ယနေ့ လွှတ်တော်အစည်းအဝေး ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မြေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်းတွင်-
(က) ဦးအောင်သိန်း၊ ရွာငံ မဲဆန္ဒနယ်၏ လောင်းကစားမှုများ ပပျောက်နိုင်စေရေးအတွက် မည်သို့မည်ပုံ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း။
(ခ) ဦးထွန်းအောင်ကျော်၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်၏ အလယ်ချောင်းကျ
ွန်းရှိ အလယ်ချောင်း ကျေးရွာတွင် ရဲကင်းစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
(ဂ) ဒေါက်တာ မောင်မောင်ဝင့်၊ ဗဟန်း မဲဆန္ဒနယ်၏ ဆေးပညာရပ်များကို စာတွေ့လက်တွေ့ အဆင့်မီစွာ သင်ကြားလေ့ကျင့်ပေးရန် အရည်အသွေးပြည့်ဝသော သင်ကြားရေးဆရာများ အလုံအလောက် ရရှိရေးနှင့် စပ်လျဉ်းသည့် မေးခွန်း။
တို့ဖြစ်ပါတယ်။
0 comments:
Post a Comment