စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 25, 2012

ဒုက္ခသည်စခန်းမှ အနာဂတ် မဲ့ နေသူများ ဆန္ဒထုတ်ဖော်


ယနေ့နံနက် ၁၀နာရီခန့်တွင်ထိုင်းနိုင်ငံ မဲဆောက်မြို့ အနီးရှိ နို့ဖိုးစခန်းအတွင်းခိုလှုံနေထိုင်ကြသည့်ဒုက္ခသည်အဖြစ်အသိအမှတ်အပြု မခံရသေးသောဒုက္ခသည်များနှင့်ဒုက္ခသည်အဖြစ်အသိအမှတ်အပြုခံထားရသောဒုက္ခသည်၁၅၀ခန့်မှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုပေးရန်နှင့်အနာဂါတ်မဲ့နေမှုများအားကူညီဆောင်ရွက်ပေးရန် UN ရုံးရှေ့ တွင် ဆန္ဒထုတ်ဖေါ်တောင်းဆိုခဲ့ကြသည်။

ဆန္ဒထုတ်ဖေါ်တောင်းဆိုရတွင် ဒုက္ခသည်အဖြစ်အသိအမှတ်ပြုပေးရန်၊ ရိက္ခာလုံလောက်စွာထောက်ပံ့ပေးရန်၊ အနာဂါတ်မဲ့နေမှုများအားဆောင်ရွက်ပေးရန်၊နိုင်ငံမဲ့မှုများအားဆောင်ရွက်ပေးရန်၊ UNမှဒုက္ခသည်များအရေးအားပိုမိုအလေးထားလုပ်ဆောင်ပေးရန်တို့အားဆန္ဒထုတ်ဖေါ်တောင်းဆို ခဲ့ကြသည်။ ဒုက္ဒသည်စခန်းအတွင်းရောက်ရှိနေထိုင်နေရသည်မှာ အချိန်၅နှစ်ကျော်ကြာမြင့် သည်အထိဒုက္ခသည်အဖြစ်အသိအမှတ်အပြုမခံရသူထောင်ပေါင်းများစွာ ရှိနေကြပြီးယနေ့ထိအနာဂါတ်အားမျှော်လင့်ချက် မဲ့စွာဖြင့်ဘ၀ရပ်တည်နေရကြောင်း ဒုက္ခသည်အဖြစ်အသိအမှတ်အပြုမခံရသေးသည့်ဦးဝင်းနိုင်မှပြောပြပါသည်။



ဒုက္ခသည်အဖြစ်အသိအမှတ်အပြုခံရသော်လည်းယနေ့ထိနိုင်ငံမဲ့ဘ၀အဖြစ်ရပ်တည်နေရသော ဦးရဲမင်းက "ကျနော်တို့ကပြည်တွင်းနအဖလက်ထက်ကစစ်မှုထမ်းတွေရဲတွေပါတယ်၊အားလုံးကိုဒုက္ခသည်စခန်းထဲမှာ ပဲပိတ်လှောင်ထားပြီးဘယ်အနာဂါတ်ဆိုတာဘာမှမသိရဘူး၊ပြည်တွင်းပြန်ရင်လည်းစစ်တပ်ကထွက်လာလို့ ရဲကထွက်လာလို့အဖမ်းခံရမယ၊်ပြည်ပမှာလဲဘယ်သူကမှမကူညီရင်ကျနော်တို့အနာဂါတ်ဘယ်မှာလဲ ဒါကြောင့်ကျနော်တို့အနာဂါတ်ရှိလာအောင်လုပ်ဆောင်ပေးဘို့တောင်းဆိုတာပါ"လို့ပြောပါတယ်။
 တောင်းဆိုမှုများအားUNတာဝန်ခံမှနောက်တစ်ကြိမ်နို့ဖိုးသို့လာရောက်သည့်အခါတွင်ကျေနပ်လောက်သော အဖြေပေးပါမည်ဟုဖြေကြားသဖြင့်တောင်းဆိုမှုအား၁၁နာရီတွင်ရပ်နားခဲ့ပြီး နောက်တစ်ကြိမ်UNလာရောက် ပါကတောင်းဆိုမှုအားဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပါဝင်သူ ဦးတရအောင်မှပြောပြပါသည်။



နို့ ဖိုးဒုက္ခသည် စခန်းအတွင်းတွင် ဒုက္ခသည် စုစုပေါင်း တသောင်းခွဲခန့် နေထိုင်လျှက်ရှိကြပြီး ဒုက္ခသည်များမှာ အလုပ်လုပ်ကိုင်ခွင့်နှင့်စခန်းပြင်ပသို့ သွားလာခွင့်မရှိကြဘဲ စားဝတ်နေရေးအတွက် အဖွဲ့ အစည်းများမှ ထောက်ပံ့ပေးထားသမျှနှင့် နေထိုင်နေကြရပါတယ်။

Burma VJ Media Network

0 comments: