စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 25, 2012

မြန်မာ့ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲ MRTV4 တွင် ပြသမည်




မြန်မာနိုင်ငံတွင် ပထမဆုံး ရိုက်ကူးသည့် ရုပ်သံဇာတ်လမ်းတွဲကို MRTV4 မှ ဧပြီ ၃၀ ရက်နေ့က စတင်ကာ ပြသမည်ဖြစ်ကြောင်း MRTV4 က ယနေ့ ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ ဇာတ်လမ်းတွဲ ပြသမည့်အကြောင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal Hotel တွင် ညနေ ၂ နာရီမှ ၄ နာရီထိ MTRV4 က သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

၎င်းဇာတ်လမ်းတွဲကို အချစ်သင်္ကေတ (The Sign of Love) ဟု အမည်ပေးထားကာ မြတ်သူကျော်၊ ကောင်းမြတ်စံ၊ ဘုန်းရှိန် ထက်၊ ၀င့်ယမုံလှိုင် နှင့် စိုးနန္ဒာကျော် တို့က အနုပညာရှင်များ ဖြစ်ကြသော ရန်ကျော်၊ သန်းသန်းစိုး၊ ဦးဇော်မှိုင်း၊ ဦးဝင်းမြိုင်တို့ နှင့် တွဲဖက် သရုပ်ဆောင်ထားကြခြင်း ဖြစ်သည်။

"လူငယ်တွေရဲ့ အချစ်အကြောင်းကို ဦးစားပေးထားတာတွေ့ရတယ်။ ပြီးတော့ ရိုက်ကူးတင်ဆက်ထားတာတွေကလည်း ကိုရီးယား ဇာတ်လမ်းတွဲတွေကို တုပပြီးတော့ ရိုက်ထားတာ တွေ့ရတယ်။ မြန်မာဇာတ်လမ်းတွေ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်စနစ်နဲ့ပဲ သွားသင့် တယ်" ဟု သတင်းစာရှင်းလင်းပွဲတွင် ပြသခဲ့သည့် ယင်းရုပ်သံ ဇာတ်လမ်းတွဲ နမူနာအား ကြည့်ရှုခဲ့ရသည့် ပြည်တွင်းအနုပညာ သတင်း အယ်ဒီတာ တစ်ဦးက ဝေဖန်ခဲ့သည်။

၎င် ဇာတ်လမ်းတွဲသည် တစ်ကြိမ် ပြသပါက မိနစ် ၂၀ စီ ကြာမည်ဖြစ်ပြီး ၁၆ ပိုင်း ရှိကြောင်း၊ တစ်ပတ်လျှင် တနင်္လာ နေ့နှင့် အင်္ဂါနေ့ ည ၈ နာရီ သတင်းများ အပြီး MRTV4 တွင် ပြသသွားမည်ဖြစ်ကြောင်း၊ ဇာတ်လမ်းတွဲကို MRTV4 မှ လူငယ် ဒါရိုက် တာကောင်းဇံ က ရိုက်ကူးထားခြင်း ဖြစ်ကြောင်း၊ ရိုက်ကူးစရိတ် ငွေကျပ် သိန်း ၄၀၀ ၀န်းကျင် ကုန်ကျကြောင်း MRTV4 မှ တာဝန်ရှိသူ တစ်ဦးကပြောပြခဲ့သည်။

ယင်းဇာတ်လမ်းတွဲကို ရိုက်ကူးရာတွင် ပြင်သစ်နှင့် ဖိလစ်ပိုင် မှ ဒါရိုက်တာများကလည်း ကူညီပေးခဲ့ကြောင်း၊ ရိုက်ကူးချိန် ၆ လ ခန့် ကြာမြင့်ခဲ့ကြောင်း၊ တင်ဆက်မှုကို မီဒီယာကမ္ဘာ (Media Kabar) က ပြုလုပ်ခြင်း ဖြစ်ကာ MRTV4 အပြင် 4 Digital ရုပ်သံ လိုင်း ဖြစ်သော for Drama လိုင်းကလည်း ပြသမည် ဖြစ်ကြောင်း သိရသည်။

Shwelone.com

0 comments: