စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, August 20, 2012

ဦးအောင်သိန်းလင်းကို ကန့်ကွက်ရန် မဲဆန္ဒရှင်လက်မှတ် ၁,၃၀၀ ကျော် စုဆောင်းရရှိပြီဟုဆို


ရန်ကုန်၊ သြဂုတ် - ၂၀

ပြည်ခိုင် ဖြိုးပါတီ တောင်ဥက္ကလာပ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သော စကားများအား မနှစ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရန် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူဆန္ဒမဲ လက်မှတ်များ စုဆောင်းရာတွင် လက်မှတ်ပေါင်း ၁,၃၀၀ ကျော်ရ ရှိနေပြီ ဖြစ်ကြောင်း ဦးဆောင် ဦးရွက်ပြုသူ ဦးမင်းအောင်ကပြောသည်။

“လက်မှတ်ထိုးဖို့ပေးထားတဲ့ စာရွက်တွေကိုတော့ လူငယ်တွေ ပြန်စုနေပြီ။ ဒီအပတ်ထဲမှာတော့ သေချာပေါက်တင်ဖြစ်ပါပြီ” ဟု ဦးမင်းအောင်က သြဂုတ် ၂၀ ရက်တွင်ပြောသည်။

တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ဦးအောင်သိန်းလင်းက သမ္မတဦးသိန်းစိန်က မိမိ၏သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟုဆိုသော ဧရာဝတီမြစ်ဆုံဆည်ကို မဖြစ်မနေပြန်လည်တည်ဆောက်သွားမည်ဟု ပြောဆိုခဲ့ သဖြင့် ယခုကဲ့သို့ ဇူလိုင်လကုန်မှစ၍ ကော်မရှင်ဥက္ကဋ္ဌထံ တင်ပြရန် လက်မှတ်စတင်စုဆောင်းခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီမှ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုသိရပြီး ဦးအောင်သိန်းလင်းမှာလည်း ရန်ကုန်တိုင်း တာဝန်ခံရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉) (လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း) အပိုဒ်-၃၉၆(ခ)တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင် အနည်းဆုံး ၁ ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ မဲပေးသူရှစ်သောင်းကျော်ရှိပြီး၊ ၈၀၀ ပြည့်လျှင် ၁ ရာခိုင်နှုန်းပြည့်ကြောင်း ဦးမင်းအောင်ကပြောသည်။ ပြည်ခိုင်ဖြိုးပါတီက ဦးအောင်သိန်းလင်းအနေဖြင့် အမှန်တကယ်ပြောကြားခြင်း ရှိ၊ မရှိကိုလည်း စိစစ်ဆောင်ရွက် လျက်ရှိပြီး တွေ့ရှိချက်များအပေါ်မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

7Day News Journal 

0 comments: