စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 18, 2012

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံတကာ ဖွံ့ဖြိုးမှု လေ့လာရေးဌာန (International Development Study) ရဲ့ ပါမောက္ခ ၂ ဦးတို့က ဒီနေ့ သွားရောက်




၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံတကာ ဖွံ့ဖြိုးမှု လေ့လာရေးဌာန (International Development Study) ရဲ့ ပါမောက္ခ ၂ ဦးတို့က ဒီနေ့ သွားရောက်
တွေ့ဆုံပြီး ပညာရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။

အဲဒီဆွေးနွေးမှုမှာ ပညာတော်သင်ဆု အကြောင်း ပါဝင်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုကိုကြီးက RFA ကို ပြောပါတယ်။

"သူတို့က ချူလာလောင်ကွန်းတက္ကသိုလ်မှာရှိတဲ့ စကောလားရှစ် ပရိုဂရမ်တွေအကြောင်း ရှင်းပြတယ်။ ကျွန်တော်တို့ကတော့ ထောင်က ထွက်လာတဲ့ အထူးသဖြင့် ကျောင်းသားလှုပ်ရှားမှုနဲ့ ကျတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပညာရေး ခါးဆက်ပြတ်နေတဲ့ ကိစ္စတွေ ပြောမိတော့ သူတို့ ဒီ စကောလားရှစ် အစီအစဉ်တွေမှာ ဆက်သွယ်စုံစမ်းလို့ ရတယ်ပေါ့လေ။ အဲဒါတွေ ပြောသွားတာပါ။ ကျွန်တော်တို့ကတော့ သူတို့ကို ကျေးဇူးတင်တယ်။ ဒါပေမယ့် အခုလောလောဆယ်ကတော့ နိုင်ငံကူးလက်မှတ်တွေ မရသေးတဲ့ အခြေအနေပေါ့လေ။ ဒါတွေ ပြောပြလိုက်ပါတယ်။"

ဒီအတောအတွင်းမှာပဲ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့ တဖွဲ့ ဖြစ်တဲ့ FREDA အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦးအုန်းနဲ့အဖွဲ့ကလည်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို သွားရောက် တွေ့ဆုံပြီး အဖွဲ့ရဲ့ လက်ရှိ ဆောင်ရွက်ချက်တွေ မေးမြန်းသလို၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး လုပ်ငန်းတွေမှာ လူငယ်အဖွဲ့တွေ ပါဝင်သင့်တဲ့ အကြောင်း ပြောဆို ဆွေးနွေးကြတယ်လို့ ကိုကိုကြီးက ပြောပါတယ်။

"ဦးအုန်းတို့က ဒီ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ဒီရေရောက်တောတွေ စိုက်ပျိုးတဲ့ ကိစ္စ၊ နောက် နိုင်ငံတကာအကူအညီတွေနဲ့ သဘာဝထိမ်းသိမ်းရေးတွေ လုပ်နေတဲ့ အကြောင်းတွေ ပြောပါတယ်။ အဲဒီကိစ္စတွေမှာလည်းပဲ တက်ကြွတဲ့ စိတ်ပါဝင်စားတဲ့ လူငယ်အဖွဲ့အစည်းတွေ အရပ်ဘက် အဖွဲ့အစည်းတွေပါ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ပေါ့လေ။ ဒါတွေ ပြောပါတယ်။"

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကတော့ ထားဝယ်မြို့နယ် ခရီးစဉ်မှာ ဆက်လက် သွားလာနေပြီး ဒီနေ့လည်း အဲဒီဒေသတဝိုက်က ပြည်သူတွေနဲ့ တွေ့ဆုံ ဟောပြောနေကြ ပါတယ်။

RFA

0 comments: