စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, May 29, 2012

ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ရက်ရွေ့ဆိုင်း



ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေလ ၃၀ရက်နေ့မှာ စတင်မယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို သမ္မတ ဦးသိန်းစိန် တက်ရောက်မယ့် ခရီးစဉ်ကို ရက်အနည်းငယ် ရွှေ့ဆိုင်းလိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ Thani Thongpakdi က မနေ့က အတည်ပြု
ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ မူလအစီအစဉ် အတိုင်း ဒီညီလာခံကို တက်ရောက်မယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးနောက် သမ္မတ ဦးသိန်းစိန်ဟာ အရင် သတ်မှတ်ခဲ့တဲ့ရက် အစား ကမ္ဘာ့စီးပွားရေး ညီလာခံကို ဇွန်လ ၄ ရက် နဲ့ ၅ရက်နေ့တွေမှာသာ တက်ရောက်မယ်လို့ ဆုံးဖြတ်ကြောင်း သိရပါတယ်။ ဘန်ကောက်မြို့မှာကျင်းပမယ့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံကို သမ္မတ ဦးသိန်းစိန်ဟာ မူလက လာမယ့် ကြာသပတေးနေ့နဲ့
သောကြာနေ့တွေမှာ တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ အနာဂါတ်ရေးရာနဲ့
ပတ်သက်လို့ မိန့်ခွန်းတခု ပြောကြားဖို့ စီစဉ်ထားခဲ့ပါတယ်။

ဒီညီလာခံကို တက်ရောက်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မူလအစီအစဉ် အတိုင်း မနက်ဖန် ည ၉ နာရီမှာ ထိုင်းလေကြောင်းလိုင်းနဲ့ ဘန်ကောက်မြို့ကို ရောက်ရှိမှာ ဖြစ်ပြီး ဇွန်လ ၃ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာရှိနေစဉ် အတွင်း ကမ္ဘာ့စီးပွားရေး ညီလာခံ တည်ထောင်သူ Klaus Schwab နဲ့တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပြီး “အာရှမှအမျိုးသမီးများ၏ အခန်းကဏ္ဍ” ဆိုတဲ့ဆွေးနွေးပွဲမှာလည်း စကားပြောကြားမှာ ဖြစ်ပါတယ်။

အဲဒီနောက် မြန်မာအလုပ်သမား အများအပြား နေထိုင်ကြတဲ့ မဟာချိုင်ဒေသနဲ့ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည် စခန်းတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ မယ်လဒုက္ခသည်စခန်း အပြင် တခြားစခန်းတချို့ကိုလည်း သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံက ပြန်ပြီးမှ သမ္မတ ဦးသိန်းစိန်က ထိုင်းနိုင်ငံကို သွားရောက်ပြီး ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်ချက်တွေ တော်တော်လေး ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ခေါင်းဆောင် ၂ ဦး ထိုင်းနိုင်ငံကို ပြိုင်တူ
မသွားဘဲ တလှည့်စီသွားတာ ဖြစ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည် အပေါ် သူ့ထက် ပိုမိုအာရုံစိုက်ကြမှာကို သမ္မတကြီးက ထည့်တွက်ချက်တာမျိုးလည်း
ဖြစ်နိုင်တယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။


မခက်မာရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။

 RFA Burmese

0 comments: