ ရခိုင်နဲ့ရိုဟင်ဂျာအရေးကို ခုတုံးလုပ်ပြီး နှစ်ကာလရှည်ကြာစွာ နေထိုင်လာတဲ့ ကုလားတွေကပါ ခုဆို အထင်တွေ အမြင်တွေ စောင်းနေတဲ့ အနေအထားတွေရှိလာကြပြီ ... ဒီတော့ ဒီအရေးဟာ ကျွန်တော်တို့ သမ္မတလက်ထပ်မှာတော့ ဖြေရှင်းရ အခက်ဆုံးပြဿနာအနေနဲ့ စတင်နေခဲ့ပါပြီ ...
( သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကြီးအကဲ Antonio Guterres နှင့် ဇူလိုင်လ ၁၁ ရက်နေ့ တွေ့ဆုံ ဆွေးနွေးချိန်တွင် တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသော ရိုဟင်ဂျာတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စကို ဖြေရှင်းဖို့ အလေးအနက် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။
၎င်းပြင် သမ္မတ ဦးသိန်းစိန်က ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းရာမှာ UNHCR ဒုက္ခသည်စခန်း ဖွင့်လှစ် စောင့်ရှောက်ထားဖို့ ဒါမှမဟုတ် တခြားလက်ခံမယ့် နိုင်ငံတခုခုကို ပို့ဆောင်ပေးဖို့ နည်းလမ်းသာ ရှိကြောင်း ပြောကြားသည်။
“သမိုင်းကြောင်းအရ မြန်မာနိုင်ငံကို ဘင်္ဂါလီတွေ ဝင်ရောက်လာတာဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရခင် အင်္ဂလိပ် နယ်ချဲ့တွေက လယ်ယာ လုပ်ကိုင်ဖို့ ခေါ်သွင်းလာတာ ဖြစ်ကြောင်း၊ အဲဒီအချိန်က အလုပ်အကိုင် ကောင်းမွန်တဲ့အတွက် မပြန်တော့ဘဲ အခြေချ နေထိုင်သူတွေလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မိဘနှစ်ပါးက မွေးဖွားသူ၊ တတိယမျိုးဆက် “မြေး” အဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမယ်ဆိုတဲ့ ဥပဒေ ရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်ရင် ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂါလီတွေကနေ ပေါက်ဖွားလာသူတွေ၊ နောက်ပိုင်းမှာ ရိုဟင်ဂျာ အမည်ခံပြီး ခိုးဝင်လာသူတွေ စသဖြင့် ရှုပ်ထွေးနေကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း” သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ထိုသို့ ပြောကြားချက်ကို ကုလသမဂ္ဂ မဟာမင်းကြီးက ပယ်ချခဲ့ပြီးထိုသို့ လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း အဆိုပါ ပြဿနာ အတွက် တစ်ခုတည်းသော နည်းလမ်းမှာ နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးရန်သာ ဖြစ်ကြောင်း ပြောဆိုသည်။ )

နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ UNHCR လက်ခံလာအောင် ၊ ဒီရိုဟင်ဂျာတွေကို သူတို့နဲ့ သင့်တော်တဲ့ အမျိုးတွေဆီကိုသာ ပို့ဖို့လိုကြောင်းကို အဝေးရောက်ရော အနီးရှိတွေကပါ ၀ိုင်းဝန်းနိုးဆော်ပါ .. ဒီပြဿနာဟာ အခန့်မသင့်ရင် စစ်မက်ဖြစ်ပွားနိုင်တဲ့ အနေအထားနဲ့တောင် ရင်ဆိုင်လိုက်ရမှာ။ ကျွန်တော်တို့ စစ်ဖြစ်မယ်ဆို စစ်ကိုအခွင့်ကောင်းယူပြီး သယံဇာတကြွယ်ဝတဲ့ ကျွန်တော်တို့နိုင်ငံကို မှောင်ခိုတွေနဲ့ ၀င်လာမယ့်သူတွေ ရှိကြမှာပဲ။ ဒီတော့ ဒါကိုနိုင်ငံရေးအရပဲ ဖြေရှင်းကြပါ။ စစ်ရေးအရမဖြေရှင်းကြပါနဲ့။ လူထုအုံကြွမှုဖြစ်တာကနေ စစ်ဖြစ်နိုင်ပါတယ်။ အခြေအနေအရပ်ရပ်ကို FB နေ့တိုင်းဝင်၍ စဉ်းစားဆုံးဖြတ်ကြပါ။ သင့်တော်မှန်ကန်မည်ထင်သည့် နည်းလမ်းများကို သမ္မတထံ အကြံပေးစာများအား တယ်လီဖုန်းဖြင့် ဖြစ်စေ ၊စာဖြင့်ဖြစ်စေ ၀ိုင်းဝန်းပေးပို့ကြပါ။ မိမိနိုင်ငံခေါင်းဆောင်အားလည်း အားပေးနှစ်သိမ့် ထောက်ခံကြပါ။ အကောင်းဆုံးပြောချင်တာက ကျွန်တော်မနေ့က ရေးတင်တဲ့ “ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး” ကို အစဉ်နှလုံးသွင်းပြီး ဖြစ်နေတဲ့ ယခုအရေးကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့်ကြပါ။

မှတ်ချက်။ ။ ကျွန်တော် အစိုးရ၀န်ထမ်းပါ ... တပ်မတော်သားတစ်ယောက်ပါ ၊ နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါ။ အမျိုးချစ်၍ အမျိုးသားရေးကို လေ့လာရန်သာ နိုးဆော်တိုက်တွန်း၍ ရေးသားခြင်းဖြစ်ပါသည်။ ပညာသင်စရာရှိ မသင်ပဲ စောင့်ရူးထနေပြန်ပြီလို့မထင်နဲ့ .. ကျွန်တော်လုပ်တာ အမှားပါလျှင် ... ပေးသည့်အပြစ်ဒဏ်ခံရဲ ၍ ကျွန်တော့်စကား ကျွန်တော် ဤနေရာမှ တာဝန်ခံရဲပါသည်။

ကြည်း ၊ ၄၀၅၆၇ ဗိုလ်ကြီး ကိုကိုပိုင်

Anti Rohingya - Anti Terrorist

 

Friday, July 20, 2012

ပခုက္ကူမှာ ဒီလိုတွေဖြစ်နေတယ်

မကွေးတိုင်း ပခုက္ကူမြို့မှာ အထူးရဲသတင်းတပ်ဖွဲ့ အက်စ်ဘီတွေရဲ့ အပြုအမူတွေဟာ ထောက်လှမ်းရေးခေတ်တုန်းကလို ဖြစ်နေတယ်လို့ ပေးပို့လာတဲ့ စာပါ။
ပေးပို့လာတဲ့ မူရင်းအတိုင်း တင်ပြလိုက်ပါတယ်။

(ဓာတ်ပုံ - YanNaing@facebook)


လေးစားရပါတဲ့ ဧရာဝတီ ခင်များ


ကျနော်ဟာ မြို့ပေါ် ၁၅ ရပ်ကွက်ရှိတဲ့ထဲက အုပ်ချုပ်ရေးမှူးတယောက်ဖြစ်ပါတယ်။ ကျနော်တို့ ပခုက္ကူမြို့မှာ အက်စ်ဘီ အထူးသတင်းရဲတပ်ဖွဲ့ဟာ အရင်က ထောက်လှမ်းရေးခေတ်ကောင်းတုန်းကလို အချိုးမျိုးတွေပြန်ပြီးတော့လုပ်လာနေပါတယ်။ အထူးသတင်းရဲတပ်ဖွဲ့က ဒုရဲအုပ်လင်းမြတ်ကျော်နဲ့ အောင်ညီညီဦး တို့အတွဲဟာ အဆိုးဆုံးဖြစ်ပါတယ်။


ဘုန်းတော်ကြီးကျောင်းတွေထဲကိုလည်း သူတို့ဝင်ချင်သလိုဝင်ပြီး စစ်လားဆေးလားတွေလုပ်တဲ့အတွက် သံဃာထုကြားမှာလည်း စိတ်အနှောင့်အယှက်ဖြစ်နေရပါတယ်။


အဆိုးဆုံးကတော့ ပခုက္ကူ တံတားသစ်ကြီးမှာ လုံခြုံရေးအစောင့်တို့ တံတားဖြတ်ကူးခတို့ စတဲ့ ဂိတ်တွေရှိလျှက်နဲ့ အက်စ်ဘီက ဒုရဲအုပ်လင်းမြတ်ကျော်နဲ့ အောင်ညီညီဦးတို့က ကုန်ကားတွေ ဆိတ်အရောင်းအ၀ယ်လုပ်တဲ့ကားတွေကို အတင်းရပ်တန့်ခိုင်းပြီး ဟိုဟာစစ်ဒီဟာစစ်နဲ့ အထောက်ထားပြည့်စုံပေမယ့်လည်း ငွေကြေးတွေ တောင်းခံလို့ ကားသမားတွေမှာ စိတ်အနှောင့်အယှက် ဖြစ်နေရပါတယ်။


ဝစ်သောက်လို့ခေါ်တဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကိုလည်း သူတို့ကအခကြေးငွေယူပြီး သယ်ဆောင်ပေးတာ တံတားပေါ်ကို ဖြတ်သန်းခွင့်ပေးတာတွေ လုပ်လာလို့ ငွေပေးရသူတွေက ကျနော်တို့ အုပ်ချုပ်ရေးမှူတွေကို လာတိုင်တာတောတာတွေ ရှိပါတယ်။ ကျနော်တို့ အုပ်ချုပ်ရေးမှူးဆိုတာလည်း ဘာပါဝါမှမရှိတော့ ဧရာဝတီကနေ တဆင့် သက်ဆိုင်ရာ လူကြီးမင်းများသိစေရန် စာရေးအကြောင်းကြားလိုက်ပါတယ်။


ကျေးဇူးတင်ပါသည်။
ဧရာဝတီ မှ

Wednesday, July 18, 2012

တကောင်းဒေသအတွင်းတရားမ၀င်ကျွဲ နွား ရောင်းဝယ်မှုများ လျှော့နည်းအောင် ကူညီကြပါ


ကျနော်တို့ မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဟာ လယ်ယာ စိုက်ပျိုးရေးပါ။ ဆန်ရေ စပါးဆိုတာ
နိုင်ငံသားတိုင်း အတွက် မရှိမဖြစ် အသက်သွေးကြောပါ။

စက်မှုနိုင်ငံကြီး မဟုတ်တဲ့ အတွက်ကြောင့်လည်း စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင် ထွန်ယက်ရာမှာ
ကျွှဲ၊နွားများကို စက်ယန္တားများသဖွယ် အဓိကထား အသုံးပြု နေရပါတယ်။ အခုတော့ ကျနော်တို့
နိုင်ငံရဲ့စိုက်ပျိုးရေးအရင်းအမြစ် ကျေးဇူးရှင် ထမင်းရှင် ကျွဲ၊နွားတွေဟာ တိုင်းတပါးသား ၀မ်းစာ
ဖြည့်ဖို့သက်သက်နည်းမျိုးစုံနဲ့တရားမ၀င် တင်ပို့ရောင်းချခံနေရတဲ့ အဖြစ်တွေကို ၀မ်းနည်းစွာမြင်
တွေ့နေရပါတယ်။

ယခုနှစ်ပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် တကောင်းဒေသအတွင်းက ကျွဲ၊နွား
တွေဟာ တော်တော်များများ တင်ပို့ရောင်းချခံနေရပါတယ်.။ ဒေသတွင်း ကျွဲ၊နွားတွေအပြင်
စစ်ကိုင်းတိုင်း ရွေဘိုနယ်ဘက် ပါမကျန် အနယ်နယ်အရပ်ရပ်က ကျွဲ၊နွားတွေဟာ တကောင်း
ဒေသမှ တဆင့် ကချင်ပြည်နယ် မန်စီ ၊မန်ဝိန်ြးူကီး ၊ရှမ်းပြည်နယ် မဘိန်းဒေသတွေကိုဖြတ်ပြီး
တရုတ်နိုင်ငံထဲ တရားမ၀င် တင်ပို့ရောင်းချ နေကြတာပါ။

နိုင်ငံရေးအသိမရှိ၊ အမျိုးသားရေး တာဝန်မသိတဲ့ဝန်ထမ်းတွေရဲ့ လာဘ်စားမှု ၊၀ိသမလောဘ
သားတွေရဲ့ကိုယ်ကျိုးရှာမှု၊ တောင်သူတွေရဲ့ စီးပွါးရေးမပြေလယ်မှု့၊ အသိညဏ်ချို့တဲ့မှုတွေကြောင့်
အနာဂတ်စိုက်ပျိုးရေးလုပ်ငန်းအတွက် ရင်လေးစရာပါ။ နောင်လာမဲ့ ၁၅နှစ်အတွင်း စိုက်ပျိုးရေး
ထွန်ယက်လုပ်ကိုင်ရာမှာ လူတဖက်နွားတဖက်တတ်ပြီး ထွန်ယက်စိုက်ပျိုးရမဲ့ အခြေနေစိုက်
ရောက်နေပါပြီ။

အဲဒီ ၁၅နှစ်အတွင်း ကျနော်တို့မြန်မာ နိုင်ငံဟာ စက်မှုနိုင်ငံကြီးဖြစ်လာရင်တော့တစ်မျိုးပေါ့လေ။
ခုတော့ မြန်မာတွေမွဲလွန်းလို့ ကိုယ့်ကျေးဇူးရှင် ထမင်းရှင်တွေ ကိုနိုင်ငံခြားရောင်းစား နေရတဲ့အဖြစ် တွေးကြည့်ရင်ရှက်စရာကောင်းလှပါတယ်။ တချို့ပြောပါတယ် မွဲလွန်းလို့မှ ခိုင်းကျွဲ၊နွားတွေကို
ရင်နာနာနဲ့ရောင်းစားနေရပါတယ်ဆိုမှ ဂုတ်သွေးစုတ်တာခံနေရသေးတယ်တဲ့။။

နွားတစ်ကောင်ဖြတ်သန့်းခ တစ်သိန်းအထက်နူန်းမှာရှိပါတယ်။ နေရာအနှံအပြားမှာနွားကုန်သယ်တွေ
တောင်သူ မတရားအနုကြမ်းစီးသလို ဆပ်ကြေးတောင်းသူတွေနဲ့ရှုပ်ယှက်ခတ်နေတာပါပဲ။
လူကုန်ကူးမှုတားဆီးရေးတွေ အသိပညာပေး ဟောပြော ပွဲ တွေလုပ်နေသလို ကျွဲ၊နွားကုန်ကူးမှု
တားဆီးရေးတို့ အသိပညာပေးဟောပြောပွဲတို့မလုပ်သင့်ဘူးလား။ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး
ပြည်တွင်းထွက်ကုန် ပြည်ပပို့ကုန်စတဲ့နိုင်ငံရေး အသိနဲ့ယှဉ်ပြီးမျိုးချစ်စိတ်ဆိုတာမရှီကြတော့ဘူးလား။
ဘယ်သူတွေ တဘို့တည်းကြည့်ကြည့်ကျနော် တို့ကတော့အမျိုးသားရေးတာဝန်သိသိနဲ့ ဒီအဖြစ်တွေကိုလျှော့နည်းအောင်တဖက်တလှမ်းကတတ်စွမ်းသရွေ့ထိန်းသိမ်းစောင့်လျှောက်ပေးရ
အောင်လားခင်ဗျာ။။။

နေမင်းညီ 

Tuesday, July 17, 2012

"ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နဲ့ မိုးကျရွှေကိုယ်များကြောင့် ဧရာဝတီတိုင်းရဲ့ စိုးရိမ်ဖွယ်ရာ အနာဂတ် နေ့ရက်များအတွက် သမ္မတကြီးဦးသိန်းစိန်သို့ ရင်ဖွင့်သံ" (ပေးစာ)





ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် ...

"စိုးရိမ်ဖွယ်ရာ ဧရာဝတီတိုင်းရဲ့ အနာဂတ် နေ့ရက်များအတွက် ဧရာဝတီတိုင်းသား တစ်ဦးရဲ့ သမ္မတကြီးဦးသိန်းစိန်သို့ ရင်ဖွင့်သံ"

ကျွန်တော်သည် မြစ်ဝကျွန်းပေါ် ဒေသတွင် ကြီးပြင်းခဲ့ရပြီး ငယ်စဉ်ကထဲက ၀ါသနာပါခဲ့သော သစ်တောတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး သစ်တော သိပ္ပံဘွဲရရှိခဲ့ကာ မိမိတိုင်းမှာ ပြန်လည် ထမ်းဆောင်ခွင့်မရပဲ မြန်မာပြည်အနှံ တာဝန်ထမ်းဆောင်ခဲ့ရာမှ ယခင်သစ်တော ၀န်ကြီးဟောင်း ဗိုလ်မှုးချုပ်သိန်းအောင် သစ်တောသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ချိန်မှ စလို့ ဦးသိန်းအောင်ခေါ်လာတဲ့ ဗိုလ်မှုးကြီး၊ ဗိုလ်မှုးလေးတွေနဲ့ ဗိုလ်ကြီးပေါက်စလေးတွေရဲ့ နေရာယူမှု၊ ဦးသိန်းအောင်မိန်းမနဲ့ သမီးကို ကပ်ဖားနိင်သူများသာ ရာထူးရရှိမှုတွေနဲ့ သစ်တောဝန်ကြီးဌာန တခုလုံးလဲ ပျက်စီးခဲ့ရပါတယ်။ ဇနီးနှင့်သမီးများမှာလည်း လူမှုဆက်ဆံရေးညံဖျင်းပြီး အလွန်မောက်မာကျသည်ကို ကြားသိရပါသည်။ ရာထူးနေရာယူမှုတွေ၊ စီးပွားရေး လက်ဝါးကြီး အုပ်မှုတွေကြောင့် ကျွန်တော်တို့ သစ်တောကျောင်းဆင်းများ အားလုံး နင်းပြားဖြစ်ပြီး စိတ်ဆင်းရဲခဲ့ရတာ အားလုံးအသိပါ။ စုံစမ်းမေးမြန်းနိုင်ပါတယ်..

အထင်ရှားဆုံး ဥပမာပြောရမယ်ဆိုရင် သစ်တောဦးစီးဌာနမှာ ညွန်မှုးရာထူးဆိုတာ ပင်စင်ယူခါနီး(၃)-(၄)နှစ်လိုမှ ရကြတာပါ။ ဦးသိန်းအောင်ရဲ့ တပည့်တွေကတော့ ဘွဲ့ရစရာတောင်မလိုပဲ ညွန်မှုးရာထူးကို အလွယ်တကူ ရကြပါတယ်။ Foresterများနဲ့ ထာဝစဉ်ကြိုးစားပြီး နိုင်ငံရဲ့ ၀င်ငွေရှာရတဲ့ သစ်ထုတ်လုပ်ရေး ဌာနမှာလည်း ကျွန်တော်တို့ Forester များ တသက်လုံး ကုန်းရုံးပြီး ပင်စင်ယူခါနီးအထိ တောထဲတောင်ထဲမှာ နေခဲ့ပြီး ကြိုးစား အားထုတ် ကုန်းရုန်း အပင်ပန်းခံခဲ့ရလေသမျှ ပင်စင်ယူခါနီးကျတော့ ဦးသိန်းအောင်ခေါ်လာတဲ့ မိုးကျရွှေကိုယ် ဗိုလ်ကြီး ဗိုလ်လေးတွေက နေရာအခန့်သား ၀င်ယူပြီး ကျွန်တော်တို့ကို နှိမ့်ချလေတော့ Forester မိသားစုများ မျက်နှာငယ်စွာ ရင်နာစွာနဲ့ အလုပ်က ထွက်ခဲ့ကြရသူတွေ မနည်းပါဘူးခင်ဗျာ။

အထူးသဖြင့် ဦးသိန်းအောင် လက်ထက်မှာတော့ သစ်တောဘွဲ့ရတွေကို မသုံးပဲ သစ်တောအကြောင်း နားမလည်ပဲဘာမှမတတ်တဲ့သူ လူယုံတွေနဲ့ သစ်တောတွေကို အကုန်ပြောင်သွားအောင် ခုတ်ပြီး သူတို့ မိသားစုနဲ့ လူယုံ လက်တဆုတ်စာ အတ္တဝါဒီတွေ စီးပွားရေး သောင်းကျန်းပြီး တိုင်းပြည်ကို ဖျက်သွားတယ်ဆိုတာ အထောက်အထားတွေ ရှိပါတယ်.. ငြင်းလို့မရပါဘူး။ အဲဒီ့ကာလရဲ့ သစ်တောတွေ ပြုန်းတီးမှုကို စစ်ဆေးကြည့်ရှုမယ်ဆိုရင် မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ထားလို့ ရပါတယ်။ ကျွန်တော်တို့ Forester ပညာနဲ့ ပြောပြရှင်းပြသမျှ လက်မခံပဲ ကိုယ်အလုပ်ကို လုပ်လို့ မရလောက်အောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေဆိုပြီး ဗိုလ်ချုပ်မှုးကြီးအမိန့်နဲ့ အမြဲချိန်းခြောက် တားဆီးခဲ့ပါတယ်။

သူ့မိသားစု၊ သူ့တပည့်တွေနဲ့ နီးစပ်ရာ လုပ်ငန်းရှင်ကြီးတွေကတော့ ဦးသိန်းအောင် သစ်တောကို ကိုင်သွားတဲ့ (၅)နှစ်အတွင်း အလွန်ချမ်းသာမှုကတော့ မရေတွက်နိုင်အောင် ချမ်းသာသွားကြတယ်လို့ ကြားသိထား ရပါတယ်။ ကျွန်တော်တို့ကတော့ မပေးနိုင်တော့ အဝေးမှာပဲ နေရပါတယ်။ ကျွန်တော်တို့ သစ်တောတခုလုံး ၀န်ကြီး အဆက်ဆက် နေလာခဲ့သမျှ စိတ်ချမ်းသာခဲ့ရပြီး ဦးသိန်းအောင် မိသားစုနဲ့ သူတပည့်တွေကြောင့် စိတ်ဆင်းရဲသောကဖြစ်ပြီး အလုပ်ထဲနေ မပျော်ခဲ့ကြပါဘူး။ ကိုယ်မှန်နေပါလျှက်နဲ့ ဘယ်အချိန် ငါ့တို့ကို ပြသာနာရှာ ဒုက္ခပေးမလဲဆိုပြီး စိုးထိတ်နေခဲ့ ရပါတယ်။

နိုင်ငံတော်သမ္မတကြီးက ဒီမိုကရေစီခေတ် ဖော်ဆောင် လုပ်ကိုင်နေသော်လည်း ကျွန်တော်တို့ ဧရာဝတီတိုင်း အတွင်းမှာတော့ ဦးသိန်းအောင် ၀န်ကြီးချုပ်ဖြစ်လာပြီး ထူးခြားသော တိုးတက်မှုများ ပြောင်းလဲမှုများ မရှိသေးပါခင်ဗျာ။ အပေါ်ယံ လှုပ်ရှားမှုလေးတွေနဲ့ ပြည်သူလူထုကို လိမ်လည်ပြီး နောက်တကြိမ်၂၀၁၅ကျလျှင် သူမဲနိုင်ဖို့အတွက်သူကိုယ်ကျိုး အတွက်သာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ကတော့ ကိုယ်နေထိုင် ကြီးပြင်းခဲ့ရာ ဆန်ရေစပါးပေါများတဲ့ ဧရာဝတီတိုင်းကို တိုးတက် ဖွံဖြိုးစေချင်တဲ့ဆန္ဒနဲ့ စိတ်ဝင်တစား စောင့်ကြည့်နေမိပါတယ်။ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌသည်လည်း တပ်မတော်မှအငြိမ်းစားယူထားသောပုဂ္ဂိုလ်ဟု သိရပါသည်။ ဂျာနယ်တခုထဲတွင် ဦးသိန်းအောင်ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေနဲ့ ညစ်ကျယ်မှုများ ကို ဖွင့်ချထားပြီး ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌမှ တရားစွဲဆိုထားတယ်လို့ ဖတ်ရှု့လိုက်ရပါတယ်ခင်ဗျာ။ ဦးသိန်းအောင်ရဲ့ စိတ်နေသဘောထားကို လေ့လာထားမိလို့ အခုလဲ ဧရာဝတီတိုင်းမှာ စစ်တပ်က လာတဲ့သူ အချင်းချင်းတောင် သီးမခံနိုင်အောင် ဖြစ်နေကြတယ်ဆိုတာ သဘောပေါက် လက်ခံလိုက်ပါတယ်။

ဦးသိန်းအောင် သစ်တောကို စရောက်လာတဲ့ အချိန်မှာ စွမ်းအင်ကနေ တပည့် (၄)ယောက်ပါလာပါတယ်။ ဦးအေးမြင့်မောင်၊ ဦးလွင်ဦးမောင်၊ ဦးပုံဇာစွမ်းနဲ့ ဦးသန်းဦးဆိုတဲ့ ကိုယ်ရေးအရာရှိတွေ ဖြစ်ပါတယ်။ အဲဒီလူတွေနေရာမှာ ယခုတော့ သူ့မိသားစုကို ရှာကျွေးနိုင် ဝေယျာဝစ္စ လုပ်ပေးနိုင်တဲ့ နောက်ထပ်ပေါ်လာတဲ့ တပည့်တွေက တိုက်ထုတ်လိုက်လို့ အားလုံးစိတ်ဆင်းရဲစွာနဲ့ အဝေးသို့ လွင့်ထွက် သွားကြပါပြီခင်ဗျာ။

ကျန်တဲ့ ဌာနတွင်းမှာလဲ ဘယ်သူနဲ့မှ မတည့်ပဲ သူတပည့်များ ပြောသမျှ မစဉ်းမစားပဲ ဖြုတ်ထုတ် သတ်ခဲ့တဲ့ အတွက် မိသားစုများ ဘ၀ပျက် ဒုက္ခရောက်ခဲ့ရတာ မနည်းတော့ပါဘူး။ ဌာနတွင်းလဲ အကြောက်တရားနဲ့ အုပ်ချုပ်နေပြီး သူ့မိန်းမ သူသမီးတွေ၊ နောက်သူတပည့် ဗိုလ်မှုးကလေးမောင်ငွေ လင်မယားနဲ့ အဆင်မပြေသူများဟာ အဝေးသို့ပြောင်းရွှေ့ လွှင့်ပါးရတာ ထုံးစံလို ဖြစ်ခဲ့ပါတယ်။ ပိုဆိုးတာက ဗိုလ်မှုးလေးမောင်ငွေ လင်မယားကြောင့် ဦးသိန်းအောင်ရဲ့ တပ်တွင်း နေစဉ်ကတည်းက သားသမီး ပမာနေလာတဲ့ ဗိုလ်ကြီးသန်းဦးပါ လွင့်စင် ထွက်သွားရပါတယ်.။ ကျွန်တော်တို့ နယ်တွေကို ဦးသိန်းအောင်မိသားစု ခရီးထွက်လာလျှင်လည်း နောက်တော်ပါ တပည့်တွေကိုပါ ကြောက်ရွံရပြီး ကျန်ဝန်ထမ်းများမှ ပြုစုလုပ်ကျွေး ခဲ့ရပါသည်။ ဦးသိန်းအောင်၏ ဇနီးနှင့်သားသမီးများမှာလည်း အလွန်မောက်မာ လှပါသည်။ အောက်ခြေ၀န်ထမ်းများ အပေါ်ဆက်ဆံရေး လုံးဝမကောင်းပါခင်ဗျား။


သစ်တောဌာနမှာရော မြန်မာသစ်လုပ်ငန်း ဘက်မှာပါ အောက်ခြေ အဆင့်ဆင့်ကနေ စပြီးကြိုးစားလာရတဲ့ ၀န်ထမ်းတွေကို ပေးသင့်တဲ့ ရာထူးနဲ့ထိုက်တန်စွာ လုံးဝမပေးပါပဲ ဦးသိန်းအောင်မိသားစုနဲ့ သူခေါ်လာတဲ့ ဗိုလ်မှုးကလေး မောင်ငွေတို့နှင့် အဆင်ပြေသော လူမျိုးတွေကို နေရာကောင်းများ ပေးပြီး ကျွန်တော်တို့လို FORESTER များကို နှိမ့်ချထားခဲ့ပါတယ်။

ယခုလဲ သစ်တောသို့ ရောက်သော အချိန်မှစပြီး သစ်တောဌာန တခုလုံး စိတ်ဆင်းရဲအောင် နှိပ်စက် ဒုက္ခပေးခဲ့ပါသည်။ ယခု သစ်တောဝန်ကြီး ဖြစ်နေသူ ဦးဝင်းထွန်းနှင့်လည်း အဆင်မပြေဘူးဟု ကြားသိရပြီး ဦးဝင်းထွန်းနှင့်သူမိသားစုမှာ မြန်မာသစ်လုပ်ငန်းတွင် နေထိုင်စဉ်ကတည်းက ရိုးသားအေးဆေးပြီး ၀န်ထမ်းများအပေါ် ညှာတာစွာ ဆက်ဆံတတ်သော စိတ်ရင်းကောင်းမွန်သော ပုဂ္ဂိုလ်ဟု ကျွန်တော်တို့ သိရှိခဲ့ဖူးပါသည်။ လူတိုင်းနှင့် အဆင်ပြေသော ဦးဝင်းထွန်းအား သူတပည့်ကိစ္စဖြင့် နည်းမျိုးစုံဖြင့် ရန်ရှာ သိက္ခာချနေသည်ကိုလည်း လူတိုင်း သိရှိနေကြပြီးဖြစ်ပါသည်။

အခုတဖန် ဧရာလွှတ်တော် ဥက္ကဌနှင့်လည်း အဆင်မပြေခြင်းများအား ဂျာနယ်တွင် လွှတ်တော်ဥက္ကဌမှ ပြောကြားထားသည်ကို ဖတ်ရှုရပါသည်.။ ဧရာဝတီတိုင်းတွင်း တိုင်းညွန်မှုးများလည်း လွန်စွာ စိတ်ညစ်နေကြကြောင်း ကြားသိနေရပါသည်။

ဒီလိုပုံစံနဲ့သာဆိုရင် ကျွန်တော်တို့ ဧရာဝတီတိုင်း၏ တိုးတက်ဖွံဖြိုးရေးမှာ (၁)နှစ်အတွင်း မည်ကဲ့သို့မှ တိုးတက်ပြောင်းလဲ လာခြင်းမရှိခဲ့ပါဘူး၊ ဦးသိန်းအောင်ဟာ သူ့ကိုယ်ကျိုးနှင့် ၂၀၁၅ မဲရရှိရေး အနိုင်ရရေးသာ ကြိုးစားနေသော ၀န်ကြီးချုပ်ဦးသိန်းအောင် အကြောင်းကို အမှန်အတိုင်း သိရှိစေရန် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် တကွ လူကြီးများအား တင်ပြအပ်ပါသည်ခင်ဗျား။

လေးစားစွာဖြင့်
အငြိမ်းစား သစ်တောဝန်ထမ်း
(ဧရာဝတီတိုင်းသားတစ်ဦး)

ဒီမိုဝေယံ blog မှ

Tuesday, July 10, 2012

၁၉၇၅ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ ကနေ ၁၉၇၇ ခုနှစ်၊ ဇွန်လ (၃၀) ရကနေ့ ထိ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်ခဲ့တဲ့ ဗိုလ်မှူးကြီး ခင်မောင်တင့် (ငြိမ်း) က ဦးရွှေမန်းရဲ့  ဆရာဆိုပြီး အာဏာပါဝါပြနေဆဲ




မြန်မာပြည်သူပြည်သားများဖြစ်ကြတဲ့ ဦးကျော်သိန်း ဒေါ်တင်နွယ်တို့ မိသားစုဟာ ရန်ကင်းမြို့နယ် အမှတ် (၈) ရပ်ကွက်တွင် ၁၉၆၅ ခုနှစ်မှ ယနေ့အထိ နေထိုင်လာခဲ့ကြပါတယ်၊ ၁၉၉၃ ခုနှစ်မှာ တိုင်းစစ်ဒေသနှင့် ဟိန္ဒူဘုရားကျောင်း ဂေါပက အဖွဲ့တို့က ၄င်းတို့ ဘိုးဘွားပိုင်မြေအား ဟိန္ဒူဘုရားကျောင်းပိုင်မြေဟု ဆိုကာ အတင်းမောင်းထုတ် ဆွဲချခဲ့ပါတယ်။ ၄င်းတို့  မိသားစုမှာ နေစရာ မရှိတော့သဖြင့် အသနားခံစာ တင်ခဲ့တာကြောင့် ၁၉၉၄ ခုနှစ်တွင် ယခု လက်ရှိနေထိုင်လျှက်ရှိသော အမှတ်(၈၆) သဇင်ဖြူလမ်းသွယ် (၄) အမှတ် (၈) ရပ်ကွက် ရန်ကင်းမြို့နယ်တွင် ပြန်လည်အစားထိုးပေးခြင်းခံခဲ့ပါတယ်။

ယင်းမြေကွက်အား စတင်နေထိုင်စဉ်က ရွံ့နွံအိုင်ကြီးမျှသာဖြစ်ပါတာကြောင့် ကိုယ်ထူကိုယ်ထ ခက်ခက်ခဲခဲ ပြုပြင် နေထိုင်လာခဲ့ရပါသည်။ အိမ်ထောင်ဦးစီး ဖြစ်သူ ဦးကျာ်သိန်းမှာ အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ သာမန် ရိုးသားသော အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပြီး ၀န်ထမ်းကောင်းလက်မှတ် များ ကိုင်ဆောင်ထားသော အငြိမ်းစား အစိုးရ၀န်ထမ်းဟောင်းတစ်ယောက် ဖြစ်ပါတယ်။

၎င်းတို့  မိသားစု (၁၈) နှစ်ကျော်ကြာ နေထိုင်လာခဲ့သော ယင်းမြေကွက်အား ယခုအခါတွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီး ခင်မောင်တင့် ဆိုသူက ၄င်းပိုင်ဆိုင်သည်ဟု မတရားသဖြင့် စွပ်စွဲကာ လုပ်ကြံတရားစွဲဆိုလာတာကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက တစ်ဖက်သက် စစ်ဆေးပြီး အမှုအား အနိုင်ပေးလိုက်ပါတယ်။ တစ်ဖက်သက် စစ်ဆေးပြီး အနိုင်ပေးလိုက်သည်ဆိုရာမှာ ရုံးချိန်းများသာ ပုံမှန်ခေါ်ယူပြီး မည်သည့် ထိရောက်သော စစ်ဆေးမှုမျိုးကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်အား အနိုင်ပေး
လိုက်ခြင်းဖြစ်လို့  ဖြစ်ပါတယ်။

ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်ဟာ သူ့ကိုယ်သူ သူရဦးရွှေမန်းရဲ့  ဆရာ ဟုဆိုကာ ပြောဆိုအာဏာသုံးခဲ့သည်များလည်း ရှိခဲ့ပါတယ်။ စစ်တက္ကသိုလ်မှ ထုတ်ဝေသော ချယ်ရီအလှ(၁၁) ပတ္တမြားရတု မဂ္ဂဇင်း မှာကြည့်နိုင်ပါတယ်။ အမှန်တကယ်လည်း DSA အပါတ်စဉ် (11) ဆင်း သူရဦးရွှေမန်းရဲ့  ဆရာလည်း ဖြစ်နေပါတယ်။

တစ်ဖက်မှာ လွှတ်တော်ဥက္ကဌကြီးမှ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲရန်အတွက် စေတနာ အပြည့်ဖြင့် ကြိုးစားနေချိန်မှာ ၄င်းရဲ့ ဆရာဆိုသူက ယခုလို အာဏာကို အလွဲသုံးစားပြုလုပ်ကာ အပြစ်မဲ့ မိသားစု တစ်စုအပေါ်ကို မတရား အနိုင်ကျင့်နေခြင်းကို လွှတ်တော်ဥက္ကဌ ကြီးအနေဖြင့် ယခုလို လှစ်လျှူရှုမနေပဲ သင့်တော်သလို ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

ဦးကျော်သိန်း ဒေါ်တင်နွယ်တို့ မိသားစုမှာ ယခုအခါ နေထိုင်ခိုကိုးစရာ မရှိပါသဖြင့် ပဉ္စနိကာယ် ကျောင်းထိုင်ဆရာတော်မှ ခေါ်ယူကယ်ဆယ်ထားရပါတယ်။

ဒီ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်ဟာ ယခင်က လည်း အခြားသူများပိုင်ဆိုင်သော နေအိမ်ခြံဝင်းများအား အကြိမ်ကြိမ် ၀င်ရောက်ကျူးကျော်ကာ ခြံစည်း ရိုးခတ်သဖြင့် (၄င်းပိုင်ဆိုင်သလို အတင်းဖန်တီးကာ ခြံစည်းရိုးခတ်တာ ဖြစ်ပါတယ်) မြို့နယ်မ၀တရုံးတွင် အကြိမ်ကြိမ် ခေါ်ယူ ဖြေရှင်းခဲ့ရဖူးပါတယ်။

ဒီ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်ဟာ ပြိုင်ဘက်ရှေ့နေများအားလည်း ခြိမ်းခြောက်သည့် သဘောမျိုးဖြင့် လက်ရှိသမ္မတ နှင့် လွှတ်တော်အကြီးကဲများအားလုံးသည် တစ်ချိန်က ၄င်း၏ တပည့်များဖြစ်သဖြင့် အမှုအား လုံးဝမနိုင် နိုင်ကြောင်းလည်းပြောပါတယ်။ (ပြောသည့်အတိုင်းလည်း အမှန်ပင် မနိုင်ခဲ့ပါ။)

လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးထွန်းထွန်းဦး ခင်ဗျား …..

ယခုလို အပြစ်မဲ့ မိသားစု တစ်စုအား မတရားသဖြင့် အနိုင်ကျင့်နေခြင်းအား လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း နှင့်ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့မှ သေချာစွာ ပြန်လည်စီစစ်ပြီး သင့်တော်သလို ကူညီဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်ခင်ဗျား။

တင်ပြဖေါ်ပြချက်များအား ပြန်လည်စုံစမ်းနိုင်ပါတယ်ခင်ဗျား။

ရန်ကင်းမြို့ နယ်မှ ကိုယ်ချင်းစာနာသူ ပြည်သူတစ်ဦး။


Friday, June 29, 2012

"သူရဲကောင်းတွေ ပြန်လာကြပြီ"


ဓာတ်ပုံ- Dawnmanhon

ဥရောပ ခရီးစဉ်များ အောင်မြင်ပြီးနောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ လေယာဉ် ခရီးစဉ်အမှတ် TG303 နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဇွန်လ ၃၀ ရက် (စနေ) မနက် ၈ နာရီ ၃၀ ခန့်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။

လေဆိပ်ကနေ ပြည်လမ်းတလျောက် ။ ပြည်လမ်းမှ အင်းလျားလမ်း၊ အင်းလျားလမ်းမှ တက္ကသိုလ် ရိပ်သာလမ်းကို ချိုးဝင်မယ်လို့ သိရှိရပါတယ်။

facebook မှ


ကြိုဆိုမယ့် သူများ မှ ဖြစ်နိုင်လျှင် အနီရောင် ပါသော အ၀တ်များ ၀တ်ဆင်ပြီး နိုင်ငံတော် အလံနှင့် ခွပ်ဒေါင်း အလံတို့ ကို အတူကိုင်ဆောင် ဝှေ့ယမ်းကာ မြန်မာ့ဂုဏ်ဆောင် လူထုခေါင်းဆောင်အား ကြည်သာ ရွှင်ပြ ငြိမ်း ချမ်းစွာ ကြိုဆိုနှုတ်ဆက်ကြပါမယ်လို့ ဆော်သြနေသူကတော့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်လည်း တဦး အပါအ၀င်ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်ဟာ ဒီကနေ့ နောက်ဆုံးဖြစ်ပြီး မနက်ဖြန် မြန်မာ့မြေပေါ် ပြန်လည် ရောက်ရှိလာမှာကို ကြိုဆို ဂုဏ်ပြုနေကြတဲ့ သူတွေ အများကြီးရှိပါတယ်။ တချို့က ကဗျာတွေ စပ်ပြီ တိုက်တွန်း နှိုးဆော်တယ်။

တချို့က သီချင်းတွေနဲ့ ကြိုဖို့ ပြင်တယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ်တဲ့ ကို နေမျိုးဇင် ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံ သားတွေအတွက် တကယ့် သံတမန်ကောင်းတာဝန် ထမ်းဆောင်ခဲ့ပြီး မြန်မာကို ကမ္ဘာက ပိုမို သိရှိလေး စားအောင် စွမ်းဆောင်ခဲ့သူမို့ ကြိုဆိုသူပေါင်း ၁ သန်းအထိ ရှိအောင် နှိုးဆော်သွားမယ်လို့ ဆိုပါတယ်။

မနက်ဖြန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ လှုံဆော်မှုတွေထဲက တခုကို ပေးပို့လာတဲ့ စာတွေထဲက ရွေးချယ်ဖော်ပြ လိုက်ပါတယ်။

"သူရဲကောင်းတွေ ပြန်လာပြီ"


သူတို့ပြန်လာပြီ။
သူတို့ဟာ
လေဆန်ကိုဖြတ်ပျံတဲ့ အမြင့်ပျံငှက်တွေပေါ့။
သူတို့ ဟာ ဥရောပတခွင်
မြန်မာဟေ့ လို့ ဇာတိမာန်ကို

ကမ္ဘာကသိအောင် မျိုးစေ့ချပေးခဲ့သူလည်းဖြစ်တယ်။
ခရီးရှည် ခရောင်းလမ်းက
ခက်ခဲကြမ်းတမ်းစွာ နင်းဖြတ်ခဲ့ကြပေမယ့်
မမောပန်း ခြေလှမ်းသစ် အားမာန်တွေကလည်း တ၀င့်ဝင့်နဲ့ပေါ့။

သံတိုင်လှောင်ချိုင့်ထဲက ထွက်လာပေမယ့်
သူတို့ဟာ သားကောင်တွေမဟုတ်ဘူး။
အောင်ပွဲဆင် ပန်းဝင်လာတဲ့
မော်ကွန်းဝင် စစ်သူကြီးတွေပေါ့..။

သူတို့ဟာ တိုက်ပွဲပျော်တွေ..
ဒါပေမယ့် သွေးဆာနေသူတွေမဟုတ်သလို
အဆိပ်တတ်နေသူတွေလည်း မဟုတ်တဲ့
ပေးဆပ်နေသူတွေပဲဖြစ်တယ်..။

သူတို့မှာ
စစ်လက်နက်တွေတော့ မပါလာဘူး။
ဒါပေမယ့်
ရိုးသားရဲရင့်တဲ့ နှလုံးသားလှတွေနဲ့
တည်ကြည်ထက်မြက်တဲ့ အတွေးအခေါ်တွေ ပါလာတယ်။

သမိုင်းကိုတည့်မတ်ဖို့
အိပ်မက်ဆိုးတွေက နှိုးထဖို့
ပန်းရောင်စုံတွေ ဖူးပွင့်ဖို့
ကလေးငယ်တို့ တေးချိုဖို့
သန်းခြောက်ဆယ်ရဲ့ မျှော်လင့်ချက်တွေကို ဖေါ်ဆောင်ဖို့
သူတို့ပြန်လာပြီ။

ကဲ.... ရဲဘော်
အနာဂတ်ကို သူတို့ ဖန်ဆင်းတော့မယ်။
ယုံကြည်မျှော်လင့်တယ်ဆိုရင်
အမိမြေကို ငြိမ်းချမ်းစေလိုတယ်ဆိုရင်......
လက်ခုပ်မြိုင်မြိုင်တီးလိုက်ကြစို့
လက်ချင်းခိုင်ခိုင် တွဲလိုက်ကြစို့
သစ္စာသွေးသောက် ရဲရဲတောက်ကြပါစို့......။

ဘေးပြောတာကို မယုံနဲ့ ...
သွေးပြောတာကို ပဲယုံ......
ဒို့သွေးသားမို့ ဒို့ယုံကြည်...အောင်ဆန်းသွေးမို့ ဒို့ယုံသည် .....။


ကိုထွန်းဝေ ( တိုကျို)

Monday, June 25, 2012

"ကိုအောင်ဆန်းဦး၊ဒေါ်လဲ့လဲ့နွယ်သိန်းသို့ပေးစာ"



"ကိုအောင်ဆန်းဦး၊ဒေါ်လဲ့လဲ့နွယ်သိန်းသို့ပေးစာ"



အမေရိကားက ခမ်းနားကြီးကျယ်တဲ့ ခင်ဗျားတို့ ဇနီးမောင်နှံရဲ့ အိမ်ကြီးထဲမှာ ခင်ဗျား ရှန်ပိန်သောက်ရင်း အလုပ်ကိစ္စတွေအပြင် ခင်ဗျား အမွေလုနေတဲ့ မြန်မာပြည်က တက္ကသိုလ်ရိပ်သာလမ်းအိမ်အကြောင်း စဉ်းစားနေမလား မပြောတတ်ဘူး။ ကျနော်တခါမှ မမြင်ဖူးတဲ့ ခင်ဗျားရဲ့ အိမ်ကို ခမ်းနားကြီးကျယ်တယ်လို့ ရဲရဲကြီး သုံးလိုက်တာက မြန်မာပြည်က မဂ္ဂဇင်းတွေမှာ ခင်ဗျားဇနီး ရေးတဲ့ ဆောင်းပါးတွေထဲက တပုဒ်ကြောင့်ပါ။ ကျမအမျိုးသားက အိမ်တလုံး ဘယ်လောက်ကောင်းကောင်း အဲဒီလမ်းဒီလမ်းထဲမှာ ရပ်ထားတဲ့ ကားတွေဟာ ကားစုတ်တွေဆိုရင် အဲဒီအိမ်ကိုမ၀ယ်ဘူးတဲ့။ ဒေါ်လဲ့လဲ့နွယ်သိန်း ခေါ် ကလောင်ရှင် မေတ္တာဦးက သူ့အမျိုးသားရဲ့ အဆင့်အတန်း ခွဲခြားတတ်ပုံကို ဂုဏ်ယူဝင့်ကြွားစွာ ရေးထား ပါတယ်။ အမေရိကားက `ကားစုတ်´ဆိုတာ ကျနော်တို့ မြန်မာပြည်က ချုံးချုံးကျ ကားအိုကြီးတွေလိုတော့ ဟုတ်မယ် မထင်ဘူး။

ဒီလိုကားမျိုးဆို ခင်ဗျားတို့ နိုင်ငံမှာ လမ်းပေါ်တောင် ရဲက အရောက်မခံဘူး ထင်တာပ။ဲ အလုပ်ကြမ်းသမားတွေ၊ ကျောင်းသားလေး တွေတောင် အရစ်ကျ ငွေချေစနစ်နဲ့ ကားသစ်တစီး ၀ယ်နိုင်တဲ့ ခင်ဗျားနိုင်ငံမှာ ခင်ဗျားမကြိုက်တဲ့ ကားစုတ်ဆိုတာ ဘယ်လိုကားမျိုးလဲ ကျနော်တို့ မှတ်သားရအောင် ခင်ဗျားဇနီးကို နောက်ဆို ဓာတ်ပုံပါ ရိုက်ပြီး ဖော်ပြပေးဖို့ ပြောပေးပါဦးဗျာ။ အမေရိကားမှာ ကားစုတ်ပဲ ၀ယ်နိုင်တဲ့ လူတွေကို အိမ်နီးချင်း တော်ရမှာ စိုးလို့ ဒီလိုလူမျိုးတွေ ရှိတဲ့ လမ်းထဲက အိမ်ဆိုရင်တောင် ဘယ်လောက် ကောင်းကောင်း မ၀ယ်ဘူးဆိုတဲ့ ခင်ဗျားက မြန်မာပြည်က အိမ်စုတ်တလုံးကို ဘာလို့များ အမွေလုနေရတာလဲ ကိုအောင်ဆန်းဦးရေ။ ကျနော်တို့ အဘွားကြီးနေတဲ့ အဲဒီ တိုက်အိုကြီးကို ခင်ဗျား မက်မယ် မထင်ဘူး။ ခုနေ တအိမ်လုံး ခင်ဗျား ယူလိုက်ပါတော့လို့ ကာယကံရှင်က ဆင်းပေးလဲ ခင်ဗျား လာနေနိုင်မှာ မဟုတ်ဘူး။ မြန်မာပြည်က ဗွက်ထူ ခြင်ထူတယ်ဗျ။

ဒီတိုင်းပြည်မှာ မွေးပြီး ဒီတိုင်းပြည်မှာ ကြီးသွားပေမယ့် ခုလောက်ဆို ဖုံနံ့ မခံနိုင်၊ ခြင်မြင်မခံနိုင် ခင်ဗျား ဖြစ်နေရောပေါ့။ ခင်ဗျားဇနီးကတော့ မြန်မာပြည် ပြန်လာလည်တုန်းက ပြောရှာပါတယ်။ ခင်ဗျားတို့ ဇနီးမောင်နှံ ကိုယ်လာမနေနိုင်တဲ့ အိမ်တလုံးကို အမွေလှမ်းလုနေတဲ့ကိစ္စကို။ ဒီအိမ်ကို ရရင် ဒေါ်ခင်ကြည်ပြတိုက် ဖွင့်မလို့ပါတဲ့။ ကျနော်တို့ အာဇာနည် ခေါင်းဆောင်ကြီးကတော် အသည်းအသန် ဖြစ်နေတုန်းက ခင်ဗျားတို့ လင်မယား တခေါက်ကလေးမှ လာကြည့်ဖော် မရပါလားဗျာ။ ဒေါ်ခင်ကြည်ဟာ မမာမကျန်းဘ၀နဲ့ လပေါင်းများစွာ ကြာပြီးမှ ဆုံးသွားတာပါ။ ခင်ဗျားတို့ အမေ၊ ယောက္ခမကို လာကြည့်ချင်သပဆို လာဖို့ အချိန်တွေအများကြီး ရှိပါတယ်။ ဒေါ်စုလို အနီးကပ် ပြုစုစောင့်ရှောက်ပေးဖို့လောက်ထိ မပြောသေးဘူးနော်။

ဧည့်သည်တွေ့ လာတွေ့ချင်ရင်တောင် လာတွေ့ဖို့ အချိန်တွေ အများကြီးပါ။ အလုပ်များလို့ အချိန်မရှိဘူးလို့တော့ ခင်ဗျား မပြောနဲ့လေ။ အမွေလုဖို့ အမှုဖွင့်ပြီးမှ ခင်ဗျားတို့ ဇနီးမောင်နှံ မြန်မာပြည်ကို အလည်အပတ်ဆိုပြီး အတောမသတ် လာနေတာကျတော့ အချိန်တွေ ဘယ်က ပြန်ထွက်လာလဲ။ တချိန်တုန်းက အဝေးကနေ နှစ်တိုင်း ပန်းခြင်းလေး တခြင်းပဲ မသဒ္ဓါရေစာ လှမ်းပို့နေကျ ခင်ဗျားအဖေရဲ့ အာဇာနည်နေ့မှာ ခုမှ ဘာလို့ လင်မယားတွဲပြီး ပန်းခွေတွေချပြ၊ ဓာတ်ပုံအရိုက်ခံပြီး အစိုးရ သတင်းစာတွေမှာ ထည့်ကြ လုပ်နေတာလ။ဲ ဒေါ်ခင်ကြည် လရှည် မမာတုန်းက မလာခဲ့တဲ့ ခင်ဗျားတို့ လင်မယား ဒေါ်ခင်ကြည်ဆုံးပြီဆိုမှ ရောက်ချလာတယ်။ ရက်လည်တဲ့အထိပဲ နေပြီး ချက်ချင်း ပြန်သွားတယ်။ ဒေါ်ခင်ကြည် ဆုံးတာ ၈၈ ဒီဇင်ဘာလကုန်ပိုင်းကပါ။ ၈၈ အရေးအခင်းပြီးလို့ လူတွေ ထောင်ချီ သေရတာ လပိုင်းလေး ရှိသေးတယ်။ မင်္ဂလာဒုံ လေဆိပ်ကို ခင်ဗျားရောက်တော့ ခင်ဗျား ပထမဆုံး ပြန်ရှူရတဲ့ ကျနော်တို့ နိုင်ငံလေထဲမှာ သွေးညှီနံ့တွေ ပါတယ်လို့ မထင်မိဘူးလားဗျာ။ အဲဒီအချိန်က ခင်ဗျားအမေအိမ်ကမှ မသာအိမ် မဟုတ်ပါဘူး။ မြန်မာတပြည်လုံးကိုယ်နှိုက်က ကိုယ့်လူမျိုးတွေ သောက်သောက်လဲ သေထားရတဲ့ မသာအိမ်ကြီးပါ။

ဒီမသာအိမ်ကြီးကို ပြန်လာပြီး မသာရှင် မြန်မာလူမျိုးတွေကို ၀မ်းနည်းစကားလေး တချက်တောင် အားပေးနှစ်သိမ့်ဖော် မရဘဲ ခင်ဗျား ချက်ချင်း ပြန်ထွက်သွားတယ်နော်။ ခင်ဗျားဟာ ကျနော်တို့အတွက် အိမ်ရှေ့မင်းသားတပါး ဖြစ်ခဲ့ပါတယ် ကိုအောင်ဆန်းဦး။ ၈၈ အရေးအခင်းဖြစ်ခါနီးမှာ ကျနော်တို့ မင်းလောင်းလို မျှော်ခဲ့ကြတာ ခင်ဗျားကိုပါ။ ဒေါ်စု မဟုတ်ခဲ့ပါဘူး။ အင်္ဂလန်ဟာ ကျနော်တို့ကို ကျူးကျော်ခဲ့တဲ့ ကိုလိုနီလုပ်ခဲ့တဲ့ နိုင်ငံဆိုတဲ့ အငြှိုးနဲ့ အင်္ဂလိပ်ကို လက်ထပ်ထားတဲ့ ဒေါ်စုအပေါ် ကျနော်တို့ မမျှော်လင့်ခဲ့ကြဘူး။ ကျနော်တို့ ဗိုလ်ချုပ်ရဲ့ သားကြီးသြရဿ ခင်ဗျားဟာ ခေါင်းဆောင်ငတ်နေတဲ့ မြန်မာပြည်ကို ပြန်လာပြီး ကယ်တင်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ခင်ဗျားကို ကျနော်တို့ မင်းလောင်းမျှော် မျှော်ခဲ့ကြတယ်။

ခုချိန်မှာ ခင်ဗျားတို့ ဇနီးမောင်နှံ အိပ်မက်မက်နေတဲ့ မြန်မာပြည် နိုင်ငံရေးခေါင်းဆောင် နေရာဟာ လိုချင်ခဲ့ရင် တချိန်တုန်းက ခင်ဗျားအတွက် အဆင်သင့်ပါ။ ခင်ဗျားဇနီးက ဒီအိမ်မှာ လက်ရှိနေနေတဲ့ ဒေါ်စုကို ဖယ်ပြီး ဒေါ်ခင်ကြည် ပြတိုက် ဖွင့်ချင်လို့ပါ ဆိုတာကို အလိုလိုက်ရအောင် ခင်ဗျားဇနီးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ရော၊ ဒေါ်ခင်ကြည်နဲ့ရော ဘာများ ဆိုင်လို့လဲ တဆိတ် ရှင်းပြပါလားဗျာ။ သရဖူ မဂ္ဂဇင်းနဲ့ လုပ်တဲ့ အင်တာဗျူးမှာ ဒေါ်လဲ့လဲ့နွယ်သိန်းက ဗိုလ်ချုပ်အောင်ဆန်းကို ဖေဖေဗိုလ်ချုပ်လို့ သုံးသွားတာတော့ သတိထားလိုက်မိပါရဲ့။ ခင်ဗျားဇနီးဟာ သူ တခါမှ မမြင်ဖူးလိုက်တဲ့ ယောက္ခမကို ဖေဖေဗိုလ်ချုပ် ခေါ်တာတော့ ဘယ်လို ခံစားပေးရမှန်း ကျုပ် နားမလည် နိုင်တော့ဘူး။ ဒေါ်စုတောင် သူ့အဖေကို ဖေဖေလို့ သုံးတာပဲ သိတယ်။

ဖေဖေဗိုလ်ချုပ်လို့ ခေါ်တာ မကြားမိဘူးဗျ။ ဒေါ်စု ဖအေကို ချွေးမလောက် မချစ်ဘူး ပြောရင်တော့ ခမျာ ခံရရှာမှာပဲ။ ယောက္ခမ မမာတုန်းက ဘယ်နား ရောက်နေမှန်း မသိတဲ့ ချွေးမက ယောက္ခမ သေမှ ဒီအိမ်ကို ပြတိုက်ဖွင့်ဖို့ အကြောင်းပြပြီး သမီးဆီက အမွေလုခိုင်းတာတော့ ခင်ဗျား မ,ဘက်လိုက်လို့ မိုက်ဘက် ပါပြီထင်တယ် ကိုအောင်ဆန်းဦး။ ထင်တာ မဟုတ်ပါဘူးလေ။ သေကို သေချာတာပါ။ ကျနော်တို့ မြန်မာအမျိုးသမီးတွေမှာ ချစ်ဖို့ကောင်းတဲ့ အကျင့်တခုက မိသားစုကိစ္စ အားလုံးကို သူတို့ ဦးဆောင် ကိုင်တွယ်နေရင် တောင် အိမ်ထောင်ဦးစီးနေရာမှာတော့ ယောက်ျားကိုပဲ စာရင်းပေးတတ်တဲ့ အကျင့်ပါ။ ဦးဆောင်သလားတော့ မမေးနဲ့၊ သူတို့ယောက်ျားတွေ သားသမီးတွေ ဘယ်လိုလူတွေနဲ့ ပေါင်းရမယ် မပေါင်းရဘူးကအစ ယောက်ျားရဲ့ လက်ဖက်ရည်ဖိုး ဆေးလိပ်ဖိုး ကိစ္စပါ သူတို့ အကုန် ဆုံးဖြတ်တယ်။

စိတ်မထင်ရင် ညမထွက်ရ လို့ ယောက်ျားကို သူတို့ မာရှယ်လော ထုတ်ရင်လဲ ခင်ဗျားမိတ်ဆွေ နအဖ၊န၀တတွေရဲ့ ဘာပုဒ်မ ညာပုဒ်မ အမိန့်တွေထက်တောင် ဆိုးသေး။ ဒါပေမယ့် သူတို့ ယောက်ျားတွေကို မယားကြောက် ပြောရင်တော့ သူတို့ မခံနိုင်ဘူးဗျ။ ယောက်ျားက သိပ်ညံ့ပြီး ကျမက သိပ်သိပ်တော်နေပါတယ်ဆိုတဲ့ အချိုးမျိုးလဲ သဘောထားပြည့်တဲ့ မြန်မာ အမျိုးသမီးတွေ မချိုးတတ်ဘူး။ ခင်ဗျား သဘောထားကြီးပြီး မိန်းမအပေါ် မာနမထားတတ်ကြောင်း ပြချင်ရင် တခြားနည်းနဲ့ ပြလို့ ရပါတယ်။ မိန်းမက တိုင်းပြည်ကို ပြဿနာရှာနေတာကိုတောင် ကြံရာပါပြီး ပါရမီ ဖြည့်ပေးတဲ့ နည်းနဲ့တော့ မြန်မာယောက်ျားတွေရဲ့ သိက္ခာကို မချပါနဲ့ဗျာ။ ကျနော်တို့ မြန်မာပြည်မှာ ယဉ်ကျေးမှုတခု ရှိပါတယ် ကိုအောင်ဆန်းဦး။ မြန်မာပြည်ကို အရိုင်းအစိုင်းတိုင်းပြည်လု

ိ့ ခင်ဗျား မြင်နေရင်တော့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး သုံးလိုက်တာ ကျနော်တို့ အရိုင်းအစိုင်းတွေနဲ့ မတန်ဘူးလို့ ခင်ဗျား ပြောချင်မလားပ။ဲ ကျနော်ဆို ကားစုတ်မပြောနဲ့၊ စက်ဘီးစုတ်တောင် မ၀ယ်နိုင်တဲ့လူဆိုတော့ ကျနော်လို မြန်မာပြည်သား ငမွဲက ခင်ဗျားကို သခင်ကြီးလို့ မခေါ်ပဲ ခင်ဗျားတွေ ကျနော်တွေနဲ့ ပြောနေတာကို ခင်ဗျား နာမလားလဲ မပြောတတ်ဘူးဗျ။ ကျနော်တို့ ယဉ်ကျေးမှု ဆိုတာက အားနည်းသူတွေ၊ ကူညီဖို့ လိုအပ်နေသူတွေကို သက်ညှာရတဲ့၊ အလိုက်သိ ဖေးမ,ပေးရတဲ့ ယဉ်ကျေးမှုပါ။ မြန်မာပြည်မှာ ကက်ဆက် အသံကျယ်ကျယ် ဖွင့်နေကျ လက်ဖက်ရည်ဆိုင်တွေတောင် ကလေးတွေ စာမေးပွဲရက်ဆိုရင် ကက်ဆက်သံ လျှော့ပေးရပါတယ်။ ရပ်ကွက် ဘုံကထိန်အတွက် အလှူငွေ ကောက်ဖို့လာတဲ့ အရပ်လူကြီးတွေလဲ မသာအိမ်ဆို မကောက်ဘဲ ချန်ခဲ့ရပါတယ်။ သူ့အပူနဲ့သူမို့ ဖေးမတဲ့ အနေနဲ့ပါ။ မြေနိမ့်လှံစိုက် မလုပ်ရတာ မြန်မာ့ယဉ်ကျေးမှုပါ။

ခင်ဗျားနှမကို သေအောင် မနာလိုဝန်တိုဖြစ်ပြီး မုန်းနေဦးတော့၊ သူ ဒီလောက် အကျယ်ချုပ်တွေ ဆက်တိုက်ခံနေရတဲ့ အချိန်မှာ နေစရာ အိမ်ပျောက်အောင် အမွေလုစရာလားဗျာ။ ဒီအိမ်က ဆင်းပေးရရင် ဒေါ်စုမှာ သွားနေစရာ အင်းစိန်ထောင်ပဲ ရှိတော့တာ ခင်ဗျားလဲ အသိပါ။ မြင့်ဆန်းအောင်နဲ့ မောင်ထိန်လင်းက သူတို့အမေအတွက် အိမ်တလုံးတော့ ၀ယ်ပေးနိုင်မှာပါလို့ ခင်ဗျား ပြောမလို့လား။ အရှင်လတ်လတ် သွားလေသူ ဗိုလ်ချုပ်ခင်ညွန့် အာဏာရှိတုန်းက သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာမိုက်ကယ်အဲရစ် သူ့ဇနီးဆီ ပို့တဲ့ အစားအသောက် ပါဆယ်စာရင်းကို ဖတ်ပြလို့ ဆတ်ဆတ်ထိ မခံနိုင်တဲ့ ဒေါ်စုက မိသားစုဆီကတောင် ဘာမှ လက်မခံတော့လို့ ဒေါက်တာမိုက်ကယ် စိတ်မကောင်း ဖြစ်ခဲ့ရတာ ခင်ဗျား မှတ်မိမှာပါ။ (နှုတ်ခမ်းတလန် ပန်းတလန် ဒီလို ရန်ထောင်ရ၊ စောင်းရ မြောင်းရမှာ မရှက်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ မနာလိုရင် မနာလိုသလို ပြဿနာရှာတတ်တဲ့ အကျင့်တွေကိုတော့ ဗိုလ်တေဇရဲ့ သားကြီးသြရဿ အတုမရစေချင်ဘူးဗျာ။)

ဒီတော့ သားနှစ်ယောက်ပေးတဲ့ အထောက်အပံ့ကိုလဲ နိုင်ငံခြားအကူအညီယူတယ် အစွပ်စွဲ မခံနိုင်လို့ လက်မခံဘူးဆိုရင် ဒေါ်စု ဘယ်သွားနေရမလဲ။ နေစရာ အိမ်မရှိရင် သူ့ကို ထောင်ထဲ ထည့်ထားပါလို့ စစ်အစိုးရကို ခင်ဗျား တဖက်လှည့်နဲ့ ခိုင်းနေတာလား။ ခင်ဗျားဇနီးဟာ အင်ဒီရာဂန္ဒီရဲ့ ချွေးမတွေ ယောက္ခမမျက်နှာ လင်သားမျက်နှာနဲ့ နိုင်ငံရေးနယ်ထဲ ရောက်လာသလို မြန်မာ့နိုင်ငံရေး နယ်ထဲ ၀င်ချင်၊ နေရာယူချင်တဲ့ စိတ်ကလေး ရှိနေမှန်း ကျနော် သတိထားမိပါတယ်။ ဒါပေမယ့် အနာခံမှ အသာစံရ ဆိုတဲ့ မြန်မာရိုးရာ စကားပုံလေးကိုတော့ ခင်ဗျားဇနီးကို ပြောပြပြီး အကြံပေးပါဦးဗျာ။

တိုင်းပြည် ဒုက္ခရောက်နေတုန်းတော့ မြန်မာပြည်ကို တိုးရစ်လာ လာလည်၊ ပြန်သွား လုပ်နေပြီး စစ်အစိုးရ ဖြစ်ချင်တဲ့ ကန့်သတ် ပါလီမန် ပေါ်လာပြီးတဲ့ တချိန်ကျမှ အမတ်လောင်းအဖြစ် အဆင်သင့် လာအရွေးခံမယ် စိတ်ကူးယဉ်နေရင်တော့ ကျနော် ဗေဒင်ဟောလိုက်မယ်။ မယုံမရှိနဲ့၊ ရှုံးမှာ သေချာပေါက်ဗျ။ ခင်ဗျားဇနီးက အင်တာဗျူးမှာ သရဖူ မဂ္ဂဇင်းကို ဖြေရှာတယ်။ အလှအပ ပစ္စည်းဆို အယ်လစ်ဇဘက်ကာတန်ပဲ သုံးတယ်တဲ့။ အယ်လစ်ဇဘက် ကာတန်ဆိုတာ ခင်ဗျားဇနီး ပြောလို့ ကမ္ဘာကျော် အလှကုန်ပစ္စည်းထုတ်တဲ့ ကုမ္ပဏီကြီးတခု ဖြစ်မယ်လို့ မှတ်သားရပါရဲ့။ အပျိုပေါက် ကတည်းက နိုင်ငံခြားမှာ နေခဲ့တဲ့ ကျနော်တို့ အဘွားကြီး ဒေါ်စုဆီကတော့ အယ်လစ်ဇဘက်ကာတန်တွေ ဘာတွေအကြောင်း ပြောသံ တခါမှ မကြားမိဘူးဗျ။ အဘွားကြီးက ပန်းတော့ ကြိုက်တယ်။ သနပ်ခါးလဲ ကြိုက်မယ်ထင်တယ်။

ရွှေဘိုသနပ်ခါးခေါက်နဲ့ ရှင်မတောင် အပွေးတုံးနဲ့ ဘယ်ဟာပိုကောင်းလဲ မေးရင်တော့ အဘွားကြီး ဖြေနိုင်မှာပါ။ အယ်လစ်ဇဘက် ကာတန်တို့ ရယ်ဗလွန်တို့အကြောင်း ဆွေးနွေးရင်တော့ ခင်ဗျားဇနီးလို သွက်သွက်လက်လက် မပြောနိုင်ရှာဘဲ မျက်စိပေကလပ် ပေကလပ် ဖြစ်နေရှာမယ့် ကျနော်တို့ အဘွားကြီးကို မြင်ယောင်တယ်။ သနပ်ခါးအကြောင်း မေးရင်တောင် အဘွားကြီးက ခုနေ သိပ်ပြောချင်မှ ပြောတော့မယ်။ ၅၀ ကျော်ကတည်းက ဒေါ်စုဟာ နိုင်ငံရေး တဖက်၊ ဘုရားတရားတဖက် ဘ၀ခရီး ဆက်နေပြီလို့ သိရလို့။ ကျနော်တို့ တိုင်းပြည်မှာ အသက် ၅၀ ကျော်တွေ ဘုရားတရားလုပ်တာ ရှက်စရာ မဟုတ်ဘူးဗျ။ ၅၀ ကျော်တဲ့အထိ ဘာသာရေးကို ပစ်ပယ်ပြီး ကာလသားသမီးလို ကဲနေရင်သာ ချာတိတ်တွေကအစ မကြည်ညိုတာ။ ခင်ဗျားလဲ ရင့်ကျက်ပါတော့ ကိုအောင်ဆန်းဦးရေ။

ဗိုလ်ချုပ်သားလေးဆိုပြီး အဖေ့မျက်နှာနဲ့ ခွင့်လွှတ်ရအောင်ကလဲ ခင်ဗျား ကျနော်တို့ထက် အသက်ကြီးပါတယ်။ ကိုအောင်ဆန်းဦးရေ... ခင်ဗျားဇနီးက ဆောင်းပါးထဲမှာ ရေးတယ်။ ကျမဟာ အဖြူတွေကြားမှာ အ၀တ်အစား ၀တ်တတ်သူလို့ ချီးမွမ်းတာ ခံရတယ်တဲ့။ ခင်ဗျားဇနီးက အနောက်တိုင်းသားတွေကို အဖြူတွေလို့ သိပ်အထင်ကြီးပုံ ရတယ်။ မြန်မာပြည်က နေပူထဲ ကြီးခဲ့ရတဲ့ ကျနော်တို့အသားကတော့ ညိုသဗျ။ အ၀တ်အစား ၀တ်တတ်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဖော်ပြတဲ့ မစ္စက် အောင်ဆန်းဦးဟာ ဘယ်လောက်ပဲ ရှိုးကောင်းချင် ကောင်းပါစေ၊ ကျနော်တို့တော့ ငါးပိတော ဖုန်တောထဲမှာ တသားတည်း နေတဲ့ ကျနော်တို့ အဘွားကြီး ပဲ ချစ်တယ်ဗျာ။ သူက ကျနော်တို့နဲ့ အတူ ရှိတာကိုး။

ကားမရှိတဲ့ ဆင်းရဲသားရပ်ကွက်တွေကိုလဲ သူ လာတတ်တယ်။ ကားစုတ်ရှိတဲ့ လမ်းဆို မနေဘူးဆိုတဲ့ ခင်ဗျားလိုများ အဆင့်အတန်း မြင့်ရရင်တော့ ဒေါ်စုခမျာ စစ်အစိုးရလုပ်မှ အကျယ်ချုပ်ကျမှာ မဟုတ်ဘဲ သူ့ဟာသူ အိမ်ထဲကအိမ်ပြင် မထွက်ဘဲ အကျယ်ချုပ် လုပ်နေဖို့ပဲ ရှိတော့တယ်။ မြန်မာပြည်မှာ အမေရိကန်ပေတံနဲ့ တိုင်းရင် ကားစုတ် မရှိတဲ့ လမ်းဆိုတာ ရွှေတောင်ကြားတောင် ပါချင်မှ ပါမှာဗျ။ အဘွားကြီးနေတဲ့ လမ်းကတော့ ဝေးရော့ပဲ။ ဒီက ကားသစ်တွေတောင် ခင်ဗျားတို့ အမြင်မှာ မော်ဒယ်အောက်နေပြီကိုး။

ခင်ဗျား ဘာလို့များ ကားစုတ်တွေ ရှိတဲ့လမ်းက အိမ်စုတ်ကြီးကို အမွေလာလုပါလိမ့်ဗျာ။ ကိုအောင်ဆန်းဦးရေ။ တချိန်က မြန်မာတွေ မင်းလောင်းမျှော် မျှော်တာ ခံခဲ့ရတဲ့ ခင်ဗျား... အမျှော်ကြီး မျှော်နေတုန်းကတော့ မလာခဲ့ဘဲ၊ ဒေါ်ခင်ကြည်သေလို့ လာတာတောင် ဧည့်သည်လာ လာပြီး ဧည့်သည်ပြန် ပြန်သွားခဲ့တဲ့ ခင်ဗျား... ခုချိန်ကျမှ ခင်ဗျားဇနီးအတွက် မြန်မာ့နိုင်ငံရေးပလ္လင် အဆင်သင့် ဖြစ်နေချင်တယ်ဆိုရင်တော့ သိပ်နောက်ကျသွားပါပြီဗျာ။ တိုင်းပြည် က တချိန်တုန်းက ခင်ဗျားကို သိပ်ပေးချင်ခဲ့တဲ့ နေရာကို ခုမှ ခင်ဗျားဇနီး ယူစေချင်တယ် ဆိုရင်လဲ ခင်ဗျားရဲ့ မယားရှိခိုး သွားမကျိုး သဘောထားကို မဝေဖန်ချင်ပေမယ့် ခင်ဗျားမိန်းမအတွက် မပြောနဲ့၊ ခင်ဗျားအတွက်ဆိုရင်တောင် ခုမှတော့ မရနိုင်တော့ဘူး၊ သိပ်နောက်ကျသွားပြီလို့ ပြောပါရစေ။ ကျနော်တို့ မျှော်လင့်တုန်းမှာ ပေါ်မလာခဲ့တဲ့ အိမ်ရှေ့မင်းသား ခင်ဗျားဟာ ခုတော့ နန်းမရခင်က နန်းကျသွားခဲ့ပါပြီ။

http://nldlajb1.blogspot.com/2008/07/bb.html