စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Sunday, January 20, 2013

Mozilla Firefox browser သုံးရတာ ကြိုက်တယ်၊ သို့ပေမယ့် သုံးရတာ နှေးနေလို့ Speed မြှင့်တင်ချင်တယ်ဆိုရင်...

Mozilla Firefox browser သုံးရတာ ကြိုက်တယ်၊ သို့ပေမယ့် သုံးရတာ နှေးနေလို့ Speed မြှင့်တင်ချင်တယ်ဆိုရင် 


Firefox browser ကို သုံးတာ ကြာလာရင် လေးလာတတ်ပါတယ်။ Browser ကို ဖွင့်လိုက်ပေမယ့် အချိန်တော်တော် မပွင့်ပဲနဲ့ ရှိနေတတ်ပါတယ်။ အဲဒီလို လေးနေလို့ မြန်ချင်တယ်ဆိုရင် ပြုလုပ်ပုံနည်းလေး ပြောပြပေးပါမယ်။

 1. Start >> Run box ထဲမှာ gpedit.msc လို့ ရိုက်ပြီး Local Group Policy ထဲကို သွားပါ။

 2. Computer Configuration အောက်က Administrative Tamplate ထဲကို သွားပါ။

 3. Network Folder ကို ဝင်ပါ။

4. အဲဒီထဲမှာ “QOS Packet Scheduler” ကို ရှာပြီး Double Click နှိပ်ပြီး ဖွင့်ပေးပါ။

 5. “Limit Reservable Bandwidth” ဆိုတာကို Double Click နှိပ်ပြီး ဖွင့်ပါ။

6. ပြီးရင် Enable Check box ကို on ပေးပါ။ Bandwidth Limit % နေရာမှာ 0 ထားပြီး Apply >> Ok နှိပ်လိုက်ပါ။ ဒါဆိုရင် Browser ရဲ့ Bandwidth Speed က 20% တိုးလာပါလိမ့်မယ်။

 နောက်ထပ်တစ်နည်း ဒါကတော့ Browser ပြင်ပေးရမှာ ဖြစ်ပါတယ်။ 

 1. အရင်ဆုံး Browser ကို ဖွင့်လိုက်ပါ။ ပြီးရင် Address bar မှာ about:config ဆိုတာကို ရိုက်ပြီး Enter နှိပ်လိုက်ပါ။

2. ကျတဲ့ List ထဲမှာ browser.tabs.showSingleWindowModePrefs စာကြောင်း ရှာပြီး Double Click နှိပ်လိုက်ပါ False ကနေ True ပြောင်းသွားရင် ရပါပြီ။

3. နောက်ထပ် network.http.pipelining ကို ရှာပြီး Double Click နှိပ် True ပြောင်းပေးပါ။

4. နောက်ဆုံး တစ်ခုကတော့ network.http.pipelining.maxrequests ဆိုတဲ့ စာကြောင်းပါ သူကို ရှာပြီး Double Click နှိပ်ပါ။ ပေါ်လာတဲ့ box ထဲက Number ကို 60 ပြောင်းပြီး Ok နှိပ်လိုက်ပါ။ အားလုံး ပြီးပြီးဆိုရင် Browser ကို ဖွင့်ကြည့်လိုက် ခါတိုင်းထက် သိသိသာသာ မြန်ဆန်လာပါလိမ့်မယ်။

 နည်းပညာ အခက်အခဲများကို ကျော်လွှားနိုင်ပါစေလို့...

 Myanmar1

Monday, December 24, 2012

နှစ်သစ်ကူးကာလတွင် အသစ်ထည့်သွင်းလိုက်သော Facebook privacy shortcuts များအကြောင်း...

Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။ ဒီလို privacy shortcuts များကို US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။ ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ -Blocking Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။ Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ မိမိ Block လိုတဲ့ user ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။ ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။ -Privacy Shortcuts
Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။ Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။ နောက် Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I’m tagged in? ဆိုတဲ့နေရာမှာတော့ သင်မတင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။
ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။ Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွားပါမယ်။
မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။ ဒါကြောင့် “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင့်ရဲ့ profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။ အခုပြောပြမှာကတော့ နောက်ဆုံးအချက်ပါ။ Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ “who can contact me” ကို click လိုက်ပါ။


ပထမဆုံးအကြောင်းဖြစ်တဲ့ Whose messages do I want filtered into my Inbox? ဆိုတာကတော့ မိမိကို message ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။ ဒုတိယအကြောင်းဖြစ်တဲ့ Who can send me friend requests? ဆိုတာကတော့ ဘယ်သူတွေက သူငယ်ချင်းဖြစ်ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် မိမိနဲ့ သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။

××××××××××××××××××××××××××××××××××××××

အားလုံးပဲနှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ….

Written By KaungMyatOo 

News of Myanmar

Tuesday, October 9, 2012

ငတက်ပြား၏ စွန့်စားခန်း iOS ဗားရှင်းကို App Store မှတစ်ဆင့် download ရယူနိုင်ပါပြီ


ငတက်ပြား၏ စွန့်စားခန်း iOS ဗားရှင်းကို App Store မှတစ်ဆင့် download ရယူနိုင်ပါပြီ 






DOWNLOAD LINK - http://itunes.apple.com/us/app/adventures-of-nga-tat-pyar/id566541954?mt=8

Tuesday, October 2, 2012

iPad Mini ကို အောက်တိုဘာလ ၁၇ ရက်တွင် ပွဲထုတ်မိတ်ဆက်ဖွယ်ရှိဟုဆို

Apple ကုမ္ပဏီသည် iPad Mini မိတ်ဆက်ပွဲအတွက် ဖိတ်ကြားမှုကို အောက်တိုဘာလ ၁၀ ရက်တွင် ပြုလုပ်ဖွယ်ရှိပြီး ၎င်းထုတ်ကုန်သစ်ကို အောက်တိုဘာလ ၁၇ ရက်တွင် ကျင်းပကာ နိုဝင်ဘာလ ၂ ရက်တွင် တရားဝင် ဖြန့်ချိရောင်းချဖွယ်ရှိကြောင်း CNN Money မှ ဖော်ပြခဲ့သည်။

 CNN Money သည် အမည်မဖော်ပြထားသည့် အထင်ကရ Apple ရင်းနှီးမြှုပ်နှံသူတစ်ဦး၏ ပြောကြားချက် ကို ကိုးကားကာ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 မြောက်များစွာသော ကောလာဟာလသတင်းများထွက်ပေါ်ခဲ့သည့် iPad Mini တွင် ၇.၈၅ လက်မအရွယ် display ပါဝင်လာဖွယ်ရှိပြီး ၇ လက်မအရွယ် tablet ဈေးကွက်ရှိ ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ပြုလုပ်ထား ကာ တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ၂၄၉ မှ ၂၉၉ အတွင်းသာရှိနိုင်ကြောင်း သိရသည်။

 Ref: Eweek

Monday, August 20, 2012

Custom ROM ဆိုတာ ဘာလဲ


Android ထုတ်ကုန်အသုံးပြုသူများအနေဲ့ Android နဲ့သက်ဆိုင်တဲ့ သတင်းဝက်ဘ်ဆိုက်တွေထံ လည်ပတ် ရောက်ရှိတဲ့အခါမှာ ROM တွေရဲ့ အကြောင်းကို ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ Android အသုံးပြု သူအများစုဟာ ROM တွေရဲ့ အကြောင်းကို နားလည်သိရှိကြပေမယ့် အချို့သောသူများကတော့ ROM တွေရဲ့ အကြောင်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိကြပါဘူး။ ဒါကြောင့် custom ROM တွေရဲ့ အကြောင်းကို မသိသေးသူများ အတွက် custom ROM တွေရဲ့အကြာင်းကို ဖော်ပြလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ROM ဆိုတာ ဘာလဲ ဆိုတာကို ရှင်းပြပါမယ်။ ROM ဆိုတဲ့အသုံးအနှုန်းဟာ သိုလှောင်မှုချစ်ပ်တွေပါဝင်တဲ့ Read-Only-Memory ကို အတိုကောက် ခေါ်ဆိုထားခြင်းဖြစ်ပါတယ်။ ROM ပါဝင်တဲ့ Gameboy ဂိမ်းတွေမှာ ဂိမ်းတွေကို save လုပ်ဖို့အတွက် သီးခြားနေရာရှိပေမယ့် ဂိမ်းတွေကတော့ Read-Only ဖြစ်တဲ့အတွက် modify ပြုလုပ်နိုင်ခြင်းမရှိပါဘူး။ ဒီအသုံးအနှုန်းကို Android မှာရည်ညွှန်းအသုံးပြု တဲ့အခါမှာတော့ Firmware လို့ သုံးနှုန်းတာ အနီးစပ်ဆုံး မှန်ကန်တယ်လို့ ဆိုရပါမယ်။

ROM ကို Android ထုတ်ကုန်တွေမှာ install လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ Android software/system file တွေကို ဖျက်ခြင်း (သို့) လက်ရှိဖိုင်အဟောင်းကို အသစ်နဲ့အစားထိုးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကွန်ပျူတာ operating system (Windows 7, OS X, Linux) တို့ကို re-install လုပ်တဲ့ လုပ်ငန်းစဉ်နဲ့ တူညီပါတယ်။

Custom ROMs ဆိုတာ ဘာလဲ

Android ROM တွေမှာ stock ROM နဲ့ custom ROM ဆိုပြီး နှစ်မျိုးရှိပါတယ်။ Stock ROM ဆိုတာကတော့ Android ဖုန်းကို ဝယ်ယူလိုက်တဲ့အခါမှာ ပါဝင်လာတဲ့ ဖုန်းရဲ့ operating system ဖြစ်ပါတယ်။

Custom ROM ဆိုတာကတော့ Android ဖြန့်ချိမှုတစ်ခုကို ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပါတယ်။ Google ဟာ Android source code ကို မည်သူမဆို ပြောင်းလဲအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာကြောင့် လူအများဟာ ၎င်း code ကို ကိုယ်တိုင်ပြောင်းလဲကြပြီး feature များထည့်သွင်းကြသလို နှစ်သက်ဖွယ်ကောင်း တဲ့ tweak များနဲ့ ပြောင်းလဲဖြန့်ဝေကြပါတယ်။ ဒါကြောင့် custom ROM တစ်ခုကို homescreen ပြောင်းလဲခြင်း၊ background ဝန်ဆောင်မှုများနဲ့ default software စတာတွေပါဝင်တဲ့ Android ကို ထုတ်ကုန် တစ်ခုပေါ်မှာ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် custom code ပြောင်းလဲပြင်ဆင်မှုအချို့ ပြုလုပ်ထားခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

Software ကျွမ်းကျင်ပညာရှင်များဟာ လျင်မြန်ပြီး feature အများစု ဖြည့်စွက်ထားတဲ့ ROM တွေကို အတူတကွပူးပေါင်း တည်ဆောက်ကြပါတယ်။ လက်ရှိမှာ နာမည်ကျော်နေတဲ့ ROM များကတော့ Android ထုတ်ကုန် ၇၀ ကျော်အတွက် အထောက်အပံ့ပေးတဲ့ CyanogenMod, ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ထား ပြီးပေါ့ပါးတဲ့ ROM ဖြစ်တဲ့ AOKP, အမြင် ကောင်းမွန်အောင် အဓိကထားပြုလုပ်ထားတဲ့ ROM ဖြစ်တဲ့ Android Revolution တို့ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုပါ Android တည်ဆောက်မှုများကို သာမန်လူများကသာ ပြုလုပ်ထား ခြင်းဖြစ်ပြီး HTC နဲ့ Samsung တို့မှ developer များက ပြုလုပ်ထားခြင်းမျိုးမဟုတ်ပေမယ့် အားနည်းချက်အများ အပြားမရှိသလို အသုံးပြုတဲ့အခါမှာလည်း အန္တရာယ်မရှိစေပါဘူး။ အချို့သော အခြေအနေများတွင် community များက တည်ဆောက်ထားတဲ့ software တွေဟာ ဆယ်ဆမက ပိုမိုကောင်းမွန်တာကိုတွေ့ရပြီး ဖြန့်ချိတဲ့အချိန်ကလည်း တစ်ခုတစ်ခု ဝေးကွာခြင်းမရှိပါဘူး။

Android အသုံးပြုသူများအနေနဲ့ HTC နဲ့ Samsung တို့ရဲ့ လက်ရှိ software နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိ ဘူးဆိုရင် အောက်ဖော်ပြပါ ဝက်ဘ်ဆိုက်များထံ သွားရောက်လည်ပတ်ပြီး လေ့လာနိုင်ပါတယ်။ လက်ရှိ နာမည် ကျော်နေတဲ့ ROM သုံးခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- CyanogenMod, http://www.cyanogenmod.com ကတော့ Android ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေမယ့် ROM ဖြစ်ပါတယ်။

- AOKP, http://aokp.co ကလည်း နာမည်ကျော် ROM တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ထုတ်ကုန်အများစုအတွက် အထောက်အပံ့ပေးထားခြင်းမရှိပေမယ့်လည်း လေ့လာရကျိုးနပ်စေမယ့် ROM ဖြစ်ပါတယ်။

- Android Revolution HD, http://forum.xda-developers.com/showthread.php?t=840040 မှာတော့ HTC ထုတ်ကုန်များကို အများစု အထောက်အပံ့ပေးထားပြီး Asus Transformer နဲ့ Galaxy Nexus တို့ကိုလည်း အထောက်အပံ့ပေးထားပါတယ်။

Custom ROM များကို အသုံးပြုခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများ

- Android ဖြန့်ချိမှုအသစ်ကိုရရှိလိုတဲ့အခါမှာ လပေါင်းများစွာ စောင့်ဆိုင်းရပါတယ်။ ဒါပေမဲ့ custom ROM developer များကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြန့်ချိပေးနိုင်ပါတယ်။ ဒါ့အပြင် feature သစ် တွေပါဝင်ပြီး အားနည်းချက်တွေကိုပြင်ဆင်ပေးထားတဲ့ update တွေကို မကြာခဏဆိုသလို ဖြန့်ချိတဲ့အတွက် ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေပါတယ်။ Custom ROM အများစုကို update ပြုလုပ်တဲ့အခါမှာ လည်း over the air (OTA) ဖြင့်ပြုလုပ်နိုင်တာကြောင့် အရာအားလုံးကို re-install မလုပ်ဘဲ သုံးနိုင်ပါတယ်။

- ဖုန်းကို Root လုပ်ပြီးတဲ့ ROM တစ်ခုကို install လုပ်တဲ့အခါမှာ အလွယ်တကူပြုလုပ်နိုင်ပြီး ဖုန်းနဲ့အတူပါလာတဲ့ stock ROM ကိုလည်း ပြောင်းလဲအသုံးပြုနိုင်စေပါတယ်။

- Custom ROM တစ်ခုကို install လုပ်ဖို့အတွက် Android ထုတ်ကုန်ကို Root လုပ်ထားဖို့ လိုပါတယ်။ ဒါမှသာ ဖုန်းပေါ်မှ မလိုအပ်သည်များကို ဖယ်ရှားခြင်း၊ ဖုန်းကို မွှေနှောက်အသုံးပြုခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Root access လိုအပ်တဲ့ overclocker လိုမျိုး application တွေကိုလည်း အသုံးပြုနိုင်စေပါတယ်။

Custom ROM များရဲ့ စွမ်းဆောင်ရည်

Developer တွေဟာ carrier တွေက ထည့်သွင်းပေးလိုက်တဲ့ app များကဲ့သို့ မလိုအပ်သမျှကို ဖယ်ရှား ထားခြင်းနဲ့ kernel ကို အဆင့်မြှင့်တင်ထားမှုများကြောင့် custom ROM တွေရဲ့ စွမ်းဆောင်ရည်ဟာ လျင်မြန်ပြီး အသုံးတည့်သလို memory သုံးစွဲမှုကလည်း နည်းပါးရခြင်း ဖြစ်ပါတယ်။


Custom ROM အသုံးပြုရာတွင် သတိပြုရမည့်အချက်များ

- Custom ROM များကို အသုံးပြုတဲ့အခါမှာ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် သတိပြုပြီး အသုံးပြုဖို့လိုပါတယ်။ ပထမဦးဆုံးအနေနဲ့ ROM ထည့်သွင်းခြင်းလုပ်ငန်းစဉ်ဖြစ်တဲ့ flash လုပ်ငန်းစဉ်ကို ပြုလုပ်တဲ့အခါမှာ အမှားအယွင်းတစ်စုံတစ်ရာနဲ့ တွေ့ကြုံနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ လက်ရှိမှာ ဖြစ်ပွားမှုနည်းပါးလျက်ရှိပြီး အကယ်၍ အမှားအယွင်း တစ်စုံတစ်ရာနဲ့ကြုံတွေ့ခဲ့ပါက ယခင်အခြေအနေအတိုင်း restore လုပ်နိုင်ပါတယ်။

- Custom ROM ကို install လုပ်တဲ့အခါမှာ clean wipe ကို ပြုလုပ်ဖို့လိုပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ လက်ရှိ data တွေ အားလုံးကို ဖျက်ပစ်မှာဖြစ်တဲ့အတွက် အရာအားလုံးကို အရင်ဆုံး back up လုပ်ထားရပါမယ်။

- Custom ROM တွေမှာ အားနည်းချက်ရှိနိုင်ပါတယ်။ အကယ်၍ အားနည်းချက်တွေကို ရှာဖွေတွေ့ရှိတဲ့အခါ မှာ ROM forum ပေါ်မှာ တင်ပြီးမေးမြန်းမှုများပြုလုပ်ကာ အကြံဉာဏ်များ ရယူနိုင်ပါတယ်။

- ဖုန်းအသစ်တွေနဲ့ ROM အသစ်တွေဟာ အချိန်တိုင်းလိုလို ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဖုန်းနဲ့ လိုက်ဖက်မယ့် ROM ကို ရှာဖွေရာမှာ ဖုန်းအမျိုးအစားနဲ့ ROM ကို ရိုက်ထည့်ပြီး အလိုရှိတဲ့ Android ဗားရှင်းကို ရှာဖွေ သင့်ပါတယ်။


by Internet Journal

Tuesday, August 14, 2012

Mozilla Firefox ထက်ဆယ်ဆ မြန်တဲ့ Maxthon 3




Maxthon 3 တော်တော်ကောင်းတယ်ပြောရမယ်.....

Mozilla Firefox ထက်ဆယ်ဆမြန်တဲ့ Maxthon 3 ပါ။ သုံးရတာလွယ်ကူပါတယ်။ ဘာ add on မှလည် ထည့်စရာ မလိုပါဘူး။

သူမှာအကုန်ပါပြီးသာပါ။ ဒါပေမယ့်သူက myanmar 3 ကို sport မလုပ်ပါဘူး။ Zawgyi တော့ လုပ်ပါတယ် ကယ်ကြိုက်တယ်ဆို အောက်ကမူရင်းလင့်မှာ သွားဒေါင်းလိုက်ပါ.
http://www.maxthon.com

ဒီမှာလည် ယူလို့ရပါတယ်
http://www.mediafire.com/?5neq2o1t32i47hb

Zawgyi Font သွင်းတာတော့ အပေါ်က ပုံအတိုင်းပါဘဲ။
မော်ဇီလာနဲ့ဖွင့်တယ်ဆို နှေးသလိုလိုဖြစ်နေတာ...အခု ဒီကောင်နဲ့ ဖွင့်တာတော့ မြန်နေတယ်လို့ ထင်ရပါတယ်။

by-ကိုလင်း (သလ္လာဝတီ)

Friday, May 18, 2012

Android ဖုန်းတွေအတွက် အင်္ဂလိပ်-မြန်မာ အဘိဓာန် Planet Myanmar Dictionary


Developer Name-Pyae Phyo Shein

(Adobe Coldfusion Developer)
Android ဖုန်းတွေအတွက် အင်္ဂလိပ်-မြန်မာ အဘိဓာန် Planet Myanmar Dictionary ကိုတင်ပေးလိုက်ပါတယ်။

သုံးလို့ကောင်းတဲ့ Dictionary လေးတစ်ခုပါပဲ။ ဒီဇိုင်းလေးကလည်း နှစ်သက်ဖွယ်ဖြစ်ပါတယ်။

အောက်မှာရယူနိုင်ပါတယ်။

Planet Myanmar Dictionary အားရယူရန်




ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး -Administrator of Myanmar Mobile App (myanmarmobileapp@gmail.com)

Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်

Source link: http://www.viber.com



မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။

ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုအောက်မှာရယူလိုက်ပါ။

(မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)

Viber for iPhone အားရယူရန်

Viber for Android အားရယူရန်
download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင်

Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင်

ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။



ဒါဆိုရင် မိမိရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်းထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။


အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာအောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone တွေမှာဆိုရင်တော့ Screen ရဲ့ထိပ်ဆုံးဘယ်ဘက်က Not Code? ကိုနှိပ်ပါ။


Web Browser တစ်ခုနဲ့အောက်ပုံထဲကအတိုင်းတက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။


“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ဖုန်း call တစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။


အောက်ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။


ဖုန်းစတင်ပြော၊ Message စပို့လို့ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။ ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ။အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော ၊ ကြိုက်သလောက် message ပို့လို့ရပြီပေါ့။ ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး ၊နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်းပြောလို့ရပြီပေါ့နော်။ အားလုံး အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ရှင်။

ပို့စ်ရေးသားသူအမည်: မိုးသား ဖြူ

Source - http://www.myanmarmobileapp.com/?p=5831

Sunday, February 19, 2012

ကွန်ပျူတာနှင့်ပက်သက်ပြီး လူသိနည်းသော အကြောင်းအရာများ



ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။

၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။

၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။

၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။

၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။

၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။

၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။

၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။

၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။

၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။

၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။

၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။

၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။

၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။

၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။

၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။

၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။

၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။

၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။

Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)

အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။ ယင်းသို့ con ဟု အမည်မပေးနိုင်ခြင်း၏ အကြောင်းအရင်းကိုလည်း Microsoft Team မှ ပြန်လည်မဖြေရှင်းနိုင်ပဲ လေ့လာဆဲသာဖြစ်သည်။


စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။

Ref:doyouknow.com


Friday, February 10, 2012

Android အသုံးပြုသူငါးသန်းခန့်သည် အန္တရာယ်ရှိသည့် app များကို download ပြုလုပ်နေဟုဆို

Android Market တွင်ရရှိနိုင်သည့် app 13 ခု၌ Android.Counterclank ဟုခေါ်သော Trojan horse ဗိုင်းရပ်စ်တစ်မျိုးကိုတွေ့ရှိရကြောင်း လုံခြုံရေးကုမ္ပဏီတစ်ခုက သတိပေးပြောကြားခဲ့သည်။ အဆိုပါ malware သည် မိုဘိုင်းဖုန်းများမှ အရေးကြီးသည့်အချက်အလက်များကို စုဆောင်းရယူနိုင်ပြီး




ယင်း malware ကို Android အသုံးပြုသူတစ်သန်းမှ ငါးသန်းခန့်အထိက ရင်ဆိုင်နေရပြီဖြစ်ကြောင်း Symantec ၏ အဆိုအရသိရသည်။ ၎င်း malware သည် ယခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် အကြီးမားဆုံးဖြစ်ပြီး တချို့သော app များကို Android Market ၏စာရင်းမှ ဖယ်ရှားပေးခဲ့ပြီးဖြစ်ကာ အကယ်၍ Android အသုံးပြုသူများအနေဖြင့် အန္တရာယ်ရှိသော app များကို download ပြုလုပ်ထားမိပါက အလျင်အမြန်ပြန်လည် uninstall ပြုလုပ်သင့်ကြောင်း သတိပေးထားသည်။ အဆိုပါ app 13 ခုမှာ iApps7 Inc ၏ CounterElite Force, Counter Strike Ground Force, Counter Strike Hit Enemy, Heart Live Wallpaper, Hit Counter Terrorist, Stripper Touch girl, Orge Games ၏ Balloon Game, Deal Or Be Millionaire, Wild Man, redmicapps ၏ Pretty Women lingerie puzzle, Sexy Girls Photo Game, Sexy Girls Puzzle နှင့် Sexy Women Puzzle တို့ဖြစ်ကြသည်။ ၂၀၁၂ နှစ်ဆန်းပိုင်းမှစတင်၍ Android malware များ၏အန္တရာယ်မှာ မြင့်တက်လာခဲ့ပြီး အသုံးပြုသူများအနေဖြင့် နာမည်ဂုဏ်သတင်းကောင်းရှိသည့် publisher များ၏ app များကိုသာ ရွေးချယ်ပြီး download ပြုလုပ်သင့်ကြောင်းသိရသည်။

ရေးသားသူ - ဟေမာ
Ref: CNET Asia

Friday, January 20, 2012

Megaupload.com ပိတ်သိမ်းခံရခြင်း


ကမ္ဘာပေါ်ရှိ ဖိုင်မျှဝေသော ဆိုဒ်တစ်ခုဖြစ်သည့် megaupload ကို ယခုကြာသပတေးနေ့က ပိတ်ခံလိုက်ရပါသည်။ ၎င်းဆိုဒ်ကို တည်ထောင်သူ၊ ကုမ္ပဏီဝန်ထမ်းများကိုပါ တရားမဝင်ရုပ်ရှင်၊ တေးသီချင်းနှင့် အခြားအရာများကို ဖြန့်ဝေမှုဖြင့် တရားစွဲဆိုထားသည်။

တရားစွဲဆိုသူများဘက်မှ megaupload.com သည် မူပိုင်ခွင့်ပိုင်ရှင်များကို အနည်းဆုံး ဒေါ်လာသန်း ၅၀၀ ဖိုးခန့် နစ်နာစေခဲ့သည်ဟုဆိုသည်။ ထိုအဖြစ်အပျက်သည် အမေရိကန် ကွန်ဂရက်တွင်ပြဌာန်းရန်ကြိုးစားနေသော အွန်လိုင်းမူပိုင်ခွင့်ဥပဒေသစ်ကို အွန်လိုင်းစွယ်စုံကျမ်း ဝီကီပီးဒီးယားအပါအဝင် အခြားသောဆိုဒ်များက ကန့်ကွက်ကြောင်းဆန္ဒပြပြီး နောက်တစ်ရက်တွင်ဖြစ်ပွားခြင်းဖြစ်သည်။

၎င်းကုမ္ပဏီသည် ဟောင်ကောင်အခြေစိုက်ဖြစ်သော်လည်း အချို့သော မူပိုင်ခွင့်နှင့်ငြိစွန်းသည် အရာများမှာ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် Ashburn ရှိ ငှားရမ်းထားသောဆာဗာများတွင်ထားရှိကြောင်းတွေ့ရသည်ဟု အစိုးရဘက်မှ တာဝန်ရှိသူများကပြောကြားသည်။

တရားရေးဌာနမှ ထိုဆိုဒ်ကိုတည်ထောင်သူ Kim Dotcom (၃၇ နှစ်) နှင့်အတူ အခြားဝန်ထမ်း (၃)ဦးကို နယူးဇီလန် အောက်ကလန်မြို့တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟုဆိုသည်။ တရားရုံးမှ ဟောင်ကောင်အခြေစိုက် ထိုကုမ္ပဏီနှင့်ဆက်နွယ်သည့် ဒိုမိန်း (၁၈)ခုကိုလည်း ပိတ်သိမ်းထားသည်။ တရားရေးဌာနမှ နိုင်ငံ (၉) နိုင်ငံအတွက် ရှာဖွေခွင့်ဝရမ်း (၂၀) ကျော်ထုတ်ပေးခဲ့ပြီး ဒေါ်လာ (၅၀) သန်းနီးပါးရှိ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားသည်ဟု ဆိုသည်။

တရားစွဲဆိုသူများဘက်မှ ထိုဆိုဒ်သည် မူပိုင်ခွင့်နှင့်ငြိစွန်းသည့် အရာများကို ဆိုဒ်ပေါ်တွင်တင်ရန် အားပေးထားသည်ဟုဆိုသည်။

ထိုဆိုဒ်တွင် အခပေးသုံးစွဲသူများအနေဖြင့် မူပိုင်ခွင့်နှင့် ငြိစွန်းသည့်အရာများကို တင်၍ထိုလင့်ခ်များမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့မျှဝေနိုင်လေသည်။ ထိုဆိုဒ်ရှိ အချို့သောဖိုင်များကို အခမဲ့ရယူနိုင်သော်လည်း၊ ဒေါင်းလုပ်မဆွဲခင် စောင့်ဆိုင်းမှုကို ရှောင်ရှားခြင်း၊ အချို့ဆိုဒ်ကြီးသောဖိုင်များကိုရယူခြင်း၊ မြန်နှုန်းမြင့် ဒေါင်းလုပ်ရယူခြင်းများ၊ ဖိုင်များစွာကို တစ်ပြိုင်နက် ဒေါင်းလုပ်ဆွဲခြင်းများအတွက်မူ အခပေးရန်လိုအပ်သည်။ ၎င်းဆိုဒ်တွင် မှတ်ပုံတင်အသုံးပြုသူ သန်း (၁၅၀) ကျော်ရှိပြီး နေ့စဉ်ဝင်ရောက်ကြည့်ရှုမှု သန်း(၅၀) ခန့်ရှိသော ဆိုဒ်ဖြစ်သည်။ ၎င်းအနေဖြင့် ကြော်ငြာများမှ ဝင်ငွေရှာဖွေရရှိသည်။

ထိုဆိုဒ်တွင် ဖိုင်များကိုလူတိုင်းရှာဖွေခွင့်မပေးထားခြင်း၊ လူသိများထင်ရှားသော မူပိုင်ခွင့်နှင့် ငြိစွန်းသည့် အရာများကိုလူတိုင်းရယူနိုင်သည့် ဖိုင်များစာရင်းတွင်ပယ်ဖျက်ထားခြင်းတို့ဖြင့် တရားဥပဒေကို လက်တစ်လုံးခြားလုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။

ဆိုဒ်တည်ထောင်သူများဘက်မှလည်း ၎င်းတို့ဆိုဒ်၏ သုံးစွဲမှုအများစုမှာ မူပိုင်ခွင့်နှင့်ကင်းလွတ်သောအရာများဖြစ်ကြောင်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

MYANMAR SHARE - Facebook မှ

Wednesday, January 18, 2012

ကမ္ဘာ့အသေးငယ်ဆုံး Nano wire အသုံးပြု ခေတ်သစ်ကွန်ပျူတာများထုတ်လုပ်ရန် သိပ္ပံပညာရှင်များစီစဉ်


Australia နိုင်ငံ၊ Sydney မြို့ရှိ New South Wales တက္ကသိုလ်၊ Quantum Computation and Communication Technology ဌာနမှသိပ္ပံပညာရှင်များသည် လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်သည့် အရွယ်အစားသေးငယ်သော nanoscale wire ကို ဖန်တီးထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းကကြေညာခဲ့သည်။



ယင်းဖန်တီးမှုသစ်တွင် ကြေးနီဝိုင်ယာကြိုးများနှင့် စွမ်းဆောင်ရည်ချင်းတူညီသော အက်တမ်လေးခုပါဝင်သည့် ၀ိုင်ယာကြိုးကို ဖန်တီးထားခြင်းဖြစ်ကာ အဆိုပါဝိုင်ယာကြိုးများသည် ယင်းကြေးနီဝိုင်ယာများမှရရှိသည့် လျှပ်စစ်စွမ်းအင်အတိုင်း တူညီသည့်လျှပ်စစ်ပမာဏကို ထုတ်ပေးမည်ဖြစ်ပြီး ယခုလက်ရှိအသုံးပြုနေသည့် အသေးငယ်ဆုံးသော ၀ိုင်ယာကြိုးများထက် အဆ ၂၀ ပို၍သေးငယ်ကြောင်းသိရသည်။ ၎င်းတွေ့ရှိမှုသစ်ကို ခေတ်သစ်နည်းပညာမြင့်ကွန်ပျူတာများ ကဲ့သို့သော nanoscale နည်းပညာပေါ်တွင် အခြေခံထားသည့်ပစ္စည်းများတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ပြီး အဆိုပါဝိုင်ယာကြိုးများသည် အချက်အလက်ပေါင်းများစွာကို ပိုမို၍လျင်မြန်စွာပို့ဆောင်နိုင်မည့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာများအဖြစ် ဖန်တီးပေးမည်ဖြစ်သည်။ Semiconductor ထုတ်လုပ်သည့်လုပ်ငန်းများတွင်လည်း ပိုမိုတိုးတက်လာပြီးနောက် ချစ်ပ်အစိတ်အပိုင်းများကိုလည်း အရွယ် အစားသေးငယ်စွာ ထုတ်လုပ်လာကြပြီး အရွယ်သေးငယ်ကာ စွမ်းဆောင်ရည်ပိုမိုပြည့်ဝသည့် ကွန်ပျူတာများတွင် ထည့်သွင်းအသုံးပြုနိုင်ရန် ပြုလုပ်လာကြောင်း စမ်းသပ်ရှာဖွေမှုကိုဦးဆောင်ခဲ့သည့် သု တေသီတစ်ဦးဖြစ်သူ Michelle Simmons ကပြောကြားခဲ့သည်။

ရေးသားသူ - ဟေမာ
Ref: CNET

မကြာမီ ပြဌာန်းမည့် အွန်လိုင်း ဥပဒေသစ်ကြောင့် Wikipedia နှင့် Wordpress က ၂၄ နာရီကြာ ဆိုဒ်ကိုပိတ်၊ ကမ္ဘာ့နာမည်ကျော် ဆိုဒ်များလဲ ဆန္ဒထုတ်ဖော်


အမေရိကန်စံတော်ချိန် ဗုဒ္ဓဟူးနေ့ ညသန်းခေါင်မှစပြီး ၂၄ နာရီကြာ ဆိုဒ်ကိုရပ်ထားပြီး လွှတ်တော်မှာ တင်သွင်းမည့် Stop Online Piracy Act (SOPA) နှင့် Protect IP Act (PIPA) ဥပဒေ နှစ်ခု ကို သပိတ်မှောက်တာဖြစ်ပါတယ်။

ဒါကြောင့် online research လုပ်ချင်တဲ့ ကျောင်းသားကျောင်းသူများကို ညသန်းခေါင်မတိုင်မှီ ဝီကီပီးဒီးယားကို ဝင်ပြီး မိမိတို့လိုချင်တာများကို ကြိုတင်ရှာဖွေထားရန် Wikipedia founder Jimmy Wales က ပြောထားပါတယ်။




PROTECT IP / SOPA Breaks The Internet from Fight for the Future on Vimeo.



A rapidly growing community

Opposition to the Protect IP Act (PIPA) and the Stop Online Piracy Act (SOPA) grows with each day. This brief list is just a sampling of businesses. Visit the Center for Democracy and Technology’s list for a more complete look at the individuals, organizations, experts and legislators that know how bad this legislation could be.




  1. American
    Express Company



  2. AOL


  3. Boing Boing



  4. BuzzFeed


  5. CloudFlare



  6. Copyblogger


  7. ConsumerBell


  8. Creative Commons



  9. Curse


  10. Daily
    Kos





  11. deviantART



  12. Discover




  13. Disqus



  14. DreamHost


  15. Dyn



  16. eBay


  17. Embedly



  18. Engine Advocacy



  19. ESET



  20. Etsy



  21. Facebook



  22. Fantagraphics



  23. foursquare



  24. Gandi




  25. Google


  26. GreenHostIt


  27. HostGator



  28. Hover



  29. I Can Has Cheezburger?



  30. IndieGoGo

  31. Internet Archive


  32. Irregular Times



  33. Jive Software



  34. Kaspersky
    Lab





  1. Kickstarter


  2. LinkedIn



  3. MetaFilter


  4. Mozilla



  5. Name.com


  6. Namecheap


  7. OpenDNS



  8. O’Reilly
    Radar



  9. Pastebin.com



  10. PayPal


  11. Quora



  12. Rackspace




  13. Reddit


  14. ReferralCanday




  15. Riot Games



  16. ServInt




  17. Scribd



  18. Teachers
    Pay Teachers



  19. Techdirt



  20. Torrentfreak


  21. Tucows



  22. Tumblr


  23. Twitter


  24. Ubu
    Web





  25. Uservoice



  26. Vimeo



  27. Webs, Inc.



  28. Wikipedia



  29. WordPress


  30. Yahoo!



  31. Y Combinator




  32. Zopim


  33. Zynga Game
    Network





ဧရာဝတီ

Wednesday, January 4, 2012

Android Device တွင် Root မလုပ်ဘဲ မြန်မာစာ ဖတ်ချင်သူများအတွက်





သင့်ရဲ့ Android Device ကနေ အင်တာနက်စာမျက်နှာများမှာ မြန်မာလို ဖတ်မရတဲ့ ကိစ္စတွေကို ဒီနေ့အဆုံးသက်လိုက်နိုင်ပါပြီ။ http://goo.gl/QakkH အဆိုပါ LINK မှ တဆင့် 1st Myanmar Android Browser ကို သွားရောက်ကြည့်ရှုနိုင်ပါပြီ။

ဒီနေ့မနက်ကပဲ Android Market ပေါ်တင်လိုက်တဲ့ မြန်မာ Browser ကို Android Market က Search box မှာ 1 st Myanmar လို့ ရိုက်ပြီရှာလိုက်တာနဲ့ တွေ့မြင်ရယူနိုင်မှာ ဖြစ်ပါသည်။အဆိုပါ application ကို အခမဲ့ ဖန်တီးပေးထားတဲ့ Developer ကတော့ ကိုထင်အောင် ပဲ ဖြစ်ပါသည်။

အဆိုပါ Developer ကိုထင်အောင် မှာ Unicode Researcher တစ်ယောက်ဖြစ်တယ်ဆိုတာလည်း သိရပါတယ်။
ဒီ မြန်မာ Browser application ကို ဖန်တီးဖို့ ၁၀ ရက်ကြာ အချိန်ယူခဲ့ရကြောင်း ကိုထင်အောင်က ပြောပါသည်။ အဆိုပါ 1st Myanmar Android Browser ရဲ့ Facebook Fan Page ကတော့ http://www.facebook.com/pages/1st-Myanmar-Android-Browser/352311588118092 ဖြစ်ပြီး Developer ကိုထင်အောင် ရဲ့ Facebook စာမျက်နှာ ကတော့
http://www.facebook.com/profile.php?id=100000514343176 ဖြစ်ပါသည်။ကိုထင်အောင် (ခေတ္တ စင်ကာပူ ) ဟာ ရန်ကုန် အလုံမြို့နယ်တွင်နေထိုင်သူ တစ်ယောက် ဖြစ်ကြောင်းလည်း သိရပါသည်။

အကြံဥာဏ်ပေးချက်များနဲ့ ထင်မြင်သုံးသပ်ချက်များကို သွားရောက်ဆွေးနွေး ပြောကြားနိုင်တယ်လို့လည်း သိရပါသည်။နှစ်သစ် မှာ ပျော်ရွှင်နိုင်ပါစေလို့ ဆုံနေကြ မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

Friday, November 25, 2011

Gmail, Gtalk ကို မြန်မာအစိုးရ ကြားဖြတ် ဖောက်ဖတ်နိုင်ဟုဆို

ဂူဂဲလ်မှ အခမဲ့သုံးခွင့် ပြုထားသည့် ဂျီမေးလ်နှင့် ဂျီတော့ပ်များကို အစိုးရအနေဖြင့် ကြားဖြတ် စောင့်ကြည့်၊ ဖောက်ထွင်းနိုင်ကြောင်း အင်တာနက်လုံခြုံရေးဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်သူများက ပြော သည်။

“သူက ကြားခံ ဆာဗာ သုံးခုကို ဖြတ်ရတယ်။ ဖြတ်တိုင်းမှာ ဆာဗာတွေက မှတ်တမ်းယူထားတယ်။ အဲဒီမှတ်တမ်းကို အခြေခံပြီး ပြန်ယူလို့လွယ်တယ်။” ဟု ပြည်ပအခြေစိုက် အိုင်တီလုံခြုံရေးဆိုင်ရာ ပညာရပ်ဖြင့် လုပ်ကိုင်နေသူ ကိုမောင်မောင်က မဇ္ဈိမကို ပြောသည်။

ကြားခံ ဆာဗာသုံးခုမှာ အသုံးပြုရာ နယ်မြေအခြေစိုက် သက်ဆိုင်ရာ မြို့နယ်အလိုက် ထားရှိသည့် Local ISP (Internet service provider), တနိုင်ငံလုံးအား အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ရတနာပုံ တယ်လီပို့စ်နှင့်
မြန်မာ့ဆက်သွယ်ရေး MPT ကဲ့သို့သော Main ISP နှင့် ရန်ကုန်တိုင်း သံလျင်မြို့နယ်တွင် ထားရှိသည့် ဟံသာဝတီ National Gateway တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဂျီမေးလ်၊ ဂျီတော့ပ်အား တိုက်ရိုက်ကြည့်ရှု့ခွင့်ရနေသည်ဟု ထင်မြင်ရသော်လည်း အမှန်တွင်မူ အထက်ပါ ကြားခံဆာဗာသုံးခုအား ဖြတ်ကျော်ပြီးမှသာလျှင် ကြည့်ရှုရနိုင်ခြင်း ဖြစ်သည်။ ယင်းကြားခံ ဆာဗာသုံးခု မှာလည်း အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းဖြစ်ကာ ယင်းတို့မှ အဆင့်ဆင့် ဖြတ်ကျော် ဝင်ရောက်ရခြင်း
ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်အထိ မြန်မာ့ဆက်သွယ်ရေး MPT နှင့် ရတနာပုံ တယ်လီပို့စ်ဟူ၍ အင်တာနက် ဝန်ဆောင်မှု ပေးသည့် Internet Service Provider – ISP နှစ်ခုရှိပြီး ယင်းအထက်တွင် ဟံသာဝတီ National Gateway ရှိသည်။

ယင်းနောက် ၂ဝ၁ဝ နောက်ပိုင်းတွင် စစ်အစိုးရက အင်တာနက်လိုင်းစနစ်အား ပြောင်းလဲ ကျင့်သုံးခဲ့သည်။ ပြောင်းလဲ လိုက်သည့် ISP စနစ်သစ်တွင် MPT နှင့် ကာကွယ်ရေးဝန်ကြီးဌာန MOD ISP ဟူ၍ ပင်မနှစ်ခု ဖြစ်လာကာ ရတနာပုံ တယ်လီပို့စ် ISP အား MPT လက်အောက်သို့ ပြောင်းလဲထားရှိခဲ့သည်ဟု ပြည်ပ အခြေစိုက် မြန်မာ့သတင်းသမဂ္ဂ BMA မှ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင်း ထုတ်ပြန်ခဲ့သည့် “အမျိုးသားအဆင့် ရတနာပုံ မြန်မာ Web Portal - ဖွံ့ဖြိုးမှုလော၊ ဖိနှိပ်မှုလော” စာတမ်းတွင် ပါရှိသည်။

“တယောက်ချင်းစီ စစ်စရာမှ မလိုဘူးလေ။ ကိုယ်လိုချင်တဲ့ အကောင့်ကို ဖွင့်ရုံပဲ။ ဘယ်သူ ဘယ်လိုင်း သုံးတယ်ဆိုတာ ဆာဗာထဲမှာ အကုန်ရှိတယ်လေ။ ဆာဗာတွေက ISP လက်အောက်မှာ ရှိတာ။ လုပ်ပိုင်ခွင့်က ISP မှာ အပြည့်ရှိတယ်။ ISP မှာ ဘယ်သူ ဘာဆိုတာ အကုန်ရှိပြီးသား။ လုပ်ချင် လွယ်လွယ်လေးပေါ့။” ဟု ကိုမောင်မောင် က ဆိုသည်။

အစိုးရအနေဖြင့် အင်တာနက်သုံးစွဲသူ၏ သုံးစွဲမှုမှတ်တမ်းအား စစ်ဆေးမည်ဆိုပါက ဆာဗာအသီးသီးရှိ Main Memory (ပင်မ မှတ်တမ်းသိုမှီးရာနေရာ) မှသာမက Cache Memory ဟုခေါ်သည့် သီးခြားမှတ်တမ်း သိုမှီးရာ နေရာမှလည်း လွယ်လင့်တကူ စောင့်ကြည့် စစ်ဆေးနိုင်သည်။

မြန်မာ့အင်တာနက်လုံခြုံရေးဆိုင်ရာ အင်ဂျင်နီယာတဦးအဆိုအရ အစိုးရအနေဖြင့် အင်တာနက် သုံးစွဲသူ အားလုံး ကို စောင့်ကြည့်လေ့ရှိခြင်းမဟုတ်ဘဲ ထင်ရှားသူများ၊ ပစ်မှတ်ထားခံရသူများကို စောင့်ကြည့်ခြင်းဖြစ်ကာ ဦးသိန်းစိန် အစိုးရ တက်လာသည့်နောက်ပိုင်းတွင် စောင့်ကြည့်မှု လျော့ပါးလာသည်ဟု ဆိုသည်။


“ နိုင်ငံခြားသူတယောက် ပြောပြတယ် ကျနော့်ကို။ ရန်ကုန်သွားတော့ သူ ဂျီမေးလ် အသစ်တခုဖွင့်ပြီး သုံးတာ။ သူလည်း အစိုးရ မကောင်းကြောင်းတွေရေးတော့ ရက်ပိုင်းအတွင်း သူ့မေးလ် ပိတ်သွားတယ်တဲ့။ ” ဟု ပြည်ပ သတင်းဌာနတခုတွင် လုပ်ကိုင်နေသူ ချင်းမိုင်အခြေစိုက် အိုင်တီသမား ကိုထွန်းထွန်းအောင်က ပြောသည်။
သုံးစွဲသူအနေဖြင့် မည်မျှပင် လုံခြုံရေးစကားဝှက် Password ပြောင်းလဲထားစေကာမူ သုံးစွဲသူ၏ မှတ်တမ်း
အားလုံးမှာ ဆာဗာတွင် ကျန်ရစ်မည်ဖြစ်၍ မလုံခြုံနိုင်ခြင်း ဖြစ်သည်။

အစိုးရပိုင်းမှ စောင့်ကြည့်ခြင်း၊ ဖောက်ထွင်းခြင်းများ ရှိ၊ မရှိဆိုသည်ကိုမူ သေချာမသိသော်လည်း ထင်ရှား ကျော်ကြား သူအချို့ မည်သည့်ဝက်ဘ်ဆိုက်ကြည့်သည်၊ မည်သည့်သူနှင့် ဆက်သွယ်သည်ကိုမူ IP Address မှတ်သား၍ အာဏာပိုင်များသို့ သတင်းပို့ရလေ့ရှိသည်ဟု ရတနာပုံတယ်လီပို့စ် ဝန်ထမ်းဟောင်း တဦးထံမှ သိရသည်။

“စာရင်းကတော့ အတိအကျ မရှိဘူး။ ၅ဝ လည်း ဖြစ်ရင် ဖြစ်မယ်၊ ၁ဝဝ လည်း ဖြစ်ရင် ဖြစ်မယ်။ ဥပမာ ဘုန်းကြီး အရေးအခင်းဖြစ်မယ်ဗျာ။ ဘုန်းကြီးအရေးအခင်းဖြစ်တုန်းကဆိုရင် သူတို့ စောင့်ကြည့်ရမယ့်သူတွေ အများကြီးပဲ။ အယောက် ၂၀၀ လောက်ဖြစ်ရင် ဖြစ်သွားမယ်။ သာမန်ကတော့ အရေးကြီးတဲ့ အန်တီစုတို့ ဘာတို့ကတော့ Report အမြဲတမ်း လုပ်နေရမှာပေါ့နော်။” ဟု ရတနာပုံ တယ်လီပို့စ် ဆာဗာအင်ဂျင်နီယာဟောင်းတဦးက မဇ္ဈိမကို ပြောသည်။


စောင့်ကြည်ခြင်းလုပ်ငန်းကို ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဆက်သွယ်ရေးတပ် (ကက-ဆက်) မှ စစ်ဘက် အရာရှိ အများစု ပါဝင်သည့် Net Security ကဲ့သို့သော အင်တာနက်လုံခြုံရေးဌာနမှ လုပ်ကိုင်ခြင်းဖြစ်ကာ အဓိက အားဖြင့် နိုင်ငံရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသူများကို စောင့်ကြည့်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ လုပ်ဆောင်ခြင်း များအတွက် အသုံးစားရိတ်ကို စစ်ဘက် အသုံးစားရိတ်များတွင် ထဲ့သွင်း ဖော်ပြလေ့ရှိသည်။

စောင့်ကြည့်ခံရသူ အရေအတွက်မှာမူ အတိအကျမရှိနိုင်သော်လည်း ပြည်တွင်း၌ နိုင်ငံရေးလှုပ်ရှားမှု တစုံတရာ
ဖြစ်ပေါ်ပါက စောင့်ကြည့်ခံရသူ များပြားနိုင်ပြီး သာမန်ချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်၊ လူရွှင်တော် ဇာဂနာ ကဲ့သို့သော သူများမှာ စောင့်ကြည့်ခံရနိုင်ဖွယ်ရှိသည်ဟု အင်ဂျင်နီယာက ခန့်မှန်းထားသည်။ ထိုသူမှာ အဓိက အားဖြင့် Network ပိုင်းဆိုင်ရာ စောင့်ကြည့်ထိန်းသိမ်းရေး၊ တဦးနှင့် တဦး မေးလ်ပို့ရာတွင် မှန်ကန်ကြောင်းဆိုင်ရာ မှတ်ပုံတင်ခြင်း Certificate Authority ပိုင်းဆိုင်ရာ ဌာနတွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

အင်တာနက် သုံးစွဲသူ အများစုအား ဝန်ဆောင်မှုပေးနေသည့် ရတနာပုံတယ်လီပို့စ်တွင် Net Security, Proxy, Mail, CA – Certificate Authority Team စသည်ဖြင့် ဌာနခွဲပေါင်းများစွာ ထားရှိ၍ ဝန်ဆောင်မှုပေးခြင်း ဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကိုလည်း MPT မှ သတ်မှတ်ပေးကြောင်း သိရသည်။ ဆာဗာလုံခြုံရေးနှင့် စောင့်ကြည့်
ရေးပိုင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် မိမိ၏ ဌာနမဟုတ်သည့်အတွက် မသိကြောင်း ပြောဆိုသည်။

“MPT ကနေ ချပေးလိုက်တဲ့ လမ်းညွန်ချက်အတိုင်း ဘယ် Port ပိတ်မယ်၊ ဘယ် Port ဖွင့်မယ်ပေါ့နော်။ အဲဒါတွေ ကတော့ အပေါ်က လူကြီးပိုင်းတွေပဲ လုပ်တာလေ။ သူတို့အပေါ်က လမ်းညွန်ချက်က ဒေါက်တာ လွဏ်းဆွေပိတ်မယ်၊ ဒါမှမဟုတ် ဘယ်ဘလော့ဂ်ဆိုက်ပိတ်မယ်ပေါ့။ တခု ပိတ်မယ်၊ ဖွင့်မယ်။ အပေါ်မှာ သူတို့ ဘယ်လို လုပ်တယ်ဆိုတာ
တော့ ကျနော်တို့ သေချာမသိဘူး။” ဟု ဆာဗာ အင်ဂျင်နီယာဟောင်းက ဆိုသည်။

အစိုးရအနေဖြင့် အင်တာနက် သုံးစွဲခွင့်ပေးထားရာတွင် ဆာဗာအဆင့်ဆင့် ခံထားသည့်အပြင် ယင်းဆာဗာများတွင် DNS Poisoning နည်းလမ်းများသုံး၍ အင်တာနက်သုံးစွဲသူ၏ အချက်အလက်များအား ရယူနိုင်ဖွယ် ရှိသည်ဟုလည်း BMA ၏ စာတမ်းတွင် ပါရှိသည်။


DNS Poisoning ဆိုသည်မှာ ISP ဆာဗာတွင် ကြားခံ စက်ကိရိယာထားရှိ၍ အင်တာနက်အသုံးပြုသူ၏ အချက် အလက်များကို ခိုးယူခြင်း ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် သုံးစွဲသူမှ ရိုက်သွင်းလိုက်သည့် Login ဆိုင်ရာ အချက်အလက်များကို ကြားဖြတ်ယူထားကာ၊ ယင်းမှတဆင့် သက်ဆိုင်ရာ ဆာဗာသို့ ပေးပို့ခြင်း ဖြစ်သည်။

“လုံခြုံရေးကြောင့်ပဲပေါ့။ လိုအပ်ရင် လိုအပ်သလို ထိန်းဖို့လေ။ စစ်သားဆိုတာလုံခြုံရေးပဲ အရင်ကြည့်တာ ဘယ်ခေတ်ရောက်ရောက်။” ဟု ကိုမောင်မောင်က ပြောဆိုသည်။

ယင်းသို့ မိမိ၏ အချက်အလက်များအား ဆာဗာမှ ခိုးယူခြင်းအား ကာကွယ်နိုင်ရန်မှာ Virtual Private Network - VPN ခေါ် ကြားခံဆာဗာတခုမှ မိမိသွားလိုသည့် အင်တာနက်စာမျက်နှာသို့ သွားရောက်ခြင်း ဖြစ်သည်။

VPN မှာ မိမိအသုံးပြုနေသည့်နိုင်ငံရှိ ဆာဗာများကို ဝင်ရောက်ခြင်းမရှိဘဲ အခြားဆာဗာမှတဆင့် မိမိ သွားလိုရာ အင်တာနက်စာမျက်နှာသို့ ဝင်ရောက်ခြင်းဖြင့် ယာယီအကာအကွယ်ဖြစ်စေသလို သီးခြားလျို့ဝှက်ကုတ်ဒ်များဖြင့် ပုံစံပြောင်းအသုံးပြုခြင်း ( Encryption) ဖြင့်လည်း ကာကွယ်နိုင်သည်ဟု အင်တာနက်လုံခြုံရေးသမားများက လမ်းညွှန်ထားသည်။

Friday, November 11, 2011

ကိုယ်တိုင် ကွန်ပျူတာဝယ်တဲ့ အခါသိသင့်တဲ့ အချက်တွေ

ကွန်ပျူတာတစ်လုံးကိုဝယ်ယူဖို့ဆုံဖြတ်တဲ့အခါမှာတော့ ဘယ်လိုအမျိုးအစားကိုဝယ်မယ်။ငွေကြေး
ပမာဏဘယ်လောက်သုံးမယ်ဆိုတာ ကိုစဉ်းစားဖို့လိုအပ်ပါတယ်။ ဒါ့အပြင်ကိုယ်သုံးစွဲမည့်ကွန်ပျူတာဟာ
ဘယ်လုပ်ငန်းအတွက် သုံးမယ်ဆိုတာကိုပါထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ နောက်ပြီးတော့ကိုယ်ဝယ်
မယ့်ကွန်ပျူတာနောက်ပိုင်းမှာ လိုအပ်လျှင်လိုအပ်သလိုတိုးချဲ့နိုင်ဖို့ အတွက်ပါထည့်သွင်းစဉ်းစားထားသင့်
ပါတယ်။
မော်နီတာ

မော်နီတာဝယ်မယ်ဆိုလျှင် ၁၇လက်မဟာ ငွေကြေး တတ်နိုင်သူ အတွက်တော့ ပိုကောင်းပါတယ်။
မော်နီတာထုတ်တဲ့ကုမ္ပဏီတွေထဲမှာ ဆမ်ဆောင်း၊ ဆိုနီ၊ ဖီးလစ်နဲ့ View Sonic တို့လိုနာမည်ကြီးတွေဟာ
သင့်လျော်သလိုမော်နီတာရဲ့ Pixleဟာသေးလျှင် ပိုကောင်းပါတယ်။ ဥပမာဝ.၂ ဟာ ၀.၀၂ထက်ပိုကောင်း
တဲ့အတွက် အသေအချာရွေးချယ်၍ ဝယ်ယူဖို့လိုအပ်ပါတယ်။ ဘာမှန်းမသိတဲ့တံဆိပ်ကိုဝယ်ယူမည့်အစား
နာမည်ရှိတဲ့အမှတ်တံဆိပ်ကို ဝယ်ယူတာဟာရေရှည်မှာစိတ်ချမ်းသာမှုကိုပိုမိုရရှိစေမှာဖြစ်ပါတယ်။

Motherboard

System Unit ကိုဝယ်ယူတဲ့အခါမှာတော့ ပထမဆုံးစဉ်းစားရမှာက Motherboard ပါ။ FSB ဟာပို
များလေပိုကောင်းလေပါပဲ။ ပြီးတော့ Motherboard ကလက်ခံနိုင်တဲ့ CPUရဲ့အမြန်နှုန်းရယ် Memory ရဲ့
အမြန်နှုန်းနဲ့ ပမာဏရယ်ကိုသိထားဖို့လိုအပ်ပါတယ်။ ငွေကြေးမတတ်နိုင်ရင်တောင်မှ Motherboard ကို
အကောင်းဆုံးဖြစ်အောင်ဝယ်ယူဖို့ဆုံးဖြတ်ပါ။ Memoryရဲ့အမြန်နှုန်းဟာ မြန်လေကောင်းလေဆိုပေမယ့်
Motherboard ကလက်ခံနိုင်တဲ့အမြန်နှုန်းကိုသာ Motherboard(Mailboard)ဖြတ်ယူမှာဖြစ်လို့ Mother-
boardဟာအရေးပါလှပါတယ်။ P3, P4စသည်ဖြင့်သတ်မှတ်မှုဟာ Motherboardပေါ်မှာ အဓိကမှီခိုနေပါ
တယ်။ CPU Memoryကဒ်နဲ့ Hard driveတို့လိုပစ္စည်းတွေက နောက်ပိုင်းလဲလှယ်ယူလို့ရပေမဲ့ Mother-
boardကအဲဒီလို လုပ်ဖို့အဆင်သိပ်မပြေပါဘူး။

CPU

CPUကိုဝယ်ယုတဲ့အခါမှာတော့ Celeron ဟာClassic လောက်တွက်ချက်နိုင်စွမ်းနဲ့အမြန်နှုန်းဟာ
အမျိုးအစားနဲ့ပမာဏတူလျှင်မကောင်းနိုင်ဘူးဆိုတာကိုသိထားသင့်ပါတယ်။ရိုးရိုးCPUတွေထက်Core 2
Duo တို့ Duo Core 2တို့ဟာပိုမိုပြီးကောင်းမွန်ပါတယ်။ MemoryMemory ကိုဝယ်ယူမယ်ဆိုလျှင် DDR
လား၊ DDR2လား၊ DDR3 လားဆိုတာကအရေးပါလှပါတယ်။ အများစုက Memory ရဲ့ Capicity (မှတ်
သားနိုင်စွမ်း)ဖြစ်တဲ့64MB, 128MB, 256MB, 512MBသို့မဟုတ် 1GBတို့ကိုသာအဓိက ထားကြတာများ
ပါတယ်။ တကယ်တော့ Capacity ထက်အမြန်နှုန်းဟာ ပိုမိုအရေးပါလှပါတယ်။ DDR က DDR2
ထက်ပိုမြန်ပါတယ်။

Hard drive

Hard drive ကိုဝယ်ယူတဲ့အခါမှာတော့သိုလှောင်နိုင်စွမ်း(capacity)နဲ့အမြန်နှုန်း (RPM) တို့ဟာ
သိသင့်တဲ့အချက်တွေပါ။ သိုလှောင်နိုင်စွမ်းပိုများ လေကောင်းလေဆိုပင်မယ့် အမြန်နှုန်းဖြစ်တဲ့ ၇၂၀၀
RPMသို့မဟုတ်1000RPM တို့ကိုအမြန်နှုန်းတွေဟာလည်းအရေးပါတယ်ဆိုတာကိုမမေ့ပါနဲ့။

Graphic Card

ရုပ်ပိုင်းဆိုင်ရာအတွက် Graphic Card ဟာအရေးပါလှတယ်။ အမျိုးအစား ကောင်းတဲ့ တံဆိပ်
ဟုတ် မဟုတ်ဆိုတာဈေးကွက်ကျွမ်းကျင်သူတွေနဲ့ပညာရှင်တွေသာသိနိုင် တာဖြစ်လို့သာမန်လူတွေအ
တွက်တော့နာမည်ရှိတဲ့တံဆိပ်ကိုသာရွေးဝယ်သင့်ပါတယ်။ Graphic Card မှာလည်းသိုလှောင်နိုင်စွမ်း
ဖြစ်တဲ့ 64 MB, 128MB, 250MB စတာတွေဟာအရေးပါလှပါတယ်။

Sound Card

အသံပိုင်းအတွက်အကောင်းဆုံးကတော့ Creative ကတ်တွေပါဘဲ။ Motherboard မှာပါတဲ့အ
သံစနစ်ဟာသာမန်အသုံးပြုသူတွေအတွက်လုံလောက်ပါတယ်။ပိုကောင်းတဲ့အသံအရည်အသွေးကိုလို
ချင်သူ တွေအတွက်သာ Sound ကတ်စိုက်ပြီးသုံးဖို့လိုပါတယ်။

Casing

Motherboard, Memory, CPU နဲ့ Monitor တို့ကိုစဉ်းစားပြီးတဲ့အခါမှာ Casing လို့ခေါ်တဲ့ပုံး
ကိုစဉ်စားဖို့ လိုအပ်ပါတယ်။ Motherboard ရဲ့အထိုင်ဟာ Casing မှာ အရေးပါလှပါတယ်။ အောက်ခံ
သံပြား ဟာမာ လေပိုကောင်းလေပါပဲ။ ပြီးတော့ Motherboard ကိုတပ်ချင်တဲ့အခါမှာ အရေးပါတဲ့အ
စိတ်အပိုင်းတွေအဖြုတ်တက်လုပ်ရတဲ့ မူလီဘောက်လေးတွေဟာလည့်း  Motherboard ကြွပြီးလိုက်
ပါမလာဖို့အတွက်အရေးပါလှပါတယ်။လေ၀င်လေထွက်ကောင်းဖို့ကအရေးပါလှပါတဲ့အတွက် Casing
သေးသေးလေးတွေမ၀ယ်ပါနဲ့၊ ပါဝါပိုင်းအတွက်ကတော့ပါဝါများလေပိုကောင်းလေပါဘဲ။ ကွန်ပျူတာ
ကိုဝယ်ယူတဲ့အခါမှာသက်ဆိုင်ရာDriver CD တွေကို ၀ယ်ယူတဲ့ဆိုင်ကနေတောင်းယူပါ။ အမြဲတမ်းက
တော့တခါတည်း ဆိုင်ကပေးလိုက်မှာဖြစ်ပါတယ်။ ဒီCD တွေဟာကွန်ပျူတာကိုပြုပြင်ထိန်းသိမ်းတဲ့အ
ခါမှာ အရေးပါလှတာဖြစ်လို့မပျောက်ပျက်အောင်အသေအချာထိန်းသိမ်းထားပါ။ကွန်ပျူတာကိုဖုန်များ
တဲ့နေရာမှာ မထားပါနဲ့ရေငွေ့ပျံမှုများတဲ့နေရာမှာမထားပါနဲ့၊ ဖြစ်နိုင်လျှင်၆လတစ်ခါ လောက် Casing
ထဲကဖုန်တွေကိုရှင်းလင်းပေးပါ။ ဖုန်တွေဟာရေငွေ့နဲ့တွေ့တဲ့အခါကွန်ပျူတာ ထဲကအီလက်ထရောနစ်
နှင့်အစိတ်အ ပိုင်းတွေကိုပျက်စီးစေတက်ပါတယ်။ကွန်ပျူတာရဲ့Casing ကိုဖွင့်ပြီးကိုင်တဲ့အခါမှာလက်
ကိုသန့်ရှင်းစွာပြု လုပ်ပြီးမှကိုင်တွယ်ဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို
ပျောက်ပျက် စေဖို့အတွက်အလွယ်ကူဆုံးဖြစ်တဲ့မြေကြီးသို့မဟုတ်သံမံတလင်း မှာခဏ ရပ်နားပြီးကိုင်
တွယ်သင့်ပါတယ်။