စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, August 6, 2012

ရခိုင်ပြည်နယ် ပြဿနာသည် ဘာသာရေး ပဋိပက္ခမဟုတ်ကြောင်းနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ကမ္ဘာတွင် အစ္စလာမ်ဘာသာဝင် အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပြောကြား

 Indonesia's President Susilo Bambang

ရခိုင်ပြည်နယ် ပြဿနာသည် ဘာသာရေး ပဋိပက္ခမဟုတ်ကြောင်း နှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ကမ္ဘာတွင် အစ္စလာမ်ဘာသာဝင် အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလိုဘန်ဘမ်း ယူဒိုယူနိုက သြဂုတ်လ ၄ ရက်နေ့က ပြောကြားခဲ့သည်။

''မြန်မာအစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ရာ လူ့အဖွဲ့အစည်းများ ပြန်လည်ရင်ကြားစေ့ရေး လုပ်ဆောင်မှု အပါအ၀င် ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ မြန်မာအစိုးရအနေနဲ့ မေလနဲ့ ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပြီးမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်''ဟု အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘမ်းယူဒိုယူနိုက အင်ဒိုနီးရှားနိုင်င်ငံ၊ အနောက်ဂျားဗားရှိ သူ၏နေအိမ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘမ်းယူဒိုယူနိုက ရခိုင်- ရိုဟင်ဂျာပြဿနာသည် ဘာသာရေး ပဋိပက္ခမဟုတ်ဘဲ ဒေသတွင်း လူအုပ်စုကြားဖြစ်ပွားသည့် ပဋိပက္ခသာဖြစ်ပြီး ''အကြောင်းတိုက်ဆိုင်၍ ရိုဟင်ဂျာများက မွတ်ဆလင်ဖြစ်ကာ ရခိုင်များက ဗုဒ္ဓဘာသာ ဖြစ်နေတာ သာဖြစ်ကြောင်း'' ပြောကြားခဲ့သည်။

လူမျိုးသုဉ်း သတ်ဖြတ်မှုများ ရှိနေသည်ဆိုသည်မှာ မမှန်ကြောင်းနှင့် ''လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ လက္ခဏာ မရှိပါဘူး''ဟု အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန် ဘမ်းယူဒိုယူနိုက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်ပဋိပက္ခကို မြန်မာအစိုးရအနေဖြင့် အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ် ဇာတိဖြစ်ကြောင်း၊ သို့ရာတွင် မျိုးဆက်လေးဆက် နေထိုင်လာသည့် ၎င်းတို့ကို မြန်မာအစိုးရက တိုင်းရင်းသား ၁၃၅ မျိုးထဲတွင် ထည့်သွင်းမှု မရှိသေးကြောင်း အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘမ်း ယူဒိုယူနိုက ဆက်လက်ပြောကြားခဲ့ သည်။

ရခိုင်ပြည်နယ် အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများအား မြန်မာအစိုးရက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ)တွင် ဇူလိုင်လ ၃၀ ရက်နေ့က ရှင်းလင်းခဲ့ပြီး အဆိုပါ ရှင်းလင်းပွဲတွင် အင်ဒိုနီးရှားသံအမတ်ကြီးက ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားများထဲတွင် ပါဝင်မှု ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ မေးမြန်းရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ''ရိုဟင် ဂျာဆိုတာ ကျွန်တော်တို့လူမျိုး မဟုတ်ပါဘူးလို့ သမ္မတကြီးက ပြောတဲ့စကားကို ကျွန်တော်ထောက်ခံ ပြောကြားလိုပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၁၈၂၄ ခုနှစ် ပထမ-အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဟာ ဗြိတိသျှ ကိုလိုနီအောက် ရောက်ခဲ့ပါတယ်။ အဲဒီအခါမှာ လယ်ယာလုပ်ငန်းတွေ အတွက်၊ ကာယလုပ်ငန်းတွေ အတွက် လိုအပ်ချက်ရှိလာတဲ့အခါမှာ တစ်ဖက်နိုင်ငံမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေ ကျွန်တော်တို့နိုင်ငံကို အတားအဆီးမဲ့ ၀င် လာခဲ့တဲ့အချိန် ဖြစ်ပါတယ်။ အဲဒီတော့ ဗြိတိသျှလက်ထက်မှာရှိခဲ့တဲ့ အစိုးရပြန်တမ်းတွေကို ကြည့်တဲ့အခါမှာ ၁၉၇၃ ခုနှစ်ကကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေကို ကြည့်တဲ့အခါမှာ ကျွန်တော်တို့မှာ ဘယ်တုန်းကမှ လူမျိုးခွဲခြားမှုထဲမှာ ရိုဟင်ဂျာဆိုတာကို တရားဝင် ဖော်ပြထားတယ်ဆိုတာ မရှိပါဘူး။ ဘင်္ဂါလီလူမျိုးသာ ဖော်ပြထားတာ ရှိပါတယ်။ ကျွန်တော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စုရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁၀၀ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင်လူမျိုးစုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှအစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင် စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျွန်တော်တို့ လူမျိုးထဲမှာပါဝင်တဲ့ လူမျိုးမဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာမရှိပါဘူးလို့ ဖြေကြားချင်ပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်၌ အဓိကရုဏ်းများကြောင့် ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီ ၄၆ ဦး စုစုပေါင်း ၇၇ဦး သေဆုံးပြီး ၁၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် စုစုပေါင်း လူနေအိမ် ၄၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၄ လုံးနှင့် စာသင်ကျောင်း သုံးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဝေဖန်သူများက မြန်မာအစိုးရသည် ရခိုင်များကို ဦးစားပေးနေသည်ဟု ဆိုနေပေမယ့် အခြားတစ်ဖက်တွင်မူ ရိုဟင်ဂျာများသည် ကုလသမဂ္ဂ၏ အကူအညီအထောက်အပံ့ ပိုရနေသည်ဟု ရခိုင်များက သတိမူ သဘောပေါက်ထားကြောင်းလည်း အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန် ဘမ်းယူဒိုယူနိုက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် သံတမန်လမ်းကြောင်းက တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ထံလည်း အင်ဒိုနီးရှားနိုင်ငံ၏ မျှော်လင့်မှုများပါဝင်သည့်စာကို ပေးပို့ရန် ပြင်ဆင်ထားကြောင်း ဆူဆီလိုဘန် ဘမ်းယူဒိုယူနိုက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်သည့် Nahdhatul Ulama ၏ ဥက္ကဋ္ဌ Said Aqil Siradj က အင်ဒိုနီးရှားအများစုအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် ဘာသာရေး အခြေခံပဋိပက္ခဖြစ်သည်ဟု လွဲမှား စွာ ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။

'တခြားဘာသာရေး ယုံကြည်မှုတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ရန်စ တွန်းပို့တာ မခံပါနဲ့၊ စိတ်လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်ကြပါလို့ အင်ဒိုနီးရှား မွတ်စလင်တွေ အားလုံးကို ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံ လိုပါတယ်''ဟု အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး မွတ်စလင် အဖွဲ့အစည်းဖြစ်သည့် Nahdhatul Ulama ၏ ဥက္ကဋ္ဌ Said Aqil Siradj က ပြောကြားခဲ့သည်။

Eleven Media Group

0 comments: