စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, April 30, 2012

ဖိုးလှကြီးသို့တမ်းချင်း... (မေဒေး.. အလုပ်သမားနေ့အမှတ်တရ)




ဖိုးလှကြီးရေ..

ငယ်ငယ်က ကျောင်းစာမှာဖတ်ခဲ့ဖူးတယ်..။
ဆယ်ပေပတ်လည်အခန်းကျဉ်းထဲ.. အိမ်ထောင်စုတစ်စုလုံးနေကြတယ်တဲ့..
ခင်ဗျားကို...လိုက်ပြချင်ပါတယ်..
စက်မှုဇုံတွေအနီးက မီးမလာတဲ့စုပေါင်းတိုက်ခန်းလေးတွေ.. အဖိချတဲလေးတွေကိုလေ.....။

အိုတီတဲ့ . တအိုတီထဲ တီနေလို့... အိုတီကြေး ၂၅၀ အတွက်...ခေါင်းအမူးခံကျီးပေါင်းတက်ခံ၊ မျက်လုံးအပျက်ခံအလုပ်လုပ်နေတဲ့ဘ၀တွေ....

စီးလာတဲ့ဖယ်ရီကားပြိုင်မောင်းလို့ မနက်အတွက် ဈေးဖိုးတွက်ရင်း... မရဏလမ်း မှာ ဈေးဝယ်ထွက်ခဲ့တဲ့ ဘ၀တွေ..။

မျက်စိသူငယ် . နားသူငယ်နဲ့ နေပူထဲရပ်ပြီး ၂၅၀ အတွက် ရက်ဆက်မတ်တတ်ရပ်တဲ့ဘ၀တွေ..။

ဆွဲဆောင်မှုမျိုးစုံဖျားယောင်း...ကုမဏီပိုင်ရှင်ရဲ့စပွန်ဆာရန် မတွန်းလှန်နိုင်လို့ အလှအတွက်.. ဓန .. အတွက် ဘ၀ပျက်သူတွေ..။

လမ်းမအလယ်မှာ ...ပေါက်တူးကိုင်လို့ အိမ်အပြန်မျက်နှာပန်းလှအောင် ကျွဲပုခုံးထ နှဖူးကချွေးခြေမကျအောင် ကြိုးစားရင်း.. ရန်သူမျိုးငါးပါးရဲ့ သားကောင်ဖြစ်သွားသူတွေ...။

ဘ၀တွေ .. ဘ၀တွေ..... စုတ်ပြတ်ဆင်းရဲနေတဲ့ဘ၀တွေကို.... ခင်ဗျားကိုပြရင်း..........ခင်ဗျားတို့ခေတ်မှာတင်မဟုတ်ဘူး... လို့ ရေးသားရင်း ............။

ကျွန်တော့်လက်တွေ..... စေးထန်းနေသလိုပဲ ................။

Yan Aung

၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သေချာပြန်လေ့လာ ကြရအောင်..




2008 Myanmar Constitution in Burmese and English


2008 Myanmar Constitution in Burmese and English


အင်္ဂလိပ်၊ မြန်မာ(၂)ခု ယှဉ်ဖော်ပြထားတဲ့ အခြေခံဥပဒေ စာအုပ်ပါ..

 ဒေါင်းလုပ်ရယူရန် http://www.mediafire.com/view/?w86kcpmu1aggwbv

NLD ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများကြိုဆို




ကိုမင်းကိုနိုင်ရဲ့ တုန့်ပြန်မှု

"ဒေါ်အောင်ဆန်းစုကြည်ဟာ သဘောထားတင်းမာသူ၊ စေ့စပ်ညှိနှိုင်းလို့ မရအောင် ခေါင်းမာသူ မဟုတ်ဘူး ဆိုတာကို သက်သေပြတာကတော့ နံပတ် တစ်အချက်ပါပဲ။ သူဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်မယ်ဆိုရင် သူတို့ ကိုင်စွဲထားတဲ့မူတွေက အစ ပြန်ပြီးတော့ သုံးသပ်တယ်။ သင့်တင့် လျှောက်ပတ်တဲ့ အဖြေကို ထုတ်တတ်တယ်ဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။ နောက်တခုကလည်း စေ့စပ်ညှိနှိုင်းပြီးတော့ အဖြေရှာတယ်ဆိုတဲ့ အပေါ်မှာ အခုလို အလုပ်ဖြစ်မြောက်ရေးအတွက် လိုက်လျောသင့်တဲ့ ကိစ္စတွေကို လိုက်လျောတယ်ဆိုတာ ကောင်းတဲ့ အစဉ်အလာပါ။ နောက်တခုက မဲဆန္ဒရှင် ပြည်သူတွေက ယုံကြည်မှု အားပြန်ပြီးတော့ ကောင်းလာတယ်။ ပထမ စိုးရိမ်ကြောင့်ကျမှုတွေအားလုံးကိုလည်း ဖယ်ရှားလိုက်နိုင်တယ်။ အားလုံးဟာ ရွှင်မြူးတက်ကြွသွားတာကို တွေ့ရတယ်။ ဒီတခါ တယာက်တလှည့် အလျှော့ပေးကြတယ်ဆိုတာ အင်မတန် လှတဲ့ ပုံရိပ်ပါ ခင်ဗျ။"


NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မကြာခင်မှာ ကျမ်းသစ္စာ ကျိန်ပြီးလွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို ၈၈မျိုးဆက်
ကျောင်းသားများအဖွဲ့က ကြိုဆိုလိုက်ပါတယ်။

ပွင့်လင်းလူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေးအတွက် ရှမ်းပြည်နယ်ကို
ရောက်ရှိနေတုန်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က
ပြောကြားလိုက်တာပါ။

ရွေးကောက်ပွဲမှာ အနိုင်ရပြီး နောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့
ကျမ်းကျိန်လွှာပါ စာသားထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်
စောင့်ရှောက်ပါမည် ဆိုတဲ့ စာသားအစား ၊ လေးစားလိုက်နာပါမည် ဆိုတဲ့စာသားကို ပြင်ဆင်ပေးဖို့ NLD ပါတီက တောင်းဆိုရာက ၊
ဧပြီလ (၂၃) ရက်နေ့က လွှတ်တော်ကို မတက်ရောက်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

 RFA Burmese

နိုင်ငံခြား ခရီးသည်များသာ ( FOREIGNERS ONLY )



မြန်မာအီးက ပိုနံလို့လား
 ============== 

Myanmar Travel & Tours (MTT) မှာ တွေ့လိုက်ရတာဗျာ .... 

ရင်ထဲမှာ အောင့်သွားတယ် .....

 သြော် ငါတို့ မြန်မာတွေ တောင်အာဖရိက မှာလို အမဲတွေ ဖြစ်တော့မှာပါလားလို့ ....... 

MTT - 122 Maha Bandoola Road, Kyanktada Tsp., Ygn. Tel: 371286, 252859.

အစိုးရဌာနဖြစ်ပြီး ဒီလို ပြုမူရလား .... 

ကုမ္ပဏီဆိုရင် ထားလိုက် .... 

ရှယ်ပေးကြဗျာ .... အရမ်းတင်းတယ် . . .

facebook မှ

ရေကြောင်းသိပ္ပံ ကျောင်းသားဟောင်းများအဖွဲ့ ( CE- 24 ) ၏ မြတ်သောဒါန။






ရေကြောင်းသိပ္ပံ ကျောင်းသားဟောင်းများအဖွဲ့ ( CE- 24 ) ၏ မြတ်သောဒါန။

ရေကြောင်းသိပ္ပံမှ ကျောင်းပြီး၍ လုပ်ငန်းခွင်ဝင်နေကြပြီဖြစ်သော ( CE- 24) မှ ကျောင်းသားဟောင်းများ စုပေါင်း၍ အလှူငွေထည့်ဝင်ပြီး ဆင်းရဲနွမ်းပါး၍ ပညာရေး နိုမ့်ကျနေသော ကလေးများအား ကူညီပေးရန် ရည်ရွယ်ချက်ဖြင့် အမေ့အလင်းရောင်ပညာဒါနကျောင်း၊ ကော့မှူးမြို့ နယ်သို့ (၂၉.၄.၁၂) ရက်နေ့ က အောက်ဖေါ်ပြပါ အလှူပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းသွားခဲ့ကြပါသည် ။

(၁) ကလေးများ ဗုဒ္ဓဘာသာအခြေခံရရှိစေရန် ဘုရားဆင်းတုတော်တစ်ဆူ။

(၂) ကလေးများ အလင်းရောင်လုံလောက်စွာဖြင့် ပညာသင်ကြားနိုင်ရန် (၄) ပေ မီးချောင်း (၁၀) ချောင်း။

(၃) ကလေးများ အေးမြသန့် ရှင်းသောရေကို သောက်သုံးနိုင်ရန် ရေအေးစက် (၁) လုံး။

(၄) ကျောင်းရန်ပုံငွေအဖြစ် အလှူငွေ (၈၂၅၀၀၀) ရှစ်သိန်းနှစ်သောင်းငါးထောင်ကျပ်တိတိ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်မှလည်း (USA) မှ ကိုတင်ထက်ကိုကိုနှင့် မောင်နှမများ လှူဒါန်းသည့် Computer တစ်စုံကို သွားရောက်လှူဒါန်းခဲ့ကြပါသည်။

ဤ မြတ်သောဒါနကို အာလုံး သာဓု ခေါ်နိုင်ကြပါစေ။

ပညာရေးကွန်ရက်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

Nik Nayman

သေဒဏ်ကျ မွန်ခေါင်းဆောင် ပြန်လွှတ်




အင်းစိန်ထောင်အတွင်းမှာ သေဒဏ်အပြစ်ပေးခံထားရတဲ့ မွန်ပြည်သစ် ပါတီခေါင်းဆောင် တဦးဖြစ်တဲ့နိုင်ယက္ခ(ခေါ်) မင်းနေဝင်းနဲ့
နိုင်ချိန်းဂကောင်း (ခေါ်) မင်းမျိုးသွေးတို့ကို မော်လမြိုင်မြို့ ကမ်းနားလမ်း
ဟော်တယ်မှာ ဒီကနေ့ နေ့လည်က တရားဝင် လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်ခဲ့ပါတယ်။

မြန်မာအစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုံးမြင့် အပါအဝင် ကိုယ်စားလှယ် (၁၀) ဦးကျော် တက်ရောက်ကြပြီး မွန်ပြည်သစ်ပါတီက ဥက္ကဋ္ဌနိုင်ထောမွန်၊ ဗဟို အလုပ်အမှုဆောင် နိုင်တလညီ အပါအဝင် ကိုယ်စားလှယ်(၉)ဦး တက်ရောက်ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် နိုင်စိုးမြင့်က အခုလိုပြောပါတယ်။

“ဒီကနေ့အစည်းအဝေးက မွန်ပြည်သစ်ပါတီက အကျဉ်းကျနေတဲ့ ရဲဘော်(၂)ယောက်ကို ပြန်လည်လွှဲအပ်ပေးတဲ့ အစည်းအဝေးပါ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသားခွင့် ပေးချက်အရပေါ့၊ ပြည်နယ်ဝန်ကြီးချုပ်က လွှဲအပ်ပေးတာ အတိုင်းထက်အလွန် ဝမ်းသာပါတယ်။ ကျနော်တို့ ရဲဘော်ရဲဘက်တွေ ပြန်လွတ်လာတာလေ နိုင်ငံတော် သမ္မတနဲ့တကွ
နိုင်ငံတော် အစိုးရကို ကျေးဇူးတင်တယ်ပေါ့ဗျာ၊ နောက်ပြီးတော့ ဒီလိုလွတ်မြောက်ခြင်းအားဖြင့် မွန်ပြည်သစ်ပါတီကလည်း ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေး ထာဝရတည်ဆောက်တဲ့နေရာမှာ အများကြီးပို အကျိုးရှိမယ်လို့လည်း ယုံပါတယ်”

နှစ်ပေါင်းများစွာ စစ်အစိုးရရဲ့ သေဒဏ်အမိန့်နဲ့ ထောင်သွင်းအကျဉ်းကျ ခံခဲ့ရတဲ့ နိုင်ယက္ခကတော့ သူ့အနေနဲ့ အင်းစိန်ထောင်ထဲမှာ နိုင်ငံရေး
အကျဉ်းသားတွေ ကျန်ရှိနေသေးတဲ့အတွက် အပြည့်အဝ ဝမ်းမသာနိုင်ဘူး
လို့ပြောပါတယ်။

“ဝမ်းတော့ဝမ်းသာတာပေါ့ဗျာ။ ဒါပေမယ့်အများကြီးတော့ ဝမ်းမသာပါဘူးဗျာ။ ကိုယ့်ရဲဘော်ရဲဘက်တွေ တော်တော်များများ ကျန်နေတော့က အဲဒါဘယ်သူကတော့ အပြည့်အစုံ ဝမ်းသာနိုင်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေပေါ့ဗျာ။ ကျနော်တို့အင်းစိန်မှာတင်ပဲ အယောက်(၃၀)လောက်တော့ရှိမှာ။ လွှတ်မယ်လို့တော့ ပြောတာပဲဗျာ။ ဒါပေမယ့်က ဘယ်အချိန်လာမလဲတော့ ဘယ်သိမလဲဗျ”

နိုင်ယက္ခနဲ့ မင်းမျိုးသွေးတို့နှစ်ဦးကို စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ် ဇူလိုင်(၁၇)ရက်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ သေဒဏ်အပြစ် ပေးခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
 

မြန်မာနိုင်ငံရဲ့ လူဦးရေအတိအကျကိုသိနိုင်ဖို့ လာမယ့်(၂၀၁၄)ခုနှစ် သန်းကောင်စာရင်း ကောက်ယူမည်



မြန်မာနိုင်ငံရဲ့ လူဦးရေအတိအကျကိုသိနိုင်ဖို့ လာမယ့်(၂၀၁၄)ခုနှစ်
သန်းကောင်စာရင်း ကောက်ယူရေးလုပ်ငန်းတွေ အဆင်ပြေအောင် နည်းပညာအရရော ၊ငွေကြေးအရပါ ထောက်ပံ့ကူညီ သွားမယ်လို့
ကုလသမဂ္ဂအဖွဲ့က ဒီကနေ့ ပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့သန်းကောင်စာရင်းကို (31)နှစ်အတွင်းနိုင်ငံတကာ
စံနှုန်းတွေအတိုင်း ကောက်ခံသွားဖို့ ကုလသမဂ္ဂက ကူညီမယ့် အကြောင်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း နဲ့ ဒုသမ္မတဒေါက်တာ
စိုင်းမောက်ခမ်းတို့ နေပြည်တော် မှာ သဘောတူလက်မှတ်ရေးထိုးလိုက်တာ
ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံမှာ သန်းကောင်စာရင်းကောက်ယူမယ့်ကိစ္စကို မစ္စတာဘန်ကီမွန်းက အားတက်သရော ကြိုဆိုလိုက် ပြီး၊ တိုင်းရင်းသား အပစ်ရပ်နယ်မြေတွေက လူဦးရေစာရင်းကောက်ခံနိုင်ရေး ဟာလည်း အရေးကြီးကြောင်း၊ ဒါကြောင့် အပစ်ခတ်ရပ်စဲရေးတွေ အမြန်ဆုံး
အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

သန်းကောင်စာရင်း ကောက်ယူရေးအတွက် ကုလသမဂ္ဂနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက
ကတိပေးပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ သန်းကောင်စာရင်းကို ၁၉၈၃ခုနှစ်က နောက်ဆုံးအကြိမ်
ကောက်ခံခဲ့ပါတယ်။

RFA Burmese
 

တရုတ်ပြည် မြောက်ပိုင်းဒေသရှိတဲ့ ကိုကာကိုလာဖျော်ရည် (Coca-Cola) ထုတ် စက်ရုံမှ ထုတ်လုပ်သည့် ကိုကာကိုလာဖျော်ရည်များတွင် ကလိုရင်းဓါတ် (Chlorine chemical) များပြားစွာ ပါဝင်ကြောင်း စစ်ဆေးတွေ့ ရှိရ




တရုတ်ပြည် အေအက်ပီသတင်းဌာနက ထုတ်ပြန်ချက်အရ - တရုတ်ပြည် မြောက်ပိုင်းဒေသရှိတဲ့ ကိုကာကိုလာဖျော်ရည် (Coca-Cola) ထုတ်တဲ့ စက်ရုံမှာ ကိုကာကိုလာဗူးများအတွင်း ကလိုရင်းဓါတ် (Chlorine chemical) တွေပါရှိကြောင်း စစ်ဆေးတွေ့ ရှိတဲ့အတွက် ထုတ်လုပ်မှုကို ရပ်ဆိုင်းခံထားရပါတယ်။

ကလိုရင်းဓါတ်ကို ရေသန့် စင်ရန် ရေထဲရှိ ဘက်တီးရီးယားပိုးမွှားများကို သတ်ဖို့  ဆေးခတ်ထည့်လေ့ရှိကြပါတယ်။ ရေသန့် စင်မှု၌ သတ်မှတ်ထားသည့် အချိုးကျ ရောစပ်မှုနှင့် ပါဝင်မှုနှုန်းထား မှန်ကန်ပါက လူအတွက် အန္တရာယ် မရှိနိုင်သော်လည်း အစားအသောက်များတွင် ကလိုရင်းဓါတ် ပါဝင်မှုနှုန်း သုံးစွဲမှုနှုန်းများရင်တော့ လူကိုပါ အန္တရာယ်ရှိစေနိုင်ပါတယ်။

ဘီဘီစီ ဘန်ကောက်ရုံးအနီး ဆန္ဒပြပွဲ


ဘစောတင် ရေးသားသည်)

လွန်ခဲ့သောနှစ်က ဘီဘီစီ သတင်းထောက်တဦးဖြစ်သူ Anna Jones သည် မြန်မာနိုင်ငံ မြေပုံပေါ်တွင် တိုင်းရင်းသား လူမျို အသီးသီး၏ ပုံကိုဖော်ပြရာ၌ ရခိုင်ပြည်နယ်နေရာတွင် မိမိတို့ဘာသာ ရိုဟင်ဂျာဟု အမည်သစ်မှည့်ကာ မြန်မာ တိုင်းရင်း သားအဖြစ် ရရှိရေးအတွက် သမိုင်းလိမ်များဖြင့် ကြိုးစားနေကြသော ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စစ်တကောင်းသား ဘင်္ဂလီ ကုလားများ၏ ပုံကို ဖော်ပြခဲ့သဖြင့် ယင်းအမှားကို ၀န်ချတောင်းပန်ရန် နိုင်ငံတကာရောက် ရခိုင်များက အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ပြန်လည်တောင်းပန်မှု တစုံတရာ မပြုလုပ်သောကြောင့် ဘန်ကောက်မှ ရခိုင်အများစု ဦးဆောင်သော မြန်မာနိုင်ငံ သား ၅၀၀ ၀န်းကျင်သည် ယမန်နေ့ နေ့လည်ပိုင်းက ဘန်ကောက်မြို့လယ်ခေါင်ရှိ ဘီဘီစီ သတင်းဌာန တည်ရှိရာ အဆောက်အဦကြီးအနီးတွင် ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံ မြေပုံကို တိုင်းရင်းသားများပုံဖြင့် ဖော်ပြရာတွင် ရခိုင်ပြည်နယ်နေရာ၌ မြန်မာနိုင်ငံ သမိုင်း၌လည်းကောင်း။ ရခိုင်တို့ သမိုင်း၌လည်းကောင်း မရှိခဲ့ဖူးသော လူမျိုးတမျိုးကို ထည့်သွင်းဖော်ပြခြင်းမှာ ရခိုင်တို့ကိုသာမက မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကိုပါ ထိပါးစော်ကားဖြင်း ဖြစ်ကြောင်း ဤဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်သူ ကိုအံ့မောင်က ဆိုသည်။

´အင်နာဂျုံးစ်ဆိုတဲ့ ဘီဘီစီ သတင်းထောက်တယောက်က အမှားအယွင်းတခုကို ရည်ရွယ်ချက်ရှိရှိ ကျနော်တို့အပေါ် ကျူးလွန်ထားပါတယ်။ ဒါကတော့ ကျနော်တို့သမိုင်းမှာ မရှိတဲ့ လူမျိုးတမျိုးကို ကျနော်တို့လူမျိုးကိုတောင် မဖော်ပြတော့ ဘဲနဲ့ ကျနော်ပြည်နယ်ရဲ့ ကိုယ်စားပြု ရုပ်ပုံအဖြစ် အသုံးပြုခဲ့တယ်။ ဒါကို ဘီဘီစီ သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတယ်။ ဒါဟာ ကျနော်တို့ကို စော်ကားတာ မဟုတ်လား။ ဒီဘင်္ဂလီကုလားတွေနဲ့ ကျနော်တို့ရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားကို ဒီသတင်းထောက်က မသိဘဲနေမလား။ ဘီဘီစီ သတင်းဌာနကရော သိသိကြီးနဲ့ တမင်တကာ လုပ်လိုက်တာ မဟုတ်လား။ ဒီထက်ပြောရရင် မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကိုပါ ထိပါးစော်ကားတာ မဟုတ်လား။ ဒါကြေင့် ကျနော်တို့ အဲဒီ သတင်းထောက်မနဲ့ ဘီဘီစီ သတင်းဌာနတို့က ကိုယ့်အမှားကို ၀န်ခံပြီး တောင်းပန်ဖို့ ဆန္ဒပြ တောင်းဆိုကြတာ ဖြစ်ပါတယ်´ ဟု ဧရာဝတီသို့ ပြောသည်။

အင်နာဂျုံးစ်သည် ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် Bleak Outlook for Burma’s Ethnic Group အမည်ရှိ ဆောင်းပါးတစောင်ကို ရေးသားရာ၌ ရခိုင်ပြည်နယ်မြေပုံတွင် ရခိုင်လူမျိုးပုံကို အသုံးမပြုဘဲ ရိုဟင်ဂျာ အမည်ခံ စစ်တကောင်းသား ဘင်္ဂလီကုလားပုံကို ဖော်ပြခဲ့သဖြင့် ရခိုင်များက မကျေမနပ်ဖြစ်ကာ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ရိုဟင်ဂျာ အမည်သစ်ကို ဘင်္ဂလီများ စတင်သုံးစွဲလာခဲ့သည်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ဖြစ်သည်။ ယခင်က ယင်းတို့ကို မူဂျာဟစ်များ ကုလားဆိုးများဟုသာ ခေါ်တွင်ခဲ့သည်။ သူတို့သည် ရခိုင်ပြည်နယ်မှ ရသေ့တောင် ဘူးသီးတောင်နှင့် မောင်တော မြို့နယ် ၃ခုကို မူဆလင် ပြည်နယ် အာကစ္စတန်အဖြစ် ရယူရန်ကြိုးစားနေသည်။

ရခိုင်သမိုင်းကိုလည်း ရိုဟင်ဂျာသမိုင်းအဖြစ် လိမ်လည်ရေးသားကာ နိုင်ငံတကာကို ၀ါဒဖြန့်လျှက် ရှိသည်။ ထို့ပြင် လူ့အခွင့်အရေးကို ခုတုံးလုပ်ကာ မြန်မာအစိုးရ နှိပ်စက်သည်။ ရခိုင်များက လူ့အခွင့်အရေး ချိုးဖောက်သည်ဟု နိုင်ငံတကာသို့ ၀ါဒဖြန့်လျှက် သူတို့ကိုသူတို့ သနားစရာ လူမျိုးတမျိုးဖြစ်လေဟန် ၀ါဒဖြန်နေကြသည်မှာ ယာရှင်ကို မျောက်မောင်းသည့်အဖြစ်နှင့်တူကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ ကိုအောင်ဝင်းက ဆိုသည်။

´သူတို့က လူ့အခွင့်အရေးကို အရေခြုံကာ နိုင်ငံတကာမှာ လိုက်ပြီး သူတို့ဟာ လူ့အခွင့်အရေး မရဘူး။ တိုင်းရင်းသား အခွင့်အရေးမရဘူး။ နိုင်ငံသား အခွင့်အရေးမရဘူးဆိုပြီး မျက်ရည် ကျပြကြတယ်။ သူတို့နောက်မှာ မူဆလင်ဘာသာ ကမ္ဘာကို ပြန့်နှံ့ရေးအတွက် ငွေကြေးပုံအောပြီး ထောက်ပံ့ပြီး ၀ါဒဖြန့်ချီနေတဲ့သူတွေလည်း ရှိတယ်။ ဒီတော့ လူ့အခွင့် အရေး သမားတွေကလည်း ´ယာရှင်ကို မျောက်မောင်း´ နေတဲ့ အဖြစ်မှာ ယာရှင်ဘက်က မကူဘဲ မျောက်တွေ ဘက်ကသာ ဘက်လိုက်ဖော်ပြနေကြတော့ ဘယ်လောက်တောင် ရီစရာ ကောင်းနေသလဲဗျာ။ ဒါပေမဲ့ ကျနော်တို့ ရခိုင်သားတွေမှာတော့ ဒီကိစ္စမှာ ရီနိုင်ဖို့ မပြောနဲ့ တွေးမိတိုင်း အသည်းနာပြီး ဒေါသတွေ ပေါက်ကွဲပြီးရင်း ပေါက်ကွဲနေရတယ်´ ဟု ဆိုသည်။


မနေ့က ဆန္ဒပြရာတွင် ပါဝင်သူများသည် အင်နာဂျုံးစ်နှင့် ဘီဘီစီ သတင်းဌာနက မြန်မာလူထုကို ၎င်းတို့ ကျူးလွန်ထား သော အမှားအတွက် ၀န်ချတောင်းပန်ရန် မွန်းတည့်နေအောက်တွင် ဟစ်ကြွေး တောင်းဆိုခဲ့ကြသည်။ မနေ့ တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ဘီဘီစီ သတင်းဌာနရုံးခန်း ပိတ်ထားသည်ဟု သိရသည်။

ထို့ကြောင့် ဆန္ဒပြသမားများ၏ တောင်းဆိုချက်ကို မည်သို့ တုန့်ပြန်မည်ကို မသိရသေးပါ။ အကယ်၍ ယင်းတို့ ကျူးလွန်ထားသော အမှုကို တောင်းပန် ၀န်ချခြင်းမရှိပါက နောက်ထပ် ဆန္ဒပြပွဲများ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်းလည်း ဆန္ဒပြပွဲ စီစဉ်သူများ၏ ပြောဆိုချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင်နှင့် ရှမ်းဟူသော လူမျိုးအုပ်စု ရှစ်ခုရှိသည်။ ယင်းတို့၏ မျိုးနွယ်စုဝင် လူမျိုးပေါင်း ၁၃၅ မျိုးရှိရှာ ရိုဟင်ဂျာဟူသော လူမျိုး မပါရှိပါ။

ယခင်က ရိုဟင်ဂျာကုလားများအရေးနှင့် ဆက်စပ်လျှင် ရခိုင်များနှင့်သာ ဆိုင်သည်ဟု သဘောထားကြသော်လည်း ယခုအခါ အခြားသော မြန်မာနိုင်ငံသားများကလည်း ယခုအရေးသည် အမျိုးသားရေးအဖြစ် ရှုမြင်လာကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ ရန်ကုန်သား ကိုမောင်မောင်က ပြောသည်။

´ကျနော် ရန်ကုန်မှာတုန်းကတော့ သတိလည်းမထားမိဘူးဗျ။ ဒီ ရိုဟင်ဂျာဆိုတာကိုလည်း မကြားဖူးပါဘူး။ ထိုင်းကိုရောက်မှဘဲ စတင်ကြားဖူးလာတယ်။ ဒီကောင်တွေ လူပါးဝတာကြည့်ဗျာ။ ရခိုင်မှာနေရင်း အစက သူတို့ကို သူတို့ ရခိုင်ကုလားဆိုပြီး ပြောတယ်။ အခုတော့ ရိုဟင်ဂျာတဲ့။ ပြည်မထဲရောက်တဲ့ ကုလားတွေက သူတို့ကိုယ် သူတို့ မြန်မာမူဆလင်တဲ့။ ကရင်ပြည်နယ်ရောက်တော့ ကရင်မူဆလင်တဲ့။ ကဲ ထိုင်းကိုရောက်ပြန်တော့ ဘာတဲ့ ရှမ်းမူဆလင်တဲ့ အဲသလိုဟာတွေဗျ။ ပြီးတော့ ထိုင်းနိုင်ငံရောက် မြန်မာရိုဟင်ဂျာအဖွဲတဲ့ လုပ်နေကြတာ။ သမိုင်းဟာ အင်ဒိုနီးရှားဟာ ဗုဒ္ဓဘာသာ စစ်စစ်က မူဆလင်နိုင်ငံ ဖြစ်ခဲ့ပြီးပြီ။ ဗောရော ဗုဒ္ဓေါ စေတီတော်ကြီး ဘယ်လို ဖြစ်နေတယ်ဆိုတာကို သမိုင်းကို စိတ်ဝင်စားသူတိုင်း သိမှာပါ။ ရွှေတိဂုံဘုရားကို အဲသလို ကျနော်တို့ အဖြစ်မခံနိုင်ဘူး။ ၂၁ ရာစုမှာ သူတို့ဘာသာ ကမ္ဘာလွှမ်းရေးအတွက် ကျနော်တို့ တိုင်းပြည်ကို အခုလို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာကို မြန်မာတမျိုးသားလုံးက အမျိုးသားရေး အမြင်နဲ့ သတိရှိရှိ မြင်သင့်တယ်လို့ ယူဆပြီး အခုလို ပူးပေါင်းပါဝင် ဆန္ဒပြရခြင်း ဖြစ်ပါတယ်´ ဟု သူက ပြောသည်။

ဆန္ဒပြပွဲကို နံနက် ၁၁ နာရီကျော်မှ စတင်ကာ နေ့လည် ၁၂ နာရီခွဲအချိန်တွင် ရုပ်သိမ်းလိုက်ကြသည်။ ယင်းဆန္ဒပြပွဲတွင် လူဦးရေ ၅၀၀ ၀န်းကျင် ပါဝင်ပြီး ရခိုင်အများစုနှင့် ဗမာ မွန် ကရင် စသည့် တိုင်းရင်းသားများလည်း ပါဝင်ခဲ့ကြသည်ဟု သိရသည်။

ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းလင်းပွဲ




ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်မယ်
မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ မဟာမိတ်တွေရဲ့ မေတ္တာရပ်ခံချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော် စတင်တက်ရောက် တော့မယ်လို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အဖွဲ့ချုပ် ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွေမန်းအပါအ၀င် တိုင်းရင်းသားပါတီတွေ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တက်စေလိုကြောင်း ပြောင်းလဲသင့်တာတွေကိုပြောင်းလဲချင်ကြောင်း စာရေးပြီး မေတ္တာရပ်ခံ ခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ ပါတီမှတ်ပုံတင် ဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါ စာသားတွေကို ညှိနှိုင်းခဲ့စဉ်က ကျမ်းသစ္စာကျိန်ဆိုရမယ့် စာသားကို တစ်ပါတည်း မဆောင်ရွက်နိုင်ခဲ့တာဟာ သူရဲ့ လစ်ဟင်းမှုသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် မေလ ၂ ရက်နေ့ လွှတ်တော်တက်မှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။



အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ပြည်သူ့ လွှတ်တော်အစည်းအဝေးတက်ရောက်မည့် ထုတ်ပြန်ကြေညာချက်။


လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်တက်ပြီး ကျမ်းသစ္စာကျိန်ဆိုမယ်လို့ NLD ပါတီက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဘာကြောင့် ဒီလို ဆုံးဖြတ်တယ်၊ ပါတီရဲ့ ရပ်တည်ချက်က ဘယ်လို ရှိတယ်ဆိုတာကို ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Saturday, April 28, 2012

မလေးရှား မှာ သန့် ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်ရေး လူထုအုံကြွ မှု စတင်





Berish လို့  နာမည် မှည့် ခေါ်ထားပြီး မလေးရှား ဘာသာ စကား နဲ့  Clean လို့  အမည်ရတဲ့
လူထု အုံကြွ မှု တစ်ခု ကို မလေးရှား နိုင်ငံ က အစိုးရ မဟုတ် တဲ့ အဖွဲ့ အစည်း ပေါင်း ၈၄ ဖွဲ့ 
ပေါင်း ပြီး မြို့  တော် ကွာ လမ် လာပူ မှာ ဆန္ဒပြ နေကြ ပြီ ဖြစ်ပါတယ်။

Berish ဆန္ဒပြပွဲ တွေ ကို ၂၀၀၇ ခုနှစ် ကတည်း က စတင် ခဲ့ တာ ဖြစ်ပြီး Berish 2.0 ကို
တော့ ၂၀၁၁ ခုနှစ် ဇူလိုင်လ က ပြုလုပ် ခဲ့ ပါတယ်။ Berish 3.0 ဟာမကြာခင် ကျင်း ပမယ့်
မလေးရှား ရွေးကောက် ပွဲ မှာ လွတ် လပ် ပြီး တရားမျှ တဖို့ နဲ့  ရွေကောက် ပွဲ နဲ့  ပတ်သက်
ပြီး ပြု ပြင်ပြောင်းလဲ မှု တွေ လုပ် ဖို့  ဆော်သြ လှုံ့  ဆော် ဆန္ဒပြ တာ ဖြစ်ပါတယ်။

ရွေးကောက် ပွဲ ကော်မရှင် ဟာ မသမာ မှု တွေ လုပ်တယ် လက်ရှိ ရွေးကောက် ခံ ထားရတဲ့
ဝန်ကြီး ချုပ် နာဂျစ် ရာဇတ် ရဲ့  ပါတီ ကို မျက် နှာ သောပေးတယ် ဆို တဲ့ စွပ် ဆွဲ ချက် တွေ
ထွက် ပေါ်လာ တဲ့ အပြင် ပြီးခဲ့ တဲ့ ရွေးကောက် ပွဲ မှာ လည်း အသက် မပြည့် တဲ့ ကလေး
တွေ ကို မဲ ပေး ဖို့  အခွင့် အရေး ပေးခဲ့ တယ် လို့  ဆို ပါတယ်။

Berish ရဲ့  ဥက္ကဌ ဖြစ်သူ မလေးရှား ရှေ့ နေကောင်စီ ဥက္ကဌ အမျိုးသမီး Ambiga Sreenivasan
က တားဆီး ထားပေ မယ့် လည်း အရောက် ချီတက် မယ် လို့  အယ်(လ)ဂျာဇီးယား သတင်းဌာန
ကို ပြောပါတယ်။

ဒီ နေ့  ကျင်း ပတဲ့ Berish ဆန္ဒပြ မှု မှာ လူပေါင်း ၃၀၀၀၀ နီးပါး လောက် ပါဝင် ဆန္ဒပြ ခဲ့ ကြ ပြီး
ဆန္ဒပြသူ တွေ ဟာ မြို့ လယ်က မာဒေးကား ကွင်းမှာ လာရောက် စုရုံး ခဲ့ ကြ ပါတယ်။

အာဏာရ အမ်နို (UMNO) ပါတီ ရဲ့  လက်ကိုင်တုတ် ရဲ တွေ ကတော့ ဆန္ဒပြ သူ တွေ ကို မီးသတ်
ပိုက် တွေ ၊ မျက် ရည်ယို ဗုံး တွေနဲ့  ပစ်ခတ် ဖြိုခွဲ ပြီး ဖမ်းဆီး ထိမ်း သိမ်း မှု တွေ လည်း ရှိပါတယ်။

မလေးရှား ရွေးကောက် ပွဲ ကို ၂၀၁၃ ခုနှစ်ဆန်း ဒါမှ မဟုတ် ဒီနှစ် ထဲ မှာ ကျင်း ပမှာ ဖြစ်ပါတယ်။





Photo : AP , AFP

မလေးရှား BASIH3.0 AFTERNOON UPDATES

မလေးကြံ့ဖွတ် UMNO ပါတီ၏မဲခိုးမဲလိမ်မှုနှင့် ပတ်ဝန်းကျင်ကိုညစ်ညမ်းစေသော Rare Earth Plant LYNAS အားဆန့်ကျင်သောဆန္ဒပြပွဲကြီး

ကွာလာလမ်ပူမြို့တော်လွတ်လပ်ရေးရင်ပြင်တ၀ိုက်ရှိဧရာမလူအုပ်ကြီး
— at Dataran Merdeka.

မလေးရှားရဲများမှငြိမ်းချမ်းစွာဆန္ဒပြသူများကိုမီးသတ်ပိုက်များဖြင့်လိုက်ထိုး
— at Dataran Merdeka.

မလေးရှားရဲများမှမျက်ရည်ယိုဗုံးများဖြင့် ဆန္ဒပြပြည်သူများကိုအကြမ်းဖက်တိုက်ခိုက်
— at Dataran Merdeka

Federal Reserve Unit ဟုခေါ်သော မလေးရှားစွမ်းအားရှင်များ
— at Dataran Merdeka

ကွာလမ်လမ်ပူမြို့လယ်ခေါင်တွင်ချီတက်နေကြသောမလေးရှားဆန္ဒပြပြည်သူများ
— at Dataran Merdeka

မလေးရှားရဲတွေက ပြည်သူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ပေါက်

Tear gas fired at Bersih 3.0





Why the Need for Bersih 3.0?
by Kee Thuan Chye

The call to rally has been made. There's going to be a Bersih 3.0. Those who have been waiting for it are ecstatic.

April 28 is the day, and this time the anti-Lynas group, Himpunan Hijau, will be joining in. It looks like this is going to be more than just about electoral reform. It seems to have gone beyond that. It looks like those who are going to turn up for the rally will be declaring their stand against the Government and its administration of the country.
http://www.tindakmalaysia.com/threads/4731-BERSIH-3-0-Why-the-Need-for-Bersih...


မလေးကြံ့ဖွတ် UMNO လက်ကိုင်တုတ် မလေးရှားစွမ်းအားရှင် PDRM မှ ပိတ်ဆို့ထားသောအတားအဆီးများကို ဆန္ဒပြမလေးရှားပြည်သူများမှ ဖောက်ဝင်...

မလေးရှားရဲများ၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိလာသူတဦး











Malaysian police have clashed with thousands of protesters who are calling for an overhaul of the country's electoral system.

Security forces fired tear gas and water cannon at demonstrators in the capital Kuala Lumpur.

Al Jazeera's Harry Fawcett, reporting from the capital Kuala Lumpur, says he himself has experienced "some police violence".





Malaysian police have clashed with tens of thousands of protesters calling for an overhaul of the country's electoral system.

Security forces in the capital fired tear gas and water cannon at the demonstrators, after they broke through a barricade near Independence square.

Malik Imtiaz Sarwar, a Malaysian lawyer and president of the National Human Rights Society, tells Al Jazeera the demonstrators should have been allowed to protest peacefully.

ဗိုလ်နှုတ်ခမ်းမွှေး၏ဒေသအား နိုင်ငံတကာမူးယစ်တပ်ဖွဲ့များ လာရောက်စစ်ဆေးရန် ဖိတ်ခေါ်

ထိုင်းနိုင်ငံမှ အလိုရှိဆုံးဖြစ်သည့် မူးယစ်ရာဇာ ၂၅ဦးတွင် ကလိုထူးဘောတပ်ဖွဲ့၏ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးအား ထည့် သွင်းထားခြင်းသည် အကြောင်းပြချက်မခိုင်လုံသည့် ဖြစ်စဉ်ဖြစ်သောကြောင့် နိုင်ငံတကာ မူးယစ်တပ်ဖွဲ့များအနေဖြင့် မိမိတို့ဒေသကို လာရောက်စစ်ဆေးရန် ဖိတ်ခေါ်ပါကြောင်းဧပြီ ၂၇ရက်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၏စွပ်စွဲချက်များသည် မှားယွင်းနေခြင်းကြောင့် ကာယကံ ရှင်နှင့် ယင်း၏တပ်ဖွဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့ရုံသာမက ကရင်အမျိုးသားထုတစ်ရပ်လုံးနှင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ကိုပါ ကျဆင်းစေခဲ့သည့်အတွက် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အရေးယူ ဖြေရှင်းရ မည် ဖြစ်ကြောင်းပါရှိသည်။

ယင်းကြောင့် မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(DEA)နှင့် နိုင်ငံတကာမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ သည် ယင်းတို့၏ ဒေသသို့ လာရောက်လေ့လာ ကြည့်ရှုစေလိုပါကြောင်း ပါရှိသည်။

ထိုင်းအစိုးရအနေဖြင့်အလိုရှိဆုံးသောမှုးယစ်ရာဇာ၂၅ဦးစာရင်းကို ဧပြီ၂၀ရက်က ထုတ်ပြန်ခဲ့ပြီး ရွှေတြိဂံနယ်စပ် တွင် လှုပ်ရှားနေသည့် နော်ခမ်းနှင့် ကရင်ပြည်နယ်ရှိ ကလိုထူးဘောတပ်ဖွဲ့မှ ဗိုလ်ချုပ် စောလားပွယ်(ခ) နှုတ်ခမ်းမွှေးနှင့် ယင်ဆေးဆိုသူတို့ ပါဝင်ခဲ့ပြီး နော်ခမ်းကို ဧပြီ ၂၆ ရက်မနက်တွင် တာချီလိတ် ဒေသမှာ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

KP


Yangon Chronicle

မလေးရှား သတင်း






လူ နှစ်သောင်းကျော်ခန့်  ပါဝင်တဲ့ လူထုကြီး ဟာ ရွေးကောက်ပွဲ မှာ တရားမျှ
တမှု ရှိ ဖို့  အတွက် ဆန္ဒပြ ဖို့ မာဒေကား နန်းတော် ကို ချီတက် လာကြ ပါပြီင်္။

ဆန္ဒပြသူ တွေ ကို ဖြို ခွဲ မယ့် ရဲတွေ ကလည်း အဆင်သင့် စောင့်ဆိုင်းနေ




မလေးရှားရောက် မြန်မာတို့အတွက် သတင်း


ဒီနေ့၂၈.၄.၂၀၁၂ မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ မာဒေးကားကွင်း (မြန်မာဆိုင်များပတ်ဝန်းကျင်) တစ်လျှောက် တွင် မလေးရှားအစိုးရ အတိုက်ခံပါတီများ စုပေါင်းဆန္ဒုပြပွဲ ပြုလုပ်မည်ဖြစ်ပါတယ် ။

သို့ပါသောကြောင့် ထိုနေရာများကို နံနက် ၈ နာရီမှ စတင်ပြီး လမ်းအားလုံး ပိတ်ဆို့သွားမည်ဖြစ်ပြီး ပို့ဆောင် ဆက်သွယ်မှု့များဖြတ်တောက်သွားမည်ဖြစ်ကြောင်း အထူးသတိပေးရပါတယ် ခင်ဗျာ။



ပြီးခဲ့တဲ့ ၂၀၁၁ ဂျူလိုက်လ ၉ ရက်နေ့က ပြုလုပ်သွားတဲ့ ဆန္ဒပြပွဲ အတွေ့အကြုံအရ နိုင်ငံခြားသားများ ပါဝင်ပတ်သက်ပါက ပြည်နှင်

ဒဏ်ပေးမည်ဖြစ်ကြောင်းသိရပါတယ်။ ထိုအချိန်က မီးရထားဘူတာ

များတွင် အဆင်သင့်စောင့်ဆိုင်းနေသော ရဲများ ၊ ထောက်လမ်းရေး

များ၏ ဖမ်းဆီးမှု့များကိုကြောက်ပြီးထွက်ပြေးကြသော နိုင်ငံခြားသား

များကို အမိအရဖမ်းဆီးမှု့များရှိတာကြောင့် မနက်ဖြန် ကွာလာလမ်ပူ

မြို့သို့ မသွားကြရန် အထူးသတိပေးရပါတယ်ခင်ဗျား။ ထပ်မံပြီး လိုင်းကားများအားလုံး မူရင်းကားဂိတ်များသို့ ရောက်ရှိမည်မဟုတ်တော့ပဲ နီးစပ်ရာ ရပ်တန့်ဂိတ်များတွင်သာ ရပ်တန့်မည်ဖြစ်ပါတယ်။



LRT,MONO RAIL,KTM ရထားများအားလုံး ရပ်တန့်မှုကန့်သတ်မည့်(သို့)အထူးစစ်ဆေးမည့် ဘူတာများမှာ

1.Mesjid Jamek (LRT)

2.Bandar Raya (LRT,KTM)

3.Huntuah (LRT,MONO RAIL)

4.Paza Sini (LRT)

5. Plaza Rayak (LRT)

စတဲ့ ဘူတာများဖြစ်ပြီး ထိုဘူတာများသို့မြန်မာများ မသွားကြဖို့ အထူးသတိပေး အကြောင်းကြားပါတယ်။



ပြီးခဲ့တဲ့ နှစ်က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံခြားသားများကို သေချာ

စစ်ဆေးပြီးမှ ပြန်လွှတ်ခဲ့တာကြောင့် မိမိတို့ စာရွက်စာတမ်းမှန်ကန်

သော်လည်း မလိုလားအပ်သော ပြဿနာများကို ရင်ဆိုင် ရတတ်ပါ

တယ်။ စာရွက်စာတမ်းမရှိသူများ,UNကိုင်ဆောင်ထားသူများအတွက်

မနက်ဖြန် KL သို့ လုံးဝမလာကြဖို့ အထူးသတိပေးတင်ပြရပါတယ်။

သတ်မှတ်ချိန်မှာ နေ့လည်၂ နာရီဖြစ်ပြီး သတ်မှတ်ယူနီဖောင်းမှာ အဝါရောင် တီရှပ်ပြောင် အနီရောင် တီရှပ်ပြောင်

များဖြစ်တာကြောင့် မနက်ဖြန်အတွက်ထိုအရောင်ပြောင်အကျီများမဝတ်ဆင်ရန်သတိပြုဖို့လိုပါတယ် ကျွန်တော်တို့ 

အွန်လိုင်းမှ အချိန်မှီကြော်ငြာပေးသော်လည်း ပြီးခဲ့တဲ့နှစ်က မြန်မာများစွာ ကေအယ်လ်မြို့လယ်တွင် ဒုက္ခရောက်ပြီး

သွားရန် ကားမရှိ တည်းစရာ ဟော်တယ်မလောက် ၊ စားစရာဆိုင် မရှိဖြင့် အလွန်ကသီလင်တဖြစ်ကြရတာကြောင့်

မနက်ဖြန် KL သွားမည့် သူငယ်ချင်းများကို လက်တို့သတိပေးဖို့ အထူး အသိပေးရပါတယ်ခင်ဗျား။




ဆက်လက်ပြီး မသိရှိသေးသောသူများအတွက် KL တွင်ပြုလုပ်သွားခဲ့သော ၉.၇.၂၀၁၁ ဆန္ဒပြပွဲတုန်းကပုံများကို

ပူးတွဲ တင်ပြရင်း မနက်ဖြန် ကျွန်တော်တို့ဧဒင်ဥယျာဉ်မှ မလေးရှား နိုင်ငံ ကွာလာလမ်ပူရှိ ဆန္ဒပြပွဲသတင်းများကို

ဆက်တိုက် တင်ဆက်ပေးသွားမည်ဖြစ်ပါတယ် ။

KL သွားမည့်သူငယ်ချင်းများရှိပါက မသွားကြရန် လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်းရင်း

Friday, April 27, 2012

ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော


Daw aung san suu kyi meet italy foreign office minister


ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပျော့ပြောင်းပေမယ့် ဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူးလို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂၆ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ အီတလီနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျူလီယို တာဇီ ဒီ ဆန် အဂါဒါ (Mr. Giuliomaria TERZI DI SANT' AGATA) နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ သူက အခုလိုပြောဆိုလိုက်တာပါ။
ဒါ့အပြင် NLD လွှတ်တော် တက်ရေးမတက်ရေး နဲ့ ပတ်သက်လို့ နိုင်ငံရေး ကိစ္စအနေနဲ့ မချဲ့ကားစေချင် ကြောင်း သူ့အနေနဲ့ သမ္မတဦးသိန်းစိန်ကိုယုံကြည်ကြောင်းဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ အီတလီနိုင်ငံခြားရေစ၀န်ကြီး မစ္စတာ ဂျူလီယို တာဇီ ကလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ရပ်တန့်မသွားစေလိုကြောင်း ပြောဆိုသွားခဲ့ပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းက သံဃာတော်ရှင်သူမြတ်တွေကို သတ်ခဲ့တဲ့ ဒု-ဗိုလ်မှူးကြီး အောင်ကျော်က အခု လွှတ်တော်ထဲ ရောက်နေပြီ။


သံဃာတော်ရှင်သူမြတ်တွေကို သတ်ခဲ့တဲ့ ဒု-ဗိုလ်မှူးကြီး အောင်ကျော်က အခု လွှတ်တော်ထဲ ရောက်




ကိုယ်ပိုင်အမှတ် ကြည်း ၁၉၇၁၇၊ အဆင့် ဒုတိယဗိုလ်မှူးကြီး၊ အမည် အောင်ကျော်၊ တာဝန်ထမ်းဆောင်ခဲ့ဖူးသ်ည့ ရာထူး စစ်ဦးစီး(ပထမတန်း) ကနေ နတခ ဌာနမှူး လကခသို့  ၂၀၁၁ ခုနှစ်မှာ ပြောင်းရွှေ့ တာဝန်ပေးခံခဲ့ရသူ ဖြစ်ပါတယ်။ အခုတော့ ဧပြီလ (၂၂) ရက်နေ့ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့  ဗိုလ်မှူးစိုးသီဟကျော်နေရာမှာ အစားထိုးပေးခဲ့တဲ့ မင်းအောင်လှိုင်ရဲ့  တစ်မတ်သား စစ်တပ်ကိုယ်စားလှယ် ဖြစ်သွားပါပြီ။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့ မှာ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်နေရာမှာ ဆက်သွယ်ရေးစက်ကို လက်ကကိုင်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် မေတ္တာပို့ ခဲ့ကြတဲ့ သံဃာတော်ရျင်သူမြတ်တွေကို ပစ်ခတ်သတ်ဖြတ်ဖို့  ကွပ်ကဲအမိန့် ပေးခဲ့တဲ့ သံဃာသတ်သမား နအဖလက်ပါးစေ ဒု-ဗိုလ်မူးကြီး အောင်ကျော် တပ်မ(၇၇) က ဖြစ်ပါတော့တယ်။


၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း သံဃာတော်ရှင်သူမြတ်တွေကို ရိုက်နှက် သတ်ဖြတ်၊ မစုစုနွေးလို အမျိုးသမီးကောင်းတွေကို လူမြင်ကွင်အလယ်မှာ ရိုင်းပြစွာ ဆွဲလားရမ်းလားနဲ့  အကြမ်းဘက် ဖမ်းဆီး၊ ဂျပန်နိုင်ငံသား သတင်းထောက် ကန်ဂျိ နာဂအိကို ရက်စက်စွာ ပစ်သတ်ခဲ့တဲ့ အကြမ်းဘက်သမား မိစ္ဆာဒိဌိတွေရဲ့ ဦးဆောင်ကြီးကြပ်ကွပ်ကဲသူကတော့ ပဲခူးမြို့ အခြေစိုက် တပ်မ (၇၇) က ဒု-ဗိုလ်မူးကြီး အောင်ကျော်၊ ယခု နေပြည်တော် လွှတ်တော်တက်ဖို့  ဗိုလ်မှူးကြီး ဗိုလ်မှူးချူပ်ရာထူးအဆင့်တွေနဲ့  အစားထိုးလိုက်တဲ့ထဲက တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး အောင်ကျော် (ကိုယ်ပိုင်အမှတ် - ၁၉၇၁၇) ဘဲ ဖြစ်ပါတယ်။

သိန်းစိန်တို့ ရဲ့  သန့် ရှင်းအစိုးရဖြစ်ရမယ်လို့ ပြောနေတာတွေ လူသတ်ကောင် (အထူးသဖြင့် ပြည်သူတွေကိုသာမက သံဃာတော်ရှင်သူမြတ်တွေကိုပါ ပေါ်တင်သတ်ဖြတ်ခဲ့တဲ့) အောင်ကျော်လို စစ်တပ်က ဗိုလ်မှူးကြီးတွေကို လွှတ်တော်ထဲ ထည့်သွင်းပြလိုက်တာ မိုက်ရိုင်းလွန်းပါတယ်။

Nik Nayman

ပြည်ပ မြန်မာမီဒီယာများသို့ (ကိုချိုတူးဇော်ရဲ့ ပေးစာ)




သတင်းမီဒီယာကြီးတခု က ကျနော့်အမကြီးတယောက်ကို ဘာဖြစ်လို့ သတင်းဌာနတွေက ရိုဟင်ဂျာတွေရဲ့ အင်တာဗျူးတွေ၊ သတင်းတွေကို ခုလို မဟုတ်မမှန်မှန်းသိနေရဲ့နဲ့ (မြန်မာလူမျိုးတွေအနေနဲ့) တင်နေရတာလဲ လို့ မေးခွန်းထုတ်မိပါတယ်။
ဒီတော့ အဲဒီအမကြီးပြောတာက သူတို့တွေက lobby လုပ်တတ်တယ်တဲ့။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် ဆီထိ ပေါက်ရောက်အောင်၊ ကွန်ဂရက် ထဲ ပေါက်ရောက်အောင်၊ ဆီးနိတ်ထဲ ပေါက်ရောက်အောင် လုပ်နိုင်တယ်။
လုပ်မယ့်သူလည်း ရှိတယ်။ ဒီတော့ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ် ဟာ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာတို့ရဲ့ ဌာနီဖြစ်လာရပြီး၊ ဘင်္ဂလားဗုဒ္ဓဘာသာရခိုင်တို့ ကျူးကျော်နယ်ချဲ့ထားရာ ဖြစ်လာစေပါတယ်။
သတင်းဌာနတွေက ဒီလိုတက်လာတဲ့ ဟာတွေ ကို ငြင်းလို့မရပါကြောင်း ပြောလေတယ်။


အင်း . .. ထားပါတော့လေ. . .

"ရိုဟင်ဂျာ" ဆိုတာ အင်မတန်မှ သနားစရာကောင်းတဲ့ လူမျိုးရေးခွဲခြားဖိနှိပ်မှုကို ခံနေရတဲ့ လူမျိုးစုအခွင့်အရေး မရရှာတဲ့ မြန်မာပြည်တွင်းက တိုင်းရင်းသားလူမျိုးစုလေးပါ လို့ ကမ္ဘာ က ရှုမြင် သနား စရာဖြစ်လို့လာတယ်။ မြန်မာတွေ၊ ရခိုင်တွေဟာ အင်မတန်မှ လူမျိုးရေးခွဲခြား ဖိနှိပ်တတ်တဲ့ အရိုင်းအစိုင်းတွေ လို့ ဖြစ်လာတယ်။

အဲဒီလိုဖြစ်အောင် lobby လုပ်ထားကြတယ်။

ကျနော်တို့ဘက်က ဘယ်သူမှ လုပ်မယ့် လူမရှိဘူးလားဗျာ။
နိုင်ငံရေး ဆိုတာ ကိုယ့်နိုင်ငံ ရဲ့ အချုပ်အခြာအာဏာအတွက် နည်းမျိုးစုံကျူးကျော်လာတာ ကို ခုခံကာကွယ်ရေးနော်။ ဗိုလ်ချုပ်အောင်ဆန်း က ပြတ်ပြတ်သားသားပြောခဲ့ဖူးတယ်။
"ကျနော် အင်္ဂလိပ်ကိုလည်း မမုန်းပါဘူး၊ ဂျပန်ကိုလည်း မမုန်းပါဘူး ဒါပေမယ့် ကျုပ်တို့တိုင်းပြည်ကို မတရားနည်းလမ်းနဲ့ ကျူးကျော်လာရင်တော့ အင်္ဂလိပ်ဖြစ်ဖြစ် ဂျပန်ဖြစ်ဖြစ်၊ ဘာလူမျိုးကိုမဆို ဆန့်ကျင်တိုက်ခိုက်သွားမှာပဲ" တဲ့ဗျာ။

ကျနော်တို့ လူမျိုးရေး မုန်းတီးမှု၊ ဘာသာရေးခွဲခြားမှု တွေ အတွက် ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ခုပြောနေတာ မဟုတ်မမှန်တဲ့ သတင်းအချက်အလက်၊ သမိုင်းအထောက်အထားတွေနဲ့ ဒီလိုတွေ လုပ်နေတာကို ချေပ တုန့်ပြန်ဖို့လိုတယ်။

ခင်ဗျား ဘယ်မှာပဲ လုပ်လုပ်
ဘာအလုပ်ပဲ လုပ်လုပ်
ကိုယ့်ကိုယ်ကိုယ် "နိုင်ငံရေး" ခံယူချက်ရှိတဲ့ မြန်မာ
တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ရှိတဲ့ မြန်မာ ဆိုရင် ခင်ဗျားတတ်စွမ်းသလောက်
ဆန့်ကျင်ချေပ ဖို့ လိုပါတယ်။

အင်္ဂလိပ် လို ကောင်းကောင်းပြောတတ်
ရေးတတ်တဲ့သူများ
ဟောဒီ အမေရိကားကြီးက အမြို့မြို့အနယ်နယ်မှာ များမြောင်လှပသော "မြန်မာ" ကွန်မြူနီတီ အဖွဲ့အစည်းများ ဒီကိစ္စ ကို ၀ိုင်းဝန်းရေးသားကြ၊ စာတွေ ပို့ကြ၊ ကန့်ကွက်ကြဖို့ နှိုးဆော်ပါတယ်။
အနယ်နယ် အရပ်ရပ် က မြန်မာမှန်သမျှ ကလည်း ဒီကိစ္စ ကို ၀ိုင်းဝန်း ကန့်ကွက်ကြဖို့လိုပါတယ်။

သတင်းဌာန တွေ ကိုလည်း မေးခွန်းထုတ်ချင်ပါတယ်
လခစား မို့ လုပ်ရပါတယ် ဆိုရင် ခင်ဗျားတို့ လုပ်ပိုင်ခွင့်ထဲကနေ ဒီကိစ္စ ကို ဆန့်ကျင်လို့
ချေပလို့ကော မရဘူးလား လို့။
ဥပမာ ရခိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ ရဲ့ အမြင်တွေ ကို အင်တာဗျူးအပြိုင်တင်ပေးတာ၊
မြန်မာအဖွဲ့အစည်းအသီးသီးရဲ့ အမြင်တွေ၊ ပညာရှင်တွေရဲ့အမြင်တွေ၊ ချေပချက်တွေကို
ထုတ်လွှင့်ပေးတာ တို့ပေါ့ဗျာ။

ဒါမျိုးကိုတော့ အားမထုတ်ပဲ
"ရိုဟင်ဂျာ" ကိုသာ ဇောင်းပေးတင် တာဆိုရင်
ခင်ဗျား တို့ကိုယ်နှိုက်က ဘယ်လိုရပ်တည်ချက်ဆိုတာ
ထင်ရှားလို့နေပြီ ဆိုတာ ရှင်းနေပြီပဲ။
သတင်း ဌာန မို့ပါ။ သတင်း မို့ပါ ဆိုတာ ဟာ
ရိုဟင်ဂျာ ကုလားကို မြန်မာ လုပ်စရာ "မြန်မာ" တယောက်အနေနဲ့
လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်ပါဘူး။

သတင်းဌာနမှာ လုပ်နေတဲ့ မိတ်ဆွေ အားလုံး ကို ရင်ဘတ်ဖွင့်ပြီး ပြောချင်တယ်။
ခင်ဗျားတို့ထဲက အများစုဟာ ၈၈ ကထွက်လာတဲ့သူတွေပါ။
လမ်းပေါ်မှာ သေမှာမကြောက်ပဲ ထွက်ခဲ့တဲ့သူတွေ၊
တောထဲမှာ သေမှာမကြောက်ပဲ တိုက်ပွဲဝင်ခဲ့တဲ့သူတွေ
သမိုင်းမှာ သူရဲကောင်းစာရင်းဝင်ခဲ့တဲ့ တိုင်းပြည်ကို တကယ်ချစ်တဲ့သူတွေပါ။
ခုချိန်မှာ ခင်ဗျားတို့လုပ်နေတဲ့အလုပ်တွေဟာ
ဘာလဲ
ဘယ်လဲ ဆိုတာ သေချာပြန်ဆန်းစစ်ကြစေချင်တယ်။
အထူးသဖြင့်
တခါလာ လူ့အခွင့်အရေး
တခါလာ ဒီမိုကရေစီ အကြောင်းပြပြီး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနဲ့ပါတ်သက်ပြီး
ထိခိုက်နစ်နာစေမယ့် အလုပ်တွေလုပ်တာ "နိုင်ငံရေး" လည်းမဟုတ်ဘူး။
အင်မတန်မှ ဒီမိုကရေစီ ပြည့်ဝ လှပါတဲ့ အမေရိကန် နိုင်ငံကြီးတောင် နိုင်ငံခြားရေးမူဝါဒ ကို အမေရိကန်နိုင်ငံ၏အကျိုးစီးပွားကိုရှေ့ရှုသည် လို့ အတိအလင်း ရေးထားတယ်။
ခင်ဗျားတို့ တသက်လုံး သတင်းသမား ဖြစ်မယ် မဖြစ်ဘူး မသေချာပေမယ့်၊
ခင်ဗျားတို့ တသက်လုံး မြန်မာ ဖြစ်နေသရွေ့ မြန်မာ လို့ စဉ်းစား ဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

ချိုတူးဇော်

NLD အမတ်များ သြစတြေးလျသို့ ချစ်ကြည်ရေးခရီးစဉ် သွားမည်




သြစတြေးလျ လေဘာပါတီ၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးဇေယျာသော်နှင့် NLD လူငယ်ဖြစ်သည့် အဆိုတော်လင်းလင်းတို့ သြစတြေးလျနိုင်ငံသို့ သွားရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“မနက်ဖြန် စပြီး ရန်ကုန်က ထွက်မယ်။ ဒီခရီးစဉ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင်စေလွှတ်တာပါ။ သြစတြေးလျ လေဘာပါတီက ဖိတ်လို့ပါ။ စုစုပေါင်း ၄ ယောက်ပါ” ဟု ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
သြစတြေးလျသို့ ရောက်ရှိစဉ် ဆစ်ဒနီတက္ကသိုလ်တွင် နိုင်ငံရေးဆိုင်ရာ ဘာသာရပ်တခုကို ၅ ရက်ကြာ လေ့လာကြမည်ဖြစ်ပြီး သြစတြေးလျနိုင်ငံ လွှတ်တော်များသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ထို့ပြင် သြစတြေးလျ လွှတ်တော်အမတ်များ၊ နိုင်ငံရေးသမားများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
NLD မှ လွှတ်တော်အမတ်တချို့ လွှတ်တော်တက်ရောက်ခြင်းမရှိဘဲ သြစတြေးလျနိုင်ငံ သွားရောက်မည့်ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ လွှတ်တော်ရုံးသို့ တရားဝင် အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

“အခုအခြေအနေမှာ ကျမ်းကျိန်လွှာ အခက်အခဲကြောင့် ကျနော်တို့ လွှတ်တော် မတက်နိုင်သေးဘူး။ ဒါပေမယ့်လည်း ခရီးသွားမယ့်သူတွေက ရွေးကောက်ခံ ကိုယ်စားလှယ်တွေဖြစ်နေတော့ လွှတ်တော်ရုံးကိုတော့ တရားဝင် အကြောင်းကြားထားတယ်။ ကျနော်တို့ ခရီးသွားနေစဉ်မှာ ကျမ်းကျိန်လွှာကိစ္စ အဆင်ပြေလို့ တခြားအမတ်တွေ လွှတ်တော်တက်ကြမယ်ဆိုရင်လည်း ကျနော်တို့ ခရီးလွန်နေလို့ လွှတ်တော် မတက်နိုင်တဲ့အကြောင်း ပါတီကနေ တရားဝင်ခွင့်တိုင်ပေးမှာပါ” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယင်းခရီးစဉ်နှင့် ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်တဦးက နိုင်ငံရေးပါတီများအကြား ချစ်ကြည်ရေးရင်းနှီးမှုဆိုင်ရာ ခရီးစဉ်မျိုးဖြစ်ကြောင်း ပြောသည်။

“ဒါက ဟိုဘက်ပါတီက ဖိတ်တယ်။ ဒီဘက်က သွားတယ်။ ချစ်ကြည်ရေးပုံစံပါပဲ” ဟု ၄င်းက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နိုင်ငံရေးပါတီတချို့မှ ပါတီဝင်များနှင့် အမတ်တချို့လည်း ၂၀၁၁ ခုနှစ်အတွင်း ဖိတ်ကြားမှုများအရ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တရားဝင် သွားရောက်ခဲ့ကြသည်ဟု သိရှိရသည်။
NLD လွှတ်တော်အမတ်များ ဦးဆောင်သွားရောက်ကြမည့် သြစတြေးလျခရီးစဉ်သည် ဧပြီလ ၂၈ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်သည်။

By- အောင်သက်ဝိုင်း(ဧရာဝတီ)

အပျက်များနေတဲ့ ကျပ်နှစ်သိန်းတန်ဖုန်းကဒ်




၂၀၁၂ ခုနှစ် ဧပြီလ ၉ရက်နေ့မှာ စတင် ချထားပေးခဲ့တဲ့ ကျပ်သိန်းနှစ်သိန်းတန် GSM ဖုန်းများဟာ ဝယ်ယူပြီး မကြာမီမှာပဲ ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်မှာ ဝယ်လိုအားများနေတဲ့ ကျပ်(၂)သိန်းဖုန်းတွေဟာ ပြင်ပဆိုင်တွေမှာ ကျပ်နှစ်သိန်းခွဲအထိ ဈေးပေါက်လျက်ရှိပါတယ်။ ဒါပေမယ့် ကျပ်(၂)သိန်း ဖုန်းကဒ်အချို့ဟာ ဝယ်ယူပြီး မကြာမီပါပဲ ပျက်စီးမှုတွေရှိနေပြီး သက်ဆိုင်ရာကို ဆက်သွယ်ဆောင်ရွက်ရာမှာ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

၂၀၁၂ခုနှစ် ဧပြီလ(၂၁)ရက်နေ့ မနက်ပိုင်းက ၄၂၁၀နဲ့စတဲ့ ဖုန်းဆင်းကဒ်တကဒ်ကို ကျပ်နှစ်သိန်းခွဲ ပေးပြီး ဝယ်ယူခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းလောက်ကျတော့ ဖုန်းက လုံးဝ ဆက်လို့မရဘူး ဖြစ်သွားတယ်။ ဖုန်းဆက်လိုက်ရင် your sim card is reject ဆိုတဲ့စာတန်းပဲ ပေါ်ပေါ်လာပါတယ် ဟု ကျပ်နှစ်သိန်းတန်ဖုန်း ဝယ်ယူပြီးနောက် ကဒ်ပျက်စီးမှု ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားပါတယ်။

ထို့အပြင် ၎င်းကပင် ဆက်လက်ပြီး ဒါနဲ့ရွှေဂုံတိုင်မှာရှိတဲ့ ဂျီအက်စ်အမ်ရုံးချုပ်ကို သွားပြီး တင်ပြခဲ့ပါတယ်။ လောလောဆယ်မှာ ဖုန်းကဒ် အရောင်းအဝယ် ကိစ္စတွေသာ ဆောင်ရွက်နေလို့ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ ပြီးတော့ ဗဟန်းဆက်သွယ်ရေးရုံးကို သွားဖို့ ထပ်ဆင့်ညွှန်ပါတယ်။ ဗဟန်းရုံးကို ရောက်တော့လည်း လောလောဆယ်တော့ ကဒ်ကိုသာ ကိုင်ထားပါဦးလို့ပြောပြီး တစ်စုံတရာ ဆောင်ရွက်ပေးတာ မရှိပါဘူး။ ကျနော့လိုပဲ ဆင်းကဒ်ပျက်လို့ လာတဲ့သူတွေ ရွှေဂုံတိုင်ရုံးမှာရော ၊ ဗဟန်းရုံးမှာပါ အများကြီးတွေ့ခဲ့ရပါတယ် လို့ပြောကြားခဲ့ပါတယ်။

တန်ဖိုးနည်းဖုန်းအဖြစ် ဈေးကွက်မှာ ဝယ်လိုအားများနေတဲ့ ကျပ်နှစ်သိန်းဖုန်းတွေဟာ မူလတန်ဖိုးထက် ပိုမိုစွာပေးဝယ်နေရတဲ့အပြင် ဝယ်ယူပြီး နောက်မကြာခင်မှာ ကဒ်ပျက်စီးမှုတွေ ရှိနေတာကြောင့် ဝယ်ယူသူတွေအတွက် နစ်နာမှုတွေဖြစ်ရကြောင်းလည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

facebook : Infinity Power

ရွှေည၀ါဆရာတော်နဲ့ ကျောင်းသားရဟန်းတွေ ဆွမ်းခံကြွချီ







ရွှေည၀ါဆရာတော် နှင့် ၈၈ကျောင်းသား ရဟန်းတော်များအဖွဲ့ဟာ ဒီကနေ့ မနက်မှာ သာဓုကျောင်းတိုက် နတ်စင်လမ်း မှ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းသို့ ဆွမ်းခံကြွချီခဲ့ကြပြီး ဒကာဒကာမတွေကို အဖူးမြှော်ခံခဲ့ပါတယ်။

DVB TV News

စကာင်္ပူနိုင်ငံတွင် ခြားနားခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ သက်သေ (၂) နိုင်ငံတော် သမ္မတကြီးနှင့်တကွ တာဝန်ရှိသူများ သိစေအပ်ပါသည်။


စကာင်္ပူနိုင်ငံတွင် ခြားနားခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ သက်သေ (၂) နိုင်ငံတော် သမ္မတကြီးနှင့်တကွ တာဝန်ရှိသူများ သိစေအပ်ပါသည်။ မူရင်းစာအတိုင်း JPEG ဖြင့် တင်ပေးလိုက်ပါသည်။
မည်သူတစ်ဦး တယောက်ကိုမျှ အပုတ်ချခြင်း နာမည်ဖျက်လိုခြင်း မရှိပါ။ လက်ရှိဖြစ်ပေါ်နေသော အမှန်တရားကို သိစေမြင်စေ၍ ဖော်ထုပ်ပေးခြင်း ဖြစ်ပါသည်။

ခင္ကလ်ာစိုး (စကာၤပူ)