စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, May 29, 2012

မြန်မာ့လျှပ်စစ်လိုအပ်ချက်အတွက် ဂျပန်က ၁၂၀ မဂ္ဂါဝပ် ဓာတ်ငွေ့တာဘိုင်သုံးလုံးကို ငှားရမ်းရန် သဘောတူ လိုက်ပြီ




ဂျပန်နိုင်ငံ တိုကျိုမြို့၌ အာရှ၏ အနာဂတ်ရေးရာ (၁၈) ကြိမ်မြောက်နိုင်ငံတကာ ကွန်ဖရင့်သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတက်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလို အပ်မှု အထောက်အကူပြုနိုင်ရန် ၁၂၀ မဂ္ဂါဝပ်ဓာတ်ငွေ့ တာဘိုင်သုံးလုံးကို ဂျပန်က ငှားရမ်းရန် သဘောတူညီ ကြောင်း သိရှိရသည်။

တိုကျိုမြို့၌ ၂၄-၅-၂၀၁၂ ရက်မှ ၂၅-၅-၂၀၁၂ ရက်ထိ ကျင်းပသော ယင်းကွန်ဖရင့်၌ ပြည် ထောင်စုဝန်ကြီး တက်ရောက်ပြီးနောက် ၂၄-၅-၂၀၁၂ ရက်တွင် ၈ျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ၀န်ကြီးနှင့်လည်းကောင်း၊ ၂၅-၅-၂၀၁၂ ရက်တွင် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်လည်းကောင်း တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် လတ်တလောကြုံတွေ့နေရသည့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများကို ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ဂျပန်နိုင်ငံမှ 120 MW ဓာတ်ငွေ့တာဘိုင်သုံးလုံးကို မြန်မာ နိုင်ငံအနေဖြင့် ငှားရမ်းအသုံးပြုနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ သဘောတူညီမှုကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။

 ပြည်မြန်မာသတင်းဂျာနယ်

0 comments: