စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, August 18, 2012

ပြည်သူကိုလိမ်ညာပြီး နည်းမျိုးစုံနဲ့ ပိုက်ဆံယူနေတဲ့ Sky net ...


Sky net ကုမ္ပဏီ ကနေ ဂြိုလ်တုပြောင်းမှာဖြစ်လို့ဆို ပြီး ထိပ်ဖူးများကို တစ်လုံးလျှင် (၈၀၀၀) ကျပ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံလဲ ပေးနေပါတယ်။

သူတို့ ဂြိုလ်တုပြောင်း တာ သူတို့ကုမ္ပဏီရဲ့တာဝန်သာဖြစ်ပါသည်။ ကျွန်တော်တို့နှင့်ဘာမှမဆိုင်လို့ထင်ပါသည်။ တစ်လုံးကို (၈၀၀၀) ကျပ်ဆိုပါက တစ်နိုင်ငံလုံး အလုံး ၁ သိန်း ရှိပါက ကျပ်သိန်း (၈၀၀၀) အနည်းဆုံးရရှိမည်ဖြစ်ပါသည်။(ထို့ထက်မကနိုင်ပါ)

ထို့အပြင်မရိုးသားမှု့မှာ နယ်များတွင် တစ်လုံးကို (၃၀၀၀) ကျပ်ဖြင့် လဲပေးခြင်းဖြစ်ပါသည်။ဘာကြောင့်ကွာခြားမှန်းမသိပါ . . .
အဆိုးဆုံးမှာ ဘောလုံးပွဲ အားလုံးလွှင့်ပေးသည် ဆိုသည့် အချက်ဖြင့် တစ်လုံးကို တစ်သိန်းကျော် ပေးဝယ်ယူထားသူများအဖို့ Premier League ဘောလုံးပွဲစင်များ ထုတ်လွှင့်ပေးခြင်း မပြုတော့ခြင်းဖြစ်ပါသည်။

ပြည်သူတွေကိုနားလှည့် ပါးရိုက် လုပ်စားနေသော Sky net ကုမ္ပဏီ ကိုပြည်သူများမှ ၀ိုင်းဝန်း ဒဏ်ခတ်သင့်သည်ဟုထင်မြင်ယူဆပါသည်။

Sky Net ရုံးချုပ် ဖုန်းနံပါတ် ၀၁- ၂၉၂၅၇၁ သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

မှတ်ချက် ။ ။ ကျွန်တော်နှင့် Sky net ကုမ္ပဏီ ကြား ဘာပြဿနာမှ မရှိပါ။

Kyaw Naing Win - facebook

1 comments:

လုပ်တဲ့လူတွေက လုပ်ရဲသလို ခံတဲ့လူတွေကလည်း ခံခဲ့ကြတာကိုး..
လူအများစုက အကြောက်တရား ကြီးစိုးမိလွန်ကဲပြီး အသိပညာ၊ တွေးခေါ်နိုင်စွမ်းတွေ နိမ့်ပါးလာတဲ့အပြင် ငါ့ကိစ္စမဟုတ်ပါဘူးကွာ..ဆိုတဲ့ တာဝန်မဲ့စိတ်တွေ အားကြီးလာခြင်းရဲ့ အကျိုးအပစ်ပဲ။
ဒီလို လူထုကို နားလှည့်ပါးရိုက်လုပ်တာ sky net တစ်ခုတည်း မဟုတ်ပါဘူး။ ဖုန်းကိစ္စဆိုလည်း ဒီအတိုင်းပါပဲ။ အခြေခံလူတန်းစားတွေရဲ ရှိစုမဲ့စု စုဆောင်းထားတဲ့ ငွေလေးတွေကို မညှာမတာ ရသမျှ နှိုက်ထုတ်မယ်ဆိုတဲ့ အညံ့စားအရင်းရှင် စိတ်ဓာတ်တွေနဲ့ ပြည်သူတွေကို အနိုင်ကျင့်ညှင်းဆဲ နေခဲ့တာပါ။
အခု စကိုင်းနက် ပြဿနာမှာလည်း သူတို့မဖြစ်မနေ လုပ်ပေးရမယ့် တာဝန်ပါ။ ပြည်သူတွေဆီက ရသမျှပိုက်ဆံကို ကလိမ်ကကျစ်နည်းသုံးပြီး ဗိုလ်ကျချင်တဲ့ စကိုင်းနက်ဟာ လူကြီးတွေနဲ့ပေါင်းပြီး ချမ်းသာလာတဲ့ တရုတ်သူဌေး ရွှေသံလွင်ကျော်ဝင်း ပိုင်ဆိုင်တာပါ။ မြန်မာ့မြေပေါ်မှာ ထင်သလို ချယ်လှယ်လို့ မ၀သေးဘူး တိုင်းသားပြည်သူတွေအပေါ် ဂုတ်သွေးစုတ် ကလိန်ကကျစ်ကျတဲ့ sky net ရဲ့ဒီလုပ်ရပ်ကို အင်မတန် ရွံရှာမိတယ်။ မြန်မာတွေ အညံ့မခံကြပါနဲ့။ ငါနဲ့မဆိုင်ဘူးလို့ ပေါ့ပေါ့လေး သဘောမထားကြပါနဲ့။ ဒါမျိုးတွေကို တစ်ဦးတစ်ယောက်ခြင်းက ဆန့်ကျင်ခြင်းဟာလည်း အမျိုးသားရေးတာဝန်ကို တတ်စွမ်းတဲ့ဖက်က လုပ်ကိုင်ဆောင်ရွက်နေတာပါ။