စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်
Showing posts with label ဖြန့်ဝေခြင်း. Show all posts
Showing posts with label ဖြန့်ဝေခြင်း. Show all posts

Sunday, January 20, 2013

နှုတ်ထွက်ခဲ့ရသော ဆက်သွယ်ရေးဝန်ကြီးဦးသိန်းထွန်းအား အဂတိလိုက်စားမှုဖြင့် စစ်ဆေးနေ(လက်ဆင့်ကမ်းShare ပေးရန်)

ယခင်ရက်ပိုင်းအတွင်းက နှုတ်ထွက်ခဲ့ရသော ပြည်ထောင်စုဝန်ကြီး ၂ ဦးအနက် ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းထွန်းအား အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးနေကြောင်း နေပြည်တော်မှာ လာသော ခိုင်လုံသည့် သတင်းရပ်ကွက်အဆိုအရ သိရှိရသည်။

ယခုကဲ့သို့ စစ်ဆေးခြင်းသည် သမ္မတဦးသိန်းစိန်လက်ထက်တွင် ပထမဆုံးသော နိုင်ငံရေးရာထူးရှိသူအား စစ်ဆေးမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အမှုအကြောင်းအရာ အကျဉ်းဖျဉ်းမှာ သမ္မတကြီးက လက်ကိုင်တယ်လီဖုန်းများအား အတတ်နိုင်ဆုံးဈေးနှုန်းလျှော့ချရောင်းနိုင်ရန် လမ်းညွှန်မှုပြုခဲ့ကြောင်း၊

သမ္မတကြီးကိုယ်တိုင် ကျွမ်းကျင်သူများ၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို တွက်ချက်ပြီး ဖုန်းတစ်လုံးကို ၅၀၀၀၀ ကျပ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားမှုပြုခဲ့ကြောင်း၊ ထိုညွှန်ကြားချက်ကို ၀န်ကြီးဖြစ်သူဦးသိန်းထွန်းက ရတနာပုံတယ်လီပို့ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့နှင့် အစည်းအဝေးပြုလုပ်ပြီးမှသာ ဈေးနှုန်းအတည်ပြုလိုသဖြင့် အချိန်အနည်းငယ်ဆိုင်းခဲ့ကြောင်း၊ သို့သော် ရတနာပုံတယ်လီပို့ အုပ်ချုပ်မှုဒါရိုက်တာအစည်းအဝေးတွင် ရှယ်ယာဝင်အများစုက သမ္မတသတ်မှတ်ပေးသော ဈေးနှုန်းအတိုင်းမရောင်းချနိုင်ကြောင်း အဘယ့်ကြောင့်ဆိုသော် မူရင်းဈေးနှုန်း+အမြတ်ငွေမှာ ၅၀၀၀၀ခန့် မှန်သော်လည်း အခြားသော လက်ဆောင် ပဏ္ဍာစရိတ်များကိုလည်း ထည့်သွင်းတွက်ချက်ရသဖြင့် ၁၀၀၀၀၀/ ၁၂၀၀၀၀ ခန့်ဖြင့်သာ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊

အကယ်၍သမ္မတက ဖုန်းတစ်လုံးကို ၅၀၀၀၀ ကျပ်ဖြင့်ရောင်းချမည်ဆိုပါက အဆိုပါတယ်လီဖုန်းဈေးနှုန်းကိစ္စကို လွှတ်တော်သို့တင်သွင်းကာ မဲအဆုံးအဖြတ်ဖြင့် အတည်ပြုရန် ကြိုးစားမည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ကြောင်း၊ ဦးသိန်းထွန်းမှ အစည်းအဝေးဆုံးဖြတ်ချက်အား သမ္မတထံတင်ပြရာ သမ္မတက လက်ဆောင်ပဏ္ဍာစရိတ်ဆိုသည်မှာ အဂတိလိုက်စားမှုပင်ဖြစ်ကြောင်း ထိုသို့ ပြည်သူလူထုအား မထောက်ထားမညှာတာ လာဘ်စားမှုပြုလုပ်သော ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီးအပါအ၀င် ဆက်သွယ်ရေးလုပ်ငန်းအောက်မှ ဦးဆောင်ညွှန်ကြားရေးမှူး ၈ ဦးအား အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ကြီးကြပ်ပြီး အဂတိလိုက်စားမှုဖော်ထုတ်ရာတွင် နာမည်ကြီးသည့် အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန (စ.စ.စ) အား ညွှန်ကြားထားကြောင်းသတင်းရရှိသည်။

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း အများစုကို ရတနာပုံတယ်လီပို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းများတွင် မိုဘိုင်းဖုန်းလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းနှင့် နိုင်ငံတကာဆက်သွယ်ရေး လမ်းကြောင်းများချိန်ဆက်ရေး စသည့်လုပ်ငန်းများဖြစ်ပြီး ပြည်တွင်းရှိ နာမည်ကျော် ဦးတေဇ၏ ထူးထရေးဒင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ သားဖြစ်သူ လွှတ်တော်ဆိုင်ရာ ကျွမ်းကျင်သူများကော်မတီဝင် ဦးတိုးနိုင်မန်းပိုင်ဆိုင်သည့် RedLink WiMax Company၊ ယခင်အစိုးရအဖွဲ့ခေါင်းဆောင် ဦးသန်းရွှေ၏ မြေး ဖိုးလပြည့် စသူတို့က အစုရှယ်ယာ အများအပြားပါဝင်ထားကြောင်းသိရသည်။

 ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ရေးဆွဲရာတွင် သမ္မတကြီး ဆက်သွယ်ရေးလုပ်ငန်းများတွင် ပြည်သူတိုင်းပါဝင်လာနိုင်စေရန် အများပြည် သူပိုင်ဆက်သွယ်ရေးလုပ်ငန်းများနှင့် ဆက်စပ်သည့်အချက်များ ထည့်သွင်းသွားရန် ညွှန်ကြားခဲ့သော်လည်း ဆက်သွယ်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသူများကြောင့် အဆိုပါဥပဒေမှာ ထွက်ရှိလာရန် နှောင့်နှေးခဲ့ရ ကြောင်းသိရသည်။

ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးတစ်ဦးကို တာဝန်မှ ရပ်စဲကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်း သည် အုပ်ချုပ်ရေးအဖွဲ့ကို တပ်လှန့်ပေးခြင်းဖြစ်နိုင်ပြီး လွှတ်တော်၏ လွှမ်းမိုးမှုကို တန်ပြန်သည့်သဘောမျိုးဖြစ်နိုင်ကြောင်း နေပြည်တော်ရှိ တော်ဝင်ရပ်ကွက်များမှ အကြီးအကဲများက ထင်မြင်လျက်ရှိသည် ။

People Development For Knowledge

Monday, October 15, 2012

O I C အလိုမရှိ....



OIC အရေးမှာ Lobby တွေ အော်ကျီတွေ မလိုဘူး Negotiate တွေကလည်း Appropriate ဖြစ်တဲ့နည်းလို့မထင်ဘူး အရိုင်းအစိုင်းတွေကို How to approach တို့ Mutual Respect , Win Win Situation တို့သွားပြောနေရင် နွားပလာတာကျွေး ကျွဲပါးစောင်းတီးပဲ ... အဲဒီတော့

 ဒီနေ့ ဥပုသ်နေ့ ...

 နေ့ရက် ။ ။ ၁၅ . ၁၀ . ၂၀၁၂ 

အချိန်   ။ ။  နေ့လည် ၁ နာရီ 

စုရပ်နေရာ ။ ။ ရွှေတိဂုံ ဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီးအနီး 

အမျိုးဘာသာ သာသနာအတွက် တိုင်းပြည်အတွက် လမ်းပေါ်ထွက်ကြမယ်............... အားလုံးပဲပူးပေါင်းကြပါ ...ညီညွှတ်ခြင်းသည် အင်အား..အောင်ပန်းဆွတ်နိုင်သား အရေးတော် ပုံအောင်ရမည် ....................

— with Htat Aung Rangoon

ျ

ကိုယ့်နိုင်ငံ..ကိုယ့်လူမျိုး အနာဂါတ်ဘ၀အတွက်... တိုင်းသူ ပြည်သားအားလုံ ( ပြည်တွင်း ပြည်ပ ) စည်းလုံး ညီညွတ်စွာဖြင့် စုပေါင်းကာကွယ်ကြ...။

Sunday, October 7, 2012

မြန်မာပြည်အတွက် လက်မထောင်ချိန်ရောက်ပြီ

မြန်မာပြည်အတွက် လက်မထောင်ချိန်ရောက်ပြီ
 
နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာပြည်အလှမယ်ကို ပြည်သူတွေက ဆု၂မျိုးရအောင် ကူညီနိုင်ပါတယ်။
 
၁. အင်တာနက်မယ် (Miss Internet) နဲ့
 
၂. ပရိတ်သတ်အနှစ်သက်ဆုံးမယ် (Miss International 2012 People's Choice Award) တို့ဖြစ်ပါတယ်။
 
ဒီဆု၂ခုလုံးကို အင်တာနက်မှာ မဲပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။
အင်တာနက်မယ် မဲပေးခြင်းကို အောက်တိုဘာလ ၈ရက်နေ့မှာ စပါမယ် 
 
 
အကျိုးအကြောင်း ထပ်မံအကြောင်းကြားပါမယ်။
အခုလောလောဆယ်တော့ ပရိတ်သတ်အနှစ်သက်ဆုံးမယ် (Miss International 2012 People's Choice Award) ဆုကို သင့်ရဲ့ အကူအညီကြောင့် မြန်မာမယ်မှ ရှေ့ပြေးဆွဲနေပါတယ်။ တရားဝင် နေ့တိုင်း မဲပေးခွင့်ရှိတယ်။ ယနေ့ သင် vote ပေးလိုက်ပြီလား။ သင့်ကြောင့် မြန်မာပြည် ဂုဏ်တက်ပါစေ။
 
 
အဲဒါကို နှိပ်ပါ။ Myanmar ကိုရွေးပါ။ vote ကိုနှိပ်ပါ။ ကျေးဇူး။
 
Miss International Beauty Pageant 2012
 
 နန်းခင်ဇေယျာသည် အသက် ၂၃ နှစ် ရှိ ပြီ ဖြစ် ပြီး အရပ် အမြင့် ငါး ပေး ခြောက် လက်မ ခွဲ
ဖြစ်သည်။

နောက်ဆုံးရ သတင်းများ အရ နန်းခင်ဇေယျာ သည် ပရိသတ် စိတ်ဝင်စား မှု ရှိသည့် ဆု စသည်
ဖြင့် အနည်းဆုံး တစ်ခု ရ နိုင်မည် ဟု ပြိုင်ဘက် အလှမယ် များ က ၎င်း တို့  ၏ FB စာမျက်နှာ များ တွင်
သုံးသပ်ထားသည် ယမန် နှစ် က ဆုရရှိ ခဲ့ သူ အီကွေဒေါ မှ ဖာနန်ဒါ ကော်နီ ဂျို က မြန်မာ တို့  ၏ အလှ
ကို ယခု မှ သူတွေ့ ဖူးသည် ဟု အိုကီနာဝါ ရုပ်သံ အစီအစဉ် တွင် ပြောကြား ခဲ့ သည်။

 
ယမန် နှစ် က ဆုရရှိ ခဲ့ သူ အီကွေဒေါ မှ ဖာနန်ဒါ ကော်နီ ဂျို က မြန်မာ တို့  ၏ အလှကို ယခု မှ သူတွေ့ ဖူးသည် ဟု အိုကီနာဝါ ရုပ်သံ အစီအစဉ် တွင် ပြောကြား ခဲ့ သည်။

နောက်ဆုံး ရ ဓာတ်ပုံများ နှင့် သတင်းများ ထပ်မံ ဖြည့်စွက် ပြီး
 

Tuesday, October 2, 2012

မီးသတ်ဦးစီးဌာန ညွှန်ချုပ် သိစေရန်တိုင်ကြားခြင်း (ပေးစာ)

 
နေပြည်တော် မီးသတ်ဦးစီးဋ္ဌာနမှူးရုံး ကွတ်ကဲမှုအောက်ရှိ ပုဗ္ဗသီရိမြို့နယ် မီးသတ်တပ်ဖွဲ့ စခန်းမှ ဦးစီးအရာရှိ ဦးသိန်းဇော်သည် မိမိ လက်အောက်အရာရှိဒုဦးစီးမှူးဦးစိုးသန်းအားတပ်ဖွဲ့ဝင်များ၏ အရှေ့တွင်တပ်ဖွဲ့ဝင်အချို့နှင့် အတူ အင်္ကျီဆွဲပြီး မျက်နှာအား လက်သီးဖြင့် ဝိုင်းဝန်းထိုး ကြိတ်မှု သည် ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းတွင် (၃.၉.၂၀၁၂) နေ့တွင် ဖြစ်ပွားခဲ့ပါသည်။

ထိုအချိန်တွင် မိမိကိုယ်ကို ကာကွယ်ရင်းပြန်လည်ခုခံရန်ကြိုးစားသောဒုဦးစီးမှူးအား တပ်ဖွဲဝင်အချို့မှ
ဝိုင်းဝန်းဆွဲထားပြီး ထိုးကြိတ်မှုကြောင့်ဦးစိုးသန်း၏ နဖူး၊ ဒူးဆစ်တို့တွင်ဒဏ်ရာများရရှိခဲ့ ပါသည်။

ကိုယ်ထိလက်ရောက်ကျူးလွန်သူဦးစီးအရာရှိ နှင့်အတူဝိုင်းဝန်းထိုးကြိတ်ရာ တွင် ပါဝင်သော တပ်ဖွဲ့ဝင် ၃ ဦးအား ထိရောက်စွာ အပြစ်ပေးအရေးယူပါရန် အထက်ဌာနမှလူကြီးများသိရှိရန် ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။

၎င်းအရာရှိ ဦးသိန်းဇော်ဝင်းသည် နိုင်ငံပိုင် မီးသတ်ယာဉ် (၅ဂ/၄၉၀၉)ဖြင့် တပ်ဖွဲ့ဝင်အချို့နှင့် ပူးပေါင်း ပြီး ရေရောင်းချခြင်းများ ဆောင်ရွက်ခဲ့ပြီး ရေတစ်ခေါက်လျှင် (၁၅၀၀၀ မှ ၂၀၀၀၀ )ထိယူပြီးအခေါက်ရေ (၁၀၀)ကျော် ငွေကျပ် (၁၈)သိန်း အား မိမိသဘောဖြင့် ထင်ရာသုံးစွဲပြီးအထက်လူကြီး ကို တင်ပြ ဆောင် ရွက်ခြင်း မရှိသည့်အပေါ် စီစစ် အရေးယူပေးပါရန် ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။

၎င်းအခြေအနေကို PE အဖွဲ့ဥက္ကဋ္ဌ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းမြင့်မှလာရောက်စစ်ဆေး ရာတွင် အဖြစ်မှန်အား ပေါ်ပေါက်အောင် စစ်ဆေးခဲ့ခြင်းမရှိပဲပြုလုပ်သူဘက်မှ ဘက်လိုက်ပြီး စစ်ဆေးဆောင်ရွက်ခြင်းကြောင့် အထိုးခံရသူ ဒုဦးစီးဦးစိုးသန်းမှာ နစ်နာမှုများဖြစ်ရပါသည်။

သို့ဖြစ်ပါသောကြောင့် ထိုးကြိတ်ခံရသူ ဒုဦးစီးမှူးကို ပြန်လည်အပြစ်ပုံချပြီး မမှန်မကန်စစ်ဆေးမှု အား အထက်လူကြီးအဆင့်ဆင့်မှ သိရှိနိုင်ပါရန်နှင့် အဖြစ်မှန်ပေါ်ပေါက်ရေးအားအရေးယူ ဆောင်ရွက်ပေး ပါရန်ရိုသေလေးစားစွာတင်ပြအပ်ပါသည်။

အမှန်လိုလားသူတဦး
 

Monday, October 1, 2012

"ခေတ်နှင့်လျော်ညီခြင်း မရှိတော့သော အခွန်ကင်းရှင်းကြောင်း ပြသရသည့် ပုံစံ(၁၇) နှင့် (၁၉) တင်ပြနေရခြင်းကို ပယ်ဖျက်ပေးသင့် "

စက်တင်ဘာလ ၇ ရက်နေ့က နိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်သူများကို တွေ့ရစဉ် ဓာတ်ပုံ - ၀င်းမြင့်ကျော် 

 ပြည်ပသို့ ထွက်ခွာမည့် နိုင်ငံသားများအတွက် ထုတ်ပေးလျက်ရှိသော နိုင်ငံကူးလက်မှတ် (passport) လျှောက်ထားရာတွင် လုပ်ထုံးလုပ်နည်းများကို လျှော့ချပေးထားသည် ဆိုသော်လည်း ခေတ်နှင့်လျော်ညီခြင်း မရှိတော့သည့် အမြတ်ခွန်ကင်းရှင်းကြောင်း ပြသရသော ပုံစံ ၁၇ နှင့် ၁၉ များ ရှိနေဆဲဖြစ်ခြင်းကြောင့် သာမန် ပြည်သူများအနေဖြင့် အချိန်ယူ လုပ်ဆောင်နေရခြင်းနှင့် အတူ အပိုငွေကြေး ကုန်ကျမှုများရှိနေသဖြင့် အဆိုပါစနစ် ကို ပယ်ဖျက်ပေးသင့်ပြီ ဖြစ်ကြောင်း ပြောဆိုကြပါသည်။

 “ကျွန်တော် ၂၀၀၆ ခုနှစ်မှာ နိုင်ငံကူးလက်မှတ်စပြီး လျှောက်ထားခဲ့ပါတယ်။ အဲဒီတုန်းက အခွန်ကင်းရှင်းကြောင်း အထောက်အထားပါမှ ပတ်စ်ပို့လျှောက်လို့ရတာပါ။ နယ်ကလာပြီး အလုပ်လုပ်နေတဲ့သူ ဖြစ်လို့ အမြတ် ခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ ရဖို့ ပိုက်ဆံတစ်သိန်းလောက် ကုန်ခဲ့ပါတယ်။ ဒါတောင်ကိုယ်က သွားရေးလာရေး လွယ်တဲ့နေရကမို့ပါ။

၁၇ ရပြီးရင် ၁၉ ရုံးမှာ တိုးဝှေ့ပြီးတန်းစီရပါတယ်။ ၁၉ ရပြီးပြီဆိုမှ ပတ်စ်ပို့ရုံးမှာစာအုပ်လျှောက်ဖို့ နှစ်ရက်လောက်အချိန်ပေးပြီး လုပ်ရတယ်။ နောက်တစ်ခါ သက်တမ်းတိုးတော့ စနစ်က ပြောင်းသွားတယ်။ ပတ်စ်ပို့ရုံးမှာ လုပ်စရာရှိတာတွေလုပ်။ စလစ်ရပြီးတဲ့နောက်မှ အခွန်ကင်းရှင်းကြောင်း ၁၇ တွေ ၁၉ တွေ လုပ်ရတယ်။ စာအုပ်ထုတ်တော့မှ ပုံစံ ၁၉ ကို စလစ်နဲ့အတူ ပေးရတယ်။

 အလုပ်ရှုပ်တာတော့ အတူတူပါပဲ”ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်လျက်ရှိသူ မုံရွာမြို့မှ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ပြောပါသည်။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစပြီး မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအား ပန်းဆိုးတန်းလမ်းမှ ရန်ကင်းမြို့နယ်ရှိ ယခင်ပြည်ထဲရေး ၀န်ကြီးဌာနရုံးသို့ ပြောင်းရွှေ့ခဲ့ပြီး နောက်တွင် နိုင်ငံကူးလက်မှတ် ရရှိရေးအတွက် ကြာမြင့်သော စိစစ်ချိန်အား ရက် ၃၀ မှ ၂၁ ရက်သို့ လျော့ချ ပေးခဲ့သည်။

ထို့အတူဖြည့်စွက်ရသော ပုံစံ ၁၅ ရွက်ခန့်မှ ၇ ရွက်ခန့်သို့ လျော့ချပေးခဲ့ကြောင်း သိရသည်။ သို့ရာတွင် နိုင်ငံကူးလက်မှတ်ရရှိရေး အတွက် တင်ပြရသောအခွန်ကင်းရှင်း ကြောင်း အထောက်အထား စာရွက်စာတမ်းများမှာမူ ယခင်ကဲ့သို့ တင်ပြနေရဆဲဖြစ်ကြောင်း နိုင်ငံကူးလက်မှတ် လျှောက်ထားသူများနှင့် သက်တမ်းတိုးခဲ့ကြသူများက ပြောဆိုကြပါသည်။ ဖြစ်သင့်တာက စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်ထားတဲ့သူတွေကို business passport ထုတ်ပေးပြီး သူတိုဆီကပဲ အခွန်ကို သေသေချာချာ စိစစ်သင့်ပါတယ်။

သာမန်ပြည်သူတွေကို ဒီအဆင့် ကင်းလွတ်ခွင့်ပြုသင့်ပါပြီ . . . “နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့အခါမှာ ပုံစံ ၁၉ တောင်းရတာ အခွန်ကိစ္စကြောင့် ဖြစ်ပါတယ်။ နိုင်ငံကူး လက်မှတ်လျှောက်ထားပြီး ပြည်တွင်း မှာ အခွန်ပေးဆောင်ဖို့ ကျန်မကျန် စိစစ်တဲ့သဘောပါ။ အခွန်ကျေပြီးတဲ့ သက်သေအထောက်အထားကို ပြည်တွင်း အခွန်ကထုတ်ပေးတဲ့ ပုံစံ ၁၉ ကို ရုံး က လက်ခံထားတဲ့သဘောပါ။

 နိုင်ငံ သားတစ်ယောက်ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ်ဆိုရင် ဒီလူတစ်ယောက်ဟာ ဟိုမှာသုံးလေးရက်နေမှာလား၊ သုံးလေးနှစ်နေမှာလား သိဖို့ မလွယ်ပါဘူး။ အဲဒီအတွက် ဒီလူဟာ ပြည်တွင်းမှာ အခွန်ကျေမကျေ စိစစ်ရတာပေါ့။ ပုံစံ၁၉ ကိစ္စကတော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆောင် ရွက်တာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ် ပေးရေးရုံး(ရန်ကုန်) မှ ဌာနခွဲမှူး ရဲမှူးစိုးထွန်းအောင်မှ ပြောကြားပါသည်။

 ၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာသော အစိုးရသစ်လက်ထက်တွင် ခေတ်နှင့်လျော်ညီခြင်း မရှိတော့ သော ဥပဒေများအား ပြင်ဆင်ပေးခဲ့သလို ပြည်သူများအတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေမည့် ဥပဒေများကိုလည်းဖြေလျှော့ ပေးခဲ့ရာ အမြတ်ခွန်ဥပဒေလည်း ပါဝင်ခဲ့သည်။ သို့ရာတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားရာ၌မူ အမြတ်ခွန် ပေးဆောင်ထားခြင်း ရှိမရှိစောင့်ကြည့်သည့် အနေဖြင့် ပုံစံ ၁၉ တောင်းယူနေ ခြင်းမှာ ဥပဒေနှင့် ညီညွတ်မှုမရှိတော့ကြောင်း သုံးသပ်နေမှုများလည်း ရှိနေသည်။ “ဆိုရှယ်လစ်ခေတ်တုန်းက နိုင်ငံခြားသွားတာကို ကန့်သတ်ချင်တဲ့ အတွက် နိုင်ငံကူးလက်မှတ်ကို အဆင့်ဆင့်စီစစ်ပြီးမှ ပေးခဲ့တာပါ။

 န၀တ၊ နအဖလက်ထက် ကျတော့လည်း လုံခြုံရေး အကြောင်းပြပြီး စာရွက်စာတမ်းတွေ တောင်းခဲ့တယ်။ အခုခေတ်တွေ လည်းပြောင်းလာပြီ။ တိုင်းပြည်က ဆင်းရဲနေလို့ နိုင်ငံခြားထွက်ပြီး ငွေရှာနေတဲ့သူတွေနိုင်ငံခြားငွေ တန်ဖိုးကျတဲ့ အတွက် သမ္မတကြီးကတောင် ၀င်ငွေ ခွန် ၁၀ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပြု ပေးထားရတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့လိုပြည်တွင်း ကုမ္ပဏီတွေ မှာ လုပ်နေတဲ့သူတွေကို အမြတ်ခွန်ဆောင်ပြီးမပြီး သိချင်တဲ့အတွက် အခွန်ကင်းရှင်းကြောင်း ပြခိုင်းတာကတော့ တိုင်းပြည်တစ်ခုစနစ်နှစ်မျိုးဖြစ်နေတယ်။

ဒီစနစ်တွေကို ပြင်စေချင်ပါပြီ” ဟု နိုင်ငံကူးလက်မှတ် ထုတ်ယူရန် အတွက် ပုံစံ ၁၉ ပြုလုပ်နေသူ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ပြောပါသည်။ နိုင်ကူးလက်မှတ်ရရှိရေးအတွက် ဓာတ်ပုံရိုက်ကူးခြင်း အပါအ၀င် အခြားစာရွက်စာတမ်းများအတွက် ဖြည့်စွက်ရန် အချိန်နေ့တစ်ဝက်ခန့်သာ ကုန်နိုင်ပြီးကျသင့်ငွေမှာလည်း တိတိကျကျ ထုတ်ပြန်ထားသည့် အတွက် ပွင့်လင်းမြင်သာမှု ရှိသည်ဟု ဆိုနိုင်သော်လည်း အမြတ်ခွန်ကင်းရှင်းကြောင်း အထောက်အထားရရှိရန် ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ အခွန်ရုံးများသည် ပွင့်လင်း မြင်သာမှု မရှိကြောင်း ကိုယ်တွေ့ကြုံခဲ့ ရသူများက ပြောကြပါသည်။

“အခွန်ကင်းရှင်းကြောင်း လုပ်မယ်ဆိုရင်ဦးစီးမှူးမရှိလို့ ဘယ်အချိန်မှပြန်လာပါ။ ဘယ်နေ့မှ ပြန်လာပါဆိုတာ ကတစ်မျိုး။ အမြန်လိုချင်ရင် ဘယ်ဈေးဆိုတာလည်း ရှိသေးတယ်။ ပုံစံ ၁၇ အတွက် အစိုးရက ဘယ်လောက်ပေးရမယ်ဆိုပြီး သတ်မှတ်ထားတာ မရှိဘူး။ သူတို့စိတ်ထဲမှာရှိတဲ့အတိုင်း တောင်းနေ ကြတာ။ သူတို့ပြောတဲ့ငွေက တရားဝင် ဆောင်ရတာလားလို့ သွားမေးရင် စောစောကပြောတဲ့ ဈေးထက်နှစ်ဆလောက် ကိုဘဏ်မှာ အသွင်းခိုင်းလိမ့်မယ်။ ဘယ်သူမဆို သက်သာချင်တဲ့အတွက် နောက်ဆုံးသူတို့ တောင်းတဲ့အတိုင်း ပေးခဲ့ကြရတယ်”ဟု အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ ရရှိရန် ကျပ်ငါးသောင်းကျော် ကုန်ကျခဲ့သည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါသည်။

“အမြတ်ခွန်ဥပဒေက ရုပ်သိမ်းပြီး ဖြစ်လို့ ပုံစံ ၁၇၊ ပုံစံ ၁၉ လို့ မခေါ်တော့ဘဲ ၀င်ငွေခွန်ဥပဒေနဲ့ သက်ဆိုင်တာနဲ့ ဆောင်ရွက်တာ ဖြစ်တဲ့အတွက် အရင် ပုံစံ ၁၇ ကိုအခု ပတခ(၀င)-၁၀ နဲ့ပုံစံ ၁၉ ကို အခုပတခ(၀င)-၁၂ လို့ခေါ်ပါတယ်။ ဒါတွေက အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ်တွေပဲ ဖြစ်ပါတယ်။ ဒီလက်မှတ်တွေက နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ လိုအပ်တဲ့ဟာတွေ ဖြစ်ပါတယ်”ဟု ပြည်ပသို့ ထွက်ခွာမည့်သူများအား စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလှိုင်က ပြောကြားပါသည်။

အဆိုပါ အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ်နှင့် ပတ်သက်ပြီး လျှော့ပေါ့ပေးရန် ဆွေးနွေးမှုများရှိနေ ကြောင်းလည်း “လက်ရှိလုပ်ကိုင်နေတာတွေ လျှော့ပေါ့ပေးဖို့ ဆွေးနွေးမှုတွေရှိ ပါတယ်။ လျော့ပေးမယ့် အစီအစဉ်ကတော့ ပထမဆုံးအနေနဲ့ပြည်ပကို ဘုရားဖူးသွားမယ့်သူတွေ ဥပမာပြော ရရင် ဗုဒ္ဓဂါယာလို၊ ဟာ့ဂ်ျခရီးစဉ်လိုမျိုးတွေနဲ့ ပြည်ပကိုအလုပ်သွားလုပ်မယ့် သူတွေ၊ ကျန်းမာရေးကြောင့် ပြည်ပမှာဆေးသွားကုမယ့် သူတွေကို အခွန်ကင်းရှင်းကြောင်း ယူစရာမလိုတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။

 လောလောဆယ်တော့ ဒါတွေက ဆွေးနွေးတဲ့အဆင့်ပဲ ရှိပါသေးတယ်”ဟု ၎င်းက ဆက်လက်ပြောကြား ပါသည်။ အမြတ်ခွန်ဥပဒေဖြင့် နိုင်ငံသားတိုင်း အခွန်ဆောင်စေရန် ကြိုးပမ်းခဲ့မှု မအောင်မြင်ခဲ့ဘဲ သာမန်ပြည်သူများ၊ ကုမ္ပဏီဝန်ထမ်းများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေကြေးကောက် ခံနေသည့် အခွန်ကင်းရှင်းကြောင်း သက်သေခံစာရွက်စာတမ်းများပါဝင်မှ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်စနစ်ကို အမြန်ဆုံး ရပ်ဆိုင်းသင့်သည် ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့ကြသည့် ပြည်သူများက ပြောဆိုကြသည်။

 “ဖြစ်သင့်တာက စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်ထားတဲ့သူတွေကို business passport ထုတ်ပေးပြီး သူတို့ဆီကပဲ အခွန်ကို သေသေချာချာ စိစစ်သင့်ပါတယ်။ သာမန် ပြည်သူတွေကို ဒီအဆင့်ကင်းလွတ်ခွင့် ပြုသင့်ပါပြီ။ တိုင်းပြည်လည်း ရသင့်ရထိုက်တဲ့ အခွန်ငွေမရဘဲ လာဘ်ပေးလာဘ်ယူ ကဏ္ဍကို ကြီးထွားစေတဲ့ ဒီလိုစနစ်ကို ပြုပြင်သင့်တာကြာပါပြီ။ ကျွန်တော် တို့လို သာမန်ပြည်သူတွေဟာ ဘယ်ရုံးကိုပဲသွားသွား လက်ဖက်ရည်ဖိုးလို့ခေါ်တဲ့ လာဘ်ငွေမပေးရင် ဘာအလုပ်မှ လုပ်လို့မရဖြစ်နေတာကြာပါပြီ။

အခု အစိုးရက လာဘ်ပေးလာဘ်ယူတိုက် ဖျက်မယ်လို့ ပြောနေပေမယ့် အောက်ခြေကနေရာတိုင်းမှာ ဒီလိုဟာတွေက ရှိနေဆဲပါ။ ပြောင်းမယ်ဆိုရင် အထက်မှာတင် ပြောင်းလို့မရပါဘူး။ ထက်၊ လယ်၊ အောက် အကုန်ပြောင်းမှ ရပါမယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပြောကြားပါသည်။

  Eleven Media Group

Friday, September 28, 2012

(စေတနာဝသန် ဂီတဖျော်ဖြေပွဲ) မှတ်တမ်းVideo DVD ထွက်ရှိ


၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က ကျင်းပခဲ့သော ၈၈မျိုးဆက်ကျောင်းသားများ၏ 

ရံပုံငွေတေးဂီတဖျော်ဖြေပွဲ (စေတနာဝသန် ဂီတဖျော်ဖြေပွဲ) မှတ်တမ်းVideo DVD 

ထွက်ရှိလာပြီ ဖြစ်ပါတယ်။ SKY NET က တိုက်ရိုက်ထုတ်လွှင့်မှုကို 

မကြည့်လိုက်ကြရသူများ၊မှတ်တမ်းအဖြစ် သိမ်းဆည်းထားလိုသူများ အတွက် ... ။ DVD နှစ်ချပ်တွဲ 

၂ဝဝဝ/- ကျပ် ။

 
ရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ
၈၈မျိုးဆက်ကျောင်းသားများ၏
ရုံးခန်းတွင် ဝယ်ယူရရှိနိုင်ပါသည် ။
 
 
88 Generation Students
 

Wednesday, September 26, 2012

"သူငယ်ချင်းနေဝင်းအောင် မင်းဘယ်တုန်းက ထောက်လှန်းရေး ဖြစ်သွားခဲ့သလဲ"

ကိုစိုးလင်းနဲ့ ကိုနေဝင်းအောင် ထောက်လှမ်းရေးမဟုတ်တာ သေချာနေပြီရင်ဒေါက်တာနိုင်အောင် ဘယ်လို တာဝန်ယူပြီး ဖြေရှင်းပေးမလဲ။ ခေတ်ပြိုင်တော်လှန်ရေးရဲဘော်တွေနဲ့ နောင်လာမယ့် မျိုးဆက်တွေကို အကောင်းဆုံး နိုင်ငံရေးဝန်ခံချက်ပေးဖို့ ဘယ်လိုစဉ်းစားထားပါသလဲ။

--------------------------------------------------- "သူငယ်ချင်းနေဝင်းအောင် မင်းဘယ်တုန်းက ထောက်လှန်းရေး ဖြစ်သွားခဲ့သလဲ"

(ဒီစာဟာ ကိုနေဝင်းအောင် (မြန်မာစာနည်းပြဟောင်း)နဲ့ ကျွန်တော်တို့ ရင်းနှီးခဲ့ကြ၊ နိုင်ငံရေး ကိစ္စတွေ တွဲလုပ်ခဲ့ကြတဲ့အကြောင်းကို ရေးပြမယ့်စာပါ။ ကျွန်တော့်မိတ်ဆွေ (သူငယ်ချင်းလို့ ပြော လည်း ရတယ်)ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာအတွက် ကျွန်တော် ရေးဖို့လိုအပ်မယ်ထင် လို့ ရှေးဟောင်း
နှောင်းဖြစ် ပြန်ပြောလိုက်တာပါပဲ။)

၁၉၈၈ အရေးတော်ပုံကြီး ဖြစ်လာတော့ ကျွန်တော်က ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ နည်းပြ၊ ကိုနေဝင်းအောင်က လုပ်သားများကောလိပ်၊ မြန်မာစာဌာနမှာ နည်းပြ လုပ်နေကြတယ်။ စက်တင်ဘာ (၁၈) မှာ စစ်တပ်က အာဏာသိမ်းတယ်။ မဆလ ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေကို မဆလ ကိုယ်စား လက်စားချေတဲ့အနေနဲ့ အကြမ်းတမ်းဆုံး ပစ်ခတ်သတ်ဖြတ်ပြီး နှိပ်ကွပ်ခဲ့တယ်။

စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းတွေမှာပဲ သပိတ်ကော်မတီတွေ အပါအဝင်ခေါင်းဆောင်အတော် များများလည်း ရှောင်ကြ၊ ပြေးကြ၊ ပုန်းကြရတယ်။ ဖမ်းဆီးတာတွေ စဖြစ်နေတာကိုး။

အဲဒီကာလမှာ ကိုနေဝင်းအောင်နဲ့ သူ့အစ်မကြီး (ယခုအမေရိကန်နိုင်ငံ) အကူအညီနဲ့ ကိုမြင့်လှိုင် (သတ္တဗေဒသရုပ်ပြ၊ တက္ကသိုလ်ဆရာအသင်း အတွင်းရေးမှူး၊ အထွေထွေသပိတ်ကော်မတီ (ရန်ကုန်) တွဲဖက်အတွင်းရေးမှူး၊ (ယခုအမေရိက)၊ ကိုစိုးသိန်း (RIT-ဗကသ) နဲ့ ကျွန်တော်တို့ဟာ ခရမ်းဘက်က ရွာကလေးတစ်ရွာကို ရှောင်သွားကြတယ်။ ကိုနေဝင်းအောင် အစီအစဉ်နဲ့။ (အသေးစိတ် မပြော တော့ပါ။) အဲဒီရွာအထိ လိုက်ပို့ပြီး သူ ပြန်သွားတယ်။

အဲဒီတုန်းက လုပ်သားများ ကောလိပ်ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးနဲ့ လုပ်ငန်းကိစ္စတွေကို ကူညီပေးနေတဲ့ ဆရာတွေထဲမှာ ကိုအောင်မြင့်စိုး (ဒသနိကဗေဒနည်းပြ၊ ကဗျာဆရာမောင်စိုးချိန်)၊ ဦးမောင်မောင် (ဒဿနိကဗေဒနည်းပြ၊ စာရေးဆရာမောင်မောင်ဇေယျ)နဲ့ ကိုနေဝင်းအောင်တို့ သုံးယောက်ဟာ အဓိက ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ကြတယ်။

အဲဒီ ၁၉၈၈ စက်တင်ဘာလကုန်လောက်မှာပဲ ကိုနေ၀င်းအောင်နေတဲ့ ပုဇွန်တောင် ညောင်တန်းက သူ့သူငယ်ချင်းအိမ်မှာ ကျွန်တော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီ (ယူဂျီ) ရဲဘော်တစ်ယောက်ရဲ့ နှုတ် မစောင့်စည်းမှုကြောင့် ကိုနေဝင်းအောင်နဲ့ သူ့သူငယ်ချင်း(နာမည်မပြောတော့ပါ)လည်း ကျွန်တော် တို့ ယူဂျီတွေမှန်း သိသွားခဲ့တယ်။ အဲဒီကိစ္စဖြစ်ပြီးတော့ ကိုနေဝင်းအောင်က မှတ်ချက်တစ်ခုပေး တယ်။ အဲဒီရဲဘော်နဲ့လည်း သူက ရင်းနှီးတယ်။

“အဲဒီလူက အတော်ရမ်းတာပဲဗျ၊ ဒီလိုစကားတွေကို ကျွန်တော်တို့ရှေ့မှာ မပြောသင့်ဘူး” …တဲ့။

ကျွန်တော် အဖမ်းခံရတဲ့ ၁၉၈၉၊ ဇူလိုင် (၁၂) ရက်အထိ သူနဲ့ သူ့သူငယ်ချင်းဟာ ကျွန်တော့်ယူဂျီ ကိစ္စကို ရေငုံနှုတ်ပိတ်ပြီး မသိချင်ယောင်ဆောင်ပေးခဲ့ကြတယ်။ ဒါဟာ အရေးကြီးတဲ့ကိစ္စ ပါ။
ထောက်လှမ်းရေး က ဗကပ ယူဂျီတွေကို အသည်းအသန် ရှာနေတဲ့ အချိန်လေ။

(၂)

အဲဒီကာလနောက်ပိုင်းမှာ ကျွန်တော်တို့က နိုင်ငံရေးလှုပ်ရှားမှု အဖွဲ့တစ်ခုဖွဲ့ဖို့ ညှိကြတယ်။ အပြင်က လူတွေနဲ့ ချိတ်ဆက်လှုပ်ရှားဖို့ အစီအစဉ်လည်း ပါတယ်။ အဲဒီအစီအစဉ်အတွက် ကိုနေဝင်းအောင်နဲ့ ဦးမောင်မောင်တို့နှစ်ယောက်ဟာ ထိုင်းနိုင်ငံဘက် ထွက်သွားတယ်။ CRDB က ဦးတင်မောင်ဝင်း၊ ဦးရဲကျော်သူတို့နဲ့ တွေ့ဆုံဆွေးနွေးပြီး ပြည်တွင်းကို ပြန်ဝင်ခဲ့ကြတယ်။

အဲဒီကာလမှာ လမ်းကြောင်း သိနေသူတွေကတော့ ဝင်လိုက်၊ ထွက်လိုက် လုပ်နေကြတဲ့ အချိန်ပါ။ အခု USCB က ကိုအောင်ဒင် ဆိုရင် ကောင်းကောင်း သိပါတယ်။ ကိုနေဝင်းအောင်တို့နှစ်ယောက် CRDB အဖွဲ့နဲ့ သွားတွေ့ချိန်မှာ ကိုအောင်ဒင်က ထိုင်းဘက်ကမ်းမှာ ရှိနေလို့ပါ။ ကျွန်တော့်ဌာနက ဆရာကြီးတစ်ယောက် (ယခုကွယ် လွန်) တောင် အဲဒီအချိန်တုန်းက ဆေးတက္ကသိုလ်တက်နေတဲ့ သူ့သားကို ထိုင်းဘက်မှာ သွားရှာတာ လှမ်းတွေ့လိုက်လို့ ကိုနေဝင်းအောင်တို့ မမြင် ချင်ယောင်
ဆောင် ပြီး ရှောင်ခဲ့ရပါသေးသတဲ့။

ကိုနေဝင်းအောင်တို့ ရန်ကုန်ပြန်ရောက်ပြီး ရက်ပိုင်းမှာပဲ လူ့ဘောင်သစ်ဥက္ကဋ္ဌလုပ်နေတဲ့ ကိုမိုးသီးဇွန် နဲ့ တွေ့ချင်တယ်ဆိုလို့ လူ့ဘောင်သစ်ပါတီရုံး (၁၁ လမ်းထိပ် ထင်တယ်) ကို ခေါ် သွားပြီး ကိုနေ၀င်း အောင်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ သူတို့နှစ်ယောက် စကားပြောကြတော့ ကျွန်တော် ရှောင်ပေးခဲ့တယ်။ ကိုမိုးသီးဇွန် မှတ်မိလိမ့်မယ် ထင်တယ်။

အဲဒီတုန်းက CRDB နဲ့ ညှိပြီး လုပ်မယ့် ကျွန်တော်တို့အဖွဲ့ဝင်တွေထဲက ပြည်တွင်း CRDB တာဝန်ခံ ကို (ကိုနေဝင်းအောင်နဲ့ ကျွန်တော်) တွေ့တော့ လွှဲပေးတဲ့ ငွေကြေးကိစ္စကို ဝေ့လည်ကြောင်ပတ် လုပ်နေ တာကြောင့် နှစ်ခါတွေ့ပြီးချိန်မှာ အဆက်ဖြတ်ပစ်လိုက်ဖို့ ကျွန်တော်က အကြံပေးခဲ့တယ်။ ဒါကြောင့်လည်း အဲဒီပုဂ္ဂိုလ်နဲ့ အဆက်ဖြတ်ပြီး အဖွဲ့ကိုပါ ဖျက်ပစ်လိုက်တယ်။ ညှိနှိုင်းဆဲအဆင့်ဆို တော့ အလုပ်ကိစ္စတွေ ထိခိုက်မှု မဖြစ်ခဲ့ပါဘူး။

(၃)

အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ ကျောင်းဆရာအုပ်စုက ဆရာသမဂ္ဂတစ်ခု ဖွဲ့ဖို့ ညှိကြတယ်။ ဒါနဲ့ပဲ ဗဆသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများသမဂ္ဂများ အဖွဲ့ချုပ်)ကိုဖွဲ့ဖို့ သဘောတူခဲ့ကြတယ်။
၁၉၈၉ နှစ်ဆန်းပိုင်း ကာလတွေထဲမှာပါ။

ရှစ်လေးလုံးအရေးတော်ပုံကာလတုန်းက ကျွန်တော်နဲ့ ကိုဌေးလွင် (ဒသနိကဗေဒနည်းပြ) တို့ နှစ်ယောက်က တက္ကသိုလ်ဆရာများအသင်း (UTA) နာမည်နဲ့ “ဒေါက်တာမောင်မောင်သို့ အိတ်ဖွင့် ပေးစာ (၁)နဲ့ (၂)” ရေးပြီး ဆော်သြခဲ့တဲ့ တက္ကသိုလ်ဆရာသမဂ္ဂဆိုတာလည်း စစ်တပ်က အာဏာ သိမ်းလိုက်တော့ မလှုပ်ရှားနိုင်တော့ဘူး။ အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးစံတင်(မြန်မာစာ) အပါ အဝင် ခေါင်း ဆောင်ပိုင်းကို အလုပ်ထုတ်ပစ်ချိန်မှာ ကိုဌေးလွင် (တွဲဖက်အတွင်းရေးမှူး)လည်း အငြိမ်းစားပေး (အလုပ်ထုတ်) ခံရတဲ့အထဲ ပါသွားခဲ့တယ်။ ဒါကြောင့်လည်း ဆရာအဖွဲ့တစ်ခု ဖွဲ့ဖို့ ညှိနှိုင်းခဲ့ကြတာပါ။

ဗဆသက ကြေညာချက်(၃)စောင် ထွက်ခဲ့တယ်လို့ ကျွန်တော် မှတ်မိတယ်။ (၂)စောင်ကို ကျွန်တော် ရေးပြီး (၁)စောင်ကိုတော့ ကိုနေဝင်းအောင် ရေးခဲ့တာပါ။ ကြေညာချက်မူကြမ်းကို ၀ိုင်းဖတ်ပြီး သဘောတူချက် ရမှ ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကြေညာချက် ထွက်လာအောင် တာဝန်ယူခဲ့သူ ကတော့ ကိုနေဝင်းအောင်ပါပဲ။ အဲဒီတုန်းက ကြေညာချက်အစောင်ငါးရာ (၅၀၀) ရိုက်တယ်။ ဒီချုပ်၊ ဒီငြိမ်းနဲ့ လူ့ဘောင်သစ်ပါတီတွေကို ကိုနေ၀င်းအောင်ကိုယ်တိုင် သွားပို့တယ်။ ကျွန်တော့်ဆီကို အစောင် (၅၀) ပို့ပေးပြီး ကျွန်တော်က ဖြန့်ဖို့လိုတဲ့လူတွေ (ရန်ကုန်တက္ကသိုလ်ထဲ မှာ) ဖြန့်တယ်။ ကျွန်တော် အဖမ်းမခံရခင် နောက်ဆုံးထုတ်ခဲ့တဲ့ ကြေညာချက်က ဇူလိုင် (၇)ရက် ၀န်းကျင်မှာပါ။ ဗဆသကို အမှုဆောင်တွေနဲ့ တိုးချဲ့ဖွဲ့ဖို့ အခြေခံပညာကျောင်းတချို့က ဆရာတွေ နဲ့ တွေ့ဆုံညှိနှိုင်း တာကို ကိုနေဝင်းအောင်က တာဝန်ခံပြီး လုပ်ခဲ့တာပါ။ အတော်များများ နဲ့တွေ့ပြီး (ညှိနှိုင်းပြီး)ချိန်မှာ အမှုဆောင်အဖွဲ့ဖို့ ကိုနေ၀င်းအောင်က ကျွန်တော့်ကို တိုင်ပင်တယ်။ ကျွန်တော်က လူနာမည်တွေ ထုတ်သုံးပြီး လုပ်ရတာ အန္တရာယ် ရှိတယ်။ လတ်တလောမှာ သဘော ထား ပြောနေဖို့က ပိုအရေးကြီး တာမို့ Body မဖွဲ့ဘဲနဲ့ အဖွဲ့နာမည်နဲ့ပဲ အလုပ်လုပ်နေတာ အန္တရာယ် ပိုကင်းပါတယ်ဆိုပြီး ပြောတော့ သူသဘောတူပါတယ်။ အမှုဆောင်အဖွဲ့ မဖွဲ့ဖြစ်တော့ ပါ ဘူး။

ဗဆသအနေနဲ့ စာစောင်တစ်ခု ထုတ်ဖို့ တခြားဆရာတွေနဲ့ ညှိတယ်။ သဘောတူလို့ စာမူစုကြတယ်။ အဲဒီကာလက မန္တလေးမှာ လုပ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားညီလာခံကို ဗဆသနာမည်နဲ့ သ၀ဏ်လွှာပို့ခဲ့တယ်။ ၁၉၈၉ မေလနှောင်းပိုင်းမှာပါ။ အဲဒီကာလမှာပဲ ဗဆသရဲ့ ဒုတိယကြေညာ ချက် ကို အစိုးရသတင်းစာက ဆောင်းပါးတစ်ပုဒ်ရေးပြီး အကြီးအကျယ် တိုက်ခိုက်ပါ တယ်။
ကျောင်းပြန် ဖွင့်ရေး ကိစ္စနဲ့ ပတ်သက်တဲ့ ကြေညာချက်ပါ။ ဒါကြောင့်လည်း စာစောင်ထုတ်ရေး အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ရတယ်။

ဇူလိုင်လလယ်လောက်မှာ မြစ်ဝကျွန်းပေါ် (ဧရာဝတီတိုင်း)က ဆရာသမဂ္ဂနဲ့ ပူးတွဲကြေညာချက် ထုတ် ပြန်ဖို့အတွက် အဲဒီက ဆရာတွေနဲ့ တွေ့ဖို့ သူ့ကို ပြောထားတယ်။ ကျွန်တော်နဲ့ သူနဲ့ သွားတွေ့မှာပါ။ အဲဒီရက်မတိုင်ခင် ကျွန်တော် အဖမ်းခံရတယ်။ ဘယ်နေရာမှာ၊ ဘယ်သူတွေ (ဘယ်လိုင်းက)လဲဆို တာ သူ မသိပါဘူး။ ဗဆသ တာဝန်ခံအနေနဲ့ သူက တွေ့ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗကပယူဂျီပေါက် သွားခဲ့ပြီး ကျွန်တော်ပါ အဖမ်းခံလိုက်ရတယ်။

(၄)

ABSDF မှာ ကိုမိုးသီးဇွန် ဥက္ကဋ္ဌဖြစ်နေတဲ့ ၁၉၈၉၊ ဇူလိုင်လ (၁၀) ရက်ဝန်းကျင်တုန်းက ကိုနေဝင်းအောင် အိမ် (ညောင်တန်း) အပေါ်ထပ်မှာ ကျွန်တော်တို့ တွေ့ကြတယ်။ ကျွန်တော် မှတ်မိသလောက် ပြောရရင် ကိုမိုးသီးဇွန် လွှတ်လိုက်တဲ့ ဆက်သားရယ်၊ ကိုအောင်မြင့်စိုး (မောင်စိုးချိန်)၊ ကိုဌေးအောင် (ရှဥ့်)၊ ကိုတင်သန်းဦး၊ ကိုနေဝင်းအောင်နဲ့ ကျွန်တော် တို့ တွေ့ကြ တယ်။ (ကိုငွေလင်း ပါမပါကိုတော့ မမှတ်မိတော့ပါ။) ကျွန်တော်နဲ့ ကိုနေ၀င်းအောင် တို့ တွေ့ကြတဲ့ သူတွေက လူ့ဘောင်သစ်ပါတီက ပုဂ္ဂိုလ်တွေပါ။

ဆက်သားက သူနဲ့အတူပါလာတဲ့စာ (ကိုမြင့်လှိုင် ရေး လိုက်တဲ့ စာနဲ့ ဓာတ်ပုံ)ကို ကိုနေဝင်းအောင် ဆီ ပေးတယ်။ အဲဒီအချိန်တုန်းက ကိုမြင့်လှိုင်ဟာ ကိုဇော်ထွန်း (ဆေး-၂ ကျောင်းသား၊ ရှစ်လေး လုံး ကာလ ရန်ကုန်ဂျီအက်စီရဲ့ အထွေထွေ အတွင်းရေးမှူး)နဲ့အတူ ABSDF ကို ရောက်နေ ချိန်ပါ။

ပြီးတော့ ကိုမိုးသီးဇွန်က ကျွန်တော်နဲ့ နောက်တစ်ယောက်ဆီ မှာလိုက်တဲ့ကိစ္စကို ဆက်သားက ပါးစပ် နဲ့ ပြောပါတယ်။ (တွေ့ဖို့ကိစ္စလို့ပဲ ထားလိုက်ပါတော့)။ အဲဒီကိစ္စကို လူ့ဘောင်သစ်က လူတွေနဲ့ ကျွန်တော်၊ ကိုနေ၀င်းအောင်တို့ ဆွေးနွေးပြီး သဘောတူညီချက်တစ်ခု ချကြတယ်။ တစ်နေရာရာမှာ စီစဉ်ပြီး တွေ့မယ်ပေါ့။ အဲဒီတုန်းက ပါဝင်ခဲ့သူတွေက ဘာမှာလို့ ဘာဆွေးနွေးပြီး ဘယ်လိုဆုံးဖြတ်ခဲ့ တယ်ဆိုတာ မှတ်မိလိမ့်ဦးမယ် ထင်ပါတယ်။ ကျွန်တော့်တစ်ဦးချင်းနဲ့ တိုက်ရိုက်ပတ်သက်နေလို့ အတိ အကျ မပြောတော့ပါ။

နောက်(၂)ရက်နေတော့ CP (ယူဂျီ)ပေါက်ပြီး ကျွန်တော် အဖမ်းခံရတယ်။ စပြီး အဖမ်းခံရတာ ကျွန် တော် မဟုတ်ဘူး။ ဇူလိုင် (၁၂) ရက်မှာ ကျွန်တော့်ကို လာဖမ်းတော့ CP ယူဂျီတချို့ကို ဖမ်း ပြီးနေ ပါပြီ။

အဲဒီနောက်ပိုင်းမှာ ကိုနေ၀င်းအောင်က ရန်ကုန်မှာပဲ ရှိတယ်။ ကျွန်တော် အင်းစိန်ထောင်မှာ ထောင် ကျပြီး ထောင်ဝင်စာတွေ့တော့ သူ့သတင်းတချို့ ကြားတယ်။ ကျွန်တော် နိုင်ငံရေးလုပ်တာ လူမ သိ ပေ မယ့် သူ လုပ်တာကို လူတချို့ သိတယ်။ အဲဒီလူတွေက သူ့ကို သံသယ ဖြစ်နေကြတယ် ဆို တာကို ကြားရတယ်။ ကျွန်တော့်အိမ်က ထောင်ဝင်စာလာတွေ့တော့ စားစရာပို့ပေးတာနဲ့ အတူ သူ မှာတာ တချို့ ရှိတယ်။ ထောင်ဝင်စာကနေ အပြင်ကလူတွေကို ဘာမှပြန်ပြီး မမှာနိုင် ခဲ့ဘူး။ ပြသနာ ကလည်း ကြီး လိမ့်မယ် မထင်ခဲ့ဘူး။ ကျွန်တော်နဲ့ ဆက်စပ်ခဲ့သူ အများစုဟာ ကျွန်တော်သာ “ဖော်” ခဲ့ရင် ထောင် (၁၀)နှစ်လောက် ကျမယ့်သူတွေချည်းပဲ။ အဲဒီထဲမှာ ကိုနေ၀င်းအောင်လည်း ပါတယ်။

(၅)

၁၉၉၀ မှာ မန္တလေးထောင် ပြောင်းခံရပြီး အဲဒီနှစ်ကုန် ဝန်းကျင်ပိုင်းမှာ ထောက်လှမ်းရေးက (၂)
ခေါက် လာမေးတယ်။ ပထမတစ်ခေါက်က “ဗဆသ”ကိစ။ အဲဒီကိစမပေါ်ခဲ့တော့ အဲဒီငြင်းခဲ့တဲ့ အရှိန်နဲ့ ဆက် ငြင်းခဲ့တယ်။ (၄)ခါလောက် လာမေးတာ။ ညဘက် (၉)နာရီလောက်အထိ ထောင် ထဲ က ရုံးခန်းမှာ အမေးခံရတယ်။

ဒုတိယအကြိမ်ကတော့ ဗိုလ်ကြီးတစ်ယောက် လာမေးတယ်။ ကိုနေဝင်းအောင်ကိစ္စက အဓိက။ ဘယ်သူတွေနဲ့ တွဲသလဲ အပါအ၀င် ကျွန်တော်နဲ့ ရင်းနှီးတဲ့ တပ်ထဲက မိတ်ဆွေ(ကျောင်းသားဘဝ က လက်ဖက်ရည်ဆိုင် အတူထိုင်ဖူးသူ)ကိစ္စလည်း ပါတယ်။ ၁၉၈၈ မှာ ဗိုလ်ကြီးဖြစ်နေတဲ့ အဲဒီလူနဲ့ ကိုနေ၀င်းအောင်ဟာ ကျောင်းသားဘဝတည်းက ဆက်ဆံရေး အဆင်မပြေကြဘူး။ (ဒါတွေကို ထားတော့။) ကျွန်တော် နောက်မှ သိရတာက ကိုနေဝင်းအောင်ရဲ့ သူငယ်ချင်း ကိုမြင့်အောင်နဲ့ ကိုခိုင်ဆန်းတို့်ကို ဖမ်းပြီး ထောင်ချလိုက်တယ်ဆိုတာပါ။ ထောင်ထဲမှာ ဆုံရတဲ့ မန္တလေး ဗကသ ကျောင်းသား တစ်ယောက်ကလည်း ကိုနေဝင်းအောင် ထွက်ပြေးသွား တယ်ဆို တာ ပြောပြ တယ်။ (အဲဒီကျောင်းသားနဲ့ သူနဲ့ သိကြပုံရတယ်။) ကျွန်တော် ထောင်က လွတ်တဲ့ ၂၀၀၃ နောက်ပိုင်း ၂၀၀၄ မှာ သူ့ညီမနဲ့ ပြန်တွေ့တော့မှ ကိုနေဝင်းအောင်ကို ဖမ်းမမိလို့ သူ့ကို ဖမ်းပြီး စစ်ဆေးတာ အပါအဝင် လူတချို့ ခေါ်စစ်မေးခံရတာ၊ သူ ရှောင်ခဲ့တုန်းက ပတ်သက်ခဲ့တဲ့ အိမ်ရှင်တချို့ (သူ့မိတ်ဆွေတွေ) စစ်မေးခံရတာ၊ သူနဲ့ တွဲလုပ်ခဲ့တဲ့သူတွေ(သူငယ်ချင်း မိတ်ဆွေ
တွေ) ထောင်ကျခဲ့တာ သိရတယ်။ အဲဒီတုန်းက ပြည်တွင်းမှာ ရှိနေတဲ့ ကိုမြင့်အောင် (မြန်မာစာနည်းပြ၊ ထောင်ကျ၊ ယခု အမေရိကမှာ ကိုနေဝင်းအောင်နဲ့ အတူရှိသူ) နဲ့ တွေ့တော့ လည်း ကိုနေဝင်းအောင်ကို အပြစ်ပြောသံ မကြားခဲ့ပါဘူး။ ဗဆသ (ဆရာသမဂ္ဂ)ကိစ္စမှာ ကိုမြင့်အောင် က ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့တာ ကျွန်တော် အသိဆုံး။

ကိုနေဝင်းအောင် ညီမ(နာမည်မပြောတော့ပါ)နဲ့ အေးအေးဆေးဆေး စကားပြောဖြစ်ကြတော့ သူက သူ့အစ်ကိုနေဝင်းအောင် (ညီမတွေက ကိုကိုလို့ ခေါ်ကြတယ်) အကြောင်း စကားတစ် ခွန်းမေး တယ်။ အဲဒီမေးခွန်းက အရေးကြီးတယ်။

“အစ်ကို ၊ ကိုကိုက သူတို့စွပ်စွဲသလို ထောက်လှမ်းရေး လုပ်ခဲ့တာလား” …တဲ့။

သူ့မေးခွန်းကြောင့် ကျွန်တော် လန့်သွားတယ်။ စစ်ထောက်လှမ်းရေး၊ ရဲထောက်လှမ်းရေးတိုင်းရဲ့ မိသားစုဝင်တွေက သိနေတတ်ကြတဲ့ အဲဒီလို ကိစ္စမျိုးကို သူ့မိသားစုတွေ မသိခဲ့ကြတာ ဟာ ထောက်လှမ်းရေး မဟုတ်လို့ ဆိုတာ ရှင်းမနေဘူးလား။

ကိုနေဝင်းအောင်ရဲ့ ယောက်ဖ (အစ်မ တစ်ယောက်ရဲ့ ယောက်ျား)က ရဲထောက်လှမ်းရေး လုပ်နေတာ ရှိတယ်။ သူတို့အိမ် အ၀င်အထွက် ပုံမှန်ရှိတယ်။ အဲဒီလူ ရဲထောက်လှမ်းဆိုတာ သူတို့မိသားစုတင်မကဘူး။ ပတ်ဝန်းကျင်ကလည်း သိတယ်။ ကိုနေဝင်းအောင်ကိုတော့ သူထောက်လှမ်းရေးဆိုတာ အမေကလည်း မသိ၊ အစ်မကလည်း မသိ၊ ညီမတွေလည်း မသိ၊ သူငယ်ချင်းတွေလည်း မသိ၊သူ့ရဲ့နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေလည်း မသိ၊ စစ်ထောက် လှမ်းရေး တွေ လည်း မသိ(မသိလို့ လိုက်ဖမ်းကြတာ)၊ သူ့ယောက်ဖ ရဲထောက် လှမ်းရေး လည်း မသိ၊ သူနဲ့ ABSDF မှာ အတူ နှိပ်စက်ခံရပြီး ဒုက္ခရောက်ခဲ့တဲ့ ကိုစိုးလင်း (မန္တလေး၊ မြောက်ပိုင်း
AB ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ရဲ့ သူငယ်ချင်း)လည်း မသိ။

ကိုနေဝင်းအောင် ထောက်လှမ်းရေးလို့ သိတဲ့လူတွေဆိုလို့ အဲဒီကာလက သူ့ကို ထောက်လှမ်းရေး စွပ်စွဲပြီး နှိပ်စက်ဝန်ခံခိုင်းတဲ့ “လူတော်ကြီး တချို့“ပဲ သိတာ ထင်တယ်။ ကိုနေဝင်းအောင် ဘာကြောင့် ထောက်လှမ်းရေးဖြစ်သွားခဲ့ရသလဲဆိုတာ အဲဒီအချိန်တုန်းက AB ရဲ့ တာဝန်ရှိသူ တစ်ချို့ပဲ ကောင်းကောင်းကြီး သိမယ် ထင်ပါရဲ့။ ဟုတ်တယ် ဟုတ်။

(၆)

၁၉၉၄-၉၅ ကာလ မန္တလေးထောင်သစ်မှာ ရှိနေတုန်း အိမ်က ကျွန်တော့် ညီမ ထောင်ဝင်စာ လာတော့ “ကိုနေဝင်းအောင်ကို ထောက်လှမ်းရေးဆိုပြီး တောထဲမှာ သတ်ပစ်လိုက်ကြတယ်”ဆိုတဲ့ သတင်းကို ပြောတယ်။ ကိုနေဝင်းအောင်က ကျွန်တော့်အိမ်ကို လာလည်ဖူးတော့ ညီမက သိတယ်။ ကျွန်တော် ထောင်ကျပြီးခါစမှာလည်း သူနဲ့အဆက်အစပ် ရှိပုံရတယ်။ ကိုနေဝင်းအောင် ညီမတွေနဲ့ ကျွန်တော့် ညီမက ရင်းနှီးနေကြပုံရတယ်။ ဒီသတင်းကို သူ ဘယ်က ကြားသလဲဆိုတာ ကျွန်တော် မမေးခဲ့ဘူး။ ဒီသတင်းကြောင့် ဒေါသဖြစ်ခဲ့ရတယ်။ အဲဒီကာလမှာ အပြင်လောကအကြောင်း ကျွန်တော် ဘာမှမသိ တော့ဘူး။ စာမဖတ်ရ၊ ရေဒီယိုနားမထောင်ရလို့ ဘာသတင်းမှ မသိရဘူး။ ABSDF ရဲ့ ဥက္ကဋ္ဌက ကိုမိုးသီးဇွန်လို့ပဲ ထင်နေတုန်း။ ကိုမိုးသီးဇွန်နဲ့ ကိုနေဝင်းအောင်ကို ကျွန်တော် မိတ်ဆက်ပေးခဲ့တာ။ ပြီးတော့ သူနဲ့ ရင်းနှီးတဲ့၊ သိတဲ့ ကိုအောင်မြင့်စိုး (မောင်စိုးချိန်)၊ ကိုဌေးအောင်၊ ကိုမြင့်လှိုင် (သတ္တဗေဒ သရုပ်ပြဆရာ)၊ ကိုဇော်ထွန်း (ဆေး-၂)တို့လို လူတွေ ABSDF ရှိနေပါလျက်နဲ့ နေဝင်းအောင်ကို ထောက်လှမ်းရေးဆို ပြီး သတ်ပစ်တယ်ဆိုတော့။ ကျွန်တော် အတော်ဒေါသဖြစ်ခဲ့၊ စိတ်မကောင်း ဖြစ်ခဲ့တယ်။ ဒီကိစ္စကို နောင်တစ်ချိန်မှာ ရှင်းရမယ်လို့တောင် အတူနေတဲ့ ကိုတင်အေး(ယခု-ထိုင်း)နဲ့ တခြားလူတွေကို ပြော ခဲ့သေးတယ်။ အပြင်လောကမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိသေးဘူး။ မြောက်ပိုင်း AB မှာ ဖြစ် တဲ့ကိစ္စ တစ်ချို့ ပဲ ကြားဖူးတယ်။ ရေရေရာရာ မဟုတ်သေးဘူး။ အဲဒီတုန်းက ကိုထိန်လင်းတို့၊ ကိုရာပြည့် တို့၊ ကိုရဲလင်းတို့၊ ကိုဘိုဘိုတို့နဲ့လည်း မန္တလေးထောင်မှာ မဆုံမိသေးဘူး။

ကျွန်တော်တောင် ဒီလောက် စိတ်မကောင်းဖြစ်၊ ဒေါသဖြစ်ရရင် ကာယကံရှင်ကိုနေဝင်းအောင် ဘယ်လိုခံစားသွားရမလဲ။ သူ့မိသားစု (အမေ၊ အမ၊ ညီမတွေ) ဘယ်လို ခံစားရမလဲ။ သူ့လုပ်ဖော် ကိုင်ဖက်တွေ ဘယ်လိုခံစားကြရမလဲ။ (စစ်ထောက်လှမ်းရေးတွေလည်း ဘယ်လောက်ပျော် လိုက် ကြ မလဲ။)

နောက်ခြောက်လလောက် ကြာတဲ့အခါ အိမ်က ထောင်ဝင်စာလာတော့ ညီမက “ကိုနေဝင်းအောင် ဘန်ကောက် ရောက်သွားပြီလို့ ကြားတယ်”ဆိုပြီး ပြောတယ်။ ညီမက အဲဒီအခြေအနေတွေကို ဘာမှ သိတာမဟုတ်ဘူး။ သူနဲ့ခင်တဲ့ ကိုနေဝင်းအောင်ဟာ ကျွန်တော့်သူငယ်ချင်းဆိုတဲ့အသိနဲ့ပဲ အဲဒီသတင်း ကို သယ်လာခဲ့တာပါ။

ကျွန်တော် ထောင်က လွတ်ပြီး နောက်ပိုင်း ကိုနေဝင်းအောင် ညီမတွေနဲ့တွေ့၊ လူတချို့ နဲ့ တွေ့ပြီး တော့ မှ ကိုမိုးသီးဇွန် ဥက္ကဋ္ဌ မဟုတ်တဲ့ ဘက်ခြမ်းမှာ ဖြစ်ခဲ့တယ်ဆိုတာနဲ့ တချို့ ကိစ္စတွေ ကို ထပ်ပြီး သိခဲ့ရတာပါ။

ဘယ်လိုသဘောထားတွေနဲ့ ဘာတွေဖြစ်ခဲ့ကြတာလဲဗျာ။

(၇)

ကျွန်တော်နဲ့ မဟာဝိဇ္ဇာတန်း အတူတက်ပြီး တရင်းတနှီးပေါင်းခဲ့တဲ့၊ နိုင်ငံရေး စကားတွေ ပြောဖြစ်ခဲ့ တဲ့၊ ၈၈ နဲ့နောက်ပိုင်း (ကျွန်တော် အဖမ်းမခံရင်အထိ) နိုင်ငံရေးကိစ္စတွေ အတူပြော၊ အတူလုပ်ခဲ့တဲ့ သူ့မိသားတစ်စုလုံး ကျွန်တော်နဲ့ ရင်းနှီးဖူးတဲ့ ကိုနေဝင်းအောင်ကို အဲဒီ ABSDF မှာ ထောက်လှမ်း
ရေး ဆို ပြီး စွပ်စွဲနှိပ်ကွပ်မယ်ဆိုတာမှန်း သိခဲ့ရင် ကျွန်တော် အဖမ်းခံရတုန်း က ဖော်ခဲ့ပါ တယ်။
ရေကြည်အိုင် (ဗထလ)မှာ ကျွန်တော်နဲ့ ရင်းနှီးသူတွေတစ်ယောက်ချင်း အကြောင်းကို စစ်ထောက် လှမ်းရေးက မေး တော့ သူတို့ နာမည်တွေ ပြောပြီး မေးခံရတဲ့လူတွေထဲမှာ ကိုနေဝင်းအောင် နာမည်လည်း ပါခဲ့တယ်။ ကျွန်တော်နဲ့ နိုင်ငံရေးအရ ပတ်သက်နေခဲ့သူ (စီပီယူဂျီမဟုတ်သူ)တွေ ဆိုတာကို သူတို့ မသိဘူး။ အဲဒီ တုန်းက ကိုနေဝင်းအောင်အကြောင်းကို ဗဆသ (ဆရာသမဂ္ဂ) တစ်ခု တည်းလောက်ပဲ ထုတ်ပြောလိုက် ရင် အဖမ်းခံရဖို့ လုံးဝသေချာတယ်။

ကျွန်တော် ထောင်ကျပြီး မန္တလေးထောင်ရောက်တဲ့အထိ အဲဒီ အကြောင်းကို ထောက်လှမ်းရေးက စစ်ကြောရေးလုပ်ခဲ့တာ ရှေ့ပိုင်းမှာ ရေးခဲ့ပြီးပါပြီ။ အဲဒီ “ဗဆသ” တစ်ခုတည်းနဲ့တင် ကျွန်တော်နဲ့ အမှုတွဲလို့ ရပြီး အနည်းဆုံး ထောင်(၁၀)နှစ်ကျမှာ သေချာတယ်။ (အခု ဒီအကြောင်းကို ဗိုလ်ခင်ညွန့် ရဲ့ ထောက်လှမ်းရေးတွေ အခု ဖတ်ရရင် ကျွန်တော့်ကို ဆဲနေကြမှာ သေချာတယ်။ သူတို့ခံရတာတောင် နောင်တမရကြသေးရင်ပေါ့။)

ကျွန်တော်သာ သူ့အကြောင်း အမေးခံရချိန်က ဖော်ပြောခဲ့ရင်ကျွန်တော့်သူငယ်ချင်း နေဝင်းအောင်
ဟာ တောထဲအထိတောင် ရောက်မှာ မဟုတ်ဘူး။ တောထဲ မှာ ထောက်လှမ်းရေး ဆိုပြီး နှိပ်စက်ခံ ရ၊ ထောင်ချခံရမှာ မဟုတ်ဘူး။ အခုလို အနှစ်(၂၀)ကျော် နိုင်ငံရေးဂုဏ်သိက္ခာ အသတ်ခံရမှာ မဟုတ်ဘူး ။ စစ်အစိုးရရဲ့ ထောင်ကလွတ်လာပြီး နိုင်ငံရေးလောကထဲ ဆက်ရှိနေရင် လူရိုသေရှင် ရိုသေ၊ စစ် အစိုးရမုန်းတဲ့ နိုင်ငံရေးသမားတစ်ယောက်ဘ၀မှာ ရှိနေမှာပါ။

အခုတော့ နိုင်ငံရေးအသတ်ခံလိုက်ရပြီး နိုင်ငံရေးဘ၀၊ လူမှုရေးဘဝ ဖျက်ဆီးခံလိုက်ရတဲ့ သားကောင် တစ်ကောင် ဖြစ်နေတုန်း။ နှိပ်စက်ခံရတဲ့ ဒဏ်တွေနဲ့ ကျန်းမာရေးထိခိုက်နေ တုန်း။
တော်လှန်ရေးလုပ်ခဲ့သူ အချင်းချင်းကြားမှာ ခေါင်းမမော့ ရင်မကော့နိုင် ဘဲ နိုင်ငံရေး သိမ်ငယ် စိတ်ရဲ့ အနှိပ်စက်ခံဘဝမှာ ရှိနေတုန်း။ နိုင်ငံရေးကို ရိုးသားစွာ ယုံကြည်ပြီး တော်လှန်ရေး ကို ပြတ်သားစွာ လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကိုနေ၀င်းအောင်ဟာ မြောက်ပိုင်း AB က ကိုထိန်လင်းတို့နဲ့ ရဲဘော်တချို့တွေလိုပဲ တောင်ပိုင်း AB ဗဟိုမှာ ခံခဲ့ရတာပါ။ ကိုထွန်းအောင်ကျော် (မြောက်ပိုင်း ဥက္ကဋ္ဌ၊ အသတ်ခံရသူ) ရဲ့ သူငယ်ချင်း ကိုစိုးလင်း (မြောက်ပိုင်း AB ကိုယ်စားလှယ်) ကပဲ ကိုနေဝင်းအောင် ကို ဘယ်လိုကြောင့် ထောက်လှမ်းရေးစွပ်စွဲခံရတယ်ဆိုတာ အပြည့်စုံဆုံးပြောပြ
နိုင်ပါ လိမ့်မယ်။

ကိုစိုးလင်းနဲ့ ကိုနေဝင်းအောင် ထောက်လှမ်းရေးမဟုတ်တာ သေချာနေပြီရင်ဒေါက်တာနိုင်အောင်
ဘယ်လို တာဝန်ယူပြီး ဖြေရှင်းပေးမလဲ။ ခင်ဗျား ၊ ဥက္ကဋ္ဌဘဝ မှာ တောင်ပိုင်းဗဟို မှာ ဖြစ်ခဲ့တာ အတွက် နိုင်ငံရေးအရ ဘယ်လိုတာဝန်ခံပြီး ရှင်းလင်းပေးမှာလဲ။ အတိတ်က အမှားကို ဘယ်လို သင်ခန်းစာ ယူပြီး ခင်ဗျားရဲ့ ခေတ်ပြိုင်တော်လှန်ရေးရဲဘော်တွေနဲ့ နောင်လာမယ့် မျိုးဆက်တွေကို အကောင်းဆုံး နိုင်ငံရေးဝန်ခံချက်ပေးဖို့ ဘယ်လိုစဉ်းစားထားပါသလဲ။

ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်ယူဝန်ခံပြီး နောက်မမှားအောင် ဆင်ခြင်နိုင်တာဟာ သတ္တိရှိသူတွေ ရဲ့ အလုပ်လို့ ဆိုကြပါတယ်။ လူတိုင်းကတော့ မှားတတ်တာပါပဲ။ ဟုတ်တယ်ဟုတ်။

ကုန်ထမ်းသမားတစ်ယောက်ရဲ့ အမှားနဲ့ သမ္မတတစ်ယောက်ရဲ့အမှားမှာ အကျိုးသက်ရောက်မှုက ကွာခြား တတ်တယ် မဟုတ်လား။

ကျွန်တော်တို့ရဲ့ အတိတ်တွေကို ပြန်ကြည့်တဲ့အခါမှာ အစွဲကင်းကင်း၊ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ အမှန် တရား နဲ့ အနီးကပ်ဆုံး ရှိအောင် ကြည့်သင့်ကြတယ် မဟုတ်လား။ တချို့အတိတ်တွေဟာ ပစ္စုပ္ပန်ရော၊ အနာဂတ်အတွက်ပါ အရိပ်လို တကောက်ကောက်လိုက်နေတတ်တယ် မဟုတ်လား။

အတိတ်က အမှားကို အတိတ်ဆီ ပြန်လှည့်ပြီး ပြင်လို့ မရတော့ပေမယ့် ပစ္စုပ္ပန်မှာတော့ ထပ်မ မှား အောင် ဆင်ခြင်ပြင်ဆင်လို့ ရပါတယ်။

ဖြစ်ခဲ့ပြီးတဲ့ မှားယွင်းတဲ့အတိတ်ကို မှန်မှန်ကန်ကန် မြင်ပြီး တာဝန်ယူရဲ၊ ပြင်ဆင်ရဲသူတွေပဲ နိုင်ငံရေး လောကမှာ ထွန်းကားတိုးပွား နေရာယူနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ဌေးသိန်း(နောင်ကျော်)
၂၁-၉-၂၀၁၂

(ကမ္ဘာ့ငြိမ်းချမ်းရေးနေ့)

စာကြွင်း

အဲဒီလို အမှားမျိုးတွေ ကိုမိုးသီးဇွန်ဘက်မှာ ကျူးလွန်ခဲ့တာရှိရင်လည်း တာဝန်ယူဖြေရှင်းသင့်ပါ တယ်။ ကျွန်တော် ဒီစာကို ရေးနေချိန်မှာ အာဃာတမပါဘူးဆိုတာ သေချာပါတယ်။ ကိုယ်တိုင် မခံရ တာ ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ မြောက်ပိုင်းရဲဘော်တွေ အောင့်အည်းမျိုသိပ်ထားခဲ့ရတဲ့ နှစ်
(၂၀)ကျော်က ဒဏ်ရာကို ပြပြီး ရင်ဖွင့်အော်ငိုနေကြတာပါ။

ရန်သူအားရဖို့ မဟုတ်။ လူစိတ်ရှိသူတွေ ကြားကြဖို့ပါ။ နားမထောင်ချင်ရင် ပါးစပ်ပိတ်နေပေး ပါ။
လေ ကြီး ဖင်ကျယ် ပုဒ်ထီးပုဒ်မတွေနဲ့ ဒီပဲယင်းကို ဖွင့်ချပါလားဆိုပြီး လေမထွားပါနဲ့၊ မရှုတ်ချပါနဲ့၊ အပုပ်မချပါနဲ့။

သင်ခန်းစာယူကြရမယ့် သမိုင်းမှာ ကြေးစားတွေ ဝင်မရိုင်းပါနဲ့၊ သူတို့လုပ်ခဲ့ကြတဲ့ လက်နက် ကိုင်တော် လှန်ရေးဆိုတာ ဟန်းနီးမွန်းမဟုတ်၊ အပန်းဖြေခရီးက ရမ္မက်မီးတောက်အနမ်း မဟုတ်၊
နိုင်ငံရေးဗန်းပြ ပြီး လုပ်စားတာ မဟုတ်။

အဓမ္မသုတ်သင်ရေး လမ်းကြောင်းမှာပဲ အဓမ္မကျင့်ခံရသူတွေ ရှိခဲ့တယ်ဆိုတာ ရိုးသားစွာ မှတ်တမ်း တင်ပါစို့လား။

ခင်ဗျားတို့သာ အစိုးရနဲ့ ပေါင်းစားသူ၊ အင်ဖော်မာလို့ စွပ်စွဲခံရရင် ဘယ်လိုနေကြမလဲ။ ရိုက်နှက်နှိပ် စက် တာ မပါသေးဘူးနော်။ သိချင်လို့ပါ။

ဌေးသိန်း(နောင်ကျော်)

အကိုCho Layှဆီမှတစ်ဆင့် ကူးယူဖေါ်ပြပါသည် 

 BY-THITSAR -facebook
 

Tuesday, September 25, 2012

“ခပ်ပြင်းပြင်း ထောက်လက်သီး တစ်လုံး” .

“ခပ်ပြင်းပြင်း ထောက်လက်သီး တစ်လုံး” ..
 ငြိမ်းချမ်းရေး အတွက် စီတန်း လှည့်လည် တာကို ...
 အရမ်း အရမ်း ကို အရေးယူချင် သူတွေ ...
 ၅ လောင်းပြိုင်လူသတ်မှု ကျူးလွန်သူတွေကို တိတိကျကျ ဖေါ်ထုတ် အရေးယူနိုင်ပြီလား ... — 


Monday, September 24, 2012

ဒီစာစောင်လေးကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ် .....

အဖေ့သမီးအတွက် သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်….

ဖခင်။    ။ အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။ ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။ သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။ သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။ ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။

အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။

သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။ ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။

၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။

 ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

 အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့…

ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

 အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား… "

ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.." သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။

ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား* တန်းဖိုးသိမှ တန်ဖိုးရှိတယ်... တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်... တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....



 မူရင်းဆောင်းပါး---Chitthuco Coco

Saturday, September 22, 2012

ငြိမ်းချမ်းရေးကျောက်စာတိုင်ငယ်မှာ စက်တင်ဘာ ၂၂ ရက်နေ့တွင် ပျောက်ခြင်းမလှ ပျောက်သွား

စက်တင်ဘာ ၂၁ ရက်ညနေက တံတားဖြူမှတ်တိုင်၊ အင်းလျားကန်ပေါင်တွင် ငြိမ်းချမ်းရေးလိုလားသူ တစ်ထောင်ကျော်မှ လာရောက်စိုက်ထူခဲ့ကြသော ငြိမ်းချမ်းရေးကျောက်စာတိုင်ငယ်မှာ စက်တင်ဘာ ၂၂ ရက်နေ့တွင် ပျောက်ခြင်းမလှ ပျောက်သွား ပါသည်။ စည်ပင်ဌာနဆိုင်ရာများကိုတော့ မနေ့ညနေက အဲ့ဒီနားမှာ မယောင်မလည်လုပ်နေတာ တွေ့ရသည်။ (စွပ်စွဲခြင်းမဟုတ်ပါ :P )

 ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခဲ့ကြသော ဦးဆောင်သူများထဲမှ ကိုဘိုဘို၊ ကိုမိုးသွေး၊ မခင်စန္ဒာညွှန့်၊ မဖွေးဖွေးတို့ကို လှိုင်မြို့နယ်ရဲစခန်းမှ တရားစွဲဆိုလိုက်ပါသည်။ ယနေ့ညနေ အာမခံလာပေးရန် အကြောင်းကြားထားပါသည်။

 ၂၁ စက်တင်ဘာတွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အများပြည်သူဆန္ဒအရ တံတားဖြူ ကန်ဘောင် ရင်ပြင်ပေါ်တွင် စိုက်ထူထားခဲ့သော ငြိမ်းချမ်းရေးကျောက်တိုင်အား ဒေသအာဏာပိုင်များမှ စိုက်ထူပြီးများမကြာမှီတွင် ဖယ်ရှားခဲ့ပါသောကြောင့် ဆုံနေကြ အနေဖြင့် များစွာ ၀မ်းနည်းမိပါသည်။

 ထာဝရငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတကာမှ ငြိမ်းချမ်းရေးလှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့ပြီး ပြည်တွင်းစစ်နှင့် အြ ခားသော ပြည်တွင်းဆူပူမှုများစွာ ရင်ဆိုင်နေရသော မြန်မာနိုင်ငံမှ ပြည်သူပြည်သားများအနေဖြင့် မိမိတို့ လိုလားသော ငြိမ်းချမ်းရေးကို သက်သေထူနိုင်သည့် ငြိမ်းချမ်းရေးကျောက်တိုင်ကို အများပြည်သူရှေ့ တွင် တရားဝင် စိုက်ထူခဲ့ပြီး အဆိုပါ ကျောက်တိုင်ကို ဖယ်ရှားသူ၊ ဖယ်ရှားစေသူသည် ငြိမ်းချမ်းရေးမလိုလားသူ၊ မငြိမ်းချမ်းလိုသူ၊ ငြိမ်းချမ်းမှုကို နှောင့်ယှက်သူ ဖြစ်ကြောင်း အသိပေးကြေငြာခဲ့ပြီးဖြစ်ပါသည်။

သို့ ပါသော်ကြောင့် ... ငြိမ်းချမ်းရေးကျောက်တိုင်ကို ဖယ်ရှားမှုသည် ၂၁ရက်နေ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲတွင် ဆင်နွှဲခဲ့ကြသော၊ တံတားဖြူတွင် စုဝေးခဲ့ကြသော လူငယ်၊ လူကြီး ပြည်သူများ၏ နှလုံးသားကို ဆွဲထုတ်လိုက်သကဲ့သို့ နာကျင်လှပြီး ထိုသို့ ပြုလုပ်မှုကို ဆုံနေကြ အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း အသိပေးကြေငြာအပ်ပါသည်။

Tuesday, August 21, 2012

ပြည်သူ့လွှတ်တော်ဥက္ကဌ ၂၀၁၅ မတိုင်မီ နိုင်ငံတော်သမ္မတဖြစ်ရေး ကြိုးစားနေပြီလော (သို့မဟုတ်) Parliamentary Coup ?


ပြည်သူ့လွှတ်တော်ဥက္ကဌ ၂၀၁၅ မတိုင်မီ နိုင်ငံတော်သမ္မတဖြစ်ရေး ကြိုးစားနေပြီလော (သို့မဟုတ်) Parliamentary Coup ?


ကျွန်တော်ကတော့ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ နိုင်ငံသားတစ်ဦးပါ။ တစ်သက်လုံး စိတ်ပျက်စရာနိုင်ငံရေး အခြေအနေနဲ့ ကြီးပြင်းလာခဲ့ရသူတစ်ဦးအနေနဲ့ ၂၀၁၁ အစိုးရသစ်တက်ချိန်မှာ အပြောင်းအလဲတွေမြင်ရတော့ အားတက်မိပါတယ်။ အဲလိုအပြောင်းအလဲတွေစလို့မှ မကြာသေးခင် ဖဆပလလို ကွဲကြ၊ ပြဲကြတော့မယ့် အခြေအနေတွေ မြင်နေရလို့ မနေနိုင်၊ မထိုင်နိုင် ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနာမည်စကြားဖူးတာ သူညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာတဲ့အချိန်ကပါ ၊ အဲဒီ အချိန်က နိုင်ငံကို တပ်မတော်က အုပ်ချုပ်နေပြီး တပ်မတော်မှာ ဗိုလ်ချုပ်ကြီးရွှေမန်းက တတိယအဆင့်ရှိသူဆို တော့ နိုင်ငံတော်အဆင့်မှာလဲ တတိယအဆင့်လို့ပြောနိုင်မယ်ထင်ပါတယ်၊ ညှိကွပ်ဘ၀မှာ သဘောကောင်း တယ်လို့တော့ တပ်မတော်သားတွေက ပြောကြပါတယ်၊ ဒါပေမယ့် တပ်မတော်တိုးတက်ရေးမှာ ဘာတွေစွမ်း စွမ်းတမံလုပ်ခဲ့သလဲဆိုတာတော့ တစ်ခါမှ မကြားဖူးပါဘူး၊ ဒါကတော့ သူကိုယ်တိုင်က လူအထင်ကြီးမခံချင်လို့ နှိမ့်ချထားလို့မသိတာဖြစ်နိုင်သလို ကျွန်တော် အကြားအမြင်နည်းပါးတာလည်း ဖြစ်နိုင်ပါတယ်၊ တပ်မတော်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့ နာမည်အကြီးဆုံးကိစ္စကတော့ မြောက်ကိုရီးယားနိုင်ငံကို လေ့လာရေး သွားတဲ့ အစီရင်ခံစာပေါက်ကြားတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအစီရင်ခံစာပေါက်ကြားတဲ့ကိစ္စမှာ တာဝန်အရှိဆုံးသူက သူပဲဖြစ်ပေမယ့် ဘယ်သူတွေပဲ အရေးယူခံရသလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူကတော့ အရေးယူမခံခဲ့ရဘူးဆိုတာ သေချာပါတယ်။

ဗိုလ်ချုပ်ကြီးဘ၀ကနေပြီးတော့ ၂၀၁၁ ခုနှစ် အစိုးရသစ်ကာလမှာ ပြည်သူ့လွှတ်တော်ဥက္ကဌတာဝန်ထမ်း ဆောင်တဲ့အချိန်မှာတော့ သူရဦးရွှေမန်းဟာ ဒီမိုကရေစီဘက်တော်သားတစ်ဦးဆိုတဲ့ ပုံရိပ်ကို အထင်အရှား ပုံဖော်လာတဲ့အပြင် လွှတ်တော်တွင်းမှာလည်း ထောက်ခံမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကြံ့ခိုင်ရေး ပါတီကမဟုတ်တဲ့ အမတ်တွေကိုယ်တိုင်က ဥက္ကဌကြီးက ပါတီစွဲမရှိဘူး၊ သမာသမတ်ရှိတယ်လို့ လေးစားတဲ့ အသံတွေကြားရပါတယ်။

လွှတ်တော်တွင်း ဆွေးနွေးမှုတွေဟာလည်း လွှတ်တော်တစ်ကြိမ်ထက်တစ်ကြိမ် ပိုမို ပြီး အသက်ဝင်လာပါတယ်။ ဒီအထိ အားလုံးကောင်းပါတယ်။ နေရာမှန် လူမှန်လို့ ကျွန်တော်တွေးမိပြီး နိုင်ငံ အနာဂတ်အတွက်တောင် မဆီမဆိုင် အားတက်မိပါတယ်။ စိတ်သဘောထားဖြောင့်မတ်မှန်ကန်တဲ့နိုင်ငံတော် သမ္မတကြီး၊ စည်းရုံးရေးကောင်းတဲ့လွှတ်တော်ဥက္ကဌ၊ နိုင်ငံတကာကအသိအမှတ်ပြုတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်။ ဒီလိုခေါင်းဆောင်တွေနဲ့ဆိုတော့ ငါတို့နိုင်ငံအချိန်တိုအတွင်း တိုးတက်လာမှာ မြေကြီး လက်ခတ်မလွဲဆိုပြီးတော့ပေါ့။

ဒါပေမယ့် အချိန်ကြာလာတာနှင့်အမျှ သူရဦးရွှေမန်းရဲ့လုပ်ရပ်တွေဟာ ရိုးသားမှုရှိ / မရှိ သံသယ ဖြစ်စရာ ရှိလာပါတယ်။ ပထမဆုံးအကြိမ် ကျွန်တော်သံသယဖြစ်မိတာကတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ဆုံးဖြတ်ထားပြီးသားကိစ္စတစ်ခုကို ပြည်သူ့လွှတ်တော်က ပြန်လည်ကန့်ကွက်တာပဲ ဖြစ်ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၅(က)အရ သမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်ရေး အတွက်ပေးပို့ခြင်းမပြုမီ ဥပဒေကြမ်းပူးပေါင်းကော်မတီအားစိစစ်ရန်၊ ဥပဒေကြမ်းကော်မတီက စိစစ်ရာ၌ သံသယရှိသော ကိစ္စရပ်များ ပါဝင်သည်ဟုယူဆပါက ယင်းဥပဒေအား အခြေခံဥပဒေ ပုဒ်မ ၃၂၂ (ခ) အရ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ပေးပို့စိစစ်ရန် လို/မလို” ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးလဲ တက်ရောက်ခဲ့ကြတဲ့ ပြည်ထောင်စုလွှတ်တော်မှာကတည်းက ကန့်ကွက်လို့ရတဲ့ကိစ္စကို အဲဒီမှာတော့မကန့်ကွက်ဘဲ သူတို့ပါအလိုတူ၊ အလိုပါသဘောတူဆုံးဖြတ်ခဲ့ပြီး တစ်ရေးနိုးတော့မှ အကြံပေါ် ပြီးတော့ ပြည်သူ့လွှတ်တော်အနေနဲ့ကန့်ကွက်တာဟာ အင်မတန်အရုပ်ဆိုးတဲ့ကိစ္စပါ ၊ ကိစ္စကလဲ အမျိုးသား အကျိုးစီးပွားနဲ့ ဘာမှမဆိုင်ပါဘူး။ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဘယ်သူ အာဏာ ပိုရှိသလဲဆိုတာ ပြတဲ့ပုံစံလုပ်တာပါ။ အဲဒီကိစ္စဖြစ်တော့ ပြည်သူ့လွှတ်တော်ဥက္ကဌအပေါ် အထင်ကြီး စိတ်နဲနဲလျော့သွားတယ်။ ဒါပေမယ့် ဘေးကမြောက်ပေးတဲ့လူတွေရှိလို့ နားယောင်ပြီး လုပ်တာဖြစ်မယ်လို့ လျော့လျော့ပေါ့ပေါ့တွေးမိပါတယ်။

ဒါပေမယ့် ဥက္ကဌရဲ့ ဒုတိယအကြိမ်တိုက်ကွက်ကို မြင်ရတဲ့အခါမှာတော့ ဥက္ကဌရဲ့လုပ်ရပ်တွေ ရိုးသားမှု ရှိ/ မရှိအပေါ် ကျွန်တော်ရဲ့သံသယက ပိုမိုကြီးထွားလာခဲ့ပါတယ်။ ၀န်ထမ်းအားလုံးမျှော်လင့်တောင့်တနေတဲ့ လစာတိုးမြှင့်ရေးကိစ္စကို ဗန်းတင်ပြီးသူရဲကောင်းလုပ်ပြတာကတော့ အစွယ်ထုတ်ပြတာလို့ပြောလို့ရမယ်။ ၀န်ထမ်းတွေနဲ့အစိုးရ၊ နိုင်ငံတော်သမ္မတကို ရန်တိုက်ပေးပြီး သူကတော့ဝန်ထမ်းတွေဖက်က ရှေ့နေလိုက်ပေး တဲ့ သူရဲကောင်းကြီးပေါ့။ ဒီကိစ္စကိုတော့ ကိုထိန်လင်းက အသေးစိတ်ရေးပြီးဖြစ်လို့ ကျွန်တော်အသေးစိတ် မပြောတော့ပါဘူး။ မဖတ်ရသေးသူများ အောက်ကလင့်မှာ သွားဖတ်နိုင်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် - (၇-၂-၂၀၁၂)ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသော ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ အဆိုအပေါ် ရှုမြင်သုံးသပ်ချက် (ထိန်လင်း)


သူရဦးရွှေမန်းကို ပိုပြီးစိတ်ပျက်ရတာကတော့ သူ့သားတိုးနိုင်မန်းကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ်တာဝန်ပေးလိုက်တာပါပဲ။ ဒီကောင်လေးက ဘာများတတ်ကျွမ်းနေလို့လဲ။ အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်လို့ တာဝန်ပေးတယ်ဆိုရင် တော့ ဘာမှမပြောလိုပါဘူး။ တပ်မတော်ထဲမှာတုန်းကလဲ အဖေအရှိန်နဲ့ဘော်ကြော့နေလာတဲ့ကောင်။ သင်တန်းမှာ တပ်ပြင်ခိုးထွက်။ ကားမှောက် လူသေ၊ ဒါတောင်မှင်နီတစ်ချက်မစွမ်းဘူး။ တပ်ထဲမှာလူစွာလုပ်ရ တာဝတော့ အပြင်ထွက်။ အဖေအရှိန်နဲ့ ပိုက်ဆံရှာ။ အခုတော့နိုင်ငံရေးသမားယောင်ယောင်၊ ဘာယောင် ယောင် လုပ်တော့မယ်ပေါ့။ သူရဦးရွှေမန်းရဲ့ အကြံကလည်းအကြီးသား။ သားကြီးကို အဖေအရှိန်နဲ့ စီးပွားရှာ ခိုင်း၊ သားငယ်ကိုတော့ အဖေအရှိန်နဲ့ နိုင်ငံရေးမှာနေရာပေး၊ ပြီးတော့ မြောက်ကိုရီးယားလို ငမန်းမျိုးဆက်တွေ ထူထောင်ကြမယ်ပေါ့လေ။

တကယ်အရည်အချင်းရှိလို့နေရာပေးရင်တော့ ထားပါ။ စင်ကာပူက လီကွမ်းယူလုပ်သလို သူ့သား လီရှန်လွန်းကို သေချာလေ့ကျင့်ပေးခဲ့သလို လေ့ကျင့်ပေးပြီးမှ နေရာပေးရင်ပေးပေါ့။ အခုတော့ ကိုယ်စွမ်းကိုစ နဲ့ဆို အောက်တန်းစာရေးတောင်ဖြစ်မှာ မဟုတ်တဲ့ တိုးနိုင်မန်းကို ကော်မရှင်အဖွဲ့ဝင်ပေးထားတာကတော့ မရှက်တတ်တာလား၊ အရှက်မရှိတာလား မပြောတတ်တော့ပါဘူး။ သားကို ကော်မရှင်အဖွဲ့ဝင်ပေးပြီးတဲ့အချိန် မှာ လွှတ်တော်ကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်းပုံအခြေ ခံဥပဒေခုံရုံးက ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဦးရွှေမန်းအတွက်တော့ တကယ့်အကွက်ကောင်း ရတော့တာပဲ။ အဲဒီအချိန်မှာ သမ္မတနဲ့ ညှိနှိုင်းပေးမယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ခဏချွေးသိပ်ထားတော့ ဘာလဲပေါ့၊ ကျွန်တော်မျက်စိလည်သွားသေးတယ်၊ လွှတ်တော်စတုတ္ထအကြိမ်အစည်းအဝေးမှာ ဒေါ်စုကို ကော်မတီဥက္ကဌ ပေးတော့မှပဲရှင်းတော့တယ်။

ဒါဆိုရင် ကော်မတီများပြည်ထောင်စုဖြစ်ရေးတိုက်ပွဲမှာ ပြည်သူ လူထု ထောက်ခံမှုရနိုင်ပြီပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သူတို့အကျိုးအတွက် လုပ်ပေးနေတယ် ပေါ့။ အထူးသဖြင့်တော့ ခိုးလို့၊ ၀ှက်လို့၊ အာဏာပြလို့မ၀သေးတဲ့ ၀န်ကြီးဟောင်းများဖြစ်တဲ့ ကြံ့ဖွံ့ စီအီးစီ တွေပေါ့။

လွှတ်တော်ကော်မတီတွေကို ပြည်ထောင်စုအဆင့်သတ်မှတ်ရေးကို ဒီလူကြီးတွေကတော့ အားတက် သရောထောက်ခံမှာပေါ့။ အဲဒီအချိန်မှာ လက်ညှိးထောင်ခေါင်းညိတ် လွှတ်တော်ကိုယ်စားလှယ်အများစု (ကျွန် တော့်စကားမဟုတ်ပါ၊ လယ်ဆည်ဝန်ကြီးစကားကို အငှားယူသုံးခြင်းသာဖြစ်ပါတယ်) အနေနဲ့ ဘုမသိ၊ ဘမသိ နဲ့ ခုံရုံးတခုလုံးနှုတ်ထွက်ပေးဖို့ တောင်းဆိုတာကတော့ အံ့အားသင့်စရာမရှိဘူးလို့ထင်ပါတယ်။ နမူနာအနေနဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က အင်ဂျိုင်းယန် မဲဆန္ဒနယ်မြေ ကိုယ်စားပြု ပြည်သူ့ လွှတ်တော်အမတ်ဒေါ်ဒွဲဘူရဲ့ပြောစကားကိုပြချင်ပါတယ်။

“ဘာပဲပြောပြော ပြည်ထောင်စုလွှတ်တော်ထဲမှာ ပါပြီးသား ဆိုတဲ့ အခါဆိုတော့ နံမည်ကိုက ပြည်ထောင်စုလွှတ်တော်ဆိုတာပါပြီးမှ အခုကျတော့ အဲဒီအဆင့် မဟုတ်ဘူး ဆိုတဲ့ အခါကျတော့ အဲဒီကဏ္ဍ တချက်ပေါ့နော်” ။ အဲလိုအတွေးအခေါ်မျိုးဆိုတော့ ကျွန်တော်လဲ ပြည်ထောင်စုပါတီဆိုပြီးပါတီထောင်လိုက်ရင် ချက်ချင်း ပြည်ထောင်စုအဆင့်ဖြစ်သွားမလားမသိဘူး။

နောက်ပြီး ပြောချင်တာက ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့်ဆုံးဖြတ်တာနဲ့ ခုံရုံးဥက္ကနဲ့အဖွဲ့ဝင်အားလုံး ထွက်ရမယ်ဆိုတာ လွတ်တော် အနေနဲ့ ငါ့တို့ကိုမထောက်ခံရင်၊ ငါတို့လိုတာ လုပ်မပေးရင် ဖြုတ်ပစ်မယ်လို့ အာဏာပြတဲ့သဘော သက်ရောက်နေတယ်။ ပြီးတော့ ကော်မတီတွေအနေနဲ့ သူတို့လုပ်ငန်းဆောင်တာ တွေကို ပြည်ထောင်စုအဆင့်ဖြစ်မှပဲ လုပ်နိုင်တော့မှာလား။ ပြီးခဲ့တဲ့ တတိယအကြိမ်လွှတ်တော်တုန်းက လယ်ဆည်ဝန်ကြီးကို လွှတ်တော်အခွင့်အရေးကော်မတီက ခေါ်ယူကြားနာခဲ့ပြီးတဲ့နောက် ပြည်ထောင်စု လွှတ်တော်မှာ လယ်ဆည်ဝန်ကြီး က ၀န်ချတောင်းပန်ခဲ့ရပါတယ်။ ဒါဆိုရင် လွှတ်တော်ကော်မတီတွေ ဘယ်လောက်လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ရှင်းပါလိမ့်မယ်။ ပြည်ထောင်စုအဆင့်အဖြစ် သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ ကော်မတီတွေဟာ သူ့အလုပ်ကိုသူ လုပ်နိုင်တဲ့အခွင့်အာဏာရှိဖို့က လိုရင်းပဲ မဟုတ် လား။

ဒါပေမယ့် တကယ်ကိုဖြစ်သင့်တဲ့ကိစ္စဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများ ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ရန်အဆို ကိုတော့ လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ဒီအဆိုကို ဘာလို့ပယ်ချရသလဲ ဆိုရင် ရှေ့နေချုပ်က ဒီကိစ္စကို ရှင်းလင်းတဲ့အချိန်မှာ ဒီပုဂ္ဂိုလ်တွေသာမကဘဲ လွှတ်တော်ဥက္ကဌ၊ ကော်မတီ ဥက္ကဌများနဲ့ လွှတ်တော်ကိုယ်စားလှယ်များပိုင်ဆိုင်မှုတွေကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောလိုက်တဲ့ အတွက် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌကိုယ်တိုင်က သူ့ပိုင်ဆိုင်မှုတွေ ၊ ဒါတွေကို ဘယ်လိုပိုင်ဆိုင်လာ တဲ့အကြောင်း ပြည်သူလူထုကိုတင်ပြရဲသလားဆိုတာ အဖြေပါ။ လွှတ်တော်တွင်းက ၀န်ကြီးဟောင်းများ၊ ခရိုနီ များရော တင်ပြရဲပါသလား။ ဒါကြောင့်မို့ လွှတ်တော်ကော်မတီများ ပြည်ထောင်စုအဆင့်သတ်မှတ်ရေးဆိုတဲ့ ကိစ္စဟာ ပြည်သူအကျိုး၊ နိုင်ငံအကျိုး တစ်ပြားသားမှ မပါဘဲ ကိုယ်စားလှယ်များရဲ့ အကျိုးစီးပွားသက်သက် အတွက်သာဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။

ဒါ့အပြင် အပေါ်မှာ ကျွန်တော်တင်ပြထားတဲ့ ဆက်စပ်အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ ဒီလောက်ရိုးစင်းတဲ့ကိစ္စမဟုတ်ဘူးလို့ ထင်ပါတယ်။ သူရဦးရွှေမန်းအနေနဲ့ အခွင့်အရေးပြပြီး လွှတ်တော်ကိုယ် စားလှယ်များကို စည်းရုံးလိုက်ခြင်းဖြစ်ပါတယ်။ ဥက္ကဌကြီးအကွက်မြင်လိုက်ပုံက အမေစု ကော်မတီဥက္ကဌ ပေးပြီးတဲ့အချိန်ထိစောင့်ပြီး အပိုင်ရိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တချို့ကလဲ လွှတ်တော်က မှန်တယ်၊ တချို့က ခုံရုံးကမှန်တယ်ပြောနေကြပေမယ့် အဲဒါက သိပ်အရေးမကြီးလှဘူးလို့ ယူဆပါတယ်။

တကယ်အရေးကြီးတာက လူများစုအာဏာရှင်စနစ်မဖြစ်ဖို့လိုတယ်ဆိုတဲ့ ဥက္ကဌကြီးရဲ့စကားဟာ အပြောက တော့ရွှေမန်းပဲဆိုတဲ့ စကားကိုမဟုတ်ကြောင်းပြလိုက်တာပါ။ သူဆန့်ကျင်ရမယ်ဆိုတဲ့ လူများစုအာဏာရှင် စနစ်ကို လူများစု သတိမထားမိစေဘဲတည်ဆောက်လိုက်တာပါ။ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်တဲ့လုပ် ရပ်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးအတွက်လုပ်ပေးတယ်ဆိုပြီး ကိုယ်စားလှယ်တွေကိုစည်း ရုံးတယ်။ အမေစုကို ကော်မတီဥက္ကဌပေးထားပြီး အမေစုကို ထောက်ခံတဲ့သူတွေကို စည်းရုံးတယ်။ ငါတို့ပြည် သူ့လွှတ်တော်က လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ အချိုးမျိုးနဲ့ အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင် ၊ ကုန်ကုန်ပြောရ ရင် အမျိုးသားလွှတ်တော်ကိုပါ ခြိမ်းခြောက်တယ်။

သူရဦးရွှေမန်းရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင်-

(၁) ပြည်ထောင်စုလွှတ်တော်ကို စိန်ခေါ်ပြီး သူကအာဏာပိုရှိကြောင်းပြတယ်။

(၂) လစာတိုးပေးရေးကိစ္စကို အကြောင်းပြပြီး အစိုးရအဖွဲ့ကို စိန်ခေါ်တယ်။

(၃) ကိုယ်စားလှယ်တွေကို အပေါစားစည်းရုံးရေးနဲ့စည်းရုံးပြီးတော့ အခြေခံဥပဒေခုံရုံးဆိုတာ ပြည်သူ့လွှတ် တော်အလိုကျဆုံးဖြတ်ပေးရမယ်ဆိုတဲ့ပုံစံလုပ်တယ်။

ဒီလိုလုပ်ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းတရားကဘာလဲ။ နောက်ထပ်ဘာဆက်လုပ်ဦးမှာလဲ။ အဖြေက ရှင်းနေတာပဲလို့ မြင်တယ်။ နောက်အဆင့်တွေမှာ သမ္မတကိုပါ လွှတ်တော်က စွပ်စွဲပစ်တင်ပြီး ဖြုတ်ချနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ သမ္မတ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားခဲ့ရင် ပြည်သူ့လွှတ်တော်က နောက် ဒုသမ္မတရွေးပေးရမယ်။ သူက ဒုသမ္မတဖြစ်လာမယ်။ အဲဒီအချိန်မှာ ယာယီသမ္မတတာဝန်ထမ်းဆောင်နေတဲ့ ဒုသမ္မတအပါအ၀င် ဒုသမ္မတသုံးယောက်ကို ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးတဲ့အခါ သူအပေါစား စည်းရုံးရေးနဲ့ စည်းရုံးထားတဲ့ ပြည်သူလွှတ်တော်က လူအများဆုံးဖြစ်တဲ့အတွက် သူသမ္မတဖြစ်လာမယ်။

ဘာလို့ဒီလိုလုပ်မှာလဲလို့မေးရင် ၂၀၁၅ ဆိုတာ မသေချာလို့ပါ။ တစ်ချိန်က နိုင်ငံတော်ရဲ့နံပါတ်(၁) နေရာ ကိုမှန်းထားခဲ့ပြီး လက်ရှိအခြေအနေမှာ နံပါတ်(၄/၅)လောက်ဖြစ်နေရတဲ့သူတယောက်ရဲ့ အာဏာမက်မောစိတ် ပါ။ ဒါကိုမြင်အောင်ကြည့်နိုင်ဖို့လိုပါလိမ့်မယ်။

သူရဦးရွှေမန်းသမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းကို ကျွန်တော်စိတ်မပူပါဘူး။ တကယ်လို့ သူ့တိုက်ကွက်တွေအောင်မြင် ပြီး သမ္မဖြစ်သွားတဲ့အခါမှာ မင်းသားခေါင်းဆောင်းကျွတ်သွားမှာကိုပဲ စိတ်ပူပါတယ်။ နဂိုကတည်းက ခရိုနီတွေ နဲ့ပေါင်း စီးပွားရှာ၊ ဆွေမျိုးသားချင်းတွေကို တန်၏၊ မတန်၏၊ သင့်တော်၏၊ မတော်၏ မစဉ်းစားပဲ နေရာပေး တတ်တဲ့လူမျိုးသာ နိုင်ငံတော်အကြီးအကဲ ဖြစ်သွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ စဉ်းစားကြည့်ကြပါ။ အဲဒီ လိုသာဖြစ်သွားခဲ့မယ်ဆိုရင် လွှတ်တော်ထဲမှာလည်း သူပြောသမျှနားထောင်မဲ့သူကို ဥက္ကဌအဖြစ်ထားခဲ့ပါလိမ့် မယ်၊(တစ်နာရီလောက်မတ်တပ်ရပ်ရလို့ မကျေမနပ်ဖြစ်နေတဲ့သူကို ကျွန်တော့်စကားနားထောင်ရင် ခင်ဗျား နောက်ကို မတ်တပ်ရပ်စရာမလိုတော့ဘူးလို့ ပြောပြီးနေရာပေးတာမျိုးဘဲဖြစ်ဖြစ်ပေါ့)၊ ပြီးရင် ဒီမိုကရေစီလှိုင်း နောက်ပြန်သွားမလား၊ ရှေ့ဆက်သွားမလား ဆိုတာတော့ စဉ်းစားကြည့်ကြပါ။ ဒါကြောင့်မို့ လွှတ်တော်ကိုယ် စားလှယ်ကြီးများလည်း နိုင်ငံရေးတိုက်ကွက်တွေကို မြင်အောင်ကြည့်ပြီး လူတစ်ဦးရဲ့ အာဏာရလိုမှုမှာ အသိမဲ့ အသုံးချမခံကြရပါစေနဲ့လို့ ကျွန်တော်ဥာဏ်မီသမျှတင်ပြလိုက်ရပါတယ်။

written by Myanmar Myochit- facebook 

Saturday, August 18, 2012

ကောင်းရောကွာ ....အဟက်အဟက်...


Barbar Lay - facebook မှ

ပြည်သူကိုလိမ်ညာပြီး နည်းမျိုးစုံနဲ့ ပိုက်ဆံယူနေတဲ့ Sky net ...


Sky net ကုမ္ပဏီ ကနေ ဂြိုလ်တုပြောင်းမှာဖြစ်လို့ဆို ပြီး ထိပ်ဖူးများကို တစ်လုံးလျှင် (၈၀၀၀) ကျပ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံလဲ ပေးနေပါတယ်။

သူတို့ ဂြိုလ်တုပြောင်း တာ သူတို့ကုမ္ပဏီရဲ့တာဝန်သာဖြစ်ပါသည်။ ကျွန်တော်တို့နှင့်ဘာမှမဆိုင်လို့ထင်ပါသည်။ တစ်လုံးကို (၈၀၀၀) ကျပ်ဆိုပါက တစ်နိုင်ငံလုံး အလုံး ၁ သိန်း ရှိပါက ကျပ်သိန်း (၈၀၀၀) အနည်းဆုံးရရှိမည်ဖြစ်ပါသည်။(ထို့ထက်မကနိုင်ပါ)

ထို့အပြင်မရိုးသားမှု့မှာ နယ်များတွင် တစ်လုံးကို (၃၀၀၀) ကျပ်ဖြင့် လဲပေးခြင်းဖြစ်ပါသည်။ဘာကြောင့်ကွာခြားမှန်းမသိပါ . . .
အဆိုးဆုံးမှာ ဘောလုံးပွဲ အားလုံးလွှင့်ပေးသည် ဆိုသည့် အချက်ဖြင့် တစ်လုံးကို တစ်သိန်းကျော် ပေးဝယ်ယူထားသူများအဖို့ Premier League ဘောလုံးပွဲစင်များ ထုတ်လွှင့်ပေးခြင်း မပြုတော့ခြင်းဖြစ်ပါသည်။

ပြည်သူတွေကိုနားလှည့် ပါးရိုက် လုပ်စားနေသော Sky net ကုမ္ပဏီ ကိုပြည်သူများမှ ၀ိုင်းဝန်း ဒဏ်ခတ်သင့်သည်ဟုထင်မြင်ယူဆပါသည်။

Sky Net ရုံးချုပ် ဖုန်းနံပါတ် ၀၁- ၂၉၂၅၇၁ သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

မှတ်ချက် ။ ။ ကျွန်တော်နှင့် Sky net ကုမ္ပဏီ ကြား ဘာပြဿနာမှ မရှိပါ။

Kyaw Naing Win - facebook

Religion of Peace ဆိုပြီး မငြိမ်းချမ်းတဲ့ အဖျက်လုပ်ရပ်တွေ၊ သူများဘာသာကို ဖျက်စီးစော်ကားတာတွေ ...




Religion of Peace ဆိုပြီး မငြိမ်းချမ်းတဲ့ အဖျက်လုပ်ရပ်တွေ၊ သူများဘာသာကို ဖျက်စီးစော်ကားတာတွေ ဘာသာခြားတွေကို သတ်ဖြတ်၊ လုယက်၊ မုဒိမ်းကျင့်၊ မီးရှို့တဲ့လုပ်ရပ်တွေကိုပဲ လုပ်လေ့ရှိတဲ့ မွတ်ဆလင်တွေရဲ လုပ်ရပ်ထဲက တစ်ခုပါ။
ဒီအဖျက်သမားတွေအကြောင်း မြန်မာပြည်သူတွေ ကမ္ဘာအရပ်ရပ်ကလူတွေ သိရှိအောင် များများရှယ်ကြပါ။

Latest Picture of Broken Mahveer Idol

Muslim have broke the Mahaveer Idol in Lucknow, UP.

https://www.facebook.com/photo.php?fbid=454066967949830&set=a.235042763185586.56800.233844383305424&type=1&theater

Friday, August 3, 2012

***ဒါဟာ စော်ကားမှု့ ပါ...၀ိုင်းဝန်းကန့် ကွက်ကြပါ***


http://www.linoo.asia/2012/08/buddhists-outraged-at-buddhas-images-on.html

Official Website - http://www.iconshoes.com/

Icon Shoes FB - http://www.facebook.com/iconshoesandhandbags

by ။ ။ လင်းဦင်္း(စိတ်ပညာ)

Thursday, August 2, 2012

8888 ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားဖိတ်စာ။

Sunday, July 29, 2012

မြန်မာမွတ်စလင် အစည်းအရုံး ကြေညာချက်

ဇွန်လ၊ စစ်တွေ

"လက်ရှိအကြပ်အတည်းကို အခွင့်ကောင်းယူ၍ မွတ်စလင်အစွန်းရောက်များ၏ ဘာသာရေးဆိုင်ရာ အမြတ်ထုတ် သွေးထိုး လှုံ့ဆော်မှုမှန်သမျှကို ပြင်းထန်စွာ ရှုံ့ချသည်" လို့ မြန်မာမွတ်စလင် အစည်းအရုံးရဲ့ သောကြာနေ့ရက်စွဲတပ် ကြေညာချက်တစောင်မှာ တွေ့ရပါတယ်။

ဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူများအဖြစ် ဗြိတိန်၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုတို့မှာ ရှိနေသူ သုံးဦးနဲ့ သူတို့ရဲ့ ဖုန်းနံပါတ်တွေကိုလည်း တွေ့ရမှာပါ။

အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွါးနေခဲ့သော အထိကရုဏ်းများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ခြင်း

၁။ ဇွန်လ(၅)ရက်၊ ၂၀၁၂ခုထုတ် အစိုးရသတင်းစာများက “မွတ်စလင်ကုလားများ၏ ရခိုင်အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက်ယုတ်မာမှုများ” ဟူသော ရေးသားချက်များဖြင့် သာမန်ရာဇဝတ်မှုတစ်ခုကို လူမျိုးရေး ဘာသာရေး မုန်းတီးမှု ပဋိပက္ခအသွင် ဖြစ်ပေါ်လာအောင် စတင်လှုံ့ဆော်ခဲ့သည်။

၂။ သမ္မတရုံးညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေးက မှူးဇော်အမည်ဖြင့် “ဘင်္ဂလားဒက်ရှ်က ရိုဟင်ဂျာ လက်နက်ကိုင်တွေ ဗမာပြည်ထဲ ကျူးကျော်လာပြီဆိုသော မမှန်သတင်းမှစ၍ လူသားချင်းစာနာ ထောက်ထားမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောစေလိုကြောင်းက အလယ် ရခိုင်လူထုရဲ့ အသက်ကို အကာအကွယ်ပေးဖို့က အဆုံး” ၄င်း၏ Facebookမှ တာဝန်မဲ့ ဆက်တိုက်ရေးသား သွေးထိုးလှုံ့ဆော်လာခဲ့သည်။

၃။ ထို့နောက် အပြန်အလှန် စွပ်စွဲမှုများနှင့် တိုက်ခိုက်မှုများအပြင် သက်ဆိုင်ရာ အစိုးရအဆင့်ဆင့်၏ မမျှ မတ ဘက်လိုက် ကျင့်သုံးသည့် သတင်းများလည်း ရှေ့ဆင့် နောက်ဆင့် ထွက်ပေါ်လာခဲ့သည်။

၎။ တစ်ဖန် တရားမဝင် ခိုးဝင်လာသူများကို ဆန့်ကျင်ရေးနှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အဆက်ဆက်က အသိအမှတ်ပြုထားသော အစ္စလာမ်ဘာသာနှင့် နိုင်ငံသား မြန်မာမွတ်စလင်များကို ဆန့်ကျင်တိုက်ခိုက်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာသည်။

၅။ ပြည်တွင်းမီဒီယာ အချို့နှင့် Facebooks များက ရိုဟင်ဂျာဆန့်ကျင်ရေးနှင့် မွတ်စလင် ဆန့်ကျင်ရေးများကို ထွေးရောယှက်တင် ဖေါ်ပြနေကြသော်လည်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အာဆီယံအပါအဝင် နိုင်ငံတကာ အစိုးရများ၊ အိုအိုင်စီ(OIC)၊ မွတ်စလင်နိုင်ငံများက ပြည်သူများနှင့် ကုလသမဂ္ဂစသည်တို့က လူနည်းစု အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာများ နှိပ်စက်သတ်ဖြတ်မှု ခံနေရသော သတင်းများအပေါ်တွင် စိုးရိမ်မကင်းဖြစ်ကြကြောင်း ထုတ်ဖေါ်ပြောဆိုလာကြသည်။

၆။ တစ်ဆက်တည်းမှာပင် နိုင်ငံအချို့ရှိ မွတ်စလင်အစွန်းရောက်များကလည်း မြန်မာပြည်ကို ဘာသာရေးစစ်ပွဲ(ဂျီဟတ်) ဆင်နွှဲမည်ဟူသော ခြိမ်းချောက်မှုများကိုလည်း စိုးရိမ်ဖွယ်ရာ ကြားသိလာရသည်။

၇။ အစွန်းရောက်များ၏ လှုံ့ဆော်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့သော အထိကရုဏ်းများတွင် သေကြေ ပျက်ဆီး ဆုံးရှုံးခဲ့ကြသော နှစ်ဖက်သော ပြည်သူများအတွက် အထူးဝမ်းနည်း ကြေကွဲရပါသည်။
ထိုအရေးအခင်းကြောင့် ပြည်သူတစ်ရပ်လုံးလိုလားသော လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ကျန်ရှိသေးသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ အလုပ်သမားနှင့် လယ်သမားအခွင့်အရေးစသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအားလုံးသည် နိုင်ငံတော်လုံခြုံရေးဟူသော ခေါင်းစဉ်အောက်တွင် တင်းမာသူများအလိုကျ မှေးမှိန်အားပျော့လာသည်ကိုလည်း စိတ်မကောင်းကြီးစွာဖြင့် တွေ့မြင်နေရသည်။

ထို့ကြောင့် မြန်မာမွတ်စလင်အစည်းအရုံး၏ သဘောထားကို ယခုကဲ့သို့ ရှင်းလင်းစွာ ထုတ်ပြန်လိုက်သည်။

(က) ရိုဟင်ဂျာကိစ္စအပါအဝင် တိုင်းရင်းသား၊ နိုင်ငံသားပြသနာများကို (တိုင်းရင်းသားလူမျိုးများဟူသော ဝေါဟာရအား အခြေခံဥပဒေတွင် သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖေါ်ပြထားခြင်း မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင် ပြောဆိုခဲ့ပြီးဖြစ်သည်။)
အစိုးရ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များပါဝင်ပြီး နိုင်ငံတော် လုံခြုံရေးကိုလည်း မထိခိုက်စေ၊ နိုင်ငံတကာစံများနှင့်လည်း ညီစေသော ကွန်ဖရင့်ကြီးတစ်ခုဖြင့် အပြီးသတ် ဆုံးဖြတ်ချက်များရယူရန်။

(ခ) နိုင်ငံတော်အတွင်း တရားဝင်နေထိုင်သူ နိုင်ငံသားများကို မည်သည့်ဘာသာ၊ မည်သည့်လူမျိုးပင်ဖြစ်စေ တည်ဆဲတရားဥပဒေများအရ တန်းတူရည်တူ အသိအမှတ်ပြု အကာအကွယ်ပေးရန်။

(ဂ) တရားမဝင် ခိုးဝင်လာသူများနှင့် ခိုးဝင်ခွင့်ပြုသူများကို ထိရောက်စွာ အရေးယူရန်။

(ဃ) အထိကရုဏ်းဖြစ်ပွါးအောင် လှုံ့ဆော်သူများနှင့် အထိကရုဏ်းကာလအတွင်း ဥပဒေမဲ့ကျူးလွန်သော ရာဇဝတ်မှုများကို ဖေါ်ထုတ်၍ ကျောသား ရင်သား မခွဲခြားဘဲ နောက်နောင် မကျူးလွန်ဝံ့အောင် ထိရောက်ဟန့်တားသော အပြစ်ဒါဏ်များ ချမှတ်ရန်။

(င) အထိကရုဏ်းများကြောင့် ကျိုးကြေသွားရရှာသော လူ့အဖွဲ့အစည်းနှစ်ခု ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် သင့်မြတ်ရေးအတွက် ပြည်တွင်း ပြည်ပမှ ထိရောက်အားကောင်းသော အကူအညီများကို အလျှင်အမြန်ရယူရန်။

(စ) နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စိုးရိမ်ပူမှုများနှင့် ကောလာဟလများ၏ အခြေခံအကြောင်းရင်းမှာ သတင်းလွတ်လပ်ခွင့် မရှိခြင်းကြောင့် ဖြစ်ရသဖြင့် နိုင်ငံတော်အစိုးရသည် တစ်စုံတစ်ရာ ဖုံးကွယ်ထားရန် အကြောင်းမရှိဟု မိမိကိုယ်ကို ယုံကြည်မှုရှိပါက နိုင်ငံတကာ သတင်းဌာနများကို လွတ်လပ်စွာ လာရောက်ခွင့်ပြုရန်။

(ဆ) ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နိုင်ငံသားအချင်းချင်း ပြည်ထောင်စုအတွင်း ချစ်ကြည်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ကော်မရှင်တစ်ခုဖွဲ့စည်း ဆောင်ရွက်ပေးရန်။

(ဇ) လက်ရှိအကြပ်အတည်းကို အခွင့်ကောင်းယူ၍ မွတ်စလင်အစွန်းရောက်များ၏ ဘာသာရေးဆိုင်ရာ အမြတ်ထုတ် သွေးထိုး လှုံ့ဆော်မှုမှန်သမျှကို ပြင်းထန်စွာ ရှုံ့ချသည်။ မြန်မာမွတ်စလင်များသည် သမိုင်းစဉ်လာအရ တိုင်းပြည်ကို သစ္စာခံသော တိုင်းချစ်ပြည်ချစ် မြန်မာတိုင်းရင်းသားများသာဖြစ်သဖြင့် ပြည်ပက ဘာသာရေး၊ လူမျိုးရေး သွေးထိုးစွက်ဖက်မှုမှန်သမျှကို တိုင်းရင်းသားပြည်သူများနှင့် လက်တွဲ၍ ပြည်ထောင်စု၏ အချုပ်အခြာကို သက်စွန့်ကြိုးပမ်း ကာကွယ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ထုတ်ပြန်လိုက်သည်။

မြန်မာမွတ်စလင် အစည်းအရုံး
ဇူလိုင်(၂၇)ရက်၊ ၂၀၁၂

Media Contact;
ကိုကျော်စွာ +44 782 842 6801(UK) kyawzwa@b-m-a.org;
ဒေါ်မော်လီ +1 416 516 7383 Canada law4women@gmail.com;
Ma Yasmin +1 408 250 6227(USA) yasnohana@sbcglobal.net;

Friday, July 27, 2012

" နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားများ အစည်းအဝေး ဖိတ်ခေါ်ခြင်း”


" နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသား နှင့် ဒီမိုကရေစီအင်အားစုများ

(ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မီတီ-) အစည်းအဝေး ဖိတ်ခေါ်ခြင်း”


ကမ္ဘာ့နိုင်ငံသီးသီးတွင် ပြန့် ကျဲရောက်ရှိနေကြရသော ၁၉၈၈ ခု၊ မတ်လ ၊ ဇွန်လ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော

၈၈ မျိုးဆက်ကျောင်းသား ရဲဘော်များ “က ယခုလာမည့် ဇူလိုင် (၂၈ ) ရက် ၊ စနေ နေ့  အွန်လိုင်း (အင်တာနက်) ပေါ်မှနေ၍

လက်ရှိမြန်မာ့နိုင်ငံရေးနှင့် ပြည်တွင်း-ပြည်ပ အထွေထွေလုပ်ငန်းရပ်များနှင့် စပ်လျဉ်းပတ်သက်ပြီး တွေ့ ဆုံအစည်းအဝေးတရပ်ကို

စိတ်ပါဝင်စားသူများ၊ အကြံပေးလိုသူများ၊ ပူးပေါင်းဆောင်ရွက်လိုသူများ တက်ရောက်ပါဝင် ဆွေးနွေးနိုင်ရန်

ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဆက်သွယ်ရန်E-mail: 88transitorycommittee@gmail.com, ( မိမိတို့ ၏ Skype name များပေးပို့ ထားပါရန် )

ဇူလိုင်လ ၂၈ ရက် ၊( စနေနေ့ ) ၊ ၂၀၁၂ ခုနှစ်။



တကာရောက် ၈၈မျိုးဆက်ကျောင်သားများနှင့် ဒီမိုကရေစီအင်အားစုများ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ သည်

စစ်အာဏာရှင်စနစ် ဘက်ဆီနောက်ကြောင်းပြန်မလှည့်ရန်နှင့် စစ်မှန်သောဒီမိုကရေစီနိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးအလို့ငှာ

ဆက်လက်တိုက်ပွဲဝင်းရေး လမ်းကြောင်း သစ်ချမှတ်နိုင်ရေးကိုဦးတည်၍အောက်ပါ ရည်ရွယ်ချက်၂ ရပ်ဖြင့် ကြိုးစား အကောင်အထည်

ဖေါ်ဆောင်ရွက်လျှက်ရှိသည်။


(၁)စစ်မှန်သောဒီမိုကရေစီနှင့်လူ့အခွင့်အရေးများပြန်လည်ရရှိရေးအတွက်ပြည်တွင်း/ပြည်ပအင်အားစုများ
    ပူး ပေါင်းဆောင်ရွက်နိုင်ရေး၊

(၂)ဲမြန်မာနိုင်ငံ၏ ရှေ့အနာဂတ်နှင့်ပတ်သက်၍ ပြည်တွင်းနှင့်ပြည်ပအင်အားစုများ     မျက်နှာစုံညီတွေ့ဆုံဆွေးနွေးနိုင်ရေး၊


Thursday, July 26, 2012

သူငယ်ချင်းအားလုံးသို့ ....



ယခုနောက်ဆုံး ရရှိသော သတင်းအရ ရိုဟင်ဂျာကို လက်မခံတဲ့အတွက် ပါကစ္စတန် အခြေစိုက် တာလီဘန်အဖွဲ့မှ မြန်မာနိုင်ငံကို အကြမ်းဖက်တိုက်ခိုက်သွားဖို့ နိုင်ငံတကာမီဒီယာကြီးတစ်ခုမှတစ်ဆင့် ကြေညာခဲ့ကြောင်း သိရပါတယ်.. ။ ထိုင်းအခြေစိုက် အစ္စလာမ်အစွန်းရောက်များနဲ့ အခြား အစွန်းရောက်အဖွဲ့အစည်းများကလည်း ဒီလို ကြေညာခဲ့ပါတယ်..။

ဒါဟာ မြန်မာအစိုးရအဆက်ဆက် မကြုံဖူးတဲ့ Terrorist (အကြမ်းဖက်မှု) ဆိုတာကို အခု အစိုးရနဲ့ ပြည်သူအများ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်.။ တကယ် တမ်း ပြန်လေ့လာကြည့်ရင် ဒီအခြေအနေအထိ ရောက်လာခြင်းဟာ....

(၁)ပြည်ပမီဒီယာများမှ သတင်းမှားများနှင့် ၀ိုင်းပြီးဘေးတီးပေးမှုကြောင့် နိုင်ငံတကာရှိ အစ္စလာမ် အစွန်းရောက်များက အစိုးရနှင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအပေါ် အထင်အမြင်လွဲမှားလာခြင်း။

(၂) ဖြစ်စဉ်အတွင်း ရောက်ရှိနေသည့် ရခိုင်ဒေသတွင်းရှိ NGO အဖွဲ့အစည်းများမှ အခြေအနေမှန်ကို လျစ်လျူရှုထားကာ ရန်ပုံငွေတစ်ခုတည်းအတွက် ဘင်္ဂလီရိုဟင်ဂျာတို့ကို နစ်နာသူများအဖြစ် ကမ္ဘာကို သိစေခြင်း။

(၃) နိုင်ငံခြားသတင်းထောက်များ အလွယ်တကူ ၀င်ထွက်နိုင်ပြီဖြစ်သော ယနေ့အချိန်တွင် ပြည်တွင်းက ပြန်ကြားရေးဝန်ကြီးဌာန၏ အစိုးရပိုင် မီဒီယာများမှ တိကျပြတ်သားတဲ့ သတင်းထုတ်ပြန်မှုများ ကမ္ဘာကို ချမပြခြင်းကြာင့် information အမှားများကို ပြည်ပမီဒီယာများက အသာစီးယူ သွေးထိုးလှုံ့ဆော်သွားနိုင်ခဲ့ခြင်း။

(၅) ပြည်ပတွင်ရှိသော အဖွဲ့အစည်းများမှ ရိုဟင်ဂျာများအား တိုင်းရင်းသားအဖြစ် သတ်မှတ်ရေးအတွက် အစိုးရနှင့် အတိုက်အခံတို့ နိုင်ငံရေးအကျပ်အတည်းဖြစ်စေရန် လမ်းကြောင်းပေး ဆောင်ရွက်ခြင်းဖြင့် ရန်ပုံငွေများ ရရှိနေခြင်။

(၆) အွန်လိုင်းအသုံးပြုသူ ဘာသာရေး စိတ်ဓာတ် ပြင်းထန်သော မြန်မာ လူငယ်များ၏ ရည်ရွယ်ချက်မျိုးစုံဖြင့် ဆဲရေးတိုင်းထွာမှုများ၊ ကြိမ်းဝမ်းသံများက ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ် အဖွဲ့အစည်းများထံသို့ ပျံ့နှံ့ရောက်ရှိသွားသဖြင့် ဘာသာရေးနှင့် နွယ်သော စစ်ပွဲသဏ္ဍာန် အသွင်ယူရန် တစ်ဖက်မှ အခွင့်အရေး ရသွားခြင်း။

(၇) စစ်အစိုးရလက်ထက် အဂတိလိုက်စားမှုများနှင့် တိကျပြတ်သားသော လူဝင်မှုဥပဒေများနည်းပါးခြင်းကြောင့် လွှတ်တော်ထဲအထိ ၀င်ရောက်နေရာယူလာခြင်း။

စသည်တို့အပြင်..။

အရေးကြီးဆုံး အချက်မှာ ၁၉၉၂ ခုနှစ် ဇွန်လ (၇) ရက်နေ့စွဲဖြင့် ABSDF (မကဒတ) သုတေသနဌာန မှ ထုတ်ဝေသော စာမျက်နှာ ၄၉ မျက်နှာပါ Rohingya Researched by ABSDF ဆိုသော စာတမ်းကို မလေးအခြေစိုက် အစ္စလာမ် အဖွဲ့အစည်းများမှ ဒေါ်လာတစ်သန်းကျော်နှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ကာ ရေးသားစေခဲ့ခြင်း။

ထိုသုတေသန စာတမ်းကြောင့် .. ဦးနေ၀င်းလက်ထက်က စီမံချက်များကြောင့် တိမ်မြုပ်ပျောက်ကွယ်နေသော ရိုဟင်ဂျာ ဇာတ်လမ်းကို ၁၉၉၂ တွင် NGO များမှတစ်ဆင့် ကမ္ဘာနှင့် UNHCR တို့မှ သိပြီး ယနေ့ထက်ထိ ရိုဟင်ဂျာအား မြန်မာနိုင်ငံမှ အဖိနှိပ်ခံလူမျိုးစုအဖြစ် တရားဝင်သတ်မှတ်ကာ ကမ္ဘာ့ဇာတ်ခုံပေါ် ရောက်လာခဲ့ခြင်းကြောင့် ယခုအကျိုးဆက်များအဖြစ် ဖြစ်ပေါ်လာသည်ဟု ယူဆပါသည်..။

ထို့ကြောင့် ယခုအကျီုးဆက်များ ဖြစ်ပေါ်လာအောင် နှစ်ပေါင်းများစွာ ဖန်တီးခဲ့သူများ ငြိမ်းချမ်းရေးကိုယ်စားလျယ်ယောင်ယောင်ဖြင့် ပါဝင်ပတ်သက်နေသူများ..။ ယခင်စစ်အစိုးရလက်ထက်မှ အဂတိလိုက်စားခြင်းဖြင့် တာဝန်ရှိသူ အရာထမ်းများ ၊ ပြည်ပနိုင်ငံရေးအဖွဲ့အစည်းများ၊ INGO များ။ ABSDF သုတေသနဌာနမှ ရိုဟင်ဂျာ စာတမ်းပြုစုသူများ လမ်းကြောင်းပေးသူ ပြည်ပမီဒီယာများ၊ ကမ္ဘာသိ သတင်းမထုတ်ပြန်နိုင်သော ပြန်ကြားရေးဝန်ကြီးဌာန၊ အစရှိသည်တို့အား ယနေ့ဖြစ်ပေါ်လာသော အခြေအနေဆိုးများ၏ သမိုင်းတရားခံများအဖြစ် ပြင်းထန်စွာ ရှုတ်ချပါကြောင်း..။

ရိုဟင်ဂျာများအား လက်မခံပဲ ပြန်ပို့မည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအား ပြောဆိုခဲ့သော နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၊

ရိုဟင်ဂျာများအား တခြားနိုင်ငံမှ ၀င်လာသူများဟု နိုင်ငံတကာတွင် ပြောဆိုခဲ့သော
ဒေါ်အောင်ဆန်းစုကြည်

ရိုဟင်ဂျာဆိုတာမရှိ ဘင်္ဂလီဆိုတာပဲရှိသည်ဟု ပြည်ပမီဒီယာဖြစ်သည့် RFA ကိုပြောကြားခဲ့သော NLD နာယက ဦးတင်ဦး နှင့်

ရိုဟင်ဂျာကိုလက်မခံသော နိုင်ငံရေးပါတီများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်း များ အစိုးရ အရာရှိများ အထူးသဖြင့် ယခုလက်ရှိ တိုက်ခိုက်ခြိမ်းမြောက်/ နောက်ယောင်ခံ လိုက်ခြင်း ခံနေရသော ပြည်ပမှ Online/Facebook အသုံးပြုသူ သူငယ်ချင်းများ၏ လုံခြုံရေးအား အထူးသတိထားစောင့်ကြည့်ပေးကြပါဟု...
အထူးသတိပေးအပ်ပါကြောင်း...။

ရန်အောင်..။