စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 30, 2012

အဆိုတော် မျိုးကျော့မြိုင် အိမ်ကူ လုပ်သားအား နှိပ်စက် ညှဉ်းပန်းမှုဖြင့် အမှုဖွင့်ခံနေရ

ကင်ဂျုံအီးလ် ဝတ်စုံနဲ့ မျိုးကျော့မြိုင် (ဓာတ်ပုံ - ဧရာဝတီ)၊ မျိုးကျော့မြိုင်ရဲ့ ထိုးနှက်ချက်ကို ခံခဲ့ရတဲ့ မောင်ဟိန်းမင်းသူ (ဓာတ်ပုံ - RFA)


သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ တထောင်တန် ပါးရိုက်မှု ငြိမ်သွားချိန်မှာ အခုတခါ အဆိုတော် မျိုးကျော့မြိုင်ရဲ့ လက်ရောက် ကျူးလွန်မှု ဆိုပြီး facebook စာမျက်နှာတွေပေါ် တက်လာပြန်ပါပြီ။



မျိုးကျော့မြိုင်ရဲ့ ဒီအမှုက ဘယ်လောက်တန် မှန်းတော့မသိရ သေးပါဘူး။ မောင်ဟိန်းမင်းသူလို့ အမည်ရတဲ့ ၁၅ နှစ်အရွယ် အိမ်အကူ အလုပ်သမား ယောက်ျားလေးတဦးကို မျိုးကျော့မြိုင်က ပိုက်ဆံခိုးတယ်လို့ စွပ်စွဲပြီး ထိုးကြိတ်ခဲ့တယ်လို့ သိရပါတယ်။

မောင်ဟိန်းမင်းသူကို RFA သတင်းဌာနက မေးမြန်းထားတဲ့ မေးမြန်းချက်နဲ့ ထိုးကြိတ်ခံထားရလို့ ဒဏ်ရာရထားတဲ့ ဒီလူငယ်လေးရဲ့ ဓာတ်ပုံဟာ ဖေ့ဘုတ် စာမျက်နှာထက်မှာ ပျံ့နှံ့နေတာပါ။

ထိုးကြိတ်ခံရတဲ့ အလုပ်သမား ဘက်က မရမ်းကုန်းမြို့နယ်တရားရုံးမှာ တရားစွဲဆို အမှုဖွင့်ထားတယ် လို့လည်း သိရပါတယ်။

မျိုးကျော့မြိုင်က RFA သတင်းဌာနကို ဒီကိစ္စ မမှန်ကန်ကြောင်း ပြန်လည်ငြင်းဆန် ဖြေဆိုထားပါတယ်။ ဧရာဝတီသတင်းဌာနက မျိုးကျော့မြိုင်ကို ဆက်သွယ်ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

အဆိုတော် မျိုးကျော့မြိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က လက်ထပ်ခဲ့တဲ့ ဒေါက်တာ သွင်ပပအောင်ကိုလည်း ဂရန်း မီးရထား ဟိုတယ် ရှေ့မှာ ပါးရိုက်ခဲ့တဲ့အတွက် လမ်းမတော် တရားရုံးမှာ တရားစွဲဆိုခံထားရသူပါ။

လက်သံပြောင်တဲ့ မျိုးကျော့မြိုင်ဟာ ၁၉၉၆ ၀န်းကျင် လောက်က မင်းသမီးတယောက်နဲ့ ပြောဆိုထားတဲ့ စကားသံတွေ ပြန့်နှံ့ခဲ့ဖူးသလို လွန်ခဲ့တဲ့ နှစ်အနည်းငယ် လောက်ကလည်း အဆိုတော်မျိုးကျော့မြိုင်ရဲ့ မဖွယ်မရာပြုလုပ်ထားတဲ့ ဗီဒီယို ဖိုင်တွေ အင်တာနက်ပေါ်မှာ ပြန့်နှံ့ပြီး နာမည်ကြီးခဲ့ ပါသေးတယ်။

Rap တေးသီချင်းများကို မြန်မာပြည်နဲ့ ပထမဆုံး စတင် မိတ်ဆက်ပေးခဲ့သူလည်းဖြစ်တဲ့ အဆိုတော် မျိုးကျော့မြိုင်ဟာ အောင်မြင်တဲ့ တေးသီချင်းများကို ဖန်တီး သီဆိုခဲ့သူလည်းဖြစ်ပါတယ်။

အနုပညာရှင်များနဲ့ အမှုတွေအကြောင်း ပြောရရင်တော့ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ နာမည်ကျော် တထောင်တန် လက်ရောက်မှု နိဂုံးချုပ်သွားပြီ ဖြစ်သလို မကြာသေးခင်က အမှုတွေ တသီတတန်းကြီးနဲ့ နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် မင်းအုပ်စိုးရဲ့ နောက်ဆက်တွဲ သတင်းတွေလည်း ငြိမ်သက်သွားပြီလို့ ဆိုရမှာပါ။

အခုတခါ အလှည့်ကျရောက်သူ မျိုးကျော့မြိုင်ကကော သူ့အမှုတွေကို ဘယ်လိုများ အဆုံးသတ်မလဲ ဆိုတာ စောင့်ကြည့်ရမယ် ထင်ပါတယ်။

မောင်ဟိန်းမင်းသူ နဲ့ အဆိုတော်မျိုးကျော့မြိုင်တို့နဲ့ မေးမြန်းချက် အသံဖိုင်ပါ




ရန်ကုန်၊ မေ ၂၈

အဆိုတော်မျိုးကျော့မြိုင်က ၄င်း၏အိမ်အကူလုပ်သားအသက် ၁၇နှစ် အရွယ်ရှိ မောင်ဟိန်းမင်းသူအပေါ် ငွေကြေးခိုးယူသည်ဟု စွပ်စွဲကာ ညှဉ်းပန်းနှိပ်စက်ခဲ့ မှုနှင့်ပတ်သက်၍ မရမ်းကုန်းရဲစခန်း၌ ကာယကံရှင်ဖြစ်သူ၏မိခင်မှ တရားစွဲအမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

နှိပ်စက်ညှဉ်းပန်းခံရသူ မောင် ဟိန်းမင်းသူ၏ မိခင် ဒေါ်ခင်လေး နိုင်၏ ပြောကြားချက်အရ မေလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မရမ်းကုန်းမြို့နယ်၊ (၆) ရပ် ကွက်၊ ပြည်သူ့လမ်း၊ အမှတ်-၄၂/စီရှိ အဆိုတော်မျိုးကျော့မြိုင်၏ နေ အိမ်တွင်အိမ်အကူအဖြစ် လုပ်ကိုင် နေသည့်သားဖြစ်သူမောင်ဟိန်းမင်း သူသည်၎င်း၏နေအိမ် သို့ ရောက် ရှိလာပြီး မျိုးကျော့မြိုင်မှ ဈေးဝယ် ခိုင်းသော ငွေကျပ် ၆၅ဝဝဝ မှာ ရန်ကုန်စာတိုက်ကြီးသို့သွားစဉ် ခါးပိုက်နှိုက်ခံရ၍ ပျောက်ဆုံးသွား ခဲ့ကြောင်းနှင့် ထိုငွေ အားပြန်ပေး နိုင်ရေးအတွက် မိခင်ဖြစ်သူထံမှ လာရောက်တောင်း ခြင်းဖြစ် သည်ဟု သိရသည်။

”ကျွန်မက အိမ်မှာ စက်ချုပ် နေတုန်း သားဖြစ်တဲ့သူ ရောက်လာ ပြီး မျိုးကျော့မြိုင် ဈေးဝယ်ခိုင်းတဲ့ ငွေပျောက်သွားလို့လာတောင်းတော့ ကျွန်မလည်းစုဆောင်းထားတဲ့ငွေ ငါးသောင်းကိုယူပြီးသားနဲ့အတူ မျိုး ကျော့မြိုင်ရဲ့ အိမ်ကို လိုက်သွားပြီး အကျိုးအကြောင်းရှင်းပြခဲ့တယ်။ သူက ကလေးကိုဘာမှ စိတ်မပူပါနဲ့။ ဒီမှာပဲထားခဲ့ပါပြောလို့ ကျွန်မလည်း အိမ်ပြန်လာတာ” ဟု ဒေါ်ခင်လေး နိုင်က ဆိုသည်။ထို့နောက် အဆိုပါ နေ့ ညနေ ၅ နာရီတွင် မျိုးကျော့မြိုင်မှ ဒေါ် ခင်လေးနိုင်အား ဖုန်းဆက်၍ ၄င်း၏ သားဖြစ်သူက ဒေါ်လာ ၁ဝဝ ခိုးယူ သည်ဟုပြောဆိုကာေ ငွကျပ်နှစ်သိန်း ခွဲအလျော်တောင်းသည့်အတွက် ၄င်းထံတွင်ရှိသောငွေကျပ် ခုနစ် သောင်းအားယူကာမျိုးကျော့မြိုင်၏ နေအိမ်သို့လိုက်သွားခဲ့ကြောင်း၊ မျိုး ကျော့မြိုင်၏ အိမ်သို့ရောက်စဉ် ၄င်း အိမ်၌ အလုပ်လုပ်ကိုင်သူ မရွှေစင် ဖြိုးကငွေခုနစ်သောင်းယူ၍မောင်ဟိန်း မင်းသူအားဒေါ်ခင်လေးနိုင်နှင့်ပြန် ထည့် ပေးလိုက်ကြောင်း ၄င်း ကပြောသည်။

”သားဖြစ်တဲ့သူကို တွေ့တဲ့ အချိန်မှာ မျက်နှာမှာညိုမည်းနေတာ ကိုတွေ့တဲ့အတွက် ဘာဖြစ်တာလဲ လို့မေးတော့ မျိုးကျော့မြိုင်က သူ့ကို ပိုက်ဆံခိုး တယ်ဆိုပြီး လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန်တယ်လို့ ပြော တယ်။ ဒါနဲ့သားကို မ/ဥက္ကလာ ဆေး ရုံကိုပို့ပြီး မရမ်းကုန်းရဲစခန်းမှာ အမှုသွားဖွင့်ခဲ့တာ”ဟု ၄င်းက ထပ် မံပြောသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ မျိုးကျော့မြိုင်အား ဆက်သွယ်မေး မြန်းခဲ့ရာ ¤င်းအား တရားစွဲဆိုထား ခြင်းနှင့် ပတ်သက်၍ မသိရှိရသလို ၄င်းအနေဖြင့် လည်း မောင်ဟိန်းမင်း သူအပေါ် ထိခိုက်နာကျင်အောင် မပြုလုပ်ခဲ့ကြောင်း သို့သော် အမှန် တရား ပေါ်ပေါက်ရေးအတွက် ထို အမှုအား ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

မောင်ဟိန်းမင်းသူမှာ မျိုး ကျော့မြိုင်၏ နေအိမ်၌ အိမ်အကူ အဖြစ်လုပ်ကိုင်နေသည်မှာခြောက် လခန့်ရှိပြီဖြစ်ပြီးတစ်လလျှင် လစာ ငွေအဖြစ်ကျပ်နှစ်သောင်းရရှိကြောင်း နှင့် အမှုနှင့်ပတ်သက်၍ မရမ်းကုန်း ရဲစခန်းမှ(ပ)၂၈၇/၁၂(ပုဒ်မ) ၂၉၄/ ၃၂၅/ ၅ဝ၆ ဖြင့် အမှုဖွင့်ကာစုံစမ်း စစ်ဆေးလျက် ရှိကြောင်းသိရသည်။ထို့အပြင်အဆိုတော်မျိုးကျော့ မြိုင်မှလည်းမောင်ဟိန်းမင်းသူအား မရမ်းကုန်းရဲစခန်းတွင်(ပ)၂၉၃/ ၁၂၊ပုဒ်မ၃၈၁ဖြင့် ပြန်လည် တရား စွဲဆို ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

 Popular Myanmar News JournalPopular Myanmar News

0 comments: