စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, May 29, 2012

အစာငတ်ခံ ဆန္ဒပြနေသော သံရည်ကျို စက်ရုံလုပ်သားများကို အကူအညီပေးနေသည့် အဖွဲ့အစည်းများက မေတ္တာရပ်ခံခဲ့သဖြင့် အစာငတ်ခံဆန္ဒပြမှုကို ၈၄ နာရီအကြာတွင် ယာယီဆိုင်းငံ့ခဲ့ကြောင်း သိရ


အစာငတ်ခံ ဆန္ဒပြနေသော မြောင်းတာကာစက်မှုဇုန်၊ သံရည်ကျိုစက် လုပ်သားများအနေဖြင့်  အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဝင်းရှိန်၏ ညှိနှိုင်းပေးမှုကြောင့် စက်ရုံဘက်မှ လုပ်ခလစာအား တစ်နေ့ ကျပ် ၂၁၀၀ အထိ ပေးအပ်ခဲ့ပြီး လုပ်သားများဘက်မှ သဘောတူလက်ခံလိုသည့် ဆန္ဒမရှိသော်လည်း ယင်းတို့အား ကူညီမှုပေးနေသည့် အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံမှုကြောင့် ဆန္ဒပြမှုအား ယာယီရပ်ဆိုင်းလိုက်ကြောင်း မေလ ၂၈ရက်နေ့တွင် သတင်းရရှိပါသည်။

အလုပ်သမားများ အနေဖြင့် စက်ရုံဘက်မှ တိုးမြှင့်ပေးသော ကျပ် ၅၈၀၀၀ အား လက်မခံရသည့် အကြောင်းရင်းမှာ စက်ရုံဘက်မှ လစာတိုးမြှင့်ပေးသော်လည်း ယခင်ကဲ့သို့ နေစရာ၊ စားစရာ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေးများအား လုံးလုံးလျားလျား မပေးတော့သည့် အပြင် ကျပ်ငါးသိန်းကျော် လစာရရှိသည့် အလုပ်သမားခေါင်းဆောင်များ၏ လစာကိုပါ အခြေခံဝန်ထမ်း များနည်းတူ တပြေးညီ သတ်မှတ် ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

“လုပ်ခလစာတိုးပေးပေမဲ့ နေစရာ ၊စားစရာ ၊ အချိန်ပိုကြေး ၊ ရက်မှန်ကြေးမပေးတော့ ကျွန်တော်တို့ မိသားစုဝင်တွေ ဘာနဲ့ ရပ်တည်မလဲ။ အားလုံးကဆက်လက်ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ပေမဲ့အလုပ်သမား ညွှန်ချုပ် ၊ရွှေည၀ါဆရာတော်၊၈၈ မျိုး ဆက်အဖွဲ့တွေရဲ့ မေတ္တာရပ်ခံမှု ကြောင့် ဆန္ဒပြမှုကိုယာယီရပ်ဆိုင်း ပြီး ကျွန်တော်တို့ရဲ့တောင်းဆိုမှုကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နဲ့ သုံးရက်ကြာ ညှိနှိုင်းပါမယ်၊ပြီးရင် ခုံသမာဓိရုံးမှာတင်ပြပါမယ်။ ဒီဆုံးဖြတ်ချက်ကိုမှ အားလုံးကသဘောမတူနိုင်ရင် ဆန္ဒပြမှုပြန်လည် စတင်ပါမယ်၊ အခုအချိန်မှာတော့ စက်ရုံ လုပ်သားအားလုံး စက်ရုံထဲ ပြန်ရောက်သွားပါပြီ”ဟု အလုပ်သမားခေါင်းဆောင် ကိုနော်အောင်က ပြောသည်။

အစာငတ်ခံဆန္ဒပြသူ တစ်ဦးအား ဆိုင်ကယ်ဖြင့် တင်ဆောင်လာစဉ်

ဆန္ဒပြမှုအား မေလ ၂၈ ရက်နေ့ ည ၇ နာရီအချိန်တွင် ရုတ်သိမ်းခဲ့သော်လည်း အစာငတ်ခံ ဆန္ဒပြသူ ၄၁ ဦးမှာ မေလ ၂၈ ရက်နေ့ ည ၉ နာရီအချိန်တွင်မှ ရုတ်သိမ်းခဲ့ခြင်းဖြစ်ကာ အစာငတ်ခံ ဆန္ဒပြချိန် ၈၄ နာရီ ကြာမြင်ခဲ့ ကြောင်း သိရှိရပါသည်။

၈၄ နာရီကြာ အစာငတ်ခံဆန္ဒပြသူများထဲမှ တစ်ဦးကို တွေ့မြင်ရစဉ်

မှော်ဘီမြို့နယ်၊မြောင်းတကာ စက်မှုဇုန်ရှိ ရန်ကုန်သရဖူသံမဏိ သံရည်ကျိုစက်ရုံတွင်မေလ ၂၀ ရက် နေ့မှစတင်၍ လုပ်သားအင်အား၅၀၀ ကျော်ပါဝင်သည့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ ပြီး လုပ်သားများ၏ တောင်းဆိုချက်အား စက်ရုံတာဝန်ရှိသူများမှ လိုက်လျောမှု မပေးသဖြင့်မေလ ၂၅ ရက်တွင် စက်ရုံလုပ်သား ၂၅ ဦးမှစတင်၍ အစာငတ်ခံ ဆန္ဒပြခဲ့ပြီးလုပ်သားများ ၏ဆန္ဒအရ အစာငတ်ခံဆန္ဒပြ လုပ်သားဦးရေ ၄၁ဦးအထိ တိုးမြှင့်လာခဲ့ကာ လက်ရှိကာလတွင် အစာငတ်ခံ ဆန္ဒပြမှုနှင့် ဆန္ဒပြမှုများအား ယာယီရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။ စတင် အစာငတ်ခံဆန္ဒပြသူ လေးဆယ့်တစ်ဦးအနက် လုပ်သား အများစုမှာ ကျန်းမာရေး ချို့ယွင်းလာနေပြီး ဆေးကုသမှုခံယူသူ ၁၃ဦးအထိ ရှိလာနေပြီဖြစ်ကာ အလုပ်သမားသုံးဦးမှာ ရန်ကုန် ဆေးရုံကြီးသို့ သွားရောက်ကုသမှု ခံယူနေကြောင်း သတင်းရရှိပါသည်။

Eleven Media Group

0 comments: